မိခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာ
Vol. 105 Ch. 1470
“ခေါင်းဆောင် အဆင်ပြေရဲ့လား” ဝမ်ချီက သူ့ဘေးတွင် လှည့်ပတ်ကာ ပြေးနေရင်း သူ့အား အစစ်အမှန်လားဟု ထိတွေ့ကာ မေးလိုအက်သည်။
“ငါ အဆင်ပြေတယ်။ ငါ့ကို လာထိမနေနဲ့တော့” ဝမ်ဝေ့က သူ့ကိုယ်သူထိန်းချုပ်ရင်း မတ်မတ်ရပ်လိုက်ရသည်။
“တခြားသူတွေ ပြန်လာပြီးတဲ့နောက်မှာ ပျောက်သွားတာလေ။ အဲ့ဆိုတော့ တစ်စုံတစ်ခုဖြစ်ပြီလို့ ထင်နေကြတာ။ အဆင်ပြေလို့ တော်သေးတာပေါ့” ယွီချိုက်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
ဝမ်ဝေ့က တစ်စုံတခု ပြောတော့မည့်ဆဲဆဲတွင် လေဟာနယ်ထဲမှ အဆောင်များစွာက ရုတ်ခြည်းဆိုသလို ပျံသန်းရောက်ရှိလာ၏။ သူက အားလုံးကို လက်ခံလိုက်ရသည်။ ဤသည်က ကမ္ဘာတဝှမ်းရှိ သူ့မိတ်ဆွေများထံမှ ဖြစ်၏။ သူတို့က သူ့ကံကြိုးမျှင်ပျောက်ကွယ်သွားပြီး မိနစ်ပိုင်းခန့်အကြာ၌ ပြန်လည်ပေါ်ထွက်လာသည်ကို သတိထားမိသည့်အတွက် အဖြစ်အပျက်ကို သိချင်နေကြခြင်း ဖြစ်၏။ ဝမ်ဝေ့က လက်ကိုဝေ့ကာ ဆက်သွယ်ရေးအဆောင်များအား အားလုံးဆီ ပြန်ပို့ပေးလိုက်သည်။
“ခေါင်းဆောင်က အတော်လေး နာမည်ကြီးနေတာမလား။ ဂိုဏ်းချုပ်ကတော်ကတော့ စိုးရိမ်နေရတော့မှာပဲ” ဝမ်ချီက စနောက်လိုက်၏။
ဝမ်ဝေ့က သူ့ကို လျစ်လျူရှုထားပြီး ယွီချိုက်အား မေးလိုက်သည်။
“ငါ သေဆုံးမှုဖြစ်နေတုန်း ဘိုးဘေးတွေက ဆက်သွယ်လာသေးလား”
“ဆက်သွယ်မလာပါဘူး။ ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက ဂိုဏ်းတလျှောက်မှာ စိတ်ဓာတ်ကျတဲ့အငွေ့အသက်တစ်ခု ကြီးစိုးနေခဲ့တာ။ အဲဒါ သူတို့ဖြစ်မယ် ထင်တယ်” ယွီချိုက်က ရှင်းပြလိုက်သည်။
“ငါ သိပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“ဘာတွေဖြစ်ခဲ့တာလဲ” ယွီချိုက်က သိချင်စွာ မေးကြည့်လိုက်သည်။
“ငါ နည်းနည်းလေး အခက်တွေ့တဲ့ ပြိုင်ဖက်ကို တွေ့ခဲ့ပြီးတော့ သေချင်ယောင်ဆောင်လိုက်ရတာ” ဝမ်ဝေ့က အမှန်အတိုင်း ပြောပြလိုက်၏။
“အခု ဘယ်လောက်တောင် အားကောင်းနေပြီလဲ”
“အထွတ်အထိပ်အကြီးအကဲတစ်ယောက် ဖြစ်ဖို့ လုံလောက်ရုံလောက်ပါပဲ”
ယွီချိုက်က မလုံမလဲ ပြုံးလိုက်သည်။
“ဒါကို ထင်မှတ်သားပြီးသားဆိုပေမယ့် အံ့ဩနေတုန်းပဲ” ယွီချိုက်က သက်ပြင်းချလိုက်၏။
ထိုအမျိုးသားက ရှေးဦးမျိုးစေ့ဟူသော ဂုဏ်ပုဒ်ဖြင့် ထိုက်တန်လှပေသည်။ ဤအချိန်တိုအတွင်း သူ့စွမ်းအားက ဤအနေအထားအထိ ရောက်ရှိခဲ့လေ၏။
“ခေါင်းဆောင် … ဒိုင်မေးရှင်းအနိမ့်က လူတွေကတော့ ခေါင်းဆောင် ပျောက်ကွယ်သွားလို့ ပျာယာခတ်နေလောက်ပြီ” ဝမ်ချီက သတိပေးလိုက်သည်။
“ငါ သိတယ်။ ဒါပေမဲ့ အခု ငါ တတ်နိုင်တဲ့အရာမရှိဘူး” ဝမ်ဝေ့က သက်ပြင်းချလိုက်၏။ ဒိုင်မေးရှင်းအနိမ့်က ကောင်းကင်တာအိုအနေနှင့် အန္တိမဇာတနှင့် ရင်ဆိုင်သည့်အခါ ရှုံးနိမ့်သွားနိုင်သည့် အနေအထားအတွက် နောက်ဆုံးသော ခုခံမှုတစ်ခု ဖြစ်လေသည်။ ဆိုလိုသည်မှာ ဒိုင်မေးရှင်းအမြင့်မှ ဝင်ရောက်မှုကို အပြည့်အဝ ဖြတ်တောက်ထားလေ၏။
“ခင်ဗျားရဲ့ ဝိညာဉ်မီးတောက်က ကျုပ်တို့ဆီလိုမျိုးပဲ ပြန်ပြီးတော့ ထွန်းညှိသွားမှာဆိုတော့ အဆင်ပြေမှာပါ” ယွီချိုက်က ပြောလိုက်သည်။
“အဲ့လိုပဲ မျှော်လင့်ရမှာပဲ” သုံးဦးသားက တိတ်ဆိတ်သွားပြီးသည့်နောက်တွင် ယွီချိုက်က ထပ်မံ ပြောလာလေသည်။
“အခု ပြန်ရောက်လာပြီဆိုတော့ ဘာလုပ်ဖို့ စီစဉ်ထားလဲ”
ဝမ်ဝေ့က သူ့ကို ပြန်မဖြေသေးဘဲ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“ဒီခေတ်ကာလကို အဆုံးသတ်ရမဲ့အချိန် ကျရောက်လာပြီ”
ယွီချိုက်၏အကြည့်များက တောက်ပလာလေသည်။
“လူအများကြီးက ဒီအခိုက်အတန့်ကို စောင့်ဆိုင်းနေတာ ကြာလှပြီ။ ဘာတွေလိုအပ်သေးလဲ”
“လိုအပ်လာတဲ့အခါ ပြောပါ့မယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
ယွီချိုက်က ကြာကြာမနေဘဲ ထွက်ခွာသွားလေ၏။ သိပ်မကြာခင် မဟာအကြီးအကဲယန်းရွှယ်က လာရောက်စစ်ဆေးကြည့်ခဲ့ပြီး ထိုသူကလည်း မိနစ်ပိုင်းခန့်မျှသာ နေခဲ့လေသည်။ ဝမ်ဝေ့နှင့် ဝမ်ချီက စံအိမ်သို့ မကြာခင် ရောက်ရှိလာလေ၏။ ဝမ်ဝေ့က အထဲသို့မဝင်သေးဘဲ သူ့ဥယျာဉ်နှင့် ငါးမျှားကန်ဆီ သွားလိုက်သည်။
“ငါ ပျောက်သွားတာ ဘယ်လောက်ကြာပြီလဲ” သူက မေးလိုက်သည်။
“၉၇၈၉ နှစ်ပါ” ဝမ်ချီက ဖြေလိုက်၏။
“စစ်ဆေးမှုရဲ့ အချိုးအစားက သိပ်မဆိုးဘူးပဲ။ ငါ သိဖို့လိုတဲ့အရာတွေရှိသေးလား” ဝမ်ဝေ့က မေးလိုက်သည်။
“ကိစ္စတချို့တော့ ရှိပါတယ်။ ပထဦးဆုံး လေလွင့်ကျင့်ကြံသူတချို့က ဒီအခွင့်အရေးကို သုံးပြီး ပြဿနာရှာချင်ကြတယ်” ဝမ်ချီက တင်ပြလိုက်၏။
“သူတို့က ထိပ်တန်းမျိုးနွယ်တွေ သူတို့ရဲ့ အကောင်းဆုံးအင်အားစုတွေကို စေလွှတ်လိုက်ပြီဆိုတော့ အခု အပိုင်သိမ်းလို့ရတယ်လို့များ ထင်နေတာလား”
“အဲ့လိုပါပဲ”
“သူတို့ကို ရှင်းထုတ်လိုက်ပြီလား”
“အဲ့လိုတော့လည်း မဟုတ်သေးပါဘူး”
“အိုး”
“စံပြကျိမင်က ဝင်ရောက်စွက်ဖက်လာတယ်။ သူက ဒီအခွင့်အရေးကို သုံးပြီးတော့ အများစုကို သူ့အင်အားစုအသစ်ဖြစ်တဲ့ မျက်နှာတစ်ထောင်တောင်ကြားကို ခေါ်သွင်းခဲ့တယ်လေ”
“ကျိမင်က အမြဲတမ်း ရည်မှန်းချက်ကြီးတယ်ဆိုတာ ငါတို့သိတာပဲ။ သူက ဒီအခွင့်အရေးကို သုံးတာ အဓိပ္ပါယ် ရှိပါတယ်။ သူက ပထမကတည်းက သူတို့ကို တိတ်တဆိတ် လှုံ့ဆော်နေတာ ဖြစ်လောက်တယ်” ဝမ်ဝေ့က တည်ငြိမ်စွာ မှတ်ချက်ပေးပြီး အပြာရောင်ပန်းပွင့်ဖြင့် ဆော့ကစားလိုက်သည်။
“သူ ဝင်ရောက်စွက်ဖက်တယ်လို့ ပြောတာလား။ ဘယ်လိုမျိုးလဲ” ဝမ်ဝေ့က ထပ်မေးလိုက်သည်။
“ပထမဦးဆုံး သူက အဲ့ဒီကျင့်ကြံသူတွေရဲ့ ကိုယ်စား ဖျန်ဖြေဖို့ ကြိုးစားခဲ့တာပါ။ ပြီးတော့ သူက ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော အသက်ရှင်နေတဲ့ စံပြဆိုတဲ့ အချက်ကိုလည်း အသုံးချခဲ့တယ်လေ”
“ခြိမ်းခြောက်နေတာပဲ။ သူက ဒီထပ်ပိုပြီး လုပ်နိုင်ကိုင်နိုင်ရည်ရှိမယ်လို့ ထင်နေတာ” ဝမ်ဝေ့က ရေရွတ်လိုက်လေ၏။
“သူက ဘယ်သူ့ကို ခြိမ်းခြောက်ရမလဲဆိုတာကို သိပါတယ်” ဝမ်ချီက ပြန်ပြောလိုက်သည်။ ကျိမင်က သူ့စံပြအဆင့်လေးဖြင့် အာဏာရှင်အင်အားစုများကို ဖိနှိပ်နိုင်သော်လည်း မခြိမ်းခြောက်ရဲပေ။
“အဲ့ဆိုတော့ သူက ဉာဏ်ကောင်းသားပဲ။ တခြား ဘာတွေဖြစ်ခဲ့သေးလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“အံ့ဖွယ်ယုံကြည်မှုဘုံက သူတို့လူတွေ သေသွားတယ်ဆိုတာကို သိပြီးတဲ့နောက်မှ လာပြီး သောင်းကျန်းသွားတယ်။ သူတို့က ကျုပ်တို့အပေါ် စော်ကားတဲ့ စကားတွေလည်း ပြောခဲ့တယ်။ ပြီးတော့ ရှင်းပြချက်ကို တောင်းဆိုဖို့ သံတမန်တစ်ယောက်ကိုတောင် စေလွှတ်လိုက်သေးတယ်” ဝမ်ချီက ဆက်ပြောပြလိုက်သည်။
“ဂိုဏ်းက ငြင်းဆန်ခဲ့တာလား”
“ဟုတ်တယ်လေ ကျွန်တော်တို့က အဲ့ဒီလိုစော်ကားမှုမျိုးတွေကို ကြင်ကြင်နာနာ လက်ခံရလောက်အောင် တုံးအမနေဘူးလေ။ အဲ့ဆိုတော့ ပြန်ပြီး ချေပခဲ့တာပေါ့”
“ဒါက မှန်ကန်တဲ့ ချဉ်းကပ်မှုပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူက အံ့ဖွယ်ယုံကြည်မှုဘုံအား ရှင်းထုတ်ဖို့ ရည်ရွယ်ထားသော်လည်း လူအများ၏အမြင်တွင် ဂိုဏ်း၏ ဂုဏ်ကျက်သရေကို ထိန်းဖို့အတွက် အပြစ်ကင်းချင်ယောင်ဆောင်ရဦးမည် ဖြစ်၏။ ဤကမ္ဘာတွင် ကံကောင်းမှု၊ ကြမ္မာနှင့် ညီမျှနေသည်။ သူတို့၏ ဂိုဏ်းက ကောကဟာလများ အနည်းငယ် သက်ရောက်သည့်အနေအထားတွင် ရှိသော်လည်း ဤအနေအထားအတိုင်း ထိန်းသိမ်းထားရဦးမည် ဖြစ်၏။
“တစ်စုံတစ်ယောက်က အချိန်စားသုံးသူကို လွှတ်ဖို့ ကြိုးစားလာသေးတယ်” ဝမ်ချီက ပြောလိုက်၍ ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
“မစိုးရိမ်ပါနဲ့။ အဲ့ဒီဖြစ်စဉ်က ကျရှုံးသွားတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ တရားခံတော့ မဖမ်းမိလိုက်ဘူး”
“သူက တကယ့်ကို မတည်ငြိမ်မှုတစ်ခုပဲ” ဝမ်ဝေ့က မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။
“နောက်ဆုံးထဲက တုချုံးက ခေါင်းဆောင်နဲ့ တွေ့ချင်နေပါတယ်”
“သူက မသေသေးဘူးလား” ဝမ်ဝေ့က မေးလိုက်သည်။
တုချုံးက သေမျိုးလူမှုအဖွဲ့အစည်းအသစ်၏ ခေါင်းဆောင် ဖြစ်သည်။ သူ့သက်တမ်းကန့်သတ်ချက်က ၁၀၂၆၉ နှစ်ဖြစ်ပြီး ယခုအခါ သက်တမ်းကုန်သွားသင့်နေလေပြီ။
“ငါ အနည်းဆုံး ဒါပဲတတ်နိုင်တော့တယ် ” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။ သူ့နောက်ထပ် အာရုံစိုက်မှုက သော့ခလောက် ဖြစ်သင့်သော်လည်း မေတ္တယျ၏ ယခင်သတိပေးချက်အရ သူ့တွင် အချိန်များစွာ ကျန်ရှိနေသေးသည်။ သို့သော်လည်း အချိန်စားသုံးသူ၏ တည်ရှိမှုက ဝမ်ဝေ့အား ကိစ္စများကို မြန်မြန်စီစဉ်ဖို့ရာ လှုံ့ဆော်ပေးလာသည်။
“ငါ သူ့ကို စစ်ဆေးမကြည့်ခင် ငါ့အတွက် လူနှစ်ယောက်ကို ခေါ်ပေးဖို့လိုတယ်။ ယန်ကောဝေရဲ့ အမေနဲ့ ရှဲ့မျိုးနွယ်ရဲ့ ခေါင်းဆောင်ကိုပေါ့”
“ကိစ္စမရှိပါဘူး”
မိနစ်ပိုင်းခန့်ကြာပြီးသည့်နောက်တွင် ရိုးရှင်းသည့်အပြာရောင် ဝတ်စုံဝတ်ဆင်ထားသည့် သက်လတ်ပိုင်းခန့်အရွယ်ရှိသည့် အမျိုးသမီးတစ်ယောက်က ဝမ်ဝေ့ဆီ လျှောက်လာလေ၏။ သူမက သာမန်ဆန်သည့် မျက်နှာထားမျိုးရှိသော်လည်း အစိမ်းရောင်မျက်ဝန်းက ကြယ်စင်များအသွင် တောက်ပနေသည်။ သူမ၏ အရှိန်အဝါက ဉာဏ်ပညာရှိသည့် အမျိုးသမီးတစ်ယောက်အသွင် ဖော်ညွှန်းထားသော်လည်း သူမက ဘဝ၌ အတွေ့အကြုံများစွာ ရှိသည့် အမျိုးသမီးတစ်ယောက် ဖြစ်ပေသည်။
“ကျွန်မရဲ့ သားက သေသွားပြီမလား” ဖူယန်ချန်းက မေးလိုက်သည်။
“ကျုပ် စိတ်မကောင်းပါဘူး” ဝမ်ဝေ့က သူမကို ကြည့်ရင်းပြန်ဖြေလိုက်၏။
“အဲ့ဆိုတော့ ရှင်က သူ့ကို ပြန်ပြီးအသက်သွင်းဖို့ ရည်ရွယ်ချက်မရှိတဲ့ပုံပဲကိုး” သူမက ဆက်ပြီး ပြောလိုက်သည်။
“မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ အသက်ရှင်နေထိုင်မှုနဲ့ ဘေးကင်းမှုကိုတော့ ကောင်းကောင်းကာကွယ်ပေးနိုင်တယ်”
“ဘာလို့လဲ ကျွန်မက အဖိုးတန်နေလို့လား” သူမက သူ့အား တိုက်ရိုက်သာမေးလိုက်၏။
“ခင်ဗျားရဲ့သားက ကျုပ်ကို ခစားခဲ့တဲ့သူ။ ခင်ဗျား မဟုတ်ဘူး” ဖူယန်ချန်းက သူ့အား စိုက်ကြည့်နေပြီး ထိုစကားက အမှန်လား စစ်ဆေးကြည့်နေသည့်ပုံပေါ်သည်။ သူမက အသက်ပြင်းပြင်းရှူကာ မှုတ်ထုတ်လိုက်၏။
“ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မလိုအပ်ဘူး”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီး သူမက အဘယ်ကြောင့် ခေါင်းမာနေရလဲဟု စဉ်းစားနေသည်။
“ဒါပေမဲ့ ရှင် ကျွန်မအတွက် လုပ်ပေးနိုင်တာ တစ်ခုတော့ ရှိတယ်။ ကျွန်မရဲ့ မှတ်ဉာဏ်တွေအားလုံးနဲ့အတူ ကောင်းချီးတစ်ခုနဲ့ ပြန်လည်ဝင်စားချင်တယ်” ဖူယန်းချန်းက ပြောလိုက်သည်။
“မင်းက နောက်ဘဝမှာ စံပြအဆင့်ထိရောက်အောင် ကျင့်ကြံပြီးတော့ မင်းရဲ့သားကို အသက်သွင်းချင်တာလား” ဝမ်ဝေ့က မေးလိုက်သည်။
“ဟုတ်ပါတယ်” သူမက ခေါင်းညိတ်လိုက်၏။ သူမ၏ ခင်ပွန်းဖြစ်သူက သူမအား လမင်းများထံ ရောင်းချပြီးသည့်နောက်တွင် ဖူယန်ချန်းက သူမအတွက် အားကိုးရမည့်တစ်ဦးသာ ကျန်ရှိတော့သည်။ ထိုသူက သူမ၏ သား ဖြစ်၏။ ယခု သူ့ကိုပါ ဆုံးရှုံးလိုက်ရပြီဖြစ်သည့်အတွက် သူ့ကိုပြန်ရဖို့အတွက် ဘာမဆိုလုပ်ရလိမ့်မည်။
“ခင်ဗျား ထိပ်တန်းစံပြ ဖြစ်လာမယ်ဆိုရင် အချိန်က ဒီလောက်တောင် ကြာသွားမှာဆိုတော့ သူ့ကို အသက်သွင်းနိုင်တဲ့ အခက်အခဲက ပိုပြီးမြင့်တက်သွားနိုင်တယ်ဆိုတာ နားလည်တယ်မလား။ ဒါတောင်မှ ခင်ဗျားက ထိပ်သီးစံပြအဆင့်ရောက်မှနော်” ဝမ်ဝေ့က မေးခွန်းထုတ်ကာ ပြောလိုက်သည်။
“ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကိစ္စမရှိဘူး” သူမ၏မျက်ဝန်း၌ ခိုင်မာမှုတို့ ကြီးစိုးနေ၏။ မိခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာက အရာအားလုံးကို သာလွန်နေပြီး ထိုအမျိုးသမီးအား သူမသားကို ပြန်လည်ပွေ့ဖက်ခြင်းအား မည်သည့်အရာမှ မတားဆီးနိုင်တော့ပေ။
“ကောင်းပြီလေ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူက လက်ညှိုးဖြင့် သူမ၏ နဖူးကို ထိကာ သတင်းအချက်အလက်တချို့ကို ပို့ဆောင်ပေးလိုက်သည်။
“ဒါက ဘာလဲ”
“ဒါက ခင်ဗျားသားရဲ့ တည်ရှိမှုရဲ့ အသေးစိတ်ပုံကြမ်းပဲ” ဝမ်ဝေ့က အသေးစိတ် ရှင်းပြလိုက်သည်။
“ဒါနဲ့ဆိုရင် ခင်ဗျားအနေနဲ့ ထိပ်သီးစံပြဖြစ်လာတာနဲ့ တည်ရှိမှုပြန်လည်တည်ဆောက်ခြင်းကို သုံးပြီး ခင်ဗျားသားကို အသက်သွင်းလို့ရပြီ”
“ကျေးဇူးပါ” ဖူယန်ချန်းက အလေးအနက် ပြောလိုက်ပြီး သူမအသံက ခပ်ရှရှဖြစ်နေလေ၏။ သူမက ကျေးဇူးတင်မှုကို ပြသဖို့ ဦးညွှတ်လိုက်သည်။ သူမက ဤသတင်းအချက်အလက်သည် တန်ဖိုးရှိကြောင်း ကြားပြီးသူမအတွက် အားစိုက်ထုတ်မှုတချို့ သက်သာသွားမည်ကိုလည်း ကောင်းကောင်းသိသည်။ တကယ်တော့ သူမသည် ဝမ်ဝေ့၏ သတင်းအချက်အလက်က မည်မျှအဖိုးတန်နေသည်ကို ကောင်းကောင်းမသိသေးပေ။
တည်ရှိမှုပြန်လည်တည်ဆောက်ခြင်းက ယေဘူယျဖြစ်ပြီး အသေးစိတ် မဟုတ်ပေ။ အကြောင်းအရင်းကမူ ပြန်လည်တည်ဆောက်ခြင်းကို လုပ်ဆောင်သည့်သူတဦးက ဝမ်ဝေ့ကဲ့သို့ ပုံကြမ်းကို တိုက်ရိုက်ကြည့်ရှုနိုင်မည် မဟုတ်ပေ။ အကယ်၍ သူတို့ကြည့်ရှုနိုင်မည်ဆိုလျှင် ဖူယန်ချန်းက သူမ၏ သားအား စမ်းသပ်ချက်မတိုင်ခင် အနေအထားသို့ ပြည့်ပြည့်စုံစုံ အသက်ပြန်သွင်းနိုင်လိမ့်မည်။
ယန်ကောဝေက ကျင့်ကြံရေးကို ဆုံးရှုံးကောင်းဆုံးရှုံးနိုင်ရသော်လည်း စံပြဖြစ်လာဖို့ နောက်ထပ်အခွင့်အရေးတစ်ခုရှိ လာလိမ့်မည်။ ထိုအရာက မဟာတာအိုသည် ဤကဲ့သို့သော တည်ရှိမှုပြန်လည်တည်ဆောက်ခြင်း အနေအထားကို ခွင့်ပြုပေးသည့်အခါတွင် ဖြစ်၏။
“ကောင်းပြီလေ။ လုပ်လိုက်ရအောင်။ ကံကြမ္မာလွှမ်းမိုးရေးဧကရာဇ်နာမည်၊ အဆုံးစွန်မဲ့စံပြတစ်ယောက်၊ လောကသုံးပါးဧကရာဇ်ဂုဏ်ပုဒ်အနေနဲ့၊ အတိုင်းအတာမဲ့ဧကရာဇ်အနေနဲ့ … မင်းကို ဉာဏ်ပညာနဲ့ ကောင်းချီးပေးခံရသူ ဂုဏ်ပုဒ် ချီးမြှင့်တယ်။ ပြီးတော့ ကံကြမ္မာကို သွေဖွယ်နေတဲ့ မိခင်ဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ချီးမြှင့်တယ်”
ထို့နောက် ဖူယောင်ချန်းဆီ ရွှေရောင်အလင်းတန်း လွှမ်းမိုးသွားပြီး သူမ၏ဝိညာဉ်ကို လွှမ်းမိုးသွားလေသည်။ သူမ၏ ရောင်စုံချီနဂါးက ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာကာ ဦးချိုများက အဖြူရောင် ပြောင်းလဲသွားလေ၏။ ဝမ်ဝေ့က အနက်ရောင်ကျောက်စိမ်းအဆောင်ကို ဖွဲ့စည်းပြီး ပေးလိုက်သည်။
“သော့ခလောက် ပျောက်ကွယ်သွားတဲ့အထိ စောင့်ပြီးမှ ဒီအဆောင်ကို အသက်သွင်းလိုက်” သူက ညွှန်ကြားလိုက်သည်။ ယခုအခါ သော့ခလောက်က မြေအောက်ကမ္ဘာနှင့် ဆက်သွယ်မှုမျိုးကို ပိတ်ဆို့ထားသော်ငြား ပြန်လည်ဝင်စားခြင်းကို ပိတ်ဆို့ထားနိုင်ခြင်း မရှိသည့်အတွက် သူမအတွက် ပြန်လည်ဝင်စားနိုင်သော်လည်း သူ့အနေဖြင့် သူမအား မစွန့်စားစေလိုပေ။
“ကျွန်မ သိပါပြီ”