အတိတ်မှရိုက်ခတ်မှု
Vol. 105 Ch. 1464
“ငါ့ကို မမှတ်မိဘူးလား။ ဟုတ်တယ်လေ ဘယ်လိုလုပ်မှတ်မိပါ့မလဲ” အသားနီနီ အမျိုးသားက ရေရွတ်လိုက်သည်။
“မင်းက ငါချစ်ရပြီးတော့ ဂရုစိုက်တဲ့သူအားလုံးကို သတ်ပစ်ခဲ့တာ။ အဲ့ဒီတုန်းက မင်းက ဘာမှမဖြစ်သလိုမျိုး ပြန်လည်ဝင်စားသွားပြီးတော့ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတွေ ပြည့်နှက်တဲ့ဘဝမှာ နေထိုင်နေတာပဲ”
“ငါက လူအများကြီးကို သတ်ပြီးတော့ လူအများကြီးရဲ့ ဘဝကို ဖျက်ဆီးခဲ့ဖူးတယ်။ မင်း အတိအကျ ပြောပေး” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။
“ဟား ဟား ဟား ငါ့နာမည်က သုံ့အန်းဖြစ်ခဲ့တာ။ အန်း ဆိုတာက ငြိမ်းချမ်းခြင်းရဲ့ သင်္ကေတပဲ။ ငါ့အဖေက အဲ့လိုနာမည်ပေးခဲ့တာက ငါ့ဘဝတလျှောက်လုံးကို ငြိမ်းအေးတာ လိုချင်လို့ပဲ” အနီရောင်အရေပြားနှင့်အမျိုးသားက ဒုတိယအကြိမ် ရယ်မောပြီး ပြောလိုက်သည်။
အနီရောင်အရေပြားနှင့် အမျိုးသား၏ မျက်ဝန်းက အနက်ရောင်စွေးစွေးပြောင်းလာကာ ထပ်ပြောလိုက်သည်။
“ငါ့ကမ္ဘာကတော့ အစစ်အမှန် ငြိမ်းချမ်းရေးကမ္ဘာပဲ။ အဲဒါက ယွမ်ခေတ်ကာလ ဘီလီယံချီရင် စံပြတစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ ဟွင်သွမ်းကမ္ဘာငယ်လေးတစ်ခုပဲ။ ငါ့အဖေက အဲ့ရာထူးအတွက် တိုက်ခိုက်ခဲ့ပြီးတော့ ကမ္ဘာရဲ့ကာကွယ်သူ ဖြစ်လာခဲ့တယ်။ သူက ငါ့ကို ငြိမ်းအေးတဲ့ ဘဝပေးနိုင်အောင် ငါ့အမေဆီမှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တယ်”
သုံ့အန်းက အံကြိတ်ပြီးတော့ ပြောလိုက်သည်။
“ဒါပေမဲ့ မင်း ကျူးကျော်လာတဲ့အခါမှာ အရာအားလုံး ပြောင်းလဲသွားခဲ့တယ်။ ငါ အဲ့ဒီနေ့ကို မှတ်မိနေတုန်းပဲ။ ငါ့အဖေက ငါ့ကိုထွက်ပြေးဖို့ တောင်းဆိုနေပြီးတော့ ငါ့လူတွေက အော်ဟစ်ရင်းနဲ့ မင်းဆီမှာ သူတို့ရဲ့ ဝိညာဉ်တွေ ဝါးမြိုခံလိုက်ရတယ်။ ငါနဲ့ စေ့စပ်ထားသူရဲ့ နောက်ဆုံးအော်ဟစ်သံကိုလည်း မှတ်မိတုန်းပဲ။ ငါ့ကမ္ဘာရဲ့ ကောင်းကင်တာအိုရဲ့ အော်သံကိုလည်း မှတ်မိနေတုန်းပဲ”
ဝမ်ဝေ့က နားထင်ကြောကို ဖိကာ ရေရွတ်လိုက်သည်။
“ငါက အဲ့ဒီတုန်းက စိတ်အခြေအနေ မမှန်ဘဲနဲ့ အလိုအလျောက် ပြုမူသွားတယ်ပြောရင် အကူအညီဖြစ်မှာလား”
“ငါ့အရေပြားကို မြင်လား။ ဘာလို့နီနေတာလဲဆိုတာ သိလား။ ငါ မသေခင်တုန်းက ဘယ်လိုတန်ကြေးဖြစ်ဖြစ် မင်းကို သတ်ဖို့ ကျိန်ဆိုခဲ့လို့ပဲ။ ကျမ်းသစ္စာက ငါ့ကမ္ဘာရဲ့ သွေးနဲ့ ငါ့ကို အနီရောင်စွန်းထင်းစေခဲ့တာ။ ငါက ပြန်လည်ဝင်စားမှုများစွာကို ဖြတ်ကျော်လာပေမယ့် ကိစ္စနှစ်ခုကတော့ မပြောင်းလဲဘူး။ ငါ့ရဲ့အရေပြားအရောင်နဲ့ မင်းအပေါ်မှာ ထားရှိတဲ့ ငါ့ရဲ့ အမုန်းတရားပဲ”
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ သူက အလုပ်မဖြစ်ကြောင်းသိသည့်အခါ ထပ်မံကြိုးစားကြည့်လိုက်၏။
“သုံ့အန်း နားထောင် … မင်း ဒီလိုလုပ်ဖို့မလိုဘူး။ မင်းရဲ့ အမုန်းတရားနဲ့ဒေါသတွေကို ဖုံးလွှမ်းမသွားစေနဲ့”
“နာမည်က ငြိမ်းချမ်းရေးတစ္ဆေ … အခု လက်စားချေမယ်”
သူက ဝမ်ဝေ့ရှေ့တွင် ပေါ်ပေါက်လာပြီး လက်သီးနှင့် ထိုးချလိုက်ကာ အနီရင့်ရင့် မီးတောက်ကို ထုတ်လွှင့်လာလေသည်။
ကံမီးတောက်လား …
ဝမ်ဝေ့က ထိုတိုက်ကွက်ကို အလွယ်တကူ ရှောင်ရှားရင်း တွေးလိုက်သည်။
သူ့တာအိုက ကံဝဋ်ကြွေးနဲ့ ပေါင်းစည်းထားတဲ့ ဆင့်ကဲမီးတောက် တာအိုလား …
သုံ့အန်းက တိုက်ကွက်တစ်ခုဖြင့် မရပ်တန့်ဘဲ ဆက်လက်တိုက်ခိုက်နေသည်။
“ငါ့စကားကိုနားထောင်။ မင်းအဖေနဲ့ကမ္ဘာကို ထပ်ပြီး မြင်တွေ့နိုင်မဲ့ နည်းလမ်းရှိတယ်” ဝမ်ဝေ့က ရှောင်ရှားရင်း ပြောလိုက်သည်။ ဝမ်ဝေ့၏ စကားက အကူအညီမဖြစ်ခဲ့ပေ။ သူက သုံ့အန်းအား ပိုမိုမြင့်မားသည့် ရူးသွပ်မှုသို့ တွန်းပို့လိုက်သလို ဖြစ်သွားသည်။
သုံ့အန်းက မိုးကြိုးချက်တစ်ခုကို စုစည်းပြီး ဝမ်ဝေ့ထံပစ်လွှတ်လိုက်၏။ ဝမ်ဝေ့က ရှောင်ရှားဖို့ကြိုးစားသော်လည်း သူတို့က သူ့နောက် နေရာအနှံ့လိုက်ပါနေသည်။ ထို့ကြောင့် သူတို့အား လက်သီးဖြင့် ထိုးချလိုက်ရ၏။
ထိုစဉ် သုံ့အန်းက သူ့ဘေးနားတွင် ချက်ချင်းပေါ်ထွက်လာပြီး ကြမ်းတမ်းစွာ တိုက်ခိုက်လိုက်၏။
မျှတမှုလက်သီး
ထို့နောက် ရွှေရောင်အလင်းတန်းက သူ့ကို လွှမ်းခြုံသွားကာ သူနှင့် မှားယွင်းမှုအားလုံးကို သန့်စင်ပစ်ဖို့ ကြိုးစားနေဟန်ပေါ်သည်။
ကံဆိုးစွာဖြင့် ဝမ်ဝေ့၏ တာအိုနှလုံးသားက သံမဏိထက် မာကျောနေသည့်အတွက် သူ့အပြုအမူအတွက် အပြစ်ရှိစိတ် အနည်းငယ်ခံစားမိသည်ဆိုလျှင်ပင် သူ့အပေါ် မည်သည့်ပုံစံမျိုးနှင့်မှ သက်ရောက်ရှိနေမည် မဟုတ်ပေ။ ထိုအရာ သူ့ကံဝဋ်ကြွေးအပေါ် ထိန်းချုပ်မှုအား ပိုမိုပြီးပြည့်စုံဖို့ရာ ကူညီပေးပြီး ထိုတိုက်ကွက်က သူ့အား အကဲမဖြတ်နိုင်တော့ပေ။
“အဲ့ဆိုတော့ မင်းက ငါ့ကမ္ဘာကို သတ်ဖြတ်တုန်းကလို ရက်စက်တတ်သူတစ်ယောက်ဖြစ်နေတုန်းပဲကိုး” သုံ့အန်းက လှောင်ပြောင်လိုက်သည်။ ဝမ်ဝေ့က ခုခံရင်း သုံ့အန်းက လူများစွာ၏ အသက်ကို မနင်းခြေဘဲ စံပြတစ်ယောက်ဖြစ်လာနိုင်ချေမရှိကြောင်း ပြန်လည်ငြင်းခုန်လိုက်သည်။
“မင်းလည်း စံပြတစ်ယောက်ပဲ။ အဲ့ဆိုတော့ မင်းက အသင်္ချေဘုံကို သွားလာလို့ရပြီ။ မင်းရဲ့ကမ္ဘာ မဖျက်ဆီးခံရတဲ့ အချိန်စက်ဝန်းတစ်ခုကို ရှာပေါ့။ မင်း မိသားစုက အသက်ရှင်နေဆဲ ရှိဦးမှာပဲ”
သုံ့အန်း၏ ခန္ဓာကိုယ်က သိသိသာသာ တုန့်ဆိုင်းသွားလေသည်။ သူက ထိုချဉ်းကပ်မှုမျိုးကို တစ်ခါမှ မတွေးခဲ့မိပေ။ ပြောရမည်ဆိုလျှင် သူ့ရှည်ကြာသည့်ဘဝထဲ သူသည် သူ့ဆုံးရှုံးခဲ့ရသည့်အရာကို ပြန်လည်ရရှိလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိပေ။
သူ့အမုန်းတရားနှင့် လက်စားချေလိုသည့် စိတ်ဆန္ဒတို့ဖြင့် တွန်းပို့ခံရပြီး သူ့အတွေးအားလုံးနှင့် စိတ်ခံစားချက်အားလုံးကို သူ့ဘဝ၏ ကပ်ဘေးဖြစ်စေခဲ့သည့်လူကို ရှာဖို့ရာသာ အာရုံစိုက်ထားခဲ့၏။
သူက ဝမ်ဝေ့၏ စကားများကို ပြန်လည်တွေးတောနေစဉ် သူ့မျက်နှာအမူအရာနှင့် အကြည့်တို့က တောင့်တမှုမျိုးဖြင့် ပြည့်နှက်လာသည်။ ထို့နောက် သူ့ပါးစပ်ဖျားတို့က ပထမဦးဆုံးအကြိမ်အနေဖြင့် ကွေးညွတ်သွားလေ၏။ သုံ့အန်းက ခေါင်းရမ်းပြီး သက်ပြင်းချလိုက်သည်။
“ငါ့ရဲ့ဆိုးရွားတဲ့ ကံကြမ္မာကို မမျှဝေထားတဲ့ တစ်ယောက်ရှိနေတာကို သတိပေးလို့ ဝမ်းသာပေမဲ့ သူ့မိသားစု၊ သူ့ရဲ့ ကမ္ဘာက ငါ့အပိုင် မဟုတ်ဘူး”
သုံ့အန်းက ထိုအစီအစဉ်အတိုင်း လိုက်လုပ်သည်ဆိုလျှင်ပင် တခြားကိုယ်ကို သတ်ကာ သူ့နေရာကို ဝင်ယူရလိမ့်မည်။
ထိုသို့လုပ်ဖို့ရာ သူသည် ရက်စက်သည်ဆိုလျှင်ပင် သူ့ဖခင်နှင့်စေ့စပ်သူက ထိုအကြောင်း ရှာဖွေတွေ့ရှိသွားသည့်အခါ ခံနိုင်ရည်ရှိမည်လား။
သူသည် ချစ်မြတ်နိုးသည့်သူတို့ကို နောက်တစ်ကြိမ် ဆုံးရှုံးမှုကို ဖြတ်ကျော်ရမည်သာ ဖြစ်၏။ သုံ့အန်းက နာကျင်မှုကို သိထားကာ သူ့အဖေအား ထိုသို့မကြုံတွေ့ခိုင်းလိုပေ။
“ကောင်းပြီလေ မင်းက ဒီအစီအစဉ်ကို မကြိုက်ဘူးဆိုရင် နောက်ထပ် နည်းလမ်းတွေ ရှိသေးတယ်။ စောစောလေးက ထွက်ပေါ်လာတဲ့ အားကြီးတဲ့ပုဂ္ဂိုလ်တွေကို မြင်တယ်မလား။ မင်းသာ သူတို့အဆင့်ရောက်သွားမယ်ဆိုရင် မင်း မိသားစုနဲ့ကမ္ဘာကို ပြန်ပြီးအသက်သွင်းဖို့က လက်တဖျောက် တီးလိုက်ရုံပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
“မင်း ထပ်ပြီးပြောနေဖို့ မလိုတော့ဘူး။ ဒီနေ့က မင်းရဲ့ သေနေ့ပဲ။ ဘာမှအဲ့ဒီအချက်ကို မပြောင်းလဲနိုင်ဘူး” သုံ့အန်းက ပြောလိုက်သည်။
“အဲ့လိုလား။ ငါ မင်းရဲ့ မျှော်လင့်ချက်နဲ့ ခံစားမှုတွေကို ဖြေရှင်းနည်းကို ပေးခဲ့တာ။ မင်းရဲ့ တုန့်ပြန်မှုက လက်စားချေဖို့တဲ့လား”
“အဲ့ဒီနေရာမှ သူ့လူတွေရဲ့ အချစ်ခံရတဲ့ မင်းသားသုံ့အန်းက သေသွားပြီ။ အခု ငြိမ်းချမ်းရေးတစ္ဆေပဲ ကျန်တော့တယ်”
ဝမ်ဝေ့က သူ့ကို စိုက်ကြည့်လိုက်သည်။ သူက လက်စားချေလိုသည့်ဆန္ဒဖြင့် ပြည့်နှက်နေသည့် အမျိုးသားကို မြင်လိုက်ရ၏။ သူက သုံ့အန်း … မဟုတ်သေးဘူး ငြိမ်းချမ်းရေးတစ္ဆေသည် သူ့ကို သတ်ပြီးသည့်နောက်တွင် သူ့ကိုသူ သတ်သေနိုင်ကြောင်း မြင်လိုက်ရသည်။
“ကောင်းပြီလေ ငါ မင်းရဲ့ဘေးဒုက္ခကို လွတ်မြောက်အောင် လုပ်ပေးမယ်”
“မင်း သေတာနဲ့ ငါ့အတွက် ရပြီ”
ငြိမ်းချမ်းရေးတစ္ဆေက သူ့ခန္ဓာကိုယ်ကို စတင်လှုပ်ရှားကာ တိုက်ခိုက်လိုက်သော်လည်း ဝမ်ဝေ့က သူ့ထက် မြန်ဆန်နေလေသည်။ သူ မတုန့်ပြန်ရသေးခင် ဝမ်ဝေ့က သူ့ရှေ့၌ ပေါ်ထွက်လာကာ ရင်ဘတ်၌ အပေါက်ကြီးကြီး ချန်ထားခဲ့သည်။ သို့သော်လည်း ထိုတိုက်ကွက် အသုံးမဝင်ပေ။ သူ ကောင်းမွန်စွာ လေ့ကျင့်ထားသည့် အစစ်အမှန်ဆန္ဒကို နောက်ထပ်ဆန္ဒတစ်ခုက ချက်ချင်းပြန်လည်ကုစားသွားပြီး သူ့ဒဏ်ရာက ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်သွားလေသည်။
ငါ ထင်ထားတဲ့အတိုင်းပဲ။ အစစ်အမှန် ငြိမ်းချမ်းရေးကမ္ဘာရဲ့ အစွဲအလမ်းက သူနဲ့ပေါင်းစည်းသွားခဲ့တာပဲ …
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ထိုသတင်းအချက်အလက်က ငြိမ်းချမ်းရေးတစ္ဆေသည် အစစ်အမှန်မသေနိုင်စွမ်းကို ရရှိထားသည့် အနေအထား၌ ရှုပ်ထွေးမှုများစွာရှိနေကြောင်း ပြသနေသည်။ ဝမ်ဝေ့က ထိုသူသည် အချိန်အမှတ်အသားကို ပယ်ဖျက်ကာ အတိတ်ကိုယ်ကို သတ်ပစ်သည်ဆိုလျှင်ပင် အသက်ရှင်နေမည် ဖြစ်ကြောင်း ကောက်ချက်ချလိုက်၏။ အစစ်အမှန်ငြိမ်းချမ်းရေး ကမ္ဘာမှ လူများစွာ၏အစွဲအလမ်းတို့က ထိုသူ့အား သူ့ကျမ်းသစ္စာ မပြည့်မဝသရွေ့ မသေနိုင်အောင် တားဆီးထားလေသည်။
ဝမ်ဝေ့က သူ့လက်ဖဝါးကို အသုံးပြုကာ အလင်းတန်းကို ပိတ်ဆို့လိုက်ပြီး ငြိမ်းချမ်းရေးတစ္ဆေ၏ ဘယ်ဖက်ကို စတင်တိုက်ခိုက်လိုက်သည်။ သူ့အစစ်အမှန်ဆန္ဒက အသေးစား အလုပ်ဖြစ်ခဲ့ပြီး နေရာအတိအကျကို တိုက်ခိုက်လာကာ ထိုသူ၏ နှလုံးသားအား ပေါက်ကွဲထွက်သွားစေသည်။
ငြိမ်းချမ်းရေးတစ္ဆေက တတိယကောင်းကင်ဘုံ ကျင့်ကြံဆင့်ရှိထားပြီး အကြီးအကဲနတ်ဘုရား ပဉ္စမအဆင့် ခန္ဓာကိုယ်လေ့ကျင့်ရေးကို ပိုင်ဆိုင်ထားလေသည်။ သို့သော်လည်း အကြောင်းရင်းတချို့ကြောင့် သူသည် ကျင့်ကြံဖို့ရာ အလျင်လိုနေပြီး အစွဲလမ်းကြောင့် ဆင့်ကဲပြောင်းလဲမှု ဖြစ်ပေါ်လာလေသည်။ သို့သော် သူသည် ဂရုမစိုက်၍ အကန့်သတ်မဖျက်ဆီးနိုင်ခြင်းကို ကျင့်ကြံထားခြင်း မရှိပေ။ ဆိုလိုသည်က သူသည် မငြိမ်းသတ်နိုင်ဖွယ်စံပြ တစ်ယောက်ဖြစ်လာပြီးသည့်နောက်တွင် ပြစ်ချက် ၁၂ခု အနည်းဆုံး ရှိနေလေသည်။
ဝမ်ဝေ့က ပြစ်ချက်ကိုးခုကိုသာ ရှာတွေ့လေသည်။ အကြောင်းရင်းကမူ ငြိမ်းချမ်းရေးတစ္ဆေက သုံးခုကို ပြုပြင်ထားခြင်းလား သို့မဟုတ် အချိန်တိုအတွင်း တခြားသူများရှာဖွေတွေ့ရှိဖို့ မလုံလောက်ခြင်းလား မပြောတတ်ပေ။ သို့သော် မည်သို့ပင်ဆိုစေကာမူ ပြစ်ချက်အပေါ် သူ့တိုက်ကွက်က တစ်စုံတစ်ခုကို စမ်းသပ်ဖို့ရာသာ ဖြစ်၏။
သာမန်အခြေအနေအောက်တွင် ခန္ဓာကိုယ်လေ့ကျင့်သူတစ်ဦး၏ ပြစ်ချက်က တိုက်ခိုက်ခံရလျှင် ထိုခန္ဓာသည် ထာဝရဒဏ်ရာ ရရှိသွားမည်ဖြစ်ကာ ပိုမိုမြင့်မားသည့် အရင်းအမြစ်ဖြင့် ကုစားရမည့် အားနည်းချက်တစ်ခု ဖြစ်လာလိမ့်မည်။ ပို၍အရေးကြီးသည်က သူတို့၏ စိတ်ဆန္ဒသည် လျော့ချခံလိုက်ရပြီး သူတို့၏စိတ်ဆန္ဒမသေနိုင်စွမ်းအား ချိုးဖောက်ကာ သတ်ဖို့ရာ ပိုမိုလွယ်ကူလာစေ၏။
အစွဲအလမ်းက သူ့ကို အသက်ရှင်အောင်ထားထားနိုင်ရုံမကဘူး ထိပ်တန်းအခြေအနေအထိ ရောက်ရှိစေတာပဲ …
ဝမ်ဝေ့က ထိုပြစ်ချက်ရှိဒဏ်ရာသည် အလွယ်တကူကောင်းမွန်နိုင်ခြေ မရှိကြောင်း သုံးသပ်မိ၏။
ဒါက စိတ်ပျက်စရာပဲ …
ဝမ်ဝေ့က တွေးလိုက်သည်။ သူက တစ်ဖက်သူထက် ပိုမိုအားကောင်းသော်လည်း သူ တတ်နိုင်သည့်အရာဟူ၍ မရှိပေ။
အနာဂတ်ဇနီးလောင်းလေးရဲ့ ဘယ်စည်းတံဆိပ်က အစွဲအလမ်းအတွက် အကောင်းဆုံးဖြစ်မလဲ …
ဝမ်ဝေ့က တိုက်ကွက်ကို ရှောင်ရှားရင်း ကြံစည်လိုက်၏။ သူက မဟာမြူအဖွဲ့ခေါင်းဆောင်ကို လေ့လာခြင်းဖြင့် အစွဲအလမ်းကို သုတေသန လုပ်ထားခဲ့သော်လည်း သူ့အနာဂတ်ဇနီးလောင်းလေး၏ စာကြည့်တိုက်နှင့် မယှဉ်နိုင်သေးပေ။
ဝမ်ဝေ့က တိုက်ကွက်ကို ရှောင်ရှားရင်းဖြင့် စည်းပိတ်ရေးသင်္ကေတများကို တိတ်တဆိတ် ရေးထိုးရင်း တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း သူ တိုက်ကွက် ထုတ်လိုက်သည်နှင့် ထိုအရာက ပိုမိုပြင်းထန်စွာဖြင့် သူ့ဆီ ပြန်ဝင်လာလေသည်။ ထိုကြောင့် သူသည် အစွမ်းထိန်းချုပ်ရေးပညာရပ်ကို အသုံးပြုကာ တိုက်ကွက်၏ စွမ်းအားအများစုကို လျော့ချလိုက်ရသည်။
ဒီတစ်ခေါက်က ဘာဖြစ်ပြန်တာလဲ။ အာ သူ့တာအိုက ဒဏ်ခတ်ရေးတာအိုပဲ … လက်စားချေမယ့်သူအတွက်တော့ အတော်လေး သင့်တော်တာပေါ့ ...
ဝမ်ဝေ့က တွေးလိုက်သည်။