← Chapters

နင်မသေပါဘူး

Vol. 2 Ch. 192

နင်မသေပါဘူး

Vol. 2 Ch. 192

နောက်တစ်နေ့ နေ့လယ်အချိန်၊ လင်းမြို့တော်...။

အရေးပေါ်ခန်း တစ်ခု၏ အပြင်ဘက်တွင် လူငယ် ယောက်ျားလေး တစ်ယောက်နှင့် မိန်းကလေး တစ်ယောက်တို့ မတ်တတ်ရပ်နေကြသည်။ ကောင်လေး၏ ဆံပင်များမှာ ပခုံးထက်တွင် ဝဲကျနေပြီး သူ၏ မျက်လုံးနှင့် အသားအရေမှာ အဇူရာ အရောင်သန်းနေခဲ့သည်။

"သူက အရမ်းချောတာပဲ။ K-pop အဖွဲ့ဝင်တွေထက်တောင် ပိုချောသေးတယ်...” ဆွဲဆောင်မှု ရှိသည့် သူနာပြု တစ်ယောက်က ထိုကောင်လေးကို ကြည့်ရင်း ပြောလိုက်သည်။

"အမှန်ပဲ... သူက တီဗီမှာ တွေ့ရတဲ့ မင်းသားတွေ ထက်တောင် ပိုချောတယ်။ သူသာ ငါ့ရဲ့ ကောင်လေး ဖြစ်ရင် ဘယ်လောက် ကောင်းမလဲ...” ရင်သားကြီးသော သူနာပြု တစ်ယောက်ကပါ ဝင်ပြောလိုက်သည်။

"ဟ...ဟ... သူ့ဘေးမှာ အရမ်းချောတဲ့ ကောင်မလေးကို နင်မတွေ့ဘူးလား...။ သူက လင်းမြို့တော်မှာ ကျော်ကြားတဲ့ CEO တစ်ယောက်ပဲ။ သူမရဲ့ အသက်က သုံးဆယ် မပြည့်သေးတာတောင် ဘီလျံနဲ့ချီတဲ့ ပိုင်ဆိုင်မှုတွေ ရှိနေပြီ...” အခြားသူနာပြု တစ်ယောက်က ကောင်လေးဘေးမှ ရပ်နေသည့် မိန်းကလေးကို ညွှန်ပြရင်း ပြောလိုက်သည်။

ထိုနှစ်ယောက်မှာ အခြားလူများမဟုတ်ကြပေ။ ချန်းဖန်နှင့် လုယန်ဝူ တို့ပင် ဖြစ်သည်။ ချန်းဖန်မှာ တစ်ညလုံး ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်ကို အခြေခံ မာအောင် လေ့ကျင့်နေခဲ့ပြီး နံနက်လင်းသည်နှင့် ဆေးနတ်ဘုရား တောင်ကြားမှ ထွက်ခွာ လာခဲ့သည်။ တစ်ရက်အတွင်းပင် လင်းမြို့တော်သို့ သူတို့နှစ်ယောက် ရောက်ရှိ လာခဲ့သည်။ ထိုကဲ့သို့ ဝေးကွာသော ခရီးကို အချိန်တိုလေး အတွင်း ရောက်ရှိ လာခဲ့သည်ကို လုယန်ဝူ တစ်ယောက် ယုံကြည်ရန် ခက်ခဲနေခဲ့သည်။

ဆေးနတ်ဘုရား တောင်ကြားမှ အနီးဆုံးမြို့သို့ သွားရာ လမ်းခရီးမှာ ကြမ်းတမ်းပြီး နှစ်ရက်၊ သုံးရက်ခန့် သွားလာရမည် ဖြစ်သည်။ သို့သော် ချန်းဖန်မှာ သူမကို သယ်ဆောင် ထားရင်းနှင့်ပင် နာရီဝက်အတွင်း ဖြတ်သန်းခဲ့သည်။ ချန်းဖန်၏ ခြေတစ်လှမ်းမှာ မီတာပေါင်းစွာထိ ဖုံးလွှမ်း နေသည်ဟုပင် သူမ စဉ်းစားမိသည်။

ချန်းဖန်မှာ လေယာဉ်ပင် မစီးခဲ့ပဲ လင်းမြို့တော် ရောက်သည်အထိ သူမကို ထမ်းရင်း ပြေးလွှား လာခဲ့သည်။ သူက F4 ဖော်မြူလာ ကားပြိုင်ပွဲမှ ပြိုင်ကားများထက်ပင် ပိုမိုမြန်ဆန်အောင် ပြေးနိုင် နေခဲ့သည်။ ဤသို့ဖြင့် နေ့တစ်ဝက် အတွင်းမှာပင် လင်းမြို့တော်သို့ သူတို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

"သူက လူတစ်ယောက် မဟုတ်ဘူး။ ကီလိုမီတာ ထောင်နဲ့ချီတဲ့ အကွာအဝေးကို နေ့ဝက်အတွင်း ပြေးနိုင်ခဲ့တယ်...” လုယန်ဝူက ချန်းဖန်အကြောင်းကို စဉ်းစားရင်း အံ့အားသင့်နေခဲ့သည်။

ချန်းဖန်မှာမူ နေရာတိုင်းမှ ကောင်မလေးများ၏ အာရုံစိုက်ခံရမှုကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့သည်။

"နတ်ဘုရားခန္ဓာက သေမျိုးတွေကို ဒီလောက် ဆွဲဆောင်နိုင်မယ်ဆိုတာ ငါမေ့နေတာပဲ။ နောက်ကျရင် ငါရုပ်ဖျက်တာ ဖြစ်ဖြစ်၊ အစီအရင် တစ်ခုခုနဲ့ မျက်နှာကို ဖုံးကွယ်တာ ဖြစ်ဖြစ် လုပ်ထားရမယ်...”

နတ်ဘုရား ခန္ဓာများမှာ ဒီဇိုင်းဆွဲ၍သေချာစွာ ထုတ်လုပ် ထားသကဲ့သို့ အချိုးအစား ကျနပြီး ချောမောသည်။ ကမ္ဘာပေါ်မှ အလှပဆုံး မိန်းကလေးပင်လျှင် အင်မော်တယ် ကမ္ဘာမှ သာမန် မိန်းကလေး တစ်ယောက်လောက် ဆွဲဆောင်မှု မရှိပေ။

"မိန်းကလေး လု... လုယန်‌ရွယ် အခြေအနေက ပြန်လည် ကောင်းမွန်လာပါပြီ။ ရှင်တို့ ဝင်ရောက် တွေ့ဆုံလို့ ရပါပြီ...”

အရေးပေါ်ခန်း၏ တံခါး ပွင့်လာကာ ဆရာဝန် အုပ်စုတစ်ခု ထွက်လာခဲ့သည်။ ထိုအုပ်စု၏ ခေါင်းဆောင် ဖြစ်ဟန်တူသော ဆရာဝန်က လုယန်ဝူကို ကြည့်၍ ပြောလိုက်သည်။

"ကောင်းပါပြီ... ကျေးဇူးပါ ဒေါက်တာလျူ...” လုယန်ဝူက ပြန်ပြောလိုက်ရင်း ချန်းဖန်နှင့် အတူ အခန်းထဲသို့ ဝင်လာခဲ့သည်။

ချန်းဖန်က အခြေအနေများကို နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ထားခြင်းကြောင့် သိနေခဲ့ပြီး ဖြစ်သည်။ လုယန်ဝူတွင် လှပခြင်းများ မရှိတော့သလို သူ၏ ခန္ဓာကိုယ်မှာလည်း ပိန်လှီနေခဲ့သည်။ သူမ၏ ထူထဲသော ဆံပင်များက ရှိနေသေးသည့်တိုင် မွဲခြောက် နေခဲ့သည်။

လုယန်ဝူ ညီမဖြစ်သူ၏ အခြေအနေကို ကြည့်ရင်း မျက်ရည်များ ဝဲလာခဲ့သည်။

"ရှောင်ရွယ်... ဘယ်သူ လာလဲဆိုတာ ထကြည့်ပါဦး...”

လုယန်ဝူက ရှောင်ရွယ်၏ ဘေးကို ဝင်ထိုင်ရင်း ငြင်သာစွာ ပြောလိုက်သည်။

ပိန်လှီနေသော မိန်း‌ကလေးက သူမ၏ မျက်လုံးများကို ခက်ခက်ခဲခဲဖွင့်ပြီး ကြည့်သည်။ ချန်းဖန်ကို မြင်သည်နှင့် သူမ၏ မျက်လုံးများက ပျော်ရွှင်မှုဖြင့် တောက်ပ လာပြီး မျက်နှာ၌ အားနည်းသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"အမဝူ... ဘာလို့ သူ့ကို ခေါ်လာတာလဲ။ ငါ ဒီလောက် ရုပ်ဆိုးနေတာကို...”

"သူ့ကြောင့်သာ မဟုတ်ရင် နင်ဒီလိုဖြစ်မှာ မဟုတ်ဘူး။ သူဘယ်လို စဉ်းစားမလဲ ဆိုတာ နင်ဂရုစိုက် နေတုန်းလား...” လုယန်ဝူက ရှောင်ရွယ်ကို မျက်စောင်း တစ်ချက်ထိုးရင်း ပြောလိုက်သည်။

ချန်းဖန်က ဘာမှ မပြောပဲ ပိန်လှီ အားနည်းနေသော မိန်းကလေးကို ကြည့်နေခဲ့သည်။ ချန်းဖန်အနေဖြင့် သူမကို မချစ်သည့်တိုင် ယခုကဲ့သို့ အခြေအနေ တွေ့မြင်ရခြင်းက သူ့စိတ်ကို နာကျင် စေခဲ့သည်။

"ငါမင်းကို ဒီကနေ ခေါ်ထုတ် သွားပေးမယ်...”

ချန်းဖန် သူမကို ကြည့်ရင်း နူးညံ့စွာ‌ ပြောလိုက်သည်။

"လူနာက အရေးပေ့်အခြေအနေကို ရောက်နေတာပါ။ သူက အချိန်မရွေး သေသွားနိုင်တယ်။ သူ့ရဲ့ဘေးမှာ ဒေါက်တာ တစ်ယောက်ယောက် ရှိနေမှ ဖြစ်မယ်...” ‌

ဒေါက်တာလျူက ဝင်ပြောသည်။

"ထွက်သွား...”

ချန်းဖန်၏ အသံက မကျယ်သည့်တိုင် လွှမ်းမိုးမှုက ပြည့်နှက်နေသည်။

အကယ်၍ သူသာ ဒေါက်တာလျူနှင့် အချိန်ဖြုန်းနေခဲ့လျှင် လုယန်ရွယ်၏ အခြေအနေက ပိုမိုဆိုးဝါး လာနိုင်သည်။ လုယန်ဝူကလည်း ချန်းဖန်ကို နားလည်သည်။ ရှောင်ရွယ်ကို ကုသရန်အတွက် အခြားလူများရှိနေလျှင် အဆင်ပြေမည် မဟုတ်ချေ။

"ဆေးဘုရင်ရဲ့ ပြောစကား အရဆို ချန်းဖန်က အင်မော်တယ် အဆင့်ကို ရောက်နေပြီတဲ့။ သူ့ရဲ့ ပြောင်းလဲသွားတဲ့ ရုပ်သဏ္ဌာန် အရဆို အဲ့စကားက အမှန်ဖြစ်မှာပဲ...”

လုယန်ဝူ စဉ်းစားရင်း သူမပါ အခန်းအပြင်သို့ ထွက်လာခဲ့သည်။

"‌နောက်သုံးရက်နေရင် အနောက်ရေကန်ကို လာပြီး လဲ့ချန်းကျွယ်နဲ့ တိုက်ခိုက်မယ်လို့ ပြောလိုက်...”

ချန်းဖန်၏ အသံက ပျံ့လွင့်လာပြီး လုယန်ဝူ၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။

"ဘာလဲ...”

လုယန်ဝူ ချန်းဖန်၏ အသံကြောင့် အနည်းငယ် အံအားသင့် သွားသည်။

"နောက်သုံးရက်နေရင် သူ လဲ့ချန်းကျွယ်နဲ့ တိုက်ခိုက်မယ်လို့ ပြောတာလား...။ ဒါဆို သူက ရှောင်ရွယ်ကို သုံးရက်အတွင်း ပြန်ကောင်းအောင် ကုသပေးမှာပေါ့...”

လုယန်ဝူ ဆရာဝန်များ ထံသွားပြီး ချန်းဖန်ကို မနှောင့်ယှက်ရန် ပြောကာ အိမ်သို့ အမြန် ပြန်လိုက်သည်။ အိမ်သို့ ရောက်သည်နှင့် ချန်းဖန်၏ စကားကို လုမိသားစုထံ ပြန်ပြော ပြလိုက်သည်။ လုမိသားစုထံမှ တစ်ဆင့် ထိုအကြောင်းအရာမှာ တရုတ် တစ်နိုင်ငံလုံးရှိ သိုင်းမိသားစုများ ထံသို့ ပျံ့နှံ့ သွားတော့သည်။

***

အရေးပေါ်ခန်းမ အတွင်းတွင်မူ....

ချန်းဖန် လုယန်ဝူ၏ နဖူးကို ညင်သာစွာ စမ်းသပ်လိုက်သည်။

လုယန်ရွယ်က သူမ၏ ရုပ်ဆိုးနေသော ပုံစံကြောင့် ‌ရှက်ရွံ့အားငယ် နေခဲ့သည်။ သူမက ချန်းဖန်ကို ချစ်မြတ်နိုးစွာ ကြည့်ရင်း အားငယ်သည့် အသံလေးနှင့် ပြောလိုက်သည်။

"ငါ့ရုပ်က အရမ်းဆိုးတယ်လို့ နင်ထင်နေတယ် မလား။ နင်ငါ့ကို မကြိုက်တော့ဘူး မလား...”

"ရုပ်ရည်ဆိုတာက အပေါ်ယံ အရေပြား တစ်ခုပါပဲ။ အများကြီးတွေး မနေနဲ့...” ချန်းဖန်က သူမကို ပြုံးပြရင်း ပြောလိုက်သည်။

"ဒါပေမဲ့... ငါက လှပတဲ့ ကောင်မလေး တစ်ယောက် ဖြစ်ဖူးတယ် ဆိုတာ နင်သတိရနေမယ်လို့ မျှော်လင့်ပါတယ်..."

လုယန်ဝူက ချန်းဖန်ကို မျက်ရည်များနှင့် ကြည့်ရင်း ပြောသည်။

"လူတစ်ယောက်ကို တကယ်ချစ်ရင် သူ့အတွက် အသက် စွန့်ရဲတယ်တဲ့။ ငါ နင့်အတွက် သေရမှာ မကြောက်ဘူး။ နင့်ဘဝ တစ်ခုလုံး ငါ့ကို သတိရနေရုံလေးနဲ့တင် ငါကျေနပ်ပါတယ်...”

"အနည်းဆုံးတော့ ငါက နင့်ရဲ့ နှလုံးသားထဲမှာ နေရာ မယူနိုင်ရင်တောင် နင့်ရဲ့ မှတ်ဉာဏ်တွေထဲက တစ်နေရာမှာ ငါရှိနေနိုင်သေးတယ် မလား...”

ချန်းဖန် ပိန်လှီနေသော ကောင်မလေး၏ စကားများကြောင့် ခံစားသွားရသည်။ သူ၏ မျက်လုံး ထောင့်စွန်းတွင် မျက်ရည်အချို့ ရစ်သိုင်းလာခဲ့ပြီး ခဏအတွင်းမှာပင် ပြန်လည် ပျောက်ကွယ် သွားခဲ့သည်။

"ဒါကြောင့် လဲ့ချန်းကျွယ်ကို ရည်ရွယ်ချက်ရှိရှိ မလေးမစား လုပ်လိုက်တာလား...”

ချန်းဖန် သူမကို ကြည့်ရင်း မေးလိုက်သည်။

"လဲ့ချန်းကျွယ်က ငါပုန်းနေရင်တောင် နင့်ရဲ့ မိန်းကလေးဖြစ်နေတဲ့ အတွက် အလွတ်ပေးမှာ မဟုတ်ဘူး။ ငါက နင့်ရဲ့ ကောင်မလေးလို့ လင်းမြို့တော် တစ်ခုလုံးက ယုံကြည် နေကြတာလေ...”

လုယန်ရွယ်က အားနည်းစွာ ပြုံးရင်း ပြောလိုက်သည်။

"ဘာပြဖြစ်ဖြစ် ငါမသေခင် နင့်ကို ပြန်တွေ့ရတာ ဝမ်းသာတယ်...”

သူမက စကားပြောရင်း ချန်းဖန်၏ မျက်နှာကို ညင်သာစွာ ကြည့်သည်။

"နေမကောင်းဖြစ်ပြီး ငါ့ရဲ့ အမြင်အာရုံတွေ ပျက်စီး သွားပြီ ထင်တယ်။ နင်က လွန်ခဲ့တဲ့ သုံးလကထက် အရပ် ပိုရှည်လာပြီး ပိုချောလာသလိုပဲ။ နင်က ငါ့မျက်လုံးထဲမှာတော့ အပြည့်စုံဆုံး ယောက်ျားလေး တစ်ယောက်ပဲ သိလား။ နင်သိလား...။ ငါနဲ့ စတွေ့တည်းက နင်က ကမ္ဘာပေါ်မှာ အခန့်ညားဆုံး ကောင်လေးလို့ ငါမြင်ခဲ့တာ...”

"နင် မသေပါဘူး...”

ချန်းဖန်၏ အသံက ညင်သာ နေခဲ့သည်။

"ငါ ချန်ပေ့ရွှမ်း နင့်ဘေးမှာ ရောက်နေခဲ့ပြီပဲ။ နင်သေမှာ မဟုတ်တော့ပါဘူး။ တကယ်လို့ သေသွားပြီ ဆိုရင်တောင် နင့်ဝိညာဉ်ကို ရှာပြီး အသက်ပြန်သွင်းပေးမယ်....”

"အဲဒါက ငါ့ရဲ့ ကတိပဲ။ ငါ့ရဲ့ ကတိအတိုင်း နင်တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေသွားရမယ်...”

ချန်းဖန် စကားပြောရင်း သူရရှိထားသည့် ‌နတ်ဘုရား စွမ်းအားကို ထုတ်ဖော်လိုက်သည်။

ယီသစ်သား ဝိညာဉ် စွမ်းအင်လှိုင်း တစ်ခုက သူ့လက်မှ ထွက်ပေါ်လာကာ လေထဲတွင် သင်္ကေတတစ်ခု ဖွဲ့စည်းလာသည်။ ထိုသင်္ကေတက ရှေးကျပြီး အစွမ်းထက်သည့် စွမ်းအင်များ ရစ်သိုင်းနေပြီး အစိမ်းရောင်‌ သန်းနေခဲ့သည်။

"ငါပြောခဲ့သလိုပဲ နင်မသေတော့ပါဘူး...”

ချန်းဖန် သူမ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး အစိမ်းရောင် အသက် စွမ်းအင်များကို ထည့်သွင်း ပေးလိုက်သည်။ အသက်စွမ်းအင်များမှာ သူမ၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး ဝင်ရောက် သွားပြီး သွေးကြောတိုင်းနှင့် ချိတ်ဆက်ကာ ကုသမှုကို စတင်သည်။ လုယန်ရွယ်မှာ နွေးထွေးမှု တစ်ခုကို ခံစားနေရပြီး မိခင်က ချစ်မြတ်နိုးစွာ ထွေးပွေ့ထားသော ကလေးငယ် တစ်ယောက်ကဲ့သို့ သက်တောင့် သက်သာ ရှိနေခဲ့သည်။

အစိမ်းရောင် အသက်စွမ်းအင်၏ ကုသမှုအောက်တွင် သူမ၏ ပိန်လှီနေသော မျက်နှာက ပြန်လည် ပြည့်ဖြိုးလာပြီး ခန္ဓာကိုယ် ကြွက်သားများကလည်း ပြန်လည် ဖြစ်တည် လာခဲ့သည်။

အစိမ်းရောင် အလင်းတန်းများကမူ အရေးပေါ် ခန်းမထဲတွင် ကောင်းကင် အလင်းများအလား မျောလွင့် နေခဲ့တော့သည်။

***

"ချန်ပေ့ရွှမ်းပြန်လာပြီတဲ့...”

"သူက နောက်နှစ်ရက်နေရင် လဲ့ချန်းကျွယ်နဲ့ အနောက်ရေကန်မှာ တိုက်ခိုက်မယ် တဲ့။ အတိအကျ ပြောရရင် ဩဂတ်လ ဆယ့်ငါးရက်နေ့မှာပေါ့...”

တရုတ်နိုင်ငံရှိ သိုင်းပညာရှင်များ ကြား၌ ထိုသတင်းက အလွန်လျင်မြန်စွာ ပျံ့လွင့် နေခဲ့တော့သည်။

***

All Chapters