← Chapters

အရိပ်အမြွက်ပြ ဖြေရှင်းနည်း

Vol. 105 Ch. 1467

အရိပ်အမြွက်ပြ ဖြေရှင်းနည်း

Vol. 105 Ch. 1467

ဝမ်ဝေ့၏ ပထမဦးဆုံးကိစ္စက သူ့စိတ်ဝိညာဉ်အမှုန်ကို တိတ်တဆိတ်ပြန်ယူပြီး မှတ်ဉာဏ်များကို ဖတ်ရှုဖို့ရာ ဖြစ်သည်။ ယခင် လက်ခံကိုယ်က သေဆုံးသွားပြီဖြစ်သည့်အတွက် အတွင်းပိုင်းနေရာသို့ ရောက်ရှိဖို့ရာ လက်ခံကိုယ်အသစ်ကို တိတ်တဆိတ် ရှာဖွေဖို့ လိုအပ်သည်။ အထဲသို့ရောက်သည်နှင့် ထိုအရာသည် သူ့တည်ရှိမှုကို ဖုံးကွယ်ဖို့ရာ နည်းလမ်းရှာရမည်။  ထိုအရာကို ရယူပြီးသည်နှင့် ဝမ်ဝေ့က ထိုသူများကို လှမ်းကြည့်လိုက်၏။

ငါးမီတာမြင့်မားပြီး နဖူးအလယ်တွင် ခရမ်းရောင်သလင်းကျောက်ရှိထားသည့် သမင်တစ်ကောင်၏ ခန္ဓာကိုယ်အထက် သံကြိုးများစွာရှိနေလေ၏။ ထိုအရာက အပြင်းအထန် ရုန်းကန်နေသော်လည်း သံကြိုးများက ချိုးဖောက်၍ ရနိုင်ဟန်မပေါ်ပေ။

ကျီကျင်းကျင်းနှင့် သူမ၏လူများကို ထိုသက်ရှိကို ဝိုင်းထားကြ၏။

ထိုစဉ် လူကြီးမင်းလုနှင့် တခြားသောစိတ်ဝိညာဉ်များက ကောင်းကင်ယံအထက်မျောလွင့်ကာ ထူးကဲသာလွန်မှုအဆင့်ပုဂ္ဂိုလ်များ၏ တိုက်ကွက်ကို တားဆီးဖို့ ကြိုးစားနေလေကြ၏။

ဒါက အသိစိတ်အသစ်ဖြစ်မယ် ထင်တယ် …

ဝမ်ဝေ့က ထိုသမင်ကို ကြည့်ရင်း တွေးလိုက်မိ၏။

ထိုသက်ရှိ၏ မျက်ဝန်းက စိတ်ရှုပ်ထွေးနေပြီး ဘဝအတွက် တိုက်ခိုက်ဖို့ ကြိုးစားနေလေသည်။ သို့သော်လည်း ထိုအရာလှုပ်ရှားသည့် ဟန်ပန်အရ သက်ရှိအသစ်ဖြစ်ကာ အတွေ့အကြုံ မရှိကြောင်း ပြသနေလေ၏။

ဘယ်လိုတောင် ကြင်နာတတ်တဲ့ မျက်ဝန်းလဲ …

 ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ သူက ထိုသက်ရှိ၏ မျက်ဝန်းကို ကြည့်ရင်းဖြင့် ကာကွယ်လိုစိတ်ကို ခံစားမိလိုက်သည်။ ပြောရမည်ဆိုလျှင် ထိုသက်ရှိက သူ့ကလေးလိုဖြစ်ကာ ဝမ်ဝေ့က မိခင်တစ်ယောက်လိုမျိုး ကာကွယ်ပေးစိတ်ဖြစ်ပေါ်လာသည်။ သူက သူ့အနေအထားကို ပြန်လည်ထိန်းညှိပြီး စိတ်ကို ခိုင်မာလာအောင် ပြုလုပ်လိုက်ရ၏။

အရူးကြီးချူးဆီကနေ မျိုးရိုးဗီဇခေတ်ကာလခေတ်က သက်ရှိတွေတိုင်းက လက်ရှိခေတ်ကာလစည်းမျဉ်းတွေကို ချိုးဖောက်နိုင်စွမ်းရှိတယ်လို့ ကြားဖူးတယ် ….

ဝမ်ဝေ့က အပြင်းအထန် အာရုံစိုက်ထားရင်း ထိုသက်ရှိ၏ စွမ်းအားကို ခံစားကြည့်ဖို့ ကြိုးစားလိုက်သည်။ သူက မဟာတာအိုအရင်းအမြစ်နှင့် တူညီသည့်ဇစ်မြစ်ရှိသည့် စွမ်းအားတစ်ခုကို ခံစားမိသော်လည်း အနှစ်သာရအားဖြင့် ကွဲပြားနေလေ၏။

ဒါက ပြုစုပျိုးထောင်ရေးစွမ်းအားပဲ …

ဝမ်ဝေ့က တွေးလိုက်မိသည်။

ဒီသက်ရှိက အရာအားလုံးကို ပြုစုပျိုး‌ထောင်ပေးနိုင်တယ်။ အဲဒါကြောင့် လူတွေကို ပိုမိုမြင့်မားတဲ့ အဆင့်ရောက်အောင် ကူညီပေးနိုင်သလို ခန္ဓာကိုယ်၊ ဝိညာဉ်၊ စိတ်ကို ပြုစုပျိုးထောင်ပေးပြီးတော့ စည်းမျဉ်းနားလည်ဖို့အတွက်တောင်မှပဲ အထောက်အကူပေးနိုင်တယ် …

ဧကရာဇ်ခုံ အသုံးပြုသည့် မိုးမြေထူးဆန်းအံ့ဖွယ်က အချိန်နှင့်သက်ဆိုင်သည့် စွမ်းအားရှိထားကာ ရွှေရောင်ခေတ်ကာလမှတစ်ခုကမူ ယင်ယန်၏ကဏ္ဍအောက်တွင်ရှိသည့် မွေးဖွားရေးစွမ်းအားကို ပိုင်ဆိုင်ထားလေသည်။ ဤစစ်ဆေးမှုကမူ ပြုစုပျိုးထောင်ရေးသဘောတရားကို ပိုင်ဆိုင်ထားလေ၏။

သူတို့ကို ပိုမိုမြင့်မားတဲ့ အဆင့်ထိရောက်အောင် ကူညီပေးနိုင်တဲ့ ထူးကဲသာလွန်မှုအစစ်ဆေးပင်ဆိုတာ မရှိရင်တောင် တချို့အင်အားစုတွေက အကြွင်းမဲ့အင်အားစုတွေက ပြစ်ချက်ရှိတဲ့ စွမ်းရည်တွေကိုတောင် အသုံးပြုလောက်ကြတယ် …

 သူတို့က သူတို့ကို ထူးကဲသာလွန်မှုတပိုင်းအဆင့်ရောက်အောင် ကူညီပေးနိုင်တဲ့ ထူးကဲသာလွန်မှုဆေးဝါးကို သန့်စင်ဖော်စပ်နိုင်လိမ့်မယ် ….

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

ဤထုတ်ဖော်ချက်က သူသည် ထိုသက်ရှိအား သူတို့ထံ ယူဆောင်သွားခွင့်မပြုနိုင်ကြောင်း ဆိုလိုလေ၏။ အကယ်၍ သူတို့က ပိုမိုအားကောင်းလာသည်ဆိုပါက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို ကျူးကျော်ဖို့ရာ ပိုမိုလွယ်ကူလာလိမ့်မည်။ ထို့အပြင် ဝမ်ဝေ့က ထိုစွမ်းအားအား တစ်ရက်လျှင် သူ့အတွက် အသုံးပြုလိုသေး၏။

ပြဿနာက ဘယ်လိုကူညီပေးရမလဲဆိုတာပဲ …

 ပြောရမည်ဆိုလျှင် တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခြင်းက မေးခွန်းထုတ်စရာ မလိုအပ်ပေ။ သို့သော်လည်း ဝမ်ဝေ့က လက်ရှိအခြေအနေကို ဖြေရှင်းနိုင်မည့် တစ်စုံတစ်ခု ရှိလိမ့်မည်ဟု ယုံကြည်ထားမိ၏။

ဟမ် သူတို့က ငါ့ကိုသတိထားမိသွားတာလား …

......

“မင်းသမီး ပြဿနာတစ်ခုရှိနေပါတယ်”

“ချင်ကျဲ မင်းက ဘာကိုပြောတာလဲ” ကျိကျင်းကျင်းက အံ့ဖွယ်အသိစိတ်မှတဆင့် မေးလိုက်သည်။

“အားလုံးက အဆင်ပြေချောမွေ့နေတာပါ။ ဒါပေမဲ့ တစ်နေရာကဆိုသလို ဒီသက်ရှိရဲ့ ကံကြမ္မာက မသေချာတော့ဘူး ဖြစ်လာတယ်” ချင်ကျဲက ဘုံမြင့်မျှော်နန်း၏ စွမ်းအားကို ကန့်သတ်ချက်အထိ ရောက်အောင် တွန်းပို့ရင်း ပြောလိုက်သည်။

ကျီကျင်းကျင်းက မျက်မှောင်ကြုတ်လိုက်၏။

ချင်ကျဲက ကြယ်တာရာကြည့်မျှော်နန်းမှ အမွေဆက်ခံသူထဲမှတစ်ယောက်ဖြစ်ပြီး လူအိုကြီးထျန်းကျိ၏ နာမည်ဝန်ထုပ်ဝန်ပိုးမှ လွတ်မြောက်သူတစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့် သူသာ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ဆိုပါက အမှန်တကယ် မှားယွင်းနေခြင်းသာ ဖြစ်လိမ့်မည်။

“ပိလုံရှန့်က နောက်ဆုံးတော့ လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်တာလား” သူမက မေးလိုက်သည်။

“အရိပ်အမြွက်တွေအားလုံးကတော့ ကျုပ်တို့ ကျရှုံးမှ သူက လှုပ်ရှားမယ်ဆိုပြီး ပြနေတယ်” ချင်ကျဲက ပြန်ဖြေလိုက်၏။

“အဲ့လိုဆိုရင် ဒီမူမမှန်မှုဇစ်မြစ်က ဘာလဲ” ဘုန်းကြီးဓမ္မဓိဏက ရွှေရောင်ပုတီးကုံးကို ထိန်းချုပ်ရင်း မေးလိုက်၏။

“ကျုပ်လည်း မသိဘူး”

“ဒီမှာ ကျူးကျော်သူရှိတယ်လို့ ထင်တာလား” အထွတ်အထိပ် ထိုးသွင်းသူစံပြက မေးလိုက်သည်။

“ပိလုံရှန့်နောက်က ဝင်လာတဲ့သူ ရှိတာလား”

“ကျုပ်တော့ ဘာမှအာရုံမခံမိပါဘူး” ဘုန်းကြီးဓမ္မဓိဏက သူ့စိတ်မျက်ဝန်းကို အသက်သွင်းလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ကံဆိုးစွာဖြင့် မြင်ကွင်း၌ ဘာမှရှိမနေခဲ့ပေ။

“ချင်ကျဲ မင်း မတွက်ချက်နိုင်ဘူးလား” ငါးယောက်မြောက်အဖွဲ့ဝင်ဖြစ်သည့် စုတ်ပြတ်နေသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်အနှံ့ပတ်တီးများဖြင့် ဖုံးလွှမ်းနေသည့် ထူးထူးဆန်းဆန်းအမျိုးသားက မေးလာလေ၏။ အားလုံးက သူ့အား မရဏအငွေ့အသက်ဟု ခေါ်ဆိုကြလေသည်။

“ကျုပ် မြင်ရသလောက်ကတော့ အလုံးစုံလွှမ်းခြုံထားတဲ့ ဗလာနတ္ထိပြယုဂ်ပဲ” ချင်ကျဲက ထူးထူးဆန်းဆန်း အသံဖြင့် ပြောလိုက်သည်။

“အဲဒါက ကျယ်ပြောပြီးတော့ လှပတယ်။ ပြီးတော့ တာအိုတွေအားလုံးပါဝင်နေတဲ့ နေရာတစ်ခုက ဖြည်းဖြည်းချင်း ပြောင်းလဲသွားသလိုမျိုးပဲ။ အဲ့ဒီရဲ့ ထွေးပွေ့သံက ကျုပ်ကို ခေါ်ဆောင်နေသလိုမျိုးပဲ။ ကျုပ် ပြန်သွားရမယ်။ အဲဒါက ကျုပ်တို့လာခဲ့ပြီး ကျုပ်တို့ပြန်သွားရမဲ့နေရာပဲ”

ဘန်း

သူ့ဘုံမြင့်မျှော်နန်းက တုန်ခါသွားပြီး ထူးထူးဆန်းဆန်း ငေးမောနေရာမှ ချက်ချင်းအသိဝင်လာစေသည့် အလင်းတန်းတစ်ခု ထုတ်လွင့်လာသည်။

ကျွတ်

ချင်ကျဲက အံကြိတ်ကာ အကြောင်းအရင်း‌များကြောင့် ဒေါသထွက်လာမိသည်။ သူ့ဂမ္ဘီရက ကျရှုံးသွားခဲ့ပြီး သူ့ရွယ်တူများရှေ့မှောက် မျက်နှာပျက်ခဲ့ရသည်။ သူ့မျက်ဝန်းအထက် အကြောက်တရားတို့ ကြီးစိုးသွားပြီး စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ အသက်ပြင်းပြင်းရှူလိုက်သည်။

“မင်း အဆင်ပြေရဲ့လား” ဘုန်းကြီးဓမ္မဓိဏက မေးလိုက်သည်။

“ကျုပ် အဆင်ပြေပါတယ်။ ကျူးကျော်သူက ဘယ်သူပဲဖြစ်ဖြစ် သူက တန်ပြန်ဂမ္ဘီရနည်းလမ်းကို ကျွမ်းကျင်တယ်” ချင်ကျဲက ပြောလိုက်သည်။

“အလုံးစုံပကတိသိမြင်ဘုံကျောင်းက လူဖြစ်မယ်ထင်လား” မရဏအငွေ့အသက်က မေးလိုက်၏။

“ကျုပ်ကို လာပြီးစော်ကားနေတာလား” ချင်ကျဲက မေးလိုက်သည်။

“မင်းက သူတို့ဘုံကျောင်းကို အထင်သေးတယ်ဆိုပေမဲ့ သူတို့ဆီမှာ ထူးကဲတဲ့နည်းလမ်းတွေရှိတယ်ဆိုတာ လျစ်လျူရှုမထားသင့်ဘူး”

“ကျုပ်က ဘုံကျောင်းရဲ့ နည်းလမ်းတွေအားလုံးကို သိတယ်။ သူတို့မဟုတ်ဘူး”

တခြားသူများက သူ့ကိုကြည့်လိုက်သော်လည်း မည်သူကမှမယုံကြပေ။

ချင်ကျဲက အလုံးစုံပကတိသိမြင်ဘုံကျောင်းအပေါ် မကျေနပ်မှုတို့ကြောင့် တုန့်ပြန်လာနိုင်ပြီး သူတို့က ထိုအမှားအယွင်းမျိုးကို လက်မခံနိုင်ပေ။

“ဘယ်လိုပဲဖြစ်ဖြစ် တခြားနည်းလမ်းနဲ့ ဝင်ရောက်စွက်ဖက်ပြီး ခိုးကြောင်ခိုးဝှက်လာသူကို စောင့်ကြည့်ဖို့ လိုအပ်တယ်” ကျီကျင်းကျင်းက ပြောလိုက်သည်။

တော်သေးတာပေါ့ …

ဝမ်ဝေ့က သူ့ကိုယ်သူတွေးလိုက်မိ၏။ သူသည် သူ့ဘဝ၌ တန်ပြန်ဂမ္ဘီရနည်းလမ်းအတွက် ဤမျှမကြိုးစားခဲ့ဖူးပေ။ ပုံမှန်အားဖြင့် သူ့ကံကြမ္မာရုပ်ခန္ဓာနှင့် ကံကြမ္မာမဲ့အဆင့်အတန်းတို့က သူ့အကြောင်း မည်သူကမှမသိနိုင်အောင် တားဆီးထား၏။

သို့သော်လည်း ထိုကြယ်တာရာကြည့်မျှော်နန်းမှ လူကမူ အောင်မြင်လုနီးပါး ဖြစ်ခဲ့လေသည်။ ထိုအကြောင်းအရင်းကလည်း ထူးကဲသာလွန်မှုပစ္စည်း၏ အားဖြည့်မှုကြောင့် ဖြစ်၏။ ကံကောင်းစွာဖြင့် ဝမ်ဝေ့က အချိန်မှီတုန့်ပြန်ကာ သူ့ဗလာနတ္ထိစွမ်းအားကို အသုံးပြုပြီး သူ့သတင်းအချက်အလက်များကို ဝှက်ထားနိုင်ခဲ့သည်။

ဝမ်ဝေ့က လူကြီးမင်းလုနှင့် တခြားသောစိတ်ဝိညာဉ်များကို ကြည့်ကာ သူတို့နှင့်ဆက်သွယ်လိုက်လေ၏။

“လူကြီးမင်းလု မင်္ဂလာပါ … ကျုပ်ကို မှတ်မိသေးလား”

လုကြီးမင်းလုက ပြန်မဖြေဘဲ မျက်မှောင်ကြုတ်လိုက်၏။

“မင်းက ဘယ်လိုကံကောင်းပြီးတော့ ဒီရောက်လာတယ်ဆိုတာ မသိဘူး။ ဒီနေရာကနေ မြန်မြန်ထွက်သွားဖို့ အကြံပေးချင်တယ်”

“ခင်ဗျားတို့က အတော်လေး ကြင်နာတတ်တာပဲ။ ကျုပ်က ဒီနေရာကို လာပြီးကူညီပေးတာ”

“ကောင်လေး မင်းက ဒီစစ်ဆေးမှုက ပြုစုပျိုးထောင်ပေးခဲ့တဲ့ ပါရမီအရှိဆုံးထဲက လူတစ်ယောက် ဖြစ်နိုင်တယ်။ မင်းဆီမှာ တောက်ပတဲ့ အနာဂတ်စောင့်ကြိုနေတယ်။ ဒီနေရာမှာ မဖျက်ဆီးပစ်နဲ့။ ဒီတိုက်ပွဲက မင်းရဲ့ စွမ်းဆောင်ရည်ထက် ကျော်လွန်နေတယ်”

“ဒီတိုက်ပွဲက ကျုပ်ရဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်တွေထက် ကျော်လွန်နေတယ်ဆိုတာ ကျုပ်လည်း သိပါတယ်။ ဒါပေမဲ့ လူကြီးမင်းလုက ကျုပ်ရဲ့အကြီးမားဆုံးစွမ်းရည်က ဘာလဲဆိုတာ မေ့နေတဲ့ပုံပဲ”

“မင်းက တာအိုနယ်ရှင်တစ်ယောက်ပဲ”

“အခုတော့ မှတ်မိသွားပြီကိုး”

“မင်းက ဒီလက်ရှိအနေအထားကို ဖြေရှင်းနည်း ရှိတယ်လား။ ငါတို့ကို မြန်မြန်ပြော”

“ကျုပ်ဆီမှာ အကြံတစ်ခုရှိတယ်။ ဒါပေမဲ့ ...”

လူကြီးမင်းလုက ရှုံ့မဲ့သွားလေ၏။

“မင်း ဘာလိုချင်တာလဲ”

“ပထမဆုံးမေးခွန်းက ဒီတိုက်ပွဲမျှော်စင်ထဲမှာ ခက်ခဲနှုန်းကို ခင်ဗျားတို့တွေ တိုးမြှင့်ခဲ့တာလား”

“အဲ့ဒီအတွက်တော့ ငါ တောင်းပန်တယ်။ ပင်မစိတ်ရဲ့ ကြီးထွားနှုန်းကို ပြုပြင်နိုင်မဲ့ ပထမဆုံးနည်းလမ်းကတော့ မင်းတို့လိုလူတွေ အမှတ်များများ သုံးဖို့အတွက်ပဲ” လူကြီးမင်းလုက မျက်နှာပူစွာ ပြန်ဖြေလိုက်၏။

“အဲ့ဆိုတော့ ကျုပ်ရဲ့ တကယ့်မှတ်တမ်းက ဘယ်လိုလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“၁၀နှစ်”

“အရမ်းတော့ မကြာဘူးပဲ” ဝမ်ဝေ့က ရေရွတ်လိုက်လေ၏။ ဤတိုတောင်းလှသည့် ၁၀နှစ်တာအတွင်း အကြွင်းမဲ့သတ်ဖြတ်သူက သူ့အချိန်စိတ်ဝိညာဉ်ကို ကျော်လွန်ကာ သူ့အချိန်အမှတ်အသားကို ရှာဖွေတွေ့ရှိသွားမည် ဖြစ်၏။

“အခု မင်း ငါတို့ကို ပြောလို့ရပြီလား”

“အဲ့ဒီမတိုင်ခင် ကျုပ်တို့တွေ အရင်ဆုံး တန်ကြေးညှိရဦးမယ်”

“ပထမဦးဆုံး ကျုပ်က ထိပ်သီးစံပြအဆင့် ရောက်ဖို့ ဒီစစ်ဆေးမှုကို အသုံးပြုချင်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲဒါက မဖြစ်နိုင်လောက်ဘူး။ ငါတို့ကို တစ်မျိုးတော့မထင်နဲ့။ ငါတို့ မလုပ်ပေးချင်တာတော့ မဟုတ်ဘူး။ ငါတို့က အခုလူတွေကို တိုက်ခိုက်ဖို့ စွမ်းအားအများကြီး အသုံးပြုထားရတာဆိုတော့ မင်းကို ထိပ်သီးအနေအထားထိရောက်အောင် ကျင့်ကြံခွင့်ပေးဖို့ မလုံလောက်တော့ဘူး”

“အဲ့ဆိုရင် ကျုပ် ဘယ်လောက်အထိ ရောက်နိုင်လဲ”

“သတ္တမအဆင့် …  ငါတို့တွေသာ တွန်းပို့မယ်ဆိုရင်တော့ အဌမအဆင့်ထိရောက်နိုင်တယ်”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။

“ကျုပ်ရဲ့ဝိညာဉ်ကိုပဲ လေ့ကျင့်မယ်ဆိုရင်ရော ”

“မင်းရဲ့ဝိညာဉ်က အဌမကောင်းကင်ဘုံအဆင့်နဲ့ ယှဉ်နိုင်နေပြီ။ အဲ့ဆိုရင်တောင် တစ်ရာခိုင်နှုန်းပဲ တိုးမြှင့်နိုင်လိမ့်မယ်” လူကြီးမင်းလုက တုန့်ပြန်လိုက်လေ၏။ သို့သော် သူ့အမူအရာက ထိုသဘောတူညီချက်သည် သူတို့ကို ထိခိုက်မည်ဖြစ်ကြောင်း ပြသနေသည်။

“ကိစ္စမရှိဘူး” ဝမ်ဝေ့က ခေါင်းညိတ်လိုက်လေ၏။

သူက သော့ခလောက်အပြီးတွင် သူ့ကျင့်ကြံဆင့်ကို မြှင့်တင်ဖို့ နည်းလမ်းများစွာ ရှိနေသည်။ ထိုအရာအထဲတွင် သူ့လက်ခံရရှိမည့် ကုသိုလ်လည်း အပါအဝင် ဖြစ်၏။ ဤစစ်‌ဆေးမှုတွင် သူသည် ဝိညာဉ်အား ၉၉% အထိရောက်ရှိအောင် လုပ်ပြီး အစစ်အမှန်ဝိညာဉ်ဆေးလုံးကို သောက်သုံးရမည်။ ထိုဆေးလုံးက ယွမ်ခေတ်ကာလငါးသောင်းခန့် စုပ်ယူဖို့ကြာမြင့်မည်ဖြစ်သော်လည်း ထိုအရာက ဝမ်ဝေ့ကအား ထိပ်သီးစံပြအဆင့်ကို တိုက်ရိုက်တိုးမြှင့်ပေးနိုင်လိမ့်မည်။

“ကျုပ်ရဲ့ ဒုတိယတောင်းဆိုချက်က ဒီစစ်ဆေးမှုထဲ အကြွင်းမဲ့ဝင်ရောက်ခွင့်ပဲ”

“ထပ်ပြောရဦးမယ်။ ဒါလည်း မဖြစ်နိုင်ဘူး။ ငါတို့တွေက ဒီအနေအထားမှာ အသက်ရှင်မယ်ဆိုရင်တောင် ဒီစစ်ဆေးမှုကို ပြန်လည်ပြုပြင်ဖို့ အချိန်အများကြီး ကြာလိမ့်မယ်” လူကြီးမင်းလုက အလျင်အမြန် ပြောလိုက်သည်။

ဝမ်ဝေ့က သူ့ကို စိုက်ကြည့်လိုက်၏။

“မင်းဆီမှာ အမှတ်အသား ၆ခု ရှိပြီမဟုတ်လား။ ငါ မင်းအတွက် အပိုလေးခု ပေးမယ်။ ငါတို့တွေစစ်ဆေးမှုကို စတင်နိုင်တာနဲ့ မင်းတို့ရဲ့ လူတွေကို ဒီကို ၁၀ယောက်လွှတ်လိုက်ပေါ့။ သူတို့တွေက ၉၀% အထိရောက်အောင် ကျင့်ကြံနိုင်လိမ့်မယ်”

ဝမ်ဝေ့က စက္ကန့်ပိုင်းခန့် သူတို့ကို ကြည့်လိုက်၏။ သူတို့၏ မျက်နှာအမူအရာကို ဖတ်ရှုပြီးသည့်နောက်တွင် သူကပြောလိုက်သည်။

“ကောင်းပြီလေ။ ဒါပေမဲ့ တတိယနဲ့ နောက်ဆုံးအနေနဲ့ တောင်းဆိုမှုရှိသေးတယ်။ အဲဒါတော့ ညှိုနှိုင်းလို့မရဘူး”

“ကျုပ်က အဲ့ဒီသက်ရှိမှာ ရှိနေတဲ့ ပြုစုပျိုးထောင်ရေးစွမ်းအားရဲ့ အသန့်စင်ဆုံးစွမ်းအား ဒါမှမဟုတ် အဆီအနှစ်ကို လိုချင်တယ်။ ပြီးတော့ အဲ့ဒီစွမ်းအားရဲ့ နည်းလမ်းကိုလည်း လိုချင်တယ်”

ဤစစ်ဆေးမှု၏ အကြီးမားဆုံးပိုင်ဆိုင်မှုက ထိုပြုစုပျိုးထောင်ရေးစွမ်းအား ဖြစ်သည့်အတွက် ဝမ်ဝေ့က ထိုအရာအတွက် အစီအစဉ်များစွာ ချမှတ်ထားပြီ ဖြစ်၏။

လူကြီးမင်းလုက အံကြိတ်ကာ ပြောလိုက်သည်။

“ငါ ဒီစွမ်းအားကို ပေးလို့ရတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ဗဟုသုတကတော့ မေးခွန်းထုတ်နေစရာ မလိုတော့ဘူး”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်တော့၏။

“ပင်မစိတ်က သူ့ရဲ့ဘိုးဘေး ဖေးဆီကနေ နည်းနည်းပဲ ရထားတာ။ အဲဒါကြောင့် ဒီလိုအနေအထား ဆိုးရွားနေရတာပေါ့။ သူက စွမ်းအားကိုမထိန်းချုပ်နိုင်သေးဘူး” လူကြီးမင်းလုက ချက်ချင်း ရှင်းပြလိုက်သည်။

“ကောင်းပြီလေ ကျုပ် သိပြီ။ ခင်ဗျားကို ကျုပ်ရဲ့ ကိုယ်ပိုင်ဒိုင်မေးရှင်းထဲကို ဝင်ရောက်ခွင့်ပေးမယ်။ ကျုပ်ရဲ့ ဆုလာဘ်တွေကို အဲ့ဒီမှာထားလိုက်။ ပြီးရင် သူတို့ကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ပြောပြမယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ငါတို့ကိုအရင်ဆုံး ပေးစေချင်တာလား”

“အရင်စီးပွားရေး အပြီးမှာ ခင်ဗျားတို့ကို ကျုပ်က ယုံမယ်များ ထင်နေလား” ဝမ်ဝေ့က ပြန်လည်ချေပလာ၏။

“ကောင်းပြီလေ ဒါက မျှတပါတယ်” လူကြီးမင်းလုက ပြောလိုက်သည်။

“ခဏလေးနေဦး”

မိနစ်ပိုင်းခန့်ကြာပြီးသည့်နောက်တွင် ကိုယ်ပွားက ပင်မခန္ဓာကိုယ်မှ သတင်းအချက်အလက်ကို ရရှိကာ ခေါင်းညိတ်လိုက်လေသည်။

“ကောင်းကင်ကာဒီနယ်က ခင်ဗျားတို့ပြဿနာတွေအတွက် အဖြေကို သဲလွန်စ ပေးပြီးသွားပြီ။ ဖေးက ကြင်နာတတ်တဲ့ သက်ရှိပဲ။ အဲဒါကြောင့် ခင်ဗျားတို့က အဲဒီအပေါ်မှာ ပြုမူတတ်ဖို့လိုတယ်။ ခင်ဗျားတို့တွေ ဒီစစ်ဆေးမှုတလျှောက်မှာ ကူညီပြီးပြုစုပျိုးထောင်ပေးခဲ့တဲ့ သက်ရှိတွေအားလုံးဆီ အကူအညီတောင်းခံကြည့် …

 သူတို့ထဲကတစ်ယောက်တော့ ထူးကဲသာလွန်မှုအဆင့်ဖြစ်လာပြီး ကူညီပေးကောင်းကူညီပေးနိုင်တယ်။ ဒါပေမဲ့ တကယ်လို့ အဲ့ဒီလိုသာမဖြစ်ဘူးဆိုရင် မျိုးရိုးဗီဇခေတ်ကာလက သက်ရှိတွေရဲ့ စိတ်ဝိညာဉ်ကို ဆက်သွယ်ဖို့ ကြိုးစားကြည့်။ တကယ်လို့ ဖေးက ကာဒီနယ်ပြောသလိုမျိုး ကြင်နာတတ်တဲ့သူဆိုရင် သူမက သူတို့အများကြီးကို ကူညီပေးခဲ့မှာပဲ။ သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်က ပျက်သုဉ်းသွားတယ်ဆိုပေမဲ့ သူတို့ရဲ့ စိတ်ဆန္ဒက ဟွင်သွမ်းစကြဝဠာထဲမှာ မျောလွင့်နေဦးမှာ။ သူတို့က ခင်ဗျားတို့ရဲ့ အသနားခံပြီး အကူအညီတောင်းမှုကို တုန့်ပြန်လာနိုင်တယ် … ”

All Chapters