← Chapters

တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း

Vol. 3 Ch. 210

တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း

Vol. 3 Ch. 210

သာမန် မျက်လုံးဖြင့် ကြည့်ပါက ချန်းဖန်၏ စွမ်းအားမှာ လဲ့ချန်းကျွယ်နှင့် များစွာ မကွာခြားပေ။ လဲ့ချန်းကျွယ်မှာ ခန္ဓာကိုယ် ကျင့်ကြံရုံ သာမက အတွင်းအားတွင်ပါ အထွတ်အထိပ် အဆင့်ထိ ရောက်နေခဲ့ပြီ ဖြစ်သည်။ သူကား အင်မော်တယ် အဆင့်နှင့် ခြေတစ်လှမ်း အကွာသို့ပင် ရောက်ရှိနေပြီ ဖြစ်ကာ ကောင်းကင်နှင့် မြေကြီးမှ စွမ်းအင်များကို အသုံးပြု နိုင်နေပြီ ဖြစ်သည်။

သို့သော်လည်း သူ့တွင် အင်မော်တယ် အဆင့်မှ လူများကဲ့သို့ စိတ်စွမ်းအင်နှင့် ဓမ္မအစီအရင်များ မရှိပေ။ ချန်းဖန်တွင်သာ စိတ်စွမ်းအင် မရှိပါက သူတို့နှစ်ဦး၏ တိုက်ပွဲသည် ထို့အချိန်ထက် ပို၍ ကြာမြင့်ပေ လိုက်မည်။ သို့သော်လည်း လဲ့ချန်းကျွယ် ချန်းဖန်နှင့် တွေ့သည့် အချိန်တွင် ချန်းဖန်သည် သက်ရှည်အဇူရာ ခန္ဓာကိုယ်ကို ရရှိပြီးဖြစ်သည်။

ရွှမ်း ...

အဇူရာဓားမှ အလင်းရောင် ဖြာထွက်သွားပြီး လမ်းကြား တစ်ခုလုံးပင် လင်းထိန်သွားသည်။ မဟူရာမြွေ၏ စွမ်းအားမှာ ချန်းဖန်ကို မယှဉ်နိုင်ပေ။ ချန်းဖန်သည် မဟူရာမြွေနှင့် တိုက်ခိုက်ရန် အတွက် သူ၏အဇူရာ ခန္ဓာကိုယ်ကိုပင် အသုံးမပြုပေ။ ထို့အစား သူသည် သူ၏ အဇူရာ ဓားဖြင့်သာ မဟူရာမြွေကို တိုက်ခိုက် နေခဲ့သည်။

မဟူရာမြွေက သူ၏ ခန္ဓာကိုယ်ကို မြွေတစ်ကောင်ကဲ့သို့ ဆန့်တန်းလိုက်ရင်း လှည့်ပတ်ကာ ချန်းဖန်ဆီသို့ သွားလိုက်သည်။ သူ၏လက်ထဲတွင် အဆိပ်ရှိပြီး အစွယ်ကဲ့သို့ ချွန်ထက်သည့် ဓားနှစ်ချောင်းကို ကိုင်ထားသည်။ ချန်းဖန်သည် သူ၏ အဇူရာဓားဖြင့် မဟူရာမြွေကို ပြန်၍ ခုခံလိုက်သည်။ အဇူရာဓားမှ အော်ရာများ သည်ကား လှိုင်းလုံးကြီး တစ်ခုကဲ့သို့ မဟူရာမြွေ ဆီသို့ တိုးဝင် သွားတော့သည်။

ဘန်း ... ဘန်း ... ဘန်း ...

မဟူရာမြွေ၏ ဓားနှစ်ချောင်းနှင့် ချန်းဖန်၏ အဇူရာဓားတို့ ထိမိသည်နှင့် မိုးခြိမ်းသံ ကဲ့သို့ ဆူညံသံများ ပေါ်ထွက်လာသည်။ မဟူရာမြွေ၏ ဓားနှစ်ချောင်း ထိပ်မှ အနက်ရောင် မီးခိုးများ ထွက်နေပြီး အဆိပ်ငွေ့များလည်း ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့လာသည်။ ထိုအဆိပ်ငွေ့ အနီးတွင်ရှိသော မျက်ပင်နှင့် သစ်ပင်အားလုံးသည် ညှိုးနွမ်းက သေသွားကြသည်။ သို့သော်လည်း ချန်းဖန်အတွက်မူ ထိုအဆိပ်က ကြောက်စရာ မဟုတ်ပေ။ အဇူရာ ခန္ဓာကိုယ် ပိုင်ဆိုင်ထားသည့် ချန်းဖန်ကို ကမ္ဘာပေါ်တွင် ရှိသည့် မည်သည့် အဆိပ်နှင့်မျှ သတ်နိုင်လိမ့်မည် မဟုတ်ပေ။

“ဘယ်လောက်တောင် အစွမ်းထက်တဲ့ ဓားချီလည်း ...” မဟူရာ မြွေကား ချန်းဖန်ကို ကြောက်ရွံ့စ ပြုလာပြီ ဖြစ်သည်။ သူ၏ဓားမှာ အလွန်ပင် မာကျောသည့် သတ္တုဖြင့် ပြုလုပ်ထားပြီး အလင်းရောင် ထဲတွင်ပင် အရိပ် မထွက်ပေ။ သူသည် ဓားပညာကို အီရန်နန်းတော် အစောင့်တစ်ဦး ထံမှ သင်ယူထားခြင်း ဖြစ်သည်။ သို့သော်လည်း ချန်းဖန်နှင့် တိုက်ကွက် သုံးကွက်ခန့် တိုက်ပြီးသော အခါ သူ၏ဓားစွမ်းရည်သည် အကန့်အသတ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

“တရုတ်ပြည်မှာ ရှိတဲ့ လူတိုင်းက ချီစွမ်းအင်ကို သုံးပြီး အကာအကွယ် ဖန်တီးနိုင်တဲ့ လူတစ်ယောက် ရှိတယ်လို့ အမြဲပဲ ကြွားဝါ နေကြတယ်။ အစကတော့ ငါမယုံခဲ့ဘူး။ ခုတော့ ငါယုံသွားပြီ ...”

စကားပြောရင်း မဟူရာမြွေ နံရံကို ကျော်တက်ကာ ထွက်ပြေး လိုက်ပြန်သည်။ ချန်းဖန်သူ၏ အဇူရာ စွမ်းအင်ကို တို့မြှင့်ပြီး မဟူရာမြွေ နောက်သို့ လိုက်သွားသည်။ အဇူရာဓားမှ စွမ်းအင်ကြောင့် လမ်းကြား တစ်ခုလုံးသည် နေ့အချိန်ကဲ့သို့ လင်းထိန်နေသည်။

မဟူရာမြွေက ခန္ဓာကိုယ်ကို မြွေတစ်ကောင်ကဲ့သို့ တွန့်ခေါက်ရင်း သူ့ဆီ ရောက်လာသည့် အဇူရာဓားကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် နံရံတစ်ခုကို ခြေကန်နင်းပြီး ခြင်္သေ့က သားကောင်ကို ဖမ်းသကဲ့သို့ ချန်းဖန်ထံသို့ ခုန်အုပ်လိုက်သည်။ သို့သော်လည်း ချန်းဖန်သည် အလွယ်တကူပင် ရှောင်တိမ်းလိုက်သည်။

ချန်းဖန်ကို မတိုက်ခိုက် နိုင်သောအခါ မဟူရာမြွေသည် သူ၏ခန္ဓာကိုယ်မှ မီးခိုးငွေ့များကို ထုတ်ပြီး တစ်နေရာလုံးကို ဖုံးအုပ်လိုက်ကာ ချန်းဖန်ကို လုပ်ကြံရန် အတွက် ကြိုးစားလိုက်သည်။

“မင်းက ငါ့ကို အမှောင်ထဲက တိုက်ခိုက်ချင် တာလား။ မင်းက အရမ်းတော်တဲ့ လူသတ်သမား ဆိုပေမဲ့ အခု မင်းရင်ဆိုင်ရတဲ့ လူက ငါဖြစ်နေတော့ မင်းကံဆိုးတာပဲ ...”

ချန်းဖန်သည် သူ၏နတ်ဘုရား စိတ်အာရုံကို စုစည်းလိုက်ပြီး မဟူရာမြွေ၏ တည်နေရာကို ရှာဖွေလိုက်သည်။

“သေလိုက်တော့ ...”

ချန်းဖန် လက်ကို ဝှေ့ယမ်းရင်း ချီစွမ်းအင်ဖြင့် အဇူရာဓား တစ်ချောင်းကို ဖန်တီးလိုက်သည်။ ထိုဓားသည် အလုံးအထည် မပေါ်သော်လည်း သူ့ယခင် သုံးခဲ့သည့် အဇူရာ ဓားများထက်ပင် ပို၍ အစွမ်းထက်သည်။

မြူခိုးများ ထဲသို့ ဓားဖြတ်သွားသည့် အချိန်တွင် အလင်းရောင်များ ပေါ်ပေါက်လာသည်။ အဇူရာဓားသည် ချန်းဖန်ကို အလစ် တိုက်ခိုက်ရန် ကြံစည်နေသည့် မဟူရာမြွေထံ တိုးဝင်သွားသည်။ မဟူရာမြွေက နောက်ဆုတ်ကာ နောက်တစ်ကြိမ် အဝေးသို့ ထွက်ပြေးပြန်သည်။

ချန်းဖန် မဟူရာမြွေကို အလွတ်မပေးဘဲ အလင်း အလျင်နှုန်းဖြင့် မဟူရာမြွေ နောက်မှ ထက်ကြပ်မကွာ လိုက်တော့သည်။

“ချန်ပေ့ရွှမ်း ... မင့်ငါ့ကို ဒီလိုလုပ်ဖို့ တွန်းအား ပေးနေတာလား ...” မဟူရာမြွေ၏ မျက်လုံးများသည် ငွေရောင် ပြောင်းသွားပြီး မျက်နှာတွင်လည်း ကြေးခွံများ ပေါ်လာသည်။ သူ၏ကျောတွင်လည်း အမောက်‌‌ ထောင်နေသည့် မြွေအရိပ်ကြီး ပေါ်လာသည်။

“မြွေအသက် ရှူခြင်း ...“မြွေကြီးက ရှေးဟောင်းဘာသာ စကားဖြင့် အော်ဟစ်ရင်း ချန်းဖန်ကို ဒေါသတကြီး ကြည့်သည်။ ထိုမြွေကြီး မည်သည့် အကြောင်းအရာများ အော်ဟစ် နေကြောင်းကို စိတ်စွမ်းအင်ကို အသုံးပြုပြီး နားလည်လိုက်သည်။ မဟူရာမြွေက မျက်လုံးများကို ပြူးကာ ရင်ဘက်ကို အပေါ်အောက် ဖောင်းသည်အထိ အသက်ကို ပြင်းထန်စွာ ရှူနေသည်။ သူ၏အနောက်မှ မြွေအရိပ်ကြီးကား ဖြည်းဖြည်း သူ၏ ခန္ဓာကိုယ်နှင့် တစ်ခုတည်း အဖြစ် ပေါင်းစည်း နေခဲ့ပြီ ဖြစ်သည်။

အချိန်ခဏ ကြာပြီးနောက် မဟူရာမြွေ၏ ခန္ဓာကိုယ်က ကြီးထွားလာကာ မြွေတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုမြွေကြီးမှာ အစစ်အမှန် မြွေမဟုတ်ဘဲ မြူခိုးငွေ့များမှ ဖန်ဆင်း ထားခြင်းသာ ဖြစ်သည်။ သို့သော် မဟူရာမြွေမှာ ထိုစွမ်းအားဖြင့် လူပေါင်းများစွာကို အနိုင်ရရှိခဲ့သည်။

ချန်ဖန် သူ၏စွမ်းအားကို လျှို့ဝှက် မထားတော့ပဲ ချီစွမ်းအင်ကို တိုးမြှင့်လိုက်သည်။ အဇူရာဓားမှ အော်ရာများမှာ မီတာ အနည်းငယ်အထိ ကြီးမားလာပြီး ဖျက်ဆီးခြင်း စွမ်းအင်လည်း တိုးပွား လာခဲ့သည်။

ရား ...

ဓားအော်ရာများက သိပ်သည်းကာ ‌မြွေကြီးထံ တိုးဝင်သွားသည်။ ဓား၏ အဆုံးမဲ့ အော်ရာများကား မည်သူမျှ အန်တုနိုင်သော အရာ မဟုတ်ပေ။ ဓားက မြွေကြီး၏ ခေါင်းကို တစ်ချက်တည်းဖြင့် ဖြတ်သန်း သွားခဲ့ပြီး မြွေအရိပ်၏ နောက်တွင်ရှိသော မဟူရာမြွေ၏ ခန္ဓာကိုယ်မှာလား မျက်လုံးအလယ်မှ ထက်ပိုင်းပိုင်း သွားတော့သည်။

ဓားအော်ရာများက ရပ်တန့် မသွားသေးပဲ မြေပြင်ပေါ်သို့ ကျသွားကာ မြေပြင်ပေါ်တွင် မီတာအနည်းငယ် နက်သည့် လမ်းကြောင်းများ ပေါ်လာသည်။

လုပ်ကြံသူတို့၏ ဘုရင်၊ သွေးခေါင်းအဖွဲ့ အဖွဲ့၏ လက်ရွေးစင်ကား ချန်းဖန်၏ ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ သူက အကြိမ်ပေါင်း များစွာ အောင်ပွဲခံ နိုင်ခဲ့သည့်တိုင် ချန်းဖန်၏ လက်တွင်မူ စွမ်းအား မဲ့ရသည်။

ချန်းဖန် လက်ကို နောက်ပစ်လိုက်ရင်း ဘာမှ မဖြစ်သလိုပင် ထိုနေရာမှ လမ်းလျှောက်ကာ ထွက်သွားသည်။ ထိုလုပ်ကြံသူ သေဆုံးပြီး သည်ကို အခြား လုပ်ကြံသူများ သိရှိသွားပါက သူ့ထံ ရောက်လာ ကြတော့မည် မဟုတ်ပေ။

လင်းမြို့တော်တွင် ဖြစ်ပျက်သွားသည့် ကိစ္စကို နိုင်ငံခြားမှ လူများလည်း သိရှိသွားသော အခါ တစ်ကမ္ဘာလုံးတွင် ရှိသည့် ဒုစရိုက် အဖွဲ့အစည်းများ အားလုံး လှုပ်ခတ်သွားသည်။ လုပ်ကြံသူများ အားလုံးမှာ သတင်းအမှား ပေးသည့် ဟောင်ဂိုဏ်းကို ဒေါသ ထွက်နေကြသည်။ သူတို့ ချန်းဖန်ကို လုပ်ကြံရန် အတွက် စေလွှတ်လိုက်သော လက်ရွေးစင် များမှာမူ ပြန်မလာ နိုင်တော့ပေ။  လက်ရွေးစင် တစ်ယောက် ဖြစ်လာရန် အတွက် မရေမတွက်နိုင်သည့် စွမ်းအင် အရင်းအမြစ်နှင့် အချိန်ကို လိုအပ်သည်။ ယခုတစ်ကြိမ်ကား သူတို့အတွက် အလွန်ပင် နစ်နာဆုံးရှုံး ခဲ့ရပေသည်။

သွေးခေါင်း အဖွဲ့မှာ အားလုံးထဲတွင် အကြီးမားဆုံး ဆုံးရှုံး ခဲ့ရသည့်အဖွဲ့ ဖြစ်သည်။ မဟူရာမြွေမှာ အထွတ်အထိပ် အဆင့်ပညာရှင် အဆင့် ပါရမီရှင်ကိုပင် သတ်ဖြတ်နိုင်သည့် လက်ရွေးစင် လုပ်ကြံရေးသမား ဖြစ်သည်။ ထိုကဲ့သို့ ကျွမ်းကျင်သည့် သူကို ဆုံးရှုံးလိုက်ရသည့် အတွက် သွေးခေါင်း အဖွဲ့အတွက် အလွန်ပင် နစ်နာသွားကာ လုပ်ကြံရေး လောကမှပင် အနားယူရသည် အထိ ဖြစ်သွားနိုင်သည်။

ချန်းဖန်နှင့် ရင်းနှီးသည့် လူများကို ပြန်ပေးဆွဲရန် ကြံစည်ထားသည့် လုပ်ကြံသူများပင် တရုတ်ပြည်မှ အလျင်အမြန် ထွက်ပြေး သွားကြသည်။ မဟူရာမြွေ ကဲ့သို့ အစွမ်းထက်သည့် သူကို သတ်နိုင်သည့် ချန်းဖန်ကို မည်သူမျှ မစမ်းသပ် ရဲကြပေ။ အချိန်တိုတို အတွင်း ထိုကဲ့သို့ လူအများအပြားကို သတ်နိုင်သည့် အတွက် အစိုးရအဖွဲ့ပင် ထိုကိစ္စထဲတွင် ပါဝင် နေသည်ဟူ လူအများက ထင်နေကြသည်။

***

“တရုတ် အစိုးရက ချန်ပေ့ရွှမ်းရဲ့ နောက်ကွယ်မှာ ရှိနေလိမ့်မယ် ...” မိုးကြိုးဘုရင် ဇိုရိုက ရေရွတ်လိုက်သည်။

ထိုအချိန်တွင် ဟောင်ဂိုဏ်း၏ မြေအောက် အခန်းထဲတွင် အစည်းအဝေး ပြုလုပ်နေသည်။ တရုတ်ရိုးရာ ဝတ်စုံ ဝတ်ဆင်ထားသည့် လူကြီးသာ စားပွဲဝိုင်းတွင် ရှိနေပြီး အခြား သူများနှင့် ဗီဒီယိုကော ခေါ်ကာ ဆွေးနွေး နေကြသည်။

“ငါတို့ ရထားတဲ့ သတင်းတွေအရ ချန်ပေ့ရွှမ်းရဲ့ စွမ်းအားတွေက ရိုမန် ပြောတာထက် အများကြီး ပိုတယ်။ မဟူရာမြွေကို တောင်မှ သူက တစ်ချက်တည်းနဲ့ သတ်ပစ် လိုက်တာတဲ့ ...“

“လောပန် ... ဒါဆို ကျွန်မတို့က တရုတ်ပြည်က တကယ့်လူ တစ်ယောက်နဲ့ ရင်ဆိုင် နေရတာပေါ့ ...” ကြက်သွေးရောင် ဆံပင်နှင့် မိန်းမက ပြောလိုက်သည်။ အခြားအဖွဲ့ ခေါင်းဆောင်များ ကမူ မည်သည့် အရာမျှကို ပါဝင် ဆွေးနွေးခြင်း မရှိပေ။

တရုတ်ပြည်မှာ အလွန် အင်အားကြီးသည့် နိုင်ငံတစ်ခု ဖြစ်ပြီး ဟောင်ဂိုဏ်းကဲ့သို့ စွမ်းအားကြီးသော အဖွဲ့ပင် တရုတ်ပြည် ကဲ့သို့ အင်အားကြီး နိုင်ငံများကို ယှဉ်နိုင်စွမ်း မရှိပေ။ တရုတ်ဝတ်စုံ ဝတ်ထားသည့် လူကြီးကမူ မည်သည့် စကားကိုမျှ မဆိုဘဲ တိတ်ဆိတ်စွာ ထိုင်နေသည်။ ထို့နောက် သူက အားလုံးကို တည်ငြိမ်စွာ ကြည့်ရင်း ပြောလိုက်သည်။

“တရုတ်ပြည်တွင်းမှာ ရှိတဲ့ ငါတို့ အစီအစဉ်တွေကို ဖျက်လိုက်တော့။ ဆုကြေးကိုလည်း ပြန်ရုပ်သိမ်းလိုက်။ အမှောင်လမင်း ကိုလည်း ပြန်လာခိုင်း လိုက်တော့ ...“

အခြားအဖွဲ့ ခေါင်းဆောင်များလည်း သူ၏ စကားကို ခေါင်းညိတ် လိုက်ကြသည်။

ထိုနေ့မှစ၍ ချန်းဖန်ကို နိုင်ငံတကာမှ သိရှိသွားကြပြီး သူ့ကို ကမ္ဘာပေါ်တွင် အတော်ဆုံး လူတစ်ဦး အဖြစ် သတ်မှတ် လိုက်ကြတော့သည်။

***

All Chapters