← Chapters

မဟူရာမြွေကို သတ်ခြင်း

Vol. 3 Ch. 208

မဟူရာမြွေကို သတ်ခြင်း

Vol. 3 Ch. 208

ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံ တစ်မြို့လုံးသို့ ဖုံးအုပ်သွားချိန်တွင် လူတချို့က မျက်လုံး ဖွင့်လိုက်ပြီး ချန်းဖန် လာရာလမ်း ဘက်သို့ ကြည့်လိုက်ကြသည်။

“ဘာလဲဟ။ အင်မော်တယ် အဆင့်က လူတစ်ယောက် ဟုတ်လား ...”

အင်မော်တယ် အဆင့်မှလူကို မတွေ့သည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။ အဘိုးအို တစ်ဦးကား ရုတ်တရက် ထိုင်နေရာမှ ထရလိုက်သည်။ သူ၏မျက်လုံး ထဲတွင်မူ ထိတ်လန့် အံ့ဩသည့် အရိပ်အယောင်များ ပြည့်နှက် နေခဲ့သည်။ ထိုအဘိုးအိုမှာ သူ၏ဒေသတွင် စွမ်းအား အကြီးဆုံး လူတစ်ဦး ဖြစ်သော်လည်း အင်မော်တယ် အဆင့်မှလူကို မတွေ့ဖူးသေးချေ။

“လင်းမြို့တော် တစ်မြို့လုံးမှာ လုမိသားစုက အဲဒီတစ်ယောက်ပဲ ဒီအဆင့်ကို ရောက်သေးတာ ...“

“ဒီတစ်ယောက်က အဲဒီအဆင့်ကို မရောက်သေးဘူး ဆိုရင်တောင်မှ ရောက်ဖို့ တော်တော် နီးနေတဲ့လူ ဖြစ်ရမယ် ...”

“ငါသူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ လဲ့ချန်းကျွယ်သာ အသက် ရှင်နေသေးလို့ ငါနဲ့ တိုက်ခိုက်ရင် ငါအလွယ်တကူ ရှုံးမှာပဲ။ လဲ့ချန်းကျွယ်လို လူမျိုးကိုတောင်မှ သူက သတ်နိုင်ခဲ့တာ ဆိုတော့ ငါ့ကိုဆို အလွယ်တကူ သတ်နိုင်မှာပဲ ...“

အဘိုးအို သက်ပြင်း ချလိုက်မိသည်။ သူတစ်ယောက်တည်းသာ ထိတ်လန့်သွားခြင်း မဟုတ်ပေ။ အခြား သူများကလည်း ချန်းဖန်၏ စွမ်းအားကြောင့် အလွန် အံ့ဩသွားသည်။

ချန်းဖန်မှာ လဲ့ချန်းကျွယ်ကို တရုတ်ပြည်ရှိ သိုင်းပညာရှင် အားလုံး၏ ရှေ့တွင် သတ်ဖြတ်ခဲ့ သဖြင့် တရုတ်ပြည်တွင် ရှိသော သိုင်းပညာရှင် အားလုံးက သူမည်မျှ အစွမ်းထက်ကြောင်း တွေ့ရှိပြီး ဖြစ်သည်။ သို့သော်လည်း ထိုလူများသည် တိုက်ပွဲတွင် ရှိမနေကြသည့် အတွက် ချန်းဖန် မည်မျှ အစွမ်းထက် သည်ကို မသိကြပေ။ သူတို့၏ စွမ်းအားသည် ချန်းဖန်ကို ယှဉ်နိုင်လိမ့်မည် ဟုပင် ထင်နေကြ သေးသည်။

သို့သော်လည်း ချန်းဖန်၏ အစွမ်း ထက်မှုကို တွေ့လိုက် ရသောအခါ သူတို့၏ အစီအစဉ်ကို ချက်ချင်း လက်လျှော့လိုက် ရသည်။ ထိုအချိန်မှာပင် အာရှမှ လူကြီး တစ်ဦးသည် လင်းမြို့တော်၍ စည်ကားသော လမ်းထဲတွင် လျှောက်သွားက မိန်းကလေးများကို လိုက်ရှာနေသည်။ ထိုစဉ် အလွန် ပြင်းထန်သည့် စိတ်စွမ်းအားကို ခံစားမိ သွားပြီး ...

“ဟမ် ...”

“အရမ်း ပြင်းထန်တဲ့ စိတ်စွမ်းအင်ပဲ။ တရုတ်ပြည်မှာ စိတ်စွမ်းအင် ပညာရှင် မရှိဘူးလို့ ငါထင်ထားတာ ...”

“ချီးပဲ ... ဒီ စိတ်စွမ်းအင် ပညာရှင်က ငါ့ကို လိုက်နေတယ် ထင်တာပဲ”

ထိုလူများသည် မခန့်မှန်းနိုင်သည့် စွမ်းအားများ ပိုင်ဆိုင်ကြ သူများ ဖြစ်ပြီး ပုံရိပ်ယောင် စွမ်းအင်ကို အသုံးပြုကာ ရန်သူကို သတ်ဖြတ်နိုင်စွမ်း ရှိကြသည်။

“ဘယ်လိုပဲ ဖြစ်နေနေ မင်းငါ့ကို ရှာတွေ့မှာ မဟုတ်ပါဘူး ...“ လူကြီးက အေးစက်စက် ပြုံးရင်း ပြောလိုက်သည်။

“ငါက လုပ်ကြံသူတွေရဲ့ ဘုရင်ပဲ။ နောက်ပြီး ငါကလည်း စိတ်စွမ်းအင် ပညာရှင်ပဲလေ ...”

တွေးတောရင်း လူကြီးက လေထဲသို့ ပျံသန်းကာ ထွက်ပြေးရန် ပြင်သည်။

“ထွက်ပြေးဖို့ ကြိုးစားနေ တာလား ...“

ချန်းဖန်သည်လည်း လေထဲသို့ တစ်ဟုန်ထိုး ပျံသန်းကာ ထိုလူကြီးနောက်ကို လျင်မြန်စွာ လိုက်သည်။ လုပ်ကြံသူကို စိတ်စွမ်းအားဖြင့် အာရုံခံပြီး မှတ်သားထား သဖြင့် ထိုလူ မည်သည့် နေရာသို့ ထွက်ပြေး သွားပါစေ စက္ကန့်ပိုင်း အတွင်း ပြန်လည် တွေ့ရှိအောင် ချန်းဖန်ရှာဖွေ နိုင်လိမ့်မည် ဖြစ်သည်။

ထိုလူကြီးသည် လူများသည့် ကလပ် တစ်ခုအတွင်းသို့ ဝင်ကား ပုန်းအောင်း လိုက်သော်လည်း ချန်ဖန်၏ နတ်ဘုရား စိတ်အာရုံမှ မပုန်းရှောင် နိုင်ခဲ့ပေ။

“မင်းတော်တော် တော်တာပဲ။ လူအုပ်ထဲ ဝင်ပြီး ငါမရှာနိုင်အောင် ပုန်းနေသေးတယ်။ ငါသာ သာမန်လူ တစ်ယောက် ဆိုရင်တော့ မင်းငါ့ကို ပုန်းနေနိုင် လိမ့်မယ်။ ဒါပေမဲ့ မင်းငါနဲ့ တွေ့တာ ကံဆိုးတာပဲ ...”

“မင်းက ငါ့အစွမ်းကို အထင်သေး နေတယ်‌ပေါ့လေ။ ငါက ငါ့စိတ်စွမ်းအင်နဲ့ မှတ်သားထားပြီ ဆိုတည်းက အဲဒီလူ ငါ့လက်ထဲ ကနေ ပြေးမလွတ်တော့ဘူး ...”

“မင်းက မင်းကိုယ်မင်း လူတွေကို လိုက်သတ်တဲ့ လူသတ်မုဆိုးလို့ ထင်နေတယ် မလား။ အဲဒီမုဆိုးက အခုတော့ သူကိုယ်တိုင် ထွက်ပြေး နေရပြီ မဟုတ်ဘူးလား ...”

ချန်းဖန်၏ ပါးစပ်တွင် မဲ့ပြုံးတစ်ခုက ဖြစ်ပေါ်လာပြီး ထိုပုဂ္ဂိုလ် ရှိရာသို့ ဦးတည် လိုက်တော့သည်။

***

“ရီချန်း ... မင်းဘာကို မျှော်လင့်နေ တာလဲ။ မင်းမကြားဘူးလား။ ဟန်ဂေရီနိုင်ငံက ဆယ်ကျော်သက် မိန်းမလှလေးတွေက ကျန်းနန်ကို ရောက်လာ တော့မယ်တဲ့။ မင်းကြိုက်တဲ့ တစ်ယောက်ကို ရွေးလိုက်။ ငါမင်းကိုပေးမယ် လို့ကတိပေးတယ် ...”

ချန်းဖန်သည် သူ၏ စိတ်စွမ်းအားဖြင့် ကလပ် အတွင်းသို့ စစ်ဆေး လိုက်သည်နှင့် ရင်းနှီးသည့် အငွေ့အသက်ကို ခံစားလိုက်ရသည်။

“စိတ်ဝင်စား စရာပဲ။ သူက ဘာလို့ ဖေးဖေးနဲ့တူတူ ချူကျိုးမြို့ကို မပြန်သေး တာလဲ ...”

ချန်းဖန် အသံလာရာသို့ ကြည့်လိုက်သော အခါ အခြား ဆယ်ကျော်သက်များနှင့် အတူ ထိုင်နေသည့် လီရီချန်းကို တွေ့လိုက်သည်။ လီရီချန်းမှာ အရပ်ရှည်၊ အသားဖြူကာ ရုပ်ရည် ချောမောသူ ဖြစ်သည်။ ခေါင်းအစ ခြေအဆုံး ဈေးအကြီးဆုံး အဝတ်အထည်များ ကိုသာ ဆင်မြန်းထားသည်။ မိန်းကလေးများပင် လီရီချန်း၏ ဂရုစိုက်မှုကို ရရန် သူ့အနားသို့ ချဉ်းကပ် နေကြသည်။ လီရီချန်းက ပြုံးရင်း …

“သခင်လေးဟန်၊ ကျွန်တော် ချမ်ပေ့ရွှမ်းကို တွေ့ချင်လို့ ဒီမှာ စောင့်နေတာပါ။ အခုလို ပျော်ချင်လို့ မဟုတ်ပါဘူး ...”

သခင်လေးဟန်က သူ့အတွက် ပါတီတစ်ခု ပြုလုပ်နေခြင်း ဖြစ်သည်။ သူ၏ အဖေသည် အစိုးရပိုင်း အကြီးအကဲ တစ်ယောက် ဖြစ်သဖြင့် ငွေကို ရေလို အသုံးပြုနိုင်သည်။ သခင်လေးဟန် လီရီချန်း၏ စကားကြောင့် ပြုံးလိုက်သည်။

“ရီချန်း ... ငါမင်းကို ပြောပြီးပြီလေ သူ့ဆီက အာရုံစိုက် ခံရဖို့က မလွယ်ပါဘူးလို့။ ငါ့အဖေရဲ့ ရာထူးနဲ့တောင်မှ လုအိမ်တော်ကို ဝင်ဖို့ မလွယ်ဘူးကွ ...”

သခင်လေးဟန်သည် ကျော်ကြားသောလူ ဖြစ်သော်လည်း လူအိမ်တော်၏ ကျော်ကြားမှု ကိုတော့ မယှဉ်နိုင်ပေ။ လုအုပ်စု၏ CEOဖြစ်သော လုယန်ဝူးမှာ သူမလက်လှမ်း မမီနိုင်သည့် ပန်းလေး တစ်ပွင့်ပင် ဖြစ်သည်။

“ရှောင်ဟန် ... မင်းလုယန်ဝူးရဲ့ အကြောင်းကို ပြောနေတာလား ...” ဘေးနားရှိ လူကြီးတစ်ဦးက မျက်ခုံးများ တွန့်ချိုးရင်း မေးလိုက်သည်။

“အစ်ကိုဟို ... အစ်ကို့မှာ လူမိသားစုနဲ့ ကျွန်တော်တို့ကို မိတ်ဆက်ပေးဖို့ နည်းလမ်းရှိလား။ ဒါမှမဟုတ် လူအိမ်တော်က အကြီးအကဲ တစ်ယောက်ယောက်နဲ့ သိလား ...”

“ဒါအတော့်ကို ခက်ခဲတဲ့ အရာပဲ ...”

ထိုလူကြီးက ခေါင်းခါရင်း စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။ သူသည်လည်း ချူကျိုးမြို့မှ ဖြစ်ပြီး ဟန်ဂေရီမှ ရောက်လာမည့် မိန်းကလေးများ အတွက်သာ ထိုပါတီသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

“သူမက ယောက်ျားလေး တစ်ယောက်ကို စိတ်လိုလက်ရနဲ့ ဧည့်ခံတယ်လို့ မင်းပြောခဲ့တယ် မလား။ ဒါဘယ်လို ဖြစ်နိုင်မှာလဲ။ သူက သူ့ရဲ့ အရေးမစိုက်တဲ့ အေးစက်စက် ပုံစံကြောင့် နာမည် ကြီးနေတာ မလား ...” အစ်ကိုဟိုက မေးလိုက်သည်။

“ဟီးဟီး။ ကိုယ်နိုင်မြင်မှ ယုံမှာပဲ။ အရင် ရက်တွေတုန်းက သူမက အဲဒီလူနဲ့ အတူရှိ နေခဲ့တာ ပြီးတော့ အဲဒီလူက အရမ်းကို အစွမ်းထက်တာ”

သခင်လေးဟို၏ အသံထဲတွင် လေးစားမှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ သူက အနောက်ရေကန်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ ရသဖြင့် ချန်းဖန်နှင့် လဲ့ချန်းကျွယ်၏ အစွမ်းကို သိရှိပြီး ဖြစ်သည်။

“ရှောင်ဟန်၊ အစ်ကိုဟန်က ငါတို့နဲ့ အတူလည်ဖို့ အချိန် ပေးထားရတာ။ သူ့ကို စိတ်ရှုပ်အောင် မလုပ်ပါနဲ့ ...”

“ရှောင်ဟန်၊ မင်းပြောတာ ဖြစ်နိုင်ပါ့မလား ၊ အဲဒီလို လူမျိုး ဘယ်လိုလုပ် ရှိမှာလဲ”

ရှောင်ဟန်သည် သူပြောသည်ကို မည်သူမျှ မယုံသောကြောင့် စိတ်ပျက်သွားကာ လီရီချန်းကို ကြည့်လိုက်သည်။ သို့သော်လည်း ရီချန်သည် သူပြောသည် သူ့ကို အရေးမစိုက်ပေ။ သူမြင်ခဲ့သည့် အရာများကို ပြောပြနေ သော်လည်း မည်သူမျှသူ့ ကို မယုံကြည် ကြပေ။ လွန်ခဲ့သော ၁၀ရက်ခန့်က သူမြင်ရသည့် အရာများကို သူကိုယ်တိုင်ပင် မယုံကြည် နိုင်ခဲ့ပေ။

ထိုစဉ် လီရီချန်းသည် သူ့ကို လူတစ်ယောက် စိုက်ကြည့် နေသည်ကို မြင်သွားရပြီး ထိတ်လန့်သွားသည်။

“ချန်ပေ့ရွှမ်း ... သူကဒီကို ဘယ်လို ရောက်နေတာလဲ ...”

“အမ် ... ချန်ပေ့ရွှမ်း ဟုတ်လား ...” သခင်လေးဟန် နောက်လှည့်ကြည့် လိုက်သောအခါ အမည်းရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ချန်းဖန်ကို တွေ့လိုက်သည်။ သူကိုယ်တိုင် မြင်နေရသည်ကိုပင် မယုံကြည် နိုင်သေးပေ။

“အိုး ... မိုက်လိုက်တာ။ သူက အရမ်း ချောတာပဲ ...”

မိန်းကလေးများသည် ချန်းဖန်ကို တွေ့ပြီး အော်ဟစ် နေကြသည်။ အစ်ကိုဟိုပင် ချန်းဖန်၏ ပြီးပြည့်စုံသော အသွင်အပြင်ကို မြင်ပြီး မနာလိုမိသည်။

လူတိုင်းက သူ့ကို ဝိုင်းကြည့် နေကြသော်လည်း ချန်းဖန်သည် ဂရုမစိုက်ပဲ ကျောပေးကာ ထိုင်နေသည့် ဦးထုပ် စောင်းထားသော လူကြီးဆီသို့ လျှောက်သွားသည်။ ချန်းဖန်သည် လှောင်ပြုံး တစ်ခုကို ဖန်ဆင်းရင်း …

“မဟူရာမြွေ၊ နောက်ဆုံးတော့ ငါတို့ တွေ့ကြပြီပေါ့ ...”

***

All Chapters