အခန်း (၈၅)
Vol. 8 Ch. 85
ဘာလို့လဲဆိုတော့ သူ ပိုက်ဆံလိုနေတယ်။
သူ ဒီ ယွမ် ၃၀၀ လိုတယ်။
အနည်းဆုံးတော့ သူအရင်ဆုံး ပိုက်ဆံတစ်သုတ် ဆပ်နိုင်ပြီး ရက်အနည်းငယ်လောက် အနားယူလို့ရသည်။
"ဟုန်ဝမ်၊ မင်း အဖွားနဲ့ မပြေလည်ချင်ဘူးလား"
အဖွား ရန်က အပြင်မှာ ဝမ်းနည်းစွာ စကားပြောနေသေးသည်။
သူမ နားပူနားဆာလုပ်နေတာကို သည်းမခံနိုင်တော့ဘဲ ရန်ဟုန်ဝမ်က တံခါးကို ဖွင့်လိုက်ပြီး စိတ်မရှည်တဲ့ မျက်နှာနဲ့ အဖွားအိုကို ပြောလိုက်သည်။ "တော်လိုက်တော့။ ကျွန်တော် ကောင်းကောင်းအနားယူလို့ရမလား!"
အဖွားကို ရန်ဟုန်ဝမ်က လူကိုယ်တိုင် အော်ငေါက်ခဲ့သည်။ သူ့နှလုံးသားက အေးစက်နေခဲ့သည်...
"ဟုန်ဝမ်၊ မင်းအဖွားကို ဘာလို့ စိတ်ဆိုးနေတာလဲ၊ မင်း အဖွားကို တကယ် စွန့်လွှတ်တော့မလို့လား " ဒါပေမယ့် အဖွားရန်က ရန်ဟုန်ဝမ်ကို အသံကောင်းကောင်းမွန်မွန်ဖြင့် ပြောနေသေးသည်။
" ကျွန်တော် အရမ်းပင်ပန်းနေလို့ အနားယူချင်ပြီ။ အဖွားကျွန်တော်နဲ့ ပြိုင်ငြင်းမနေတော့နဲ့ "
ဒီအချိန်မှာ ရန်ဟုန်ဝမ်ရဲ့ ဒေါသက ဆိုးရွားနေသည်။ "အဖွားရဲ့ အသံကြောင့် ကျွန်တော့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ ကျွန်တော် အေးအေးဆေးဆေး နေဖို့ ဒီကို လာခဲ့တာ။ ကျွန်တော့်ကို တစ်ယောက်တည်း လွှတ်ထားပေးစမ်းပါ"
ဒီအော်သံနဲ့အတူ ဒေါသနဲ့ အခန်းထဲကနေ ထွက်သွားပြီး အခန်းကျဉ်းလေးဆီ ပြန်သွားကာ တံခါးကိုတစ်ဖန် ဂျက်ထိုးခဲ့သည်။
မြေးဖြစ်သူရဲ့ အကြင်နာကင်းမဲ့မှုနဲ့ လျစ်လျူရှုမှုတို့ဖြင့် ရင်ဆိုင်ရသည်မှာ သူမ၏နှလုံးသားကို တကယ်ကြေကွဲစေသည်။
သူမ မျက်ရည်များကို တိတ်တဆိတ် သုတ်ရင်း သက်ပြင်းချကာ ရန်ဟုန်ဝမ်ရဲ့ အခန်းကနေ တိတ်တဆိတ် လမ်းလျှောက်သွားကာ အိမ်မကြီးဆီ ပြန်သွားခဲ့သည်။
အဖွားရန်က အသက်ကြီးလွန်းသဖြင့် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများစွာကို သည်းမခံနိုင်တော့ပေ။
စိတ်အခြေအနေမကောက်းနေတဲ့ အဖွားက အိမ်ပြန်သွားကာ ကုတင်ပေါ်တွင် လှဲလျောင်းရင်း သက်ပြင်းလေးချကာ အသက်ရှုမဝဖြစ်နေတဲ့ သူမ ရင်ဘတ်ကို ပွတ်သတ်လိုက်သည်။
အခန်းကျဉ်းလေးထဲက ရန်ဟုန်ဝမ်က သူ့ကုတင်ပေါ်မှာ ခဏလောက်လှဲခဲ့သည်...
အပြင်မှာ အဖွားရန်ရဲ့ လှုပ်ရှားမှုတွေကို နားထောင်ပြီး မကြာခင်မှာပဲ အတွေးတွေ ဆိုးရွားလာခဲ့သည်။
ယွမ် ၃၀၀ ကို ထပ်ခိုးယူချင်ခဲ့သည်။
ဒါပေမယ့် သူထပြီး အခန်းငယ်လေးရဲ့ တံခါးနားကို လျှောက်သွားလိုက်ချိန်မှာပဲ လင်းရှောင်ယွဲ့ နဲ့ ရန်ယန်တို့ရဲ့ စကားသံတွေက ခြံဝင်းထဲကနေ ထွက်ပေါ်လာခဲ့သည်။
လင်းရှောင်ယွဲ့က "ကျွန်မတို့နှစ်ယောက်စလုံး ဒီနေ့အလုပ်နားပြီး အပြင်မထွက်ကြရအောင်။ ခြံထဲမှာ နေက အရမ်းကောင်းနေတယ်။ ခြံထဲမှာ ထိုင်ပြီး နေပူဆာလှုံရအောင်"လို့ပြောနေသည်။
ရန်ယန်ကပြန်ဖြေခဲ့သည်။ "ဟုတ်တယ်၊ ခြံထဲမှာထိုင်ပြီး နေပူဆာလှုံရအောင်"
"ချီး"
ရန်ဟုန်ဝမ် ဒေါသအရမ်းထွက်ပြီး အံကြိတ်ခဲ့သည်။
အခုတော့ သူ့ကိုယ်သူ လုံးလုံးလျားလျား ပေါ်လွင်သွားခဲ့ပြီ။ လင်းရှောင်ယွဲ့နဲ့ ရန်ယန်က သူအိမ်ပြန်ရောက်တာကို သိရုံတင်မကဘဲ အဖွားရန်တောင် ဒီအကြောင်းကို သိသွားပြီ။
အကယ်၍ သူ ယွမ် ၃၀၀ ကိုယူပြီး ယခုအချိန်မှာ ထွက်သွားပါက၊ လင်းရှောင်ယွဲ့နဲ့ ရန်ယန်က ဘာမှ မပြောလျှင်ပင် အဖွားရန်က သူ့ကိုတိုက်ရိုက်ဖော်ထုတ်ပစ်လိမ့်မည်။
တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်။
ရန်ဟုန်ဝမ် သုန်မှုန်နေပြီး ကုတင်ပေါ်တွင် လဲလျောင်းနေကာ ဘယ်သူ့ကို စိတ်ဆိုးလို့စိတ်ဆိုးရမှန်းမသိ ဒေါသဖြစ်နေသည်။
ပိုက်ဆံခိုးဖို့ အစီအစဉ်က ပြီးအောင်မလုပ်နိုင်တာကြောင့် တခြားနည်းလမ်းတွေကိုပဲ တွေးနိုင်ခဲ့သည်။
မိသားစုက ပြန်မလာသေးသော်လည်း ရန်ဟုန်ဝမ်က သူ့ခေါင်းထဲတွင် အကြောင်းပြချက်အချို့ကို ထုတ်ခဲ့သည်။
သူ အစီစဉ်ချခဲ့သည်။ သူတို့ပိုက်ဆံတွေကို ဘယ်လိုလိမ်ယူရမလဲ။
ခိုးယူလို့မရနိုင်တော့ လိမ်လည်ခြင်းကိုသာ ပြုလုပ်နိုင်သည်။
မဟုတ်ရင် တခြားနည်းလမ်းမရှိဘူး။
ရန်မိသားစုက ရန်ဟုန်ဝမ်ရဲ့ လျှို့ဝှက်စေ့ဆော်မှုကို မသိခဲ့ပေ။
လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့က နံနက်စာစားပြီးနောက် သူတို့နှစ်ဦးသည် ခုံတန်းလျားတစ်ခုကို ရွှေ့ကာ ခြံဝင်းထဲတွင် ထိုင်ပြီး ဘယ်မှမသွားဘဲ ရန်ဟုန်ဝမ်ကို ကြည့်ရင်း စကားစမြည်ပြောနေကြသည်။
မွန်းတည့်ခါနီးတွင် ချန်ချိုင်ယွင်နဲ့ ရန်လျန်ဟွာတို့က ထုတ်လုပ်ရေးအဖွဲ့မှ ပြန်လာခဲ့ကြသည်။ သူမက အိမ်ပြန်ပြီး ထမင်းချက်ဖို့ ပထမဆုံးပြန်လာသူဖြစ်ရမည်။
ဝမ်ရှို့ယင်လည်း ထမင်းချက်ဖို့ စောစောပြန်လာခဲ့သည်။ သုံးယောက်သား တံခါးရှေ့ကနေ ဝင်လာတော့ လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့ ခြံထဲမှာ ထိုင်ပြီး ဖရဲသီးစေ့တွေစားနေတာကို တွေ့လိုက်ရသည်။
မိခင်ဖြစ်သူနဲ့ သမီးဖြစ်သူက လင်းရှောင်ယွဲ့နဲ့ ရန်ယန်ကို အလွန်အကဲခတ်သည့်အကြည့်ကို ပေးခဲ့ပြီး နောက်မှ ဝမ်ရှို့ယင်က နှစ်ယောက်စလုံးကို အပြုံးဖြင့် နှုတ်ဆက်ခဲ့သည်။ "မင်းတို့နှစ်ယောက် ဒီနေ့ အလုပ်မသွားဘူးလား၊ ပျင်းနေလို့လား"
"အမေ ဒီနေ့ ဘာပစ္စည်းမှ မရှိဘူး၊ အဲ့တာကြောင့် ကျွန်မတို့ အလုပ်မသွားတာ" လင်းရှောင်ယွဲ့က သူမပါးစပ်ကိုဖွင့်ပြီး ဝမ်ရှို့ယင်ကို အကြောင်းပြချက်ပေးခဲ့ကာ အလွန်သဘာဝကျသည်ဟု ထင်ရသည်။
" အလုပ်မသွားဘူးဆိုရင် အိမ်မှာ ကောင်းကောင်း အနားယူ။ နေ့တိုင်း အလုပ်သွားရတာက ပင်ပန်းတယ်လေ"
ဝမ်ရှို့ယင်က ပြုံးပြီး လင်းရှောင်ယွဲ့ကို ပြောလိုက်သည်။ "မင်းတို့နှစ်ယောက်လုံး အိမ်မှာရှိတယ်ဆိုတော့ ဒီနေ့ အရသာရှိတဲ့နေ့လည်စာ ချက်ပေးမယ်။ တရုတ်နှစ်ကူးတုန်းက ပဲငံပြာရည်တွေကျန်သေးတယ်။ အသားဟင်းချက်ပေးရမလား"
"ကောင်းတာပေါ့ အမေ! အသားစားရတာ ကောင်းတယ်!"
လင်းရှောင်ယွဲ့က သူမ ခြေထောက်တွေကို ခါလိုက်ပြီး ရန်ယန်ရဲ့ ပခုံးပေါ် ခေါင်းမှီလိုက်သည်။ ဤနေ့တွင် သူမက လွတ်လပ်တဲ့ငါးဆားနယ်ဖြစ်နိုင်သည်။
ဝမ်ရှို့ယင်က အိမ်ထဲဝင်သွားပြီး နေ့လယ်စာပြင်ဆင်တော့သည်။
လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့သည် ခုံတန်းရှည်ကို ဝမ်ရှို့ယင် အိမ်တံခါးဆီ ပြန်ရွှေ့ကာ သူတို့အိမ်ရှေ့မှာ ထိုင်နေကြဆဲပင်။
အဲ့ဒီမှာ ချန်ချိုင်ယွင်တို့သားအမိ နှစ်ယောက်လည်း မီးဖိုချောင်ထဲကိုဝင်သွားပြီး နေ့လည်စာ ချက်ချင်းချက်ပြုတ်တော့သည်။
ဤလတွင် ချက်ပြုတ်ဖို့ တာဝန်ပေးခံရတာက ဒုတိယမိသားစုဖြစ်သည်။ ၎င်းတို့သည် ထုတ်လုပ်ရေးအဖွဲ့မှ စောစီးစွာ ပြန်လာရုံသာမက နောက်ထပ် အစားအချို့ကို ခိုးယူဖို့ အခွင့်အရေးကိုလည်း ရယူနိုင်ခဲ့သည်။
ဒါက အရသာရှိတဲ့ အလုပ်တစ်ခုပင်။
ချန်ချိုင်ယွင်တို့ သားအမိက ထမင်းနဲ့ ဟင်းသီးဟင်းရွက် ချက်ပြုတ်ရင်း အလုပ်ရှုပ်နေချိန်တွင် ရန်ဟုန်ဝမ်က မီးဖိုချောင်ထဲ ရုတ်တရက် ဝင်လာခဲ့သည်။
"အမေ" သူက ချန်ချိုင်ယွင်ကို ခေါ်လိုက်သည်။
ဤအရာက ချန်ချိုင်ယွင်ကို အလွန်ထိတ်လန့်သွားစေပြီး သူမလက်ထဲက အလုပ်ကို ရပ်တန့်သွားစေခဲ့သည်။
ချန်ချိုင်ယွင်က ရန်ဟုန်ဝမ်ကို အချိန်အတန်ကြာ စိုက်ကြည့်ရင်း သူမ နှလုံးသားက တအံ့တသြနှင့် စိတ်လှုပ်ရှားမှုများကို မျိုသိပ်ထားသည်။ "ကလေး.....ဘာလို့ စကားတစ်ခွန်းမှ မပြောဘဲ ပြန်လာရတာလဲ၊ မင်း အလုပ်မသွားဘူးလား"
"အစ်ကို၊ အစ်ကို ညီမတို့မိသားစုထဲမှာ မနေချင်ဘူးလို့ ထင်နေတာ"
ရန်လျန်ဟွာလည်း ရန်ဟုန်ဝမ်ကိုတွေ့တော့ အံ့အားသင့်သွားသည်။
နှစ်သစ်ကူးအကြို အဖြစ်အပျက်ပြီးတဲ့နောက် ရန်ဟုန်ဝမ်က ဤဘက်ကမ်းကို ဒေါသထွက်နေသည်ဟု လူတိုင်းက ထင်ခဲ့ကြတာကြောင့် သူက ဒီဘက်နဲ့ အဆက်အသွယ်ဖြတ်ခဲ့ပြီး ဘယ်တော့မှ ပြန်မလာချင်ခဲ့ဘူးလို့ ထင်ထားခဲ့ကြသည်။
ရလဒ်အနေဖြင့် ရန်ဟုန်ဝမ် တိတ်တဆိတ်ပြန်လာလိမ့်မယ်လို့ သူတို့ မမျှော်လင့်ခဲ့ပေ။ အဲဒါက သူတို့ကို အံ့အားသင့်စေသည်။
ပြန်လာခဲ့တယ်၊ ဆိုလိုတာကတော့ နှစ်သစ်ကူးမှာ ဖြစ်ပျက်ခဲ့တာတွေကို အာရုံမထားတော့ဘူး။
ချန်ချိုင်ယွင် အရမ်းပျော်သွားသည်...
"ဒီမိသားစုကို ဘယ်လိလုပ် မလိုချင်ရမှာလဲ"
ရန်ဟုန်ဝမ်က ဖြတ်လျှောက်သွားကာ အထူးသဖြင့် ချန်ချိုင်ယွင်ဆီ လျှောက်သွားပြီး မီးဖိုအနားတွင် ရပ်ကာ မီးဖိုပေါ်ရှိ ပါဝင်ပစ္စည်းများကို မျက်စိမျေးကာကြည့်လိုက်သည်။ "ဟင်းတွေက ဟင်းသီးဟင်းရွက်တွေနဲ့ ပြည့်နေတာပဲ "
"ဟေ့ မင်းပြန်လာမယ်ဆိုတာ ငါတို့မသိဘူးလေ!"
ချန်ချိုင်ယွင်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။ "မင်းပြန်လာတာကို ငါသိခဲ့ရင် မင်းကိုကြိုဆိုဖို့ အသားနှစ်ပိဿာ ချက်ထားမှာပေါ့။ မင်း ပြန်လာမှာလို့ပြောလေ။ အဲ့ဒီမတိုင်ခင် မင်းပြန်လာတဲ့အချိန် စာမရေးတတ်ဘူးလား၊ ကွန်မြူနတီကို ဖုန်းဆက်လို့ရတာပဲ။ မင်း ငါ့ကိုအကြောင်းလည်းမကြားဘူး၊ ဒါကြောင့်မို့ အိမ်မှာပြင်ထားတာမရှိဘူး... လျန်ဟွာ၊ ကြက်ဥရှိ၊ မရှိကြည့်ဖို့ ကြက်ခြံကိုသွား"
"ဟေး သမီးချက်ချင်းသွားလိုက်မယ်~"
ရန်လျန်ဟွာက အလွန်အပြုသဘောဆောင်ပြီး ကြက်မကြီး၏ နောက်ဆုံးကျန်တဲ့ဥတွေကို ရှာဖွေဖို့ ချက်ချင်းဆိုသလို ကြက်ခြံဆီ ပြေးသွားခဲ့သည်။
ကြက်ဥတစ်လုံးသာရှိသည်။
ဒီနေ့တော့ ရန်ဟုန်ဝမ် စားဖို့ပဲလိုသည်။
ဒါပေမယ့် ရန်လျန်ဟွာကတော့ လုံးဝစိတ်မ၀င်စားဘူး။ နောက်ဆုံးတော့ဒါက သူမအစ်ကိုပဲလေ ...
"အမေ၊ ဒီမှာကြက်ဥ"
ရန်လျန်ဟွာက ကြက်ဥကို မီးဖိုခုံပေါ် ချက်ချင်းတင်လိုက်ပြီး ရန်လျန်ဟွာကို ပြုံးပြုံးလေးကြည့်ခဲ့သည်။ "အစ်ကို၊ ဒီကြက်ဥက ဒီနေ့ အစ်ကို့အတွက်ပဲ။ ကြိုက်သလောက်စားလို့ရတယ်!"
"ရပါတယ်၊ ငါ ဒီကြက်ဥတစ်လုံးကို မတောင့်တဘူး၊ မင်းကြိုက်သလိုလုပ်၊ ငါတို့ အတူတူစားရအောင်" ရန်ဟုန်ဝမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောခဲ့သည်။
"မင်း ပြန်လာတာကိုပဲကြည့်။ မင်းညီမ အရမ်းပျော်နေတာ၊ ငါလည်းပျော်တယ်"
ချန်ချိုင်ယွင် အရမ်းပြုံးကာပြောလိုက်သည်။ "အနာဂတ်မှာ ငါတို့မိသားစုကို စိတ်မဆိုးပါနဲ့၊ ငါတို့က မိသားစုတွေပဲ"
"ဟုတ် ဟုတ် ဟုတ်ကဲ့ပါ..."
ရန်ဟုန်ဝမ် ခေါင်းညိတ်ခဲ့သည်။ "ကျွန်တော့် မိသားစုကြောင့် ကျွန်တော် ပြန်လာတာ။ နှစ်သစ်ကူးအကြိုမှာ ဖြစ်ပျက်ခဲ့တာက ကျွန်တော့ အမှားပါ၊ ဒေါသထွက်မိတာက မှားသွားတယ်။ ဒါကြောင့် ဒီနေ့ ကျွန်တော်သတင်းတွေနဲ့ ပြန်လာတာ "
"ဘာသတင်းကောင်းလဲ"
သတင်းကောင်းဆိုတာကို ကြားလိုက်ရတဲ့အခါ ချန်ချိုင်ယွင် မျက်လုံးတွေက ပြူးကျယ်သွားသည်။
ရန်လျန်ဟွာလည်း ထိုနည်းလည်းကောင်းပင်။
ရန်ဟုန်ဝမ်က ပြောလိုက်သည်။ “ကျွန်တော် အလုပ်လုပ်တဲ့ စက်ရုံမှာ မြို့က လူငယ်စုံတွဲတစ်တွဲက နောက်လမှာ ပြောင်းတော့မှာ ပြီးတော့ နေရာနှစ်ခု လွတ်သွားတော့မှာ။ အမေတို့ သိတဲ့အတိုင်းပဲ ကျွန်တော်တို့စက်ရုံမှာ လစာရော အနားယူတဲ့ရက်ရော ရတယ်။ တော်တော်ကောင်းတယ်။ ဒီလူငယ်စုံတွဲရဲ့ အရင်အလုပ်က တရားဝင်အလုပ်တစ်ခုပဲ ကျန်တော့တာ။ ကျွန်တော်က လူငယ်စုံတွဲတွေနဲ့ ဆက်ဆံရေးကောင်းတဲ့အတွက် သူတို့နှစ်ယောက်ကို ထမင်းစားဖို့ ဖိတ်ပြီး နေရာနှစ်ခုအကြောင်းမေးခဲ့တယ်။ ကျွန်တော့ဘက်မှာရမလားလို့ပေါ့။ ကျွန်တော်တို့မိသားစုမှာ တစ်ယောက်ယောက်က ဒီနေရာနှစ်ခုကို လိုအပ်လားလို့ ကျွန်တော် မေးချင်တယ်"
"ရတာပေါ့ ရတယ် ရတယ်။ အို ဘုရားသခင်!"
ရန်လျန်ဟွာက ဝမ်းသာအားရနဲ့အော်လိုက်သည်။ "မြို့ထဲမှာ ပုံမှန်အလုပ်သမားတစ်ယောက်အနေနဲ့ လုပ်ရတာ အရမ်းကောင်းတာပေါ့။ အိုး ဘုရားသခင်၊ အစ်ကိုအဲ့တာကိုရတယ်ပေါ့။ ညီမလေးသွားမယ် ညီမလေး သွားမယ်။ ညီမလေး မြို့ကိုသွားချင်တယ်!"
ချန်ချိုင်ယွင်လည်း ဝမ်းသာအားရနဲ့ပြောခဲ့သည်။ "အလုပ်နှစ်နေရာ။ အဲဒါအရမ်းကောင်းတယ်! ဒီနေရာနှစ်ခုကို ထိန်းထားဖို့ နည်းလမ်းရှာရမှာပေါ့ သား။ အမေတို့က သုံးယောက်ရှိပေမယ့် နှစ်ယောက်သွားလို့ရတယ်။ဖြစ်နိုင်ရင် အမေ နေခဲ့လိုက်ပြီး မင်းရဲ့ အဖေနဲ့ မင်းညီမကို လွှတ်လိုက်မယ်"
"ဟုတ်တယ် ဟုတ်တယ် သမီး သွားလိုက်မယ်!" ရန်လျန်ဟွာက အားတက်သရော အော်ဟစ်လိုက်သည်။
“အခု ဒီနေရာနှစ်ခုအတွက် တိုက်ပွဲဝင်နေတဲ့သူတွေ အများကြီးရှိနေပြီ။ အဲဒီလူငယ်စုံတွဲနှစ်ယောက်ကို ညစာစားဖို့ ဖိတ်တာက ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူး၊ ဒါကြောင့် ပြိုင်ဆိုင်မှုကလည်း ပြင်းထန်လွန်းတယ်။ ဒါကိုလည်း ထည့်စဉ်းစားပြီး ဒီနေရာကိုလိုချင်လား မလိုချင်ဘူးလားဆိုတာ မေးဖို့ အိမ်ကိုအမြန်ပြန်လာတာ" ရန်ဟုန်ဝမ်က သူ့ရဲ့ လိမ်ညာမှုကို တရားမျှတတဲ့ ပုံစံနဲ့ ပြောခဲ့သည်။
"ရှိတာပေါ့ ရှိတာပေါ့။ ငါတို့မှာ အရမ်းပြင်းပြတဲ့ ဆန္ဒရှိတယ်"
ရန်လျန်ဟွာက အလွန်စိတ်လှုပ်ရှားနေသဖြင့် ရန်ဟုန်ဝမ် ကို တိုက်ရိုက်အရိုအသေပေးခဲ့သည်။ "အစ်ကို။.ညီမကို သွားခွင့်ပေးပါနော်။ ညီမမြို့ကိုသွားဖို့ အမြဲအိပ်မက်မက်နေခဲ့တာ။ ဘာပဲလုပ်လုပ်ရ လုပ်ရ ညီမလေး လုပ်ဖို့ဆန္ဒရှိပါတယ်"
ရန်ဟုန်ဝမ် ပြုံးလိုက်မိသည်။ "ဒါဆို မင်းသွားချင်ရင် ငါတိုက်ခိုက်ကြည့်ပေးမယ်။ ဒါပေမယ့် အခုညစာလာစားဖို့ ဖိတ်တဲ့သူတွေ အရမ်းများနေပြီ၊ လက်ဆောင်ပေးတဲ့သူတွေလည်း အများကြီးရှိတယ်။ ငါ့ကျေးဇူးကြောင့် သူတို့နှစ်ယောက်ကို ထမင်းနှစ်နပ်ကျွေးပြီး ဒီနေရာနှစ်ခုကို ကျေကျေနပ်နပ်ကြီးသူတို့ပေးမယ်လို့တော့ ငါအာမမခံနိုင်ဘူး။"
"အိုက်ရား ဒါဆို သူတို့ကိုလက်ဆောင်ပေးလိုက်မယ်လေ!"
ချန်ချိုင်ယွင်က စိုးရိမ်တကြီးနဲ့ပြောလိုက်သည်။ "မင်း သူတို့ကို လက်ဆောင်တွေ ပို့ပေးလိုက်! မလုံလောက်ရင် သူတို့ကို ညစာစားဖို့ ဖိတ်လိုက်။ ဒါက ပုံမှန်အလုပ် နှစ်နေရာရဲ့ ကိစ္စပဲ၊ ဒါက စေတနာနဲ့ပေးတဲ့ လက်ဆောင်ပဲ ဖြစ်ရမယ်"
"ဟုတ်တယ်အစ်ကို! လက်ဆောင်ပေးလိုက်!"
ရန်လျန်ဟွာက ခေါင်းညိတ်ခဲ့သည်။ "အမေ၊ လက်ဆောင်ပေးဖို့ အစ်ကို့ကို ပိုက်ဆံပေးရမယ်လေ"
"ဟုတ်သားပဲ ဟုတ်သားပဲ၊ ဘယ်လောက်လဲ"
ချန်ချိုင်ယွင်က ရန်ဟုန်ဝမ်ကိုပြောလိုက်သည်။ "ငါ့မှာ ပိုက်ဆံသိပ်မရှိဘူး၊ ဒါမှမဟုတ် ငါ မနက်ဖြန် ဝက်သား ၁၀ ကတ်တီနဲ့ ပင်လယ်စာ ၁၀ ကတ်တီသွားဝယ်လိုက်မယ်။ မင်းက ဒီလက်ဆောင်ကို ယူသွားလိုက်"
ရန်ဟုန်ဝမ်က ဝက်သား ဒါမှမဟုတ် ပင်လယ်စာတွေကို မလိုချင်ပေ။ ဒီအတွေးကိုကြားတော့ သူ့မျက်နှာက ပြောင်းသွားသည်။
"မဟုတ်ဘူး၊ ဝက်သားနဲ့ ပင်လယ်စာတွေ ပို့လို့မရဘူး။ မြို့ကလူတွေက လုံးဝဆိုးဆိုးရွားရွားမနေရဘူး"
ရန်ဟုန်ဝမ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ "အခု မြို့ထဲမှာ လူတွေကို ပေးကမ်းဖို့ အကောင်းဆုံးက သစ်သီးခြင်းတောင်းပဲ၊ မကြာသေးမီက မြို့ထဲမှာ သစ်သီးခြင်း တစ်သုတ်ပေါ်လာတယ်။ ပန်းသီး၊ သစ်တော်သီးနဲ့ ချယ်ရီသီးတွေ ပါတယ်။အဲ့တာအားလုံးက ပထမတန်းစားလက်ဆောင်တွေ။ သစ်သီးခြင်းတောင်းတစ်ခုကို ၈၈ ယွမ်နဲ့တောင် ဝယ်မရဘူး ။စျေးနှုန်းက အရမ်းမြင့်တယ်လို့ ခန့်မှန်းမိတယ်။ ထင်ကြေးပေးရရင် စျေးနှုန်းက ၁၅၀ပဲ"
"ဘာ။ အသီးက အရမ်းဈေးကြီးလား။ မြို့ကလူတွေရူးနေကြပြီလား" ချန်ချိုင်ယွင်က စျေးနှုန်းကြောင့် ချက်ခြင်း ထိတ်လန့်သွားသည်။
တကယ်တော့ ၈၈ယွမ်က မူရင်းစျေးနှုန်းဖြစ်ပြီး ၁၅၀ သည် ရန်ဟုန်ဝမ်က သူတို့ရဲ့ ပိုက်ဆံ ယွမ် ၃၀၀ လိုချင်လို့ ၎င်းတို့နှစ်ဦးလုံးကို လှည့်စားရန် ရန်ဟုန်ဝမ်မှ ဖန်တီးထားသည့် ဈေးနှုန်းဖြစ်သည်။
"လူတွေရူးနေတာကို အမေက ဂရုစိုက်နေမှာလား။ ဘာပဲဖြစ်ဖြစ် ဒီပစ္စည်းက ကောင်းတယ်။ သာမန်လူက စားဖို့ မတတ်နိုင်ဘူး"
ရန်ဟုန်ဝမ်က ရန်လျန်ဟွာကို တစ်ချက်ကြည့်လိုက်သည်။ "အမေတို့ နှစ်ယောက် သစ်သီးခြင်း ပေးလိုက်ရင် ကျွန်နော်တို့ကို ဒီနေရာ ကျိန်းသေပေါက်ပေးမယ်ဆိုတာ ကျွန်တော် ပြောရဲတယ်။ စျေးကတော့ နည်းနည်းပိုကြီးတာပေါ့။ ဒါပေမယ့် အမေတို့နှစ်ယောက် စဉ်းစားကြည့်လိုက် နှစ်ယောက်အတွက် ယွမ် ၃၀၀၊ ပုံမှန်အလုပ်နဲ့ ဝင်ငွေရှိတဲ့ အလုပ်သမားတွေက ဒီငွေပြန်ရဖို့ တစ်နှစ်ခွဲတောင် မလိုဘူး၊ ကျန်တဲ့ ဘဝတစ်သက်တာမှာ အမြတ်ပိုရမှာပဲလေ မဟုတ်ဘူးလား"
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်!"
ချန်ချိုင်ယွင်က ခေါင်းညိတ်လိုက်သည်။ "မှန်တယ်၊ အမေဆီမှာ ယွမ် ၂၀၀ လောက်ရှိတယ်... ဒါဆို မင်း နောက်ထပ် ၁၀၀လောက် စိုက်ပေးထားလို့ရမလား"
ရန်ဟုန်ဝမ်ရဲ့ နှလုံးသားလည်း နောက်ဆုံး၌ တည်ငြိမ်သွားခဲ့သည်။
ငါပိုက်ဆံရပြီ...