← Chapters

သမိုင်းတွင်မည့် တိုက်ပွဲ

Vol. 2 Ch. 197

သမိုင်းတွင်မည့် တိုက်ပွဲ

Vol. 2 Ch. 197

"သူတို့က အရမ်း အစွမ်းထက်တယ်” တိုက်ပွဲကို ကြည့်နေကြသော လူများကား သူ့တို့ကိုယ်တိုင် တိုက်ပွဲထဲ ရောက်နေသလို ခံစားနေကြရသည်။ သူတို့အနေဖြင့် တိုက်ပွဲကို ရှင်းလင်းစွာ မမြင်ရသည့်တိုင် ကျိန်းသေသည့်အရာ တစ်ခုကိုမူ သူတို့ ပြောနိုင်ပေသည်။ ထိုအရာကား လဲ့ချန်းကျွယ်နှင့် ချန်းပေ့ရွှမ်း တို့ကား သေမျိုးများ မဟုတ်ဟူသည့် အကြောင်းပင် ဖြစ်တော့သည်။ ယခင်က အစဉ်အမြဲ တည်ငြိမ်နေတတ်သည့် အနောက်ရေကန်များ ပြင်းထန်သော တိုက်ပွဲအောက်တွင် မီးခိုးမြူများ၊ လှိုင်းလုံးကြီးများနှင့် သက်ဝင်လှုပ်ရှားလျက် ရှိနေတော့သည်။

"အစ်ကိုလဲ့ရဲ့ ချီထိန်းချုပ်မှုက အရမ်းကို ကြောက်စရာ ကောင်းနေခဲ့ပြီ။ သူက ရေနဲ့ နံရံတွေ တည်ဆောက်နိုင်သလို လက်တစ်ချက် ဝှေ့ယမ်းရုံနဲ့တင် မိုးစက်တွေကို ဖြစ်ပေါ်စေနိုင်ပြီ။ တကယ်လို့ ငါသာ ချန်းပေ့ရွှမ်း ဖြစ်မယ်ဆိုရင် အမြန်ဆုံး အသက်ချမ်းသာ ပေးဖို့ တောင်းပန်မိမှာပဲ” ချန်းဂျူရန်က တိုက်ပွဲကို ကြည့်ရင်း ရေရွတ်မိသည်။

သူ့အနားရှိ လူတိုင်းကလည်း သူ့စကားကို ခေါင်းညိတ် လက်ခံကြသည်။

"ဒါက အထွတ်အထိပ် ပညာရှင်တွေရဲ့ စစ်မှန်တဲ့ စွမ်းအားလား။ ဒြပ်စင်စွမ်းအား တွေကို ထိန်းချုပ်ပြီး လိုသလို ပုံဖော်နိုင်တယ် ဆိုတာ ဒဏ္ဍာရီ ထဲမှာပဲ ကြားဖူးခဲ့တယ်။ ဒါက ငါတို့လို သေမျိုးတွေ အလှမ်းမမီတဲ့ အရာပဲလေ”

"ချန်းပေ့ရွှမ်းက အထွတ်အထိပ် အဆင့်တစ်ယောက်ကို သတ်ခဲ့တယ်ဆိုတာ သံသယ ဖြစ်စရာ မလိုတော့ဘူး။ သူ့ရဲ့ လက်ချောင်းက ထွက်ပေါ်လာတဲ့ ဓားအရောင်အဝါ တွေက အရာအားလုံးကို ဖြတ်တောက်နိုင်ပုံ ရတယ်။ ချန်းပေ့ရွှမ်းရဲ့ ဓားသွားကို ခုခံနိုင်မယ့် အရာ ရှိပုံမရဘူး” မြွေနဂါးလှေ တစ်ခုတွင် ထိုင်နေသော အဘိုးအို တစ်ယောက်က အသံပြာပြာဖြင့် ပြောသည်။ သူ၏ ဘေးတွင် မြွေတစ်ကောင် ရှိကာ ထိုသတ္တဝါမှာ သုံးမီတာခန့်ပင် ရှည်လျားသည်။ ထိုမြွေကြီး၏ မျက်လုံးများက ရွှေရောင် တောက်ပနေပြီး အဆိပ်ရည်များ ပေကျံနေသည့် လျှာနှစ်ခွ ကလည်း ပါးစပ်မှ ထွက်နေကာ အရာအားလုံးကို အေးစက်စွာ ကြည့်နေခဲ့သည်။

"အစ်ကိုဒူ မှန်တယ်” ချန်းဂျူရန်က‌ သူ့ကို လှမ်း၍ ခေါင်းညိတ်ပြရင်း ပြောသည်။

ကျန်းယွီမုန့်နှင့် အခြားသာမန်လူ များကား ထိုတိုက်ပွဲကို ကြည့်ရင်း ကြောင်တောင်တောင်ပင် ဖြစ်နေကြသည်။

"သူတို့က လူသားတွေလား” ကျန့်ယွီမုန့်က တုန်ယင်နေသော အသံဖြင့် ပြောလိုက်မိသည်။

တိုက်ပွဲတွင်မူ ...

မီးခိုးတောင်ပံ များက သယ်ဆောင်ထားသည့် လဲ့ချန်းကျွယ်က လက်ကိုဝှေ့ယမ်းကာ သုံးမီတာခန့် ရှည်လျားသည့် ရေနံရံ တစ်ခုကို ဖန်တီးသည်။ ရေနံရံက သေခြင်းတရား၏ အငွေ့အသက်များ ပျံ့လွင့်နေခဲ့သည်။ အခြား တစ်ဖက်တွင်လည်း ချန်းဖန်က ဓားကို ဝှေ့ယမ်းရင်း လေထုကို ခွဲသည်။ သူ၏ ဓားချက်တိုင်းက ရေကန်ကိုပင် ပြောင်းပြန် လှန်နိုင်သည်အထိ အင်အားကြီးမားသည်။

ထိုအရာကား ချူကျိုးမြို့မှ လူငယ်များ ပုံဖော်နိုင်သည့် အရာထက်ပို၍ အစွမ်းထက်လွန်းသည်။ ရုပ်ရှင်ထဲတွင် တွေ့ရသည့် တိုက်ပွဲများပင် ယခုလောက် မပြင်းထန်ပေ။ ကျန့်ယွီမုန့်နှင့် ရှု့ယုံဖေး တို့ကား အရာရာမှာ အိပ်မက်တစ်ခု ဟုပင် ခံစားနေရသည်။

"လဲ့ချန်းကျွယ်က အထွတ်အထိပ် အဆင့်ရဲ့ နောက်ဆုံး အတားအဆီး ကိုတောင် ရောက်နေခဲ့ပြီပဲ” ချန်းဖန် သက်ပြင်းတစ်ချက် ချလိုက်သည်။ လဲ့ချန်းကျွယ်ကား ဉာဏ်အလင်း စုဆောင်းခြင်းအဆင့် နောက်ဆုံးအဆင့် အထိနီးပါးပင် အစွမ်းထက် နေခဲ့သည်။ သူ၏ ချီစွမ်းအင်များကား လုထျန်းဖန်ထက် အဆများစွာ ပိုမိုသန့်စင်ပြီး သိပ်သည်းလွန်းသည်။ လဲ့ချန်းကျွယ်၏ အားနည်းချက်မှာ အစွမ်းထက်သည့် ဓမ္မအစီအရင် များနှင့် ကျင့်စဉ်၊ နည်းစနစ်များ မရှိခြင်းပင် ဖြစ်သည်။

"နှမြောစရာ ကောင်းတာက သူရောက်တာ သုံးလလောက် နောက်ကျသွားတာပဲ။ သုံးလလောက်သာ စောရောက်ခဲ့ရင် သူငါ့ကို အနိုင်ယူကောင်း ယူနိုင်လိမ့်မယ်။ ဒါပေမဲ့ သူ့အတွက် ကံဆိုးတာက ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်ကို ငါချိုးဖျက် နိုင်ခဲ့တာပဲ”

ရုတ်တရက် ချန်းဖန်၏ မျက်လုံးများက အဇူ‌ရာရောင်များ တောက်ပလာပြီး မာယာတစ်ထောင် ချီကွန်ရက်ထံ တိုးဝင်သွားသည်။ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်ကား အခြေခံ တည်ဆောက်ခြင်း အဆင့်ထက် အဆများစွာ ပိုမို အစွမ်းထက်ပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကိုပင် ရယူ အသုံးပြုနိုင်သည်။

"လဲ့ချန်းကျွယ် ... ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်ရဲ့ အစွမ်းကို ငါပြမယ်”

ချန်းဖန်က အဇူရာ သစ်သားချီဓားကို ရုပ်သိမ်းရင်း လက်သီးကိုသာ ဆုပ်လိုက်သည်။

"ဘုန်း ... "

မရေတွက် နိုင်သော မိုးရေစက်များ ဖြစ်ပေါ်လာကာ မိုးရေစက် တစ်ခုချင်းဆီက ဓားအသိကို သယ်ဆောင်ထားသည်။ ထိုမိုးရေစက် ဓားများက ကွန်ရက်ကို ကြမ်းတမ်းစွာ ဖျက်ဆီးသည်။

"ဒါ ... ဒါ ... မဖြစ်နိုင်တာ ..." လဲ့ချန်းကျွယ်၏ မျက်နှာမှာ ဖြူရော်သွားသည်။ သူက လက်နှစ်ဖက်ကို ဝှေ့ယမ်းရင်း မိုးရေစက် ဓားများကို ဖျက်ဆီးရန် ကြိုးစားသည်။ သို့သော် ထိုအရာများကား တားဆီး၍ မရနိုင်‌ပေ။ သူနှစ်ပေါင်းများစွာ လေ့ကျင့်ထားသော မာယာတစ်ထောင် ကွန်ရက်ကား ထို‌မိုးရေစက် ဓားအောက်တွင် အစိတ်စိတ်အမြွှာမြွှာ အဖြစ် ကျိုးပျက်ရသည်။

"လဲ့ချန်းကျွယ် ... ငါ့ရဲ့ ရေဆန်ဓားကို ခုခံကြည့်စမ်း ..." ချန်းဖန်က လေကိုဝှေ့ယမ်းရင်း ရေကန်ကို ထိန်းချုပ်သည်။ မရေတွက်နိုင်သော ရေဆန်ဓားများက အတောမသတ် ဖြစ်ပေါ်လာကာ လဲ့ချန်းကျွယ်ထံ တိုးဝင်လာသည်။

"လာစမ်း ..."

လဲ့ချန်းကျွယ်ကား မျက်နှာတစ်ခုလုံး မည်းမှောင် နေခဲ့ပြီ ဖြစ်သည်။ သူက လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ သူ၏ လက်နှစ်ဖက်လုံးကား တန်ချိန်သန်းချီသော အရာတစ်ခုကို မတင်နေသည့် အလား ဖြည်းညင်းစွာ မြင့်တက်လာသည်။ ရုတ်တရက် မီတာ အနည်းငယ်ခန့်ထိ ထူသော ရေခဲနံရံ တစ်ခု ဖြစ်ပေါ်လာပြီး ရေဆန်ဓားသွား များကို ခုခံရန် ကြိုးစားသည်။ ထိုစွမ်းအားကား ရေခဲပြင်တွင် ဆယ်နှစ်ကျော်ကြာအောင် လေ့ကျင့် ရရှိခဲ့သော စွမ်းအားများပင် ဖြစ်သည်။

"ဘုန်း ..."

တစ်ထောင့်သုံးရာသော ရေဆန်ဓားသွား များက ရေခဲနံရံ ခုနစ်ခုကို ဖြတ်သန်းသည်။ နံရံခုနစ်ခု ထိကို ဖြတ်သန်းပြီး သည်နှင့် ရေဆန်ဓားသွား အရေအတွက်ကား ကိုးရာခန့် ကျန်ရှိနေသေးသည်။

"ကလစ် ... ကလစ် ... "

ရေဆန်ဓား များမှာ ရေများဖြင့် ဖန်တီးထားသည့်တိုင် သတ္တုသံများ ထွက်ပေါ်နေခဲ့သည်။ လဲ့ချန်းကျွယ်က နောက်ထပ် ချီကွန်ရက် တစ်ခုကို ဖန်တီးကာ ဓားသွားများကို တားဆီးသည်။ သို့သော် အရာမထင်ပေ။ ဓားသွားများက အရာအားလုံးကို ဖြတ်တောက်သည်။

ငါးရာခန့် ရှိနေ‌သေးသော ရေဆန်ဓားသွား များက အဆုံးမရှိသော အရောင်အဝါ များကို သယ်ဆောင်ရင်း လဲ့ချန်းကျွယ်ထံ တိုးဝင်လာသည်။

"ဘုန်း ..."

လဲ့ချန်းကျွယ်က မှန်ကန်ခြင်းလေးပါး အကာအကွယ် အရောင်အဝါကို ဖော်ထုတ်လိုက်သည်။ သူ၏ ‌ပတ်ဝန်းကျင် သုံးမီတာခန့်တွင် လေးထောင့်သဏ္ဌာန် မျဉ်းလေးကြောင်း ပေါ်လာပြီး ထိုအရာက အရာရာကို တားဆီးနိုင်ပုံ ရသည်။ အဝေးမှ ကြည့်လျှင် ထိုအကာအကွယ် အရောင်အဝါ အတွင်း၌ ထူထပ်သော ချီစွမ်းအင်များကို တွေ့မြင်ရသည်။ ထိုအရာများကား အစစ်အမှန် ချီစွမ်းအင်များပင်။ ထိုအရာ များကား သံမဏိထက်ပင် ပိုမိုအစွမ်းထက်ကာ မာကျောသည်။ ထို အကာအကွယ်မှာ ကျည်ဆန်ကိုပင် ရပ်တန့်နိုင်သည်။

မှန်ကန်ခြင်းလေးပါး အရောင်အဝါကြောင့် သာလျှင် ယခုခေတ်၌ အထွတ်အထိပ် အဆင့် ပညာရှင်များမှာ လူအများ၏ လေးစားမှုကို ရရှိနေရခြင်း ဖြစ်သည်။

ထက်မြက်သော ရေဆန်ဓားသွား များကား ထို အကာအကွယ်ကို ထိုးဖောက်ရန်ပြင်သည်။ ဓားသွား တော်တော်များများမှာ အားအင်ကုန်ခန်း၍ ရေထဲသို့ ကျသည့်တိုင် အကာအကွယ် အရောင်အဝါ မှာလည်း တဖြည်းဖြည်း ပါးလွှာနေခဲ့ပြီ ဖြစ်သည်။

လဲ့ချန်းကျွယ်နှင့် သုံးမီတာခန့် အကွာအဝေး၌ ဓားသွားငါးရာ ရှိသေးသော်လည်း နှစ်မီတာခန့် အကွာတွင်မူ ဓားသွား သုံးရာခန့်သာ ရှိတော့သည်။ မီတာတစ်ရာခန့် အရောက်တွင်ကား ဓားသွား တစ်ရာမျှသာ ရှိတော့သည်။

အကာအကွယ် အရောင်အဝါကို ချိုးဖျက်ပြီးသည်နှင့် ဓားသွား ဆယ့်ကိုးခုသာ ရှိတော့သည်။ လဲ့ချန်းကျွယ်က အစစ်အမှန် ချီစွမ်းအင်ကို မထုတ်ဖော်ပဲ ခန္ဓာကိုယ်ဖြင့် ထိုဓားသွားများကို ခံယူသည်။

"ချန်းပေ့ရွှမ်း ...  လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း အချိန်တွေကို အလကား ဖြုန်းတီးနေတယ်လို့ ထင်နေလား” လဲ့ချန်းကျွယ်က ခြေတစ်လှမ်းတိုးရင်း မာနကြီးစွာ ပြောသည်။

"ငါက ဝန်ရိုးစွန်းမှာ အဆုံးမဲ့ လေ့ကျင့်ခဲ့ပြီးပြီ။ ငါ့ခန္ဓာကိုယ်က ကြံ့ခိုင်မှု မရှိပဲ ဝင်ရိုးစွန်း ဒေသမှာ ဆယ်နှစ်ကျော် နေနိုင်လိမ့်မယ်လို့ ထင်နေလား”

သူကား အထွတ်အထိပ် အဆင့်တစ်ယောက် ဖြစ်သည့်အပြင် ခန္ဓာကိုယ် သန့်စင်လေ့ကျင့်သည့် ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်သည်။

"ဒါပေမဲ့ လူတစ်ယောက်က အထွတ်အထိပ် အဆင့်တစ်ယောက် ဖြစ်တဲ့အပြင် ဓမ္မ ကျင့်ကြံခြင်းရဲ့ ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်အောင် ကျင့်ကြံနိုင်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။ မင်းရဲ့ ဓမ္မ အစီအရင် စွမ်းအားနဲ့ သိုင်းပညာနှစ်ခု ပေါင်းစပ်ထားတဲ့ စွမ်းအားကို လေးစားတယ်။ ဒါပေမဲ့ ကံမကောင်းတာက မင်းက ငါနဲ့ လာတွေ့ နေခဲ့တာပဲ”

"အဲလိုလား ..."

ချန်းဖန်က တည်ငြိမ်စွာ ပြန်ပြောရင်း ရေပြင်ကို လက်ဖြင့် အသာအယာထိသည်။ ရေအိုင်ကြီးထဲမှ ရေများက လေပေါ်သို့ မြောက်တက်လာကာ ကြီးမားသော ရေထုထည်ကြီး တစ်ခု ဖြစ်ပေါ်လာသည်။ ရေထုထည်ကြီးကား အလွန်ပင် ကြီးမားလွန်းပြီး ကူးခပ်နေသော ငါးများ၊ ပုစွန်များကိုပင် အတိုင်းသား တွေ့မြင်နိုင်သည်။ ရေထု၏ အနားစွန်းများက တဖြည်းဖြည်း သိပ်သည်းလာကာ ဓားပုံသဏ္ဌာန် တစ်ခုကို ဖွဲ့စည်းသည်။

ကောင်းကင်တွင် ဓားသဏ္ဌာန်ကို ဖွဲ့စည်း ပြီးသည်နှင့် ဓားလှိုင်းတစ်ခုက မိုးရွာသွန်း သကဲ့သို့ ဖြာထွက်လာသည်။

လူတိုင်းက ထိုမြင်ကွင်းကို ကြည့်ရင်း သွေးပျက်သလို ခံစားနေရသည်။ ထိုအရာကား အထွတ်အထိပ် အဆင့်များ၏ တိုက်ပွဲထက် နတ်ဘုရားများ ကြားမှ စစ်ပွဲတစ်ခု ဟုပင် ခေါ်သင့်သည်ဟု သူတို့ တွေးတောနေမိသည်။ ထိုတိုက်ပွဲမှာ လွန်ခဲ့သည့် ဆယ့်ခုနစ်နှစ်က လဲ့ချန်းကျွယ်နှင့် ယဲ့နန်ထန်း တို့၏ တိုက်ပွဲထက် ပို၍ပင် ပြင်းထန်လွန်းသည်။

"လဲ့ချန်းကျွယ် ... ဒီဓားသွားက အထွတ်အထိပ် အဆင့်တစ်ယောက်ကို အေးအေးဆေးဆေး သတ်နိုင်တယ်။ ခင်ဗျား လက်ခံလား” ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း တည်ငြိမ်စွာ မေးသည်။ သူက ရေကန်ထဲရှိ ရေများကို ထုတ်ယူ သိပ်သည်းပြီး ဓားသွားသဏ္ဌာန် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ထိုဓားသွားမှာ ကမ္ဘာပေါ်ရှိ အထွတ်အထိပ် အဆင့်အားလုံးကို သတ်ဖြတ်ရန် စွမ်းအား အလုံအလောက် ရှိပေသည်။

လဲ့ချန်းကျွယ်ကား စိတ်လှုပ်ရှားနေခဲ့ပြီ ဖြစ်ကာ သူ၏ မျက်နှာကလည်း လွန်စွာ ဖျော့တော့နေခဲ့သည်။ ‌အရေးပေါ် အခြေအနေ တစ်ခုက သူ၏ နှလုံးသားတွင် ခံစားဖြစ်ပေါ် နေခဲ့သည်။

***

All Chapters