ဟောင်မိသားစုတွင် တွေ့ဆုံခြင်း
Vol. 3 Ch. 201
G550 လေယာဉ်သည် မြေပြင်ပေါ်သို့ ဖြေးညင်းစွာ ဆင်းသက်လာသည်။ ထို လူ(၁၈)ယောက် ဆန့်သော G550 လေယာဉ်သည် ကမ္ဘာပေါ်တွင် စျေးအကြီးမြင့်ဆုံး ဇိမ်ခံလေယာဉ် ဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း(၅၀)ကျော် တန်ဖိုးရှိသည်။ လေယာဉ်တံခါး ပွင့်သွားပြီးနောက် ဆံပင်အဖြူရောင် ရှိပြီး ချောမောသည့် လူငယ်လေး ထွက်လာခဲ့သည်။ ထိုလူငယ်၏ မျက်လုံးများသည် နက်မှောင် စူးရှနေသည်။ ထိုလူငယ်၏ နောက်တွင် တူညီဝတ်စုံ ဆင်ထားကြသော မိန်းမနှင့် ယောက်ျားအုပ်စုလိုက် ပါလာကြသည်။ ထိုအုပ်စုထဲတွင် ပါကြသော ယောက်ျားများသည် အရပ်ရှည်ပြီး မျက်နှာ ခက်ထန်ကြသည်။ ထိုအုပ်စုထဲမှ မိန်းမ(၇)ယောက်သည် နောက်ခံ အမျိုးမျိုးမှ လာကြသူများ ဖြစ်ပြီး အာရှ၊ အာဖရိကနှင့် အိန္ဒိယ ဥရောမျိုးနွယ်များ ဖြစ်ကြသည်။ လူမျိုးကွဲပြား သော်လည်း သူတို့အားလုံးတွင် တူညီသည့် အချက်ရှိသည်။ ထိုမိန်းကလေးများ အားလုံးသည် အရပ်ရှည်ကြပြီး တင်းတင်းကျပ်ကျပ် စကက်များ ဝတ်ဆင်ထားကြပြီး အနက်ရောင် မျက်မှန်များကို တပ်ဆင်ထားကြသည်။ ရုပ်ရည်ချောမောသည့် ထိုလူငယ်လေးသည် ခြေလှမ်းတိုင်းကို မာန်အပြည့်နှင့် လျှောက်သွားသည်။ လေဆိပ်ဝန်ထမ်းများ အားလုံးက သူ့ကို ခေါင်းငုံ့ကာ အရိုအသေ ပေးကြသည်။ “ဇိုရိုဆိုတာ သူပဲ၊ အနောက် ဥရောပက ဌာနခွဲတိုင်းကို သူပဲ ချုပ်ကိုင်ထားတာ။ သူ့ကို တစ်နှစ်ကို တစ်ကြိမ်တောင် ပြန်မလာပါဘူး၊ ကြည့်ရတာ ကိစ္စ ကြီးကြီးမားမား ဖြစ်လာတော့မယ်နဲ့ တူတယ်”
အစောင့်များက တီးတိုး ပြောနေကြတယ်။
“ဟီးဟီး။ ဇိုရိုက မိန်းမတွေကို တပ်မက်တယ်ဆိုတာ တကယ်နေမှာ။ ကြည့်ပါလား သူငှားထားတဲ့ မိန်းကလေးတွေ အားလုံးက လှလည်းလှတယ်။ တော်လည်းတော်တယ်။ သူတို့တွေထဲမှာ အနောက် ဥရောပက တော်ဝင် မိသားစုရဲ့ သမီးတောင် ပါတယ်။ သူဘယ်သွားသွား ဒီမိန်းကလေးတွေကို ခေါ်သွားတာ။ မင်းဒီ အကြောင်းတွေ ညမှာ မတွေးမိ စေနဲ့နော်”
“ဟေ့ဟေ့ အင်း တော်လိုက်တော့၊ ငါတို့ သတ်ခံ နေရလိမ့်မယ်။ ဇိုရိုက သူ့ရဲ့ မိန်းကလေးတွေ အကြောင်းပြောတာ မကြိုက်ဘူး”
အစောင့်ထဲမှာ အကြီးဆုံး ဖြစ်တဲ့ လူကြီးက တူးပဲ့ ကိုပြောလိုက်သည်။
“ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် သေရတတ်တယ်” ဟုပြောလိုက်သောအခါ တူးပဲ့သည် ထိတ်လန့်သွားပြီး ဘာအသံမျှ ထွက်မလာတော့ပေ။
အနောက်အာဖရိက၊ မြောက်အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့အာရှ၏ အကြီးအကဲ အားလုံး ဤနေရာသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
အသက်အကြီးဆုံး အစောင့်က …
“ဒီလို အကြီးအကဲတွေ အကုန် ရောက်နေကြတာ သာမန်တော့ မဖြစ်နိုင်ဘူး။ ဘာလို့ ခုလိုမျိုး စုဝေးနေကြတာပါလိမ့်။ လဲ့ချန်းကျွယ် သေပြီဆိုတဲ့ သတင်းက အမှန်ပဲလား” ထိုလူကြီး ပြောသောစကားကို ကြားပြီး လူများအားလုံး တိတ်ဆိတ် သွားကြသည်။
“မဖြစ်နိုင်ပါဘူး၊ လဲ့ချန်းကျွယ်က ဟောင်ဂိုဏ်းမှာ အတော်ဆုံး တိုက်ခိုက်ရေး သမားပဲ။ ဘယ်သူကသူ့ကို ယှဉ်နိုင်မှာလဲ” တိတ်ဆိတ် နေကြသော လူအုပ်ကြီးသည်လည်း ဆွေးနွေးသံ များဖြင့် ဆူညံလာသည်။
လဲ့ချန်းကျွယ်သည် ဟုန်မိသားစုတွင် အတော်ဆုံးသူ ဖြစ်သည်။ သူရှိနေသည့် အတွက်ကြောင့်သာ အီတလီရှိ လူဆိုးဂိုဏ်းများက ကနေဒါသို့ မကျူးကျော်ရဲကြ ဖြစ်သည်။
“လဲ့ချန်းကျွယ်သာ အသက်ရှင် နေသေးတယ် ဆိုရင် လက်အောက်ခံ အဖွဲ့ခွဲတွေရဲ့ ခေါင်းဆောင်တွေကို အခုလို ဆင့်ခေါ်မှာ မဟုတ်ဘူး” ထိုစကားကို ကြားပြီးနောက် လူတိုင်း၏ မျက်နှာတွင် အကြောက်တရားများ ပေါ်လာကြသည်။
လဲ့ချန်းကျွယ်၏ သေဆုံးမှုသည် ဟောင်ဂိုဏ်း၏ အင်အားကို မတည်မငြိမ် ဖြစ်စေသည်။ ကနေဒါမှာ ရှိသော သူတို့ ပိုင်ဆိုင်သည့် နယ်မြေများ ကိုလည်း ဆုံးရှုံး သွားရနိုင်သည်။
ဟောင်ဂိုဏ်းသည် သူတို့၏ အခြေစိုက် စခန်းကို ကျွန်းငယ်တစ်ခု ပေါ်တွင် တည်ဆောက်ထားသည်။ ကျွန်းပေါ်တွင် ရှိသော တောင်ကို အခေါင်းပေါက် ဖောက်ကာ ထိုတောင်ထဲတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ထိုစခန်းကို အခိုင်အမာ တည်ဆောက်ထားသည့် အတွက် ထိုစခန်းသည် နယူးကလီးယား ဒဏ်ကိုပင် ခံနိုင်သည်။ ကျွန်းပေါ်တွင် လူအင်အား ထောင်ပေါင်းများစွာ ရှိပြီး အကုန်လုံးကို အမေရိကမှ ခေတ်မီလက်နက် များဖြင့် အင်အားဖြည့် ထားသည်။ ထိုလူထဲမှ တချို့သော တပ်သားများသည် အမေရိကန် စစ်သားများ ထက်ပင် ပိုသန်မာကြသည်။
ဟောင်ဂိုဏ်း၏ လူအင်အားသည် မြို့တစ်မြို့စာပင် ရှိသည်။
ထိုစဉ် မြေအောက်ခြေစိုက် စခန်း၏ အစည်းအဝေးခန်း ထဲတွင် အကြီးအကဲ များက ဆွေးနွေးနေကြသည်။ အစည်းအဝေးခန်း၏ တံခါးပွင့် သွားပြီး ဆံပင်အဖြူရောင် ရှိသော ရုပ်ချောမောသည့် လူငယ်သည် အမည်းရောင် ဝတ်စုံဝတ်ထားသော မိန်းကလေးများ ခြံရံ၍ အခန်းထဲသို့ ဝင်လာသည်။
တရုတ်ရိုးရာ ဝတ်စုံ ဝတ်ဆင်ထားသော လူအိုကြီးသည် စားပွဲ၏ ထိပ်ဆုံးတွင် ထိုင်ကာ မျက်ခုံးတွန့်ရင်း “ဇိုရို မင်းနောက်ကျပြန်ပြီ”
“ဘော့စ်ရယ် အဲတာကျတော့ အမှားမှ မဟုတ်တာ။ အင်္ဂလန်က ဟိုခွေးကောင် တွေကိုပြော ...”
ဇိုရို သူ့၏ နေရာတွင် ထိုင်ပြီးသောအခါ ဒေါက်မြင့် စီးထားသော မိန်းကလေးသည် ဆွဲဆောင်မှု ရှိစွာဖြင့် ဇိုရိုဆီသို့ လျှောက်လာပြီး သူ့၏ ဝိုင်ခွက်ထဲသို့ ဝိုင်ကို ငှဲ့ပေးလိုက်သည်။
ဇိုရိုသည် ဝိုင်ခွက်ကို မသောက်သေးပဲ လက်ဖြင့် ကိုင်ထားကာ သူ့ရှေ့တွင် ရှိသော လူများကို အကဲခတ်နေသည်။ အခန်းထဲတွင် ရှိသော လူအများစုသည် ထိုင်ခုံတွင် ထိုင်နေသော လူခုနစ်ယောက်၏ နောက်တွင် ရိုရိုသေသေ ရပ်နေကြသည်။ ထိုခုနစ်ယောက်တွင် မိန်းမတစ်ယောက် ပါဝင်ပြီး သူတို့သည် လက်အောက်ခံ အဖွဲ့ခွဲများမှ ခေါင်းဆောင်များ ဖြစ်ကြသည်။ ထိုခုနှစ်ယောက်သည် လူမျိုး မတူညီကြ၊ အာရှ၊ လူဖြူ၊ လူမည်း အကုန်ပါဝင် ကြသည်။ လဲ့ချန်းကျွယ် ထိုင်သည့်နေရာ တွင်မူ ရိုမန်က နေရာယူထားသည်။
ဟောင် အဖွဲ့အစည်းသည် ပြည်တွင်းသာမက နိုင်ငံတကာ အထိ ကျော်ကြားသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။
“အင်္ဂလန်မှာ ပြဿနာတွေ ထပ်ဖြစ်ပြန်ပြီလား” တရုတ်ရိုးရာ ဝတ်စုံဆင် ထားသော အဘိုးကြီးက မေးလိုက်သည်။
“ဒီလို အရေးမပါတဲ့ ကိစ္စတွေအတွက် ငါတို့မှာ အချိန်မရှိဘူး။ ဒီနေ့အတွက် အရေးကြီးတာက အစ်ကိုလဲ့ သေဆုံးမှုနဲ့ မြောက်ကနေဒါ အကြောင်း ဆွေးနွေးဖို့ပဲ”
“လဲ့ချန်းကျွယ် သေပြီလား” ဆွဲဆောင်မှု ရှိသော မိန်းမသည် အံ့ဩစွာ မေးလိုက်သည်။ သူမသည် ထောက်ဖိနပ်ကို စီးထားပြီး စကက်အတိုကို ဝတ်ဆင်ထားသည့် အတွက် သူမ၏ ဖြူဖွေး သွယ်လျသော ပေါင်တံလေးသည် ဆွဲဆောင်မှုရှိနေသည်။
ဇိုရိုက သူမကို အရှေ့အလယ်ပိုင်းအုပ်စုခွဲ၏ ခေါင်းဆောင်ဖြစ်သော အိုဂါဆိုသည့် မိန်းကလေးဖြစ်ကြောင်း မှတ်မိသွားသည်။ သူမသည် ဟောင်အဖွဲ့ခွဲများ၏ ခေါင်းဆောင်များ ထဲတွင် တစ်ယောက်တည်းသော မိန်းကလေးဖြစ်သည်။ သူမသည် ငယ်ရွယ်လှပကာ ဆွဲဆောင်မှုရှိပြီး အရည်အချင်း ရှိသူဖြစ်သည်။ မရေမတွက် နိုင်သော ယောက်ျားသည် သူမ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ သူမသည် မီးစွမ်းအင်ကို ကျွမ်းကျင်စွာ တတ်မြောက်သောသူ ဖြစ်ကြောင်းလည်း သတင်းထွက်ခဲ့သည်။
“ငါ ဆရာလဲ့ရဲ့ ခန္ဓာကိုယ်ကို တစ်ခါတည်း သယ်လာခဲ့တယ်” ရိုမန်သည် အေးစက်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
“ငါလုံးဝကို မယုံနိုင်ဘူး။ လဲ့ချန်းကျွယ်က ငါတို့ဂိုဏ်းရဲ့ အတော်ဆုံး တစ်ယောက် မဟုတ်ဘူးလား“
နီညိုရောင် ဆံပင်ရှိသော မိန်းကလေးသည် မယုံကြည်စွာဖြင့် ပခုံး တွန့်လိုက်သည်။
“ငါတို့ရဲ့ ဘယ်အတိုက်အခံ အဖွဲ့က ဒီလိုဖြစ်အောင် လုပ်လိုက်တာလဲ။ နဂါးခန်းမလား၊ မျှော်စင်အဖွဲ့ ကလား” ခန္ဓာကိုယ် ကြီးမားတောင့်တင်းသော လူကြီးသည် အော်ဟစ် မေးလိုက်သည်။ ထိုလူကြီးသည် အရပ် နှစ်မီတာခန့် ရှည်လျားပြီး ကြွက်သားများဖြင့် ပြည့်နှက်ကာ ကြီးမားကြံ့ခိုင်လှသည်။ ထိုသူသည် "ဘတ်" ဆိုသူဖြစ်ပြီး မြောက်အာဖရိကအဖွဲ့ခွဲ၏ ခေါင်းဆောင်ဖြစ်သည်။
ဇိုရိုသည် ထိုလူမည်းကြီး၏ စွမ်းအားကို တွေးမိပြီး မျက်လုံးထဲတွင် လက်ခနဲ ဖြစ်သွားသည်။
ထိုလူကြီး၏ ခန္ဓာကိုယ်သည် သေနတ်ကျည်ဆန် များပင် မဖောက်နိုင်ဟု ကောလာဟလက ထွက်ခဲ့သည်။ မြောက်အာဖရိကမှ ရန်သူများသည် သူ့ကို လုပ်ကြံရန် လူသတ်သမား ငှားကာ လုပ်ကြံ ခိုင်းခဲ့သော်လည်း သေနတ်ကျည်ဆန်က သူ၏ ဦးခေါင်းကို မဖောက်နိုင်သောကြောင့် မသေခဲ့ပေ။ ထိုလုပ်ကြံသူကို ဘတ် ကိုယ်တိုင် ဖမ်းဆီးခဲ့ပြီး သူကိုယ်တိုင် အပိုင်းပိုင်း ဖြတ်ကာ သတ်ပစ်ခဲ့သည်။
“သူကခွေးရူးလိုပဲ။ ငါသူနဲ့တော့ မပတ်သက်ချင်ဘူး” ဇိုရိုက သူ့စိတ်ထဲတွင် တွေးတောနေသည်။
ဇိုရို ဝိုင်နည်းနည်း သောက်လိုက်ပြီး ခေါင်းခါလိုက်သည်။
“နဂါးခန်းမ ကလည်း မဟုတ်ဘူး။ တရုတ်ပြည် ကလည်း မဟုတ်ဘူး”
“ကောင်လေး တစ်ယောက်ကြောင့် အသက်(၂၀)တောင် မပြည့်သေးတဲ့ ကောင်လေးတစ်ယောက် ကြောင့်ကွ” ဟု ရိုမန်က လူသတ်ချင်နေသော မျက်နှာပေးနှင့် ပြောလိုက်သည်။
“အသက် (၂၀)တောင် မပြည့်သေးဘူး။ ဟုတ်လား။ ဘယ်လို ဖြစ်နိုင်မှာလဲ” လူတိုင်း ထိုသတင်းကြောင့် ထိတ်လန့်သွားသည်။ ဇိုရိုပင်လျှင် ထိုသတင်းကို အံ့ဩ သွားခဲ့သည်။ တရုတ်ရိုးရာ ဝတ်စုံဝတ်ဆင် ထားသော အဘိုးကြီး သာလျှင် အထိတ်တလန့် မဖြစ်ဘဲ တည်တည်ငြိမ်ငြိမ် နေနိုင်လေသည်။
“တရုတ်ပြည်က အတော်ဆုံးဆိုတဲ့ ယဲ့နန်ထန်း တောင်မှ အသက်၃၀ပြည့်တဲ့ အထိ အထွတ်အထိပ် မဖြစ်သေးဘူး။ လဲ့ကျင်းကျူးလို လူမျိုးကို သတ်ဖို့မပြောနဲ့ ခြိမ်းခြောက်ရဲတဲ့ သူတောင် တော်တော်ရှားတယ်” ဟု ဘတ်က ထိတ်လန့်စွာနှင့် ပြောလိုက်သည်။
“ငါ ငါ့မျက်လုံးနဲ့ တပ်အပ်မြင် ခဲ့လို့သာ ငါလည်းယုံတာ။ ချန်ပေ့ရွှမ်းရဲ့ စွမ်းအားက ငါတို့ ထင်ထားတာထက် အများကြီး ပိုတယ်။ ငါလောင်းရဲတယ်။ အဲကောင်လေး နတ်ဘုရား အဆင့်ကို ရောက်နေလောက်ပြီ” ရိုမန် စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။
“ချီးပဲ၊ နတ်ဘုရားအဆင့် ပညာရှင်တွေက သာမန်ပညာရှင် တွေနဲ့ မိုးနဲ့မြေလိုပဲ။ သူတို့ရဲ့ စွမ်းအားက နတ်တစ်ပါးလိုပဲ။ ဘယ်လိုလုပ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်ဘုရား အဆင့်ကို ရောက်နေတာလဲ”
ဇိုရိုကလည်း စိတ်ထဲမှာ ထိုအကြောင်းကိုသာ တွေးတော စဉ်းစားနေမိသည်။
သူပင်လျှင် အသက်၃၀ ပြည့်သွားသည် အထိ အထွတ်အထိပ် အဆင့်ကိုပင် မရောက်သေးပေ။ သူကဲ့သို့ မိုးကြိုးစွမ်းအင် ပိုင်ဆိုင်သောသူသည် ဟောင်အဖွဲ့အစည်းရှိ အခြားသော ပညာရှင်များထက် ပိုပါရမီ ရှိသောသူ ဖြစ်သည့်အတွက် တစ်နေ့တွင် နတ်ဘုရား အဆင့်သို့ ရောက်နိုင်လိမ့်မည်ဟု သူ့ကို မျှော်လင့်ထားကြသည်။
သို့သော် သူ၏စွမ်းအင်သည် ချန်းပေ့ရွှမ်းနှင့် ယှဉ်လိုက်ပါက မိုးနှင့်မြေပင်။ အသက် (၂၀)နှင့် နတ်ဘုရားအဆင့်သို့ ရောက်နေသောသူကို သူ့တစ်သက်တွင် မကြားဖူးပေ။
“အဲကောင်လေး နတ်ဘုရား အဆင့်ကို မရောက်လောက်သေးဘူး၊ သူနတ်ဘုရား အဆင့်ကို မရောက်ခင် ငါတို့ကြိုးစားပြီး သတ်ပစ်ရမယ်။ မဟုတ်ရင် နောင်တစ်ချိန်မှာ ငါတို့အတွက် ပြဿနာကြီး ဖြစ်လာနိုင်တယ်” ပိန်လှီနေသော အဘိုးကြီးက အေးစက်စွာပြောလိုက်သည်။
ထိုအဘိုးကြီး၏ ခန္ဓာကိုယ်မှ အေးစက်သည့် စွမ်းအင်များ ဖြာထွက်နေသည်။
အခြားအဖွဲ့ ခေါင်းဆောင်များ ကလည်း သဘောတူ ခေါင်းညိတ်ကြသည်။ သူတို့အားလုံး ပူးပေါင်း တိုက်ခိုက်ပါက ချန်ပေ့ရွှမ်းကို အနိုင်ရ လိမ့်မည်ဟု ယုံကြည်ကြသည်။
အဖွဲ့ခွဲ ခေါင်းဆောင်၏ စွမ်းရည် တစ်ခုတည်းကပင် လုမိသားစုကို ပြိုလဲ စေနိုင်သည်။ ဟုန် အဖွဲ့အစည်း၏ စုစုပေါင်း အင်အားသည် နိုင်ငံ တစ်နိုင်ငံစာပင် ရှိသည်။
ဟုန် အဖွဲ့အစည်းသည် အင်အားကြီးမား သော်လည်း တရုတ်ကဲ့သို့ နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် အင်အားကြီး နိုင်ငံကြီးကို မယှဉ်ရဲပေ။
“ငါတို့ ချန်ပေ့ရွှမ်းနဲ့ တိုက်ရိုက် မရင်ဆိုင်ခင် သေချာ အစီအစဉ် ဆွဲထားရမယ်။ သူ့ကို တရုတ်ပြည်ကနေ ငါ့တို့ပိုင်နက်ထဲ မျှားခေါ်ပြီး သတ်ပစ်ရမယ်”
“ငါတို့မျှားခေါ်တာ ရိပ်မိပြီး တရုတ်ပြည်က မထွက်လာရင်ရော …”
“ဒါဆို ငါတို့က မထွက်ထွက်အောင် တွန်းအားပေးရုံပေါ့ …” အဘိုးအိုသည် ပြုံရင်း ပြောလိုက်သည်။
“ငါ့ ချန်ပေ့ရွှမ်းကို သတ်ပေးနိုင်တဲ့ သူကို ဒေါ်လာ တစ်ဘီလီယံ ပေးမယ်လို့ ကြေညာပြီးပြီ၊ လူသတ်သမားတွေ လုပ်ကြံသူတွေက ဆုငွေလိုချင်လို့ ချန်ပေ့ရွှမ်းကို သတ်ကြလိမ့်မယ်။ စောင့်ကြည့်နေလိုက်။ ငါတို့တောင် အပင်ပန်း ခံစရာ မလိုပဲနဲ့ ချန်ပေ့ရွှမ်း သေသွားလိမ့်မယ်”
ထိုအခါမှ အခန်းထဲရှိ လူအားလုံး သက်ပြင်းချပြီး စိတ်သက်သာရာ ရသွားကြသည်။
“သနားစရာ ချန်ပေ့ရွှမ်းလေး …” ဟု နီညိုရောင် ဆံပင်နှင့် မိန်းမသည် တိုးတိုးလေး ရွတ်နေသော်လည်း သူ့စိတ်ထဲတွင်မူ ပျော်ရွှင်နေကာ မျက်လုံးများ ကလည်း အရောင်တောက်လာသည်။
ဟောင် အဖွဲ့အစည်းသည် ဒေါ်လာ ထရီလီယံ များစွာ ကြွယ်ဝချမ်းသာသော အဖွဲ့အစည်းကြီး ဖြစ်ပြီး အမှောင်ဒုစရိုက် လောကနှင့် ပတ်သက်နေသည့် အဖွဲ့အစည်းကြီး ဖြစ်သည်။
***