← Chapters

ဖိတ်ခေါ်မှု

Vol. 9 Ch. 131

ဖိတ်ခေါ်မှု

Vol. 9 Ch. 131

ယွဲ့ဝူယောင်တို့သည် မော့ရွှယ်အာသတိရလာချိန်တွင် အပြုံးများနှင့် ကြိုဆိုဂုဏ်ပြုလိုက်၏။ မော့ရွှယ်အာသည် သူတို့အားလုံးကိုပြန်လည် ပြုံးပြလိုက်ပြီးနောက် အတွေ့ချင်ဆုံးသူကို မတွေ့ရသဖြင့် သူမ၏ စိတ်အာရုံကိုသုံးကာ ရှာဖွေ့လိုက်၏။ ဟွမ်းသည် သူ၏ ဥယျာဉ်အဆောင်တော်တွင် နတ်အင်ပါယာများနှင့် စကားပြောနေသည်ကို တွေ့ရှိပြီးမှ သူမအပြုံးသည် အသက်ဝင်လာပြီး လှပလာသည်။ ထို့နောက်တွင် သူမတို့အားလုံးသည် ဟွမ်းရှိရာသို့ရောက်လာကာ သူတို့၏ စကားဝိုင်းကို နားထောင်လိုက်ကြ၏။

“စီနီယာ သွေးမျိုးနွယ်ရဲ့ ဘိုးဘေးက အဆင့်နှစ်နတ်အင်ပါယာဆိုရင် ကျုပ်တို့က အဆင့်တစ်နတ်အင်ပါယာလား၊ ပြီးတော့ အဆင့်နှစ်ခုကြား စွမ်းအား ကွာခြားချက်က အဲ့ဒီလောက်တောင်ကြီးမားတာလား”

ထိုက်ဟုန်ကျွင်းသည် သူ၏စိတ်တွင်း မတင်မကျ ဖြစ်နေသည့်အရာကို မေးလိုက်၏။ ကျန်သည့်နတ်အင်ပါယာ သုံးဦးသည်လည်း ထိုအရာကို သိချင်နေသောကြောင့် အာရုံစိုက်ကာ နားထောင်လိုက်ကြသည်။

“အဆင့်နှစ်ခုကြား ကွာခြားချက်ကာတော့ ကြီးတာအမှန်ပဲ၊ ဒါတောင် သွေးမျိုးနွယ်က အဆင့်နှစ်နတ်အင်ပါယာရဲ့ စွမ်းအား အပြည့်အဝကိုပြန်ပြီးမရရှိသေးဘူး”

ထိုစကားကြောင့် နတ်အင်ပါယာလေးဦး၏ ပါးစပ်များသည် အဟောင်းသားဖြစ်သွားရသည်။

‘ရွှယ်လင်းကျွင်းဒီလောက်ကြမ်းကြမ်းတမ်းတမ်းပြုမှုသွားတာတောင် အဆင့်နှစ်နတ်အင်ပါယာရဲ့ စွမ်းအားကို အပြည့်အဝပြန်မရသေးဘူးလား’

သူတို့မှင်သက်နေချိန် ဟွမ်းသည် ဆက်ပြောလိုက်၏။

“ဒါက ရေခံမြေခံကွာခြားချက်ကြောင့်ပဲ၊ အဲ့ဒီသွေးမျိုးနွယ်က သူလာခဲ့တဲ့ မူလကုန်းမြေကြောင့် အဆင့်တစ်နတ်အင်ပါယာ ဆိုရင်တောင် မင်းတို့လေးယောက်က အနိုင်မယူနိုင်ဘူး၊ သူက အစွမ်းထက်လွန်းနေတာမဟုတ်ပဲ မင်းတို့ရဲ့ စွမ်းအားက နိမ့်ကျလွန်းနေတာ”

ဟွမ်းသည် ရက်ရက်စက်စက်ပြောလိုက်သော်လည်း သူတို့သည် ဒေါသထွက်သွားဟန် မရချေ။ သူတို့၏ အားနည်းချက်များကို သိရှိလာသည်။

“ဒါဆို ကျုပ်တို့ ထျန်းယွမ်ကုန်းမြေကြီးက အတော်ကို နိမ့်ကျနေတာလား၊ ဒီလောကကြီးမှာ ကုန်းမြေတွေကို ခွဲခြားသတ်မှတ်ထားသေးတာလား”

ဟေးချုံးသည် ရင်နာနေသည့်လေသံနှင့် မေးလိုက်၏။ သူတို့သည် တစ်ချိန်က နတ်အင်ပါယာဆိုသည်ကို အစွမ်းထက်ဆုံးတည်ရှိမှုဟုသာ ထင်မိခဲ့သည်။

“ကုန်းမြေတွေမှာရှိတဲ့ ဝိညာဉ်စွမ်းအင်ရဲ့ သိပ်သည်းမှု ကွာခြားလို့ပဲ၊ နတ်ဘုရားလောကထဲက ကုန်းမြေတွေကို အဆင့်သုံးဆင့်ခွဲထားတယ်၊ နတ်ဘုရားလောကထဲက အထွတ်ထိပ်အင်အားစုတည်ရှိတဲ့ ကုန်းမြေကို အဆင့်တစ်ကုန်းမြေလို့ သတ်မှတ်ထားတယ်၊ နတ်ဘုရားလောကထဲမှာ အဆင့်တစ် ကုန်းမြေလို့ သတ်မှတ်ထားတဲ့ ကုန်းမြေက တစ်ခုပဲရှိတယ်၊ ထိပ်တန်းမျိုးနွယ်တွေနဲ့ အဆင့်မြင့်အင်အားစုတွေ တည်ရှိတဲ့ ကုန်းမြေတွေကိုတော့ အဆင့်နှစ်ကုန်းမြေလို့ခေါ်ပြီး အဲ့ဒီသွေးမျိုးနွယ်လို သာမန်မျိုးနွယ်လေးတွေရှိရာကိုတော့ အဆင့်သုံးကုန်းမြေလို့ခေါ်တယ်၊ နယ်မြေတစ်ခုကို အင်အားကြီး အဖွဲ့အစည်းတစ်ခုက ထိန်းချုပ်ထားကြတယ်၊ ဒါပေမဲ့ ထျန်းယွမ်ကုန်းမြေလို နေရာမျိုးကို စွန့်ပစ်ကုန်းမြေလို့ပဲ ခေါ်ကြတယ်”

‘ရွှယ်လင်းကျွင်းဒီလောက် အစွမ်းထက်နေတာတောင် သွေးမျိုးနွယ်ရှိတဲ့ကုန်းမြေက အဆင့်သုံးကုန်းမြေလို့ပဲ သတ်မှတ်ခံရတာလား’

သူတို့အားလုံးသည် နတ်ဘုရားလောကကြီး၏ ဖွဲ့စည်းပုံအချို့ကို သဘောပေါက်နားလည်လာကြ၏။

“ရောင်းရင်းဟွမ်း၊ ကျုပ်တို့ ထျန်းယွမ်ကုန်းမြေကို အဆင့်သုံးနယ်မြေဖြစ်အောင် လုပ်လို့ရနိုင်လား”

ရှင်းဝေ့ကျန်းသည် သူတို့၏ အားနည်းမှုကို စိတ်ပျက်နေပြီဖြစ်သည်။ ထို့ကြောင့် သူတို့၏ ကုန်းမြေကို အဆင့်တစ်ခုသို့ရောက်စေချင်ပြီး သူတို့သည်လည်း ပို၍ အစွမ်းထက်လာချင်ကြသည်။ သို့သော် ဟွမ်းသည် ခေါင်းအသာယမ်းကာ ဖြေလိုက်၏။

“ဒီကုန်းမြေရဲ့ ပင်မအရင်းမြစ်က ကုန်ခမ်းလုနီးပါးဖြစ်နေပြီ၊ ပြီးတော့ ဒီနေရာက လောကကြီးရဲ့ ဗဟိုချက်နဲ့ ဝေးကွာလွန်းတဲ့ အစွန်အဖျားမှာ တည်ရှိနေတာကြောင့် ဝိညာဉ်စွမ်းအင်လဲ ပါးလွှာတယ်၊ ဒါ့ကြောင့် ပင်မအရင်းမြစ်အရင်းမြစ်အသစ်ရှာတွေ့တောင် ကြာရှည်ခံမှာမဟုတ်ဘူး”

“စီနီယာ၊ ဒါဆို ကျုပ်တို့ အဆင့်ထပ်ပြီး မတက်နိုင်တော့ဘူးပေါ့၊ ဘယ်လိုဖြေရှင်းရမလဲ စီနီယာ အကြံပေးပါ”

ထိုက်ဟုန်ကျွင်းသည် အလေးအနက်တောင်းဆိုလိုက်၏။ သူတို့သည် လောကကြီး၏ ကျယ်ပြန့်ပုံကို သိရှိလာပြီးနောက် ဤအဆင့်တွင် ပိတ်မိမနေချင်တော့ပေ။ သူတို့၏ ဘိုးဘေးများသည် သက်တမ်းကုန်ဆုံးကာ သေဆုံးခဲ့ကြရခြင်းဖြစ်သည်။ ထို့ကြောင့် ထိုက်ဟုန်ကျွင်းနှင့် အခြားနတ်အင်ပါယာများသည် ဟွမ်း၏ အဖြေကို အလေးနက်အာရုံစိုက်လိုက်ကြ၏။

“ဖြေရှင်းနည်းက ဒီကုန်းမြေကထွက်သွားကြဖို့ပဲ၊ ဒါပေမဲ့ လေဟာနယ်ဖြတ်သန်းနိုင်တဲ့ သင်္ဘောမရှိရင် ဒါမှမဟုတ် အဆင့်လေးနတ်အင်ပါယာမဟုတ်ရင် ဒီကုန်းမြေက မထွက်ခွာနိုင်ဘူး”

ဟွမ်း၏ စကားကြောင့် သူတို့သည် မျှော်လင့်ချက်မဲ့သည့် အနာဂတ်ကို မြင်ယောင်သွားကြသည်။ သို့သော် ဟွမ်း၏ နောက်ဆက်တွဲစကားကို ထပ်မံကြားလိုက်ရသည်။

“ကျုပ် နတ်ဘုရားကုန်းမြေမှာ အဖွဲ့အစည်းတစ်ခု တည်ထောင်ဖို့ စိတ်ကူးထားတယ်၊ ဒါပေမဲ့ အရင်းမြစ်တွေ လိုအပ်သေးတာကြောင့် အချိန်ယူရလိမ့်ဦးမယ်၊ တကယ်လို့ ခင်ဗျားတို့ စိတ်ဝင်စားရင် ကျုပ်နဲ့ပူးပေါင်းနိုင်တယ်”

ဟွမ်းသည် အနိမ့်အမြင့် အတက်အကျမရှိသည့် လေသံနှင့် ဆိုလိုက်၏။ တပည့်များရရှိလာပြီးနောက်တွင် သူ၏ဘဝသည် အရင်လို ပျင်းစရာမကောင်းတော့ချေ။ ထို့အပြင် လောကကြီးကို ပို၍စိတ်ဝင်စားလာခဲ့သည်။

ရှင်းဝေ့ကျန်းတို့သည့် အလွန်ပင် အံ့ဩသွားသည်။ သူတို့သည် ဟွမ်း၏ စကားနှင့်သာ ကြားဖူးသည့် နတ်ဘုရားကုန်းမြေသို့ သွားရောက်ရန် ဖိတ်ခေါ်ခံရမည်ဟု မထင်ထားခဲ့ချေ။ သူတို့သည့် အလွန်စိတ်လှုပ်ရှားလာကြ၏။

“ကျုပ်တို့ ပူးပေါင်းချင်ပါတယ်”

နတ်အင်ပါယာလေးဦးသည် အစောတလျင်ပင် ခေါင်းညိတ်လက်ခံလိုက်ကြသည်။ ဟွမ်းသည် ကောင်းကင်အထက်ရှိ တည်ရှိမှုများကိုပင် တိုက်ခိုက်ခဲ့သူဖြစ်၏။ ထိုသို့ အစွမ်းထက်သူက ပေးသည့် အခွင့်အရေးမျိုးကို ရူးနေသည့် သူမှသာလျှင် ငြင်းပယ်ကြမည်ဖြစ်သည်။

ဟွမ်းသည် သူတို့အား ပူးပေါင်းစေခြင်းအကြောင်းရင်းရှိ၏။ သူတို့သည် ရွှယ်လင်းကျွင်း၏ တိုက်ခိုက်မှုအောက်တွင် ကိုယ်လွတ်ရုန်း၍ ထွက်ပြေးရန် မစဉ်းစားခဲ့ကြပေ။ ရွှယ်လင်းကျွင်းအား အနိုင်မယူနိုင်သော်လည်း လူငယ်များကို သူတို့တက်နိုင်သည့် တာဝန်များခွဲဝေယူကာ ကာကွယ်ရန် ရွေးချယ်ခဲ့ကြသည်။

ထိုသို့ တစ်ကိုယ်ကောင်းဆန်သည့် စိတ်ဓာတ်မျိုး မရှိကြသည့် လူများဖြစ်သောကြောင့် သူ၏အဖွဲ့အစည်း ထူထောင်ရေးတွင် ပူးပေါင်းရန် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် ရွှယ်လင်းကျွင်းလက်မှ ကူညီခဲ့ခြင်းဖြစ်၏။ ရှင်းဝမ်ကျဲ၏ ဒူးထောက်တောင်းဆိုမှုကြောင့် ကူညီခဲ့ခြင်း မဟုတ်ပေ။

ဟွမ်းသည် လက်ရှိတွင် ထျန်းယွမ်ကုန်းမြေရှိကျင့်ကြံသူများအား နတ်ဘုရားကုန်းမြေသို့ ခေါ်မသွားနိုင်ချေ။ ထို့အပြင် နယ်မြေတစ်ခု၏ ပင်မအရင်းမြစ် လည်း မရှိသေးပေ။ သူ့တွင် နေရာလွတ်နယ်မြေသာရှိနေသေး၏။ ထို့ကြောင့် အချိန်များစွာယူရန် လိုအပ်သေးကြောင်းပြောလိုက်သည်။ နတ်အင်ပါယာလေးဦးသည် ထိုအရာကို နားလည်သွား၏။ သို့သော် သူတို့သည် စိတ်မလောတော့ချေ။ ထို့အပြင် ပို၍ပင် စိတ်လှုပ်ရှားနေကြ၏။

“ရောင်းရင်းဟွမ်း ကျုပ်တို့ကို ခွင့်ပြုပါဦး၊ နောက်သုံးရက်နေရင် ကျုပ်နဲ့အတူ ကြယ်တာယာနန်းတော်ကို သွားကြဖို့ လာခေါ်လှည့်ပါ့မယ်”

ရှင်းဝေ့ကျန်းသည် နှင့် ဟေးချုံးသည် နှုတ်ဆက်ကာ ဟွမ်းယွီအိမ်တော်မှ ထွက်သွားကြ၏။ သို့သော် ချီမင်ယောင်သည် ထွက်ခွာသွားရန် မလောချေ။ ထို့အတူ ထိုက်ဟုန်ကျွင်းသည်လည်း မထွက်ခွာသေးပေ။

“နတ်အင်ပါယာမော့၊ စကားပြောလို့ရမလား”

ချီမင်ယောင်သည် ဟွမ်း၏ နောက်တွင်ရောက်ရှိနေသည့် မော့ရွှယ်အာကို ကြည့်ကာ ဆိုလိုက်၏။ သူမသည် နတ်အင်ပါယာတစ်ဦးဖြစ်သွားပြီမို့ အခေါ်အဝေါ်သည် ပြောင်းလဲစေလိုက်သည်။

“သက်တောင့်သက်သာပဲ ခေါ်ပါ၊ ကျွန်မလဲ ရှင့်ကို မေးချင်နေတဲ့ မေးခွန်းအချို့ရှိတယ်”

မော့ရွှယ်အာသည် ထိုသို့ ဂုဏ်ပုဒ်နှင့် အခေါ်ခံရခြင်းကို သက်တောင့်သက်သာမရှိချေ။

“မိန်းကလေးမော့၊ ဒါဆို ရှင်အရင်ပြောပါ”

ချီမင်ယောင်သည် မော့ရွှယ်အာကို ဦးစားပေးလိုက်သည်။ မော့ရွှယ်အာသည် ယခုမှ နတ်အင်ပါယာအဆင့်သို့ တက်ရောက်ခဲ့သော်လည်း သူမထက်ပင် အားကောင်းနေသည်ကို ခံစားမိသည်။ အကြောင်းမှာ မော့ရွှယ်အာသည် နတ်ဆိုးကုန်းမြေ၏ အရင်းမြစ်များနှင့် နတ်ဘုရင်အဆင့်သို့တက်ရောက်ခဲ့ပြီး၊ မော့ယီနှင့် မော့ရှဲ့၏ စွမ်းအင်များနှင့် နတ်အင်ပါယာအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ထျန်းယွမ်ကုန်းမြေ၏ နတ်အင်ပါယာများထက် သာလွန်သည်မှာ မထူးဆန်းပေ။

“ကျွန်မ..၊ ရှင်တို့ မိစ္ဆာမျိုးနွယ်က ဒီကုန်းမြေရဲ့ နယ်ခံမျိုးနွယ်မဟုတ်ဘူးလို့ သိရတယ်၊ ဒါ့ကြောင့် မိစ္ဆာမျိုးနွယ်ရဲ့ မူလအစကို သိချင်တယ်”

မော့ရွှယ်အာသည် ခေါင်းညိတ်ပြပြီး ဦးစွာမေးလိုက်၏။ ချီမင်ယောင်သည် ထိုသို့မေးခြင်းကို စိတ်မကွက်သည့်အလား စဉ်းစားပြီးနောက် ဖြေလိုက်၏။

“ဘိုးဘေးတွေရဲ့ မှတ်တမ်းထဲမှာတော့ ကျွန်မတို့ရဲ့ ဘိုးဘေးတစ်ဦးက မိစ္ဆာမျိုးနွယ်ရဲ့ အပြစ်သား ဖြစ်လို့ မျိုးနွယ်ထဲကနေ နှင်ထုတ်ခံခဲ့ရတယ်လို့ မှတ်တမ်းတင်ထားတယ်”

All Chapters