ကြင်နာမှု
Vol. 105 Ch. 1463
ထီးတစ်လက်မှ ရွှေရောင်အတားအဆီးကို ဖောက်ထွင်းကာ စစ်ဆေးမှုဆီ တိုက်ရိုက် ဦးတည်နေသည့် သက်တံတစ်ခု ထုတ်လွှင့်လာသည်။ ထိုတိုက်ခိုက်မှုသည် ဝမ်ဝေ့အပါအဝင် လက်ရှိတွင် ရှိနေသည့် လူတိုင်းကို ဖျက်ဆီးပစ်နိုင်သောကြောင့် အကုန်လုံးက တုန်လှုပ်သွားကြလေသည်။ အချို့လူများ ချက်ချင်း ထွက်ပြေးခဲ့ကြသော်လည်း ဝမ်ဝေ့နှင့် အခြားသူများက စစ်ဆေးမှုသည် လွယ်လွယ်ကူကူ ကျရှုံးသွားလိမ့်မည်ဟု မယုံကြည်ကြပေ။
အလင်းတန်းကိုးခုသည် ကောင်းကင်ယံဆီ ဖြတ်ခနဲ ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်ကိုးခု ပေါ်လာသည်။ လူကြီးမင်းလုသည် ရှေ့ဆုံးတွင်ရှိနေပြီး စာလိပ်ပေါ်တွင် ထိုင်နေသော တာအိုစိတ်ဝိညာဉ်၊ ချပ်ဝတ် ဝတ်ထားသော တိုက်ပွဲစိတ်ဝိညာဉ်၊ ကြည်လင်ထိုးဖောက်လုမတတ် ဖြစ်နေသော ဝိညာဉ်လိပ်ပြာ စိတ်ဝိညာဉ်၊ သတ္တုဒြပ်စင် ဖြစ်သော နှလုံးသားစိတ်ဝိညာဉ်၊ ရွှေရောင်နဂါးငယ်လေးဖြစ်သော ကံကောင်းမှု စိတ်ဝိညာဉ်၊ မျက်လုံးတွင် လျှပ်စီးများရှိသော ဘေးဒုက္ခစမ်းသပ်ချက် စိတ်ဝိညာဉ်၊ ကြွက်သားပြိုင်းပြိုင်းနှင့် အသားနီနီရှိသော အဆီအနှစ် စိတ်ဝိညာဉ်၊ နောက်ဆုံးတွင် သစ်ကိုင်းများဖြင့် ပြုလုပ်ထားသော ဝတ်စုံနှင့် ပန်းများကို သရဖူအဖြစ် ပန်ဆင်ထားသော ရှင်သန်ခြင်းစိတ်ဝိညာဉ်တို့ ပါဝင်သည်။
စိတ်ဝိညာဉ်တိုင်းက ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်ကာ ရွှေရောင်အကာအရံကို အားဖြည့်ပေးပြီး တိုက်ခိုက်မှုကို အသုံးမဝင်အောင် ပြုလုပ်ခဲ့သည်။ အသုံးအဆောင်ပစ္စည်းငါးခုက တုန်ခါသွားပြီး စွမ်းအားပိုမို ထုတ်လွှတ်ခဲ့သော်လည်း အင်အားချင်း မမျှသေးပေ။
လူတိုင်းက အသက်အောင့်ကာ အခြေအနေပြောင်းလဲသွားပြီလားဟု တွေးတောနေခဲ့ကြသည်။ သို့သော် ဤအဆင့်ရှိ ထိပ်တိုက်ရင်ဆိုင်မှုများသည် ရိုးရှင်းခဲသည်။
နှလုံးသားလိုအင်ဆန္ဒနန်းတော်၏ စစ်မှန်သော ပါဝင်ယှဉ်ပြိုင်သူ တစ်ဖြစ်လည်း ထီးကို ထိန်းချုပ်ထားသူ ကျီကျင်းကျင်းသည် မန္တန်တစ်ခု ရွတ်ဆိုခဲ့ရာ အခြားသူများကလည်း လိုက်လုပ်ခဲ့ကြသည်။ ထူးကဲသာလွန်မှု အသုံးအဆောင်ပစ္စည်းငါးခုသည် သူတို့၏ တိုက်ခိုက်မှုများကို ပေါင်းစပ်ရန် အချင်းချင်း သဟဇာတ ဖြစ်သွားကြလေသည်။ အခြားထူးကဲသာလွန်မှု အသုံးအဆောင်ပစ္စည်းများသည် တစ်ခုချင်း တိုက်ခိုက်ခြင်းကို ရပ်တန့်ခဲ့ပြီး ထီးမှ ထုတ်လွှတ်သော သက်တံသည် ပြင်းအားကို တိုးမြှင့်လာလေသည်။
စစ်ဆေးမှုအတွက် အခြေအနေမကောင်းဘူး …
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူသည် သိသာထင်ရှားနေသည်ကို ပြောပြနေခြင်း မဟုတ်ပေ။ ဤရုတ်တရက်ပြောင်းလဲမှုသည် ဤထူးကဲသာလွန်မှု အင်အားစုများသည် ဤအဖြစ်အပျက်ကို အတူတကွ စီစဉ်နေကြောင်း အထောက်အထား ဖြစ်နေသည်။ ဆိုလိုသည်မှာ သူတို့၏ ရည်ရွယ်ချက်ကို အောင်မြင်ရန် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး စစ်ဆေးမှုကို အပိုင်းလိုက် ခွဲဝေယူကြမည် ဖြစ်သည်။
"တွန့်ဆုတ်မနေနဲ့တော့"
တိုက်ပွဲစိတ်ဝိညာဉ်က အော်ဟစ်လိုက်ပြီး လူကြီးမင်းလုက ခေါင်းညိတ်လိုက်သည်။
ဒုတိယအမဲလိုက်ကွင်းတွင် ကျယ်လောင်သောအသံ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အပ်နှင်းခံသတ္တဝါအားလုံး ကြမ်းတမ်းစွာ သေဆုံးသွားကာ အလင်းတန်းအဖြစ် ပြောင်းလဲပြီး အကာအရံဆီသို့ အလျင်အမြန် ပြေးဝင်သွားလေသည်။ ဒုတိယအမဲလိုက်ကွင်းသည် ဘာမှမကျန်တော့သည်အထိ လျင်မြန်စွာ ကျုံ့ဝင်သွားလေ၏။
အမျိုးသားအဝတ်အစားနှင့် ပိုမိုလှပနေသည့် ကျီကျင်းကျင်းသည် အခြေအနေကို အေးဆေးစွာ ကြည့်နေလေသည်။ သူမက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ငါတို့တစ်ယောက်တည်းဆိုရင် အခြေအနေကို မကိုင်တွယ်နိုင်ဘူးထင်တယ် …
သူမက အေးဆေးတည်ငြိမ်နေပုံရသော်လည်း သူမနှင့် အခြားထူးကဲသာလွန်မှု အသုံးအဆောင်ပစ္စည်း အသုံးပြုသူများသည် ကြီးမားသော ဖိအားအောက်တွင် ရှိနေခဲ့ကြသည်။ ထိုမျှ စွမ်းအားကြီးသော ထူးကဲသာလွန်မှု အသုံးအဆောင်ပစ္စည်းများကို အသုံးပြုခြင်း၏ အကျိုးသက်ရောက်မှုကြောင့် သူတို့၏ ဝိညာဉ်များ အော်ဟစ်နေခဲ့ကြသည်။
ကျီကျင်းကျင်းက ခေါင်းမော့ကာ အဝေးကို လှမ်းကြည့်လိုက်သည်။
တုံ့ပြန်မှု မရှိတော့ဘူးဆိုတော့ နောက်တစ်ဆင့်ကို တက်လှမ်းလို့ရပြီ …
သူမက အမှတ်အသားပြားတစ်ခုကို ခေါ်ယူပြီး ခြေမွပစ်လိုက်သည်။ ထို့နောက် စွမ်းအားကြီးမားသော မျက်လုံးငါးခု သို့မဟုတ် ပုဂ္ဂိုလ်ငါးဦးသည် စစ်ဆေးမှုဆီ ဆင်းသက်လာကြသည်။ ပိလုံရှန့်နှင့် သူ့လူများသည် သူတို့ထဲမှ တစ်ဦးဖြစ်သော ကျိလျိုယွီကို မှတ်မိကြပြီး ဝမ်ဝေ့သည် နောက်ထပ်တစ်ဦးဖြစ်သော အဘိုးအိုထျန်းကျိကို မှတ်မိခဲ့သည်။
ဤပုဂ္ဂိုလ်ငါးဦးကား မြင့်မားသော သဘောတရားဆိုင်ရာ သက်ရှိများအဖြစ် မှတ်ယူနိုင်သည်။ သူတို့သည် စစ်ဆေးမှုကို ကြည့်လိုက်ပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် အကာအရံသည် ပြိုကွဲသွားခဲ့ရသည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် စစ်ဆေးမှု၏ ထောင့်တိုင်းနေရာတိုင်းသို့ ပျံ့နှံ့သွားခဲ့ပြီး ပိလုံရှန့်မှလွဲ၍ မြေပြင်ပေါ်ရှိ လူတိုင်းသွေးအိုင်အဖြစ် ပေါက်ကွဲသွားကာ အသိစိတ်အနေအထားအဖြစ် အသက်ရှင်နေခဲ့ကြသည်။ ကောင်းကင်နှင့်မြေကြီးကြားတွင် တဂျစ်ဂျစ်မြည်သံတစ်ခု ပဲ့တင်ထပ်လာပြီး နာကျင်စွာ အော်ဟစ်သံနှင့် ပိုတူနေသည်။
လူကြီးမင်းလုက အရာအားလုံးကို အံ့ကြိတ်ကာ ကြည့်နေခဲ့ပြီးနောက် အော်ပြောလိုက်လေ၏။
"အရှင် ကျွန်တော်တို့က ဖျက်ဆီးခံရတော့မှာလား"
လေထုက ချက်ချင်း ပြောင်းလဲသွားကာ ထူးကဲသာလွန်မှုအဆင့် သက်ရှိများသည် အသက်ရှူရပ်သွားပုံရပြီး သူတို့ပတ်ဝန်းကျင်ရှိ ကာလံဒေသံကို ရပ်တန့်သွားစေသည်။ စကြဝဠာရှိ အမှန်တရားအားလုံးကို ပုံဖော်ထားသော ရွှေရောင်မျက်လုံးတစ်စုံသည် ထိုငါးဦး၏ မျက်နှာချင်းဆိုင်တွင် ပေါ်ထွက်လာလေသည်။
"ကောင်လေးကျိ … မင်းမျက်နှာကို စက္ကန့်ပိုင်းအတွင်း နှစ်ခါတွေ့ရတာ မကြိုက်ဘူး" ကောင်းကင်ကာဒီနယ်က ပြောလိုက်သည်။
ကျိလျိုယွီက တုံ့ပြန်ခြင်းမရှိဘဲ သူ့ကို အေးဆေးစွာ ကြည့်နေလေ၏။
"ဘာလဲ။ မင်းရဲ့ သူငယ်ချင်းလေးတွေကြောင့် မောက်မာလာတာလား" ကောင်းကင်ကာဒီနယ်က လှောင်ပြောင်လိုက်ပြီး ထူးကဲသာလွန်မှုအဆင့် သက်ရှိငါးဦးအပေါ် သူ၏ မထီမဲ့မြင်ပြုမှုကို ဖုံးကွယ်ထားခြင်း မရှိပေ။
"လေးစားရပါသော ကာဒီနယ် … ကျွန်တော်တို့က စည်းမျဉ်းများကို မချိုးဖောက်ခဲ့ပါဘူး" အဘိုးအိုထျန်းကျိက ပြောလိုက်သည်။
"စည်းမျဉ်းတွေက ငါ့ကို ကန့်သတ်နိုင်တယ်လို့ မင်း ထင်နေလား?"
"မကန့်သတ်နိုင်ဘူးလား" စူးရှပြတ်သားမှုရှိသော မျက်လုံးတစ်လုံးက တုံ့ပြန်လိုက်သည်။
"မင်းတို့ပုရွက်ဆိတ်တွေက ကိုယ့်ဝန်ကို မသိဘဲ ပိုမောက်မာလာပြီပဲ"
ကောင်းကင်ကာဒီနယ်က တစ်ချက် စောင်းငဲ့ကြည့်ရင်း ပြောလိုက်သည်။
အဝေးတစ်နေရာတွင် မြင့်တက်ဘုရင်ကမ္ဘာဟု ခေါ်သော ကမ္ဘာတစ်ခုရှိ ဓားတောင်ပုံပေါ်တွင် ထိုင်နေသော ဓားသမားတစ်ဦးသည် ရုတ်တရက် မျက်လုံးဖွင့်ကာ သွေးအများအပြား အန်ထုတ်လိုက်ရသည်။ သူက ခေါင်းခါလိုက်ပြီး မျက်လုံးများ ပြန်ပိတ်လိုက်သည်။ သူ၏ မျက်လုံးများသည် ကာဒီနယ်ကို ကြည့်သောအခါတွင် ခိုင်မာပြီး စိန်ခေါ်နေသလို ဖြစ်နေသည်။
ကောင်းကင်ကာဒီနယ်က ထိုစိန်ခေါ်နေသော မျက်လုံးများကို လှောင်ပြောင်ကာ လျစ်လျူရှုလိုက်သည်။ သူ့အတွက် ထိုအရာသည် ကြောက်ရွံ့မှုကို ဖုံးကွယ်ရန် ကြိုးစားနေသော ခွေးဟောင်သံသာသာ ဖြစ်ပေသည်။
သူ့အကြည့်က လူကြီးမင်းလုနှင့် စစ်ဆေးမှုဆီ ရောက်လာခဲ့သည်။
"အရှင် ကျွန်တော်တို့ကို ကယ်တင်ပေးပါ"
"သဘောတရားအရဆိုရင် ကောင်းကင်နဲ့မြေကြီး ထူးဆန်းအံ့ဖွယ်တွေက ငါ့ရဲ့ စီရင်ပိုင်ခွင့်အောက်မှာရှိပြီး မင်းတို့ကို ကူညီပေးသင့်တယ်"
ကာဒီနယ်က ပြောလိုက်သည်။
"ဒါပေမဲ့ မင်းတို့က စစ်ဆေးမှုရဲ့ အသိစိတ်အသစ်တစ်ခု မွေးဖွားလာတာကို မတင်ပြဖို့ ရွေးချယ်ခဲ့တဲ့အတွက် မင်းတို့ရဲ့ အခွင့်အရေးအားလုံးကို ဆုံးရှုံးခဲ့ရပြီ"
" အရှင် အဲလိုမဟုတ်ရပါဘူး"
"မင်း ရှင်းပြစရာမလိုဘူး"
ကာဒီနယ်က သူ့ကို တားမြစ်လိုက်သည်။
"မင်းတို့က ဒါကို ဆက်သွယ်မှုတစ်ခုလို့ ခံစားခဲ့ရပြီး ဒါက မင်းတို့ဘဝသစ်အတွက် အခွင့်အရေးလို့ ထင်ခဲ့တယ်။ သတိရှိပြီး ဉာဏ်ရည်ရှိတဲ့ သတ္တဝါတွေအနေနဲ့ မင်းတို့ဒီလိုရွေးချယ်မှု လုပ်ခဲ့တာ နားလည်ပါတယ်။ ဒါပေမဲ့ မင်းတို့ရဲ့ ရွေးချယ်မှု အကျိုးဆက်ကို ခံယူရလိမ့်မယ်"
"ကျွန်တော်တို့က အရှင့်ကို ဆက်လက် ခစားအမှုထမ်းဖို့ ဆန္ဒရှိပါတယ်"
လူကြီးမင်းလုက အံ့ကြိတ်ကာ တုံ့ပြန်လိုက်သည်။
"ပင်မစိတ်ကို ကျွန်ခံရရင်တောင် … အဲဒါကို ဒီလူတွေလက်ထဲ မကျရောက်စေဖို့ပဲ မျှော်လင့်ပါတယ်"
"ဒါက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်"
ကောင်းကင်ကာဒီနယ်က ပြောလိုက်သည်။
"ဖေးက သူ့မအချိန်တုန်းက ကြင်နာမှု … အထူးသဖြင့် သူမရဲ့ဝိညာဉ်ကြောင့် လူသိများခဲ့တယ်။ နှစ်ပေါင်းများစွာကြာပြီး သူ့မသေဆုံးပြီးနောက်မှာတောင် သူမရဲ့မှတ်ဉာဏ်အကြွင်းအကျန်တွေကနေ မွေးဖွားလာတဲ့ အသိစိတ်အသစ်တစ်ခုက ဒီအဆင့်အထိ မင်းတို့ကို သက်ရောက်မှုရှိအောင် လုပ်နိုင်သေးတယ်"
[ဖေး] ဆိုသော စကားလုံးကို ကြားလိုက်ရသည့်အခါ လူကြီးမင်းလုနှင့် တခြားစိတ်ဝိညာဉ်တွေဟာ နက်နဲသည့် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။
သူတို့က ထိုအရာ၏ အရင်းအမြစ်ကို မသိခဲ့သော်ငြား ခံစားချက်က အရမ်းပြင်းထန်နေ၍ သူတို့၏ စိတ် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရ၏။
"အရှင်"
မျက်ရည်များဖြင့် စိတ်ဝိညာဉ်က အော်ဟစ်လိုက်သည်။
“အရှင် ဘယ်လိုလုပ်မှာပါလဲ"
"မင်းတို့က မင်းတို့ထင်သလောက် အရေးမကြီးပါဘူး" ကာဒီနယ်က ပြောလိုက်သည်။
"နောက်ပြီး မင်းတို့ရဲ့ ကံကြမ္မာက ကြီးမားတဲ့ ပုံကြမ်းထဲမှာ ကြိုတင်သတ်မှတ်ထားတာ ကြာပြီ"
"ကျွန်တော်တို့ ဘာမဆိုလုပ်ပါ့မယ်!"
"ကောင်းပြီ … ငါ့ဆုံးဖြတ်ချက်က နောက်ဆုံးပဲ"
ကောင်းကင်ကာဒီနယ်က အေးဆေးတည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ဒါပေမဲ့ ငါက လုံးဝ နှလုံးသားမရှိတဲ့သူတော့ မဟုတ်ဘူး"
ကာဒီနယ်က ဟွင်သွမ်းကမ္ဘာများကို ဖန်တီးကာ အမိန့်များကို ချမှတ်ရန် တာဝန်ရှိသည်၊ ထို့ကြောင့် သူသည် ကမ္ဘာတစ်ခုလုံး၊ လူမျိုးတစ်မျိုးလုံးအပေါ် ဘဝတစ်ခု၏ သြဇာလွှမ်းမိုးမှုကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရသည်။
ကာဒီနယ်က မျက်လုံးငါးလုံးကို ကြည့်လိုက်သည်။
"မင်းတို့ ဒီကိစ္စကို တိုက်ရိုက်ဝင်ရောက်စွက်ဖက်လို့ မရဘူး"
သူသည် လေထဲတွင် ပေါ်လောရှိနေသော ပိလုံရှန့်ဆီ အကြည့်ရွှေ့လိုက်သည်။
"မင်းရဲ့ စံအိမ်အတွက်လည်း အတူတူပဲ"
ပိလုံရှန့်က ယဉ်ကျေးစွာ ဦးညွတ်လိုက်သည်။
"အရှင့်ဆန္ဒအတိုင်းပါ"
ကာဒီနယ်က ဝမ်ဝေ့၏ သတိနိုးကြားနေသည့်အခြေအနေကို ဘယ်သူမှ မသိအောင် တစ်ချက်ကြည့်လိုက်ပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ အခြားမျက်လုံးများသည် အချင်းချင်း ကြည့်ကာ လျှို့ဝှက်စွာ ဆက်သွယ်နေခဲ့ကြသည်။ ကာဒီနယ်၏ စကားများတွင် အဓိပ္ပါယ်များ၊ သွယ်ဝိုက်ပြောဆိုမှုများ သို့မဟုတ် အရိပ်အမြွက်များစွာ ပါဝင်သည်။ သူတို့သည် မည်သို့ ဆက်လက်လုပ်ဆောင်ရမည်ကို ဆက်သွယ်ကြရမည် ဖြစ်၏။
စိတ်ဝိညာဉ်များက သူတို့၏ စိတ်ခံစားမှုများကို ထိန်းချုပ်ကာ အမည်မသိနေရာတစ်ခုသို့ မုခ်ပေါက်တစ်ခုကို ဖွင့်လိုက်သည်။
ထူးကဲသာလွန်မှု ပုဂ္ဂိုလ်များက အစီအစဉ်တစ်ခုကို အလျင်အမြန် ချမှတ်ကာ လျင်မြန်စွာ တုံ့ပြန်ခဲ့ကြသည်။ ထို့နောက် သူတို့၏ အမိန့်အရ ကျီကျင်းကျင်းနှင့် အခြားသူများသည် သူတို့၏ ထူးကဲသာလွန်မှု အသုံးအဆောင်ပစ္စည်းများကို ထုတ်ယူကာ နောက်ထပ်မုခ်ပေါက်တစ်ခုကို ဖွင့်ကာ လိုက်သွားခဲ့ကြသည်။
ထိုစဉ် ဝမ်ဝေ့၏ ခန္ဓာကိုယ်က ပြန်လည်စုစည်းပုံပေါ်လာပြီး သက်ပြင်းချလိုက်မိသည်။
"တာအိုရောင်းရင်း ခင်ဗျားကို ကျုပ် ခေါ်သွားပေးရမလား"
ဝမ်ဝေ့သည် ပိလုံရှန့်က ကြင်နာစွာ ပြုံးလျက် ချဉ်းကပ်လာသည်ကို ကြည့်နေလိုက်သည်။
"ကမ်းလှမ်းမှုအတွက် ကျေးဇူးပါ။ ဒါပေမဲ့ ကျုပ်ဘာသာ ကိုယ်ပိုင်နည်းလမ်း ရှိပါတယ်"
"သေချာလား။ ဒီစစ်ဆေးမှုရဲ့ အတွင်းပိုင်းက လူတိုင်းဝင်နိုင်တာမျိုး မဟုတ်ဘူး"
"ကျုပ် နားလည်ပါတယ်။ ဒါပေမဲ့ မလိုပါဘူး"
"သဘောပါပဲ"
ပိလုံရှန့်က ပြုံးလိုက်ပြီးနောက် ထွက်သွားခဲ့သည်။ သူသည် သူ၏လူများကို စုစည်းကာ အခြားမုခ်ပေါက်တစ်ခုထဲ ပျောက်ကွယ်သွားခဲ့သည်။
ပိလုံရှန့် ပြောခဲ့သလိုပင် သာမန်နည်းလမ်းများဖြင့် ဤနေရာသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။ သို့သော် ဝမ်ဝေ့တွင် ဝင်ရောက်ရန် နည်းလမ်းနှစ်ခု ရှိနေသည်။ ပထမမှာ သူသည် အနီရောင်မျက်နှာဖုံးအား သူ၏ဝိညာဉ်အမှုန်များကို ထူးကဲသာလွန်မှု အင်အားစုဝင်တစ်ဦး၏ ကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ရန် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။
ဒုတိယအချက်မှာ ဤစစ်ဆေးမှုသည် သက်ရှိသတ္တဝါတစ်ကောင် ဖြစ်သောကြောင့် ဖြစ်သည်။ ဝမ်ဝေ့သည် ဤသတ္တဝါ၏ [တည်ရှိမှု] ကို လေ့လာခြင်းဖြင့် ဝင်ရောက်ပေါက်တစ်ခုကို ရှာဖွေရန် စီစဉ်ခဲ့သည်။ ပုံမှန်အခြေအနေများတွင် ထိုအရာသည် အလုပ်မဖြစ်နိုင်သော်လည်း ထိုသတ္တဝါသည် ပြင်းထန်စွာ ဒဏ်ရာရထားသောကြောင့် သူ့အတွက် အခွင့်အလမ်းများ မြင့်မားလာခဲ့သည်။
ခုံက စလှုပ်ရှားလိုက်ပြီလား …
ဝမ်ဝေ့သည် အဝေးမှ အစီအရင်အသက်ဝင်လာမှုနှင့် အာကာပြင် လှိုင်းတွန့်များကို အာရုံခံလိုက်မိသည်။
အနီရောင်မျက်နှာဖုံးက သူ့ကို လျှို့ဝှက် ကူညီခဲ့ပုံရတယ်။ ဒါကောင်းတာပဲ … ငါ လှုပ်ရှားစရာမလိုတော့ဘူး …
ဝမ်ဝေ့သည် သူ၏နည်းလမ်းကို အသက်သွင်းကာ ထူးကဲသာလွန်မှုအဆင့် သက်ရှိ၏ အဓိက
ဗဟိုချက်ကို ကြည့်ရှုဖို့ရာ ဤအခွင့်အရေးကို ယူရန် ကြိုးစားခဲ့သည်။
သို့သော် တစ်စက္ကန့်ပင် မကြာမီတွင် ကြောက်မက်ဖွယ်ကောင်းသော ပုံပန်းသဏ္ဍာန်ရှိသူတစ်ဦး သူ၏ ရှေ့တွင် ပေါ်လာခဲ့သည်။
ဝမ်ဝေ့က အသားနီနီရှိသော ထိုလူကို အေးဆေးစွာ ကြည့်လိုက်ပြီး နက်နက်ရှိုင်းရှိုင်း သက်ပြင်းချလိုက်သည်။
သူ့အတိတ်သည် သူ့နောက်သို့ လိုက်လာနေခဲ့လေပြီ။ ဝမ်းနည်းဖို့ကောင်းသည်မှာ ယခုအချိန်ကား ထိုအတွက် မဟုတ်သေးသော်လည်း ထိုဆုံးဖြတ်ချက်သည် သူ့အပေါ် မူတည်မနေခဲ့ပေ။
"မင်း ဘယ်သူလဲ။ ဘာလို့ ငါ့ကို လာတားဆီးနေတာလဲ"
ဝမ်ဝေ့က အဖြေကို ခန့်မှန်းပြီးသားဖြစ်သော်လည်း မေးလိုက်သည်။ အသားနီနီရှိသော ထိုလူက ပြုံးရယ်လိုက်သော်လည်း သူ၏အသံတွင် ရယ်သံမျိုး မပါဝင်ဘဲ အဆုံးမရှိသော မုန်းတီးမှုနှင့် ဒေါသသာ ပါဝင်နေလေသည်။