← Chapters

တောင်ကြားမှ ရတနာများ

Vol. 2 Ch. 184

တောင်ကြားမှ ရတနာများ

Vol. 2 Ch. 184

ချန်းဖန်က ကျူးရန်တုန်းကို ကျွေးလိုက်သော ဆေးမှာ အဆီအနှစ် စုစည်းခြင်းဆေး ဖြစ်ပြီး အဆိပ်များကို တိုက်ဖျက် နိုင်သည့် အပြင် သူ၏ ခန္ဓာကိုယ်ကိုလည်း ပိုမိုကြံ့ခိုင် သန်မာလာစေသည်။ ထိုဆေးကို ကျင့်ကြံသူများ ချီစွမ်းအင်များ ပြန်လည် ဖြည့်တင်းရာတွင် အဓိက အသုံးပြုနိုင်သလို သန်မန်လူများ၏ စွမ်းအင်ကိုလည်း မြှင့်တင် ပေးနိုင်သေးသည်။ ထိုဆေး၏ အာနိသင်များကြောင့် ကျူးရန်တုန်း အသက် တစ်ရာကျော်ထိပင် ရှည်လာနိုင်မည် ဖြစ်သည်။

အကယ်၍ သူသာ ယခုအရွယ်မှ စတင်၍ ကိုယ်ခံ ပညာကို လေ့လာခဲ့လျှင်ပင် ကူပိုင်ရှန်းနှင့် လုဟန်ရွှမ်းတို့ အဆင့်ကို အလွယ်တကူ ရောက်ရှိ နိုင်လိမ့်မည် ဖြစ်သည်။

ထိုအရာမှာ အဆီအနှစ် စုစည်းခြင်းဆေး၏ စွမ်းအားပင် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ဝက်ခန့်က ချန်းဖန် ထိုဆေးအလုံး တစ်ရာကျော်ကို သန့်စင်ခဲ့ပြီး ယခုမူ ထိုအထဲမှ တစ်ဝက်ခန့်ကို သုံးစွဲခဲ့ပြီး ဖြစ်သည်။ အကယ်၍ သူသာ ကျူးရန်တုန်းကို သဘောမကျခဲ့လျှင် ယခုကဲ့သို့ ဆေးတစ်လုံးကို လွယ်လွယ် ပေးပစ်ခဲ့မည် မဟုတ်ပေ။

ထို့နောက် ချန်းဖန်က ရေပုံးကြီးများကို သယ်လာစေကာ အဆီအနှစ် စုစည်းခြင်းဆေး ဆယ်လုံးခန့်ကို ခြေမွပြီး ထိုအထဲကို ပျော်ဝင်စေလိုက်သည်။ ထိုဆေးများ ပျော်ဝင်နေသည့် သာမန် ရေတစ်ခွက်က ပင်လျှင် လူတစ်ယောက်၏ အဆိပ်များကို ပျောက်ကင်း စေမည် ဖြစ်သည်။

"အင်မော်တယ် ဆရာသခင်ချန် အဲဒါက ဘယ်လို ဆေးအမျိုးအစားလဲ မသိဘူး..." ဂိုဏ်းခေါင်းဆောင်က သူ့အနားသို့ လျှောက်လာကာ ရိုသေလေးစားစွာ မေးသည်။

"ဒါက အဆီအနှစ် စုစည်းခြင်းဆေးလို့ ခေါ်တယ် ဆေးဘုရင်...”

ချန်းဖန်က ဂိုဏ်းခေါင်းဆောင်ကို ကြည့်ရင်း ပြန်ပြောလိုက်သည်။ ဆေးနတ်ဘုရား တောင်ကြား ခေါင်းဆောင်၏ အခြားနာမည်မှာ ဆေးဘုရင် ဖြစ်သည်။ ချန်းဖန်က သူ့ကို ပြောရင်း ဆေးတစ်လုံး လှမ်းပေးလိုက်သည်။

ဆေးဘုရင်က ထိုဆေးလုံးကို ရိုသေစွာ ယူပြီး ဂရုတစိုက် လေ့လာ လိုက်သည်။ ဆေးလုံးမှာ ကြည်လင်နေပြီး ကျောက်စိမ်းရောင် သန်းနေသည်။ အကယ်၍ ထိုဆေးလုံးကိုသာ အနားသို့ တိုးကပ်ကြည့်လျှင် အဖြူရောင် အငွေ့အသက်များ ပျံဝဲ နေသည်ကို တွေ့နိုင်သည်။

"ဒီဆေးတွေက သေမျိုး‌ကမ္ဘာရဲ့ အမြင့်ဆုံး အဆင့်အတန်းကို ကျော်လွန်နေခဲ့ပြီ။ ဒါက အင်မော်တယ် ဆေးလုံး ဒါမှမဟုတ် ကောင်းကင် ဆေးလုံးလို့ပဲ ခေါ်သင့်တယ်..." ဆေးဘုရင်က ဆေးကို ကြည့်ရင်း တီးတိုး ရေရွတ်သည်။

"မူရင်း ဆေးညွှန်းမှာပါတဲ့ အတိုင်း ဆေးဖော်စပ်ခဲ့မယ် ဆိုရင် သူတို့အားလုံးကို ကုသဖို့ ဆေးတစ်လုံးပဲ လိုအပ်တယ်။ ကံ‌မကောင်းတာက ဆေးအမယ်တွေ အားလုံး စုံအောင် ငါမစုစည်း နိုင်ခဲ့ဘူးလေ..." ချန်းဖန်က သက်ပြင်းချရင်း သူကို ပြောပြသည်။

"အမတေစွမ်းအင် တိုးမြှင့်ခြင်းဆေး ဆိုတာကရော ဘယ်လိုမျိုးလဲ ခင်ဗျ။ အဲဒါက အဆီအနှစ် စုစည်းခြင်း ဆေးထက် ပိုပြီး အစွမ်းထက်တာလား..."

ဆေးဘုရင် သုံးနှစ်သား ကလေး တစ်ယောက်ကဲ့သို့ ချန်းဖန်ကို မေးသည်။

ချန်းဖန်က တစ်ချက်စဉ်းစားပြီး အမတေစွမ်းအင် တိုးမြှင့်ခြင်း ဆေးညွှန်းကို ထုတ်ပေးလိုက်သည်။ ဆေးအမယ်များကို သိလျှင်ပင် ထိုဆေးကို ဖော်စပ်ရန်မှာ အခြား လူများအတွက် မဖြစ်နိုင်ပေ။

ယခု ခရီးစဉ်၏ ရည်ရွယ်ချက်များ အနက် တစ်ခုမှာ အမတေ စွမ်းအင် တိုးမြှင့်ခြင်း ဆေးအတွက် ပါဝင်သော ဆေးအမယ်များကို စုဆောင်းပြီး ဆေးဖော်စပ်ရန် ဖြစ်သည်။ အဘိုးချန်းမှာ သူ့ကို စောင့်မျှော်နေသည် မဟုတ်ပါလား...။

"ပါဝင်တဲ့ ဆေးအမယ်တွေကို ကျုပ် တစ်ခါမှ မကြားဖူးဘူး..." ဆေးဘုရင်က သက်ပြင်းချရင်း ပြောသည်။ အကြီးအကဲ များစွကလည်း ချန်းဖန်ရှေ့တွင် ကလေးများကဲ့သို့ ခံစားနေရပြီး ‌ခေါင်းများကို ခါရမ်း မိကြသည်။ သူတို့ကား ရေအိုင်ထဲမှ ဖားသူငယ်လိုပင်။

"အင်မော်တယ် ဆရာသခင်ချန်း ကျွန်တော်တို့မှာ နှစ်ထောင်ချီတဲ့ ဂျင်ဆင်း ဆေးမြစ်တွေ ရှိပါတယ်..."

ဆေးဘုရင်က ချန်းဖန်ကို ရိုသေစွာ ကြည့်ရင်း ပြောသည်။

"ကျွန်တော်တို့ရဲ့ အမှားအတွက် စိတ်ရင်းနဲ့တောင်းပန်ဖို့ ဒီဆေးမြစ်ကို ပေးချင်ပါတယ်..."

ဆေးဘုရင်၏ မျက်နှာမှာ နာကျင်နေပုံရသည်။ ထိုဆေးမြစ်များမှာ သူတို့ဂိုဏ်း၏ ဘိုးဘေးများ လက်ဆင့်ကမ်း ထိန်းသိမ်း စေခဲ့သော အရာများဖြစ်ကာ ဂိုဏ်း၏ အဖိုးအတန်ဆုံး အရာများလည်း ဖြစ်သည်။ ချန်းဖန်မှာ ထိုဆေးမြစ်များ အတွက် တောင်ကြားကို ရောက်လာခဲ့ကြောင်း သူ အ‌သေအချာ သိပေသည်။

"အင်း... ငါ အ‌မတေစွမ်းအင် တိုးမြှင့်ခြင်း ဆေးဖော်စပ်ပြီးတာနဲ့ မင်းတို့ကို နည်းနည်းပေးမယ်..." ချန်းဖန်က ခေါင်းကို ညိတ်ရင်း ပြန်ပြောလိုက်သည်။

ထို့နောက် ချန်းဖန်က အကြီးအကဲငါးကို လှည့်ကြည့်ရင်း ပြုံးပြကာ ပြောလိုက်သည်။

"အမတေစွမ်းအင် တိုးမြှင့်ခြင်း ဆေးက မင်းတို့ ထင်ထားတာထက် အများကြီး ပိုအစွမ်းထက်တယ်။ အဲဒီ ဆေးကိုသာ အကျိုးရှိအောင် အသုံးပြုနိုင်ရင် မင်းရဲ့လက်က အသစ် ပြန်ပေါက် လာလိမ့်မယ်..."‌

"တကယ်ပဲလား..." အကြီးအကဲငါး၏ မျက်လုံးများကား ပျော်ရွှင်မှုကြောင့် တလက်လက် တောက်ပ လာခဲ့သည်။

ရွှေရောင် မီးတောက်များ၏ တိုက်စားမှုကြောင့် သူ့လက်တစ်ချောင်း ဆုံးရှုံးခဲ့ရသည်။ သူက ချန်းဖန်ကို ကြောက်ရွံ့သည့်တိုင် သူ၏ လက်အတွက် မုန်းတီးနေဆဲ ဖြစ်သည်။ ချန်းဖန်၏ စကားကို ကြားပြီးနောက် မကျေမနပ် ဖြစ်ခြင်း တစ်ခုတလေပင် မရှိတော့ပေ။

ထိုအချိန်တွင် ကျူရိုဟန်မှာ ဆေးရည် တစ်ခွက်ကို သောက်ပြီး ပြန်လည် သက်သာလာခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှ အဆိပ်များမှာလည်း တဖြည်းဖြည်း လွင့်ပါး ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။

ကျူးရန်တုန်းကလည်းက ချန်းဖန်ထံ လျှောက်လာကာ တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ် အင်မော်တယ် ဆရာသခင်ချန်။ ကျွန်တော်က မျက်လုံးပါပေမဲ့ တောင်ကြီးကို မမြင်နိုင်ခဲ့တဲ့ လူပါ။ ကျွန်တော့် ညီမလေးရဲ့ အသက်ကို စေတနာထားပြီး ကယ်တင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်နဲ့ ကျူးမိသားစုက ဆရာရဲ့ ကူညီမှုကို ဒီတစ်သက် မမေ့ပါဘူး..."

ကျူးရိုဟန်ကလည်း ချန်းဖန်ကို အဝေးမှ ကျေးဇူးတင်သည့် အကြည့်ဖြင့် လှမ်းကြည့်သည်။

"ဒါက အထွေအထူး မဟုတ်ပါဘူး..." ချန်းဖန်က လက်များကို ဝှေ့ယမ်းကာ ကျူးရန်တုန်းကို ပြောလိုက်သည်။

အကြီးအကဲ ချုပ်က ချန်းဖန်နှင့် ကျူးရန်တုန်းတို့၏ ကောင်းမွန်သော ဆက်ဆံရေးကို မြင်သည်နှင့် ကျူးရန်တုန်းကို အကျိုးအကြောင်း မေးကာ သူတို့လိုအပ်သော ကဝေ အဆိပ်ဖြေဆေးကို ပေးအပ် လိုက်သည်။ ကျူးရန်တုန်းက ထိုဆေးကို လက်နှစ်ဖက် ရိုသေစွာ ယူရင်း ထွက်ခွာ သွားတော့သည်။ သူ၏ ခရီးစဉ်ကား ပြီးမြောက် သွားပြီဟု ဆိုနိုင်ပေသည်။

တောင်ကြား အတွင်းရှိ အပြစ်မဲ့ လူများစွာ၏ အသက်များကို ကယ်ကင် ပေးပြီးနောက် ချန်းဖန် အစည်းအဝေး ခန်းမအတွင်းသို့ ဝင်ရောက် လာခဲ့သည်။ ထိုခန်းမထဲတွင်မူ လူတစ်ယောက်က ဒူးထောက်နေနှင့်ပြီး ချန်းဖန်မှ ခွင့်လွှတ်ပေးရန် တောင်းပန်နေခဲ့သည်။

"ဆရာဟူ..."

ထိုလူကား ချန်းဖန် ဆေးနတ်ဘုရား တောင်ကြားသို့ ရောက်သည်နှင့် စော်ကားပြောဆိုခဲ့သူ ဖြစ်သည်။

"အင်မော်တယ် ဆရာသခင်ချန်း... သူက သေဖို့ ထိုက်တန်တယ်..."

အကြီးအကဲချုပ်က ဆရာဟူကို ကြည့်ရင်း ပြောသည်။ လူတိုင်းကလည်း ဆရာဟူကို သနားစွာ ကြည့်မိကြသည်။

"ဒါက အဆင်ပြေတယ်..."

ချန်းဖန်က ခေါင်းကို ညိတ်ရင်း ပြောလိုက်သည်။ သူက ထိုအရေးမပါသော သူများအတွက် စိတ်မနှောင့်အယှက် မဖြစ်လိုပေ။

"ဟူကျီယွမ်… အင်မော်တယ် ဆရာသခင်ချန်က မင်းကို ခွင့်လွှတ်နေပြီ။ ဒါပေမဲ့ ဂိုဏ်းစည်းမျဉ်းကတော့ မင်းကို ခွင့်မလွှတ်ဘူး။ မင်း နှစ်ပေါင်း နှစ်ဆယ်တိတိ တံခါးပိတ်ပြီး ကိုယ့်အပြစ်ကို ဆင်ခြင်ရမယ်။ နားလည်လား..."

အကြီးအကဲချုပ်က မျက်မှောင်ကြုတ်ရင်း ပြောသည်။

"နားလည်ပါတယ် ခင်ဗျာ..."

ဆရာဟူက ခေါင်းညိတ်ရင်း ကြောက်ရွံ့စွာ ပြောသည်။

"ကျင့်ကြံခြင်း ခရီးလမ်းက အခက်အခဲတွေ ပြည့်ပြီး အမြဲတမ်း အထီးကျန်နေတယ်။ ကမ္ဘာမြေလို အထောက်အပံ့တွေ အရမ်းအားနည်းတဲ့ နေရာတစ်ခုမှာ ငါ တစ်ယောက်တည်း လျှောက်လှမ်းမယ် ဆိုရင် အခက်အခဲတွေ အများကြီး ကြုံရလိမ့်မယ်။ အခြားလူတွေရဲ့ အကူအညီနဲ့ ဆိုရင် ငါ့ဘဝက ပိုပြီး လွယ်ကူ လာလိမ့်မယ်..."

ချန်းဖန်က သူတို့ကို မကြည့်ပဲ တစ်ယောက်တည်း တွေးနေခဲ့မိသည်။

ချန်းဖန် ဆေးနတ်ဘုရား တောင်ကြားမှ လူများကို ‌အင်မော်တယ် ကျင့်စဉ်များ ပေးအပ်ရန် အစီအစဉ် မရှိသော်လည်း သူတို့၏ ဆေးပညာကိုမူ တိုးမြှင့် ပေးလိုခဲ့သည်။ သို့မှသာ ထိုလူများက သူ့အတွက် အထောက်အပံ့များ ဖြစ်လာနိုင် လိမ့်မည် ဖြစ်သည်။

****

ဆေးဘုရင်က ချန်းဖန်ကို အဆောက်အဦ တစ်ခုတွင် နေရာချပေးသည်။ ထိုအဆောက်အဦ အနားတွင်မူ ဆေးပင်များ ပြည့်နှက်နေသော ဂိုဒေါင် တစ်ခုရှိပြီး ဆေးဘုရင် ဂိုဏ်း၏ ဆေးပင်များ အားလုံးမှာ ထို ဂိုဒေါင်ထဲတွင် သိုလှောင် ထားခဲ့သည်။

"ဒါက ကျွန်တော်တို့ရဲ့ ဆေးသိုလှောင်ရုံပါ...”

ဂုဏ်ယူသော အပြုံးတစ်ခုက ဆေးဘုရင်၏ မျက်နှာပေါ်တွင် ပေါ်လွင်နေခဲ့သည်။

"ဒီဆေးတွေ အားလုံးကို ကျွန်တော်တို့ ဂိုဏ်းက ရာစုနှစ်နဲ့ ချီပြီး စုဆောင်း ထားခဲ့တာပါ။ နှစ်ထောင်ချီ ဆေးမြစ်တွေတင် ဒါဇင်ဝက်လောက် ရှိပါတယ်..."

"အရမ်းကောင်းတယ်..."

ချန်းဖန်က ကျေနပ်စွာ ရေရွတ်သည်။ ထိုဆေးပင်များမှာ ဆေးနတ်ဘုရား ဂိုဏ်းအတွက် သာမန် ဆေးဖော်စပ်ရာ အမယ်များ ဖြစ်သည့်တိုင် သူ့အတွက်မူ တန်ဖိုး မဖြတ်နိုင်သော ရတနာများ ဖြစ်သည်။

ချန်းဖန်က မျက်လုံးကို မှိတ်ရင်း ဆေးနံ့များ ပြည့်ဝနေသည့် လေကို အားပါးတရ ရှူရှိုက် လိုက်သည်။ အမျိုးအစား စုံလင်သော ဆေးနံများက သူ့နှာခေါင်းထံ အလုအယက် တိုးဝင် လာကြသည်။

"အစိမ်းရောင် ဖီးနစ် သစ်သီး၊ နှစ်သုံးရာ သက်တမ်း...”

"မိုးကြိုးသစ်သား၊ နှစ်ခုရာ သက်တမ်း ရှိတယ်..."

"ရှင်သန်ခြင်း သစ်ပင်အစေး၊ နှစ်တစ်ထောင် သက်တမ်း။ ကမ္ဘာ ဒီလို အစွမ်းထက်တဲ့ ဆေးဘက်ဝင်မျိုး ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ငါ့အတွက် နှစ်ထောင်ချီ သက်တမ်း ရှိတဲ့ ဂျင်ဆင်း ဆေးမြစ်တောင် မလိုတော့ဘူး။ ဒီ ရှင်သန်ခြင်း သစ်ပင်အစေးနဲ့ ဆိုရင် အမတေ စွမ်းအင် တိုးမြှင့်ခြင်း ဆေးကို ငါ ဖော်စပ်နိုင်ပြီ..."

ချန်းဖန်သည် ဆေးသိုလှောင်ခန်းထဲတွင် ဆေးပင်များကို လိုက်ကြည့်ရင်း မျက်နှာ တစ်ခုလုံး ပြုံးရွှင် နေတော့သည်။

ဆေးနတ်ဘုရား တောင်ကြား၏ အကြီးအကဲများစွာမှာ ဆေးပင်များကို စုစည်းခဲ့သည့်တိုင် အချို့ဆေးပင်များ၏ နာမည်ကိုပင် မသိခဲ့ပေ။ ထိုအရာ၏ အသုံးဝင်ပုံများ ဆိုလျှင် ဝေလာဝေး ဖြစ်သည်။

သို့သော် ချန်းဖန် အတွက်မူ ထိုအရာက ခြားနားသည်။ ချန်းဖန်မှာ ကောင်းကင်ဘုံ အရှင်သခင် အဆင့်ထိ ရောက်ရှိခဲ့ပြီး နှစ်ငါးရာအတွင်း စကြဝဠာ အတွင်းရှိ ဆေးပင် အားလုံးကို သူမြင်ဖူးခဲ့သည်။

"ဆေးနတ်ဘုရားတောင်ကြားကို လာဖို့ ဆုံးဖြတ်လိုက်တာ ငါ့အတွက် တော်တော်လေး အကျိုးရှိခဲ့တာပဲ..” ချန်းဖန်က တွေးရင်း ပြုံးရွှင်နေခဲ့သည်။

ထိုဆေးသိုလှောင်ရုံ အတွင်းတွင် ရှင်သန်ခြင်း သစ်ပင်အစေးကဲ့သို့ အစွမ်းထက်သည့် အခြားဆေးဖက်ဝင် ငါးခုကိုလည်း ထပ်မံ တွေ့ရှိခဲ့သည်။ ထိုအထဲမှ သုံးခု၏ သက်တမ်းမှာ နှစ်တစ်ထောင် မပြည့်သည့်တိုင် အစွမ်း အလွန်ထက် နေသေးသည်။

ထိုအထဲတွင် ဝိညာဉ် အသီးကိုပင် ချန်းဖန် တွေ့ရှိခဲ့သည်။ ဝိညာဉ်သားရဲ အသီးမှာ ဝိညာဉ်သားရဲများကို ထိန်းချုပ်ရာတွင် အသုံးပြုနိုင်သည်။ ဝိညာဉ် သားရဲများမှာ အလွန် အစွမ်းထက်ပြီး ကမ္ဘာပေါ်တွင်သာ ပေါ်လာခဲ့လျှင် မည်သူမှ ကိုင်တွယ် နိုင်လိမ့်မည် မဟုတ်ချေ။

"နေဦး ... ဒါက ဘာလဲ.."

ဆေးပုံကြီးထဲမှ တစ်ခုမှာ ချန်းဖန်၏ အာရုံကို ဖမ်းစား သွားသဖြင့် နတ်ဘုရား စိတ်အာရုံကို စေလွှတ်ပြီး သေချာ စစ်ဆေးလိုက်သည်။ ထိုအရာမှာ အနက်ရောင် သစ်သား အပိုင်းအစ တစ်ခုဖြစ်ပြီး အသက် အမတေ စွမ်းအင်များက ထိုသစ်သားစကို ဖြတ်သန်းပြီး စီးဆင်းနေခဲ့သည်။

"ဒါက ဝိညာဉ် သစ်သားရဲ့ အမတေလား..."

ချန်းဖန်၏ မျက်လုံးများကား ဝိုင်းစက်နေခဲ့ပြီ ဖြစ်သည်။

***

All Chapters