← Chapters

ကောင်းကင်ထက်က မီးတောက်များ

Vol. 2 Ch. 182

ကောင်းကင်ထက်က မီးတောက်များ

Vol. 2 Ch. 182

တောင်တန်း မြစ်ပြင် ဖြတ်တောက်ခြင်း ပေါ်ထွက်လာသည်နှင့် ကမ္ဘာကြီးတွင် ရွှေရောင် ဓားလှိုင်းတစ်ခုမှ လွဲ၍ အားလုံး ပျောက်ကွယ် သွားသလို ထင်မြင်စေသည်။ ဓားလှိုင်းအား အင်အား အလွန်ကြီးမားပြီး အချိန်၊ အာကာသ တို့ကိုပင် ဖြတ်ပိုင်း သွားသလို ခံစားကြရသည်။

ကောင်းကင်နှင့် မြင်ကြီး၏ စွမ်းအားများ ပါဝင်သည့် ရောင်စုံ တိမ်တိုက် လေဆင်နှာမောင်းကလည်း ချန်းဖန်ထံ အရှန်ပြင်းစွာ ပြေးဝင်လာသည်။ ၎င်းမှာ လောကရှိ အရာအားလုံးကို သိမ်းပိုက်မည့် အလား လမ်းတွင်ရှိသမျှ အရာအားလုံးကို အခက်အခဲ မရှိ ဖျက်ဆီး ကျော်ဖြတ် လာခဲ့သည်။

သို့သော် ရွှေရောင် ဓားလှိုင်း ပေါ်ထွက်လာသည်နှင့် ထိုလေဆင်နှာမောင်းကို ပိုင်းဖြတ်ကာ ဘေးတစ်ဖက် တစ်ချက်ကို လွင့်စဉ်သွားစေသည်။

"ရေဖြတ်တောက်ခြင်း..."

ဂျပန်ဓားပညာရှင် တစ်ဦးက သူ၏ ဓားရှည်ဖြင့် ရေကို ပိုင်းဖြတ် လိုက်သကဲ့သို့ပင် ရွှေရောင် ဓားလှိုင်းက ရောင်စုံတိမ်တိုက် လေဆင် နှာမောင်းကို နှစ်ပိုင်း ကွဲထွက်စေခဲ့သည်။

"မဖြစ်နိုင်ဘူး...."

အကြီးအကဲချုပ်က သွေးရူးသွေးတန်းအော် ဟစ်သည်။

ထိုအစီအရင်မှာ နတ်ဘုရား အဆင့် ကျင့်ကြံသူ တစ်ဦး ဖန်တီးထားခဲ့ခြင်း ဖြစ်ကာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကိုပင် စုစည်းပြီး အသုံးပြုနိုင်သည်။ ထိုအရာကား သေမျိုးများ ယှဉ်ပြိုင်နိုင်သော မရာ မဟုတ်ပေ။

သို့သော်လည်း ချန်းပေ့ရွှမ်း ဟု ခေါ်သော ကောင်လေး၏ ဓားချက်က တိမ်တိုက် လေဆင်နှာမောင်းကို နှစ်ပိုင်း ကွဲထွက်စေခဲ့သည်။ ဂိုဏ်းခေါင်းဆောင်ပင်လျှင် ည ထိုအဖြစ်အပျက်ကြောင့် ကြောင်တောင်တောင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"ဒါက ဘယ်လို ကျင့်စဉ်မျိုးလဲ...” ဂိုဏ်းခေါင်းဆောင်က မေးသည်။

"အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက်က ခုနှစ်ခုမြောက် သိုင်းကွက်၊ တောင်တန်း မြစ်ပြင် ဖြတ်တောက်ခြင်း..."

"ဒါက အင်မော်တယ် ကမ္ဘာက ကျင့်စဉ် တစ်မျိုးပဲ။ မင်းနားလည်မှာ မဟုတ်ဘူး။ မင်းရဲ့ အစီအရင်က တော်တော်လေး အစွမ်းထက်တယ် ဆိုပေမယ့် ငါ့အတွက်တော့ ဘာမှ မဟုတ်ဘူး။ ခွန်အားရဲ့ ဆယ်ပုံ၊ တစ်ပုံကိုပဲ ငါ အသုံးပြုရသေးတယ်။..."

အစစ်အမှန် သိုင်း သုံးဆယ့် ခြောက်ကွက်မှာ ‌အင်မော်တယ် ကျင့်ကြံသူများ အတွက် အနိမ့်ဆုံးကျင့်စဉ် တစ်ခု ဖြစ်သည့်တိုင် သေမျိုးကမ္ဘာ၏ ကျင့်စဉ်များနှင့် ယှဉ်လျှင် အဆများစွာ အစွမ်းထက် နေသေးသည်။

အဆိပ်ခုနှစ်မျိုး အစီအရင်မှာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို အသုံးပြုနိုင်သည့်တိုင် အားနည်းချက်များစွာ ရှိနေသေးသည်။ သစ်ပင်တစ်ပင် ကဲ့သို့ အပင်ရှည် လာလေလေ၊ လဲကျရန် လွယ်ကူလေလေ ဖြစ်သည်။

ဆေးနတ်ဘုရား တောင်ကြား ခေါင်းဆောင်၏ မျက်နှာတွင် အရောင်မျိုးစုံ ဖြတ်ပြေးနေသည်။

ချန်းဖန် မည်သို့ ပြုလုပ်ခဲ့သည်များကို သူရှင်းလင်းစွာ တွေ့မြင်ခဲ့ရသည်။ အထွတ်အထိပ် အဆင့်ပညာရှင် ဖြစ်စေ၊ ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူဖြစ်စေ သူ၏ အစီအရင်နှင့် ထိတွေ့သည်နှင့် သေဆုံး ကြရစမြဲ ဖြစ်သည်။ သို့သော် ထိုကောင်လေးက နှစ်ပိုင်း ခုတ်ဖြတ် လိုက်နိုင်သည်။ ချန်းဖန် ပြောဆိုသော စကားများကို သူမယုံကြည်ပေ။ ထိုကောင်လေး မည်မျှပင် အစွမ်းထက်သည် ဖြစ်စေ ‌တိမ်တိုက် လေဆင်နှာမောင်း၏ တိုက်ခိုက်မှုကို ကာကွယ်ရာ၌ သူ၏ စွမ်းအားများ အကုန်သုံး လိုက်ရမည်မှာ သေချာသည်။

ဂိုဏ်းခေါင်းဆောင်က တိတိတဆိတ် တွေးနေရင်းမှ ချန်းဖန်၏ ညာဘက်လက်ကို ကြည့်လိုက်သည်။ ထို့နောက် နှာခေါင်းတစ်ချက် ရှုံ့ကာ ချန်းဖန်ကို ပြောသည်။

"ချန်းပေ့ရွှမ်း... မင်းက ငါ့ကို အရူးလုပ်ချင်တာလား။ ငါ့ရဲ့ အစီအရင်ကို ခုခံဖို့ မင်းရဲ့ ဆယ်ပုံ၊ တစ်ပုံ စွမ်းအားပဲ သုံးခဲ့တယ် ဆိုတာ ငါယုံမယ် ထင်နေလား။ အစီအရင်ရဲ့ တိုက်ခိုက်မှုကို မင်းနောက်တစ်ကြိမ် ဘယ်လို ခုခံမလဲ ဆက်ကြည့် ရသေးတာပေါ့..."

စကား ပြောပြီးသည်နှင့် သူက လက်များကို ဝှေ့ယမ်းရင်း နောက်ထပ် လေဆင် နှာမောင်းတစ်ခုကို ဆင့်ခေါ် လိုက်တော့သည်။ ကောင်းကင်၌ အလင်းရောင်များ လင်းလက်လာကာ ရောင်စုံ လေဆင်နှာမောင်း တစ်ခု ဖွဲ့စည်းလာသည်။

ချန်းဖန်က သက်ပြင်း တစ်ချက်ချကာ တောင်‌တန်း မြစ်ပြင် ဖြတ်သန်းခြင်း ဓားကို ပြန်လည် ရုတ်သိမ်းသည်။ သူစတင် ရောက်ရှိ လာကတည်းက များစွာသော ပညာရှင်များ၊ အစွမ်းထက် အစီအရင်များနှင့် တိုက်ခိုက် ခဲ့ရသည်ဖြစ်ရာ သူ၏ ရုပ်ပိုင်းဆိုင်ရာမှာ မောပန်းသလို ဖြစ်နေခဲ့သည်။ ထို့ကြောင့်ပင် ဂိုဏ်းခေါင်းဆောင်က ဆက်လက် တိုက်ခိုက်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်‌ပုံရသည်။

"ဘာလဲ ခုမှ အညံ့ခံမလို့လား။ နောက်ကျသွားပြီ..." ဆေးနတ်ဘုရား တောင်ကြား ခေါင်းဆောင်က နှာခေါင်း တစ်ချက်ရှုံ့ရင်း ပြောသည်။ သူက ရောင်စုံ တိမ်တိုက် လေဆင်နှာမောင်းကို ထိန်းချုပ်ရင်း ချန်းဖန်ထံသို့ ဦးတည် တိုက်ခိုက် လိုက်တော့သည်။

အဆိပ်ခုနစ်မျိုး အစီအရင်၏ ဒုတိယ အကြိမ်တိုက်ခိုက်မှုက ပထမအကြိမ်ထက် ပိုမို အစွမ်းထက်လာပြီး ချန်းဖန်ကို ဝါးမျိုဟန် ပြင်သည်။ များစွာသော လူများက ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အရသည်။ ချန်းဖန်ဟု ခေါ်သော ကောင်လေး ထိုတိုက်ခိုက်မှုကို အလွယ်တကူ အနိုင်ယူဖို့ မဖြစ်နိုင်တော့ပေ။

"ကောင်းပြီလေ... အားလုံးကို အဆုံးသတ် ရသေးတာပေါ့..."

ချန်းဖန်က တီးတိုးရေရွတ်ရင်း လက်အစီအရင် တစ်ခုကို ရေးဆွဲလိုက်သည်။ အစီအရင်မှ ရွှေရောင် မီးတောက်ငယ် တစ်ခု ပေါ်ပေါက်လာကာ တဖြည်းဖြည်း ကြီးမားလာသည်။

မကြာခင် ရွှေရောင် မီးတောက်က ကောင်းကင် တစ်ခုလုံးကို ဖုံးအုပ်တော့မည်ဟန် ကြီးမားလာပြီး အလင်းရောင်ကလည်း တောက်ပ လာခဲ့သည်။ ရွှေရောင် မီးတောက်များမှာ ရောင်စုံ တိမ်တိုက် လေဆင်နှာမောင်းထံ အရှိန်ပြင်းစွာ ပြေးဝင်သွားသည်။

"ဘုန်း..."

ရွှေရောင်မီးတောက်များနှင့် တွေ့ဆုံသည်နှင့် ရောင်စုံတိမ်တိုက် ပေါက်ကွဲသွားကာ ဘေးရှိ အဆောက်အဦများကို ထိသည်။ အဆောက်အဦ များစွာကား လေဆင်နှာမောင်း အပိုင်းအစများ၏ အောက်တွင် အစိတ်စိတ် အမြွှာမြွှာ ဖြစ်ရသည်။

"ဘာတွေ ဖြစ်နေတာလဲ..." ဂိုဏ်းခေါင်းဆောင်က ထိုမြင်ကွင်းကို ကြည့်ရင်း ချောက်ချားစွာ ရေရွတ်သည်။

"ရွှေရောင် မီးပင်လယ်ကို လူသား‌ တစ်ယောက်က ဖန်ဆင်းနိုင်တာလား။ ထိုကောင်လေးမှာ တကယ် လူတစ်ယောက်ရော ဟုတ်ရဲ့လား..." မေးခွန်းများစွာက သူ့ခေါင်းထဲကို အစီအရီ ဝင်ရောက် လာသည်။ သူ့ကဲ့သို့ ပြည့်စုံခြင်း အဆင့်ကျင့်ကြံသူပင် ထိုသို့ မပြုလုပ်နိုင်ပေ။

ရွှေရောင် မီးတောက်များက ရပ်တန့်ခြင်း မရှိပဲ တဖြည်းဖြည်း ပိုများလာနေသည်။ ထိုမီးတောက်များ အောက်တွင် လေထုပင် လောင်ကျွမ်း ခံနေရပြီး ထိုအရာက အရာအားလုံးကို လောင်ကျွမ်း ဖျက်ဆီးမည့်ပုံ ရသည်။

ဂိုဏ်းခေါင်းဆောင်က အဆိပ်ခုနှစ်မျိုး အစီအရင်ကို နောက်တစ်ကြိမ် အသက်သွင်းကာ တိုက်ခိုက်ရန် ပြင်သည်။ သို့သော ရွှေရောင်မီးတောက်များက မည်သည့်အရာကိုမျှ အလွတ်မပေးပဲ ဝါးမျိုသည်။

"အား...."

ရုတ်တရက် လူတစ်ယောက်၏ နာကျင်စွာ အော်ဟစ်သံက ကြက်သီး ထလောက်အောင် ထွက်ပေါ်လာသည်။ လူတိုင်းက ထိုအသံလာရာ နေရာကို အလောတကြီး ကြည့်သည်။

"အကြီးအကဲငါး..."

လူများစွာက ထိတ်လန့်တကြား အော်ဟစ်ကြသည်။ ရွှေရောင် မီးတောင်များမှာ အကြီးအကဲငါး၏ လက်မောင်း တစ်ဖက်ကို စတင် ဝါးမျို လာနေခဲ့ပြီ ဖြစ်သည်။

ဂိုဏ်းတိုက်ခိုက်ရေး သမားတစ်ယောက်က အကြီးအကဲငါး အနားသို့ လျှင်မြန်စွာ ရောက်ရှိလာပြီး ရွှေရောင် မီးတောက်များ တောက်လောင်နေသည့် လက်မောင်းကို ခုတ်ဖြတ် လိုက်သည်။

အကြီးအကဲငါး၏ လက်မောင်း တစ်ဖက်ကား မြေပြင်ပေါ်ကျကာ ရွှေရောင် မီးတောက်၏ ဝါးမျိုမှုကြောင့် တစ်ခဏ အတွင်းမှာပင် ပြာကျ သွားခဲ့တော့သည်။

"ဒါက ဘယ်လို မီးတောက်မျိုးလဲ။ သူက ဘယ်အရာကို မဆို အလွယ်လေး ဝါးမျိုနိုင်တယ်။ ဒါက ဒဏ္ဍာရီထဲက သမ္မာဓိ မီးတောက်များလား..." အကြီးအကဲချုပ်က တုန်တုန်ရီရီဖြင့် ရေရွတ်သည်။

"ဒါက ခန့်မှန်းနေရမယ့် အချိန်မဟုတ်ဘူး။ ကြည့်ထားကြ..."

ဆေးနတ်ဘုရားတောင်ကြား ခေါင်းဆောင်က ကျယ်လောင်စွာ အော်ဟစ်ရင်း လက်နှစ်ဖက်ကို အရှိန်ပြင်းစွာ ဝှေ့ယမ်းသည်။ ကောင်းကင်တစ်ခုလုံး မည်းမှောင်လာကာ သက်တံပုံစံ တိမ်တိုက် တစ်ခု ဖြစ်ပေါ်လာပြီး အရည်များအဖြစ် ပြောင်းလဲသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း တစ်ခုခု မှားယွင်းနေသလို လူတိုင်း ခံစားလာရသည်။

"ဂိုဏ်းခေါင်းဆောင် ဘာလုပ်နေတာလဲ..." ကျိုးစင်းယုက အော်ဟစ်သည်။

"အစီအရင်ရဲ့ အနှစ်သာရကို စတေးလိုက်ပြီ...." ဂိုဏ်းခေါင်းဆောင်က နာကျင်စွာ ပြုံးရင်း ပြောသည်။

လူတိုင်းကား ထိုမြင်ကွင်းကို ကြည့်ရင်း အသက် မဲ့သလို ခံစားလာရသည်။

အဆိပ်ခုနှစ်မျိုး အစီအရင်မှာ မြေကြီးတွင် ခင်းကျင်းကာ လိုအပ်သည့် အချိန်မှ အစီအရင်ကို နှိုးဆွကာ တိုက်ခိုက်ရခြင်း ဖြစ်သည်။ အစီအရင်ကို အနှစ်သာရကို က ထိန်းချုပ်ထားသူ၏ လက်ထဲတွင် ရှိကာ ရန်သူကို ထိန်းချုပ် တိုက်ခိုက်နိုင်သည်။ အခြားလူများကို ထိခိုက်စေခြင်း မရှိပေ။

ယခုမူ အစီအရင်၏ အနှစ်သာရကား စတေးခံလိုက်ရပြီ ဖြစ်သည်။ ဆိုလိုသည်မှာ အဆိပ်ခုနှစ်မျိုးကား တောင်ကြား တစ်ခုလုံးကို အထိန်းအကွပ်မဲ့ တိုက်စား သွားတော့မည် ဖြစ်သည်။

ထိုအဆိပ်များကျဆင်းလာခဲ့လျှင် အားလုံးသေဆုံးကြရမည် ဖြစ်သည်။ မည်သူမျှ လွတ်မြောက် နိုင်လိမ့်မည် မဟုတ်ပေ။

"ချန်းပေ့ရွှမ်း မင်းဘယ်လို အဆုံးသတ် ရမလဲ ဆိုတာ ကြည့်ထား”

ကျိုးစင်းယု၏ မျက်နှာမှာ လွန်စွာ ထိတ်လန့် ချောက်ချား နေခဲ့ရပြီ ဖြစ်သည်။ သူမက ချန်းဖန်ကို ဒေါသတကြီး ကြည့်သည်။ အကယ်၍ ချန်းဖန်သာ ရောက်မလာခဲ့လျှင် သွေးချောင်းစီး တိုက်ပွဲများ ဖြစ်မည် မဟုတ်သလို ဂိုဏ်းခေါင်းဆောင်လည်း ထွက်ပေါ်လာမည် မဟုတ်ပေ။ ဂိုဏ်းခေါင်းဆောင် ထွက်ပေါ်မလာလျှင် အဆိပ်ခုနှစ်မျိုး အစီအရင်ကို အသက် သွင်းခဲ့လိမ့်မည် မဟုတ်ပေ။ သူတို့အားလုံးလည်း ယခုကဲ့သို့ အဖြစ်ဆိုးများ ကြုံခဲ့ရလိမ့်မည် မဟုတ်ချေ။ အရာရာကား ထိုချန်းပေ့ရွှမ်း ဆိုသော ကောင်လေးကြောင့် ဖြစ်ပျက် လာခဲ့ခြင်း ဖြစ်သည်။

အကြီးအကဲချုပ်နှင့် အကြီးအကဲ ငါးတို့ကလည်း အံကို တင်းတင်းကြိတ်ရင်း ချန်ဖန်ကို ကြည့်သည်။ ထိုအကြည့်များကသာ လူသတ်နိုင်လျှင် ချန်းဖန် အပိုင်းပိုင်း ပြတ်နေလောက်ပြီ ဖြစ်သည်။

"ဒါက သေမျိုးတွေရဲ့ မိုက်မဲမှုပဲ....” ချန်းဖန်က ရေရွတ်ရင်း မျက်လုံးများကို အေးဆေးစွာ ပိတ်သည်။

ရွှေရောင် မီးတောက်များက အားလုံး၏ မျက်လုံးရှေ့တွင်ပင် တဖြည်းဖြည်း ကြီးမားလာပြီး ကောင်းကင်ကို ဖုံးလွှမ်းသည်။ မျက်လုံး နှစ်ဖက်ကို ပိတ်ထားပြီး မီးတောက်များ အလယ်တွင် ရပ်နေသော ချန်းဖန်၏ ပုံစံကား မိစ္ဆာဘုံမှ နတ်ဆိုး‌ တစ်ယောက်ကဲ့ သို့ပင်။

"သေမျိုးတွေက သူတို့ရဲ့ အမှားအတွက် အခြားလူကိုပဲ အမြဲ အပြစ်တင်ကြတယ်...."

ချန်းဖန်က တီးတိုး ရေရွတ်ရင်း မျက်လုံး နှစ်ဖက်ကို ဖြည်းဖြည်းချင်း ဖွင့်သည်။

"ဘန်း..."

ရွှေရောင်အလင်းတန်းနှစ်ခု သူ၏မျက်လုံးမှ ပေါ်ထွက်လာပြီး နဂါးနှစ်ကောင် အလား လေထဲသို့ တိုးဝင်သွားသည်။ ထိုအရာက ရောင်စုံ အဆိပ် တိမ်တိုက်ထံသို့ ဦးတည်နေသည်။ ကျိုးစင်းယု၏ မျက်လုံး အောက်တွင်ပင် ‌ရွှေရောင်အလင်းတန်း နှစ်ခုက ရောင်စုံ တိမ်တိုက်ထံသို့ တိုးဝင် သွားတော့သည်။

ရွှေရောင် အလင်းတန်းက မီးတောက်များကို ဦးဆောင်ကာ ရောင်စုံတိမ်တိုက်သို့ ဝင်ပူးသည်။ ရွှေရောင် မီးတောက်များနှင့် ထိတွေ့သည်နှင့် ရောင်စုံတိမ်တိုက်မှာ အတားအဆီး ကင်းမဲ့စွာ လောင်ကျွမ်း ခံရသည်။

"ဒါ ...ဒါ ... ဒါ ..."

ဂိုဏ်းခေါင်းဆောင်က ထိုမြင်ကွင်းကို ကြည့်ရင်း အထစ်ထစ် အငေါ့ငေါ့ ရေရွတ်သည်။ သူ၏ မျက်လုံးကိုပင် သူ မယုံနိုင်ပေ။

ရွှေရောင် လီမီးတောက် မျက်လုံးမှာ ရက်စက်ခြင်း ချီ၊ ယုတ်မာခြင်း ချီ၊ ယင်ချီများ လိုက်ဖက်ညီညီ ပေါင်းစပ်ထားပြီး အရာရာကို တိုက်ဖျက် လောင်ကျွမ်းနိုင်စွမ်း ရှိသည်။

အင်မော်တယ် ဉာဏ်အလင်းမှ ထုတ်လွှတ်သော မြင်ကွင်းက လူတိုင်း၏ စိတ်နှလုံးသားများကို ချောက်ချား စေခဲ့သည်။

***

All Chapters