← Chapters

#မု၀မ်အာ နတ်စွမ်းအားကို ပြသသည်#

Vol. 80 Ch. 1121

#မု၀မ်အာ နတ်စွမ်းအားကို ပြသသည်#

Vol. 80 Ch. 1121

နောက်ထပ်တောက်ပသည့်လတစ်စင်း ပေါ်လာခြင်းက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို အံ့ဩသင့်သွားစေသည်။ 

ဒါကတိုက်ဆိုင်မှုတစ်ခုမဟုတ်တာ သေချာသည်။ လနတ်ကျောက်တောင်များကို အထူးနည်းလမ်းတစ်ချို့ကနေတဆင့် ဖွင့်လှစ်ရန် သေချာပေါက်လိုအပ်သည်။ 

ခွန်းလွန်အပျက်အစီးအကြောင်းကို သိသောတခြားသူများလည်းရှိသည်ဟု ပြောဆိုနိုင်သည်။ 

ထို့နောက် သူတခြားတစ်ဘက်က လနတ်ကျောက်တောင်ကိုရောက်လာပြီး တောင်ကို ဖွင့်ရန်အတွက် ထူးနည်းလမ်းတစ်ခုကို ရှာတွေ့သွားခဲ့ခြင်း ဖြစ်ရပေမည်။ 

သို့သော် ရှီရှန်းအပြင် ဒီရှေးဟောင်းစစ်မြေပြင်၌ ကြယ်စွမ်းအားကို ကျင့်ကြံသူ နောက်တစ်ယောက်ရှိနေသည်လား။ ဒါမှမဟုတ် လနတ်ကျောက်တောင်ကို မတူညီသောနည်းလမ်းတစ်ခုနှင့် ဖွင့်နိုင်သေးပြီး ကြယ်စွမ်းအားကို မလိုအပ်တာများလား။ 

"ဘာပဲဆိုဆို လရောင်နှစ်ခုလုံးပေါ်လာခဲ့ပြီ" ရှောင်ဟိုင် အရမ်းကြီးတွေးတောမနေဘဲ တည်ငြိမ်စွာပြောသည်။ 

"အခုနောက်ထပ်အခြေအနေတစ်ခုပဲ ရှိတော့တယ်၊ နေနဲ့လတို့ရဲ့ဆုံချက်ပဲ"

....

နေနှင့်လတို့ကဆုံမိကြပြီး လင်းထိန်နေသည့်လနှစ်စင်းက ခွန်းလွန်အပျက်အစီးထဲတွင် ပေါ်လာခဲ့သည်။ 

သို့စေကာမူ သူတို့ကောင်းကင်သို့ မော့ကြည့်သောအခါ နေမင်းက ကောင်းကင်အမြင့်၌ ၀င့်ကြွားစွာရှိနေပြီး နွေးထွေးသည့် ရွှေရောင်အလင်းများကို ဖြန့်ကြက်ပေးနေသည်။ 

သို့သော် ခွန်းလွန်အပျက်အစီးမပေါ်လာခဲ့ပါ။ 

ဒါမှမဟုတ် နေနှင့်လက တခြားတစ်ခုခုကို ကိုယ်စားပြုနေတာလား!

ဒီအခိုက်အတန့်၌ မု၀မ်အာတွေးလိုက်သည်။ 

"ဒါက ကြွယ်၀တဲ့ မီးဂုဏ်သတ္တိတွေရှိတဲ့ နေရာတစ်ခုခုကို ရည်ညွှန်းနေတာများလား"

နေအကြောင်းပြောလာသောအခါ လူအများစု၏ ပထမဆုံးအတွေးက အပူ၊ မီးနှင့် အသက်ဓာတ်ပင်။ 

"မဖြစ်နိုင်တာတော့မဟုတ်ဘူး" ဟုန်ရင်ခေါင်းညိတ်သည်။ 

"ဒါပေမယ့် မီးဂုဏ်သတ္တိသိပ်သည်း‌တဲ့ နေရာကဘယ်မှာလဲ"

ခွန်းလွန်အပိုင်းက အတော်လေးကြီးမားသည်။ သူတို့သာဦးတည်ချက်မဲ့ ရှာဖွေနေမည်ဆိုပါက အနည်းဆုံးရက်တစ်ရာကျော်ကြာပေလိမ့်မည်။ 

ရက်တစ်ရာလား!

သူတို့တွင် အချိန်အများကြီးမရှိပါ။ 

ဒီအချိန်တွင် မု၀မ်အာပြောသည်။ 

"ကျွန်မမှာ နည်းလမ်းတစ်ခုရှိလောက်တယ်"

ဒါကိုကြားသောအခါ လူတိုင်းကြည့်လိုက်စဉ် မု၀မ်အာ နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုကို ထုတ်ယူလိုက်၏။ 

"ဆေးလုံးကျမ်းမှာ ဆေးလုံးသန့်စင်တဲ့ နည်းလမ်းတစ်ခုရှိတယ်၊ မိုးနဲ့မြေနိယာမစွမ်းအားကို လမ်းညွှန်အဖြစ်သုံးရင်း အသန့်စင်ဆုံးစွမ်းအားကို ဆေးလုံးသန့်စင်ဖို့အတွက် သုံးနိုင်တယ်၊ ဒါက ဆေးလုံးကို မိုးနှင့်မြေရဲ့ အသန့်စင်ဆုံးနိယာမစွမ်းအားနဲ့ ဖြည့်ပေးနိုင်တယ်"

"အရင်က ကျွန်မနယ်ပယ်က ဒီအဆင့်ကို ရောက်ဖို့အထိ မလုံလောက်ခဲ့ဘူး၊ အခုဒါကို ကျွန်မစမ်းကြည့်သင့်တယ်"

ဒီနေရာတွင် မု၀မ်အာ၏အကြည့်က လေးနက်သွားပြီး နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုကို စိုက်ကြည့်လိုက်၏။ သူမကိုယ်ထဲက အင်မော်တယ်ချီက ဆေးလုံးကျမ်းကပုံစံအတိုင်း အလျင်အမြန် စတင်လည်ပတ်သည်။ 

မု၀မ်အာ၏ လက်ဖဝါးချက်က နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်ဖိုပေါ်သို့ ကျလာသောအခါ ကလန်၊ ကလန်၊ ကလန်ဟူသော မြည်သံနှင့်အတူ စတင်တုန်ခါသည်။ 

အင်မော်တယ်ချီကို ထည့်သွင်းလိုက်စဉ် နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုတစ်ဝိုက်က နဂါးကိုးကောင်၏ ပါးစပ်များက စတင်ပွင့်လာကြပြီး မိုးနှင့်မြေ၏ နိယာမစွမ်းအားကို အရူးအမူး စုပ်ယူသည်။ 

မလုံလောက်သည့်ကျင့်ကြံခြင်းနယ်ပယ်က ဒါကိုမအောင်မြင်နိုင်ဘူးဟု ပြောသည်မှာ အံ့ဩသင့်စရာမရှိတော့။ 

မု၀မ်အာ၏ အင်မော်တယ်အော်ရာက နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုထဲသို့ လှိုင်းများပမာ တိုး၀င်သွား၏။ 

ပတ်၀န်းကျင်၌ ကြယ်စွမ်းအားဖြစ်စေ၊ လေစွမ်းအား၊ မြေစွမ်းအား သို့မဟုတ် အာကာသစွမ်းအားဖြစ်စေ အားလုံး၀င်လာကြသည်။ 

သို့စေကာမူ မီးစွမ်းအားက အင်မတန်ရှားပါးသည်။ 

ဒါက 'နေ့တာ'၏ လိုအပ်ချက်များကို မပြည့်မီစေတာ ရှင်းနေသည်။ 

မု၀မ်အာအနည်းငယ် မျက်မှောင်ကြုတ်သည်။ 

"ကြည့်ရတာ အနီးမှာ ကြွယ်၀တဲ့မီးစွမ်းအားရှိတဲ့ နေရာမရှိပုံပဲ"

မု၀မ်အာ ညင်သာစွာအော်ဟစ်လိုက်စဉ် အင်မော်တယ်ချီထုတ်လွှတ်မှုက ပို၍ပင် အရူးအမူးဖြစ်လာသည်။ ၎င်းက နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖို၏ အရူးအမူးစုပ်ယူခြင်းကို ခံရသည်။ 

ဟူးး၊ ဟူး၊ ဟူးး၊ ဟူးး.......!

နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုကို ဗဟိုပြုရင်း နိယာမမုန်တိုင်းတစ်ခုက ဒီကမ္ဘာထဲတွင် အမှန်တကယ်ပေါ်လာခဲ့သည်။ 

မရေမတွက်နိုင်လောက်သည့် နိယာမစွမ်းအားက ဆေးပြင်းဖိုထဲတွင် ပြည့်နှက်နေပြီး အဆက်မပြတ်သွန်လောင်းနေသည်။ 

ဒီမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ရယ်မောလိုက်မိကြ၏။ 

ဂျူနီယာညီမလေး၀မ်အာက သူတို့ကိုပင် ထိတ်လန့်စေသည့် အဆင့်တစ်ခုအထိ ကြီးထွား ရောက်ရှိလာခဲ့လေပြီ။ 

စုန့်ရှောင်နှင့်ကျန်းချင်းလန်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ 

သူတို့ ခါးသီးသောအပြုံးကို အချင်းချင်းမြင်တွေ့ရသည်။ 

ဒီလူတွေက မွန်းစတားတွေလား!

ဒါကသာမန်လူတစ်ယောက်လုပ်နိုင်တဲ့ အရာတစ်ခုလား!

နတ်သခင်အဆင့်ဂိုဏ်းတွင်ပင်လျှင် ဒီလိုမွန်းစတားမျိုးကို ရတနာတစ်ခုအဖြစ် ဆက်ဆံပေလိမ့်မည်။ 

ဥပမာအားဖြင့် ရှောင်ဟိုင်သာ ဟောင်တျန်းနတ်ဂိုဏ်းကို၀င်ပါက လုချန်ရှန်း၏ ကိုယ်ပိုင်လက္ခဏာနှင့် နတ်ဆိုးဘုရင်ပိုင်နက်၏ အရင်နတ်ဆိုးသခင်ဖြစ်သည့် အချက်များကို ဘေးဖယ်ထားလျှင်ပင် နတ်သခင်ဟောင်တျန်း ရှောင်ဟိုင်ကို ဂိုဏ်းချုပ်၏ ဆက်ခံသူရာထူးအား ပျော်ပျော်ကြီးအပ်နှင်းပေလိမ့်မည်။ 

ဒီလိုကြီးမားသည့်စွမ်းရည်ကို ပိုင်ဆိုင်ထားသော သူတို့ဆရာက ဘယ်သူလဲဆိုတာ သူတို့မသိကြပါ။ 

စုန့်ရှောင် ပြန်သွားပြီး နတ်သခင်ဟောင်တျန်းကို ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ ဆရာထံသွားကာ အချိန်အတိုင်းအတာတစ်ခုအထိ ကျင့်ကြံခွင့်ပေးရန် တောင်းဆိုရန်ပင် စီစဉ်ထားခဲ့သည်။ 

ဒီအချိန်မှာပင် မု၀မ်အာ ရုတ်တရက် နိယာမစွမ်းအားမီးတောက်များကို လက်ညိုးထိုးရင်းပြောသည်။ 

"ကျွန်မနားလည်ပြီ"

မီးစွမ်းအားက တောင်ပိုင်းကလာခြင်းပင်။ ‌

ပေါင်းစပ်ပြီးသည်နှင့် ဒါက ဒီနိယာမမုန်တိုင်းကို မီးမုန်တိုင်းအဖြစ် ပြောင်းပစ်ကာ တခြားနိယာမစွမ်းအားများကိုလည်း ဖုံးအုပ်ပစ်သည်။ 

မီးစွမ်းအားက ဘယ်လောက်ထိ သိပ်သည်းသလဲဆိုတာ ခန့်မှန်းကြည့်၍ပင်ရသည်။ 

သူတိကျသည့်တည်နေရာကို ရှာတွေ့ခဲ့သည်။ 

မု၀မ်အာကလည်းရပ်လိုက်သည်။ သူမကိုယ်ထဲက အင်မော်တယ်ချီကို ပြန်ဖြည့်ရန်အတွက် ဆေးလုံးတစ်လုံးသောက်သုံးပြီးနောက် သူမလူတိုင်းကို ဦးဆောင်ကာ ပြေးသွားသည်။ 

ဒါက အဂ္ဂိရတ်ဆရာတစ်ယောက်ဖြစ်ခြင်း၏ အကျိုးကျေးဇူးပေတည်း။ 

ဒီအတိုင်းကိုယ့်ကိုကိုယ် ပြန်ကောင်းမွန်အောင် လုပ်လိုပါက အနည်းဆုံးတော့ ခုနှစ်ရက်၊ ရှစ်ရက်ခန့် ကြာပေလိမ့်မည်။ 

မု၀မ်အာအတွက်မူ ဆေးလုံးတစ်လုံး တိုက်ရိုက်သောက်လိုက်ရုံသာ။ ဒါကအလုပ်မဖြစ်ပါက သူမနှစ်လုံး၊ သုံးလုံး၊ လေးလုံးသောက်ပစ်၍ရသည်။ 

ဒါ့အပြင် ဆေးလုံးက ၃၀ရာခိုင်နှုန်း အဆိပ်ရှိသည်ဟူသော အရာမျိုးသေချာပေါက်ရှိမည်မဟုတ်။ အကျိုးကျေးဇူးက ကျန်းမာရေးကို အားဖြည့်ပေးသည်။ 

မီးစွမ်းအားနောက်ကနေ လိုက်ရင်း လူတိုင်း ချော်ရည်မြေတစ်ခုကို ရောက်လာကြသည်။ 

ဒီနေရာက အပေါက်များဖြင့် ပြည့်နှက်နေသည်။ 

မီးတောက်ကန်များက နေရာတိုင်းတွင်ရှိနေပြီး ဆင်းသက်ရန်အတွက် နေရာမရှိသလောက်ပင်။ 

မီးပင်လယ်မျက်နှာပြင်၌ ပူဖောင်းများ အဆက်မပြတ် ပေါ်လာစေသည်။ ၎င်းပူဖောင်းများက ဖောက်ဟူသော အသံနှင့်အတူ ပေါက်ကွဲသောအခါ မီးတောက်နီရောင်အငွေ့တစ်ခုစီ မြောလာသည်။ 

အချိန်ကြာလာသည်နှင့်အမျှ ဒီမီးပင်လယ်ထိပ်က မီးတောက်နီအဆိပ်များနှင့် ပြည့်နှက်နေသည်။ 

စုန့်ရှောင် လက်ကိုဆန့်ထုတ်ပြီး မီးအဆိပ်ပေါ်သို့ ထည့်လိုက်၏။ 

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့လက်က မီးအဆိပ်၏ ကျူးကျော်ခြင်းကို ခံရပြီး လက်မောင်းတစ်ခုလုံးက မီးတောက်နီအဆင်းများ၏ တိုက်စားခြင်းကို ခံရသည်။ 

စုန့်ရှောင် ကျင့်ကြံခြင်းနည်းစနစ်ကို ချက်ချင်းလည်ပတ်ကာ ကိုယ်ထဲက မီးအဆိပ်ကို ထုတ်လိုက်ရသည်။ 

"ဒီမီးအဆိပ်ထဲမှာ နတ်အင်ပါယာနယ်ပယ် ကျွမ်းကျင်သူတွေတောင် အကြာကြီးနေနိုင်မှာမဟုတ်ဘူး" စုန့်ရှောင်လေးနက်သည့် အမူအရာဖြင့် ပြောသည်။ 

မီးအဆိပ်ကို ဒီအတိုင်းအတာအထိပင် သိပ်သည်းထားနိုင်သည်။ 

ဒါက နှစ်တစ်သောင်းကျော် သို့မဟုတ် နှစ်သိန်းချီကြာ သိပ်သည်းနေခဲ့ခြင်း ဖြစ်ရပေမည်။ 

ဒီအခိုက်အတန့်၌ ကျန်းချင်းလန်အပါအ၀င် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ မုဖူရှန်းကို ကြည့်လိုက်ကြ၏။ 

မုဖူရှန်းအားကိုးရာမဲ့စွာပြောသည်။ 

"ဘာလဲ၊ ကျွန်တော်အားလုံးကို သိတယ်လို့ ထင်နေကြတာလား၊ မီးတာအိုနိယာမကို ဆန့်ကျင်ကာကွယ်နိုင်ဖို့ ကျွန်တော့်မှာ တာအိုနိယာမရှိပေမယ့် ဒါက အကာအကွယ်တိုက်ခိုက်မှုတစ်ခုပဲလေ၊ ကိုယ်ထဲကို ကျူးကျော်တဲ့ ဒီလိုမီးအဆိပ်မျိုးကနေ မကာကွယ်နိုင်ဘူး"

မည်သို့ပင်ဆိုစေကာမူ မုဖူရှန်း ဒီလိုအခြေအနေမျိုးကို မမျှော်လင့်ထားခဲ့ပေ။ 

ဒီနောက်တွင် အနာဂတ်၌ နောက်ထပ်အဆောင်တစ်မျိုးရှိလာနိုင်တာကို မုဖူရှန်းသဘောပေါက်သွားသည်။ 

ဒီအချိန်မှာပင် မု၀မ်အာပြုံးရင်း လက်ကို ဆန့်ထုတ်လိုက်၏။ 

"ဒီမှာရှိတယ်"

မု၀မ်အာ့လက်ချောင်းများကြား၌ ရေပြာဆေးလုံးတစ်လုံးရှိသည်။ 

"အဲဒီအချိန်က ကျွန်မ စီနီယာအစ်မဟုန်ရင်နဲ့အတူ မီးစွမ်းအားလွှမ်းမိုးထားတဲ့ နယ်မြေတစ်ခုကို သွားခဲ့တယ်၊ အဲချိန်မှာပဲ မီးအဆိပ်ကို ခုခံဖို့အတွက် ဆေးလုံးတစ်လုံး သန့်စင်ခဲ့တယ်"

ရှီရှန်းမေးသည်။ 

"အဲတုန်းက ငါတို့က အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာမလား၊ ဒါပေမယ့် ဒီမှာမတူဘူးလေ၊ မင်းရဲ့ဆေးလုံးက ဒီအဆင့်မီးအဆိပ်ကို ခုခံနိုင်မှာလား"

"ဟမ့်၊ ကျွန်မကိုအထင်သေးနေတာလား" မု၀မ်မာ နှာခေါင်းရှုံ့ရင်း မပျော်မရွှင်ပြုံးသည်။ 

"ကျွန်မရဲ့ အဂ္ဂိရတ်စွမ်းရည်တွေက မတိုးလာနိုင်ဘူးလား"

ထို့နောက် သူမထိုနေရာတွင်ပင် ဆေးလုံးများကို သန့်စင်ရန် ပြင်စင်လိုက်သည်။ 

"ဒါကိုမသန့်စင်နဲ့ဦး" ယဲ့ချိုးပိုင် ရုတ်တရက် တစ်ဘက်သို့ လှည့်ကြည့်လိုက်၏။ 

သူတို့ဘယ်ဘက်တွင် လူသုံးယောက် ရုတ်တရက်ပေါ်လာသည်။ 

ဒါ့အပြင် သူတို့က တစ်ဦးနှင့်တစ်ဦး အတော်လေးရင်းနှီးနေပါသည်။ 

ကြီးကြပ်ရေးဗိမာန်၊ စုန့်စီ!

စုန့်စီ ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကို ကြည့်ပြီး အနည်းငယ်အံ့ဩသင့်နေပြီးနောက် ပြုံးသည်။ 

"မင်းတို့ဒီနေရာကို တကယ်တွေ့လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

"ငါသိတယ်၊ ကောင်းကင်ဘုံက ငါတို့ကို စောင့်ကြည့်နေပြီး နောက်ထပ်လနတ်ကျောက်တောင်တစ်ခုကို ဖွင့်ဖို့ကူညီနေတယ်လို့ ငါထင်ခဲ့တာ" စုန့်စီနှာမှုတ်ရင်း ယဲ့ချိုးပိုင်ကို အေးစက်စွာကြည့်သည်။ 

"မင်းတို့ဖြစ်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

အပိုင်း(1122) coming။ 

All Chapters