← Chapters

မီးစွမ်းအင်

Vol. 3 Ch. 209

မီးစွမ်းအင်

Vol. 3 Ch. 209

“ချန်ပေ့ရွှမ်း”

လူကြီးက အထိတ်တလန့်နှင့် ခေါင်းမော့ကာ ချန်းချန်ကို ကြည့်သည်။ သူ၏မျက်လုံး ထဲတွင်မူ မယုံကြည် နိုင်ခြင်းများ၊‌ ကြောက်လန့်ခြင်း၊ အံ့ဩခြင်းများက ဖုံးကွယ်၍ မရနိုင်လောက်အောင် ပေါ်လွင် နေခဲ့သည်။

သူ့နောက်ကို လိုက်နေသည့် စိတ်စွမ်းအား ပညာရှင်မှာ သူလုပ်ကြံ ရမည့်သူ ဖြစ်နေ လိမ့်မည်ဟု လုံးဝ မထင်မှတ် ထားပေ။ သူ့ထံတွင် ရှိသည့် ချန်းဖန်နှင့် ပတ်သက်သည့် အချက်အလက် များထဲတွင် ထိုကောင်လေးမှာ ဓမ္မအစီအရင် ကိုသာ အသုံးပြုနိုင်ပြီး အထွတ်အထိပ် အဆင့် သိုင်းပညာရှင်သာ ဖြစ်သည်ဟု ပြောထားသည်။ ထိုကောင်လေးမှာ စိတ်စွမ်းအင် အသုံးပြုသူ ဟူသည့် အချက်အလက် မပါဝင်ပေ။

“ဟောင်ဂိုဏ်း၊ သွေးခေါင်းအဖွဲ့ မင်းတို့က တကယ့် လူယုတ်မာတွေ ...”

သူကား စိတ်ထဲတွင် ထိုကြောက်ရွံ့ နေသော်လည်း ဟန်ဆောင်ကာ တည်တည်ငြိမ်ငြိမ် ထိုင်နေသည်။ သူ့တွင်ထွက်ပြေး လွတ်မြောက်နိုင်ရန် နည်းလမ်းများ ရှိနေသည့် အတွက် အသက်ရှင်လျက် ထွက်ပြေးရန် သူ့တွင် အနည်းငယ် ယုံကြည်ချက် ရှိနေသေးသည်။

“မင်းငါ့ကို သတ်ဖို့လာတာ မလား။ ငါအခု ငါမင်းရှေ့ ရောက်နေပြီလေ ...“ ချန်းဖန် သူ့ကို တည်ငြိမ်စွာ ကြည့်ရင်း ပြောလိုက်သည်။

မဟူရာမြွေမှာ အသက် လေးဆယ်အရွယ် ရှိပြီး ကြည့်ကောင်းသော လူတစ်ဦး ဖြစ်သည်။ သူ၏ ပြေပြစ်သော မျက်နှာနှင့် အသားအရောင်က အရှေ့တောင် အာရှရှိ နိုင်ငံမှ လူဖြစ်ကြောင်း ဖော်ပြနေသည်။ သူ၏လက်မောင်း တစ်ခုလုံးတွင် အမည်းရောင် မြွေတက်တူးနှင့် ပြည့်နေခဲ့သည်။

“ချန်ပေ့ရွှမ်း ... မင်းဘယ်တော့မှ မင်းရဲ့စွမ်းအား အမှန်ကို ထုတ်မပြသင့်ဘူး။ အခုတော့ ငါ့မှာ မင်းကိုသတ်ဖို့ နည်းလမ်းတွေ အများကြီး ရှိတယ် ဆိုတာ မင်းသိလား ...” မဟူရာမြွေက ဟန်ကိုယ့်ဖို့ ဆိုသလို တည်ငြိမ်စွာ ပြောလိုက်သည်။

“အိုး ... ဒီနေ့ မင်းထွက်ပြေး နိုင်လိမ့်မယ်လို့ ထင်နေတာလား ...” ချန်းဖန်က ပြန်မေးလိုက်သည်။

“ချန်ပေ့ရွှမ်း မင်းက လုပ်ကြံသူတွေရဲ့ အစွမ်းကို အရမ်း အထင်သေး နေတာပဲ ...”

ထိုစဉ်မှာပင် ဒေါက်ဖိနပ် စီးထားသော မိန်းကလေး တစ်ဦးသည် ချန်းဖန်ဆီသို့ ဦးတည် လျှောက်လာသည်။ ထိုမိန်းကလေးမှာ ဆွဲဆောင်မှု ရှိသည့် ဘောင်းဘီကို ဝတ်ဆင်ထားပြီး ရင်သား တစ်ဝက်လောက် ပေါ်နေသည့် အင်္ကျီကိုလည်း ဝတ်ဆင်ထားသည်။

“အချောလေး ... ဘာကို စောင့်နေတာလဲ။ ကျွန်မနဲ့ အတူတူသောက် မလား ...” သူမ၏ နီရဲနေသော နှုတ်ခမ်းများသည် ချန်းဖန်၏ နားရွက်ကို ထိမတတ် ကပ်လာသည်။ သူမထံမှ ဆွဲဆောင်မှု ရှိသော ရနံ့များသည် ချန်းဖန် နှာခေါင်းထဲသို့ တိုးဝင်လာသည်။

“သူက ဒီကလပ်ရဲ့ ပိုင်ရှင်ပဲ။ ကြည့်ရတာ သူကလည်း အဲဒီ ကောင်လေးကို ကြိုက်နေတာနဲ့ တူတယ် ...“ သခင်လေးဟန်တို့ အုပ်စုမှ တစ်ယောက်က ထိုမြင်ကွင်းကို ကြည့်ရင်း ပြောလိုက်သည်။

ပိုင်ဟိုသည် ထိုကောင်မလေးကို ကြိုက်နေသူ ဖြစ်သည်။ ထိုကောင်မလေးသည် ချန်ဖန်အနား ကပ်နေသော အခါ ပိုင်ဟို ရင်ထဲတွင် မနာလိုမှုများ ပေါက်ဖွားလာပြီး မျက်နှာ ပျက်လာသည်။

“အစ်ကိုဟို ... ကျွန်တော် အဲဒီကောင်လေးကို သင်ခန်းစာ ပေးလိုက်ရ မလား ...” အခြားလူငယ် တစ်ဦးက ပိုင်ဟိုကို ကြည့်ကာ မေးလိုက်သည်။ ထိုလူငယ်၏ အမည်မှာ တုန်းယုချင် ဖြစ်ပြီး သူ၏အဖေမှာ ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်နေသူ ဖြစ်သည်။ သူသည် မြေအပြောင်းအရွှေ့ အတွက် ပိုင်ဟိုထံမှ ခွင့်ပြုချက်ကို လိုနေသဖြင့် သူ့ကို မျက်နှာ လုပ်နေခြင်း ဖြစ်သည်။

ပိုင်ဟိုကမူ ဝိုင်ခွက်ကိုသာ ကိုင်ထားပြီး မည်သည့် စကားကိုမျှ မပြောဘဲ တိတ်ဆိတ်နေသည်။ ချန်းဖန်ကို ကြည့်နေသော ကောင်မလေး၏ တပ်မက်သည့် အကြည့်ကို မြင်လိုက်သည်နှင့် သူ့ဒေါသများ ထိန်းမရတော့ပေ။

“မင်းဂရုစိုက် ပြီးလုပ် ...“ ပိုင်ဟို တုန်းယုချင်ကို ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။

ခွင့်ပြုချက် ရသည်နှင့် တုန်းယုချင် ချန်းဖန်ဆီသို့ ဦးတည်ပြီး သွားလိုက်သည်။ သခင်လေးဟန်နှင့် လီရီချန်းတို့ မှာမူ သူ၏ အပြုအမူကို မြင်သွာရပြီး ထိတ်လန့် သွားကြသည်။ ပိုင်ဟိုနှင့် သူ့အပေါင်းအပါတို့၏ အမြင်တွင် ချန်းဖန်သည် ရုပ်ရည် ချောမောသည့် သာမန်လူ သက်သက်သာ။ သို့သော်လည်း သခင်လေးဟန်မှာ ချန်းဖန်၏ စွမ်းအား အမှန်ကို သိရှိပြီး ဖြစ်သဖြင့် ဖြစ်လာနိုင်သည့် အကျိုးဆက်ကို တွေးမိကာ ထိတ်လန့် တုန်လှုပ်နေပြီ ဖြစ်သည်။ ချန်းဖန်သာ အလိုရှိပါက ကလပ်ထဲတွင် ရှိသော လူတိုင်းကို အလွယ်တကူပင် သတ်ပစ်နိုင်သည်။

“ရှောင်ဟန်။ ဘာဖြစ်တာလဲ။ ဘာလို့ အရမ်း တုန်နေ ရတာလဲ။ အရမ်း အေးနေလို့လား ...” ပိုင်ဟိုက မေးလိုက်သည်။

“အစ်ကိုဟို မြန်မြန် အစ်ကိုချင်ကို ပြန်ခေါ်လိုက်။ အဲဒီ ကောင်လေးကို နည်းနည်းလေးမှ သွားမရှုပ်သင့်ဘူး ...” သခင်လေးဟန်က တုန်ရီစွာ ပြောလိုက်သည်။

“ဘာလို့လဲ။ ငါ တုန်းယုချင်ကို ဂရုစိုက်ဖို့ ပြောလိုက်တယ်လေ ...”

“သူက ... သူက ချန်ပေ့ရွှမ်းပဲ ...” သခင်လေးဟန်က တုန်လှုပ်စွာ ရှင်းပြလိုက်သည်။

“ချန်ပေ့ရွှမ်း ဟုတ်လား။ ငါလင်းမြို့တော် ထဲမှာ ဒီနာမည်ကို မကြားဖူးပါဘူး။ သူက တခြား ပြည်နယ်ကလား ...”

“အစ်ကိုဟို သူက အနောက်ရေကန် တိုက်ပွဲက တိုက်ခိုက်တဲ့ နှစ်ယောက်ထဲက တစ်ယောက်လေ ...“

ထိုအချိန်တွင် တုန်းယုချင်မှာ ဇစ်ပို မီးခြစ်ဖြင့် စီးကရက်ကို မီးညှိရင်း ချန်းဖန်ရှိရာ စားပွဲသို့ သွားနေပြီ ဖြစ်သည်။ အစ်ကိုဟို ချစ်နေသော မိန်းကလေးနှင့်ပင် ပတ်သက်ရဲသည့် ထိုကောင်လေးကို သင်ခန်းစာ ပေးရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“မင်းဘာလို့ ဒီကောင်မလေးနဲ့ လိုက်သွားပြီး မပျော်တာလည်း ...” မဟူရာမြွေက ချန်းဖန်ကို ပြောရင်း စားပွဲကို ကန်လိုက်သည်။ ထို့နောက် လေထဲသို့ ခုန်ပျံကာ လူအုပ်ထဲသို့ ထွက်ပြေးရန် ကြိုးစားသည်။

“မင်းပြေးလို့ မလွတ်ပါဘူး ...” ချန်းဖန် မဲ့ပြုံးတစ်ချက် ပြုံးလိုက်ရင်း သူ့အနားသို့ ရောက်နေသည့် တုန်ယုချင်ကို လှည့်ကြည့်လိုက်သည်။

“ငါမင်းရဲ့ မီးခြစ်ကို လိုတယ် ...” ချန်းဖန်၏ စကားအဆုံးတွင် တုန်းယုချင် လက်ထဲမှ ဇစ်ပို မီးခြစ်မှာ ပေါက်ကွဲကာ နဂါးမီးတောက် တစ်ကောင်အဖြစ် ပြောင်းလဲရင်း မဟူရာမြွေထံ ပြေးဝင်သွားသည်။

တုန်းယုချင်မှာ ကြောက်လွန်းသဖြင့် ကြမ်းပြင်ပေါ်သို့ မူးလဲကျ သွားသည်။ ချန်းဖန်၏ နံဘေးတွင် တွယ်ကပ်နေသည့် မိန်းကလေး၏ လက်များသည် ဝိုင်ခွက်ကို ကိုင်ထားဆဲ ဖြစ်သော်လည်း ကြောက်ရွံ့သဖြင့် လှုပ်ခါနေသည်။ သူမ၏ရှေ့တွင် ရှိသော ရုပ်ရည် ချောမောသည့် ကောင်လေးသည် ထိုကဲ့သို့ စွမ်းအားရှိသည့် လူဖြစ်နေ လိမ့်မည်ဟု မထင်မှတ်ထားပေ။

မီးနဂါးသည် ကျာပွတ် တစ်ချောင်းကဲ့သို့ အခန်းတိုင်းကို ဖြန့်သွားပြီး မဟူရာမြွေကို လွှမ်းခြုံသွားသည်။ တရုတ်ပြည် အရှေ့မြောက်ပိုင်းရှိ ပိုင်မိသားစုမှာ မီးစွမ်းအင်ကို အသုံးပြုသည့် မိသားစု ဖြစ်သည်။ သို့သော်လည်း ပိုင်မိသားစု၏ အကြီးအကဲ ပိုင်ဝူကျိပင်လျှင် မီးစွမ်းအင်ကို အသုံးပြုရာ၌ ချန်းဖန်ကို မီလိမ့်မည် မဟုတ်ပေ။

“ချန်ပေ့ရွှမ်း ... ငါပြောတယ် မလား။ မင်းငါ့ကို မဖမ်းနိုင်ပါဘူးလို့ ...” မီးနဂါးကြီး ဝိုင်းထားသည်ကို ခံနေရ သော်လည်း မဟူရာမြွေသည် ရယ်လျက်ပင် ပြောနေသည်။ ထိုအချိန်မှာပင် မဟူရာမြွေ၏ ခန္ဓာကိုယ်ထဲမှ အမည်းရောင် မီးခိုးများ ထွက်လာပြီး စက္ကန့်ပိုင်း အတွင်း ကလပ် တစ်ခုလုံးကို ဖုံးအုပ်ကာ အရာအားလုံး အမှောင်ကျ သွားတော့သည်။

“မင်းငါ့လက် ကနေ ပြေးမလွတ် ပါဘူးကွာ ...”

အခန်းတစ်ခုလုံး မှောင်မည်း သွားသည်နှင့် ချန်းဖန် နတ်ဘုရား စိတ်အာရုံကို အသုံးပြုပြီး မဟူရာမြွေကို အာရုံခံ လိုက်သည်။ မဟူရာမြွေမှာ နံရံကို ကျော်တက်ကာ နောက်ဖေး လမ်းကြားထဲသို့ ထွက်ပြေးနေပြီ ဖြစ်သည်။

“ရှောင်ဟန် ... မင်းခုနက ပြောနေတာက အမှန်တွေ ပဲလား ...”

“ဟုတ်တယ် အစ်ကိုဟို ... အဲဒီတိုက်ပွဲက ဒီထက် ဆယ်ဆတောင် ပြင်းထန်တယ်။ ဒါက ဘာမှ မဟုတ်သေးဘူး ...” သခင်လေးဟန်က ပြုံးလျက် ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် ချန်းဖန်မှာ မဟူရာမြွေ နောက်သို့ လိုက်နေပြီ ဖြစ်သည်။ အလွန်ကျဉ်းသည့် လမ်းကြားထဲသို့ ရောက်သည်နှင့် မဟူရာမြွေ ဆက်လက်ပြေးရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် သူရပ်တန့် လိုက်ကာ ချန်းဖန်ကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။

“ချန်ပေ့ရွှမ်း ... မင်းဒီနေရာမှာ သေရမယ် ...”

မဟူရာမြွေ ချန်းဖန်ကို ရင်ဆိုင်ရန် အနောက် လှည့်လိုက်သည့် အချိန်တွင် ချန်းဖန်သည် သူ့ဆီသို့ လျှောက်လာနေပြီ ဖြစ်သည်။ သူတို့နှစ်ဦးသည် တစ်ယောက်နှင့် တစ်ယောက် ဆယ်မီတာ အကွာအဝေးတွင် ရှိနေကြသည်။ သူတို့နှစ်ဦးလုံး၏ မျက်လုံးများက စူးရှတောက်ပ နေကာ တစ်ယောက်ကိုယ် တစ်ယောက် စိုက်ကြည့် နေကြသည်။

မဟူရာမြွေသည် ခန္ဓာကိုယ်ကို ကွေးညွတ်လိုက်ပြီး တရွှီရွှီ အသံများ အော်မြည်လိုက်သည်။ သူ၏ပုံစံကား ဒေါသ ထွက်နေသည့် မြွေကြီး တစ်ကောင်နှင့်ပင် ဆင်တူသည်။

ရွှမ်း ...

ညအမှောင် ထဲတွင် အဇူရာဓား၏ အလင်းရောင် လက်ခနဲ ဖြစ်သွားသည်။ ချန်းဖန် အချိန် မဖြုန်းတော့ပဲ အဇူရာဓားဖြင့် မဟူရာမြွေကို လျင်မြန်စွာ စတင် တိုက်ခိုက် လိုက်တော့သည်။

***

All Chapters