← Chapters

အခန်း (၉၅)

Vol. 8 Ch. 95

အခန်း (၉၅)

Vol. 8 Ch. 95

ချန်ချိုင်ယွင် ရယ်ပစ်လိုက်သည်။ သူမ လက်နှစ်ဖက်ကိုပိုက်ကာ ငေါ့တော့တော့ ပြောလိုက်သည်။ "ဒီနေ့ နင်ဘာလို့ ဒေါသထွက်နေရတာလဲလို့ ငါသိချင်နေတာ။ အသေးအမွှားကိစ္စနဲ့ ငါတို့မိသားစုနဲ့ ရန်ဖြစ်ချင်နေတယ်ပေါ့လေ။ ပိုက်ဆံကြောင့် လိမ်ခံရတယ်။ လိမ်ခံရလို့ ဒေါသလာထွက်ပြနေတယ်ပေါ့။ နင့်မှာ အရည်အချင်းရှိရင် ငါ့သားကို လာခိုင်းသင့်တယ်။ ဘာလို့ ငါ့မိသားစုနဲ့ စကားများနေရတာလဲ။ ငါ့မိသားစုကတော့ နင့်ကိုတစ်ပြားတစ်ချပ်မှ ပေးမှာမဟုတ်ဘူး။ ငါနင့်ပြောမယ်။ ရန်ဖြစ်စကားများနေရင်လည်း အသုံးမဝင်ဘူးနော်"

"မိသားစုနဲ့ ခွဲနေမယ်"

ရန်ချန်ယွီ ဒေါသအရမ်းထွက်ပြီး မီးဖိုကို လက်ဖဝါးနဲ့ ရိုက်လိုက်တဲ့ အသံထွက်လာခဲ့သည်။ ဒီမီးဖိုခုံကို အုတ်နဲ့လုပ်ထားတာ...

သူမ တကယ်ကို ဒေါသထွက်နေတာ ဖြစ်ကောင်းဖြစ်နိုင်တာမို့ သူမ အရမ်းစိတ်လှုပ်ရှားနေမိသည်။

"ခွဲလိုက်လေ။ နင်တို့ ဒုတိယမိသားစုနဲ့ ဘယ်တော့မှ ထ​ပ်ပြီး အချိန်ကုန်မခံနိုင်ဘူး!"

ရန်ဟုန်ရင်က ရန်ချန်ယွီကို အပြည့်အဝ ထောက်ခံသည်။ "အမေ၊ သမီးတို့ ခွဲနေကြမယ်။ ပိုက်ဆံကိုစုပြီး ကိုယ့်ဘာသာကိုယ်နေမယ်။ ကိုယ့်ပိုက်ဆံကိုယ်ရှာပြီး ကိုယ့်ဘာသာသုံးမယ်။ သမီးတို့ ဘာလို့ လစဉ် ပိုက်ဆံအများကြီးပေးထားပြီး သူတို့ဆီမှာ အပြောခံနေရမှာလဲ"

"ခွဲလိုက်​လေ! ဘယ်​သူ​က ကြောက်​နေလို့လဲ"

ချန်ချိုင်ယွင်က လုံးဝမယေဥ်ကျေးပေ။ "နင့်မှာ သတ္တိရှိရင် အခုချက်ချင်း ရွာသူကြီးဆီ သွား။ ငါတို့ မိသားစုနဲ့ ခွဲဖို့ ရွာသူကြီးရဲ့အိမ်ကို တိုက်ရိုက်သွားလိုက်လေ။ သတ္တိရှိရင် အခုသွားသွားလိုက်!"

"သွားကြရအောင်!" ရန်ချန်ယွီရဲ့ အရှိန်က လုံးဝမလျော့သွားပေ။

"မိသားစုကို မခွဲပါနဲ့။ ဘာလို့ ခွဲချင်နေတာလဲ၊ နင်က ငါ့ကို တကယ် စိတ်ဆိုးစေချင်နေတာလား " အဖွားရန်က စိုးရိမ်တကြီးအော်လိုက်သည်။

ဒါပေမယ့် အသုံးမဝင်ပါဘူး....

ရန်ချန်ယွီနဲ့ ချန်ချိုင်ယွင်တို့က အဖွားရန် စကားကို လုံးဝနားမထောင်ခဲ့ကြပေ။

"ဟုန်ရင်၊ ရွာသူကြီးကို သွားရှာရအောင်!" လို့ ရန်ချန်ယွီ က ပြောလိုက်သည်။

"လျန်ဟွာ၊ ရွာသူကြီးဆီသွားရအောင်၊ ပိုင်ဆိုင်မှုအခွင့်အရေးတွေ ပိုယူရအောင်၊ ငါတို့ ဒုတိယမိသားစုက နှစ်တိုင်း၊ လတိုင်း ပိုက်ဆံအများကြီးပေးထားရတာ " တုန့်ပြန်မှုအနေနဲ့ သူမက ပြိုင်ဘက်ကို အားနည်းချက် မပြချင်ဘူး။

သူတို့သားအမိနှစ်ယောက်က အရမ်းပူးပေါင်းလုပ်ဆောင်ခဲ့သည်။ "သွားမယ်၊ အခုသွားရအောင်!"

"မသွားနဲ့၊ ငါတို့ ထိုင်ပြီး ဒီအကြောင်းကို စကားနဲ့ပြောလို့ မရဘူးလား"

အဖွားရန်က သူ့သားနှစ်ယောက်ဆီ အမြန်ချဉ်းကပ်ပြီး ရန်တကျွင်းကို လက်တစ်ဖက်နဲ့ ရန်တလင်းကို လက်တစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်သည်။ "တကျွင်း၊ တလင်း၊ မင်းတို့ ခွဲနေလိုက်ရင် မင်းအဖေနဲ့ ငါ ဘယ်လိုလုပ်ရမလဲ... မခွဲလိုက်ပါနဲ့ သူတို့ကို စည်းရုံးလိုက်ပါနော် "

မိသားစုထဲက လူနှစ်ယောက်ရဲ့ မျက်နှာက ကြောက်စရာကောင်းနေပြီ။

အမျိုးသမီး လေးဦးရဲ့ တညီတညွတ်တည်း ဆူပူကြိမ်းမောင်းသည့် တိုက်ပွဲတွင် ၎င်းတို့နှစ်ဦးက အမှန်တကယ် တစ်ယောက်ကို တစ်ယောက် ဒေါသ ထွက်ခဲ့ကြပြီး သူတို့နှလုံးသားထဲတွင် မိသားစုနဲ့ ခွဲထွက်ဖို့ဆန္ဒတွေကိုယ်စီရှိနေသည်။

ရန်တလင်းက မျက်မှောင်ကြုတ်ပြီး ရန်တကျွင်းကို တိုက်ရိုက်ပြောလိုက်သည်။ “အကို၊ အဲဒီနှစ်ယောက်ကို ငါတို့မိသားစုနဲ့ ဝေးရာကို ဖယ်ထုတ်လိုက်!”

ရန်တကျွင်းက ရန်တလင်း ကိုပြန်ပြောလိုက်သည်။ "မင်း အဲ့နှစ်ယောက်ကို ငါတို့မိသားစုကနေ ဘာလို့ မထုတ်ပစ်တာလဲ"

ဒီအချိန်မှာ အမျိုးသမီး နှစ်ယောက်က သူတို့ရဲ့ ခင်ပွန်းဖြစ်သူကို ဆွဲခဲ့ကြသည်..

ချန်ချိုင်ယွင် - "သွားကြရအောင်၊ ရွာသူကြီးရဲ့ မိသားစုဆီ သွားကြမယ်။ ဒီည မိသားစုနဲ့ မခွဲရဲတဲ့သူက မြေးပဲ"

ရန်ချန်ယွီက ရန်တကျွင်းကို တိုက်ရိုက်ပြောလိုက်သေးသည်။ "ရန်တကျွင်း၊ ကျွန်မ နှစ်ပေါင်းများစွာ ကြေကွဲနေခဲ့ရတာ။ ဒီညမိသားစုနဲ့ မခွဲဘူးဆိုရင်တော့ ကျွန်မ မနက်ဖြန် ရှင်နဲ့ ကွာရှင်းမယ်။ ကျွန်မ ရှင်နဲ့ ထပ်မနေချင်တော့ဘူး! ရှင်ဘာသာ လုပ်လို့ရတယ် ရှင်ရွေးချယ်!"

ဒီလို ပြင်းထန်တဲ့ တိုက်ပွဲတွေ...

ထမင်းစားခန်းအပြင်ဘက်တွင် လင်းရှောင်ယွဲ့က ဒရာမာကို ရွှင်လန်းစွာကြည့်နေသည်။

လင်းရှောင်ယွဲ့က သူတို့တတိယမိသားစုက လမ်းခွဲဖို့ဆုံးဖြတ်လိုက်တဲ့နေ့တုန်းက အရမ်းရက်စက်သွားလားလို့ စိတ်ထဲမှာ တွေးမိသေးသည်။

ဝမ်ရှို့ယင်က "ဆူညံသောနံပါတ် ၁ သို့မဟုတ် ဆူညံသောနံပါတ် ၂" ဖြစ်မလား။

တတိယ မိသားစုက လမ်းခွဲဖို့ ဆုံးဖြတ်တဲ့နေ့မှာ သူမအဲဒီမှာ မရှိခဲ့တာ သနားစရာပဲ။ သူမ ပွဲကောင်းတစ်ပွဲ လွဲချော်သွားသလို ခံစားလိုက်ရသည်...

“မခွဲနဲ့…” အဖွားရန်က စိတ်တွေပူပြီး ခြေဆောင့်နင်းလိုက်သည်။

ထိုအချိန်တွင် အဖိုးရန်က သံမဏိမဖြစ်သည့်အတွက် သံကိုမုန်းတီးခဲ့သည်။ "ခွဲထွက်ချင်ရင် မိသားစုကို ခွဲလိုက်။ ဘယ်လိုခွဲမလဲ​။ ဒီကနေ ထွက်သွားလိုက်တော့ "

ဒီစကားတွေပြောပြီးတာနဲ့ အဖိုးရန်က တုန်လှုပ်ချောက်ချားစရာ မြင်ကွင်းကို မကြည့်ချင်ဘဲ လှည့်ထွက်သွားလိုက်သည်။

" မခွဲပါနဲ့ မခွဲပါနဲ့ ...... နင့်အမေကို သေသွားအောင် လုပ်မလို့လား...... တကျွင်း၊ တလင်း ..." အဖွား ရန်ကသာ မိသားစုမကွဲဖို့ နှိမ့်ချစွာ ဖျောင်းဖျနေသေးသည်။

"အမေ၊ အစ်ကို့ကိုပဲ ဖျောင်းဖျလိုက် "

ရန်တလင်း လိုရာကိုပြောလိုက်သည်။ "ဒါက ကျွန်တော့် ထိန်းချုပ်မှုထဲမှာ မဟုတ်ဘူး၊ မိသားစုကို ခွဲထုတ်လိုက်တာကလည်း ပထမမိသားစုရဲ့ ဆုံးဖြတ်ချက်ပဲ!"

ရန်ချန်ယွီက ရန်တကျွင်းကို တွန်းလိုက်သည်။ "ရှင်မိသားစု မခွဲချင်ရင် ကျွန်မတို့ ကွာရှင်းမယ်။ ကျွန်မစကားကို ဒီမှာ ထားလိုက်၊ ရှင် ကြိုက်တာရွေးလို့ရတယ်၊ ဒီည ကျွန်မတို့မိသားစုနဲ့ မခွဲရင် မနက်ဖြန် ကွာရှင်းကြတာပေါ့"

ရန်ဟုန်ရင်ကလည်း ရန်တကျွင်းကို ဆွဲကိုင်လိုက်ပြီး သူ့လက်ကိုခါယမ်းလိုက်သည်။ "အဖေ၊ မိသားစုနဲ့ ခွဲလိုက်။ သမီးတို့မိသားစု မှားနေခဲ့တာ မလောက်ဘူးလို့ ထင်နေသေးတာလား၊ အဖေမိသားစုနဲ့ မခွဲရင် မနက်ဖြန်လည်း သမီး အလုပ်မလုပ်တော့ဘူး။ သမီးက ဘာအတွက် ပင်ပင်ပန်းပန်းလုပ်ရမှာလဲ"

ရှုပ်လိုက်တာ.....

အဆုံးသတ်မှာ ...

မိသားစုနှစ်စုရဲ့ ဒီဘက်ခြမ်းက အရေအတွက်များပြီး ရွာသူကြီးအိမ်ဆီ တိုက်ရိုက်သွားခဲ့ကြသည်..

အဘိုးရန်သည် ရွာသူကြီးကိုရှာရန် မိသားစုနှစ်စုနောက် မလိုက်သွားဘဲ အိမ်မကြီးတွင် တစ်ယောက်တည်း ပုန်းအောင်း နေခဲ့သည်။

အဖွားရန်က သူတို့နဲ့လိုက်သွားပေမယ့် မျက်ရည်တွေနဲ့ သူတို့နောက်ကို လိုက်သွားခဲ့သည်။ အဖွားရန်ကလည်း ကလေးနှစ်ယောက်ကို ရွာလူကြီးကို ဝိုင်းကူပြီး စည်းရုံးခိုင်းခဲ့သည် ..

ရွာလူကြီးကိုရှာရန် တစ်မိသားစုလုံး အိမ်မှ ထွက်သွားသောအခါ၊ ရန်ယန်၊ လင်းရှောင်ယွဲ့၊ ဝမ်ရှို့ယင်နဲ့ သူမခင်ပွန်း၊ လင်းတမိန်တို့က အိမ်နှစ်အိမ်ကြား ပဋိပက္ခအကြောင်း ပြောဆိုနေကြသည့် အိမ်ဝင်းထဲ ရပ်နေကြသည်။

တတိယမိသားစုက အခြားသူရဲ့ မိသားစုအကြောင်းပြောနေသလို ထိုမိသားစုနှစ်စုရဲ့ ပြဿနာများကိုလည်း ပြောဆိုခဲ့ကြသည်။

ဒီလိုအခိုက်အတန့်မျိုးမှာ လူတစ်စုက အတင်းအဖျင်းအကြောင်းပြောဖို့ ဝိုင်းဖွဲ့လိုက်တဲ့အခါ လင်းရှောင်ယွဲ့က သူငယ်ချင်းတစ်ယောက်တွေ့ပြီလို့ ခံစားလာရသည်။

"နင်တို့ တတိယမိသားစုအတွက် ပိုကောင်းပါတယ်။ အဲဒီမိသားစုနှစ်စုနဲ့ ခွဲပြီးတော့ နင်တို့ဘဝ ဘယ်လောက်အေးချမ်းသာယာနေလိုက်မလဲ"

လင်းတမိန်နဲ့ ဝမ်ရှို့ယင်က အပြုံးလေးနဲ့​ပြောလိုက်သည်။ "ငါမြင်ပါတယ် နင်တို့တွေ ဟိုမိသားစု နှစ်စုနဲ့ ခွဲလိုက်ကြပြီးတဲ့နောက် နင့်မိသားစု ရှောင်ယန် ပေါ့ပေါ့ပါးပါးနဲ့ ဖြစ်သွားတယ်။ ငယ်ရွယ်တဲ့ လင်မယားနှစ်ယောက်ကလည်း မြို့ထဲမှာ အတူတူ အလုပ်လုပ်ကြတယ်။ ရက်တွေ ပိုကြာလာတာနဲ့အမျှ ပိုချမ်းသာလာတယ်။ မိသားစုနှစ်စု ဘာဖြစ်သွားလဲ ကြည့်လိုက်လေ၊ ဒီမိသားစုနှစ်စုက နင့်မိသားစုအတွက် ကံမကောင်းမှုတွေ ယူဆောင်လာခဲ့တာ!"

"ဟားဟား၊ နင်ဘာပြောလိုက်တာလဲ..."

ဝမ်ရှို့ယင်က မရယ်မောဘဲမနေနိုင်ဘဲ လင်းတမိန် ရဲ့နားကိုရောက်လာပြီး​ပြောလိုက်သည်။ "ငါလည်းအဲ့လိုထင်တယ်။ ငါတို့မိသားစုရဲ့ ကံကြမ္မာကို ဒီမိသားစုနှစ်စုက ကျိန်းသေပေါက်ဆွဲချခဲ့တာ။ အခု ကံကောင်းသွားပြီလေ ကြည့်လိုက်!"

"ဟုတ်တယ်၊ ဟုတ်တယ်၊ တစ်ခါတလေ ကံကောင်းတာက ဘယ်မှာလဲဆိုတာ ပြောဖို့ခက်တယ်"

လင်းတမိန်က ခေါင်းညိတ်ခဲ့သည်။ "အနာဂတ်မှာ နင့်မိသားစု အဲဒီမိသားစုနှစ်စုနဲ့ အဆက်အသွယ်မလုပ်သင့်ဘူး။ အထူးသဖြင့် ချန်ချိုင်ယွင်ပဲ။ ချန်ချိုင်ယွင်က ပါးစပ် သီလမရှိတဲ့သူတစ်ယောက်။ အဲဒါကြောင့် သူမ ဒီလိုနေထိုင်နေရတာ!"

"ဟုတ်တယ် ချန်ချိုင်ယွင်က တော်တော်ဆိုးတယ်၊ ငါသူနဲ့နေလာတာ နှစ်အတော်ကြာနေပြီ၊ အဲဒီတုန်းက ဘယ်လို သဘောထားလဲ ငါမသိခဲ့ဘူး!" ဝမ်ရှို့ယင် ပြောလိုက်သည်။

“အန်တီလင်း၊ ကျွန်မတို့ မိသားစုက ရွာမှာ အိမ်အသစ်ဆောက်ဖို့ အဆင်သင့်ဖြစ်နေပြီ၊ ပြောင်းရွှေ့ရမယ့်အချိန်ရောက်ရင် သူတို့နဲ့ အတူမနေတော့ဘူး” လင်းရှောင်ယွဲ့က ဒီလိုပြောလိုက်ပေမယ့် လင်းတမိန် အံ့သြသွားသည်။

လင်းတမိန် မေးလိုက်သည်။ "ဟေ့ နင်တို့မိသားစုက အိမ်အသစ်ဆောက်ဖို့ အဆင်သင့်ဖြစ်နေပြီပေါ့။ အိမ်ကို ဘယ်နှစ်ပေ ဆောက်မှာလဲ။ ပိုက်ဆံကို စုထားကြတာလား"

လင်းရှောင်ယွဲ့က အိမ်ဆောက်သလိုမျိုး တစ်စုံတစ်ခုကို ရုတ်တရက်ပြောသွားတာကြောင့် ဝမ်ရှို့ယင် အံ့သြသွားသည်...

အိမ်ဆောက်ပြီး အိမ်ပြောင်းဖို့ စီစဉ်နေကြပေမယ့် အိမ်ဆောက်ဖို့ ပိုက်ဆံမစုရသေးဘူး၊ အခုပြောဖို့က စောလွန်းနေသလားလို့။

"ကျွန်မ ပိုက်ဆံစုထားပြီလေ"

လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။ "ကျွန်မ ယွမ်ငွေ ၆၀၀ စုထားတယ်၊ ဒါကြောင့် ခြံသေးသေးလေးတော့ ဆောက်နိုင်သေးတယ်။ ပြီးတော့ ဒီလောက်မြန်မြန်ကြီးတော့ အိမ်မဆောက်နိုင်ဘူး၊ အိမ်ဆောက်ဖို့ တစ်လကျော်တော့ ကြာလိမ့်မယ်။ ကျွန်မတို့ ယွမ်ရာဂဏန်းလောက် ရှိသေးတာပါ။ မကြာခင် ကျွန်မတို့မိသားစု ဒီကနေ ထွက်သွားရတော့မယ်"

ဝမ်ရှို့ယင်ရဲ့ ထူးဆန်းတဲ့ အကြည့်တွေက လင်းရှောင်ယွဲ့ ကို ငွေများစွာ စုဆောင်းထားသလားလို့ လင်းရှောင်ယွဲ့ ကို မေးရန် စိုက်ကြည့်နေသည်။

လင်းရှောင်ယွဲ့ သည်လည်း ဝမ်ရှို့ယင်ကို သေချာသော အကြည့်ဖြင့် ပြန်ကြည့်ရာ ဝမ်ရှို့ယင်က နောက်ထပ် အံ့သြစရာကြီးတစ်ခုကို ရရှိခဲ့သည်။

ကျေးလက်ဒေသများတွင် ယွမ်ခြောက်ရာ သို့မဟုတ် ခုနစ်ရာဖြင့် အလွန်ကောင်းမွန်သော ခြံကို တည်ဆောက်နိုင်သည်။ လင်းရှောင်ယွဲ့ ပြောတဲ့ ခြံငယ်မဟုတ်ဘဲ ခြံကြီးတစ်ခု ဆောက်နိုင်သည်။

ဝမ်ရှို့ယင်နဲ့ သူမခင်ပွန်းက ထိုမျှလောက် ပိုက်ဆံမရှိသည်မှာ သေချာသည်။

လင်းရှောင်ယွဲ့ က သူတို့မှာ ပိုက်ဆံရှိတယ် လို့ပြောတဲ့အခါ လင်းရှောင်ယွဲ့ နဲ့ သူ့ခင်ပွန်းက ပိုက်ဆံစုထားလို့ပဲ ဖြစ်ရမည်။

ဝမ်ရှို့ယင် ဝမ်းသာသွားသည်။

သူတို့လင်မယားက မြို့ထဲမှာ တစ်လလောက် အလုပ်လုပ်ပြီးရင် ပိုက်ဆံအများကြီး ချမ်းသာလာမယ်လို့ သူမ မမျှော်လင့်ထားဘူး။ အခု အိမ်က အဆင်သင့်ဖြစ်ပါပြီ။

"အိုး၊ နင်တို့ရဲ့တတိယမိသားစုက တကယ်ကို ပိုကောင်းလာနေပြီပဲ"

လင်းတမိန်က ယောက္ခမနဲ့ ချွေးမအတွဲကို ပိုလို့တောင် မနာလိုဖြစ်လာသည်။ "အိမ်သစ်ဆောက်ပြီးရင် ငါတို့ကို အရက်သောက်ဖို့ ဖိတ်ခေါ်သင့်တယ်။ လူအင်အားမလုံလောက်ရင် ငါ့ယောက်ျားကို ကူညီခိုင်းလိုက်မယ်။"

"ဒါပေါ့၊ ဒါကောင်းတယ်"

ဝမ်ရှို့ယင်က ခေါင်းညိတ်ပြီး တုံ့ပြန်ခဲ့သည်။ "ငါတို့ရွာကလူတွေကို အကူအညီတောင်းသင့်တယ်လို့ ငါထင်တာပဲ၊ အချိန်တန်ရင် ငါတို့အလုပ်အတွက်ပေးပါ့မယ်!"

ဒုတိယမိသားစုနဲ့ ပထမမိသားစုကို ခွဲခွာပြီးနောက် တတိယမိသားစုက အိမ်သစ်တစ်လုံးဆောက်မယ်လို့ သတင်းဖြန့်ခဲ့သည်။

ရန်မိသားစုရဲ့ ဤအခြေအနေက အိမ်နီးနားချင်းများအတွက် ကြည့်ရှုရန် တကယ်ကောင်းသည်။

ဒုတိယနေ့တွင် ရန်မိသားစု၏ ဤကိစ္စများက တစ်ရွာလုံး ပျံ့နှံ့သွားမည်ဟု ယုံကြည်ကြသည်...

ညဘက်တွင် လင်းရှောင်ယွဲ့က စိတ်အခြေအနေကောင်းနေပြီး ရန်ယန်နဲ့အတူ အိပ်ရာပေါ်တွင် လဲလျောင်းနေသည်။

သူမ ရန်ယန်ရဲ့ခါးကို ပွေ့ဖက်ထားပြီး ရန်ယန်ရဲ့ ယောကျ်ားဆန်တဲ့မျက်နှာကို မော့ကြည့်လိုက်သည်...

ရုတ်တရက် သူမ ရယ်လိုက်သည်။

မျက်လုံးမှိတ်ထားတဲ့ ရန်ယန်က သူ့နှုတ်ခမ်းထောင့်များကို အလိုအလျောက် ပင့်လိုက်ပြီး သူ့လက်ကြီးသည် သူ့မျက်နှာလေးကို ဖျစ်လိုက်သည်။ "ဘာရယ်နေတာလဲ"

"ပျော်လို့လေ ~ အခု အိမ်နှစ်အိမ် အဆင်မပြေဖြစ်တာကို တွေ့လိုက်ရတယ်!"

လင်းရှောင်ယွဲ့က အပြုံးနဲ့ပြောလိုက်သည်။ "ဒါ့အပြင် ရှင်က ကျိုးကျန့်ဝေကိုလည်း အကြွေးစုဆောင်းသူတွေကို ဒီမိသားစုကို တိုက်ရိုက်ရှာလို့ ပြောလိုက်တယ်။ ပြီးတော့ သူတို့ရောက်လာရင် ဒုတိယမိသားစုက ပိုတောင်ဆိုးလာလိမ့်မယ်။ နောက်ပြီး အခု ဒုတိယနဲ့ ပထမမိသားစု ကွဲကွာသွားတဲ့အတွက် ပထမမိသားစုက ဒုတိယမိသားစုရဲ့ ကိစ္စတွေကို လျစ်လျူရှုဖို့ အကြောင်းပြချက်ပိုများလာပြီ။ ချန်ချိုင်ယွင်က သူမရဲ့မောက်မာမှု အတွက် တကယ်ပြန်ပေးဆပ်ရလိမ့်မယ်"

"ဒါဆို မင်းပျော်နေပြီလား" ရန်ယန် မေးလိုက်သည်။

"ဟုတ်တယ် ကျွန်မပျော်တယ်"

လင်းရှောင်ယွဲ့ ပြတ်ပြတ်သားသား ပြန်ဖြေခဲ့သည်ယ

ခဏအကြာတွင် သူမ ရုတ်တရက် ထပ်မေးခဲ့သည်။ “ကျွန်မ ဗိုက်မည်းတယ်လို့ ရှင် ထင်နေတာလား”

ရန်ယန်က မျက်ခုံးပင့်လိုက်သည်။ "ဗိုက်မည်းတယ်ဆိုတာက ဘာလဲ"

"အွန်....."

လင်းရှောင်ယွဲ့ အဲဒါကို စဥ်းစားပြီးပြောလိုက်သည်။ "ဗိုက်မည်းတဲ့လူက အရမ်းကြင်နာပြီး ရိုးသားပုံရတာ။ ရှင် ကျွန်မကို မစော်ကားရင် ကျွန်မလည်းရှင့်ကို စော်ကားမှာ မဟုတ်ဘူး။ တစ်ယောက်ယောက်က ကျွန်မကို စော်ကားလာမယ်ဆိုရင် ကျွန်မ အဲဒါကို ၁၀ ခါပြန်ပေးပစ်မှာ။ ဆတ်ဆတ်ထိမခံ လွယ်လွယ် ခွင့်လွှတ်တတ်တဲ့ ဇာတ်ကောင်မျိုး မဟုတ်တာတော့ သေချာတယ်"

ရန်ယန် သက်ပြင်းတစ်ချက်ချလိုက်သည်...

ဒါ သူမတွေးတဲ့ပုံပဲ။ သူမနှင့် "ထို" ကိုယ်ခွဲကြောင့် ထိုကိုယ်ခွဲကို သူမ လွန်စွာနှစ်သက်သည်မှာ အံ့သြစရာမဟုတ်ပေ။

အတူတူပါပဲ၊ သူတို့တွေးပုံက အတူတူပဲ။

အရင်ကတော့ ရန်ယန်က ​​ကောင်းမွန်တဲ့ဘဝနေထိုင်ဖို့အတွက်ပဲ လက်တုံ့ပြန်ဖို့ မလိုအပ်ဘူးလို့ ခံစားမိနေလိမ့်မည်။

ယခုမူ သူ သူအနိုင်ကျင့်ခံရတဲ့အခါ ထိန်းထားနိုင်မည့်သူ မဖြစ်နိုင်တော့ဘူးလို့ ခံစားလာရသည်။

အသန်မာဆုံးနှင့် အကောင်းဆုံးဖြစ်မှသာလျှင် အခြားသူများ၏ လေးစားမှုကို ရရှိနိုင်ပြီး အခြားသူများ၏ ကြောက်ရွံ့ခြင်း သို့မဟုတ် ချီးကျူးခြင်းကို ခံရနိုင်မည်ဖြစ်သည်။ အခုလည်း သူတစ်ပါးကို ကြောက်တာထက် သူတစ်ပါးက ကိုယ့်ကိုကြောက်တာက ပိုကောင်းသည်။

ကလဲ့စားချေခြင်းကို နှစ်သက်ခြင်းမရှိသော်လည်း ကလဲ့စားချေခြင်းမပြုခြင်းသည် သူရဲဘောကြောင်သော လုပ်ရပ်တစ်ခုဖြစ်သည်။

ဒါဆို သူမ ပြောတာမှန်တယ်။

ဗိုက်မည်းတာက ကောင်းပါတယ်။

"မင်း ဒီလိုဖြစ်နေတာ ကောင်းပါတယ်"

ရန်ယန်က သူမပခုံးတွေကို ညင်သာစွာ ညှစ်လိုက်ပြီး မျက်လုံးကို အနည်းငယ်ဖွင့်လိုက်သည်။ သူ မျက်လွှာချကြည့်လိုက်သည်။ သူ့မျက်လုံးများက သူမဆီမှာပိတ်ထားလိုက်သည်။ "မင်းရဲ့ဇာတ်ကောင်ကို ကိုယ်ကြိုက်တယ်"

"အင်း ရှင့်ရဲ့ဇာတ်ကောင်ကိုလည်း ကျွန်မကြိုက်တယ်"

လင်းရှောင်ယွဲ့က လက်လှမ်းကာ နှုတ်ခမ်းကို ကိုင်ပြီး အနည်းငယ်ကစားကာ သူ့ကို နမ်းပြီး ပြုံးလိုက်သည်။ "ရှင် အခု ငြိမ်သက်နေပုံရတယ်လို့ ထင်တယ်"

ရန်ယန် ညင်သာစွာ မျက်မှောင်ကြုတ်လိုက်သည်။ "ဟမ်"

သူတွေးနေတာက သူမက သူ့ကို အသိအမှတ်မပြုဘူးပေါ့ ဟုတ်လား။

လင်းရှောင်ယွဲ့က ထပ်ပြောလိုက်သည်။ "ရှင်တစ်ယောက်တည်းကျန်ခဲ့ပေမယ့် အရင်ကနဲ့ နည်းနည်းတော့ ကွဲပြားပုံရတယ်။ ဒီနေ့ ကျွန်မတို့အိမ် သွားကြည့်တော့၊ ကျွန်မက အလျင်လိုနေတယ် ရှင်ကတော့အလျင်လိုမနေဘူး။ တတိယရန်ယန်နဲ့ သိပ်မတူဘူး၊ ဒါပေမယ့် အဲ့တာက ကောင်းပါတယ်"

လင်းရှောင်ယွဲ့က သူတို့နှစ်ယောက် ပေါင်းစည်းသွားပုံပေါ်တယ်လို့ ခံစားရသည်။

ကလေးတစ်ယောက်ရဲ့ ကြင်နာမှု၊ ဒုတိယရဲ့ ငြိမ်သက်မှု၊ တတိယရဲ့ တွေးခေါ်နိုင်စွမ်း...

သူ့မှာ အကုန်ရှိပုံရတယ်။

အဲ့လို ဖြစ်ပုံရပါတယ်...

All Chapters