← Chapters

စစ်ဆေးမှု၏ သန္ဓိဌာန်

Vol. 105 Ch. 1468

စစ်ဆေးမှု၏ သန္ဓိဌာန်

Vol. 105 Ch. 1468

“ငါ ဘာလို့ ဒါကိုမစဉ်းစားခဲ့မိပါလိမ့်” လူကြီးမင်းလုက ကိုယ့်မျက်နှာကို ရိုက်ရင်း ပြောလိုက်သည်။ စိတ်ဝိညာဉ်များက ကောင်းကင်ကာဒီနယ်ဆီ ပင်မစိတ်ကို ပေးဖို့ ရွေးချယ်ခဲ့ကြသည်မှာ ဖေး၏ ကြင်နာတတ်သည့် သဘောထားနှင့် ကြင်နာမှုတို့ကို ခံစားမိခဲ့၍ဖြစ်ပြီး သူတို့၏သခင်ကို သစ္စာဖောက်လောက်သည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။ ယခု ဝမ်ဝေ့၏ သတိပေးမှုဖြင့် လူကြီးမင်းလုက သူတို့ကိုယ်သူတို့ ကယ်တင်ဖို့ မျှော်လင့်ချက် မြင်တွေ့ခဲ့ရ၏။

“ကျင့်ကြံသူလေး အကူအညီအတွက် ကျေးဇူးပါပဲ။ ဒါပေမဲ့ ဒီနေရာက အန္တရာယ်များတယ်ဆိုတော့ မင်း မြန်မြန်ထွက်သွားသင့်တယ်” လူကြီးမင်းလုက ပြောလိုက်သည်။

“ကျုပ်ကို နှစ်ကြိမ် ပြောနေဖို့မလိုပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့တွေ ကျုပ်ကို ပြန်ပြီးပေးဆပ်ရမှာက ခင်ဗျားတို့အသက်ကို ကယ်တင်ဖို့ ကံကြွေးအတွက် မလုံလောက်ဘူးဆိုတာကို မှတ်ထားကြဦး” ဝမ်ဝေ့က ပြောလိုက်သည်။

“ငါ … ငါတို့ နားလည်ပါတယ်”

ဝမ်ဝေ့က ခေါင်းညိတ်ပြီးသည့်နောက်တွင် ကိုယ်ပွားနှင့် စိတ်ဝိညာဉ်အမှုန်ကို ပြန်လည်ရုတ်သိမ်းလိုက်၏။ တကယ့်ခန္ဓာကိုယ်အစစ်အမှန်က အတွင်းပိုင်းဧရိယာ၏ အပြင်ဖက်တွင် မျက်လုံးပြန်ဖွင့်လာသည်။ သူက သိုလှောင်ရေးဒိုင်မေးရှင်းကို ချက်ချင်း စစ်ဆေးကြည့်လိုက်၏။

ပထမဦးစွာ သူက အမှတ်အသားပြားများကို စစ်ဆေးကြည့်လိုက်ပြီးသည့်နောက်တွင် တခြားသော ဆုလာဘ်များစွာ မြင်တွေ့လိုက်ရသည်။ ဝိညာဉ်မျှော်စင်နှင့် တူညီသည့် ပုံရိပ်ယောင်မျှော်စင်တစ်ခုက ကောင်းကင်ယံထက် မျောလွင့်နေလေ၏။

ဝမ်ဝေ့က စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် သူသည် ငှက်ကုလားအုတ်ဥ အရွယ်အစားရှိသည့် သလင်းကျောက်တစ်ခုကို ကြည့်လိုက်မိ၏။ ထိုသလင်းကျောက်ကို ကြည့်လိုက်သည်နှင့် သူသည် ဝါးမျိုလိုသည့် ဆန္ဒကို ခံစားမိလိုက်သည်။

သူ့ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် ဆဲလ်တိုင်း၊ တစ်ရှူးနှင့် အတွင်းအင်္ဂါအားလုံးက ထိုအရာကို ဝါးမျိုဖို့ရာ အော်ဟစ်နေကြလေသည်။ ထိုအရာက သူ့ခန္ဓာကိုယ်သာလျှင် မကပေ။ သူ့ဝိညာဉ်ကလည်း သူ့ဇနီးကို ယုန်ဝတ်စုံလေးနှင့် မြင်တွေ့နိုင်ဖို့ သူ့အိမ်မက်ထက်ပင် ပိုမိုပြင်းထန်သည့် အလိုဆန္ဒ ထုတ်လွှတ်လာလေ၏။ ဝမ်ဝေ့က တံတွေးမျိုချလိုက်ရသည်။

ငါ ဒါကိုမျိုချလိုက်ရင် ငါ့ရဲ့ ခန္ဓာကိုယ်က အကြီးအကဲမကောင်းဆိုးဝါးဒဿမကောင်းကင်ဘုံအဆင့်အထိကို ကျော်လွန်နိုင်တယ်။ ငါက ရှေးဦးစံပြအဆင့် ခန္ဓာကိုယ်ကို ချက်ချင်း ရရှိနိုင်တယ် …. မဟုတ်သေးဘူး ဒါက လျော့တွက်ထားတာ

 ငါ့ရဲ့ ခန္ဓာကိုယ်က ငါတို့ခေါ်သလို အတုအယောင်ထူးကဲသာလွန်မှုအဆင့်တွေနဲ့တောင် ယှဉ်နိုင်လိမ့်မယ် ….

ထိုဆွဲဆောင်မှုက ဝမ်ဝေ့အား စကားဖြင့် ဖော်ပြလို့မရလောက်အောင် သက်ရောက်မှုရှိပေသည်။ သို့သော် သူက အလိုဆန္ဒကို ထိန်းချုပ်ထားလိုက်ရ၏။ ထိုအရာကို ဝါးမျိုခြင်းက စွမ်းအားကို ချက်ချင်းဖြည့်ပေးနိုင်သော်လည်း သူသည် အာနိသင်ကို အပြည့်အဝမစုပ်ယူနိုင်သေးသည့်အတွက် အများစုက အလကား ဖြစ်သွားလိမ့်မည်။

ငါ ရေရှည်ကို စဉ်းစားဖို့လိုတယ်။ ဒီဟာကို အသုံးချဖို့ အကောင်းဆုံးနည်းလမ်းက တခြားစွမ်းအားတွေကို စစ်ဆေးမှုရဲ့ ပြုစုပျိုး‌ထောင်ရေးစွမ်းအားအဖြစ် ပြောင်းလဲပေးနိုင်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုကို ဖန်တီးဖို့ပဲ …

ဝမ်ဝေ့က သူ့ကိုယ်သူ သတိပေးလိုက်သည်။ သူက မာလီချူး၏ ဆုလာဘ်ဖြစ်သည့် ဝိညာဉ်စွမ်းအားကို စောင့်ဆိုင်းနေမိ၏။ အကယ်၍ သူက ထိုသလင်းကျောက်အား မှန်ကန်သည့် အသုံးအဆောင်ပစ္စည်းအဖြစ် ပြောင်းလဲနိုင်သည့်ဆိုပါက ထိုဝိညာဉ်စွမ်းအားသည် သူ့အား ထူးကဲသာလွန်မှုတပိုင်းအဖြစ် ဖြစ်လာပြီးသည့်‌နောက်တွင် အကူအညီဖြစ်စေမည့် ပြုစုပျိုးထောင်ရေးစွမ်းအားကို ဖန်တီးပေးလာလိမ့်မည်။

ဝမ်ဝေ့က စိတ်ငြိမ်ငြိမ်ဖြင့် အနာဂတ်အကြောင်း စဉ်းစားလိုက်၏။ သူက ပြုစုပျိုးထောင်ရေး အသုံးအဆောင်ပစ္စည်းကို တည်ဆောက်ပြီးသည်နှင့် သူ့စတုတ္ထဂိတ်ပေါက်ကို ဖွင့်လှစ်ဖို့ စွမ်းအင်နှင့် ထူးကဲသာလွန်မှုအဆင့်ရှိ တခြားသောကျင့်ကြံရေးအဆင့်များအား စိုးရိမ်စရာမလိုတော့ပေ။

ဒီ ပြုစုပျိုးထောင်ရေးစွမ်းအားက ငါ့ရဲ့ဇာ့ဂ်တပ်မဟာကို တည်ဆောက်ဖို့ရာ သော့ချက်ဖြစ်နေနိုင်တယ် ....

ဝမ်ဝေ့က တွေးလိုက်၏။  ထိုအရာ၏ စွမ်းအားကို သူ အပြည့်အဝထုတ်သုံးနိုင်သရွေ့ အဆုံးမဲ့ဖြစ်နိုင်ချေတို့ကို ဆောင်ကျဉ်းပေးလာလိမ့်မည်။ ဝမ်ဝေ့က သလင်းကျောက်ပတ်လည်တွင် စည်းတံဆိပ်ချထားလိုက်ပြီး စွမ်းအား စိမ့်ထွက်ခြင်းမှ တားဆီးလိုက်သည်။ သူက ဘာကိုမှအာရုံမခံမိသော်လည်း မစွန့်စားလိုပေ။

ဝမ်ဝေ့က အဝေးတစ်နေရာကို ကြည့်လိုက်ရင်း ခုံကို စစ်ဆေးကြည့်လိုက်သည်။ သူတို့တိုက်ပွဲကလည်း အဆုံးသတ်သွားဟန်ပေါ်ပြီး ခုံက အနိုင်ရရှိသူ ဖြစ်သွားလေ၏။ ဝမ်ဝေ့က စကားများများစားစား မပြောဘဲ အတွင်းပိုင်းဧရိယာဆီ နောက်ထပ်တစ်ခါ ထပ်လှမ်းကြည့်လိုက်သည်။

ကောင်းကင်ကာဒီနယ်က အကြောင်းမရှိဘဲ ဒီစကားတွေကို ပြောခဲ့မှာတော့ မဟုတ်ဘူး။ သူက ငါ့ကို သဲလွန်စ ပေးတာလား။ စိတ်ဝိညာဉ်တွေကို သဲလွန်စ ပေးတာလား …

ကြည့်ရတာ သူက ငါ့ကို ပြောနေပုံပဲ။ ဒါပေမဲ့ ဘာကြောင့်လဲ …  သူ့ရဲ့အနာဂတ်အတွက် ကြိုတင်ပြင်ဆင်နေတာလား …

သူ့အနေဖြင့် ကောင်းကင်ကာဒီနယ်က သူ မဟာတာအိုနှင့် ထိပ်တိုက်ရင်ဆိုင်နေသည့်အချိန်အတွင်း သူ့ဘက်ကို ရွေးချယ်ဖို့ စီစဉ်ထားသည်ဆိုလျှင်ပင် အံ့ဩမိမည် မဟုတ်ပေ။ အနည်းဆုံးတော့ ထိုလူက မဟာတာအို၏ ကျရှုံးနိုင်ချေအတွက် ပြင်ဆင်ထားလေ၏။

ထိုစဉ် ဝမ်ဝေ့က အလိုလိုသိစိတ်မှ အန္တရာယ်ကို ခံစားမိလိုက်၍ ခေါင်းမော့ကြည့်လိုက်သည်။

အခုထွက်သွားရမဲ့ အချိန်ပဲ …

ပထမဦးစွာ သူသည် ပြန်ပေးဆွဲခံထားရသည့် လေလွင့်ကျင့်ကြံသူများကို သတ်ပြီး အချိန်မြစ်ကြောင်းအတွင်း ဝင်ရောက်ကာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာဆီ ဦးတည်လိုက်သည်။ ဝမ်ဝေ့က ဤနေရာတွင် ကူးခတ် ရင်း တကြိမ်တခါ တိုက်ခိုက်ခံရဖူးသည့်အတွက် သတိကြီးကြီးထားလေ၏။

သူ ထွက်သွားပြီးနောက် သိပ်မကြာခင် စစ်ဆေးမှုဆီ မြောက်မြားစွာသော အသိစိတ်များ ကျရောက်လာကာ ထူးကဲသာလွန်မှုအဆင့် ပုဂ္ဂိုလ်ငါးဦးအား အလန့်တကြားဖြစ်သွားစေသည်။ သူတို့က ထိုသူများအား ချက်ချင်းဆိုသလို တားဆီးလိုက်လေ၏။ သို့သော်လည်း ထိုငါးယောက်နှင့် ယှဉ်နိုင်သည့် သက်ရှိ တစ်ယောက်သာ ရှိလေသည်။ ကံဆိုးစွာဖြင့် သူသည် တစ်ယောက်နှင့် ငါးယောက်ရင်ဆိုင်နေရသည့်အတွက် သူ့ချဉ်းကပ်မှုအား အသုံးမကျဖြစ်သွားစေ၏။

လူကြီးမင်းလုက သူ့ဆံပင်များကို ဆွဲဆုပ်လုမတတ်ဖြစ်နေလေ၏။ ထိုသက်ရှိက မျှော်လင့်ချက်ကို ဆောင်ကြဉ်းပေးလာသော်လည်း ထိုကောင်စုတ်ငါးယောက်က ခြွေမွပစ်လိုက်လေသည်။ လူကြီးမင်းလု၏ မျက်ဝန်းအထက် စိတ်ပျက်လက်ပျက် အရိပ်အယောင် ဖြတ်ပြေးသွားလေသည်။

ထို့နောက် ရှေးကျကာ ကမ္ဘာဦးစိတ်ဆန္ဒတချို့က နိုးထလာဟန်တူပြီး စကြဝဠာတလျှောက် အင်အားကြီးပုဂ္ဂိုလ်များအား အလန့်တကြားဖြစ်သွားစေသည်။ ထိုကမ္ဘာဦးဝိညာဉ်များက အချိန်အတော်ကြာကတည်းက ထိုစစ်ဆေးမှုကို စောင့်ကြည့်နေကြခြင်း ဖြစ်၏။

ကျိလျို့ယွီ၊ လူအိုကြီးထျန်းကျိနှင့် တခြားသူများက ထိုရှေးကျကာ အားကောင်းသည့် တည်ရှိမှုများကို အာရုံခံမိပြီး ရပ်ဆိုင်းသွားကြ၏။

သူတို့က အချင်းချင်းကြည့်ကာ တိတ်တဆိတ် ဆက်သွယ်လိုက်ကြ၏။ သိပ်မကြာခင် သူတို့က ထိုအရာများသည် သေဆုံးသွားသည်မှာကြာမြင့်လှပြီဖြစ်သည့် စိတ်ဝိညာဉ်များ သို့မဟုတ် အတွေးများဖြစ်ကြောင်း သဘောပေါက်သွားကြသည်။ ဆိုလိုသည်မှာ သူတို့၏ စွမ်းအားက သူတို့အထွတ်အထိပ်တွင်ရှိစဉ်အခါ၏  တစိတ်တပိုင်းမျှသာရှိလိမ့်မည်။ သို့သော်လည်း သူတို့က ဤတိုက်ပွဲကို ဆက်လက်တိုက်ခိုက်နေမည်ဆိုပါက ဘေးတွေ့သွားလိမ့်မည်။

“ဒီလိုပဲ လက်လျော့လိုက်တော့မှာလား” ကောင်းကင်ဘုံအလွန်ဓားသခင်က ပြောလာသည်။

“အဲ့ဒီအိုဟောင်းနေတဲ့အရာတွေနဲ့ တိုက်ခိုက်တယ်ဆိုရင် ငါတို့တွေ ဝေစု တစိတ်တပိုင်းတော့ ရ‌လောက်သေးတယ်”

လူအိုကြီးထျန်းကျိက သက်ပြင်းချလိုက်၏။

 “မင်း နားမလည်ဘူးလား။ ဒါက ကာဒီနယ်က ငါတို့ကို စည်းမျဉ်းတွေ သုံးပြီး တားဆီးခဲ့တာပဲ။ တကယ်လို့ ငါတို့သာ ဒီသက်ရှိကို နှိမ်နင်းမယ်ဆိုရင် သူကို ရန်စလိုက်သလို ဖြစ်သွားမယ်။ အဲ့လိုဆိုရင် သူ့ကို ရန်စဖို့ထိုက်တန်လားဆိုတဲ့ မေးခွန်း ဖြစ်လာလိမ့်မယ်”

“အဲ့ဒီသက်ရှိတွေရဲ့ အမှတ်အသား နိုးထလာတာက ထူးကဲသာလွန်မှုခေတ်ကာလရဲ့ အဖွင့်ကာလပဲ။ တခြားအခွင့်အရေးတွေ အများကြီးရှိလာနိုင်တယ်။ ဒါဆိုရင်တော့ ဒီကိုယ်တော်ကတော့ မသေချာသရွေ့ အဲ့လိုသက်ရှိတွေကို ရန်မစချင်ဘူး” ဘုန်းကြီးဓမ္မဓိဏက ပြောလိုက်သည်။

“အလောင်းရောင်းဝယ်ရေးဂိုဏ်းက ကျုပ်တို့အ‌ပေါ် သိပ်ပြီးတော့ အဆင်မပြေဘူး။ ကျုပ်လည်း ဒီနေရာမှာ ဒဏ်ရာရလို့ မဖြစ်ဘူး” မရဏအငွေ့အသက်ကလည်း ပြောလိုက်သည်။

အားလုံးက သူ့ကို ကြည့်လိုက်ကြ၏။ သူ၏ မရဏဂိုဏ်းသည် မရဏအရှင်နှင့် ဆက်နွယ်မှုတချို့ရှိထားကြောင်း သံသယရှိမိလေသည်။ ထို့ကြောင့် ထိုစကားများကို အပြည့်အဝ မယုံကြည်ပေ။

“ကျိလျို့ယွီ ခင်ဗျားတို့မျိုးနွယ်ရဲ့ အုတ်မြစ်တစ်ခုကို သုံးလိုက်ရင် ဘယ်လိုလဲ” လူအိုကြီးထျန်းကျိက အကြံပြုလိုက်သည်။

“ဘာအုတ်မြစ်လဲ” ကျိလျို့ယွီက ပြင်းထန်စွာ တုန့်ပြန်လာသည့်အတွက် အားလုံးက မျက်လုံးဝေ့ကာ ကြည့်လိုက်ကြ၏။ သို့သော်လည်း သူက ဂရုမစိုက်ပေ။ မျိုးနွယ်အုတ်မြစ် သို့မဟုတ် ဝှက်ဖဲများက သေရေးရှင်ရေးအခြေအနေအတွက်သာ အသုံးပြုနိုင်လေသည်။ ဤကိစ္စကမူ သူ၏ကိုယ်ပိုင်ရေးရာကိစ္စသာ ဖြစ်၏။

“အားလုံးက ဒီလိုခံစားရတယ်ဆိုမှတော့ ဒါကို ကျရှုံးမှုတစ်ခုလို့သာ သတ်မှတ်လိုက်ကြတာပေါ့” လူအိုကြီးထျန်းကျိက ပြန်ပြောလာ၏။

ကောင်းကင်ဘုံအလွန်ဓားသခင်က အေးစက်စက် သရော်လိုက်သည်။

 “ငါ အဲ့ဒီလူတွေကို မှတ်ထားမယ်”

သူက နောက်ထပ် ဘာစကားမှမဆိုဘဲ ချက်ချင်းထွက်ခွာသွားလေသည်။ တခြားသူများကလည်း သူတို့၏ ပါရမီရှင်များအား နောက်ဆုတ်ဖို့ အမိန့်ပေးပြီး ထွက်ခွာသွားလေသည်။

..........

ကျီကျင်းကျင်းက အမိန့်ကို ရရှိပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်မိသော်လည်း အထွတ်အထိပ်အကြီးအကဲ၏ အမိန့်ကိုမလွန်ဆန်ရဲပေ။ သူမက အောင်မြင်မှုသည် မျိုးနွယ်နှင့်နန်းဆောင်အတွင်း နောက်ခံရှိလာစေပြီး အောင်မြင်မှုကို အာမခံပေးနိုင်သည့်အတွက် နှမြောဖို့ကောင်းသလို ခံစားနေမိသည်။ သို့သော် ယခု သူမက မည်သို့သော ကံကြမ္မာစောင့်ကြိုနေမှန်း မပြောတတ်ပေ။

ထို့နောက် အားလုံးက ထွက်ခွာသွားပြီး ပိလုံရှန့်တစ်ယောက်သာ ကျန်ရှိခဲ့သည်။

“ငါတို့တွေ ဘေးကင်းသွားပြီ” ဝိညာဉ်လိပ်ပြာ စိတ်ဝိညာဉ်က ပြောလိုက်သည်။

“ဟုတ်တယ်” လူကြီးမင်းလုက ခေါင်းညိတ်လိုက်ပြီး အားလုံးက ပျော်ရွှင်နေကြသည်။

“ဒါပေမဲ့ အခုပျော်ရွှင်ရမဲ့အချိန် မဟုတ်သေးဘူး။ ကုစားရမဲ့အချိန်ပဲ” ရှင်သန်ခြင်းစိတ်ဝိညာဉ်က အော်ပြောလိုက်၏။

“မင်း ပြောတာဟုတ်တယ်”

“ငါတို့တွေရဲ့ ကျေးဇူးရှင်တွေကို ကျေးဇူးတင်ဖို့ လိုသေးတယ်” နှလုံးသားစိတ်ဝိညာဉ်က ထပ်ပြောလာ၏။ အားလုံးက ကောင်းကင်ယံကို ကြည့်ပြီး သူတို့ကို လာကယ်တင်သည့် အားလုံးကို ဦးညွှတ်လိုက်ကြသည်။ ထို့နောက် ပြင်းထန်သည့် အကြည့်တချက်က ပင်မစိတ်အပေါ် ရောက်ရှိလာသည့်အတွက် စိတ်ဝိညာဉ်များက အဖြစ်အပျက်ကို နားမလည်တော့ဘဲ စိုးရိမ်သွားကြ‌လေ၏။

ထို့နောက် သူတို့ကအသံတစ်သံကို ကြားလိုက်ရသည်။

“ဖေး”

အသံက ကျယ်လောင်လွန်းသော်လည်း ညင်သာမှုတို့ ကိန်းအောင်းနေ၏။

“မင်း ထပ်ပြီးအသက်ရှင်နိုင်တာ ဝမ်းသာတယ်။ ဒီလိုပုံစံဆိုရင်တောင်ပေါ့”

ထိုအသံပိုင်ရှင်က စိတ်ဝိညာဉ်အားလုံးအပေါ် သက်ရောက်မှုရှိသည့် ပျော်ရွှင်မှုတို့ကို ထုတ်လွင့်လာ၏။

“ကောင်လေးတို့ သူမကို ကောင်းကောင်းစောင့်ရှောက်ကြ။ မင်းတို့တွေ တစ်ခုခုလိုတယ်ဆိုရင် တောင်းဆိုဖို့ တုန့်ဆိုင်းမနေနဲ့။ ငါတို့တွေက တမလွန်ကိုကျော်ပြီးတော့တောင် ကူညီပေးနိုင်တယ်” ထိုအသံပိုင်ရှင်က ပြောလာသည်။

“ကျုပ် … ကျုပ်တို့တွေ အကောင်းဆုံးလုပ်ပါ့မယ် …  လူကြီးမင်း အဲ့လေ အရှင်”

လူကြီးမင်းလုက မျက်နှာနီရဲကာ ပြောလိုက်သည်။ သူက နိမ့်ကျသည့်သက်ရှိတစ်ယောက်အနေဖြင့် အဆင့်မြင့်သည့်သက်ရှိများကို ရင်ဆိုင်ရသည့်အခါ သဘာဝအလျောက် အလိုအလျောက် ပြုမူသွားမိခြင်းသာ ဖြစ်၏။ သူ့စိတ်က မှန်မှန်ကန်ကန် အလုပ်မလုပ်တော့ဘဲ စကားများဖြင့်‌ ဖော်ပြဖို့ရာက သေမျိုးအဆင့်မှ စံပြအဆင့်သို့ရောက်ရှိဖို့ ကျင့်ကြံရခြင်းထက်ပင် ပိုမိုခက်ခဲလေသည်။

ထိုအသံက ရယ်မောလိုက်လေ၏။

“တကယ့်ကို ရယ်ရတဲ့ ကောင်လေးပဲ။ ငါတို့တွေ ထပ်တွေ့ကြတာပေါ့”

စိတ်ဝိညာဉ်များက မိနစ်၃၀ခန့်အကြာ ဦးညွတ်သည့် အနေအထားအတိုင်း ကျန်ရှိခဲ့လေသည်။

“ကောင်းပြီ။ သူတို့တွေ ထွက်သွားပြီလို့ ထင်တယ်။ ငါတို့တွေ စတင် ကုစားလိုက်ရအောင်”

အားလုံးက စစ်ဆေးမှုကို ပြန်လည်ပြင်ဆင်ဖို့ စတင်လိုက်ကြသည်။

All Chapters