← Chapters

အခန်း (၈၆)

Vol. 8 Ch. 86

အခန်း (၈၆)

Vol. 8 Ch. 86

"အစ်ကို၊ ညီမမှာ ယွမ် ၁၀၀ ရှိသေးတယ်၊ အဲ့ဒါက... ညီမရဲ့ကိုယ်ပိုင်ငွေ"

ရန်လျန်ဟွာ သူ့ကို ကြည့်လိုက်သည်။ သူမစိတ်ထဲ တွန့်ဆုတ်နေပေမယွ သူမရဲ့ လက်ရှိအလုပ်ကို မြို့ထဲတွင် ပုံမှန်အလုပ်တစ်ခုအဖြစ် ပြောင်းလဲနိုင်မည်ဟု တွေးကာ အံကြိတ်ပြီး သူမကိုယ်ပိုင်ပိုက်ဆံမှ ယွမ် ၁၀၀ ကို ထုတ်နိုင်ခဲ့သည်။

ဒီလိုပြောလာတဲ့အခါမှာတော့ ချန်ချိုင်ယွင်နဲ့ ရန်ဟုန်ဝမ်တို့ သားအမိနှစ်ယောက်စလုံး အံ့အားသင့်တဲ့အမူအရာတွေကို ပြသခဲ့ကြသည်။ ဟုတ်ပါတယ်၊ ရန်ဟုန်ဝမ်က ဟန်ဆောင်နေတာ။

ချန်ချိုင်ယွင်က တကယ်ကို အံ့အားသင့်သွားသည်။ "သမီးလေး၊ ပိုက်ဆံအများကြီး ဘယ်လိုစုထားတာလဲ။အမေ့ကို စကားတစ်ခွန်းမှတောင် မပြောဘူး!"

ရန်လျန်ဟွာက ရှက်ရွံ့စွာ ပြုံးလိုက်သည်။ "အမေ၊ သမီးရဲ့ ကိုယ်ပိုင်ပိုက်ဆံပါဆိုတာကို အမေ့ကို ဘယ်လိုလုပ်ပြောရမှာလဲ။ သမီး တစ်ယောက်တည်း တိတ်တိတ်လေး စုထားတာ..."

ဒီလိုလုပ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ အိမ်ထောင်ပြုတဲ့အချိန်မှာ မိသားစုဆီက သတို့သားကြေးကို မတောင်းဖို့အတွက်ပါ။ ရန်လျန်ဟွာက သူမ ဘဝပိုမိုကောင်းမွန်လာစေရန်အတွက် အိမ်တွင် ကိုယ်ပိုင်ငွေကို စတင်စုဆောင်းခဲ့သည်။

နှစ်သစ်ကူးချိန်တွင် ရန်ဟုန်ဝမ်က ဤမျှကြီးမားသော ရိုင်းစိုင်းမှုတစ်ခုရှိခဲ့ပြီး မိသားစုကို များစွာဒုက္ခပေးခဲ့သည်။

ရန်လျန်ဟွာက စကားတစ်ခွန်းမှ မပြောခဲ့ပေ ...

သူမ ကိုယ်ပိုင်ငွေမှ ယွမ် ၁၀၀ ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

ကံကောင်းစွာနဲ့ပဲ ဒီကိစ္စက တော်တော်ကြာခဲ့ပြီ။ အခု ရန်လျန်ဟွာက သူမကိုယ်ပိုင်ငွေ ယွမ် ၁၀၀ ကို ပြသလိုက်ရာ ချန်ချိုင်ယွင်က သူမကို ဘာမှပြန်မပြောဘဲ သူမလုပ်ခဲ့သမျှနှင့် ပတ်သက်၍ ဘာမှ မခံစားရပေ။

"ရပါတယ်၊ စုတယ်ဆိုလည်းစုတာပေါ့။ အခုအဲ့ဒါကို ထုတ်ဖို့ အချိန်တန်ပြီ!"

ချန်ချိုင်ယွင်က ရန်ဟုန်ဝမ်ရဲ့ ပုခုံးကို ပုတ်လိုက်သည်။ "ဟုန်ဝမ်၊ ပိုက်ဆံက အဆင်သင့်ဖြစ်နေပြီ။ မင်း သစ်သီးနှစ်ခြင်းဝယ်ဖို့ လုံလောက်ပြီ၊ မင်း ဒီနေရာအတွက် တိုက်ပွဲဝင်ရမယ်နော်။ ပိုက်ဆံကို မဖြုန်းပစ်နဲ့၊ အလုပ်ကမရသေးဘူး!"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီလိုကောင်းတဲ့ သစ်သီးခြင်းတောင်းကို သူတို့ကိုပေးမှာပါ သူတို့လင်မယားနှစ်ယောက်က ကျွန်တော်နဲ့ ဆက်ဆံရေးကောင်းတယ်၊ သူတို့နှစ်ယောက်ကို စာအိတ်အနီနဲ့ ယွမ် ၁၀၀ ပေးမယ်ဆိုရင်တော့ အဲဒီနေရာနှစ်ခုကို သေချာပေါက်ရနိုင်မှာ!"

ရန်ဟုန်ဝမ်က ဤလူများကို ခေတ်မမီသောနည်းဖြင့် လှည့်စားခဲ့သည်။ ဤစကားများင ချန်ချိုင်ယွင်တို့ သားအမိကို စိတ်ချမ်းသာစေသလိုပင်။

ရန်ဟုန်ဝမ်က ဒီနေရာအတွက် ရုန်းကန်ကူညီဖို့ နောက်ထပ် ယွမ် ၁၀၀ ထုတ်ရမယ်လို့ သားအမိကိုပြောခဲ့သည်။ သူတို့နှစ်ယောက်လုံးအတွက် အပြစ်ရှိသလို ခံစားခဲ့ရပေမယ့် သူတို့လည်း ပျော်သွားကြသည်။

"ဟုန်ဝမ်၊ မင်း မိသားစုအကြောင်းတွေးပေးနေသေးတာကို ငါသိပါတယ်။ နှစ်သစ်မှာ ဖြစ်ပျက်ခဲ့တာတွေက ငါတို့မိသားစုရဲ့ခံစားချက်တွေကို မထိခိုက်သွားစေနဲ့" ချန်ချိုင်ယွင်က ရန်ဟုန်ဝမ်ရဲ့ ပခုံးကို ပုတ်ကာ တောင်းပန်သည့် လေသံဖြင့် ပြောလိုက်သည်။

"ရပါတယ် အမေ။ ပိုက်ဆံမြန်မြန်ပေးရင် ဒီကိစ္စကို လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် တတ်နိုင်သမျှ မြန်မြန်ပြန်သွားလိုက်မယ်။ မကြာသေးခင်က လူတော်တော်များများက လက်ဆောင်တွေပို့ဖို့ လင်မယားနှစ်ယောက်ဆီ သွားပြီး ထမင်းစားဖို့ ဖိတ်တာက လေလိုမျိုးပဲပေါ်လာနေကြတာ ဆိုတော့ ကျွန်တော် မြန်မြန်သွားရမယ်" လို့ ရန်ဟုန်ဝမ် ပြောလိုက်သည်။

"ဒါဆို နေ့လယ်စာစားပြီးရင် အမေ ပိုက်ဆံပေးမယ်၊ ၄နာရီ ကူးတို့နဲ့ မြို့ကို ပြန်ပေါ့။ အချိန်ရှိသေးတယ်၊ အမေ ထမင်းအရင်ချက်လိုက်ဦးမယ်" ချန်ချိုင်ယွင်က ပြုံးပြုံးလေးပြောလိုက်သည်။

"အစ်ကို၊ ညီမရဲ့ပိုက်ဆံကို အစ်ကို့ဆီအရင်ပေးမယ်။ ညီမနဲ့လိုက်ခဲ့၊ ညီမ ပိုက်ဆံအရင်ပေးမယ်"

ရန်လျန်ဟွာ မစောင့်နိုင်တော့ဘူး။ သူမပြောသည့်အတိုင်းပဲ ရန်ဟုန်ဝမ်ကို မီးဖိုခန်းထဲမှ ခေါ်ထုတ်သွားခဲ့သည်။

ရန်ဟုန်ဝမ်က သူ့အမေနဲ့ ညီမကို ယွမ် ၃၀၀ ကျော် လိမ်လည်လှည့်ဖြားခဲ့ပြီး ယွမ် ၃၀၀ ကို သားအမိနှစ်ယောက်ကလည်း လိုလိုလားလား ပေးခဲ့သည်။

ရန်လျန်ဟွာက ချက်ချင်းဆိုသလို သူ့ဆီ ပိုက်ဆံလွှဲပေးလိုက်သည်။

ဆွဲဆောင်ရန် လျှာကို အသုံးပြုရုံဖြင့် ယွမ် ၁၀၀ ရရှိနိုင်သည်။ ရန်ဟုန်ဝမ်က ဒီငွေတွေကို လွယ်လွယ်နဲ့ ရလာတာပဲလို့ တွေးခဲ့သည်။

အိမ်မှာ တစ်ယောက်ယောက်က မေးလာခဲ့ရင် ခေါင်းဆောင်တွေဆီက နေရာနှစ်ခုကို သူတိုက်ရိုက်ယူခဲ့တာပဲလို့ ပြောမည်။

ပိုက်ဆံနဲ့ သစ်သီးခြင်းတောင်းကို သူတို့ကိုပေးခဲ့တာတောင် လင်မယားနှစ်ယောက်က ခေါင်းခါပြီး သူ့ကိုလှည့်စားပြီး ထွက်သွားခဲ့ကြတယ်လို့ပြောမည်။ ဒီလိုဖြစ်ရင် သူ့မှာ ဆုံးရှုံးမှုတွေရှိမယ်၊ ဒီမှာလည်း ဆုံးရှုံးမှုတွေရှိမယ်၊ မိသားစုတစ်ခုလုံးအတွက် အပြစ်ပြောလို့ မရဘူး။

ဒါက ပြီးပြည့်စုံတဲ့ အကြောင်းပြချက်တစ်ခုပဲ။

ဒါပေမယ့် ပိုက်ဆံက နည်းလွန်းတယ်...

နေ့ခင်းဘက်တွင် ရန်ဟုန်ဝမ်က မိသားစုကြီးတစ်ခုနဲ့ ရှားပါးသော ဟင်းပွဲအတွက် အိမ်မကြီးဆီ ထပ်သွားခဲ့ပြန်သည်။

အဖွားရန်က ယနေ့နံနက်တွင် သူနဲ့ ဒေါသထွက်ခဲ့သည်။ နေ့ခင်းဘက်တွင် ရန်ဟုန်ဝမ်နဲ့အတူ ထိုင်စားရဖို့ မမျှော်လင့်ထားပေ။

ထို့အပြင် အစာစားချိန်ရောက်တဲ့အခါ ရန်ဟုန်ဝမ်ရဲ့ သဘောထားအပေါ် အဖွားရန် အံ့သြသွားရပြန်သည်။

ပြုံးရုံတင်မကဘဲ အဖွားရန်ကိုလည်း တောင်းပန်ခဲ့သည်။

မနက်ပိုင်း စိတ်ဆိုးရခြင်း အကြောင်းအရင်းမှာ အချိန်ပိုအကြာကြီး အဆက်မပြတ် အလုပ်လုပ်နေခဲ့ရသဖြင့် ထိုအချိန်တွင် အိပ်ချင်စိတ်ပြင်းပြနေသဖြင့် အခန်းမှားဝင်သွားပြီး သတိမထားမိဘဲ ဖြစ်ခဲ့သည်ဟု ဆိုခဲ့သည်။

အရွယ်ရောက်ပြီးသူအားလုံးက သူ့အကြောင်းပြချက်ကို ယုံကြည်ကြပြီး ချန်ချိုင်ယွင်က အသည်းကွဲနေသေးပေမယ့် မိသားစုက ဒီနေ့ အသားမဝယ်ရတဲ့အတွက် စိတ်ဆိုးနေသည်။ သူ အဲ့တာကိုလုပ်ဖို့အတွက် အသားပိုစားသင့်တာ။

နေ့လယ်စာစားပြီးနောက် ချန်ချိုင်ယွင်က ရန်ဟုန်ဝမ်ကို သူမကိုယ်ပိုင်ငွေ ၂၀၀ ကျော် ပေးခဲ့သည်။

ပိုက်ဆံတွေအကုန်လုံး လက်ထဲရောက်လာပြီးနောက် ရန်ဟုန်ဝမ်ရဲ့နှလုံးသားက အရမ်းငြိမ်သွားခဲ့သည်။

ဒါပေမယ့် အရမ်းနည်းသည်...

အိမ်၌ရှိစဉ် အကြောင်းပြချက်ကို အသုံးချနိုင်ဆဲဖြစ်သော်လည်း ရန်ဟုန်ဝမ်က ပထမမိသားစုကို လိမ်လည်လှည့်ဖြားရန် အကြံထုတ်ပြန်သည်။

နေ့ခင်းဘက်တွင် ရန်ဟုန်ဝမ်က သူ့အခန်းတံခါးဘောင်ပေါ်တွင် ထိုင်ကာ ပထမမိသားစုမှ ရန်ဟုန်ရင် ခြံ သန့်ရှင်းရေးလုပ်နေသည်ကို တွေ့လိုက်ရသည်။

ပထမမိသားစုအိမ်မှာ ပိုက်ဆံနည်းနည်းတော့ ရှိရမယ်...

ပထမမိသားစုမှ ယွမ်ရာဂဏန်း အနည်းငယ်ယူနိုင်လျှင်.... ရန်ဟုန်ဝမ်ရဲ့ အကြွေးတွေဆပ်ဖို့ ဖိအားက အ​များကြီး နည်းသွားလိမ့်မည်။

ရန်ဟုန်ဝမ်က ရန်ဟုန်ရင်ကို လိမ်လည်လှည့်ဖြားဖို့ တွေးနေချိန်မှာပဲ ရန်လျန်ဟွာ ရုတ်တရက် ထွက်လာပြီး ရန်ဟုန်ရင် အနားကို ရောက်လာသည်။

"ဟုန်ရင်၊ မကြာသေးခင်က နင့်ရဲ့အိမ်ထောင်ဖက်တွေ့တာက ဘယ်လိုနေလဲ " ရန်လျန်ဟွာက ဤမေးခွန်းကို တမင်မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

ရန်ဟုန်ရင်က ရန်လျန်ဟွာကို တစ်ချက်ကြည့်လိုက်သည်။ သူမရဲ့အမူအရာက လုံးဝမကောင်းဘူး။

" တိုးတက်မှုကကော ဘယ်လိုရှိလဲ။ အဒေါ်က နင့်ကို ဆက်ထိန်းထားဖို့ အမြဲပြောနေတာ မဟုတ်ဘူးလား။ နင် သူ့ကို လက်ထပ်နိုင်ရင် နင်မြို့မှာ အလုပ်သွားလုပ်လို့ရပြီ"

ရန်လျန်ဟွာက ရန်ဟုန်ရင်၏ အနီးတွင် တွယ်ကပ်နေပြီး မြို့ကို အလုပ်သွားလုပ်မည့်အကြောင်းအရာကို တမင်တကာ ဖော်ထုတ်ပြနေသည်။

ထိုနေရာ၌ တံခါးဘောင်ပေါ်တွင်ထိုင်နေသော ရန်ဟုန်ဝမ်က ညီအစ်မနှစ်ယောက်ကို တိတ်တဆိတ် စောင့်ကြည့်နေပြီး သူ့အခွင့်အရေးရောက်လာမည်ဟု အမြဲခံစားနေရသည်။

မျှော်လင့်ထားသည့်အတိုင်းပဲ...

ရန်လျန်ဟွာက ပြောဖို့လုပ်ခဲ့သည်။ "နင် မသိပါဘူး ဒါပေမယ့် နင့်ရဲ့အိမ်ထောင်ဖက်တွေ့တဲ့လူနဲ့လက်ထပ်ပြီးရင် မြို့မှာနေတဲ့အချိန် ငါမြို့မှာ အလုပ်သွားလုပ်နိုင်လောက်ပြီ။ ငါတို့ညီအစ်မနှစ်ယောက် ကျေးလက်ကထွက်သွားရမယ်လို့ ယူဆလို့ရမလား"

ရန်ဟုန်ဝမ်က သူ့ညီမက မာနဘဝင်မြင့်ခြင်းနဲ့ အနိုင်ယူနေသည်ကို တွေ့နိုင်ပြီး သူမက ရန်ဟုန်ရင်ကို ပြသရန် ဤနေရာတွင် ရှိနေသည်။

ဒါ​ပေမယ့်​ ဒီအကြောင်းပြချက်​က သူ့​ကြောင့်​ဖြစ်​ပြီး လိမ်​ညာ​နေတာ​တောင်​ သူမ မသိလိုက်​ဘူး...

ဒီပုံကိုကြည့်လိုက်ရင် ရန်ဟုန်ဝမ်က အလကားလူဖြစ်လုနီးပါးပဲ။

"နင် မြို့ထဲမှာ အလုပ်သွားလုပ်မလို့လား"

ရန်ဟုန်ရင်က တံမြတ်စည်းလှည်းနေတာကို ရပ်လိုက်ပြီး ရန်လျန်ဟွာကို အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။ "နင် ဘယ်လိုမျိုး မြို့မှာ အလုပ်သွားလုပ်မှာလဲ။ နင်နဲ့လည်း ချိန်းတွေ့နေပြီလား"

ရန်လျန်ဟွာရဲ့ ချိန်းတွေ့နေတဲ့သူက မြို့မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက် ဖြစ်နိုင်ပါ့မလား။ ဒါက ကွာခြားလွန်းတယ်...

ရန်ဟုန်ရင်ရဲ့ နှလုံးသားက မနာလိုဖြစ်လာကာ ဟန်ချက်မညီတော့ပေ။

"မြို့မှာ အလုပ်လုပ်ချင်ရင် ချိန်းတွေ့တဲ့အဖော်ကို အားကိုးနေစရာ မလိုပါဘူးဟယ်။ ငါ့မှာမြို့မှာ အလုပ်လုပ်နေတဲ့ အစ်ကိုတစ်ယောက်ရှိတယ် မဟုတ်လား"

ရန်လျန်ဟွာက ထိုနေရာတွင် တံခါးဘောင်ပေါ်ထိုင်နေသော ရန်ဟုန်ဝမ်ဆီ ညွှန်ပြခဲ့သည်။ ရုတ်တရက်ဖော်ပြခံရသော ရန်ဟုန်ဝမ်က စကားမပြောဘဲ လက်ကိုသာ မြှောက်လိုက်သည်။

ရန်ဟုန်ရင်က ရန်ဟုန်ဝမ်ကို ကြည့်ဖို့ ခေါင်းလှည့်လိုက်သည်။ မျက်လုံးတွေ ပြူးကျယ်သွားကာ သူမ မယုံနိုင်လောက်အောင် ဖြစ်နေသေးသည်။

"အခြေအနေ ဘယ်လိုလဲ အစ်ကို ဟုန်ဝမ်က နင်ကို အလုပ်တစ်ခုနဲ့ မိတ်ဆက်ပေးခဲ့တာလား" ရန်ဟုန်ရင် မေးလိုက်သည်။

"ဟုတ်တယ်!"

ရန်လျန်ဟွာက ဂုဏ်ယူစွာဖြင့် မေးစေ့ကိုပင့် လိုက်သည်။ သူမသည် ဒေါင်းတစ်ကောင်ဖြစ်ခဲ့လျှင် သူမက အခုအချိန်မှာ သူမရဲ့ဒေါင်းမြှီးကို ဖွင့်ပြသင့်နေပြီ။

"မြို့မှာ အလုပ်တစ်ခုရဖို့အတွက် မိတ်ဆက်ရတာ လွယ်လား"

ရန်ဟုန်ရင်က မယုံကြည်နိုင်လောက်သော အကြည့်ဖြင့် မျက်မှောင်ကြုတ်ကာ အတော်လေး မနာလိုဖြစ်နေသည်။

"ဟုတ်တယ် မလွယ်ဘူး~"

ရန်လျန်ဟွာက လက်ညိုးထောင်ပြီးယမ်းလိုက်ကာ သူမမျက်နှာပေါ်မှာ အကြွေးတင်နေတဲ့ အပြုံးရှိနေသည်။ "ဒီအခွင့်အရေးက တစ်သက်မှာ တစ်ကြိမ်ပဲရတဲ့ အခွင့်အရေး! ငါ့အစ်ကိုရဲ့ စက်ရုံမှာ ပုံမှန်အလုပ်သမား လင်မယားနှစ်ယောက်ရှိတယ် ပြီးတော့ သူတို့ကနေရာကနေ ထွက်ဖို့ အဆင်သင့်ဖြစ်နေပြီ ပြောင်းရွှေ့ဖို့ စီစဉ်နေတာ။ ပြီးတော့ လစ်လပ်သွားမယ့် နေရာနှစ်ခုကို ရအောင်ယူမို့! ငါ့အစ်ကိုက ငါတို့မိသားစုအကြောင်းပဲ တွေးနေတော့ သူက ငါတို့ကိုမြို့က သတင်းကို အမြန်ပြန်လာပြောပြတာ။ ပြီးတော့ ငါ့အစ်ကိုနဲ့ သူတို့လင်မယား ဆက်ဆံရေးက အရမ်းကောင်းတယ်။ ငါ့အစ်ကိုက ဒီနေရာနှစ်ခုအတွက် တိုက်ပွဲဝင်နိုင်မယ်ဆိုတာ သေချာတယ်။ ဒါနဲ့ အချိန်တန်ရင် ငါ အလုပ်သွားလုပ်ရတော့မှာ ”

စာပိုဒ်ရှည်ကြီး ပြောပြီးသွားတော့ ရန်လျန်ဟွာက ရန်ဟုန်ရင် ရဲ့ ပုခုံးကို ပုတ်လိုက်သည်။ "ဒါဆို နင်က မြို့ထဲမှာ အလုပ်လုပ်၊ ငါက မြို့မှာ အလုပ်လုပ်၊ ငါတို့ နှစ်ယောက် ကွဲသွားတော့မှာ။ ဒါပေမယ့် နင့်မတိုင်ခင် ငါအရင် အပြင်ထွက်ရမှာ။ ဘာဖြစ်လို့လဲဆိုတော့ နင်က တစ်ယောက်ယောက်နဲ့ လက်ထပ်ဖို့ ရှိသေးတယ်လေ။ အဲဒီ အောင်သွယ်တော်မိတ်ဆက်ပေးတဲ့လူက နင့်ကို လက်မထပ်ရင် ငါ ပြန်လာတဲ့အခါ နင့်ကို တွေ့နိုင်သေးတယ်!"

"ဒါဆို.....ဂုဏ်ပြုပါတယ်နော် ...."ရန်ဟုန်ရင်က သားရေလိုမာကြောတဲ့အပြုံးနဲ့ ပြောလိုက်သည်။

ထိုအချိန်တွင် သူမနှလုံးသားက ပူလောင်နေပြီဖြစ်ပြီး တံမြက်စည်းကိုင်ထားသော သူမလက်က တင်းကြပ်နေသည်။ သူမ တံမြက်စည်းကို ကိုင်ပြီး ရန်လျန်ဟွာရဲ့ နှလုံးသားကို ရိုက်ချင်သည်။

သူတို့အားလုံးက ရန်မိသားစုမှဖြစ်သည်။ ရန်လျန်ဟွာ ရဲ့ဘဝက ဘယ်လိုလုပ်ကောင်းနေနိုင်မှာလဲ?

အကိုတစ်ယောက် မြို့ထဲမှာ အလုပ်လုပ်တာက အရမ်းကောင်းလို့လား။

နှစ်ယောက်လုံးမှာ အကိုတစ်ယောက်စီရှိတယ်...

ရန်ဟုန်ရင် သူမဘာသာ တွေးလိုက်မိသည်။ သူမအစ်ကိုက သူ့ခေါင်းပေါ် ရောက်နေသည်........ သူ ဘယ်သွားမှန်း သူမ မသိဘူး။

ရန်လျန်ဟွာနဲ့ ယှဉ်လိုက်ရင် သူတို့ဘဝက ကမ္ဘာကြီး ခြားနေသည်။

သူမ ဒေါသထွက်လာသည်...

"ဟေး၊ နောက်ကျ မြို့ကို သွားရင် နှစ်သစ်ကူး ပြန်လာတဲ့အခါကျရင် နင့်အတွက် ပိုပြီး ဆန်းသစ်တဲ့ အရာတွေ သေချာပေါက်ကို ယူလာပေးမယ် "

ရန်လျန်ဟွာက ရန်ဟုန်ရင်ရဲ့ ပုခုံးကို ပုတ်ကာ မျက်ခုံးပင့်ပြီးပြောလိုက်သည်။ "နင်လည်း ဒီအိမ်ထောင်ဖက်ကို မြန်မြန် ဖမ်းလိုက်တော့။ မြို့ထဲမှာ အလုပ်လုပ်ရတာ မလွယ်ဘူး။ ငါတို့ နှစ်ယောက်စလုံး အပြင်ထွက်ရင် ငါတို့ အဖိုးအဖွားတွေနဲ့ မိဘတွေကို ဘယ်လောက် မျက်နှာရလိုက်မလဲ!"

"အင်း......"

ရန်ဟုန်ရင်က စိတ်ဝင်တစားနဲ့ တုံ့ပြန်လိုက်ပြီး သူမရဲ့ မျက်နှာပေါ်မှာ ခြောက်သွေ့တဲ့ အပြုံးနဲ့ တုံ့ပြန်လိုက်သည်။

"ဟား ဟား ဒါဆို ငါ အရင်ဆုံးတရေး သွားအိပ်လိုက်ဦးမယ်ဟေ့ ။ နေ့လည်မှ နင့်ကို ဒီကိစ္စကို ပြောပြမယ်"

ကြွားပြီးသည့်နောက် ရန်လျန်ဟွာက မထွက်သွားခင် ရန်ဟုန်ဝမ်ကို အရင်နှုတ်ဆက်ပြီးနောက် သူမအခန်းဆီ ပြန်သွားခဲ့သည်။

ခြံထဲတွင် ရန်ဟုန်ရင်က သူမရဲ့ သန့်ရှင်းရေးအလုပ်ကို ဆက်လုပ်ဆောင်နေသေးသော်လည်း ထိုအချိန်တွင် သူမစိတ်က အလွန်ဆိုးရွားနေပြီဖြစ်သည်။

သူမ ယခုအချိန်တွင် ရန်လျန်ဟွာကို လေးလေးနက်နက် မနာလိုဖြစ်ခဲ့မိသည်။

ရန်ဟုန်ရင်ရဲ့ အိမ်ထောင်ဖက်တွေ့တဲ့လူက လုံးဝမကောင်းဘူး။

ရုပ်ရည်က ကြည့်မကောင်း၊ ကိုယ်ရည်ကိုယ်သွေးလည်း မကောင်း၊ သူမအပေါ်လည်း မကောင်းသလို သူမအပေါ် လုံးဝ ခံစားချက်မရှိပုံရသည်။

ဒါပေမယ့် သူမကို လျစ်လျူရှုထားပုံရပေမယ့် သူမကို လက်ထပ်မယ်လို့ ပြောခဲ့သည်။

ရန်ဟုန်ရင်က တကယ်ပဲ သူမရဲ့ အိမ်ထောင်ဖက်ကို လက်မထပ်ချင်ဘူး။

အိမ်ထောင်ဖက်တွေ့တဲ့လူကို ရန်ယန်က အုတ်တုံးအနည်းငယ်အကွာမှာ စွန့်ပစ်လို့ရနိုင်သည်။

ဆိုလိုသည်မှာ ထိုအိမ်ထောင်ဖက်တွေ့တဲ့သူသည် မြို့ထဲတွင် အလုပ်လုပ်ပြီး သူမကို သင့်တော်သော အခြေအနေဖြင့် မြို့ထဲတွင် အလုပ်လုပ်ရန်လည်း စီစဉ်ပေးနိုင်သည်။

ဒါပေမယ့် ဒီ့အပြင် တခြားအားသာချက်တွေ မရှိဘူး။

ရန်ဟုန်ရင်က သူမရဲ့ အိမ်ထောင်ဖက်တွေ့တဲ့လူနဲ့ လက်ထပ်လိုက်ရင် နောက်ပိုင်းတွင် လင်းရှောင်ယွဲ့ပင်လျှင် သူမထက် ပိုမိုကောင်းမွန်သော ဘဝဖြင့် နေထိုင်လာမည်ကို စိတ်ကူးကြည့်နိုင်သည်။

ခြံဝင်းတစ်ခုတည်းမှာရှိတဲ့ အမျိုးသမီးတွေဖြစ်သည့် လင်းရှောင်ယွဲ့နဲ့ ရန်လျန်ဟွာကို သူမ ဘယ်လို အားကျနိုင်မလဲ.....

သူမက အရမ်းဆိုးရွားတာပဲ!

ဒါကို သူမတွေးပြီးတာနဲ့ ရန်ဟုန်ရင်ရဲ့ နှလုံးသားကို ဓာတ်ငွေ့ပါးစပ်နဲ့ ပိတ်ဆို့သွားခဲ့ပြီး တံမြတ်စည်းလှည်းနေတဲ့ လှုပ်ရှားမှုတွေက ပိုကျယ်လာကာ ခြံတစ်ခုလုံး ဖုန်တွေ ပြည့်နှက်သွားခဲ့သည်။

ဒါတွေအားလုံးက ခြံဝင်းထဲမှာ ဖြစ်သွားတာ။ ဝမ်ရှို့ယင်ရဲ့ အိမ်တံခါးဝတွင်ရှိသော လင်းရှောင်ယွဲ့က ဒါကို ရှင်းလင်းစွာမြင်နိုင်သည်။

All Chapters