← Chapters

အနီရောင်ကပ်ဘေး

Vol. 9 Ch. 128

အနီရောင်ကပ်ဘေး

Vol. 9 Ch. 128

မော့ရွှယ်အာ၏ အနက်ရောင်တံစဉ်းကြီးနှင့် ထိုးခွင်းမှုကြောင့် မြေသားများသည် ကွဲကြေကုန်ပြီး သူမတည်ရှိနေသည့် တောင်တန်းကြီးသည် အပြင်းအထန်လှုပ်ရးယမ်းသွား၏။ ချမှတ်ထားသည့် အစီအရင်များပင် ပြိုကွဲကုန်ပြီး သူမသည် ဆက်တိုက်ဆိုသလို ထိုတောင်တန်းကြီးအား တစ်ချက်ပြီးတစ်ချက် ထိုးနှက်နေသည်။ မျက်လုံးများဖွင့်ဟ ထားသော်လည်း မည်သည့်အရာကိုမျှ မြင်နိုင်စွမ်းမရှိပေ။ သူမ၏ ရှေ့တွင် ပိတ်ပိတ်မှောင်နေသည့် အမှောင်ထုတစ်ခုသာရှိ၏။ ရူးသွပ်နေသည့်အလားပင်။ မှတ်ဉာဏ်များ၏ ရိုက်ခက်မှု ဒဏ်ကို မခံစားနိုင်တော့ပေ။

သို့သော် ထိုအချိန်တွင် မော့ရွယ်အာ၏ စိတ်ဝိညာဉ်သည် နွေးထွေးမှုကို ခံစားလိုက်ရ၏။ သူမ၏ ရုန်းကန်နေမှုသည်လည်းရပ်တန့်သွားသည်။ စိတ်ဝိညာဉ်၏ နာကျင်မှုသည်လည်း လျော့ပါးလာ၏။

ထို့နောက်တွင် သူမ၏ အမြင်အာရုံရှိ အမှောင်ထုသည် မှေးမှိန်လာပြီးနောက် အလင်းရောင်ပြန်လည်အစားထိုးလာသည်။ သူမ အမြင်အာရုံ ပြန်လည်ရရှိလာပြီး ပထမဆုံး မြင်လိုက်ရသည့် အရာသည် အတိုင်းဆမဲ့ ချောမောသည့် လူငယ်တစ်ဦးဖြစ်၏။ ဟွမ်းသည် သူမ၏ နဖူးကို တို့ထိထားပြီး အတွေးဆိုးများကို တားစီးပေးခဲ့ခြင်းဖြစ်သည်။

“ဟွမ်း..”

“ကျွန်မမှာ ဖျတ်ဆီးခြင်းနတ်ဆိုးနှလုံးသား ရှိတယ်နေတယ်”

မော့ရွှယ်အာထံမှ ဝမ်းနည်းလွန်းသည့် ရေရွတ်သံလေးပေါ်ထွက်လာသည်။ နတ်ဆိုးမျိုးနွယ်သည် လူသားမျိုးနွယ်နှင့် ကျင့်ကြံခြင်းလမ်းစဉ် ကွာခြားမှုရှိသော်လည်း ဆိုးယုတ်မှုမရှိပေ။ ထို့အပြင် ကျန်သည့် အကြောင်းအရာနှင့် ရှင်သန်မှုများသည် လူသားများနှင့် အတူတူပင် ဖြစ်၏။

သို့သော် ခြားနားချက်မှာ လူသားမျိုးနွယ်တွင် ထူးခြားသည့် လက္ခဏာများနှင့် မွေးဖွားသူသည် ကောင်းမွန်သည့်လမ်းစဉ်များဖြစ်လေ့ရှိပြီး နတ်ဆိုးမျိုးနွယ်၏ မွေးဖွားသူအချို့တွင် လောကကြီးတွင် တားမြစ်ထားသည့် လက္ခဏာများနှင့် မွေးဖွားတက်ကြသည်။ သို့သော်ရှားပါးပေးသည်။ ထိုသို့မွေးဖွားလာသူတိုင်းသည် လောကကြီးရှိမျိုးနွယ်တိုင်း၏ မုန်းတီးမှုနှင့် ဖျတ်ဆီးမှုကို ခံရလေ့ရှိသည်။

မော့ရွှယ်အာသည် ထိုရှားပါးသည့် အရာများအတွင်းပါဝင်သည့် ဖျတ်ဆီးခြင်းနတ်ဆိုးနှလုံးသားနှင့် မွေးဖွားလာသူဖြစ်သည်။ ဟွမ်းသည် ထိုအချင်းအရာကို ဆက်စပ်တွေးကြည့်ပြီးနောက် အနည်းငယ် သဘောပေါက်သွားဟန်နှင့် မေးလိုက်၏။

“မင်းလောကကြီးကို ဖျတ်ဆီးပစ်ချင်လောက်တဲ့အထိ ဆိုးဆိုးရွားရွားမုန်းတီးလား”

“ကျွန်မ... မမုန်းတီးပါဘူး၊ ဒါပေမဲ့ ဖျတ်စီးခြင်းနတ်ဆိုးနှလုံးသားနဲ့အတူ မွေးဖွားလာတဲ့ ကျွန်မကိုကျွန်မ မုန်းတီးမိတယ်၊ နောင်ကြရင် ကျွန်မ လောကကြီးကို ကပ်ဘေးတွေသယ်လာမှာကို ကြောက်မိတယ်၊ ကျွန်မက ရှင်သန်သင့်တဲ့သူ ဖြစ်ထိုက်ရဲ့လား”

မော့ရွှယ်အာ အတန်သင့်စဉ်းစားပြီးနောက် စိုးရွံ့နေသည့်လေသံနှင့် ဖြေလိုက်၏။ သူမသည် မကောင်းသည့်စိတ်အာရုံထံ တစ်ခဏမျှနစ်ဝင်သွားခဲ့သော်လည်း လောကကြီးအား ဖျတ်စီးလိုစိတ်မရှိပေ။ ထို့အပြင် နတ်ဆိုးမျိုးနွယ်သည်  သူမ၏ နတ်ဆိုးနှလုံးသားကြောင့် ပျက်စီးခဲ့ရခြင်းဖြစ်သည်။

“ဖြစ်ပျက်ခဲ့တဲ့အရာတွေကြောင့် မင်းကိုယ်မင်း အပြစ်တင်စရာမလိုပါဘူး၊ နတ်ဆိုးနှလုံးသားက ဆိုးယုတ်မှုတွေနဲ့ အရမ်းစွမ်းအားကြီးတဲ့အရာတစ်ခုပဲ၊ ဒါ့ကြောင့်လဲ လူတစ်ချို့က တပ်မက်ကြတာ၊ ဒါပေမဲ့ မင်းသာ အဲ့ဒီနှလုံးသားရဲ့ အစစ်မှန်စွမ်းအားကို သဘောပေါက်ပြီး နားလည်သွားရင် မင်းထိန်းချုပ်မှုအောက်ရောက်သွားလိမ့်မယ်၊ အဲ့ဒါဆို လောကကြီးကိုလဲ ဒုက္ခဖြစ်စေမှာမဟုတ်ဘူး၊ လောကကြီးမှာ ရှင်သန်ဖို့ မထိုက်တန်တဲ့သူ မရှိဘူးဆိုပေမဲ့ နတ်ဆိုးဘိုးဘေးလိုမျိုး ဆိုးယုတ်တဲ့တည်ရှိမှုတွေက လောကကြီးထဲမှာ မရှိသင့်ဘူး၊ ဒါကြောင့် မင်းလုပ်ရပ်နဲ့ မင်းရွေးချယ်မှု အပေါ်မှာပဲ မူတည်တယ်၊ မင်းရဲ့တန်ဖိုးကို မင်းကိုယ်တိုင်ပဲ သတ်မှတ်ခွင့်ရှိတယ်”

ဟွမ်းသည် အကျိုးအပြစ်များကိုပြောကာ နှစ်သိမ့်ပေးလိုက်၏။

“ကျွန်မရဲ့တန်ဖိုးကို ကျွန်မကိုယ်တိုင် ဆုံးဖြတ်ရမှာလား”

မော့ရွှယ်အာ တီးတိုးရေရွတ်ပြီးနောက် သူမ၏ စိတ်သည် တည်ငြိမ်လာ၏။ ထို့နောက်တွင် ဆုံးဖြတ်ချက် ချပြီးသွားသည့် အသွင်ဖြစ်သွားကာ သူမ၏ အနီရောင်မျက်ဝန်းများတွင် ပြတ်သားသည့်အကြည့်များပေါ်ထွက်လာသည်။ ထို့နောက်တွင် အပြာရောင်စွမ်းအင်များသည် သူမ၏ ခန္ဓာကိုယ်သွေးကြောများမှတဆင့် နှလုံးသားအတွင်းသို့ စီးဝင်သွားခဲ့သည်။

“အစ်မရွှယ်အာ အဆင့်တက်တော့မှာလား”

ယွဲ့ဝူယောင်တို့အားလုံးသည် တောင်တန်းနှင့် မနီးမဝေးနေရာမှ ရပ်တန့်နေကာ ဆွေးနွေးလိုက်ကြသည်။ သူတို့ကို မိုးကြိုး၏ သက်ရောက်မှုမခံရဖို့အတွက် အကွာဝေးတစ်ခုတွင်ရှိနေရန် ဟွမ်းသည်မှာကြားခဲ့၏။

“မိန်းကလေးမော့က နတ်အင်ပါယာအဆင့်ကိုတက်တော့မယ်ထင်တယ်”

ထိုက်ဟုန်ကျွင်းသည်လည်း မိုးကြိုးကပ်ဘေး ထွက်ပေါ်လာရာ တောင်တန်းအနီးသို့ ရောက်ရှိနေသည်။ အခြားနတ်အင်ပါယာနှင့် နတ်ဘုရင်များပင် ရှိနေ၏။ သူတို့သည် ထိုနီညိုရောင်တိမ်တိုက်ကြီးကြောင့် အလွန်အံ့အားသင့်နေသည်။

“သူမ အသက်က ရာဂဏာန်းပဲ ရှိသေးတယ်၊ နတ်အင်ပါယာဖြစ်တော့မှာလား”

ရှင်းဝေ့ကျန်းသည် ဟွမ်းနှင့် မော့ရွှယ်အာ ကိုလှမ်းကြည့်ရင်း ရေရွတ်လိုက်သည်။ ထို့နောက် သူတို့သည် မော့ရွှယ်အာကိုကြည့်ရင်း မျိုးစုံသော တီးတိုးဆွေးနွေးမှုများလုပ်နေကြသည်။

“မိုးကြိုးကပ်ဘေးကို ရင်ဆိုင်လိုက်”

ဟွမ်းသည် ကျဆင်းလုဆဲဆဲဖြစ်နေသည် နီညိုရောင်တိမ်တိုက်ကြီးအား ကြည့်ကာပြောလိုက်၏။

မော့ရွှယ်အာသည် နားလည်သွားသည့် အသွင်နှင့် ခေါင်းညိတ်လိုက်ကာ ထိုတိမ်တိုက်ကြီးအား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိ၏။ ထိုအချိန်တွင် နီညိုရောင်တိမ်တိုက်ကြီးသည် မော့ရွယ်အာကို စိုက်ကြည့်နေသည့်အသွင်နှင့် စတင်လှုပ်ရှားလာသည်။

“ဂျိန်း..”

နီညိုရောင်တိမ်တိုက်ကြီးထဲမှ မိုးကြိုးများထွက်ပေါ်လာပြီး ကြီးမားသည့် သွေးနီရောင်မိုးကြိုးအသွင်စုစည်းသွားကာ မော့ရွှယ်အာထံ ဦးတည်လာသည်။ ထိုမိုးကြိုးလှိုင်းသည်သည် သွေးနီရောင်ကဲ့သို့ တောက်ပနေကာ ပုံမှန်မဟုတ်သည့် မိုးကြိုးများအဖြစ် ကျဆင်းလာသည်။ ၎င်း၏ ဖျတ်စီးနိုင်စွမ်းသည် လေဟာနယ်ကိုပင် ဖောက်ခွဲပစ်နိုင်သည့် စွမ်းအားရှိပြီး မြန်ဆန်လွန်းသည့် အရှိန်ဟုန်နှင့် ကျဆင်းလာ၏။

“နတ်ဆိုး အစောင့်အရှောက်များ..”

မော့ရွှယ်အာသည် ကောင်းကင်ပေါ်သို့ ခုန်တက်သွားပြီး လက်ပုံစံတစ်ခုလုပ်လိုက်၏။ ထိုအချိန်တွင် သူမ၏ ပတ်ပတ်လည်လည်၌ အနက်ရောင် အရိပ်လေးခု ပေါ်ထွက်လာခဲ့သည်။ သူမသည် ချက်ချင်း အမိန့်ပေးလိုက်ကာ ထိုမိုးကြိုးအားတားဆီးစေလိုက်သည်။

ထိုအရိပ်လေးခုသည် ကောင်းကင်ထက်သို့ ပျံသန်းသွားကာ လက်သဏ္ဌာန် တစ်ခုကိုတူညီစွာ ပြုလုပ်လိုက်သည်။ ထို့နောက် မော့ရွှယ်အာ၏ အပေါ်တည့်တည့်တွင် ကာကွယ်ရေးအလွှာတစ်ခုပေါ်ထွက်လာခဲ့သည်။

“အုန်း..”

သွေးနီရောင်မိုးကြိုးကြီးသည် မော့ရွှယ်အာကို ကာကွယ်ထားသည့်အလွှာအား ထိမှန်သွား၏။ ချက်ချင်းပင် ထိုမိုးကြိုးသည် ထိုအာအကွယ်အလွှာအား တစ်ခဏအတွင်း ဖျတ်စီးသွား၏။ အနက်ရောင်အရိပ်လေးခု သည့် ချက်ချင်းပင် ပျောက်ကွယ်သွားရသည်။ သို့သော် မိုးကြိုးသည် မရပ်တန့်ပေ။ မော့ရွှယ်အာကို သတ်ဖြတ်ရန် အလျင်လိုနေသည့်အလား တဟုန်ထိုး လာနေသည်။

မော့ရွှယ်အာသည် သူမ၏ တံစဉ်းကြီးကို ဆွဲကိုင်ကာ ထိုမိုကြိုးအား ထိပ်တိုက် တားဆီးလိုက်သည်။

“ဝုန်း..”

ထိုမိုးကြိုးသည် တံစဉ်ကြီးနှင့် ထိတွေ့သွားချိန်တွင် တုန်ခါသွားပြီး သူမ၏ ခန္ဓာကိုယ်ပါ သက်ရောက်စေ၏။ သူမ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူမ၏ လက်နှစ်ဖက်သည် ထုံကျင်မှုကို ခံစားလိုက်ရသည်။ ထိုမိုးကြိုးသည် ရပ်တန့်မသွားသေးပေ။ ဆက်လက် ဖျတ်စီးရန် လုပ်ဆောင်နေသည့်အလား အသည်းသန် တိုးဝှေ့နေသည်။

“သွားစမ်း..”

သူမ၏ ခန္ဓာကိုယ်တွင် ဝိညာဉ်စွမ်းအင်များလည်ပတ်စေပြီးနောက် အံကြိတ်ကာခုခံလိုက်ရ၏။

“ဝုန်း..”

ထိုမိုးကြိုး၏ လက်ကျန်စွမ်းအင်များကြောင့် သူမသည် တောင်တန်းပေါ်သို့ အရှိန်ဟုန်ပြင်းစွာ ကျဆင်းသွားခဲ့ပြီး သွေးတစ်လုပ် အန်လိုက်ရ၏။

သို့သော် သူမ၏ စွမ်းအင်များသည် အလွန်သန်မာနေသောကြောင့်သာ ထိုမိုးကြိုး၏ ဖျတ်စီးမှုစွမ်းအားကြောင့် သွေးအန်ရုံလောက်ဖြစ်ခဲ့သည်။ သူမ၏ ကပ်ဘေးသည် ထိုက်ဟုန်ကျွင်းရင်ဆိုင်ခဲ့ရသည့် မိုးကြိုးကပ်ဘေးထက် များစွာပြင်းထန်နေသည်။

‘ရွှယ်အာ နတ်အင်ပါယာအဆင့်ကို တက်ဖို့ ကောင်းကင်ကတောင် ခွင့်မပြုဘူးလား’

ဟွမ်းသည် ထိုမိုးကြိုးကိုကြည့်ကာ မျက်မှောင်ကြုတ်သွား၏။ ထိုမိုးကြိုးသည် ကပ်ဘေးသပ်သပ်မျှ မဟုတ်တော့ပဲ မော့ရွှယ်အာ၏ တည်ရှိမှုကိုပါ ဖျတ်စီးနေသည့်အလားပင်။

“ဒီမိုးကြိုးကပ်ဘေးက ကျုပ်ဆိုင်ရင်ခဲ့ရတဲ့ မိုးကြိုးကပ်ဘေးထက် အများကြီးပြင်းထန်နေတယ်”

ထိုက်ဟုန်ကျွင်းသည် တိတ်တဆိတ်သက်ပြင်းချကာ ဆိုလိုက်၏။

“အရမ်းကွာဝေးတဲ့ နေရာကနေကြည့်နေတဲ့ကျုပ်တို့တောင် အဲ့ဒီမိုးကြိုးရဲ့ ဖျတ်ဆီးနိုင်စွမ်းက သက်ရောက်နေတယ်”

ရှင်းဝေ့ကျန်းသည် သူကိုယ်တိုင်ပင် ကပ်ဘေးဖြတ်ကျော်ရသည့်အလား ခံစားလိုက်ရသည်။

“အနီရောင် မိုးကြိုးကပ်ဘေးကို ကျုပ်တစ်သက်မှာ တစ်ခါမှ မတွေ့ဖူးဘူး”

ဟေးချုံးသည်လည်း ထိုဖျတ်ဆီးစွမ်းအားမြင့်သည် အနီရောင်မိုးကြိုးကို ကြည့်ကာ ဆိုလိုက်၏။

“ဂျိန်း..”

ထိုအချိန်တွင် ဒုတိယမြောက်မိုးကြိုးသည် မော့ရွှယ်အာထံကျဆင်းလာခဲ့၏။

All Chapters