သေဆုံးမှုသတင်းများ “တုကွန်းရော ဘယ်လိုလဲ” ဝမ်ဝေ့က ခေါင်းစဉ်ကို လွဲကာမေးလိုက်သည်။ “သူမက တားမြစ်တိုက်ခိုက်ရေးအဆင့်အတွက် ပြင်ဆင်နေတာ” မုန့်ခယ်က ပြုံးကာ ပြောလိုက်၏။ “အိုး သူမက ဘယ်နည်းလမ်းကို သုံးလိုက်တာလဲ” “မျိုးနွယ်က သူမအတွက် ခရမ်းရောင်ချီလင်ကို ပြင်ဆင်နေတယ်လေ” မုန့်ခယ်က ရှင်းပြလိုက်သည်။ “ခရမ်းရောင်ချီလင်လား။ တကယ်လို့ ငါ မှန်းတာမှန်တယ်ဆိုရင် အဲ့ဒီသက်ရှိတွေက သေမျိုးတွေအပါအဝင် လူအမျိုးမျိုးကို ကောင်းချီးပေးရတာ ကြိုက်တဲ့ အမျိုးအစားပဲ” ဝမ်ဝေ့က ပြောလိုက်၏။ ခရမ်းရောင်ချီလင်က ကံကောင်းမှု ချီလင်ဟု သိကြပြီး သူတို့က တခြားသူများအား ကံကောင်းမှုနှင့် ချမ်းသာကြွယ်ဝမှုကို ကောင်းချီးပေးနိုင်စွမ်း ရှိသည်။ သို့သော်လည်း ထိုချီလင်အမျိုးအစားက ကောင်းချီးမျိုးအစားများစွာ ရှိပြီး ထိုအရာထဲတွင် ကျင့်ကြံဆင့်တိုးမြှင့်မှုနှင့် တိုက်ခိုက်ရေးအဆင့် တိုးမြှင့်မှုတို့လည်း အပါအဝင် ဖြစ်သည်။ “ဟုတ်တယ်။ သူတို့က သူမရဲ့တာအိုနဲ့ ပြီးပြည့်စုံအောင် တွဲပေးခဲ့တာ။ အဲဒါကြောင့် မျိုးနွယ်က သူတို့ကို ရွေးချယ်ပေးခဲ့တာလေ။ အစီအစဉ်ကတော့ ချီလင်ကို စံပြအဆင့်ထိရောက်အောင် ပြုစုပျိုးထောင်ပြီးတော့ တုကွန်းက ဝိညာဉ်ဆက်နွယ်မှုကို သုံးပြီးတော့ သူမရဲ့ တည်ရှိမှုထဲ ဖြည်းဖြည်းချင်း စုပ်ယူဖို့ပဲ” မုန့်ခယ်က ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။ “အဲဒါက မဆိုးပါဘူး။ ဒါပေမဲ့ သူမ သတိထားသင့်တယ်။ အဲ့ဒီသက်ရှိက သူမနဲ့ ဆက်နွယ်မှုရှိသွားတယ်ဆိုရင်တောင် သေဆုံးလုနီးပါးဖြစ်လာတဲ့အချိန်မှာ အသက်ရှင်လိုစိတ်က အလိုလိုဝင်လာမှာပဲ။ တကယ်လို့ သူမ သတိမထားမိဘူးဆိုရင် သူမကို ဝါးမျိုပစ်သွားနိုင်ချေရှိတယ်” ဝမ်ဝေ့က သတိပေးလိုက်သည်။ “ကျုပ်တို့လည်း အဲဒါကို သိတယ်။ အဲဒါကြောင့် အချိန်ယူပြီးတော့ ပြင်ဆင်နေတာ” “အဲဒါဆို တော်သေးတာပေါ့။ သူမကို ကံကောင်းပါစေလို့ ဆုတောင်းစကားပြောပေးပါဦး” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ နှစ်ဦးသားက နာရီပိုင်းခန့်ပြောဆိုပြီးသည့်နောက်တွင် ဝမ်ဝေ့က ထွက်ခွာသွားလေ၏။ သူက စုတန်တန်နှင့် တွေ့ဆုံဖို့ ရှိနေသေးသည်။ သူမက သူပြန်လာသည်အထိ စိတ်ရှည်လက်ရှည်နှင့် စောင့်ဆိုင်းနေလေ၏။ “ငါ မင်းနဲ့ ဘာလို့စကားပြောချင်တာလဲဆိုတာ သိလား” ဝမ်ဝေ့က သူမအား ထိုင်ဖို့ အချက်ပြရင်း ပြောလိုက်သည်။ “အဲဒါက ရှေးဦးခန္ဓာစံအိမ်နဲ့ ပတ်သက်နေမယ်လို့ ထင်ပါတယ်” စုတန်တန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ “ဆက်ပြောလေ” “ကျွန်မကို သူတို့ဆီ ဝင်စေချင်တာလား” “ဟုတ်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ “ငါတို့ရဲ့ကမ္ဘာမှာ ကပ်ဘေးကြုံရတော့မှာ။ ငါတို့ဂိုဏ်းအနေနဲ့ ပျက်သုန်းသွားနိုင်တဲ့ အခြေအနေမျိုးအတွက် နည်းဗျူဟာတစ်ခုပြင်ဆင်ထားတာ အကောင်းဆုံးပဲ” စုတန်တန်က ထိုစကားများကို ကြားပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။ “ငါက အပိုတွေ လုပ်နေတာလို့ ထင်နေတာလား” “ကျွန်မတို့ဂိုဏ်းက အားအကောင်းဆုံး အာဏာရှင်ထဲက တစ်ယောက်လေ ဘယ်လိုလုပ် ပျက်သုန်းမှုနဲ့ ရင်ဆိုင်ရမှာလဲ” “မင်းက အခုမငြိမ်းသက်နိုင်ဖွယ်စံပြ ဖြစ်နေပြီဆိုတော့ မင်း သိနိုင်တဲ့ ကိစ္စတချို့ရှိလာပြီ” ဝမ်ဝေ့က ကမ္ဘာကြီး မကြာမီရင်ဆိုင်ရမည့် ကပ်ဘေးအကြောင်း အကြမ်းဖျဉ်းရှင်းပြထားသည့် သတင်းအချက်အလက် အဆောင်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ စုတန်တန်က ထိုသတင်းအချက်အလက်ကို ဖတ်ရှုပြီးသည်နှင့် မျက်နှာအမူအရာပြောင်းလဲသွားလေ၏။ “ဒီလောက်လျှို့ဝှက်ချက်တွေ အများကြီးနဲ့ ဆန်းကျယ်မှုတွေအများကြီး ပါဝင်နေလိမ့်မယ်လို့ ထင်မထားမိဘူး” သူမက ရေရွတ်လိုက်သည်။ “ဖရိုဖရဲဖြစ်မှုနဲ့ အန္တရာယ်က ငါတို့အတွက် အခွင့်အရေးတစ်ခုပဲ။ ဒါပေမဲ့ ငါတို့တွေက အဆိုးဆုံးအခြေအနေတစ်ခုအထိ ပြင်ဆင်ထားဖို့ လိုတယ်။ အဲဒါကြောင့် စံအိမ်က အသုံးဝင်လာတာပဲ” စုတန်တန်က ပြောလိုက်သည်။ “ကျွန်မက စံအိမ်ကို ဝင်ရောက်ဖို့ ပြဿနာမရှိပါဘူး” သူမက ဂိုဏ်း၏ တစိတ်တပိုင်းဖြစ်သည့်အတွက် သူမ လုပ်နိုင်လိုသည့်အရာဖြင့် အကျိုးပြုလိုလေသည်။ “ဒါပေမဲ့ ကျွန်မက အဲဒါကို … အင်း ခေါင်းဆောင်လည်း သိပါတယ် ...” “မဟုတ်ဘူး။ မင်း ပိလုံရှန့်နဲ့ လက်ထပ်စရာမလိုဘူး။ အဲဒါက ငါတို့ မလိုချင်ဆုံးအရာတစ်ခုပဲ” ဝမ်ဝေ့က ချက်ချင်း ပြောလိုက်သည်။ “အဲဒါဆို တော်ပါသေးတယ်” စုတန်တန်က သက်ပြင်းချလိုက်လေ၏။ ပိလုံရှန့်က ရုပ်ချောကာ ဆွဲဆောင်မှုရှိပြီး အားကောင်းကာ ဟွင်သွမ်းစကြဝဠာကြီးတွင် အကောင်းဆုံးနောက်ခံကို ပိုင်ဆိုင်ထားသူ ဖြစ်၏။ သို့သော်လည်း စုတန်တန်က သူ့ဇနီးနှင့်ကိုယ်လုပ်တော်များစွာ ရှိသည့်အချက်ကြောင့် သဘောမကျပေ။ “မင်းအနေနဲ့ စံအိမ်ကို ဝင်ရောက်ရတဲ့ အကြောင်းအရင်းက ဂိုဏ်းအတွက်ပဲ။ အဲ့ဆိုတော့ ငါတို့အနေနဲ့ သူတို့ရဲ့အတွင်းရေးပဋိပက္ခထဲမှာ မင်းကို ဝင်မပတ်သက်စေချင်ဘူး” ဝမ်ဝေ့က သတိပေးလိုက်သည်။ “မင်း အဲ့ဒီကိုရောက်ပြီးရင် ဂိုဏ်းရဲ့အကျိုးအမြတ်ကို တခြားအရာထက်ပိုပြီးတော့ အလေးထားရမယ်။ ဘယ်လိုပဲ ဆုံးဖြတ်ချက်ချချ မင်းရဲ့အခွင့်အရေးကို လျော့ချလိုက်တယ်ဆိုရင်တောင် ဂိုဏ်းအပေါ် ဘယ်လိုသက်ရောက်မှုမျိုး ရှိလာမယ်ဆိုတာကို ထည့်သွင်းစဉ်းစားရမယ်။ တကယ်လို့ မင်း မဆုံးဖြတ်နိုင်ဘူးဆိုရင် ငါ့ကို ဆက်သွယ်လိုက်။ ငါ မင်းအတွက် အကောင်းအဆိုးကို ချင့်ချိန်ပေးမယ်” “ကျွန်မ နားလည်ပါပြီ” ဝမ်ဝေ့က သူမကို စိုက်ကြည့်လိုက်၏။ “အဲဒါက မင်းအတွက် မမျှတမှန်း သိတယ်။ ဒါပေမဲ့ ငါတို့ဂိုဏ်းက စံအိမ်အနေအထားကို ရောက်ဖို့ရှိတယ်ဆိုတာ မင်း နားလည်မှာပါ။ ဒါပေမဲ့ ငါတို့က ငယ်သေးတယ်။ ဖြတ်ကျော်ရမယ့် ကိစ္စတွေ အများကြီးရှိသေးတယ်။ အဲ့ဆိုတော့ မင်းက ဘယ်အခွင့်ရေးတွေ လွဲချော်သွားတယ်ဆိုရင်တောင် ဂိုဏ်းက တစ်ရက်ကျ ပြန်ပေးဆပ်မယ်ဆိုတာ မှတ်ထား” “ပိုမိုကောင်းမွန်တဲ့အရာတွေအတွက် စတေးရမယ်ဆိုတာကို ကျွန်မ သိပါတယ်” စုတန်တန်က ပြန်ဖြေလိုက်သည်။ “ကောင်းပြီလေ” ဝမ်ဝေ့က ပြောလိုက်သည်။ “ကျွန်မ ဘယ်အချိန် ထွက်သွားရမလဲ” “သော့ခလောက်ပြီးမှ ထွက်သွားတာက အကောင်းဆုံးပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ စုတန်တန်က စစ်ဆေးမှုအတွင်း ပိလုံရှန့်နှင့် ထွက်သွားနိုင်သော်လည်း သူက ထွက်မသွားခင် ဘိုးဘေးများပြန်လာသည်အထိ စောင့်ဆိုင်းသည်က အကောင်းဆုံးဖြစ်ကြောင်းခံစားမိလေ၏။ ဘိုးဘေးများက လုပ်ပိုင်ခွင့်ရှိသည့်သူမျိုး ဖြစ်သည့်အတွက် စုတန်တန်လိုလူမျိုးအတွက် သူတို့၏ ဦးနှောက်ဆေးကြောမှုက သူ ပြောသည့်စကားများထက် ပိုသက်ရောက်မှုရှိလိမ့်မည်။ “နောက်တစ်ခု ကျန်သေးတယ်။ ဘိုးဘေးတွေ ပြန်လာတာနဲ့ သူတို့က သူတို့ရဲ့မကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်ကို ဖွဲ့စည်းဖို့ မျိုးနွယ်တွေအားလုံးကို လုပ်ပိုင်ခွင့်ပေးလာလိမ့်မယ်။ ပိလုံရှန့်က မင်းကို တန်ဖိုးထားတာက မင်းရဲ့ သန့်စင်တဲ့လမ်းစဉ်ကြောင့်ပဲ။ အဲ့ဆိုတော့ မင်းရဲ့ သွေးမျိုးဆက်ကို ချက်ချင်း မဖွဲ့စည်းနဲ့ဦး။ အဲ့ဒီအစား မင်းက စံအိမ်ကို ရောက်ပြီးတော့ အဲ့ဒီလမ်းစဉ်က မင်းနဲ့သင့်တော်သလားဆိုတာကို ဆွေးနွေးဖို့ ဆရာတစ်ယောက်ကို ရှာလိုက်ဦး” “ဟုတ်ကဲ့ပါ” စကားဝိုင်းက အဆုံးသတ်သွားပြီး ဝမ်ဝေ့က လုပ်လက်စကို လုပ်ဖို့ ထွက်လာလိုက်သည်။ အချိန်သုံးလကုန်ဆုံးသွားပြီဖြစ်ကာ ဤအချိန်အတွင်း သူ့ကျင့်ကြံဆင့်က ပဉ္စမကောင်းကင်အဆင့်အထိ ရောက်ရှိလာကာ သူ့ခန္ဓာကိုယ်ကျင့်ကြံမှုက အကြီးအကဲမကောင်းဆိုးဝါးနတ်ဘုရား ပဉ္စမအဆင့်ထိ ရောက်ရှိလာလေသည်။ သူက အကြွင်းမဲ့သတ်ဖြတ်သူနှင့် ရင်ဆိုင်ပြီး နှစ်ထောင်ချီကြာ ကုန်ဆုံးခဲ့ရသည်။ တစ်ခုခုတော့ မှားနေပြီ … ဝမ်ဝေ့က ထပ်မံသေဆုံးသွားပြီးသည့်နောက်တွင် တွေးလိုက်မိ၏။ ဒီနှစ်ထောင်ချီအတွင်း သူက သူ့အစွမ်းကို တိုးမြှင့်ကာ အကြွင်းမဲ့သတ်ဖြတ်သူနှင့် တစ်နှစ်ကြာ ရင်ဆိုင်နိုင်ခဲ့သည်။ ထိုအရာက သူသည် နာရီဝက်ခန့်ရှင်သန်ရာကနေ တွက်ကြည့်လျှင် သိသိသာသာ တိုးတက်မှုမျိုး ဖြစ်၏။ သို့သော်လည်း ထိုအမျိုးသားက သူ့အနေဖြင့် နှစ်ထောင်ချီကြာ ကျော်လွှားဖို့ အင်မတန် အားကောင်းလွန်းနေ၏။ အဲ့ဆိုတော့ ဖြစ်နိုင်ချေ နှစ်ခုပဲရှိတယ်။ ပထမတစ်ခုက အဲ့ဒီစိတ်ဝိညာဉ်အစုတ်ပလုတ်တွေက ငါရဲ့ အမှတ်တွေကို သုံးအောင် သူ့ရဲ့စွမ်းရည်ကို တမင်မြှင့်တင်ပေးထားတာပဲ။ ဒုတိယအနေနဲ့ဆိုရင် ငါက သူ့ကို ခုခံဖို့ အဓိကအချက်တွေ လွဲနေတာ။ အကြွင်းမဲ့သတ်ဖြတ်သူက ဝိညာဉ်ခေတ်ကာလထဲမှ လူဖြစ်သည့်အတွက် စံပြခေတ်ကာလအစောပိုင်းကလူဟု မှတ်ယူနိုင်သည်။ အဲဒါကြောင့် ငါ့ဇနီး ဒါမှမဟုတ် ဘိုးဘေးတွေလိုမျိုး ပါရမီရှင်တွေက အကြွင်းမဲ့သတ်ဖြတ်သူလိုမျိုး သက်ရောက်ဖို့ နည်းလမ်းကို မဖန်တီးနိုင်ဘူးလို့တော့ မယုံဘူး။ နှလုံးသားဆန္ဒနန်းဆောင်က သူတို့ဘိုးဘေးရဲ့ အရှက်ကွဲမှုကို လက်စားချေဖို့ နည်းလမ်းတစ်ခု မဖန်တီးထားဘူးလို့ မယုံဘူး။ ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ ထိုနည်းလမ်းအတွက် အဖြေက နှစ်ခုလုံးပေါင်းစပ်ထားတာ ဖြစ်နိုင်သည်။ ထိုစိတ်ဝိညာဉ်များက ခက်ခဲမှုကို တိုးမြှင့်ထားတာ ဖြစ်နိုင်သော်လည်း ဝမ်ဝေ့ကလည်း တစ်စုံတစ်ခု လွဲချော်နေခဲ့သည်။ သော့ခလောက်အပြီးမှာ ဇနီးလောင်းက ငါ့ကို ဆက်လက်လေ့ကျင့်ပေးသင့်တယ်။ ပိုပြီးကောင်းတာက ငါက ဘိုးဘေးတွေဆီကနေ သင်ယူသင့်တယ်။ ဝမ်ဝေ့က အဝေးတစ်နေရာသို့ လှမ်းကြည့်ပြီး ထွက်ခွာသင့်ပြီဟုတွေးလိုက်သည်။ ပြိုင်ပွဲက အဆုံးသတ်သွားပြီဖြစ်ကာ စိတ်ဝိညာဉ်များက သူ့အား စစ်ဆေးမှုအဆုံးမသတ်ခင် အခမ်းအနားတစ်ခု ရှိမည်ဖြစ်ကြောင်း ဆက်သွယ်လာခဲ့သည်။ ထို့အပြင် ထျန်းရွှမ်ကလည်း သူ့အား အသုံးဆောင်ပစ္စည်း သန့်စင်ပေးဖို့ မရပ်မနားဆက်သွယ်နေလေ၏။ သို့သော် ဝမ်ဝေ့က တမင်နှောင့်နှေးထားခဲ့သည်။ “စစ်ဆေးမှုက အနည်းဆုံးတော့ နှစ်တစ်သောင်းအတွင်း အဆုံးသတ်သွားလိမ့်မယ်။ အခုပြင်ဆင်ထားရမဲ့ အချိန်ပဲ” ဝမ်ဝေ့က ရေရွတ်ပြီးသည့်နောက်တွင် တိုက်ပွဲမျှော်စင်မှ ထွက်ခွာလာလိုက်သည်။ သူက သူ့စံအိမ်သို့ ပြန်ရောက်ပြီးသည့်နောက်တွင် အနီရောင်မျက်နှာဖုံးက သူ လွဲချော်ခဲ့ရသည့်အကြောင်းအရာအားလုံးကို အကျဉ်းချုပ် သုံးသပ်ပေးဖို့ ပေါ်ထွက်လာလေ၏။ “အဲ့လောက်တောင် သတင်းဆိုးတွေ များတာလား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ပထမတစ်ခုအနေဖြင့် ရှစ်ချီအန်းက သူမ၏ စမ်းသပ်ချက်ကို ကျရုံးသွားပြီး သေဆုံးသွားလေသည်။ “သနားစရာကောင်မလေး” ဝမ်ဝေ့က သက်ပြင်းချလိုက်၏။ သို့သော်လည်း သူက အံ့အားသင့်ခြင်း မရှိပေ။ ရှစ်ချီအန်းက သူမမိသားစုနှင့် ပြန်လည်ဆုံစည်းပြီးသည့်နောက်တွင် သူမ၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို ဆုံးရှုံးသွားခဲ့ရသည်။ ထို့ကြောင့် သူမသည် စမ်းသပ်ချက်အတွင်း သေဆုံးသွားသည်က နားလည်၍ရ၏။ သို့သော်လည်း နောက်ထပ် သေဆုံးမှုသတင်းများကမူ သူ့အား အံ့အားသင့်စေသည်။ “ဟုန်မိန်လင်းက မဖြတ်ကျော်နိုင်ဘူးဆိုတာကို မထင်ထားမိဘူး။ အနာဂတ်ဇနီးလောင်းလေးက ဘယ်လိုလုပ်မလဲ မသိဘူး” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ဝူဟုန်က တစ်ခါမှ မပြသခဲ့သော်လည်း သူမကို အတော်လေး တန်ဖိုးထားလေသည်။ သူမက ဟုန်မိန်လင်းအား ပြုစုပျိုးထောင်ဖို့ စံနှုန်းတစ်ခု ရှိနေလေ၏။ ကံဆိုးစွာဖြင့် ထိုအရာက မဖြစ်နိုင်တော့ပေ။ “ဟမ် ယဲ့တာဖူရဲ့ ဇနီးကလည်း သေသွားတာလား” ဝမ်ဝေ့က ထိုသတင်းကိုကြားပြီးသည့်နောက်တွင် သံသယဖြစ်သွားလေသည်။ ယဲ့တာဖူ၏ ဇနီးက မြင့်မြတ်မြွေနဂါးဧကရီဖြစ်ပြီး နတ်ဆိုးများအကြား အထူးကဲဆုံးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားလေသည်။ မှန်ကန်သည့်အရင်းအမြစ်နှင့် လေ့ကျင့်မှုတို့ဖြင့် သူမသည် တည်ရှိမှုထဲတွင် အားအကောင်းဆုံး ဖြစ်လာသင့်၏။ သို့သော် ဤအတိုင်းအတာမဲ့စမ်းသပ်ချက်အတွင်း မည်ကဲ့သို့ သေဆုံးသွားသနည်း။ “သူမက ငယ်သေးပြီးတော့ ထိပ်သီးကောင်းကင်ဘုံအဆင့်ကို အလျှင်စလို ဝင်ရောက်ခဲ့တာ။ ဒါပေမဲ့ ယဲ့တာဖူနဲ့မျိုးနွယ်က သူမကို သတိပေးသင့်တာပေါ့။ ပြီးတော့ သူမလို ကံကြမ္မာရှိထားတဲ့သူတစ်ယောက်က တစ်စုံတစ်ခု မမှားယွင်းသရွေ့ စမ်းသပ်ချက်မှာ သေဆုံးသွားဖို့ ခက်ခဲတယ်လေ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ယခု သူက ယဲ့တာဖူသည် စွန်းဝူခုံး၏ စိတ်ဝိညာဉ်နှင့် ကံကြမ္မာကို တစ်နည်းနည်းဖြင့် အမွေရရှိပြီး မြေအောက်ကမ္ဘာထံ ရုတ်ရုတ်သည်းသည်းဖြစ်မှုကို ဆောင်ကျဉ်းလာလိမ့်မည်မှန်း နားလည်သွားလေသည်။ ဝမ်ဝေ့က ခေါင်းအသာရမ်းပြီးသည့်နောက်တွင် ဆက်လက်ဖတ်ရှုလိုက်၏။ သူက သူ့လူနှစ်ယောက်ပါဝင်နေသည့် စာရင်းကို ရောက်ရှိသည့်အခါ ရပ်တန့်လိုက်လေသည်။ ပထမဦးဆုံး တွေ့ကြုံလိုက်ရသည့်သူက ခန္ဓာနတ်ဆိုး ဖြစ်၏။ ထိုသူက ခွန်အားအစစ်အမှန်တာအိုစမ်းသပ်ချက်တွင် ကျရှုံးသွားပြီး အမှုန့်ဖြစ်သွားလေသည်။ “နှမြောစရာပဲ” ဝမ်ဝေ့က သက်ပြင်းချလိုက်၏။ သူက ခန္ဓာနတ်ဆိုးအား ရည်မှန်းချက်ကြီးသည့် ခန္ဓာကိုယ်လေ့ကျင့်သူအဖြစ် အောင်အောင်မြင်မြင် ပြောင်းလဲနိုင်ခဲ့သော်လည်း ယခုအခါ အရာအားလုံး ဆုံးရှုံးသွားရသည်။ “အကြီးမားဆုံး အံ့ဩစရာက ယန်ကောဝေရဲ့ သေဆုံးမှုပဲ” သူက သက်ပြင်းချလိုက်၏။ ထိုသူက သူ့လက်အောက်သို့ ဝင်ရောက်လာကာစဖြစ်ပြီး သူမိခင်ကို ကုစားဖို့ စံပြဆေးလုံးကိုပင် ချီးမြှင့်ပေးခဲ့သည်။ သို့သော်လည်း သူ့ရင်းနှီးမြှပ်နှံမှုက ဘာမှပြန်မရခင် ဆုံးရှုံးသွားရသည်။ “ဒီသတင်းဆိုးကို သူ့အမေဆီ ယူသွားပေးရဦးမှာပဲ … ” ဝမ်ဝေ့က ငြီးတွားလိုက်၏။
Vol. 105 Ch. 1458
ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရိးလမ်း စာစဉ် (၁၀၅) (၁၄၅၇-၁၄၇၀)
အခန်း (၁၄၅၇) : သတိပေးအမှတ်အသားနှင့် စုံတွဲတစ်တွဲ၏ လမ်းစဉ်အသစ်
ပိလုံရှန့်က သူ့နေထိုင်ရာသို့ ပြန်လည်ရောက်ရှိလာ၏။ သူ့လို အဆင့်အတန်း ရှိထားသည့် လူတစ်ယောက်အတွက် စံနှုန်းအားလုံးဖြင့် ထူးဆန်းသည့်နေရာတစ်ခု ဖြစ်ပေသည်။ သူသည် ဟွင်သွမ်းစကြဝဠာကြီး၏ အကောင်းဆုံးနှင့် အရှားပါးဆုံးပစ္စည်းများဖြင့် ဖွဲ့စည်းထားသည့် ကြီးကျယ်ခမ်းနားလှသည့် နန်းဆောင်အတွင်း နေထိုင်ခြင်း မဟုတ်ပေ။ ဆိုရလျှင် ပိလုံရှန့်၏ နေထိုင်ရာက သူကိုယ်တိုင်တူးထားသည့် ဂူတစ်ခုနှင့်အတူ ခက်ထန်သည့်သားရဲများ ပြည့်နှက်နေသည့် တောအုပ်ငယ်တစ်ခုသာ ဖြစ်၏။
ထိုဂူက ရိုးရှင်းလှသည်။ ရေကန်ငယ်တစ်ခု၊ ကျင့်ကြံရေးအခန်းတစ်ခုနှင့် သိုလှောင်ရေးအခန်းတစ်ခုတို့ ပါရှိ၏။ ပိလုံရှန့်က ထိုနေရာကို တည်ဆောက်ခဲ့သည်မှာ ထိုအရာ၏ အဓိပ္ပါယ်ကြောင့် ဖြစ်ပေသည်။ သူ အသက်ငါးနှစ်အရွယ်က စံအိမ်သည် သူ့အား ရက်စက်သည့်ကမ္ဘာထဲ စေလွှတ်ခဲ့သည်။ နှစ်များစွာတိုင် သူက အားကောင်းကာ ရက်စက်သည့် သွေးသားရဲများကို သတ်ဖြတ်ကာ စားသုံးခဲ့ရသည်။
ထိုသက်ရှိများ၏ အသွေးအသားက သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့ အကောင်းဆုံးအာဟာရများ ဖြစ်လာပြီး သူ့အုတ်မြစ်ကို ချောမွေ့စေသလို သူ့သွေးမျိုးဆက် သို့မဟုတ် ရုပ်ခန္ဓာကို နိုးထစေခဲ့သော်လည်း သူ့အသက်ငါးနှစ်အရွယ်က ဝက်ဝံတစ်ကောင်ကြောင့် သေဆုံးလုနီးပါးဖြစ်သွားခဲ့သည့်အချက်ကို မပြောင်းလဲနိုင်ပေ။ ထိုအတွေ့အကြုံက ပိလုံရှန့်အပေါ် များစွာ သက်ရောက်မှု ရှိစေ၏။
အသက် ၁၅ နှစ်အရွယ်တွင် ကျင့်ကြံရေးခရီးလမ်းကို မစတင်သေးဘဲ သူသည် အဆင့် ၃ နတ်ဆိုးကို တစ်ချက်တည်းဖြင့် ချေမွနိုင်ပြီး အဆင့် ၄နတ်ဆိုးကို ပြဿနာမရှိဘဲ နှိမ်နင်းနိုင်ပြီ ဖြစ်၏။
သို့သော်လည်း အင်အားက ထိုအတွေ့အကြုံမှ သင်ယူခဲ့ရသည့် တစ်ခုတည်းသော သင်ခန်းစာ မဟုတ်ပေ။
ထိုရက်စက်လှသည့် စစ်ဆေးမှုက သူ့အဆင့်အတန်းတွင် အာဏာမပါရှိကြောင်း သဘောပေါက်သွားခဲ့၏။ ပိလုံရှန့်က သူသည် သူ့၁၅နှစ်အရွယ် မတိုင်ခင်က သူ တတ်နိုင်ခဲ့သည့် လုပ်ပိုင်ခွင့်နှင့် အရေးသာချက်အားလုံးကို ထိန်းသိမ်းဖို့ ဘာလုပ်ရမည်မှန်း ကောင်းကောင်းသိလေသည်။ သူက ထိုစဉ်ကတည်းက သင်ခန်းစာရခဲ့သည့်အတွက် ဝမ်းသာနေမိ၏။ ထိုစစ်ဆေးမှုပြီးသည့်နောက်တွင် သူက တခြားသောသူများအား ဖိနှိပ်ထားဖို့ လုပ်ဆောင်နိုင်ခဲ့ပြီး သူရရှိထားသည့် ရက်စက်မှုက နောက်ဆုံးအနိုင်ရရှိထားမှု၏ သော့ချက်တစ်ခု ဖြစ်လာခဲ့သည်။
သိပ်မကြာခင် ပိလုံရှန့်က သူ့ဂူသို့ ပြန်ရောက်လာပြီး ရေကန်ဘေးတွင် ဝင်ထိုင်လိုက်၏။
“ဘာလို့ နောက်ဆုတ်ဖို့ သတိပေးတာလဲ”
“ဒီလိုမျိုး မောက်မောက်မာမာ ပြုမူတာက ငါတို့ရဲ့သတင်းအချက်အလက်တွေကို ထုတ်ဖော်ပြီးတော့ မင်းရဲ့ ပုံရိပ်အပေါ် သက်ရောက်မှုရှိစေလိမ့်မယ်” ကြမ်းတမ်းသည့် အသံတစ်သံက ပြောလာသည်။
“ဒါပဲလား”
“မဟုတ်ဘူး။ ပိုပြီးအရေးကြီးတာက သူ့ဆီမှာ သတိပေးအမှတ်အသား ရှိနေတယ်”
“သတိပေးအမှတ်အသားလား။ အဲ့တာက ထူးကဲသာလွန်မှုအင်အားစုတွေက သူ့တို့ရဲ့ မျိုးဆက်အပေါ်မှာ ချန်ထားခဲ့တာမျိုး မဟုတ်ဘူးလား” ပိလုံရှန့်က မျက်မှောင်ကြုတ်လိုက်သည်။
“ကောင်းပြီလေ။ သူက ထူးကဲသာလွန်မှု အင်အားစုတချို့နဲ့ ဆက်နွယ်မှုရှိတာ နေမှာပေါ့။ ကျုပ်တို့ ဘာလို့များ ဂရုစိုက်နေရမှာလဲ”
“သတိပေးအမှတ်အသားက ငါတို့ဂရုစိုက်ရမဲ့ အနေအထားကို ရောက်နေလို့ပေါ့”
“ဘယ်လောက် မြင့်တာလဲ”
“ဟွင်သွမ်းစကြဝဠာရဲ့ ထိပ်ဆုံးအပေါ်မှာ ရှိတယ်”
“အဲဒါက မဟာတာအိုနဲ့ အဆင့်တူတဲ့သူတွေ မဟုတ်ဘူးလား” ပိလုံရှန့်က မေးလိုက်သည်။
“ဘယ်သူသိမှာလဲ။ ကမ္ဘာကြီးက ကျယ်ပြောတယ်။ ငါတို့စံအိမ်က ဒီလောက်ပဲ သိတယ်” အသံက ပြန်လည်ပြောလိုက်သည်။
ပိလုံရှန့်က စဉ်းစားလိုက်၏။
“ကျုပ်က သူ့ကိုရှုံးနိမ့်မယ်လို့ ထင်တာလား”
“ဘာလို့များ ဂရုစိုက်နေတာလဲ။ မေးခွန်းက မင်းက ဘာလို့ ပုံမှန်မဟုတ်သလို ပြုမူနေရတာလဲဆိုတာပဲ” ထိုအသံက ပြန်ဖြေလိုက်သည်။ ထိုအသံပိုင်ရှင်က ပိလုံရှန့်သည် သဘာဝအားဖြင့် တည်ငြိမ်ကာ ဉာဏ်များကြောင်း သိထားလေသည်။ ထိုကြောင့်သာ ယနေ့လို အဆင့်အတန်းကို ရရှိခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း သူက ဝမ်ဝေ့အပေါ် စိတ်ကြီးဝင်စွာ ပြုမူပြီး သူ့ကိုပင် ရန်စခဲ့သေးသည်။
“ပိလုံရှန်းအကြောင်း သတင်းမကြားသေးဘူးလား” ပိလုံရှန့်က ပြန်ပြောလိုက်သည်။
“ကျုပ် အဲ့အကြောင်းကြားကတည်းက စိတ်တိုနေတာ။ ပိုပြီးအရေးကြီးတာက အဲဒီကောင်စုတ်က တခြားစိတ်မချမ်းသာစရာကောင်းတဲ့သူတွေကို ပြန်ပြီး အမှတ်ရသွားစေတယ်”
ပိလုံရှန့်က သူ့ဘယ်ဖက်မျက်ဝန်းမှ အမာရွတ်ကို ထိလိုက်ရင်း ပြန်ပြောလိုက်သည်။
“ဒီလောက်တောင် ကြာပြီလေ။ မင်းက နောက်ဆုံးအနိုင်ရရှိတဲ့သူ ဖြစ်ခဲ့တာ” ထိုအသံက သူ့ကိုအားပေးလိုက်၏။
“သူက တကယ် သေသွားတာလား” ပိလုံရှန့်က ရေရွတ်ပြီးသည့်နောက်တွင် ခေါင်းရမ်းလိုက်သည်။
“ခင်ဗျားက ကျုပ်မေးခွန်းကို မဖြေတာကို သတိမထားမိဘူးလို့ မထင်နဲ့”
“အရှိန်အဝါတစ်ခုတည်း မှတ်ယူမယ်ဆိုရင် မင်းက အနိုင်ရဖို့ ၃၀% ရှိတယ်။ ဒါပေမဲ့ မင်းရဲ့ နည်းစနစ်က သူ့ထက်အဆများစွာ သာလွန်နေမှာဆိုတော့ မင်းရဲ့ တကယ်အနိုင်ရနိုင်ချေက ၈၀% အထိ ရှိတယ်”
“ဒါပေမဲ့ဆိုပြီး ဆက်လာမှာမလား” ပိလုံရှန့်က နောက်ထပ် ထပ်ရှိသေးသည်ကို အာရုံခံမိရင်း မေးလိုက်တော့သည်။
“သူက တာအိုနယ်ရှင်တစ်ယောက်လေ။ သူ့ရဲ့တာအိုက စွယ်စုံသုံးလို့ရတယ်။ အပြောင်းအလဲအတွက်လည်း ပါတယ်။ တကယ်လို့ မင်းသာ တိုက်ပွဲကို မြန်မြန်အဆုံးမသတ်နိုင်ဘူးဆိုရင် သူက မင်းရဲ့ နည်းစနစ်ကို ခိုးယူပြီးတော့ သူ့ရဲ့ ကျင့်စဉ်ကို တိုးတက်အောင် လုပ်လိမ့်မယ်။ အဲ့ဒီအခါကျရင် မင်းရဲ့ အနိုင်ရရှိနှုန်းက ၄၀% အောက် လျော့ကျသွားလိမ့်မယ်”
“အဲ့ဒီကောင်ကို ကျိချန်းမင်က သာလွန်တဲ့နည်းစနစ်တွေရဲ့ အရေးပါမှုကို သိဖို့ အုတ်မြစ်ကိုချပေးလိုက်သလိုမျိုး ဖြစ်သွားပြီ” ပိလုံရှန့်က မျက်မှောင်ကြုတ်ကာ ပြောလိုက်တော့၏။
“မင်းက လက်ရှိ ရန်သူထက် မဟာမိတ်တွေ လိုနေတယ်ဆိုတာ သတိပေးရဦးမယ်”
“ကျုပ် သိပါတယ်” ပိလုံရှန့်က ခေါင်းညိတ်ပြီးသည့်နောက်တွင် မျက်လုံးမှိတ်လိုက်သည်။
.....
“မင်းရော ဘယ်လိုထင်လဲ” မူလိန်က သူ့ဇနီးသည်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရင်း မေးလိုက်တော့၏။ သူ့တို့၏ လက်များက အချင်းချင်းဆုပ်ကိုင်ထားပြီး စိုက်ကြည့်နေကြသည်။
“ရှင် သူတို့ဆီ ဝင်သင့်တယ်လို့ ထင်တယ်” ထုံရို့ပင်းက တုန့်ဆိုင်းခြင်းမရှိ ပြောလိုက်သည်။
“မင်းက ရိုးရှင်းသလိုမျိုး ပြောနေတာပဲ”
“ဒါပေမဲ့ ရိုးရှင်းတာပဲလေ”
မူလိန်က သက်ပြင်းချလိုက်သည်။
“ကိုယ် ယင်ကန်းနဲ့ ပြောပြီးသွားပြီ။ သူကလည်း အတော်လေးတော့ စိတ်ပါနေတယ်။ ဒီတွေ့ဆုံမှုက ကိုယ်တို့ရဲ့ အစစ်အမှန်အဆီအနှစ် အဖွဲ့အစည်းကို နောက်ထပ်အဆင့်တစ်ခုအထိ တွန်းပို့ဖို့ သူ့လိုအင်ဆန္ဒကို တိုးမြှင့်ပေးလိုက်တယ်လေ။ ပြောရမယ်ဆိုရင် ကိုယ်လည်း သူနဲ့ သဘောတူပါတယ်”
“ရှင်က စံအိမ်ရဲ့ နည်းစနစ်ကို သုံးပြီးတော့ အစစ်အမှန်အဆီအနှစ် အဖွဲ့အစည်းကို မြင့်မားတဲ့ဆီ ရောက်အောင် တွန်းပို့လို့ရတာပဲ”
“အချစ်လေးက အဲ့လိုတွေ မပြောပါနဲ့။ စံအိမ်က သူတို့လက်အောက်မှာ ရှိနေတဲ့ အင်အားစုတစ်ခုက သူတို့နဲ့ တူညီတဲ့အနေအထားကို ရောက်လာဖို့ ခွင့်ပြုမယ်လို့ ထင်နေလား။ သူတို့ရဲ့ အရင်းအမြစ်တွေကို သူတို့ရဲ့ အာရုံစူးစိုက်နိုင်မှုကို မရဘဲ အသုံးပြုနိုင်မယ်လို့ ထင်နေလား။ အဲ့ဒီဖြစ်စဉ်အတွင်းမှာ ကိုယ့်ဘာသာကိုယ်တောင် ပျက်စီးသွားစေနိုင်တယ်”
“ကျွန်မ အဲဒါကို သိပါတယ်။ ဒါပေမဲ့ ကိစ္စတွေက အခု ကွဲပြားသွားပြီလေ။ အားလုံးက သော့ခလောက် ကျိုးပေါက်သွားတာနဲ့ တစ်စုံတစ်ခု အရေးပါတဲအရာ ဖြစ်လာတော့မယ်ဆိုတာကို ခံစားနေမိတာ။ အဲ့တာကြောင့် ကျွန်မတို့တွေ ကြိုတင်ပြင်ဆင်ထားရမယ်။ ရှေးဦးခန္ဓာစံအိမ်က ကျွန်မတို့အတွက် နောက်ခံပဲ”
မူလိန်က ထိုစကားများကို ပြန်လည်ရေရွတ်လိုက်သည်။
“အခုကို အရိုးသားဆုံးပြော မင်း အဲ့လိုတကယ်ပြောတာလား”
“အရိုးသားဆုံးပြောရရင် ကျွန်မက ဝမ်ဝေ့ထက် ခြေတစ်လှမ်းနောက်ကျနေတာကို ငြီးငွေ့နေပြီ။ သူနဲ့ပတ်သက်ပြီး အရာအားလုံးက တစ်ခုမဟုတ်တစ်ခု ဖြစ်နေတာပဲ”
“ဒီ ခေတ်ကာလတစ်ခုလုံးရဲ့ အပြောင်မြောက်ဆုံးကြယ်ပွင့်ရှိတဲ့အချိန်မှာ ဒီလိုဖြစ်လာတတ်တာပဲ။ ရွှေရောင်ခေတ်ကာလမှာ ဝူဟုန် ရှိပြီးတော့ အခုကိုယ်တို့ခေတ်ကာလမှာ ဝမ်ဝေ့ ရှိတယ်။ ဆိုလိုတာက ဒီကျင့်ကြံရေးလောကမှာ တခြားသူတွေထက် တောက်ပနေတဲ့ လူတစ်ယောက် ရှိတာက ပုံမှန်ပါပဲ။ ကိုယ်တို့တွေက ဝမ်ဝေ့နဲ့အတူ ကြီးထွားခဲ့ရတာဆိုတော့ ပိုပြီးဆိုးသွားတာပေါ့။ ဝူဟုန် မြင့်တက်နေတုန်းမှာကျတော့ သူတို့တွေက အလားအလာအပြည့်ရောက်သွားပြီဆိုတော့ သူမကို လိုချင်တဲ့သူတွေ၊ အားကျတဲ့သူတွေ နည်းနည်းပဲ ကျန်တော့တာလေ”
“ဟုတ်တယ်။ ဒါပေမဲ့ ကျွန်မကတော့ ငြီးငွေ့နေပြီ။ ကျွန်မက တောက်ပတဲ့ ကြယ်ပွင့်ဖြစ်ချင်တယ်။ စံအိမ်က ကျွန်မတို့လိုအပ်နေတဲ့ အားဖြည့်မှုပဲ” ထုံရို့ပင်းက ပြောလိုက်သည်။
“ဒါပေမဲ့ ဝမ်ဝေ့က စံအိမ်ကို ဝင်လာရင် ဘယ်လိုလုပ်မလဲ”
“ရှင်က သူတို့ရဲ့အတ္တချင်း ထိပ်တိုက်တွေ့ဆုံနိုင်မှုကို မြင်တာပဲလေ။ ဝမ်ဝေ့ရဲ့ စိတ်သဘောထားက ယင်ကန်းနဲ့ တူတယ်ဆိုတာလဲ မမေ့နဲ့ဦး” ထုံရို့ပင်းက ခေါင်းရမ်းကာ ပြောလိုက်သည်။
ထုံရို့ပင်းအနေဖြင့် ထိုအမျိုးသားက သူ့ဂိုဏ်းအပေါ်မှာ သစ္စာရှိသည့်အတွက် သူ့မောက်မာမှုဖြင့် တခြားသူထံ ဝင်ရောက်လိမ့်မည်ဟု မထင်ပေ။
“မင်းပြောတာ မှန်တယ်ဆိုရင်တောင် ငါ ဝင်တာက ငါတို့အတွက် အကူအညီဖြစ်ရဲ့လား။ ပိလုံရှန့်က ကိုယ်တိုင်ပြောခဲ့တာလေ။ ငါက ပုံမှန်အဖွဲ့သားပဲ ဖြစ်နိုင်တာတဲ့” မူလိန်က ပြန်လည်ပြောလိုက်သည်။
“အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင် စိုးရိမ်စရာ မလိုဘူး”
“အိုး”
ထုံရို့ပင်းက ပုံကြမ်းတစ်ခုကို ထုတ်ယူလိုက်သည်။
“ကျွန်မ ကောင်းကင်ဆန္ဒတိုက်ပွဲကို ရှုံးနိမ့်ပြီးတဲ့နောက်မှာ ကျွန်မရဲ့ ခန္ဓာကိုယ်ကို စတင်လေ့ကျင့်ခဲ့တာကို မှတ်မိသေးလား”
“မင်းက ငါ့ရဲ့အကြံပြုချက်ကို ငြင်းဆန်ခဲ့ပြီးတော့ ခွန်အားမဟာတာအိုအရင်းအမြစ်ကို သုံးပြီးတော့ ခန္ဓာကိုယ်ကို လေ့ကျင့်ခဲ့တာလေ”
“အဲဒါက ပိုမိုမြန်ဆန်ပြီးတော့ သက်ရောက်မှုရှိတဲ့ နည်းလမ်းပဲ။ ဘာလို့မသုံးဘဲ နေရမှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်ဆီကနေ လုံလုံလောက်လောက် သင်ထားခဲ့တယ်လေ။ ခွန်အားတာအိုကို ကျင့်ကြံပြီးတော့ ခွန်အားအစစ်အမှန်တာအိုကို ဝင်ရောက်ဖို့ပေါ့။ ရှင်လည်း အတူတူလုပ်နိုင်မယ်လို့ ထင်လို့ လေ့လာနေခဲ့တာ”
“မင်းက သူ့ရဲ့ လျှို့ဝှက်ချက်ကို တွေ့ပြီလား”
“မတွေ့သေးပါဘူး။ ဒါပေမဲ့ ကျွန်မက တခြားနည်းလမ်းတစ်ခုကို တွေ့ပြီလို့တော့ ထင်တယ်။ ရှင်ရဲ့ ခန္ဓာကိုယ်က စကြဝဠာကြီးတစ်ခုလိုပဲမလား” ထုံရို့ပင်းက ရှင်းပြရင်းမေးလိုက်သည်။
မူလိန်က ခေါင်းညိတ်လိုက်၏။ အစစ်အမှန်အဆီအနှစ် အဖွဲ့အစည်းသို့ ရောက်လာပြီးသည့်နောက်တွင် သူ့ဉာဏ်ရည်နည်းစနစ်အား ခန္ဓာဘိုးဘေးနှင့် တူညီအောင် ပြောင်းလဲခဲ့၏။ သူက သူ့ဧရာမသားရဲကြယ်တာရာ ခန္ဓာကိုယ်အား စကြဝဠာကြီး၏ ကဏ္ဍအသီးသီးဖြစ်သည့် ကြယ်တာရာ၊ နေမင်း၊ လမင်း ကာကွယ်ရေးအလွှာ စသည့်အရာများဖြင့် ခွဲထုတ်ခဲ့သည်။ တခြားနည်းဖြင့် ပြောရလျှင် မူလိန်၏ ခန္ဓာကိုယ်က ကြီးမားခြင်း မရှိတော့သော်လည်း သူ့ခန္ဓာကိုယ်၏ တစ်လက်မချင်းစီက စကြဝဠာကြီး၏ စွမ်းအားပါဝင်နေလေသည်။
“ကျွန်မရဲ့အစီအစဉ်က ရိုးရှင်းတယ်” ထုံရို့ပင်းက ပြောလိုက်သည်။
“ကျွန်မက အဲ့ဒီခွန်အားအဆောင်တွေကို ရှင့်အတွက် သန့်စင်ပေးပြီးတော့ ရှင့်ခန္ဓာကိုယ်ထဲမှာ ထည့်ပေးမယ်။ အဆောင်တွေက ခွန်အားမဟာတာအိုအရင်းအမြစ်နဲ့ သဟဇာတ ဖြစ်သွားပြီးတော့ ရှင့်ကို ခွန်အားမဟာတာအို ရဖို့ အပိုအားဖြည့်မှု ပေးလာလိမ့်မယ်”
မူလိန်က မျက်မှောင်ကြုတ်လိုက်သည်။
“ဒါပေမဲ့ အဲ့ဒီအဆောင်ရဲ့ အရှိန်အဝါက ကိုယ့်အပေါ်မှာ သက်ရောက်မှုရှိလာမယ်ဆိုရင် ကိုယ့်ရဲ့ ခွန်အားအစစ်အမှန်တာအိုနယ်ပယ်ကို ဆုံးရှုံးသွားရမယ်ဆိုတာ နားလည်တယ်မလား။ ပြောရမယ်ဆိုရင် ကိုယ့်ခန္ဓာကိုယ်က အစတည်းက အဲဒါကို ငြင်းဆန်နိုင်ချေရှိတယ်”
“အဲ့ဒီအဆောင်တွေက နယ်ခြားပစ္စည်းလို့ မှတ်ယူလို့ရတဲ့ အသုံးအဆောင်မျိုး မဟုတ်ဘူးလေ”
မူလိန်၏ အကြည့်များက တောက်ပလာသည်။
“အဲဒါဆိုရင်တော့ အလုပ်ဖြစ်နိုင်တယ်။ ဒါပေမဲ့ လေ့ကျင့်လို့ရတဲ့ နယ်ခြားပစ္စည်းတွေလည်း ရှိသေးတာပဲ”
“အဲဒါက ပြဿနာပေါ်လာတဲ့နေရာပဲ။ အကောင်းဆုံးနည်းလမ်းက ရှင့်ရဲ့ တာအိုသက်သေပြပစ္စည်းကို မိုးကြိုးတာအိုနဲ့ ခွန်အားတာအိုနဲ့ ပေါင်းစည်းဖို့ပဲ။ ဒါပေမဲ့ ရှင်လည်း အကျိုးဆက်ကို နားလည်မှာပါ” ထုံရို့ပင်းက ရှင်းပြလိုက်သည်။
မူလိန်က ခေါင်းညိတ်လိုက်၏။ သူ့ပင်မတာအိုကို ပြောင်းလဲခြင်းက ပြင်းထန်သည့် အကျိုးဆက်ရှိလာလိမ့်မည်။ ထိုအရာထဲတွင် ဘယ်တော့အခါမှ တိုးတက်နိုင်ခြင်းမရှိသည့် ဖြစ်နိုင်ချေလည်း ပါဝင်နေလေ၏။ တခြားနည်းလမ်းဖြင့် ပြောရလျှင် အကယ်၍ သူက ဤအစီအစဉ်အတိုင်း လိုက်လုပ်ပါက သူ့ဧကရာဇ်လမ်းစဉ်ကို အပြီးတိုင် စွန့်ပယ်ရမည်ဖြစ်ကာ အဆီအနှစ်လေ့ကျင့်ရေးလမ်းစဉ်ကိုသာ လျှောက်လှမ်းရမည် ဖြစ်၏။
“ဒီအစီအစဉ်က ဖြစ်နိုင်ချေရှိတယ်” မူလိန်က ရေရွတ်လိုက်သည်။
သူက ချီလေ့ကျင့်သူတစ်ယောက် မဟုတ်တော့သည်က ပြဿနာတစ်ခု မဟုတ်ပေ။ သူက ပထမကတည်းက နှစ်ခုကျင့်ကြံခဲ့သည်က ဧကရာဇ်အဆင့်ခန္ဓာကိုယ်လေ့ကျင့်သူများသည် ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ပြီးသည့်နောက်တွင် အသက်ရှင်နေထိုင်နိုင်သည့် သက်တမ်းကို သဘောမကျခဲ့ခြင်းသာ ဖြစ်၏။ ယခု သူက သက်တမ်းနှင့်ပတ်သက်ပြီး စိုးရိမ်စရာမလိုတော့သည့်အတွက် အဆီအနှစ်လမ်းစဉ်နှင့် အလားအလာကို တိုးတက်ဖို့ရာ ချီလမ်းစဉ်ကို စွန့်ပယ်ခြင်းက စွန့်စားမှုကြီးကြီးမားမား မဟုတ်ပေ။
...