← Chapters

ဆေးနတ်ဘုရားတောင်ကြား၏ စည်းမျဉ်း

Vol. 2 Ch. 178

ဆေးနတ်ဘုရားတောင်ကြား၏ စည်းမျဉ်း

Vol. 2 Ch. 178

"ဆရာကြီး ဒီလူတွေက အကူအညီတောင်းဖို့ လာခဲ့တာပါ...”

အဘိုးလီက ဦးညွှတ်ရင်း ရိုသေစွာဖြင့် ပြောသည်။ ထွက်လာသော လူများမှာ အားကစား အနက်ရောင် အင်္ကျီများကို ဝတ်ဆင်ထားသည်။ သူတို့ကား တောထဲ၊ တောင်ထဲတွင် နေထိုင်သည့် ပုဂ္ဂိုလ်များ ဖြစ်သည့်တိုင် ခေတ်သစ် လူနေထိုင်မှုများနှင့် ရင်းနှီးပုံရသည်။

ထိုအုပ်စု၏ ခေါင်းဆောင်မှာ လူငယ်တစ်ယောက် ဖြစ်ပြီး သူ၏ မျက်နှာက မာနကြီးသည့် ဟန်ပန် အပြည့် ရှိနေခဲ့သည်။ သူက နှာခေါင်းတစ်ချက် ရှုံ့ရင်း ပြောလိုက်သည်။

"တောင်ကြားက ပိတ်ထားတယ်လို့ ငါမင်းကို မပြောထားခဲ့ဘူးလား။ ဘာကြောင့် ဒီလူတွေကို ခေါ်တာတာလဲ...”

"အဲ... ဟိုဟာ...” အဘိုးလီ ဘာပြန်ပြောရမှန်း မသိတော့ပေ။ ထိုဧည့်သည်များက ငွေကြေးကောင်းကောင်း ပေးသောကြောင့် သူလိုက်ပို့ခဲ့ခြင်း ဖြစ်သည်။

"ထားလိုက်တော့...” လူငယ်က အဘိုးအိုကို ပြောပြီး ဧည့်သည် အုပ်စုဘက်သို့ လှည့်လိုက်သည်။

"မင်းတို့က ဆေးကုဖို့ အကူအညီ တောင်းချင်တာလား…” လူငယ်က စိတ်မဝင်စားသည့် အမူအရာဖြင့် မေးသည်။

"ဟုတ်ပါတယ် ဆရာကြီး။ ကျွန်တော်က ကျူးမိသားစုက ကျူးရန်တုန်းပါ။ ဒါက ကျွန်တော့ရဲ့ ညီမပါ။ ဟိုဘက်က နှစ်ယောက်က ညီလေးချန်နဲ့ ညီမလေးကျိုး တို့ပါ”

ကျူးရန်တုန်းက လျင်မြန်စွာ မိတ်ဆက်လိုက်သည်။

"ငါက ဆရာကြီး မဟုတ်ပါဘူး။ တံခါးစောင့် အဆင့်ပဲ ရှိတာ။ မင်းတို့ ငါ့ကို မန်ထျန်းလို့ ခေါ်နိုင်တယ်...”

လူငယ်က ပြန်ပြောလိုက်သည်။

ကျူးရန်တုန်း ထိုလူငယ်၏ စကားကို မယုံချင်ပေ။ ငါးမီတာ အမြင့်မှပင် အခက်အခဲမရှိပဲ ခုန်ချနိုင်သော ထိုလူငယ်ကား တံခါးစောင့် အဆင့်မျှသာ ရှိစည် ဆိုခြင်းက လွန်လွန်းသည်။

"ဆရာကြီးက ယဉ်ကျေးလွန်းနေပါပြီ...”

ကျူးရန်တုန်းက လူငယ်အနီးသို့ တိုးကပ်ရင်း ဘဏ်ကဒ် တစ်ခုကို မန်ထျန်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ဘဏ်ကဒ်ပေါ်တွင် စာတန်း နှစ်ခုရေးထားပြီး ပထမစာတန်းမှာ လျှို့ဝှက်နံပတ်နှင့် ဘဏ်ကဒ်၏ အကောင့်နံပတ် ဖြစ်ပြီး ဒုတိယစာတန်းတွင်မူ ဂဏန်းခြောက်လုံး အထိရှိသော ငွေအမောင့်ကို ရေးထားသည်။

မန်ထျန်းက ထိုဘဏ်ကဒ်ကို စိတ်မဝင်စားသည့် အမူအရာဖြင့် လက်ခံလိုက်သည်။ ဂိုဏ်းရှိ အကြီးအကဲများမှာ ပိုက်ဆံကို စိတ်မဝင်စားသည့်တိုင် သူကမူ အစေခံ တစ်ယောက်သာ ဖြစ်သည်။

"ခင်ဗျားတို့ ရောက်လာတဲ့ အချိန်က အချိန်ကောင်း မဟုတ်ဘူး။ ဒီနေ့ အကြီးအကဲတွေနဲ့ ဆေးသန့်စင်တဲ့သူတွေ အစည်းအဝေးတစ်ခု လုပ်နေကြတယ်။ သူတို့ အရေးကြီးတဲ့ ကိစ္စတစ်ခုကို ဆွေးနွေးနေကြတယ် တဲ့...”

မန်ထျန်းက သူ့ကို ပြန်ပြောလိုက်သည်။

"တကယ်ပဲလား။ အကြီးအကဲတွေကို ဘယ်လို ကိစ္စမျိုးက အနှောင့်အယှက် ဖြစ်နေခဲ့တယ် မသိဘူး...”

ကျူးရန်တုန်းက စိတ်ဝင်စားစွာမေးသည်။ မန်ထျန်းက ပြုံးပြရင်း ခေါင်းကိုသာ ခါပြလိုက်သည်။ မကြာခင်မှာပင် မန်ထျန်းက ချီတုံချတုံ အမူအရာဖြင့် ပြောလိုက်သည်။

"ကောင်းပြီ ခင်ဗျားတို့ အထဲကို အရင်ဝင်လေ။ ပြီးမှ အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောမယ်...”

ကျူးရန်တုန်းက မန်ထျန်းကို ကျေးဇူးတင်သည့် အမူအရာဖြင့် ခေါင်းညိတ်ပြရင်း ဘဏ်ကဒ် တစ်ခုကို မန်ထျန်းလက်ထဲသို့ ထပ်ထည့်ပေးလိုက်သည်။

မန်ထျန်းက ဒုတိယ ဘဏ်ကဒ်ကို လက်ခံလိုက်ပြီး လူတိုင်းကို ကြည့်ကာ သတိပေးသည်။

"အထဲရောက်ရင် အားလုံး စကားကို တိုးတိုးပြောကြပါ။ နောက်ပြီး ဆေးသန့်စင်တဲ့သူတွေ အနှောင့်အယှက် တစ်ခုခု သွားမပေးကြနဲ့ဦးနော်...”

"ဒါပေါ့... ဒါပေါ့..." ကျူးရန်တုန်းနှင့် အခြားလူများက ခေါင်းညိတ်ရင်း ပြန်ပြောလိုက်ကြသည်။

ဆေးနတ်ဘုရား တောင်ကြားကို အပြင်ဘက်မှ ကျောက်နံရံဖြင့် ကာထားရာ အတွင်းပိုင်းကို မမြင်ခဲ့ပေ။ ချန်းဖန်တို့အုပ်စု နံရံအတွင်းပိုင်း‌သို့ ရောက်သည်နှင့် ထိုနေရာတွင် အလွယ်ကျယ်ပြန့်သော နေရာတစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။ ထိုနေရာမှာ ဘောလုံးကွင်း ဆယ်ခုစာမျှ ကျယ်ဝန်းပြီး နေရာတိုင်း၌ အဆောက်အဦးများနှင့် ပြည့်နှက်နေခဲ့သည်။ ထိုအဆောက်အဦးများမှာ ရှေးဆန်နေပြီး အနည်း‌ဆုံး လွန်ခဲ့သည့် နှစ်တစ်ရာခန့်က ဆောက်လုပ်ထားခြင်း ဖြစ်ရပေမည်။ ဆေးနတ်ဘုရားတောင်ကြားတွင် သာမန်လူများလည်း ရှိနေသည်ကို ချန်းဖန် တွေ့လိုက်ရသည်။ ထိုလူများမှာလည်း ကျူးရန်တုန်းတို့ကဲ့သို့ အကူအညီ လာတောင်းသူများ ဖြစ်နိုင်သည်။

တောင်ကြား၏ အလယ်အကျဆုံး နေရာတွင်မူ ဘုရားကျောင်းကြီး တစ်ခုကဲ့သို့ အဆောက်အဦးကြီး တစ်ခုရှိသည်။ ထိုဘုရားကျောင်းကြီးမှာ အလွန်ကြီးမားပြီး တောင်ကြား တစ်ခုလုံးနီးပါး အထိ ဖုံးအုပ်ထားသည်။

"ဒါကို ဆေးဘုရင် ဘုရားကျောင်းလို့ ခေါ်တယ်။ ဂိုဏ်းခေါင်းဆောင်က အဲဒီ အဆောက်အဦးမှာ နေတာလေ။ အကြီးအကဲတွေ ဆွေးနွေးစရာ တစ်ခုခုရှိရင်လည်း အဲဒီမှာ အစည်းအဝေးခန်း တစ်ခုရှိတယ်။ မန်ထျန်းက သူတို့ကို ရှင်းပြသည်။

"ဂိုဏ်းခေါင်းဆောင်က ကျွန်တော်တို့ကို ကူညီလောက်ပါ့မလား...”

ကျူးရန်တုန်းက အသံကိုနှိမ့်ရင်း မေးလိုက်သည်။

"ဂိုဏ်းခေါင်းဆောင်က အရမ်းအစွမ်းထက်တဲ့ လူတစ်ယောက်လေ။ သူက မသေမျိုး အဆင့်အထိ ရောက်နေလောက်ပြီလို့ ငါထင်တယ်...။ အကြီးအကဲ တစ်ယောက်ယောက်က ကူညီပေးမယ် ဆိုရင်တောင် ခင်ဗျားတို့ ကံကောင်းလို့ပဲ...”

မန်ထျန်းက အဖြေပေးသည်။

ထိုအချိန်မှ ထောင့်‌တစ်နေရာမှ လူအုပ်စုတစ်ခု ထွက်လာပြီး သူတို့ ရှိနေသည့် လမ်းဘက်ကို လျှောက်လာခဲ့သည်။ ထိုလူများမှာ တစ်စုံတစ်ခုကြောင့် စိတ်ညစ်နေပုံရပြီး ခေါင်းကို ငိုက်စိုက်ချကာ လျှောက်နေကြသည်။

ထိုလူအုပ်စုထဲမှ အသက်လတ်တစ်ဦးထံ မန်ထျန်းက တိုးကပ်ရင်း ပြောလိုက်သည်။

"‌ဆရာဟူ ဒီလူတွေက ဆေးကုဖို့ အကူအညီ လာတောင်းနေကြတယ်...”

ဆရာဟူက ချန်းဖန်တို့ လူစုထံ တစ်ချက် လှမ်းကြည့်ပြီး မန်ထျန်းကို လှည့်ကာ ဆူသည်။

"မင်းက ဘာလို့ အမိန့်အတိုင်း မလုပ်ရတာလဲ။ သူတို့ကို ဘာလို့ ခေါ်လာတာလဲ...”

"အဲဒါက..."

မန်ထျန်း ‌ဘာပြန်ပြောရမည်မှန်း မသိတော့ချေ။

"ဟမ့်..."

ဆရာဟူက နှာခေါင်း တစ်ချက်ရှုံ့ရင်း ထိုနေရာမှ ထွက်သွားရန် ပြင်သည်။

"ဆရာဟူ...”

မန်ထျန်း၏ လှမ်းခေါ်သံကြောင့် ဆရာဟူ တစ်ချက်လှည့်ကြည့်ကာ သူတို့နောက်တွင်ရှိသော လူအုပ်စုကို လက်ညှိုးထိုးပြသည်။

"အဲဒီလူတွေလည်း သူတို့လိုပဲ ဆေးကုချင်လို့ လာကြတာ။ အဲဒီလူတွေနဲ့ အတူစောင့်ခိုင်းလိုက်...”

"ဆရာဟူ ကျွန်တော်တို့ကို ကူညီပါ...” ကျူးရန်တုန်းက ဆရာဟူ၏ အနားသို့ ပြေးကပ်ကာ လက်ထဲကို တစ်စုံတစ်ခု ထည့်ပေးသည်။ သို့သော် ဆရာဟူက သူပေးသည့် အရာကို လက်မခံပဲ နောက်သို့ တွန်းလွှတ်လိုက်သည်။

"ဒီတောင်ကြားမှာ ငါလိုချင်တာ အားလုံးရှိတယ်။ မင်းရဲ့ မိသားစုတစ်ခုလုံး ငါ့ကို ပေးရင်တောင် စိတ်ပြောင်းမယ် မထင်နဲ့...”

ကျူးရန်တုန်းက ကျောက်စိမ်းတုံးကို ခုတ်ယူလိုက်ပြီး ဆရာဟူထံ နောက်တစ်ကြိမ် ချည်းကပ်ပြန်သည်။ ယခုတစ်ကြိမ်တွင်မူ ဆရာဟူက ထိုကျောက်စိမ်းကို လက်ခံလိုက်ပြီး ကျူးရန်တုန်းက ပြုံးပြလိုက်သည်။

"ကောင်းပြီလေ ငါမင်းရဲ့ ရိုးသားမှုကို လက်ခံလိုက်မယ်”

ဆရာဟူက ကျောက်ကြမ်းများ ပြည့်နေသည့် လမ်းတစ်ခုကို ညွတ်ပြလိုက်ပြီး ကျူးရန်တုန်းကို ဆက်ပြောသည်။

"ငါတို့ဂိုဏ်းရဲ့ စည်းမျဉ်းအတိုင်း အဲလမ်းတစ်လျှောက် ဒူးထောက်ပြီး သွားမယ် ဆိုရင် မင်းတောင်းဆိုတာကို လိုက်လျောပေးမယ်...”

လူတိုင်းက ထိုကြမ်းတမ်းသော လမ်းကို ကြည့်ကာ ခေါင်းခါရမ်းမိသည်။ ထိုလမ်းအဆုံးအထိသာ ဒူးထောက်သွားရမည် ဆိုလျှင် ဒူးများ ပေါက်ပြဲပြီး အရိုးပင် ပေါ်နိုင်လောက်သည်။

"ကျွန်တော်သွားမယ်။ ကျွန်တော့ အဖေအတွက် အားလုံး လုပ်ပေးနိုင်တယ်...” ကျူးရန်တုန်းက ပြောရင်း ဒူးထောက်ရန် ပြင်သည်။

"လိမ္မာလိုက်တဲ့ ကောင်လေး…”

"လူတိုင်း သူ့လိုမျိုး မလုပ်နိုင်ကြဘူး...”

"သူက ကျူးမိသားစုက ကျူးရန်တုန်းမလား။ ငါသူ့ကို တစ်ခါ တွေ့ဖူးတယ်။ ကျူးမိသားစုကတော့ သူ့ကို သားတစ်ယောက်ရှိတာ ကံကောင်းတာပဲ...”

လူအများက ထိုမြင်ကွင်းကို ကြည့်ကာ ကျူးရန်တုန်းကို ချီးကျူးနေကြသည်။

သို့သော် ချန်းဖန်က ထိုမြင်ကွင်းကို အလိုမကျသည့် ပုံစံဖြင့် ကြည့်ရင်း ပြောလိုက်သည်။

"သူက မင်းတို့ကို ဆေးကုဖို့ လာခဲ့တာ။ မင်းတို့ရဲ့ ကျွန်လုပ်ဖို့ လာတာ မဟုတ်ဘူး...”

"မင်းကိုယ်မင်း ဘာထင်နေတာလဲ။ မင်းစကားကို ပြန်ရုတ်သိမ်းစမ်း...” ဆရာသူ၏ မျက်နှာက ခက်ထန်လာခဲ့သည်။ သည်တောင်ကြားထဲမှာပင်လျှင် ကလေးတစ်ယောက်က သူ့ကို မခန့်လေးစား ပြောနေခဲ့သည်ကို သူလုံးဝ မခွင့်လွှတ်နိုင်ပေ။

"အသန့်ရှင်းဆုံး နှလုံးသားရှိတဲ့သူတွေကပဲ အထိရောက်ဆုံး ကုသနိုင်တယ်...”

ချန်းဖန်က ကိုယ်ဘာသာကိုယ် တီးတိုးရေရွတ်သည့် ပုံဖြင့် ပြောသည်။

"မင်းပါးစပ်ကို ပိတ်ထားစမ်း။ မဟုတ်ရင် ခုချက်ချင်း ဒီက ကန်ထုတ်ပစ်လိုက်မယ်...”

ဆရာဟူက ချန်းဖန်ကို ဒေါသတကြီး အော်လိုက်သည်။

"ငါ့အစ်ကိုတောင် ဘာမှ ပြန်မပြောတာ။ နင်က ဘာကို ဂရုစိုက်နေတာလဲ...”

ကျူးရိုဟန်ကလည်း ချန်းဖန်ထံ တိုးလာကာ ပြောသည်။ စတွေ့ကတည်းက ချန်းဖန်နှင့် သူ့ဘေးမှ မိန်းမကို သူမကြည့်မရခဲ့ပေ။ သူမ၏ အချစ်ဆုံး သူငယ်ချင်း တစ်ယောက်က သူ့အစ်ကိုကို ကြိတ်ချစ် နေခဲ့ပြီး သူမကလည်း ထိုကောင်မလေးနှင့် သဘောတူနေခဲ့သည်။ ယခု သူမအစ်ကိုက ကျိုးကျင်းရီနှင့် အရောဝင်ရန် ကြိုးစားနေခဲ့သောကြောင့် သူမ ထိုအုပ်စုကို လုံးဝကြည့်မရပေ။

လူများစွာကလည်း ချန်းဖန်ကို ကြည့်ကာ သက်ပြင်းချမိသည်။

"ဒီလူငယ်လေးက အရမ်း မာနကြီးလွန်းတယ်။ ဒီတောင်ကြားမှာ ဆေးသန့်စင်တဲ့သူတွေ ဘယ်လောက်အထိ စွမ်းအားကြီးမားတယ် ဆိုတာ သိပုံမရဘူး...”

"သူတော့ ပြင်းပြင်းထန်ထန် သင်ခန်းစာ ပေးခံရတော့မှာပဲ…”

လူများစွာက ချန်းဖန်ကို သနားသလို ကြည့်ရင်း ခေါင်းများ ခါရမ်းမိသည်။

လူများ၏ တုံ့ပြန်မှုက ဆရာဟူကို ပို၍ ယုံကြည်ချက် ရှိစေခဲ့သည်။ သူက မုတ်ဆိတ်များကို ပွတ်သပ်လိုက်ကာ ကြီးကျယ် မြင့်မြတ်သော လူတစ်ယောက် အသွင်ဖြင့် ချန်းဖန်ကို ကြည့်လိုက်သည်။

"မင်းကတော့ ဒီကနေ အကူအညီ မလိုချင်တော့ဘူး ထင်တယ်...”

ဆရာဟူက ချန်းဖန်ကို ပြောလိုက်သည်။

"ငါဒီကို အကူအညီ လာတောင်းတာလို့ ဘယ်သူပြောလဲ...”

ချန်းဖန်က ဂရုမစိုက်သည့် အမူအရာဖြင့် ပြောလိုက်သည်။

"ဒါဆို မင်းက ဘာလာလုပ်တာလဲ။ ပြဿနာ လာရှာတာလား...”

ဆရာဟူက မျက်မှောင်ကြုတ်ရင်းမေးသည်။

"အဲဒီလို မဟုတ်လောက်ပါဘူး။ သူဂိုဏ်းက အကြီးအကဲတွေကို စိန်ခေါ်ရဲမှာ မဟုတ်ပါဘူး...” မန်ထျန်းက ကပျာကယာ ဝင်ပြောလိုက်သည်။

ကျူးရန်တုန်းနှင့် ကျူးရိုဟန်ပင် ချန်းဖန်၏ အပြုအမူများကြောင့် အံ့အား သင့်နေခဲ့သည်။ သူက ဤနေရာကို ဆေးကုရန်အတွက် မဟုတ်လျှင် မည်သည်အတွက် ရောက်လာခဲ့သည်ကို သူတို့စဉ်းစားမရပေ။

ချန်းဖန်က ရှေ့သို့ တစ်လှမ်းပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ချူကျိုးမြို့က ချန်ပေ့ရွှမ်း ဆေးနတ်ဘုရားတောင်ကြား ခေါင်းဆောင်ကို လာတွေ့တယ်...”

ချန်းဖန် ကြည်လင်သော အသံက တောင်ကြား တစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားခဲ့ပြီး ပဲ့တင်သံများပင် ထွက်ပေါ်နေခဲ့သည်။

ချန်းဖန်၏ ကြေငြာသံဆုံးသွားသည်နှင့် လူများ၏ အသံများကား လုံး ဝတိတ်ဆိတ်သွားခဲ့တော့သည်။

"မင်းလုပ်ရဲလား...”

ဆရာဟူ၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုများ ပြည့်နှက်နေခဲ့ပြီး ဒေါသတကြီး အော်လိုက်သည်။

***

All Chapters