← Chapters

ဘုရားစူး ဆေးဖော်စပ်သူပါ

Vol. 9 Ch. 134

ဘုရားစူး ဆေးဖော်စပ်သူပါ

Vol. 9 Ch. 134

သုံးရက်ကြာပြီးနောက်တွင် ရှင်းဝေ့ကျန်းသည်ဦးဆောင်၍ ကြယ်တာယာနန်းတော် သို့တင်ရောက်လာခဲ့သည်သည်။

“ကြယ်တာယာနန်းတော် ထဲမှာ ဝိညာဉ်စွမ်းအင်တွေက အပြင်ထက်သိပ်သည်းတာပဲ”

လုရှင်းယန်အပါအဝင် အခြားနယ်မြေမှ လူငယ်များသည်လည်း ငေးမောနေကြ၏။

ကြယ်တာယာနန်းတော်၏ အပြင်ပန်းသည် ငွေဖြူရောင်သလင်းကျောက်များဖြင့် တည်ဆောက်ထားသည်။ ထိုငွေဖြူရောင်သလင်းကျောက်များပေါ်တွင် ကြယ်တာရာပုံစံများ၊ နဂါးငွေ့တန်းပုံစံများဖြင့် ထွင်းထုထားပြီး၊ တိမ်တိုက်အတွင်း မျောလွင့်နေသည့်အလား ခံစားမှုမျိုးကို ပေးစွမ်းနေ၏။

“မင်းတို့ ကြယ်တာယာနန်းတော်ထဲမှာ လွပ်လွပ်လပ်လပ် လေ့လာနိုင်တယ် ကန့်သတ်မထားဘူး၊ နောက်နှစ်ရက်နေရင် အချိန်တံခါးထဲဝင်ကြဖို့ စီစဉ်ပေးမယ်”

ရှင်းဝေ့ကျန်းသည် လူငယ်များကို ကြည့်ကာ ပြောလိုက်၏။ ထို့နောက်တွင် နန်းတော်၏ အစောင့်များကို သူတို့အား လမ်းညွှန်စေလိုက်သည်။ ရှင်းဝေ့ကျန်းသည် လျှို့ဝှက်ဆန်းကြယ်အချိန်တံခါးကို ဖွင့်လှစ်ရန် အကြီးအကဲများနှင့် နန်းတော်သခင်ကို ခိုင်းစေလိုက်သည်။ ၎င်းကို ဖွင့်လှစ်ရန် အစီအရင်များနှင့် စွမ်းအင်ကျောက်တုံးများလိုအပ်သေး၏။

ထို့နောက်တွင် နတ်အင်ပါယာများလည်း အနားယူရန် စီစဉ်ပေးလိုက်သည်။ ဟွမ်းတို့ အနားယူရန်တွင်တော့ သူကိုယ်ပင် လိုက်လံပို့ဆောင်ပေးခဲ့သည်။ သို့သော်ဟွမ်းသည် ချုးယွီဟွာနှင့် မော့ရွှယ်အာကို သူအနားယူသည့် အဆောင်တော်တွင် စီစဉ်ပေးခဲ့သည့် ရှင်းဝေ့ကျန်း၏ လုပ်ရပ်ကိုစွံ့အသွား၏။

တစ်ဖက်တွင် လုရှင်းယန်တို့သည် ကြယ်တာယာနန်းတော်အတွင်း စပ်စုနေရင်းကြသည်။

နန်းတော်၏ ပတ်ပတ်လည်ရှိ အဆောင်များကို အလွှာများနှင့် ခွဲခြားထားပြီး ထိုအဆောင်များသည် နန်းတော်တပည့်များအတွက် ဖြစ်သည်။ အဆောင်များသည် ရိုးရှင်းသော်လည်း သပ်သပ်ရပ်ရပ်ပင် ပြင်ဆင်ထား၏။ ထို့အပြင် တပည့်များစအဆင့်အလိုက် အတွင်းစည်းအလွှာနှင့် အပြင်စည်းအလွှာဟူ၍ ပိုင်းခြားထား၏။ လက်ရင်းတပည့်များနှင့် ထိပ်တန်းတပည့်များသည်တော့ နန်းတော်၏ အဆင့်မြင့်အဆောင်များတွင် နေခွင့်ရကြသည်။

ကြယ်တာယာနန်းတော်အတွင်း လှည့်ပတ်ကြည့်နေရင်း ခန်းမဆောင်တစ်ခုသည် သူတို့သုံးဦးအား စွဲဆောင်သွားစေသည်။

နန်းတော်၏ နောက်ဖက် တည်ရှိနေသည့် ဆေးစိုက်ခင်းပင်ဖြစ်၏။ ထို့နောက် သူတို့သုံးဦးသည် ထိုခန်းမအတွင်းဝင်ရန် ခွင့်တောင်းလိုက်သည်။

ဆေးခန်းမဆောင်၏ အကြီးအကဲသည် သူတို့အားဝင်ခွင့်ပေးခဲ့သည်။ ပုံမှန်ဆိုလျှင် ဤသို့နေရာမျိုးကို ပြင်ပလူများ ဝင်ရောက်ခြင်းအား ကန့်သတ်ထားသော်လည်း ရှင်းဝေ့ကျန်းသည် လွပ်လွပ်လပ်လပ်သွားလာခွင့် ပေးထားခဲ့သည်။

“ကျေးဇူးတင်ပါတယ်”

လုရှင်းယန်သည် ဆေးခန်းမ၏အကြီးအကဲအား နှုတ်ဆက်လိုက်၏။

“ရပါတယ်၊ ဒီက လူငယ်လေးတွေက ဆေးပင်တွေကို စိတ်ဝင်စားတယ်ထင်တယ်၊ ဆေးဖော်စပ်သူတွေလား”

အကြီးအကဲသည် မေးလိုက်၏။

“ဆေးဖော်စပ်သူတွေမဟုတ်ပဲ ဆေးဖော်စပ်သူပါ”

လုရှင်းယန်သည် ခေါင်းခါယမ်းကာ ဖြေလိုက်၏။

“ကျုပ်သိပြီ၊ လူငယ်လေးခန္ဓာကိုယ်က အားကောင်းတဲ့ မီးစွမ်းအင်တွေ ကိုခံစားမိတယ်၊ ဆေးဖော်စပ်သူက လူငယ်လေးပေါ့”

အကြီးအကဲသည် နားလည်သွားပုံရသည်။ ထိုလူငယ်၏ ပြောကြားချက်အရ ဆေးဖော်စပ်သူက သူတစ်ဦးသာ ဖြစ်မည်ဟုယူဆလိုက်သည်။

“အကြီးအကဲအထင်လွဲနေပါပြီ၊ ကျုပ်တို့ဆရာတူညီအစ်ကို သုံးယောက်ပေါင်းမှ ဆေးဖော်စပ်သူ တစ်ယောက်ပဲ ဖြစ်တာပါ”

လုရှင်းယန်သည် ယုံကြည်ချက်ရှိရှိနှင့် ပြောလိုက်၏။ သူ၏ပုံစံသည် ထိုသို့အရာမျိုးကို ဂုဏ်ယူနေသည့်အလားပင်။

“ဘယ်လို..”

ဆေးခန်းမ၏ အကြီးအကဲပင် ပါးစပ်အဟောင်းသားဖြစ်သွားပြီး မည်သို့ တုန့်ပြန်ပြောဆိုရမည်ကိုပင် မေ့လျော့နေ၏။ လုရှင်းယန်တို့သည် သူတို့၏ ဆေးဖော်စပ်သည့်ပုံစံကို အကျဉ်းချုံးရှင်းပြလိုက်သည်။

‘သုံးယောက်ပေါင်းမှ ဆေးတစ်အိုးဖော်နိုင်တာကို ယုံကြည်ချက်အပြည့်နဲ့ပြောရဲတယ်’

အကြီးအကဲသည် ထိုသုံးကောင်အား စိတ်မဝင်စားတော့ချေ။ အခြားဆေးဖော်စပ်သူများသည် တစ်ဦးတည်းနှင့် ဆေးအိုးများစွာတပြိုင်တည်းဖော်စပ်နိုင်သူများရှိသလို ဆေးအိုးပင်မပါပဲ ဖော်စပ်နိုင်သည့်သူများ လည်းရှိသည်။ ထိုလူများသည့် ထူးခြားသည့် အစစ်မှန်ပါမီရှင်များဖြစ်ကြ ပေ၏။ သို့သော် ထိုသုံးယောက်သည် ပို၍ထူးခြားနေသည်။ ဆေးခန်းမ အကြီးအကဲသည် စိတ်ပျက်သွားဟန်ရှိကာ ထိုသုံးဦးနှင့် စကားပြောရန်ပင် ပျင်းရိသွား၏။

ထို့နောက် လုရှင်းယန်တို့သည် ဆေးခန်းမဆောင် အတွင်းရှိ ဆေးပင်များစိုက်ပျိုးထားသည့် ဥယျာဉ်အတွင်း လှည့်ပန်ကြည့်ရှုနေကြသည်။

“ဒုတိယအစ်ကို ဒီက ဆေးပင်တွေမှာ ပါဝင်တဲ့ ဝိညာဉ်စွမ်းအင်တွေက အပြင်ကဆေးပင်တွေထက် သာလွန်တယ်”

အတန်သင့် ကျယ်ဝန်းသည့်ဆေးဥယျာဉ်ရှိ ဆေးပင်များကို မြင်တွေ့လိုက်ရသောကြောင့် လျှိုမင်ယွမ်သည် မှတ်ချက်းပေးလိုက်၏။

ဆေးဥယျာဉ်အတွင်းတွင် ထျန်းယွမ်ကုန်းမြေရှိ ရှားပါးဝိညာဉ်ဆေးပင်များနှင့် တန်ဖိုးကြီး‌ဆေးပင်များကို စိုက်ပျိုးထားသည်။ ဥယျာဉ်အတွင်း ဝိညာဉ်စွမ်းအင်များ ထူထပ်စွာ စီးဆင်းနေပြီး၊ ဆေးပင်များ၏ ရနံ့ကြောင့် ပိုင်ကျန့်ယွီတို့၏ စိတ်သည် လန်းဆန်းသွားသည်ဟုပင် ခံစားလိုက်ရ၏။

“ဒုတိယအစ်ကို ဒီရေကန်ထဲက ဆေးပင်တွေထဲမှာ ဒဏ်ရာကျက်ဆေးဖော်စပ်ဖို့ ဆေးပင်များပါနေမလားမသိဘူ”

ပိုင်ကျန့်ယွီသည် ဆေးဥယျာဉ်၏ ဗဟိုတွင် ကျယ်ဝန်းသည့် ရေကန် တစ်ခုကိုညွှန်ပြလိုက်၏။ ထိုရေကန်သည် ရှားပါးသော ဝိညာဉ်ဆေးပင်များဖြင့် ပြည့်နှက်နေကာ ဒဏ်ရာများကို ကုစားပေးနိုင်စွမ်းရှိသည့် ဆေးပင်အချို့လည်း ရှိနေ၏။ သို့သော် ဆေးစာအုပ်၏ မှတ်တမ်းများအရ ထိုဆေးပင်များသည် အဆင့်နိမ့်ဆေးပင်များသာဖြစ်နေသည်။

ဆေးခန်းမတစ်ခုလုံးသည် အလွန်တိတ်ဆိတ်ငြိမ်သက်ပြီး၊ ကျင့်ကြံသူများအတွက် အနှောက်ယှက်ကင်းကင်း ကျင့်ကြံရန်ပင် အလွန်သင့်လျော်လှသည်။ သို့သော် ကြယ်တာယာနန်းတော်သည် ဤနေရာတွင် ကျင့်ကြံရန်ခွင့်ပြုမထားပေ။ ဆေးပင်များ၏ ဝိညာဉ်စွမ်းအင်များ လျော့နည်းသွားမည်ကို စိုးရိမ်သောကြောင့် အစီအရင်များနှင့်ပါ တားစီးထား၏။

“ဆေးပင်တွေကိုပဲ အရင်လေ့လာလိုက်ရအောင်၊ ဆေးဖော်စပ်ဖို့ အချိန်မလုံလောက်တော့ဘူး၊ ပြီးတော့ ဆေးပင်တွေ ခူးယူဖို့ ကြယ်တာယာနန်းတော်ရဲ့ ခွင့်ပြုချက်လဲလိုသေးတယ်”

လုရှင်းယန်သည် သက်ပြင်းချကာဆိုလိုက်၏။ နောက်ရက်တွင် လျှို့ဝှက်ဆန်းကြယ်အချိန်တံခါးအတွင်းဝင်ရောက်ရတော့မည်မို့ ဆေးဖော်စပ်ရန် အချိန်မရှိတော့ပေ။ ထို့ကြောင့် ကျန်ရှိသည့်အချိန်တွင် ဆေးပင်များသာ လေ့လာရန်ဆုံးဖြတ်လိုက်သည်။

“မင်းတို့ကို လျှို့ဝှက်ဆန်းကြယ်အချိန်တံခါးရှိရာနေရာကို သွားပေးမယ်”

အကြီးအကဲလင်းရှောင်သည် ဝင်ခွင့်ရလူငယ်များကို စုသည်းစေလိုက်၏။ သို့သော်ထိုအထဲတွင် ချုးယွီဟွာ မပါချေ။ သူမသည် ဟွမ်းနှင့်အတူ ထိုနေရာသို့ရောက်ရှိနေပြီဖြစ်သည်။ မော့ရွှယ်အာသည်လည်း ထိုအရာကို ဖုံးကွယ်ထားသည့် အစီအရင်ကို လေ့လာလို၍ လိုက်ပါခဲ့ခြင်းဖြစ်၏။

ထို့နောက်တွင် စက်ဝိုင်းသဏ္ဌာန် အစီအရင်နှင့် ကာကွယ်ထားသည့် ခန်းမသို့ရောက်ရှိလာသည်။ ထိုခန်းမသည် ကြယ်တာယာနန်းတော်၏ အတွင်းပိုး နက်ရှိုင်းသည့် နေရာတွင် တည်ဆောက်ထား၏။ ထို့အပြင် အစီအရင်များစွာနှင့်လည်း ကာရံထားသည်။ ခန်းမအတွင်းတွင် နတ်အင်ပါယာလေးဦးသည် ပြိုင်တူရပ်နေကြပြီး သူတို့၏ ရှေ့တွင် အချိန်တံခါးကို စောင့်ရှောက်နေသည့် နတ်ဘုရင်အဆင့် အကြီးအကဲ နှစ်ဦးရှိနေသည်။ သူတို့သည် ကြယ်တာယာနန်းတော်၏ အစောင့်ရှောက်နှစ်ဦးပင် ဖြစ်၏။ သူတို့၏ ရှေ့တွင် အပြာရောင်အလင်းလွှာများနှင့် တောက်ပနေသည့် အကာအကွယ်အစီအရင်တစ်ခုရှိနေသေး၏။

ထိုအချိန်တွင် စောင့်ရှောက်သူနှစ်ဦးသည် လက်သင်္ကေတတစ်ခုကို တူညီစွာပြုလုပ်လိုက်သည်။ ထိုအချိန်တွင် သူတို့ရှေ့ရှိ အလင်းလွှာသည် တဖြည်းဖြည်း မှိန်လျသွားပြီး ပျောက်ကွယ်စပြုလာသည်။ ထို့နောက်တွင် သူတို့၏ ရှေ့၌ မုခ်ဝပုံစံရှိသည့် တံခါးတစ်ချပ်ပေါ်ထွက်လာသည်။

ထိုတံခါးတွင် တံခါးချပ်များ မရှ်ိပဲ စိမ်းပြာရောင် အလင်းတန်းများနှင့်သာ ပြည့်နှက်နေသည်။ ထိုတံခါးထံမှ ပေါ်ထွက်နေသည့် အရှိန်အဝါသည် ထူးခြားဆန်းကျယ်သည့် အငွေ့အသက်မျိုးဖြစ်နေ၏။

“ရှေးအငွေ့အသက်တွေ..”

ဟွမ်းသည် ထိုတံခါးမှ ထွက်ပေါ်လာသည့် အငွေ့အသက်များကို ရေရွတ်မိရင်း အမှတ်မထင် ရေရွတ်မိသွားသည်။

“ရောင်းရင်းဟွမ်း.. ရှေးအငွေ့အသက်ဆိုတာ ဘာကို ပြောတာလဲ”

ရှင်းဝေ့ကျန်းသည် ဟွမ်း၏ တိုးတိုးတိတ်တိတ် ရေရွတ်သံကို ကြားလိုက်သောကြောင့် သိချင်သွားသည်။

“ကျုပ်လဲ မသေချာဘူး၊ ဒီအငွေ့အသက်မျိုးကို မကြုံဖူးပေမဲ့ ရင်းနှီးနေတယ်လို့ခံစားမိရုံသက်သက်ပဲ”

ဟွမ်းကိုယ်တိုင်ပင် ထူးဆန်းသွား၏။ သူသည် ထိုအငွေ့အသက်မျိုးကို အမှတ်မထင်ကြံတွေ့ဖူးခဲ့သည်လားဟု ပြန်လည်တွေးတော နေသော်လည်း အချည်းအနှီးပေ။

“ဒီတံခါးကို ဘယ်ကရတာလဲ”

“ကျုပ်တို့ ကြယ်တာယာနန်းတော်က ဘိုးဘေးတွေရဲ့ မှတ်တမ်းအရ ကြယ်တာယာနန်းတော်တည်ထောင်သူနဲ့ ဘိုးဘေးတစ်ဦးက ဒီနေရာမှာပဲ လျှို့ဝှက်ဆန်းကြယ်အချိန်တံခါးကို ရှာတွေ့ခဲ့လို့ ကြယ်တာယာနန်းတော်ကို တည်ဆောက်ခဲ့တာ”

ရှင်းဝေ့ကျန်းသည် စဉ်းစားကာဖြေလိုက်၏။

All Chapters