သတင်းများ
Vol. 3 Ch. 205
“သူတို့က ကောင်းကင်လုပ်ကြံရေး အဖွဲ့က မဟုတ်ဘူးလား။ ဘာလို့ အဲကောင်လေးကို ကြောက်နေကြတာလဲ”
သူမသည် ကောင်းကင်လုပ်ကြံရေး အဖွဲ့၏ စွမ်းအားကို သိရှိနေသောကြောင့် ထိုလူများ၏ လုပ်ရပ်ကောင်းကင် လုပ်ကြံရေး အဖွဲ့သည် အလွန်ရက်စက်သော အဖွဲ့ဖြစ်သည်။ ကလေးကိုပင် အလွတ်မပေးဘဲ တစ်မိသားစုလုံးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ ထိုကဲ့သို့ ရက်စက်လှသော သူများသည် ယခုအခါ ထိုကောင်လေးကို ကြောက်ရွံ့စွာဖြင့် ဒူးထောက် နေကြသည်ကို ယုံပင် မယုံနိုင်ပေ။
“သူက ဘယ်သူလဲ … သူ့ကိုဘာလို့ အဲလောက် ကြောက်နေကြတာလဲ”
သူမသည် ချန်းဖန်၏ ကျော်ကြားမှုကို မသိသေးသဖြင့် ချန်းဖန်ကို ထိုသူတို့ မည်သည့်အတွက် ထိတ်လန့် နေရကြောင်း မသိရှိခြင်း ဖြစ်သည်။
“သူ ဘာတွေ လျှို့ဝှက်ထားတာလဲ” ယွင်ချန်ချန် သူမကိုသူမ မေးနေမိသည်။
“ယွင်ချန်ချန်ကို သတ်ဖို့ မင်းတို့ကို ဘယ်သူ ခိုင်းလိုက်တာလဲ” ချန်းဖန်က အသံကိုမြှင့်ပြီး မေးလိုက်သည်။
ဒူးထောက်နေသော လူသုံးဦးသည် တုန်လှုပ်စွာဖြင့် …
“သခင်လေး၊ သူမကို သတ်နိုင်ရင် ဒေါ်လာသန်း(၅၀) ပေးမယ်လို့ ပြောလို့ သတ်ရတာပါ”
ယွင်ချန်ချန်သည် ထိုလူကြီး၏ စကားကို ကြားသွားပြီး မျက်နှာဖြူဖျော့ သွားသည်။
သူမအသက် အတွက် သန်း(၅၀)အထိ ပေးရလောက်သည် အထိ သူမကို မုန်းနေသော သူကို စဉ်းစားမရပေ။ သူမသည် အလုပ်လုပ်ခဲ့သည့် သက်တမ်း တစ်လျှောက်တွင် မည်သူနှင့်မျှ ပြဿနာ မဖြစ်ခဲ့ဘဲ လူတိုင်းနှင့် အဆင်ပြေပြေသာ ဆက်ဆံခဲ့သည်။
“မင်းတို့ကို ဘယ်သူ ခိုင်းတာလဲ” ချန်းဖန် မေးလိုက်သည်။
ဒူးထောက်နေသည့် လူသုံးယောက်လုံးသည် ချန်းဖန်၏ စကားကိုကြားပြီး တုန်လှုပ် သွားကြသည်။ သူတို့သည် သွေးအေးသည့် လူသတ်သမားများ ဖြစ်ကြသော်လည်း သူတို့ကို လုပ်ငန်းအပ်သူ၏ အတွင်းရေးကို အလွယ်တကူ ထုတ်မပြောကြပေ။ သို့သော်လည်း သူတို့ သုံးယောက်လုံးသည် ချန်းဖန်ကို ကြောက်ရွံ့သဖြင့် နောက်ဆုံးတွင် ပြောလိုက်ရသည်။
ယွင်ချန်ချန်သည် ထိုနာမည်ကို ကြားပြီးနောက် ထိတ်လန့်သွားကာ မူးမေ့သွားသည်။ ဘေးတွင်ရှိသော အခြား မိန်းကလေးသည် ယွင်ချန်ချန်ကို အလျင်အမြန် ထိန်းလိုက်ရသည်။ ချန်းဖန်သည် လဲကျသွားသော ယွင်ချန်ချန်ကို လှည့်ကြည့်လိုက်သည်။
ထိုစဉ် အနီးနားတွင် ရှိသော အပင်များ ကြားထဲမှ လူတစ်ဦးသည် ဓားမြှောင်ကို ကိုင်ဆောင်ထားပြီး ချန်းဖန်ကို ထိုးရန်အတွက် ချန်းဖန်ဆီသို့ ပြေးလာခဲ့သည်။ ထိုလူသည် ချန်းဖန်ကိုလုပ်ကြံရန် ပုန်းခိုနေသည့် နောက်ဆုံး သိုင်းပညာရှင် ဖြစ်သည်။ ယခုအခါ ချန်းဖန် တစ်ဖက်လှည့်ပြီး ယွင်ချန်ချန်ကို လှည့်ကြည့်နေချိန်တွင် အခွင့်ကောင်းရပြီ အထင်နှင့် လုပ်ကြံရန် ထွက်လာခဲ့ခြင်း ဖြစ်သည်။
“သတိထား”
သေနတ်ကိုင်ထားသော မိန်းကလေးသည် လုပ်ကြံသူ၏ အရိပ်ကို မြင်တွေ့သောအခါ ချန်းဖန်ကို သတိပေးလိုက်သည်။ သို့သော်လည်း ထိုလူသည် အလွန် လျင်မြန်သည့် အတွက် သူမအော်သည်မှာ မဆုံးသေးခင် ထိုလူသည် ချန်းဖန်ဆီသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ချန်းဖန်သည် ထိုလူဆီသို့ လျင်မြန်စွာ လှည့်လိုက်ပြီး ဓားကို လက်ချောင်းနှစ်ချောင်းဖြင့် ဖမ်းလိုက်သည်။
“ငါ မင်းကို စောင့်နေတာ ကြာပြီ”
ချန်းဖန်သည် ဓားကို လက်နှစ်ချောင်းဖြင့် ချိုးလိုက်ပြီး ထိုလူ၏ လက်မောင်းဆီသို့ ပစ်လိုက်သည်။
“သူလူမှ ဟုတ်ရဲ့လား”
လုပ်ကြံသူသည် အလွန်အမင်း ထိတ်လန့်သွားပြီး နှလုံးသွေး စီးဆင်းမှုများ ရပ်တန့်သကဲ့သို့ ခံစားလိုက်ရသည်။
ထိုလူ၏ ဓားသည် အလွန်မာသည့် သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားပြီး သံနှင့် စတီးကိုပင် အလွယ်တကူ ဖြတ်တောက်ပစ်နိုင်သည်။ သို့သော်လည်း သူ၏ဓားသည် ချန်းဖန်၏ လက်နှင့် ထိလိုက်သောအခါ စိန်တုံးကြီးကို ထိုးခွဲ နေရသကဲ့သို့ ခံစားလိုက်ရသည်။ ချန်းဖန်၏ လက်တွင် ဓားအရာပင် ပေါ်မလာချေ။
“သူ့ကို ငါယှဉ်နိုင်မှာ မဟုတ်ဘူး”
လုပ်ကြံသူသည် ထိုသို့ တွေးတောပြီး ချန်းဖန်၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် ခန္ဓာကိုယ်ကို ကျုံ့လိုက်သည်။ ထိုနောက် လုပ်ကြံသူသည် လမ်းကြောင်းပြောင်းကာ အဝေးသို့ လျင်မြန်စွာ ထွက်ပြေးသွားသည်။
“ဟက် ဒါအတွင်းအားမှ မဟုတ်တာ”
လုပ်ကြံသူသည် သုံးမီတာခန့် အမြင့်ရှိသည့် နံရံကို ကျော်တက်ကာ ထွက်ပြေး သွားလေသည်။
ချန်းဖန်သည် ထိုလုပ်ကြံသူ၏ ပခုံးကို လှမ်းဖမ်း ခဲ့သော်လည်း လက်ချော်သွားကာ ဖမ်းမမိခဲ့ပေ။ လုပ်ကြံသူသည် သူ၏ အတွင်းအားကို အသုံးမပြုဘဲ သူ၏ ပင်ကိုစွမ်းရည် ကိုသာသုံးပြီး ထွက်ပြေး လွတ်မြောက်သွားခြင်း ဖြစ်သည်။
ချန်းဖန်သည် လုပ်ကြံသူ၏ မျက်နှာကို မြင်လိုက်ရသည်။ ထိုသူသည် အာရှသားနှင့် မတူဘဲ အရှေ့ အလယ်ပိုင်းက လူနှင့်ဆင်သည်။
“နိုင်ငံခြားက သိုင်းပညာရှင်လား …”
ချန်းဖန်သည် လုပ်ကြံသူ သုံးယောက်၏ သွေးကြောကိုပိတ်ပြီး အတွင်းအား အသုံးမပြု နိုင်အောင် ပြုလုပ်လိုက်သည်။
“ဒီမှာ ခဏ စောင့်နေဦး။ ငါ မြန်မြန် ပြန်လာခဲ့မယ်”
ယွင်ချန်ချန်နှင့် အခြား မိန်းကလေးတို့ မည်သည့် စကားမျှ မပြောရသေးခင် ချန်းဖန်သည် နံရံကိုကျော်ကာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
“မိန်းကလေးယွင်၊ ရှင် သခင်လေးချန်နဲ့ သိတာလား”
သေနတ်ကိုင်ထားသော မိန်းကလေးက ယွင်ချန်ချန်ကို မေးမြန်းလိုက်သည်။
ယွင်ချန်ချန်သည် စိတ်ကို စုစည်းရင်း …
“ငါသူ့ကို ချန်းဖန်လို့ပဲ သိတာ။ ငါကြားဖူးတာ ကတော့ သူက မြေအောက် အဖွဲ့အစည်းက တစ်ယောက်တဲ့။ ဒီလုပ်ကြံသူ တွေကလည်း သူ့ရဲ့ ရာထူးကြောင့် သူ့ကို ကြောက်နေကြတာ နေမှာပေါ့”
“တကယ်လား” ထိုမိန်းကလေးသည် ယွင်ချန်ချန်၏ စကားများကို မယုံသကဲ့သို့ မေးလိုက်သည်။
“ဟီးဟီး ... သူက သခင်လေးချန်း မဟုတ်ဘူး။ ချန်ပေ့ရွှမ်းပဲ။ ကမ္ဘာပေါ်မှာ အတော်ဆုံး အထွတ်အထိပ် တစ်ယောက်ပေါ့” ဒူးထောက်နေသော မျက်နှာ ပြောင်ချောချောနှင့် လူက ပြောလိုက်သည်။
“ချန်ပေ့ရွှမ်း ဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါတယ်။ ငါတို့ကို အတွင်းအား သုံးလို့မရအောင် ပိတ်ခဲ့တာကိုပဲ ကြည့်လေ“
“ချန်ပေ့ရွှမ်းဆိုတာ ဘယ်သူလဲ။ သူက တကယ်ပဲ အစွမ်းထက်တာလား” သေနတ်ကိုင်ထားသော မိန်းကလေးသည် စပ်စုစွာ မေးလိုက်သည်။
ထိုစဉ် ချန်းဖန်သည် နိုင်ငံခြားမှ သိုင်းပညာရှင်ကို အမီလိုက် ပြေးနေသည် ဖြစ်သည်။ ထိုသူသည် အတွင်းအား မရှိသော်လည်း သူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့် ခြေတစ်လှမ်းကို သုံးမီတာခန့် ပြေးနိုင်သည်။
ထိုလူကသည် လေးကီလိုမီတာ ခန့်အထိ ပြေးလွှားနေပြီး နောက်ဆုံးတွင် မောပန်းလွန်းသဖြင့် ရပ်တန့် လိုက်ရသည်။ မောပန်း လွန်းသဖြင့် မြေကြီးပေါ်သို့ လက်ထောက်ကာ အသက်ကို ပြင်းပြင်းရှူကာ အမော ဖြေနေသည်။
“မင်း ဘာလို့ ရပ်လိုက်တာလဲ”
လုပ်ကြံသူသည် နောက်သို့ လှည့်ကြည့် လိုက်သောအခါ လက်နှစ်ဖက်ကို အိတ်ကပ်ထဲသို့ ထည့်ပြီး အေးဆေးရပ်နေသည့် ချန်းဖန်ကို တွေ့လိုက်သည်။
“ငါမင်းကို ဒီလောက်ထိ သန်မာလိမ့်မယ်လို့ မထင်ထားဘူး ဟောင်ဂိုဏ်းက ငါ့ကို လိမ်လိုက်တာပဲ”
လုပ်ကြံသူသည် အသက်လေးဆယ် အရွယ် နှာခေါင်းချွန်ပြီး မျက်တွင်းနက်သည့် လူဖြူတစ်ဦးဖြစ်သည်။
“ဟောင်ဂိုဏ်း ဟုတ်လား “ချန်းဖန် နဖူး တွန့်ချိုးသွားသည်။
ဟောင်ဂိုဏ်း သူ့ကို လက်စားချေမည်ကို သိသော်လည်း ဤမျှ မြန်ဆန်လိမ့်မည်ဟု မထင်ထားချေ။
“ချန်ပေ့ရွှမ်း၊ မင်းကတော်တော့်ကို အစွမ်းထက်ပါတယ်။ ဒါကြောင့်လည်း ဟောင်ဂိုဏ်းက မင်းကို ဒေါ်လာသန်းတစ်ရာ ဆုကြေး ထုတ်ထားတာပေါ့”
“မြွေပွေး၊ အရိပ်၊ နတ်ဆိုးနဲ့ တခြားလုပ်ကြံတဲ့ အဖွဲ့အစည်း တွေကလည်း ဒီဆုကြေးကို လိုချင်ကြေတယ်”
“ဒေါ်လာ သန်းတစ်ရာ ဟုတ်လား”
ဟောင်ဂိုဏ်းသည် သူ့ကို လက်စားချေရန် အတွက် ထိုကဲ့သို့ များပြားလှသည့် ငွေကြေးကို အသုံးပြု လိမ့်မည်ဟု မထင်ထားပေ။
ချန်းဖန် ထိုသို့ တွေးနေစဉ်မှာပဲ လုပ်ကြံသူသည် သေနတ်ဖြင့် ချန်းဖန်ကို ဦးတည် ပစ်ခတ်လိုက်သည်။ ထိုသေနတ်သည် သာမန်သေနတ် များထက် ပြင်းအားများသည့် သေနတ်ဖြစ်ပြီး သေနတ်သံမှာ လွန်စွာ ကျယ်လောင်သည်။
“သနားစရာပဲ”
ချန်းဖန်သည် သေနတ်ကျည်ဆန်ကို လက်နှစ်ချောင်း တည်းဖြင့် ဖမ်းလိုက်သည်။
“မကောင်းဆိုးဝါး၊ မင်းက မကောင်းဆိုးဝါးပဲ ...”
ကမ္ဘာပေါ်တွင် ထို သေနတ်ကျည်ဆန်ကို ရှောင်နိုင်သူ လုံးဝမရှိပေ။ ချန်းဖန်က ထိုကျည်ဆန်ကို လက်ဖြင့်ပင် ဖမ်းလိုက်သဖြင့် ထိုလူကြီးသည် ချန်းဖန်၏ စွမ်းရည်ကို အလွန်အမင်း ထိတ်လန့်သွားကာ လက်ထဲမှာ သေနတ်ပင် လွတ်ကျသွားသည်။
“မကောင်းဆိုးဝါး ဟုတ်လား၊ အေး ငါက မင်းအတွက်တော့ မကောင်းဆိုးဝါးပဲ ...”
ချန်းဖန်၏ မျက်လုံးထဲတွင် အစိမ်းရောင် အလင်းများ တောက်ပလာသည်။
ချန်းဖန် ထိုနေရာမှ ထွက်သွားသောအခါ ထိုနေရာတွင် မည်သူမျှ ရှိမနေတော့။ လုပ်ကြံသူကို ပြာမှုန့်အဖြစ်သို့ ပြောင်းလဲလိုက်ပြီ ဖြစ်သည်။
ချန်းဖန်သည် မည်းမှောင်နေသည့် ကောင်းကင်တွင် တလက်လက် တောက်ပနေသည့် ကြယ်များကို ကြည့်ရင်း သက်ပြင်းချ လိုက်သည်။
“ဟောင်ဂိုဏ်း၊ မဟူရာမြွေ၊ မင်းတို့ငါ့ကို သိပ်အထင်သေး လွန်းတာပဲ။ မင်းတို့ ငါ့အကြောင်း သိစေရမယ်”
***