အတွင်းပိုင်းဗဟိုချက်
Vol. 105 Ch. 1466
ဝမ်ဝေ့က မျက်လုံးကိုမှိတ်ပြီး ကိုယ်ပွားနှင့် အာရုံခံစားမှုကို မျှဝေရင်း တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။ ထို့ကြောင့် သူက အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။ သူ့အကြည့်က အက်ကြောင်းများရှိနေသည့် လေဟာနယ်တစ်ခုကို မြင်လိုက်ရရုံသာမကပေ။ ထိုအစား သူ့အာရုံထဲ သေးငယ်သည့် ကုဗတုံးလေးများ ဝန်းရံထားသည့် ဧရာမစက်လုံးတစ်ခုကို မြင်လိုက်ရ၏။
ဒါက ကိုယ်ပိုင်ဒိုင်မေးရှင်းတွေအားလုံးက ပိတ်ဆို့ခံထားရတာလား။ ဒါက ခုံအတွက်တော့ သတင်းကောင်းပဲ …
သူက တွေးလိုက်မိသည်။ ထိုစက်လုံးက စစ်ဆေးမှုသက်ရှိ၏ အတွင်းပိုင်းဒိုင်မေးရှင်းတစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်တွင်ရှိနေသည့် ကုဗတုံးများက အထဲသို့ ဝင်ရောက်သွားသည့် လူများ၏ အာကာပြင်လက်စွပ် သို့မဟုတ် ကိုယ်ပိုင်ဒိုင်မေးရှင်းများ ဖြစ်ကြပေသည်။
ဟို့ဖုန်းဟွမ်နှင့် တခြားသူများကို ခေါ်ဆောင်သွားသည့်သူများက သူတို့အား ချိတ်မပိတ်ခင် ကိုယ်ပိုင်ဒိုင်မေးရှင်း သို့မဟုတ် အာကာပြင်နှင့် သက်ဆိုင်သည့် အသုံးအဆောင်ပစ္စည်းထဲ ပိတ်လှောင်ခဲ့သည်။ ပုံမှန်အားဖြင့် ဒိုင်မေးရှင်းများထဲ ထိုးဖောက်ဖို့က အင်မတန် ခက်ခဲလှ၏။
သို့သော်လည်း ခုံက အောင်မြင်ခဲ့သည်။ ပထမဦးစွာ သူက သူ့အသွင်ပြောင်းတာအိုနှင့် ပေါင်းစည်းထားသည့် လေဟာနယ်ချိုးဖောက်ရေး အစီအရင်တစ်ခုကို အသုံးပြုခဲ့ရ၏။ အစီအရင်က အာကာပြင်ကို လေ့လာကာ အာကာပြင်အက်ကွဲရေး စွမ်းဆောင်ရည်ကို အမြင့်ဆုံးမြှင့်တင်ပေးနိုင်သည့် စွမ်းဆောင်ရည်တို့ကို ရရှိအောင် အသွင်ပြောင်းခြင်းတို့ကို ပြုလုပ်ခဲ့လေသည်။ သို့သော်လည်း ထိုအရာက မလုံလောက်သေးပေ။ ခုံက ဝမ်ဝေ့၏ စာအုပ်မှ စာရွက်တစ်ရွက်ကို ထုတ်ကာ ယဇ်ပူဇော်ပွဲအနေဖြင့် အသုံးပြုခဲ့ရသည်။
ယဇ်ပူဇော်ပွဲက အစီအရင်ကဏ္ဍအောက်တွင် ရှိသည်ဟု မှတ်ယူနိုင်သည့် မှော်စွမ်းအားတစ်မျိုး ဖြစ်ပေသည်။ အစီအရင်များက ဓာတ်ငါးပါး၊ ယင်ယန်နှင့် ကာလံဒေသံကဲ့သို့သော စွမ်းအားများ ပိုမိုအသုံးပြုနိုင်စဉ် ယဇ်ပူဇော်ပွဲများကမူ မိတ်ဆွေဆက်ဆံရေး၊ သစ္စာရှိမှုအတွက် အသုံးပြုနိုင်မည်။ ထိုယဇ်ပူဇော်ပွဲ၏ အဓိက အသုံးပြုမှုက သူတို့စွမ်းအားကို အသုံးပြုနေသည့် အမည်မသိသက်ရှိများကို ဆက်သွယ်ဖို့ရာ ဖြစ်၏။
ခုံက သူ့ယဇ်ပူဇော်ပွဲထဲတွင် သမိုင်းကြောင်းသော့ခလောက်ကို အသုံးပြုကာ ကောင်းကင်တာအို၏ စွမ်းအားဖြင့် ထိုဒိုင်မေးရှင်းများအား ချိုးဖောက်ကာ လူများကို ကယ်တင်ဖို့ တွန်းအားအနေဖြင့် အသုံးပြုခဲ့သည်။ သူ့အစီအစဉ်က ပြောင်မြောက်လှပြီး အပြင်ဖက်တွင် ဖရိုဖရဲဖြစ်နေသည့်အတွက် ဟို့ဖုန်းဟွမ်၊ ကျန်းပိယုနှင့် အောင်းရှန်တို့ကို ကယ်ဆယ်ရေးဖြစ်စဉ်က အတော်လေး ချောမွေ့ခဲ့လေသည်။ သို့သော်လည်း ကျန့်ဝူရွှမ်းကို ကယ်တင်ဖို့ကြိုးစားသည့်အခါ ပြဿနာတစ်ခု ဖြစ်လာခဲ့၏။
ခုံက လောဘကြီးကာ ကိုယ်ပိုင်ဒိုင်မေးရှင်းထဲမှ တစ်စုံတစ်ခုကို ယူဆောင်ဖို့ကြိုးစားခဲ့သည့်အတွက် သတိပေးစနစ်ကို အသက်သွင်းလိုက်သလို ဖြစ်မိသွား၏။ သိပ်မကြာခင် ဓားသမားတစ်ဦး ပေါ်ထွက်လာကာ စတင်တိုက်ခိုက်ကြသည်။
သူ့စွမ်းအားက ၁၀၀% ဖြစ်သွားပြီ … ဒါပေမဲ့ သူ့ရဲ့ အားပြင်းမှုက ၆ဆပဲ ရှိသေးတယ် …
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ခုံ၏ ကျင့်ကြံဆင့်က ၉၄% နှင့် ၆ဆ တိုးမြှင့်မှုရှိပြီး ထိပ်တန်းစံပြအဆင့်သို့ ရောက်ရှိနေသော်လည်း ဝမ်ဝေ့ထက်ပင် ပိုမိုဆိုးရွားနေလေသည်။
သူ့ပြိုင်ဖက်က သူ့ထက် ပိုအားကောင်းနေတယ်။ အထူးသဖြင့် သူက တိုက်ခိုက်ရေးစွမ်းအားကောင်းတဲ့ ဓားသမားတစ်ယောက်ဖြစ်နေတဲ့အချိန်မျိုးပေါ့ …
ဝမ်ဝေ့က တွေးလိုက်သည်။
သို့သော်လည်း ခုံ၏ အသွင်ပြောင်းတာအိုနှင့် အစီအရင်တာအိုအပေါ် ပေါင်းစည်းမှုတို့ကြောင့် သူ့အား စွယ်စုံသုံးမှုကို ထောက်ပံ့ပေးထားလေ၏။ သို့သော်လည်း သူ့အကြီးမားဆုံး အရေးသာချက်က ပြိုင်ဖက်လူသည် အားနည်းသည့် ခန္ဓာကိုယ်ရှိထားသည့် အစွန်းရောက်ဓားသမားတစ်ယောက် ဖြစ်နေခြင်း ဖြစ်သည်။ သူကမူ အကြီးအကဲမကောင်းဆိုးဝါးနတ်ဘုရား ပဉ္စမအဆင့်သို့ ရောက်ရှိနေသည့် ခန္ဓာကိုယ်လေ့ကျင့်သူတစ်ဦး ဖြစ်ပေသည်။
အကယ်၍ ခုံသာ သူ့ကတ်များကို မှန်မှန်ကန်ကန် ကစားနိုင်ပါက ဤတိုက်ပွဲကို အနိုင်ရသင့်ပေ၏။ တစ်ဖက်သူက အတွေ့အကြုံကြွယ်ဝသည့်သူတစ်ယောက်နှင့် တူသည့်အတွက် ခန္ဓာကိုယ်လေ့ကျင့်သူများနှင့် မည်သို့ရင်ဆိုင်ရမည်ကို ကောင်းကောင်းသိထားပုံပေါ်သည်။
သို့သော်လည်း ဝမ်ဝေ့က ခုံကို ရွေးချင်မိသည့် နောက်ထပ်အကြောင်းအရင်းတစ်ခုကြောင့် အလောင်းအစား ထပ်မိလေ၏။ ထိုအရာက ကံကောင်းမှု ဖြစ်ပေသည်။
တစ်ခုတည်းသော ပြဿနာက ဒီတိုက်ပွဲက ဘယ်လောက်ကြာမလဲဆိုတာပဲ …
ထိပ်တန်းစံပြအဆင့်တွင် တိုက်ပွဲများက နှစ်များစွာ သို့မဟုတ် ယွမ်ခေတ်ကာလများစွာ ကြာမြင့်တတ်ပေသည်။ သူတို့အတွက် စက္ကန့်ပိုင်းအတွင်း အဆုံးသတ်သွားဖို့အတွက်လည်း ဖြစ်နိုင်ချေရှိ၏။
သူတို့ကို ထားလိုက်ပါတော့ …
ဝမ်ဝေ့က မျက်လုံးမှိတ်ပြီး အထဲတွင်ရှိနေသည့် ကိုယ်ပွားကိုသာ အာရုံစိုက်လိုက်သည်။
....
ဝမ်ဝေ့က မုဒ်ပေါက်ဝထဲ ဝင်ရောက်လိုက်သည်နှင့် အန္တရာယ်ကို ခံစားမိလိုက်ပြီး သူ့ခန္ဓာကိုယ်က အလိုအလျောက် လှုပ်ရှားမိလိုက်သည်။ သို့သော်လည်း သူက ယခင်နေရာကို ပြန်လည်စစ်ဆေးကြည့်လိုက်သည့်အခါ ဘာမှမတွေ့ရပေ။ ထို့နောက် သူ့အာရုံက အန္တရာယ်ခံစားမိသည့်အချိန်တိုင်း အသက်ဝင်လာ၏။ ဝမ်ဝေ့က ခဲဖြူရောင်အလင်းတန်းအသွင်ပြောင်းလဲကာ ပြိုင်ဖက်ကင်းအရှိန်ဖြင့် လှုပ်ရှားလိုက်သည်။
ဘာတွေဖြစ်နေတာလဲ …
သူက ပတ်ဝန်းကျင်ကို သေသေချာချာလေ့လာပြီးသည့်နောက်တွင် တွေးလိုက်မိ၏။ သူက လေ့လာစောင့်ကြည့်ရေး စွမ်းရည်အားလုံးကို အသုံးပြုကာ ဤအခန်းထဲ၌ မမြင်နိုင်ဖွယ်သက်ရှိများသာ ပါဝင်နေရုံမကဘဲ ကွမ်တန်အရွယ်အစားဖြင့် ဖော်ညွှန်းနိုင်လောက်အောင် သေးငယ်သည့် သက်ရှိများလည်း ရှိနေကြောင်း သတိထားမိလိုက်သည်။
ဒါက မျက်နှာပူစရာပဲ …
ဝမ်ဝေ့က တွေးလိုက်မိ၏။
သူက သူ့ကွမ်တန်အဖျက်ကောင်အား ပိုမိုမြင့်မားသည့်အဆင့် မမြှင့်တင်ရသေးခင် သူက ထိုအနေအထားရှိသည့် ပြိုင်ဖက်နှင့် တွေ့ဆုံရသည်။ သူက ခေါင်းအသာယမ်းကာ ဆက်သွားလိုက်၏။ သူက အရှေ့တွင်ရှိနေသည့်လူများတွင် ကပ်ညှိနေသည့် စိတ်ဝိညာဉ်အမှုန်များကို အာရုံခံမိကာ ထိုနေရာအတိုင်း ပျံသန်းလာလိုက်သည်။
ဝမ်ဝေ့က တခြားတစ်နေရာတွင် ရပ်တန့်လိုက်၏။ သူက အဝေးတစ်နေရာတွင်ရှိသည့် အမှောင်ထုကို လေ့လာကြည့်လိုက်သည်။ သူက လေဟာနယ်ထဲမျောလွင့်နေသည့် ခန္ဓာကိုယ်အလောင်းများကို မြင်လိုက်ရ၏။
ကြည့်ရတာ သူတို့က အဲ့ဒီနေရာကနေ မျောလွင့်လာတဲ့ပုံပဲ။ သူတို့ရဲ့ အကြည့်ထဲ အကြောက်တရားတချို့ကို မြင်ခဲ့ရတဲ့ပုံပဲ …
ဝမ်ဝေ့က သူတို့ကို ကြည့်လိုက်၏။
သူက မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် စတင်ထပ်မံလှုပ်ရှားလိုက်သည်။ တိတ်ဆိတ်မှုက ကြက်သီးထဖွယ်ကောင်းသည့်အတွက် သူက တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေကြောင်း ချက်ချင်း ခံစားမိလိုက်သည်။ ထို့နောက် သူ့စိတ်ထဲမှ မဖယ်ရှားနိုင်သည့် တီးတိုးရေရွတ်သံများလည်း ပေါ်ပေါက်လာ၏။
ဝမ်ဝေ့က ဘာမှမပြောဘဲ ဆက်လက်ပျံသန်းလာသည်။ တစ်စုံတစ်ခုက သူ့ကိုတိုက်ခိုက်လာခဲ့သော်လည်း ပင်ကိုယ်ဗလာနတ္ထိဒိုင်းကာဖြင့် တွန်းကာခံလိုက်ရသည်။
သို့သော်လည်း သူက တစ်ဖက်သူကို အာရုံမခံမိသေးပေ။
ဒါက စိတ်တိုစရာပဲ ….
သူက ငြီးတွားပြီးသည့်နောက်တွင် အရှိန်နှုန်းမြင့်ကာ ပျံသန်းလိုက်လေ၏။ သူက တိုက်ခိုက်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ထိုအရာအားလုံးက သူ့အပေါ် အသုံးမဝင်ခဲ့ပေ။
သို့သော်လည်း လမ်းတစ်ဝက်၌ တစုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိပြီး အာရုံခံလိုက်သည်။ သူက သူ့လက်မောင်းကို ကြည့်လိုက်သည့်အခါ သူ့အသားတချို့ ဆုံးရှုံးနေသည်ကို တွေ့လိုက်ရ၏။ ကြက်သီးထဖို့ကောင်းသည့်အချက်က သူကိုယ်တိုင်လုပ်မိနေခြင်း ဖြစ်သည်။
ငါ့ရဲ့ အာရုံခံနှုန်းက ပုံမှန်ထက်ပိုပြီး ထုံထိုင်းလာပုံပဲ။ တီးတိုးသံတွေက ပိုပြီးတော့ သိမ်မွေ့လာပြီးတော့ အာရုံမခံနိုင်လောက်လုနီးပါးဖြစ်လာပြီ …
သူက တည်ငြိမ်စွာဖြင့် သုံးသပ်လိုက်ပြီး အရှိန်ကို ဆက်လက်မြှင့်တင်လိုက်သည်။ သူ တတိယဧရိယာသို့ ရောက်ရှိလာသည့်အခါ သူက ဒဏ်ရာများစွာ ရှိလာလေ၏။
ဒါက ခုခံမှုကာကွယ်ရေးယန္တရားပဲ …
သူက သုံးသပ်လိုက်၏။
စစ်ဆေးမှုသက်ရှိက တခြားသူများအား ဗဟိုချက်သို့ရောက်ရှိဖို့ရာ မလိုလားသည့်အတွက် ထိုကာကွယ်မှုများက လူသားရောဂါတိုက်ထုတ်ရေးစနစ်နှင့် တူသည့် ကျူးကျော်သူများကို သတ်ဖြတ်ဖို့ ထုတ်လွှတ်လာခြင်း ဖြစ်သည်။
အဲ့ဒီအနက်ရောင်နေရာမှာ လူအများကြီး သေပြီးလောက်ပြီ ...
သို့သော်လည်း ဝမ်ဝေ့က အခြေအနေကြောင့် ထိုအရာကို သတိမထားမိခဲ့ပေ။
အဲ့ဒီသက်ရှိက ရှေ့ပြေးသူတွေကို အာရုံစိုက်နေလို့ ငါ ကံကောင်းသွားတာပဲ …
အကယ်၍ သူသာ နှောင့်နှေးမနေပါက ယခင်ဧရိယာ၏ ပြင်းထန်မှုသည် ပိုမိုမြင့်မားပြီး သူသည် ကျော်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။
ဝမ်ဝေ့သည် တတိယဧရိယာသို့ ရောက်ရှိလာသည့်အခါ အနက်ရောင်နှင့်အဖြူရောင် ဗလာကျင်းနေသည့် အရာကိုသာ မြင်လိုက်ရ၏။ ဤနေရာတွင် အရောင်သဘောတရားတို့က လှစ်ဟာနေဟန်ပေါ်သည်။ သူက သတိကြီးကြီးထားလိုက်ရ၏။ ထို့နောက် ဤနေရာ၏ စက်ယန္တရားတို့က အသက်ဝင်လာသည်။
ထို့နောက် လက်လေးဖက် ရှိထားပြီး လှံတံများကိုင်ထားသည့် အနက်ရောင်နှင့်အဖြူရောင် လူသားအသွင် ပုရစ်ကောင်များက အုပ်စုလိုက်ပေါ်ထွက်လာ၏။ ဝမ်ဝေ့၏ အမူအရာက ချက်ချင်းဆိုသလို ပျက်ယွင်းသွားပေသည်။ ဦးဆောင်လာသည့် ပုရစ်လူသားက ရှေးဦးစံပြနှင့် တူညီသည့်အရှိန်အဝါမျိုး ရှိနေသည်။ ထို့အပြင် သူ့နောက်တွင်ရှိနေသည့် ပုရစ်လူသားရာချီက ထိပ်သီးစံပြအဆင့် စွမ်းအားရှိထားကြသည်။ သို့သော် ထိုသူများက အဆိုးဆုံးအပိုင်း မဟုတ်သေးပေ။ သူ့အာရုံထဲတွင် အမှောင်ထဲ၌ ပုန်းအောင်းနေပြီး ပိုမိုကြောက်ဖို့ကောင်းသည့် တစ်စုံတစ်ခုရှိနေကြောင်း ပြောပြနေ၏။
ဝမ်ဝေ့က တုန့်ဆိုင်းမနေတော့ဘဲ သူ့ဗလာနတ္ထိအနေအထားကို အသက်သွင်းကာ ကိုယ်ထည်မဲ့အနေအထားသို့ ဝင်ရောက်လိုက်သည်။ ယခုသူက သူ့ဗလာနတ္ထိနည်းစနစ်၏ အစစ်အမှန်ဗလာအဆင့်သို့ရောက်ရှိသွားပြီ ဖြစ်သည့်အတွက် ကိုယ်ထည်မဲ့အနေအထားကို ထိန်းသိမ်းနိုင်ပြီ ဖြစ်သည်။
သူက ဦးတည်ရာဆီ ပျံသန်းသွားနေရင်း ထိုတိုက်ကွက်များက သူ့ဆီ ကျရောက်လာလေသည်။ ဝမ်ဝေ့က ဉာဏ်အရှိဆုံးရွေးချယ်မှုကို ပြုလုပ်ခဲ့ပြီး ရှေးဦးစံပြအဆင့်ဆီမှ တိုက်ကွက်များကိုသာ ရှောင်ရှားခဲ့ပြီး တခြားသူများကို လျစ်လျူရှုထားခဲ့သည်။ သို့သော်လည်း သူတို့ထဲက တိုက်ကွက်တစ်ခုက သူ့ကို ထိမှန်လာလေ၏။
ကျွတ် ဒီအခြေအနေပေါ်မူတည်ပြီးတော့ တိုက်ကွက်ငါးခုဆိုရင် ငါ့ရဲ့အနေအထားကို ချိုးဖောက်သွားလိမ့်မယ် …
ကိုယ်ပွားက သူ့စွမ်းအား၏ ၉၉%ရှိထားသည့်အတွက် ထိုအချက်အလက်က သူ့တကယ့်ခန္ဓာကိုယ်နှင့် သိပ်မကွာခြားလှပေ။ ထိပ်သီးစံပြနှင့် ရှေးဦးစံပြကြားက ကွာဟချက်က ကျယ်ပြောကြောင်း သိထားသော်လည်း ယခု သူက ကြိုတင်မြည်းစမ်းလိုက်ရပြီ ဖြစ်၏။
ဝမ်ဝေ့က သူ့ဘိုးဘေး၏ ရှောင်ရှားရေးနည်းစနစ်ကို အသက်သွင်းလိုက်သည်။ သူ့တာအိုက တခြားသော ဤနည်းစနစ်အား စွမ်းရည်အပြည့်သုံးနိုင်အောင် ခွင့်ပြုထားခြင်း မရှိသော်လည်း သူ့ရှောင်ရှားရေးစွမ်းအင်အား ချက်ချင်းဆိုသလို မြှင့်တင်ပေးလိုက်နိုင်၏။
သူက နောက်ဧရိယာထဲ ဝင်ရောက်တော့မည့်ဆဲဆဲတွင် အဆုံးသတ်မည့်ခံစားချက်က သူ့အပေါ်ကြီးစိုးလာလေ၏။ ဝမ်ဝေ့က ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် သူ့ခန္ဓာကိုယ်ကို ဖောက်ခွဲပစ်ကာ ပေါက်ကွဲမှုကို တွန်းအားကို အသုံးပြုကာ သူ့ဝိညာဉ်အား နောက်ဧရိယာဆီ တွန်းပို့ခဲ့သည်။ ထိုနေရာဆီ ဝင်ရောက်ပြီးသည့်နောက်တွင် သူက ရန်သူလိုက်လာလိုလိုက်ငြား အခြေအနေအတွက် ပျံသန်းခြင်းကို မရပ်တန့်ခဲ့ပေ။
ဒီနေရာက ထူးဆန်းတယ် …
နေရာတိုင်း၌ အပြိုအပျက်များရှိနေပြီး တုန့်ဆိုင်းနေဟန်ပေါ်သည်။ ယခုတွင် သူတို့က သာမန်ဖြစ်နေဟန်ပေါ်သော်လည်း နောက်စက္ကန့်ပိုင်းအတွင်း၌ သူတို့က ပျက်စီးသွားလေသည်။ ထို့နောက် သူတို့က နှစ်သန်းချီသက်တမ်းရင့်သည့်အလား ပြန်လည်ပေါ်ထွက်လာသည် သို့မဟုတ် သူတို့က အနက်ရောင်နှင့်အဖြူရောင် အသွင်ပြောင်းလဲသွားကြသည်။ ထို့အပြင် ဝမ်ဝေ့က တခြားသော ထူးခြားသည့် ထူးကဲသာလွန်သော အရှိန်အဝါများကို ခံစားမိလေသည်။
ဒီလူတွေက ဒီနေရာကို ဖျက်ဆီးပစ်ဖို့ ထူးကဲသာလွန်လက်နက်တွေကို သုံးခဲ့တာပဲ …
ဝမ်ဝေ့က သုံးသပ်လိုက်၏။ ဤသတင်းက သူ့အတွက် ကြီးမားလှပေသည်။ ပြောရမည်ဆိုလျှင် သူ့အတွက် ပြဿနာနည်းပါးသွား၏။
အဲ့ဆိုသိပ်ပြီးတော့ အလှမ်းမဝေးလောက်ဘူး …
သူ့စိတ်ဝိညာဉ်က အနီးဆုံးတွင်ရှိနေကြောင်း ခံစားမိလိုက်ကာ နောက်ဧရိယာဆီ ပြေးသွားလိုက်သည်။ သူက ချက်ချင်းဆိုသလို မဝင်ရောက်သေးဘဲ သူ့ဗလာနတ္ထိစက်ဝန်းကို အသုံးပြုကာ ကိုယ်ထည်မဲ့အနေအထားကို အသုံးပြုလိုက်၏။ ဗလာနတ္ထိက ပထမကတည်းက မမြင်နိုင်သည့်အတွက် သူက ထိုဂုဏ်သတ္တိကိုသာ ကူးယူဖို့ လိုသည်။ ထို့နောက် သူက နောက်ဧရိယာထဲ ဝင်ရောက်လိုက်လေ၏။
ဝမ်ဝေ့က အကာအရံတစ်ခု ဖြတ်ကျော်သလိုမျိုး ခံစားမိလိုက်စဉ် ထိုသက်ရှိ၏ အစစ်အမှန်အတွင်းပိုင်း ဗဟိုချက်နေရာသို့ ရောက်ရှိလာခဲ့သည်။ ပထမဦးဆုံး သူ ကြားလိုက်ရသည့်အသံက အော်ဟစ်သံ၊ တိုက်ခိုက်သံနှင့် ကြိုးသံများ တချွမ်ချွမ်မြည်နေခြင်း ဖြစ်၏။ ထို့ကြောင့် သူက အသံလားရာဇစ်မြစ်ကို လှမ်းကြည့်လိုက်သည်။