ကျားနတ်ဆိုးခန္ဓာကိုယ် သန့်စင်ခြင်း ပညာရပ်
Vol. 2 Ch. 168
"မင်းတို့ သတ်လိုက်တဲ့ အရူးစွန်းက အကြီးအကဲစွန်းရဲ့ အကြီးဆုံးတူပဲ။ ဒါပေမဲ့ အကြီးအကဲစွန်း ခုရောက်လာတာက လက်စားချေဖို့ပဲ မဟုတ်ဘူး။ ခန္ဓာကိုယ် အထူးပြု လေ့ကျင့်တဲ့သူနဲ့ ယှဉ်ပြိုင်ချင်လို့ ရောက်လာတာ။ နောက်ပြီး ငါတို့ ဆေးနတ်ဘုရား တောင်ကြားက သူ့ကို ဖိတ်ခေါ် ထားတာလေ။ ငါတို့ရဲ့ ဂိုဏ်းက ကမ္ဘာတစ်ခုလုံးမှာ ရှိတဲ့ ဂိုဏ်းတွေ အားလုံးနဲ့ အဆက်အသွယ် ရှိတယ်။ အထွပ်အထိတ် ပညာရှင် တစ်ယောက်၊ နှစ်ယောက်လောက် ဖိတ်ခေါ်ဖို့ ဆိုတာတောင် အရမ်းကို လွယ်ကူတယ်”
အကြီးအကဲချီက ချန်းဖန်ကို ကြည့်ရင်း ဂုဏ်ယူစွာ ပြောလိုက်သည်။ သူက ချန်းဖန်ကို အချိန်မရွေး အလွယ်တကူ အနိုင် ယူနိုင်သည့် ပုံစံမျိုးဖြင့် အေးဆေးစွာ ရှင်းပြနေခဲ့ခြင်း ဖြစ်သည်။
"ချန်ပေ့ရွှမ်း မင်း ဆေးညွှန်းကို ငါတို့လက် အပ်စမ်း။ အဲဒီလိုဆို မင်းအသက်ကို ချမ်းသာ ပေးချင်ပေးမယ်။ ဒီလိုမှ မဟုတ်ရင်တော့ မင်းသေတာတောင် ကောင်းကောင်းမွန်မွန် မသေစေရဘူး”
အစွန်းအကဲစွန်း၏ စကား အဆုံး၌ အင်အားစုနှစ်စုမှာ ချန်းဖန်ကို ဝိုင်းထားလိုက်သည်။ ထိုအင်အားစုများ ထဲတွင် စိန်ကျောက် ဘုရားကျောင်းနှင့် ဆေးနတ်ဘုရား တောင်ကြားမှ ထိပ်သီးအဆင့် သိုင်းပညာရှင် များစွာ ပါဝင်သည်။ အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်ပင် ယခုကဲ့သို့ အခြေအနေ မျိုးတွင် အသက်ရှင်ရန် မလွယ်ကူပေ။
"လုမိသားစု ခုအခြေအနေနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ”
ချန်းဖန်က တစ်ချိန်လုံး ဘေးတွင် ရပ်ကြည့်နေသည့် လုထန်လုံနှင့် လုဟန်ရွှမ်းကို လှည့်ကြည့်ရင်း မေးသည်။
လုထန်လုံက ချန်းဖန်နှင့် မျက်လုံးချင်း မဆုံစေရန် ကောင်းကင်သို့ အဓိပ္ပာယ်မဲ့စွာ မော့ကြည့် နေခဲ့သည်။ လုဟန်ရွှမ်းကမူ ချန်းဖန်ကို နွေးထွေးစွာ ပြုံးပြရင်း ပြောလိုက်သည်။
"ဆရာချန်း ကျွန်တော်တို့ရဲ့ ကမ်းလှမ်းမှုက ဆက်ရှိနေဦးမှာပါ။ တကယ်လို့ ဆရာချန်းကသာ ဆေးညွှန်းတွေ ပေးမယ်ဆိုရင် မိသားစုရဲ့ အကြီးအကဲရာထူးကို ချက်ချင်း ပေးပါ့မယ်။ ဒါမှမဟုတ် ကုမ္ပဏီရဲ့ ရှယ်ယာ တစ်စိတ်တစ်ပိုင်း ဖြစ်ဖြစ်၊ မိသားစု သခင်ကြီးဆီမှာ ပညာ သင်ယူတာပဲ ဖြစ်ဖြစ် ဆရာချန်း ကြိုက်တာ ရွေးချယ်လို့ ရပါတယ်”
"နောက်ဆုံးတော့ မင်းတို့လည်း အခြား လူတွေလိုပါပဲ။ ဆေးညွှန်းကိုပဲ အားလုံး လိုချင်နေကြတာ”
ချန်းဖန်က အံ့အား သင့်သည့် အမူအရာဖြင့် ပြောလိုက်သည်။ ထိုဆေးညွှန်းများမှာ သူ့အတွက် အဖိုး မတန်သည့်တိုင် သာမန်သေမျိုးတို့ အတွက်မူ တန်ဖိုး မဖြတ်နိုင်သော ရတနာတစ်ပါး ဖြစ်နေခဲ့သည်။
ရုပ်ခန္ဓာမွမ်းမံ သန့်စင် ဆေးလုံးမှာ ဖော်စပ်ရ လွယ်ကူသလို ပါဝင်သည့် ဆေးအမယ် များမှာလည်း လွယ်ကူစွာ ရှာဖွေနိုင်သည်။
အမတေ စွမ်းအင်တိုးမြှင့် ဆေးလုံးမှာမူ ရှားပါးသော ဆေးမြစ်များ လိုအပ်သည့် အပြင် ဆေးဖော်စပ်ရာ၌လည်း ကျွမ်းကျင်မှု ရှိရန် လိုသည်။
လုမိသားစုမှ ကိုးဆယ့်ကိုး ရာခိုင်နှုန်းသော သိုင်းပညာရှင် များစွာမှာ ကနဦး အတွင်းအား အဆင့်ကို ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ သူတို့တွင်သာ ရုပ်ခန္ဓာမွမ်းမံ သန့်စင် ဆေးလုံးများ လုံလုံလောက်လောက် ရှိခဲ့လျှင် မိသားစု၏ အင်အားကို လျင်မြန်စွာ ချဲ့ထွင် နိုင်လိမ့်မည် ဖြစ်သည်။
ချန်းဖန်က ရုပ်ခန္ဓာ မွမ်းမံသန့်စင် ဆေးညွှန်းကို စစ်ဘက်သို့ ပေးခဲ့ပြီးဖြစ်သည်။ စစ်ဘက်မှ တပ်ဖွဲ့ဝင် အများစုမှာ သူ၏ ဆေးညွှန်းကြောင့် လျင်မြန်စွာ တိုးတက်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် စစ်ဘက် အရာရှိများမှာ ချန်းဖန်ကို အလွန် တန်ဖိုး ထားကြသည်။
"ဘယ်အရာက မင်းတို့ ငါ့ကိုဖမ်းဖို့ ယုံကြည်ချက် ဖြစ်စေတာလဲ”
ချန်းဖန်က လူအုပ်ကို တည်ငြိမ်စွာ ကြည့်ရင်း မေးလိုက်သည်။
"မင်းတွေ့ရမှာပါ”
အကြီးအကဲချီက သိရခက်သော အပြုံးတစ်ခုဖြင့် ချန်းဖန်ကို ပြန်ပြောသည်။ အခြေအနေ အားလုံးမှာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသဖြင့် ဘယ်အရာကိုမှ စိုးရိမ်နေစရာ မလိုပေ။ စိန်ကျောက် ဘုရားကျောင်း၊ လုမိသားစု၊ ရှင်းယွီဂိုဏ်း မည်သည့် အဖွဲ့ကပင် ဆေးညွှန်းရပါစေ။ ဆေးနတ်ဘုရား တောင်ကြားမှ ထိုဆေးညွှန်းကို ပြန်လည် ရရှိအောင် စွမ်းဆောင်နိုင်သည်။
"မင်းက ထုံရှန်း တစ်ယောက်တည်းရဲ့ ကာကွယ်မှု အောက်မှာ ရှိနေတာ။ ငါတို့ ထုံရှန်းကို သတ်ပြီးရင် မင်းမှာ ယုံကြည်မှု ရှိဦးမလား ဆက်ကြည့်ကြ သေးတာပေါ့"
အကြီးအကဲချီက ချန်းဖန်ကို လှမ်းပြောရင်း ဘေးမှ လူများကို လှုပ်ရှားရန် အချက် ပြလိုက်တော့သည်။ ချက်ချင်းပင် ဆေးနတ်ဘုရား တောင်ကြားမှ ပညာရှင် တစ်ယောက်နှင့် စွန်းဝူတိတို့ ထုံရှန်းထံ ပြေးဝင် တိုက်ခိုက် တော့သည်။
ဤတိုက်ပွဲကား သူတို့အတွက် လက်ခုပ်ထဲက ရေအလားပင်။ အနိုင်ရရှိရန်မှာ အလွန် လွယ်ကူနေသည်။ ကောလဟာလများ အတိုင်း ထိုချန်းဖန်ဟု ခေါ်သော ကောင်လေးမှာ တာအိုရရှိခြင်း အဆင့် ဆရာသခင် တစ်ယောက် ဖြစ်နေလျှင်ပင် အနိုင်ရရှိရန် ယုံကြည်ချက် ရှိသည်။
လုထန်လုံက လက်နှစ်ဖက်ကို နောက်ပစ်၍ ထိုမြင်ကွင်းကို ကြည့်သည်။ အကယ်၍ ချန်းဖန်ကသာ သူ့တောင်းဆိုမှုများကို လိုက်လျောပြီး ဆေးညွှန်းများ ပေးမည်ဆိုလျှင် သူဝင်ရောက် ကူညီပေးမည် ဖြစ်သည်။
ကျင်းရီကမူ ချန်းဖန်ကိုကြည့်ရင်း သက်ပြင်းတစ်ချက် ချသည်။ သူမ ချန်းဖန်ကို စတွေ့ ကတည်းက သဘောကျခဲ့ပြီး ဆေးနတ်ဘုရား တောင်ကြားနှင့် မိတ်ဆက်ပေးမည်ဟု စိတ်ကူး ထားခဲ့သော်လည်း အဖြစ်အပျက်များက အပြောင်းအလဲ မြန်လွန်းခဲ့သည်။ အရာရာမှာ သူမစိတ်ကူး အတိုင်း ဖြစ်လာခဲ့မည် ဆိုပါက ဆေးနတ်ဘုရား တောင်ကြားမှာ အစွမ်းထက်သည့် ဆေးညွှန်းနှစ်ခု ရလာမည့် အပြင် ချန်းဖန်မှာလည်း အနာဂတ်တွင် ဂိုဏ်း၏ အဆင့်မြင့် ဆရာသခင် တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ယခုမူ ထိုအရာ အားလုံးကား သူမ၏ စိတ်ကူးများ အဖြစ်သာ အဆုံး သတ်ခဲ့ရသည်။
သို့သော် ချန်းဖန်ကို သူမ ယုံကြည်နေသေးသည်။ အင်အားစု သုံးစု၏ သိုင်းပညာရှင်များ၏ ရှေ့တွင်ပင် ထိုကောင်လေး၏ အမူအရာမှာ တည်ငြိမ်နေ၏။ သူကား သာမန်ကောင်လေး တစ်ယောက် ဖြစ်ပုံမရပေ။
"နင့်ရဲ့ ဝှက်ဖဲက ဘာလဲ။ အခုအချိန်မှ ထုတ်မသုံးရင် အချိန် မမီတော့ဘူ”
ကျင်းရီ ချန်းဖန်ကို ကြည့်ရင်း သူမကိုယ်တိုင် ကြားလောက်ရုံသာ တီးတိုးပြောသည်။ အဘိုးအို ဟန်ထျန်းမှာ စစ်ကူ ရောက်လာသော လူနှစ်ယောက်ကြောင့် အနည်းငယ် အသက်ရှူ ချောင်လာခဲ့သည်။ ထို့ကြောင့် သူက နောက်သို့ အနည်းငယ် ဆုတ်ရင်း ခဏ အနားယူလိုက်သည်။
ထိုအချိန်တွင် ထုံရှန်းနှင့် စွန်းဝူတို့ နှစ်ယောက် အပြင်းအထန် တိုက်ခိုက်နေကြပြီသည်။ စွန်းဝူတိက ရုတ်တရက် လှုပ်ရှားရင်း ထုံရှန်းထံ ဝင်လုံးကာ လည်ပင်းကို ဖျစ်ညှစ်ရန် ကြိုးစားသည်။ ထုံရှန်းက ထိုတိုက်ခိုက်မှုကို လျစ်လျူကာ စွန်းဝူတိ၏ လည်ပင်းကို ပြန်လည် ဆုပ်ကိုင်လိုက်သည်။
စွန်းဝူတိ နောက်သို့ ပြန်ဆုတ်ကာ ရှောင်လိုက်ရင်း ထုံရှန်းထံ လက်သီးတစ်ချက် ပစ်သွင်းသည်။ သူ၏ လက်သီးချက်မှာ လေထုကို ထိုးခွဲပြီး ထုံရှန်းထံ တိုးဝင်သည်။ ထုံရှန်း ထိုလက်သီးချက်ကို ရှောင်ရန် ကြိုးစားသော်လည်း လက်သီးချက်က လေထဲတွင်ပင် ကွေ့ဝိုက်ကာ ထုံရှန်း၏ နောက်ကြောကို ထိသည်။ ထိုလက်သီးချက်က ထုံရှန်းကို ပထမဆုံး အကြိမ်အဖြစ် နောက်ဆုတ် စေခဲ့သည်။
"တိုက်ရိုက် အတွင်းအားနဲ့ တိုက်ခိုက်ခြင်း”
ထိုတိုက်ပွဲကို ကြည့်ရင်း လုထန်လုံက တီးတိုး ရေရွတ်သည်။
"စွန်းဝူတိက တကယ့်ကို သန်မာတာပဲ။ အထွတ်အထိပ် အဆင့်အောက်မှာ အသန်မာဆုံး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်။ သူက အထွတ်အထိပ် အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်”
"သူသာ အဘိုးလုံ(လုထန်လုံ) နဲ့ ယှဉ်ရင် ဘယ်သူနိုင်မယ် ထင်လဲ”
လုဟန်ရွှမ်းက လုထန်လုံကို မေးသည်။
"ငါက သူ့ကို မနိုင်လောက်တော့ဘူး။ ကုမိသားစုက အထွတ်အထိပ် တစ်ပိုင်း အဆင့်ကပဲ သူရဲ့ ပြိုင်ဘက် ဖြစ်နိုင်မယ် ထင်တယ်”
လုထန်လုံက သက်ပြင်းတစ်ချက် ချကာ ပြန်ပြောသည်။
"ဒါပေမဲ့ စွန်းဝူတိ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ။ ငါတို့မိသားစုရဲ့ သခင်ကြီးနဲ့တော့ မယှဉ်နိုင် သေးပါဘူး။ အထွတ်အထိပ် အဆင့် ပညာရှင်တွေက အခြားလူတွေထက် အမြဲ ခေါင်းတစ်လုံး သာတယ်”
မိသားစုသခင် အကြောင်း ပြောချိန်တွင် သူ့မျက်လုံးများမှာ ဂုဏ်ယူမှုကြောင့် တောက်ပ နေခဲ့သည်။
"ကျွန်တော်တော့ မိသားစုရဲ့ သခင်ကြီးကို ခုထိ တစ်ခါမှ မတွေ့ဖူးသေးဘူး”
လုဟန်ရွှမ်းက စိတ်ပျက်စွာ ပြောသည်။
"အချိန်ကျရင် ငါ မင်းကို ခေါ်သွားပေးမှာပါ။ အဲဒီ အချိန်ကျမှ အထွတ်အထိပ် အဆင့် တစ်ယောက်ရဲ့ လွှမ်းမိုးနိုင်စွမ်းကို မင်းနားလည်လာလိမ့်မယ်”
လုထန်လုံက ဂုဏ်ယူသည့် အပြုံးဖြင့် ပြန်ပြောသည်။ ထိုအချိန်တွင်...
ထုံရှန်းတို့ တိုက်ပွဲမှာ အမြင့်ဆုံး အခြေအနေကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ စွန်းဝူတိ၏ လက်သီးချက်များမှာ ပင်လယ်ပြင်မှ မုန်းတိုင်း တစ်ခုအလား အဆက်မပြတ် တိုးဝင်ကာ ထုံရှန်းကို ဖိအားပေးသည်။ သူ၏ အားကောင်းသော တိုက်ခိုက်မှုတိုင်းက ဘေးနားမှ ပရိတ်သတ်တိုင်းကို အံ့အား သင့်စေသည်။
"ဘန်း..."
သူ၏ အင်အား အပြည့်ဖြင့် တိုက်ခိုက်မှုများကြောင့် ပတ်ဝန်းရှိ စားပွဲများ၊ ထိုင်ခုံများ ကျိုးကြေကုန်သလို နံရံတွင်များ အပေါက်များ ဖြစ်ပေါ်လာခဲ့သည်။ သူကား အထွတ်အထိပ် အဆင့်သို့ မရောက်သေးသည့်တိုင် သူ၏ တိုက်ခိုက်မှုများကား အထွတ်အထိပ် အဆင့် တစ်ယောက်ကဲ့သို့ပင် ပြင်းထန် နေခဲ့သည်။
ဆေးနတ်ဘုရား တောင်ကြားမှ ပညာရှင်၏ တိုက်ခိုက်မှုများကလည်း ထုံရှန်းကို အဆက်မပြတ် ဖိအား ပေးလာသည်။ အကယ်၍ စွန်းဝူတိ၏ တိုက်ခိုက်မှုများကို ပင်လယ်ပြင်မှ မုန်တိုင်း တစ်ခုဟု ဆိုလျှင် သူ၏ တိုက်ခိုက်မှုများကား ထိုမုန်တိုင်းများ ကြားမှ နဂါး တစ်ကောင်ကဲ့သို့ပင်။ ရုတ်တရက် သူ၏ လက်ထဲရှိ ဓားမြှောင်ဖြင့် ထုံရှန်း၏ နောက်ကျောကို ထိုးစိုက်ကာ တိုက်ခိုက်လိုက်သည်။
"ခရက်..."
ဓားမြှောင်မှာ ထုံရှန်း၏ နောက်ကျောကို အရှိန်ပြင်းစွာ ပြေးဝင်သွားသည့်တိုင် ထုံရှန်းကား သံမဏိ စက်ရုပ် တစ်ရုပ် အလားပင်။ သူ၏ တိုက်ခိုက်မှုကား ထုံရှန်း၏ အရေပြားကိုပင် မထိုးဖောက် နိုင်ခဲ့ပေ။
"ဟမ်..."
သူ၏ မျက်နှာတစ်ခုလုံး မဲမှောင်သွားကာ ထုံရှန်းကို နောက်တစ်ကြိမ် အရူး တစ်ယောက်ကဲ့သို့ ပြေးဝင် တိုက်ခိုက်သည်။ သူက ထုံရှန်းကို နောက်ကျောမှ အရူးအမူး တိုက်ခိုက်ရာ ထုံရှန်း၏ နောက်ကျောတွင် ဒဏ်ရာ အသေးစားများ ဖြစ်ပေါ်လာခဲ့သည်။
"အား..."
ပထမဆုံး အကြိမ်အဖြစ် ထုံရှန်းက နာကျင်စွာ အော်ဟစ်လိုက်ရင်း သူဘေးမှ ဝိုင်း တိုက်ခိုက်နေသူများကို ဒေါသတကြီး ကြည့်သည်။
ထို့နောက် သူ၏ ကြီးမားသော လက်ကြီးများဖြင့် ဘေးမှလူများကို သိမ်းကြုံးထိုးသည်။ သူ၏ ညာဘက်မှ တိုက်ခိုက်နေသော ဟန်ထျန်းနောက်သို့ ကပျာကယာ ဆုတ်ရင်း ရှောင်လိုက်ရသည်။ စွန်းဝူတိလည်း နောက်သို့ ခြေဆယ်လှမ်းခန့်ထိ ဆုတ်လိုက်ရင်း အတွင်းအားဖြင့် လှမ်း၍ တိုက်ခိုက်ရန် ကြိုးစားသည်။ ဆေးနတ်ဘုရား တောင်ကြားမှ ပညာရှင်ကမူ မြွေတစ်ကောင်ကဲ့သို့ နောက်ကို ဆုတ်ကာ ထန်ရှန်းကို တန်ပြန် တိုက်ခိုက်ရန် ကြိုးစားသည်။
"ခု ဘယ်လိုလဲ ချန်ပေ့ရွှမ်း။ မင်း လွတ်မြောက်နိုင်မယ်လို့ တွေးနေတုန်းလား”
အကြီးအကဲချီက ချန်းဖန်ကို လှည့်ကာ မေးသည်။ ထိုအချိန်တွင် ထုံရှန်းကား ဝိုင်းဝန်း တိုက်ခိုက်သူများ၏ အောက်တွင် တဖြည်းဖြည်း အရေး နိမ့်လာပြီ ဖြစ်သည်။ လုထန်လုံက ချန်းဖန်ကို သေချာ စောင့်ကြည့်နေခဲ့သည်။ အကယ်၍ ထိုကောင်လေးက သူ့သူငယ်ချင်းကြီးကို ကူညီရန် ကြိုးစားလျှင် သူ့ကို စတင် တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။
"ဆရာချန်း အရှုံးပေးလိုက်တော့”
ကျင်းရီက ချန်းဖန်ကို ကြည့်ရင်း စိုးရိမ်တကြီး အော်လိုက်သည်။
လူအများမှာ ချန်းဖန်ကိုကြည့်ရင်း သူရှုံးနိမ့်တော့မည်ဟုသာ မှတ်ချက် ချနေကြသည်။ ထိုချန်းဖန် ဆိုသော ကောင်လေးမှာ အမှန်ပင် ရူးသွပ်လွန်းသည်။ သူသာ ဆေးနတ်ဘုရား တောင်ကြားနှင့် လုမိသားစုတို့၏ ကမ်းလှမ်းမှုကိုသာ လက်ခံခဲ့လျှင် ယခုကဲ့သို့ အဖြစ်ဆိုးများ ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။
"ငါရှုံးတော့မယ်လို့ ဘယ်သူပြောလဲ”
ချန်းဖန်က ထူးဆန်းစွာ ပြုံးလိုက်ရင်း တီးတိုးပြောသည်။ သူက တိုက်ခိုက်နေသော ထုံရှန်းကို တစ်ချက် လှမ်းကြည့်သည်။ ကျားနတ်ဆိုး ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်မှာ ကျားနတ်ဆိုး တော်ဝင် မိသားစု၏ လျှို့ဝှက်ကျင့်စဉ် တစ်ခုဖြစ်ပြီး အလွန် လျှို့ဝှက်ဆန်းကျယ်သည်။ ထိုကျင့်စဉ်၏ စွမ်းအားကား သာမန် သေမျိုးများ အလှမ်း မမီနိုင်သော အရာပင်။
"ယား..."
အဆက်မပြတ် ဖိနှပ်တိုက်ခိုက်မှုများ အောက်မှ ထုံးရှန် ရုတ်တရက် ရုန်းထွက်ရင်း ကျယ်လောင်စွာ အော်သည်။ သူ၏ အသံကား ကျားနတ်ဆိုး တစ်ကောင်၏ ဟိန်းသံကဲ့သို့ပင်။
"ယား...."
ကျယ်လောင်သော အော်ဟစ်သံနှင့် အတူ ထုံးရှန်၏ ဦးခေါင်းကား ကျားတစ်ကောင်ကဲ့သို့ ပြောင်းလဲ သွားပြီး အခြားလူများကို သွေးဆာသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"ကျားနတ်ဆိုး လက်သည်း..."
ထုံရှန်၏ လက်များမှ ကျားတစ်ကောင်ကဲ့သို့ လက်သည်းရှည်များ ထွက်ပေါ်လာကာ လေထဲသို့ အရှိန်ပြင်းစွာ ဝှေ့ယမ်းလိုက်သည်။ ထုံရှန်းကား တကယ့် ကျားနတ်ဆိုး တစ်ကောင် အလားပင်။
ကျားနတ်ဆိုး အသွင် ပြောင်းပြီးသည်နှင့် ထုံရှန်းကား သူ၏အနားရှိ ဆေးနတ်ဘုရား တောင်ကြားမှ ပညာရှင်ကို စတင် တိုက်ခိုက် တော့သည်။
"အား..."
ထိုပုဂ္ဂိုလ်မှာ မည်သည့် အရာများ ဖြစ်ပျက်နေသည်ကို သတိ မထားမိခင်မှာပင် ထုံရှန်း၏ လက်သည်း ကြား၌ အသက် ပါသွားခဲ့ပြီ ဖြစ်သည်။
ထိုတိုက်ခိုက်မှု ပြီးသည်နှင့် ထုံရှန်းက ဆက်လက် တိုက်ခိုက်ရန် အခြား တစ်ဖက်ကို လှည့်သည်။ ထိုအရာကို တွေ့သည်နှင့် စွန်းဝူတိက အလျင်အမြန် နောက်ဆုတ်သည်။
အဘိုးအို ဟန်ထျန်းကား ရှောင်တိမ်းရန် မမီတော့ပေ။ ထို့ကြောင့် လက်နှစ်ဖက်ကို ရှေ့၌ကာရင်း ထုံရှန်း၏ တိုက်ခိုက်မှု အရှိန်ကို လျှော့ချရန် ကြိုးစားသည်။ သိပ်မကြာသေးခင်က ထုံရှန်းနှင့် တိုက်ခိုက်ပြီးပြီ ဖြစ်သောကြောင့် ယခု တစ်ကြိမ်လည်း ထုံရှန်း၏ တိုက်ခိုက်မှုများကို ခုခံနိုင်လိမ့်မည် ဟု သူမျှော်လင့်နေခဲ့သည်။
သို့သော် ထုံရှန်း၏ လက်ဝါးများ ရောက်လာချိန်၌ သူ၏အတွေးများ မှားယွင်း နေကြောင်း သိလိုက် ရတော့သည်။ သူနောင်တရရန် အချိန် မမီတော့ပေ။ ထုံရှန်း၏ တိုက်ခိုက်မှုက သူ၏ အကာအကွယ် များကို ချိုးဖျက်လိုက်ပြီး သူ၏ ရင်ဘတ်ကို ထိသည်။
"အား..."
ဟန်ထျန်း နာကျင်စွာ အော်ဟစ်ရင်း မြေပြင်ပေါ် အရုပ်ကြိုးပြတ် ပြုတ်ကျသွားတော့သည်။
***
ခန်းမတစ်ခုလုံးကား အသံတစ်ခုမျှပင် မထွက်ပဲ တိတ်ဆိတ်နေခဲ့သည်။ ထိုကဲ့သို့ အခြေအနေ ပြောင်းပြန် အနေအထားသို့ ပြန်ပြောင်း သွားလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ပေ။
လုထန်လုံ၏ မျက်လုံးများက မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။ သူ၏ ခန္ဓာကိုယ်သည်ပင် ကြောက်ရွံ့မှုကြောင့် မသိမသာ တုန်နေခဲ့သည်။
ကျင်းရီက တိတ်ဆိတ်စွာ သက်ပြင်းတစ်ချက် ချမိသည်။ သူမနှင့် သူမ၏ အကြီးအကဲတို့၏ တွက်ချက်မှုကား အကြီးအကျယ် လွဲမှားခဲ့သည်။ ထိုအမှားကား သူမ ဘဝ၏ အကြီးဆုံး အမှားတစ်ခုပင် ဖြစ်တော့သည်။
***