သုံးချောင်းထောက် အိုးကို ယူဆောင်ခြင်း
Vol. 2 Ch. 187
ထျန်းနန်နယ်၊ လင်းမြို့တော်၊ လုမိသားစု။
လုတရုန်မှာ လုံခြုံရေး အခန်းထဲတွင် အပေါငါး အသင်းတစ်သိုက်နှင့် ထိုင်ကာ သူ၏ တာဝန်ကို ထမ်းဆောင် နေခဲ့သည်။ လုတရုန်မှာ လုမိသားစုခွဲ တစ်ခုမှ ဖြစ်ကာ သိုင်းပညာ အနည်းငယ် တတ်ကျွမ်းသော လူတစ်ယောက် ဖြစ်သည်။ သို့သော် ထိုအနည်းငယ်သော သိုင်းပညာကပင် သာမန် လူများကို အနိုင်ကျင့်ရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။ ထို့ပြင် သူ၏ အကပ်ကောင်းမှုကြောင့် လုမိသားစု လုံခြုံရေးအဖွဲ့၏ ခေါင်းဆောင် ရာထူးကိုပင် ရရှိခဲ့သေးသည်။
လုမိသားစုကား ထျန်းနန်နယ်တွင် လွှမ်းမိုးမှု ကြီးမားသော မိသားစု တစ်ခုဖြစ်သဖြင့် သူ့ရာထူးမှာ သေးငယ်သည်ဟု မဆိုနိုင်ချေ။ လုမိသားစု၏ အစောင့် ဖြစ်ရခြင်းကပင် သူ့အတွက် ဂုဏ်ယူစရာ တစ်ခု ဖြစ်သည်။
"အကိုရုန်... ငါတို့ ဘဝက တော်တော်လေး ပျင်းဖို့ ကောင်းလိုက်တာ။ လွန်ခဲ့တဲ့ ရက်တွေကဆိုရင် တိုက်ပွဲတွေ နေ့တိုင်း ကြည့်ရသေးတယ်။ ခုကျတော့ ဘာဆို ဘာမှ မရှိတော့ဘူ...” လုတရုန် ဘေးတွင် ထိုင်နေသည့် လူပိန်လေးက ပြောလိုက်သည်။
ထိုလူပိန်လေးမှာ လေကျယ်သော်လည်း အသုံးမကျသည့် လမ်းဖိုက်တာ တစ်ယောက်သာ ဖြစ်သည်။ သူ့တွင် နောက်လိုက် အချို့ရှိကာ လင်းမြို့တော် လမ်းများတွင် လပ်ယား၊ လပ်ယား လုပ်နေတတ်သူ တစ်ယောက် ဖြစ်သည်။ သူက ဘတ်စ်ကားဂိတ် တစ်ခုကို ပိုင်ဆိုင်သာ ဖျော်ဖြေရေး ခန်းမတစ်ခုတွင် ရှယ်ယာ အနည်းငယ် ဝင်ထားသည့်တိုင် လုမိသားစုတွင်မူ သူ့နေရာမှာ တံခါးဝသာ ဖြစ်သည်။
မည်သို့ပင်ဆိုစေ လူပိန်လေးမှာ သူ၏ ရာထူးကို အလွန်ဂုဏ်ယူနေပုံရသည်။
သူ၏ ဂုဏ်ယူစရာ အလုပ်အကိုင် အကြောင်းကိုလည်း လူတကာကို ကြွားတတ်သေးသည်။
"ငါက လင်းမြို့တော်က လုမိသားစု အတွက် အလုပ် လုပ်ပေးနေတာလေ။ သူတို့က သိုင်းပညာမှာ အရမ်းကို အစွမ်းထက်တဲ့ မိသားစု တစ်ခုပေါ့။..."
ထိုအရာများကား လူတွေ့တိုင်း ပြောရန် သူအလွတ် ကျက်ထားသော စကားများပင် ဖြစ်သည်။
"ခွေးကောင်ရဲ့ မိသားစု သခင်ကြီးနဲ့ အဘိုးလုံတို့ နှစ်ယောက်လုံး သေခါစပဲ ရှိသေးတာ။ ဒါတောင် မင်းပုံစံက တက်ကြွ နေသေးတယ်...”
လုတရုန်က စောစောက လူပိန်လေး ပြောခဲ့သည့် စကားကို ပြန်လည် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
"ဟီး... ဟီး... အစ်ကိုရုန်ကလည်း။ မိသားစု သခင်ကြီးနဲ့ အဘိုးလုံကို ငါ တစ်ခါမှ မတွေ့ဖူးတာ။ သူတို့သေတာ ငါက ဝမ်းနည်းနေရမှာလား...” လူပိန်လေးက ပြန်လည် ပြောသည်။
လုတရုန်က နှာတစ်ချက်ရှုံ့ပြီး ဘာမှ ပြန်မပြောချေ။
"ချန်းပေ့ရွှမ်းက တစ်ခုခုတော့ တစ်ခုခုပဲ။ ငါ သူတို့ တိုက်ခိုက်တာကို မတွေ့လိုက်ရပေမယ့် သူတို့ တိုက်ခိုက်တုန်းက ပျက်စီး သွားတဲ့သာတွေကို ရှင်းလင်းတုန်းက ငါပါခဲ့တယ်လေ။ နံရံတိုင်းမှာလေ အပေါက်ကြီးတွေ ချည်းပဲ သိလား။ အာ့က ဘယ်လောက်တောင် ဆိုးလဲဆိုတာ ပြောပြလို့တောင် မရဘူး...” လူပိန်လေးက အာပေါင်အာရင်း သန်သန်နှင့် ဆက်ပြောသည်။
"ဟမ့် ငါက သူတို့ နှစ်ယောက် တိုက်ခိုက်တာကို မျက်လုံးနဲ့ မြင်ခဲ့ရတာ။ ချန်းပေ့ရွှမ်းနဲ့ သခင်ကြီးတို့ နှစ်ယောက်လုံးက မွန်းစတားကြီးတွေလိုပဲ။ စောက်ရမ်း ကြမ်းတာ..."
စကားပြောရင်းနှင့်ပင် လုတရုန်၏ မျက်နှာတွင် ကြောက်ရွံ့သည့် အငွေ့အသက်များ ပေါ်ပေါက်နေခဲ့သည်။
"သူတို့က အရမ်းထူတဲ့ နံရံကြီးတွေကိုတောင် ပေါက်ထွက်အောင် တိုက်ခိုက်ကြတာလား...” လူပိန်လေးက တအံတဩ မေးသည်။
"မင်က သေမျိုး၊ သူတို့က အထွတ်အထိပ် အဆင့်တွေလေ..."
လုတရုန်က ပြောသည်။
"အထွတ်အထိပ် အဆင့်ဆိုတာ တကယ့် နဂါးတွေလိုမျိုးပဲ။ သူတို့က အဝေးကနေ လက်ဝါးတစ်ချက် လမ်းရိုက်ပြီး မင်းကို သတ်လို့ရတယ်...”
"အစ်ကိုရုန် သခင်ကြီးကလည်း အထွတ်အထိပ် အဆင့်တစ်ယောက်ပဲလေ။ သူက ဘာဖြစ်လို့ ချန်းပေ့ရွှမ်း သတ်တာကို ခံခဲ့ရတာလဲ။ သီအိုရီအရဆို သူက ဟိုကောင်လေးထက် အများကြီးစောပြီး အထွတ်အထိပ် အဆင့် ဖြစ်လာတာမလား။ ချန်းပေ့ရွှမ်းက နှစ်ဆယ်တောင် ပြည့်ပုံ မပေါ်သေးဘူး။ သူက ဘယ်လိုလုပ်ပြီး သခင်ကြီးကို သတ်လိုက်နိုင်တာလဲ...”
အခြား တံခါးစောင့် တစ်ယောက်က ဝင်မေးလိုက်သည်။
"အမ် ဒါက ... ဟိုလိုမျိုး ... ဒီလိုမျိုး... အဟမ်း “
လုတရုန်က အထစ်ထစ် အငေါ့ငေါ့နှင့် စဉ်းစားပြီး အတော်ကြာမှ ချောင်းတစ်ချက် ဟန့်ရင်း ဆက်ပြောလိုက်သည်။
"အဟမ်း... သူက နှစ်တစ်ရာမှာ တစ်ခါပေါ်တဲ့ ပါရမီရှင် မလို့ပဲကွ။ အငယ်ဆုံး အထွတ်အထိပ် အဆင့်နော်။ ရိုးရိုး အထွတ်အထိပ်တင် မကဘူး...”
"အဟမ်း... ငါ့ အမြင်အရဆို ဘယ်အထွတ်အထိပ် အဆင့်ကမှ သူ့ကို အနိုင်မယူ နိုင်လောက်ဘူးကွ။ ချန်ပေ့ရွှန်းက ကမ္ဘာပေါ်မှာ အသန်မာဆုံး အထွတ်အထိပ် အဆင့်ပဲ။ အာ့ကြောင့်ပဲ သခင်ကြီးလို အစွမ်းထက်တဲ့ လူကိုတောင် သတ်နိုင်တာ...”
လုတရုန်က ရုပ်တည်ဖြင့် ဖြီးဖြန်း ပြောဆိုနေခဲ့သည်။
"ချန်းပေ့ရွှမ်း ကမ္ဘာပေါ်မှာ အသန်မာဆုံး အထွတ်အထိပ်လို့ ဘယ်သူပြောတာလဲ။ အခြား အထွတ်အထိပ် အဆင့်တွေရဲ့ အမြင်ကိုရော မေးပြီးပြီလား...”
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လုတရုန်တို့ အုပ်စု ထိတ်လန့်တကြား လှည့်ကြည့် မိကြသည်။
"ဘယ်ကောင်ပြောတာလဲကွ...”
လုတရုန်က လှည့်ကြည့်ရင်း အသံကျယ်ကျယ် မေးလိုက်သည်။
ခြံပေါက်ဝနားတွင် ဝတ်စုံအဖြူ၊ ဆံပင်အဖြူနှင့် လူတစ်ယောက် ရပ်နေခဲ့ပြီး သူက လက်နှစ်ဖက်ကို နောက်သို့ ပစ်ထားသည်။ သူ၏ နောက်တွင်မူ ဆံပင်အနက်ရောင် လူတစ်ကြီးက ရိုကျိုးသော အမူအရာဖြင့် မတ်တတ် ရပ်နေခဲ့သည်။
"ခင်ဗျားက ဘယ်သူလဲ...”
ထိုသူမှာ မည်သူမှန်း မသိသောကြောင့် လုတရုန် မလေးမစား မလုပ်ရဲပေ။ ထို့ကြောင့်ပင် အဆင်ပြေ လောက်သော စကားလုံးများကို ရွေးချယ်ပြီး ပြောလိုက်သည်။
"ချန်းပေ့ရွှမ်းက ကျွန်တော်တို့ မိသားစု ခေါင်းဆောင်ကိုတောင် သတ်နိုင်ခဲတာမလို့ သူ့ကို အထွတ်အထိပ် အဆင့်တွေထဲမှာ အသန်မာဆုံး ဖြစ်မယ် လို့ ပြောလိုက်တာပါ...”
"ဟီး... ဟီး... လုထျန်းဖန်ကို သတ်နိုင်ရုံလောက်နဲ့လား..”
အဘိုးအို၏ အသံမှာ အထင်သေးခြင်းများက ဖုံးဖိမထားပဲ ပေါ်လွင် ထင်ရှားနေခဲ့သည်။
"သူက အထွတ်အထိပ် အဆင့်တွေထဲမှာ အားအနည်းဆုံးလို့တောင် ပြောလို့ရတယ်။ သူ့ကို သတ်နိုင်တာလောက်နဲ့ ရေးကြီးခွင်ကျယ် လုပ်မနေနဲ့....”
"ငါတို့ မိသားစု သခင်ကြီးရဲ့ နာမည်ကို စော်ကားရဲတယ်လား...”
လုတရုန်က အဘိုးအိုကို ဒေါသတကြီး ကြည့်သည်။ လုထျန်းဖန် သေဆုံးသွားသည်မှာ မှန်သော်လည်း ဤသို့ စော်ကားခြင်းက သူ့ကို ဒေါသထွက်စေသည်။
"သူ့ကို စော်ကားတယ်လို့ ထင်နေတာလား။ ဟီး ...ဟီး... ငါက အမှန် အတိုင်းပြောရုံပဲလေ”
အဘိုးအိုက ရယ်မောရင်း ပြောသည်။
"လွန်ခဲ့တဲ့ ဆယ့်ခုနစ်နှစ်က သူနဲ့ငါ တိုက်ခိုက်ဖူးပါတယ်။ ငါ သူ့ကို သိုင်းကွက် ကိုးကွက်အတွင်း ရိုက်နိုင်ခဲ့တယ်...”
"ခင်ဗျား ဘာစကား ပြောတာလဲ...”
ဒေါသကြောင့် လုတရုန်၏ မျက်နှာမှာ နီရဲနေခဲ့ပြီ ဖြစ်သည်။
အဘိုးအိုကမူ လုတရုန်၏ ဒေါသကို ဂရုမစိုက်ပဲ လုမိသားစု ခြံဝန်းအတွင်းရှိ သုံးချောင်းထောက် အိုးတစ်ခုကို စိတ်ဝင်တစား လှမ်းကြည့်သည်။ ထိုအရာက အလွန်ထူပြီး သံထည်ဖြင့်သာ သွန်းလုပ်ထားသောကြောင့် ပိဿာချိန်ပေါင်း များစွာ လေးသည်။ ထိုအရာကို အနည်းငယ် လှုပ်ရှားစေရန်မှာ အတွင်းအားရှိသည့် လူတစ်ယောက်သာ တတ်နိုင်သည့် အရာဖြစ်သည်။
"အရမ်းမိုက်တဲ့ သုံးချောင်းထောက် အိုးကြီးပါလား...”
အဘိုးအိုက ထိုသုံးချောင်းထောက် အိုးကြီး ထံသွားကာ ပွတ်သတ်ရင်း ကျေနပ်သည့်ပုံစံဖြင့် ခေါင်းတစ်ချက် ညိတ်သည်။
"ခင်ဗျား ဘာလုပ်နေတာလဲ...” လုတရုန်က ဒေါသတကြီး အော်သည်။ အဘိုးအိုမှာ သူ့ကို ဂရုမစိုက်သည့် အပြင် အပြုအမူများကလည်း လွန်လွန်းသည်။
အဘိုးအိုက သူတို့ကို ဂရုမစိုက်ပဲ သုံးချောင်းထောက် အိုးကိုမကာ ခေါင်းပေါ်သို့ တင်လိုက်သည်။
"အမေရေ....”
တံခါးစောင့်များမှာ ထိုမြင်ကွင်းကြောင့် ဒူးတုန်လာကာ သူတို့၏ လက်နက်များကိုပင် မြဲအောင် မကိုင်နိုင်တော့ချေ။
ထို သုံးချောင်းထောက် အိုးကြီးမှာ အနည်းငယ် လှုပ်ရှားရန်ပင် မလွယ်ကူသော်လည်း ထိုအဘိုးအိုက သစ်ရွက် တစ်ရွက်ကဲ့သို့ ခေါင်းပေါ်ပင် ကောက်တင် နေလိုက်သေးသည်။
"ဘန်း....”
အဘိုးအို ခြေတစ်လှမ်း ကြွလိုက်သည်နှင့် မြေကြီးက တုန်ခါသွားသည်။
"ဘန်း ဘန်း ဘန်း ဘန်း"
အဘိုးအိုကား ထိုအိုးကြီးကို ရွက်ရင်း လုမိသားစု ခြံဝန်းအတွင်းသို့ ဝင်သွားခဲ့ပြီ ဖြစ်သည်။
***
"ဘာဖြစ်နေတာလဲ။ ငလျင်လှုပ်နေတာလား...”
လုမိသားစု အဆောင်တစ်ခုထဲမှ အဘိုးအို တစ်ယောက်က ကပျာကယာ ထွက်လာရင်း မေးလိုက်သည်။ သို့သော်လည်း သူမြင်တွေ့ လိုက်ရသည့် မြင်ကွင်းက သူ့ကို ကြက်သေ သေစေသည်။
"သူက ဘယ်သူလဲ။ သုံးချောင်းထောက် အိုးကိုတောင် ပေါ့ပေါ့ပါးပါး ရွက်ထားနိုင်တာ။ သူက စူပါမန်းများလား...”
လုမိသားစုဝင်များက ထိုနေရာသို့ တဖြည်းဖြည်း ဝိုင်းအုံလာကာ အထူးအဆန်းသဖွယ် ကြည့်ကြသည်။
နောက်ဆုံးတွင် တစ်ယောက်က ထိုအဘိုးအိုကို ကြည့်ရင်း ထိတ်လန့်တကြား အော်လိုက်သည်။
"သူက လဲ့ချန်းကျွယ်လား။ သူက ဘာလို့ တရုတ်နိုင်ငံမှာ ရှိနေတာလဲ...”
လူများစွာမှာ သူ၏စကားကြောင့် လုံးဝ ဆိတ်ငြိမ် သွားခဲ့သည်။ လဲ့ချန်းကျွယ်မှာ လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်က အလွန်ကျော်ကြားခဲ့သော သိုင်းပညာရှင် တစ်ယောက် ဖြစ်သည်။ သူ၏ အမည်မှာ ပြည်တွင်း၊ ပြည်ပ နှစ်ခုလုံး၌ အလွန် ကျော်ကြားပြီး ယဲ့နန်ထန်းနှင့်ပင် ယှဉ်နိုင်ခဲ့သည့်သူ ဖြစ်သည်။
"အထွတ်အထိပ် ဆရာလဲ့ လုမိသားစုကို လာတာ ဘာကိစ္စများလဲ ခင်ဗျာ...”
လဲ့ချန်းကျွယ်ကို မည်သူကမျှ စကားမပြောရဲကြသော်လည်း နောက်ဆုံးတွင် အဘိုးအို တစ်ယောက်က အရဲစွန့်ကာ မေးလိုက်သည်။
"ချန်းပေ့ရွှမ်းက ခုဘယ်မှာလဲ...” လဲ့ချန်းကျွယ်က မပြုံး၊ မတည်ပဲ မေးသည်။
"အထွတ်အထိပ် ဆရာချန်က ထွက်သွားတာ ရက်အနည်းငယ် ရှိပါပြီ ခင်ဗျာ...” အဘိုးအို၏ မျက်လုံးများမှာ ကြောက်ရွံ့ နေခဲ့သော်လည်း အားတင်းကာ ဖြေလိုက်သည်။
"အိုး တကယ်ပဲလား...” လဲ့ချန်းကျွယ်က မေးရင်း လူတိုင်းကို တစ်ချက် ဝှေ့ကြည့်သည်။ လူတိုင်းမှာ ကြောက်ရွံ့စွာဖြင့် ခေါင်းများကိုသာ တွင်တွင် ငုံ့ထားကြသည်။
ဘန်း...
လဲ့ချန်းကျွယ်က သူ့ခေါင်းပေါ်တွင် ရွက်ထားသော အိုးကြီးကို မြေပြင်ပေါ် လွှတ်ချလိုက်သည်။ အိုးကြီး၏ အလေးချိန်ကြောင့် မြေပေါ်တွင် အက်ကွဲကြောင်းများပင် ပေါ်သွားသည်။
"ချန်းပေ့ရွှမ်းက ငါ့တပည့်ကို သတ်သွားတယ်။ ဒါကြောင့်မလို့ သူက ငါ့ရဲ့ ရန်သူပဲ။ သူ့ကို ကူညီဖို့ ကြိုးစားတဲ့သူတိုင်းက ဒီအိုးအောက်က မြေကြီးလို အဖြစ်မျိုးနဲ့ ကြုံစေရမယ်....” လဲ့ချန်းကျွယ်က လူတိုင်းကို ကြည့်ရင်း ပြောလိုက်သည်။
သူ၏ အကြည့်အောက်တွင် လူတိုင်းမှာ ကြောက်ရွံ့နေကြပြီး သူတို့၏ ခေါင်းများကိုသာ ငုံ့ထားကြသည်။ ထိုအဘိုးကြီး၏ အကြည့်များကို သူတို့ ရင်ဆိုင်ရန် မဝံ့ရဲပေ။
သို့သော် လုယန်ရွယ်ကမူ ဦးခေါင်းကို မော့ရင်း လဲ့ချန်းကျွယ်ကို မကြောက်မရွံ့ ကြည့်နေခဲ့သည်။
***