← Chapters

အထွတ်အထိပ် ပညာရှင်ဆရာ ချန်း

Vol. 3 Ch. 211

အထွတ်အထိပ် ပညာရှင်ဆရာ ချန်း

Vol. 3 Ch. 211

ထိုကိစ္စကြီး ဖြစ်ပွားပြီးနောက် တစ်ကမ္ဘာလုံးတွင် ရှိသော သိုင်းပညာရှင်များက ချန်းဖန်နှင့် တရုတ် အစိုးရကို အာရုံစိုက် လာကြသည်။

လဲ့ချန်းကျွယ်သည် ဟောင်ဂိုဏ်းတွင် အတော်ဆုံး ပါရမီရှင် ဖြစ်ကာ ချန်းဖန်နှင့် တိုက်ပွဲ မဖြစ်ခင်အထိ တရုတ်ပြည် ပြင်ပတွင် အတော်ဆုံး ပညာရှင်အဖြစ် သတ်မှတ်ထား ကြသည်။ သို့သော် ချန်းဖန်ကို ပြည်ပမှ လူများက မသိခဲ့ကြပေ။

မဟူရာမြွေသည် တစ်ကမ္ဘာလုံးတွင် ကျော်ကြားနေသည့် လုပ်ကြံသူ တစ်ဦးဖြစ်ကာ လဲ့ချန်းကျွယ်ပင် မလုပ်နိုင်သည့် သတ်ဖြတ် လုပ်ကြံမှုများကို လုပ်ပြခဲ့သူ ဖြစ်သည်။ ထိုကဲ့သို့ အစွမ်းထက်သည့် မဟူရာမြွေ သည်ပင်လျှင် ချန်းဖန်၏ ဓားတစ်ချက်ကြောင့် ခန္ဓာကိုယ် နှစ်ခြမ်းခြမ်းကာ သေဆုံးခဲ့ ရသည်။ မဟူရာမြွေ၏ သေဆုံးမှုကို တွေ့ခဲ့ရသော လူများစွာမှာ ချန်ဖန်၏ စွမ်းအားကို အလွန် ထိတ်လန့်သွား ကြသည်။

ချန်းဖန်သည် လဲ့ချန်းကျွယ်နှင့် မဟူရာမြွေ တို့ကဲ့သို့ အစွမ်းထက်သည့် လူနှစ်ဦးကို သတ်ဖြတ် နိုင်ခဲ့သည့် အတွက် တစ်ကမ္ဘာလုံးက သူ့ကို အာရုံစိုက် လာကြသည်။

“ချန်းဖန်နှင့် မည်သူမျှ မပတ်သက်ရ ...”

ဒုစရိုက် အဖွဲ့အစည်းများက ကြေညာချက် တစ်ခုကို ထုတ်ပြန် လိုက်ကြသည်။ ထိုဒုစရိုက်သမား များမှာလည်း လူသားများပင် ဖြစ်ကြသဖြင့် သေဆုံးရမည်ကို ကြောက်ရွံ့ကြသည်။ သူတို့ ချန်းဖန်ကို လက်စား မချေရဲကြပဲ သတင်းမှား ပေးသည့် ဟောင်ဂိုဏ်းကိုလည်း ဒေါသ အတော်ထွက် နေကြသည်။

ဟောင်ဂိုဏ်းက သူတို့ ထုတ်ထားသည့် ဆုကြေးကို ပြန်ရုပ်သိမ်း လိုက်ချိန်မှ စ၍ အမှောင်လောက ဒုစရိုက် သမားများသည် ချန်းဖန်ကို ပို၍ပင် ကြောက်ရွံ့လာ ကြတော့သည်။

ချန်းဖန် လဲ့ချန်းကျွယ်နှင့် မဟူရာမြွေကို သတ်လိုက်သည့် ကိစ္စကြီးကား ပြည်သူကြား ထဲတွင် ပြောစမှတ် ဖြစ်လာခဲ့သည်။ လုပ်ကြံသူများ ကလည်း အသက်ရှင်လို ကြသည့်အတွက် ချန်းဖန်နှင့် မပတ်သက် ရဲကြတော့ပေ။

ချန်းဖန် မျှော်လင့်ထားသည့် အတိုင်းပင် နောက်တစ်နေ့ နံနက်ခင်းတွင် ချင်းဟန်သူ့ဆီသို့ ရောက်လာသည်။ ချင်ဟန်မှာ တစ်ညလုံး အလုပ်ခဲ့ရသည့် အတွက် အလွန် ပင်ပန်းနေဟန် တူသည်။ မနေ့ညက ဖြစ်ပွားခဲ့သည့် လူသတ်မှုများစွာ အတွက် အလုပ်ရှုပ် နေဟန်ရသည်။

ချန်းဖန်က လူသတ်သမား များစွာကို သတ်ခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်များ ကိုလည်း လက်စ မဖျောက်ခဲ့ပေ။ တစ်ညတည်း အတွင်း နိုင်ငံခြားများစွာ သတ်ဖြတ်ခြင်း ခံရသည့်အတွက် လင်းမြို့တော်နှင့် တရုတ်ပြည် တောင်ပိုင်းတွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ ထိုနိုင်ငံခြားသား အများစုမှာ သေနတ် ဓား၊ ဓားမြှောင် စသည့် လက်နက်များကို ကိုင်ဆောင် ထားကြသည်။

“သခင်လေးချန်း ... ကျွန်မ ဒီကိုဘာလို့ ရောက်နေလဲ ဆိုတာ ရှင်သိမှာပါ ...” ချင်းဟန်က မျက်နှာထား တင်းတင်းနှင့် အမည်းရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်လေးကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ သူမသည် လူအိမ်တော်၏ အပြင်ဘက်တွင် တစ်ညလုံး စောင့်ကြည့် နေသော်လည်း ချန်းဖန် အိမ်တော်ထဲမှ ထွက်လာသည်ကို မတွေ့ခဲ့ပေ။ သို့သော်လည်း သူမထံသို့ ရက်ရက်စက်စက် သတ်ခံရသည့် နိုင်ငံခြားသားများ အကြောင်းကို သတင်းပို့ လာသည်။ ထိုအချိန်မှစ၍ သူမသည် ရဲများနှင့် ပူးပေါင်းကာ တစ်ချိန်လုံး အလုပ်လုပ် နေရခြင်း ဖြစ်သည်။ သူမသည် အခင်း ဖြစ်ပွားခဲ့သည့် နေရာတိုင်းကို ရောက်ရှိကာ စစ်ဆေးခဲ့သည်။

သေဆုံးသူများတွင် အချို့မှာ ဓားနှင့်ခုတ်ခံ ထားရပြီး အချို့မှာ မီးလောင်ခံ ရပြီး သေဆုံး နေခဲ့သည်။ အချို့မှာမူ ရက်စက်စွာ အပိုင်းပိုင်း အစစ လုပ်ခံထား ရသည်။

“သတ်တဲ့လူက စိတ်ရောဂါ တစ်ခုခု ရှိပုံပဲ။ သူက သူသတ်ခဲ့တဲ့ အကြောင်းကို လူတိုင်းကို သိစေချင်ပုံ ရတယ် ...”

အခင်း ဖြစ်ပွားသည့် နေရာတိုင်းကို လိုက်လံ စစ်ဆေးသည့် ချင်းဟန်ပင် တုန်လှုပ် ကြောက်ရွံ့နေသည်။

“ဒီသေဆုံးနေတဲ့ လူတွေအားလုံးက လုပ်ကြံသူတွေလို့ ငါထင်တယ်”

ချင်းဟန်သည် သူကြားရသည့် သတင်းကိုပင် မယုံကြည် နိုင်သေးပေ။

ထိုလုပ်ကြံသူ များသည် သာမန်လူများ မဟုတ်ပေ။ နိုင်ငံတကာက အမြဲတမ်း စောင့်ကြည့် နေရသည့် လုပ်ကြံသူများ ဖြစ်သည်။ ထိုအချိန်တွင် သူတို့အားလုံးသည် ချန်းဖန်၏ လက်ချက်နှင့် သေဆုံး သွားကြရပြီ ဖြစ်သည်။ ထိုပြဿနာ ရှာကြသူများ အားလုံးမှာ လင်းမြို့တော်တွင် တစ်ညအတွင်း အသတ်ခံ လိုက်ရသည်။

လုပ်ကြံသူများမှာ ချန်းဖန်နောက်သို့ လိုက်နေကြသူများ ဖြစ်သည်။ ထိုသူ အားလုံးသည် တစ်ညတည်း သေဆုံးသွား ရသဖြင့် သူတို့ကို သတ်ရန် အဖြစ်နိုင်ဆုံး လူမှာ ချင်းဟန်၏ ရှေ့တွင် ရပ်နေသည့် ချန်းဖန်ပင် ဖြစ်သည်။

“ငါဘာမှ မသိဘူး ...” ချန်းဖန်က ပခုံးကို တွန့်ရင်း ပြန်ဖြေလိုက်သည်။

“မနေ့ညက နိုင်ငံခြားသား အယောက်လေးဆယ်ကျော် လင်းမြို့တော်ရဲ့ မတူညီတဲ့ နေရာတွေမှာ အသတ်ခံ လိုက်ရတယ်။ သူတို့ အားလုံးက နိုင်ငံတကာက အလိုရှိနေတဲ့ အပြစ်သားတွေပဲ။ သူတို့ထဲက တစ်ယောက်က လုပ်ကြံသူတွေရဲ့ ဘုရင် မဟူရာမြွေတဲ့ ...”

“အို တကယ်လား။ ငါ့ကိုဘာလို့ ဒါတွေ လာပြောနေတာလ ...”

“ဘာလို့လဲ ဆိုတော့ သူတို့(၂၃) အုပ်စုလုံးက ဆုကြေး သန်းတစ်ရာနဲ့ ဆုငွေ ထုတ်ထားတဲ့ နင့်ကိုသတ်ဖို့ လာကြတဲ့ လူတွေလေ ...”

“နင်ပြောတော့ ဆယ့်ခုနစ် အုပ်စုပဲဆို ဘယ်လိုလုပ်ပြီး များလာတာလဲ ...” ချန်းဖန် အံ့ဩဟန်ဖြင့် ပြန်မေးလိုက်သည်။ ချန်းဖန်ကို ကြည့်ရင်း ချင်းဟန် ပြောစရာ စကားများ မရှိတော့ပေ။

“သခင်လေးချန်း ... ရှင့်ကို မေးနေတာက ကျွန်မပါ။ ကျွန်မ မေးခွန်းကို လှည့်ပတ် မနေပါနဲ့။ ရှင်က သံသယ အရှိဆုံးလူပဲ ...”

“မင်းမှာ သက်သေ ရှိလို့လား ...”

ချင်းဟန်သည် ဓာတ်ပုံ တစ်ခုကို ထုတ်ပြရင်း …

“သခင်လေးချန် ဒီပုံထဲက ရှင်မလား ...”

ချန်းဖန်သည် ဓာတ်ပုံထဲသို့ ကြည့်လိုက်သော အခါ ကလပ်ထဲတွင် မဟူရာမြွေနှင့် အတူထိုင် နေသည့် ဝတ်စုံအမည်းနှင့် လူကို တွေ့လိုက်သည်။ တချို့ ပုံများတွင် ထိုလူငယ်၏ မျက်နှာကို အနီးကပ် ရိုက်ထားသည်။ ကလပ် အတွင်းရှိ လူများက သူ့ကိုဖုန်းဖြင့် ရိုက်ထားဟန် တူသည်။

“ငါက အဲဒီမှာ သွားသောက်တာလေ။ အဲဒီတာလည်း သံသယ ဖြစ်ခံရရောလား ...”

“အဲဒီမှာရှိတဲ့ စားပွဲထိုးတွေက ရှင် အဲဒီလူနဲ့ ရန်ဖြစ်တယ်လို့ ပြောတယ်။ ကျွန်မတို့နောက်မှ သိတာ အဲဒီလူက မဟူရာမြွေတဲ့။ သူက ကလပ်နဲ့ အနီးအနားမှာပဲ သေနေတာ ...”

“သေချာလို့လား ...”

“သခင်လေးချန်း ... ကျွန်မတို့မှာ ရှင့်ကိုဖမ်းဖို့ သက်သေ အလုံအလောက် ရှိတယ်။ ကျွန်မတို့ရဲ့ တာဝန်ကို မနှောင့်ယှက်ပါနဲ့ ...” ချင်းဟန်သည် သူ၏ဘေးတွင် ရှိသော အခြား တစ်ယောက်ကို ချန်းဖန်ကို လက်ထိတ်ခတ်ရန် အတွက် စေခိုင်းလိုက်သည်။

“မင်းတို့အားလုံး ရပ်လိုက်စမ်း ...” လုအိမ်တော်၏ အကြီးအကဲ တစ်ဦးက အော်လိုက်သည်။ ထိုလူသည် လင်းမြို့တော်တွင် အစွမ်းထက်သော လူဖြစ်သည့် အတွက် ချန်းဖန်ကို ဖမ်းဆီးရန် ပြင်ဆင် နေကြသည့် လူများအားလုံး အေးခဲ တုန်လှုပ်သွားသည်။

“ငါက သူတို့တွေကို သတ်ပြီး အဖမ်းခံဖို့ အတွက် ဒီမှာ ထိုင်စောင့် နေတယ်လို့ မင်းတို့ ထင်နေကြတာလား ...”

“ဒါဆို ရှင်ဘာလို့ လုပ်ခဲ့တာလဲ ...”

ချင်းဟန်ထံ ထိုကိစ္စကို မစုံစမ်းရန် အတွက် သူ၏အထက် လူကြီးက ဖုန်းဆက် ထားသော်လည်း သူမသည် တရားမျှတမှုကို လိုလားသူ ဖြစ်သည့်အတွက် လက်မလျှော့ပေ။ သူမ၏ အထက် လူကြီးက သူမကို ချန်းဖန်နှင့် တွေ့ခွင့်ပြု ထားသော်လည်း ဖမ်းခွင့် မပြုပေ။

“ဘာလို့လဲ ဆိုတော့ ...“ချန်းဖန် ဆက်မပြောသေးပဲ ရပ်တန့်ထားသည်။

“ဒါက ဘာလို့လဲ ဆိုတော့ သခင်လေးချန်းမှာ လုပ်ပိုင်ခွင့် ရှိလို့ပေါ့ ...”

ပြတ်သားသော စကားသံနှင့် အတူ စစ်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေး တစ်ဦး အခန်းထဲသို့ ဝင်လာသည်။ ထိုမိန်းကလေး၏ ဆံပင်များမှာ ပခုံးထိတိုအောင် ညှပ်ထားပြီး ခန္ဓာကိုယ် ကောက်ကြောင်းများ ကလည်း ဆွဲဆောင်မှု ရှိစွာ လှပနေသည်။

“ယုချင် မင်းရောက်လာ ပြီပဲ ... ” ချန်းဖန် ရေနွေး ကြမ်းခွက်ကို ဖြည်းညင်းစွာ ချလိုက်သည်။

“မင်းက ဘယ်သူလဲ ...” ချင်းဟန်က ထိုမိန်းကလေး စူးစမ်း မေးမြန်းလိုက်သည်။

“တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မက ကျင်းမြို့တော် တပ်ဖွဲ့ကပါ။ နောက်ပြီးတော့ သခင်လေးချန်ရဲ့ ကိုယ်ရေး အကြံပေးပါ ...” ယုချင်က သူမ၏ တံဆိပ်ကို ပြလိုက်ပြီး မိတ်ဆက်လိုက်သည်။

ချင်းဟန်သည် ထိုကဲ့သို့ ငယ်ငယ် ရွယ်ရွယ်နှင့် စစ်တပ်ထဲတွင် ရာထူးကြီးသည့် မိန်းကလေးကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

“နေပါဦး ... ဗိုလ်ချုပ်ချန်း ဟုတ်လား ...”

“ချန်ပေ့ရွမ်းက အထူး တပ်ဖွဲ့ရဲ့ ဗိုလ်ချုပ်ပဲ ...” ယုချင်က ပြန်ဖြေလိုက်သည်။

“ဗိုလ်ချုပ်ချန်း ... အထက် အရာရှိတွေက ဖြစ်ပျက် တာတွေကို လေ့လာပြီးပြီ။ အထက် လူကြီးတွေ ဆီကနေ ရှင့်ကို တရားဝင် ဗိုလ်ချုပ် အဖြစ် ခန့်အပ်ဖို့ ခွင့်ပြုပြီးပြီ ...”

ချင်းဟန်သည် သူကြားသည့် အရာကို မယုံကြည်နိုင်ပေ။ ချင်းဟန်၏ နောက်တွင်ရှိသော လူငယ်များသည် မူးမေ့မတတ် ဖြစ်နေကြပြီ ဖြစ်သည်။ အသက်၂၀ပင် မပြည့်သေးသည့် လူငယ်လေး တစ်ဦးက ထိုကဲ့သို့ ဗိုလ်ချုပ်တစ်ဦး ဖြစ်နေသည်ကို လုံးဝ လက်မခံ နိုင်ကြပေ။

လုအိမ်တော်မှ လူများကမူ ချန်းဖန်မှာ ယဲ့နန်ထန်းထက် ပို၍ အစွမ်း ထက်သည်ကို သိသောကြောင့် အံ့ဩခြင်း မရှိပေ။

နောက်ဆုံးတွင် ချင်းဟန်မှာ လူအိမ်တော်မှ ကြေကွဲစွာပင် ထွက်ခွာ လာလိုက်ရသည်။ ချန်းဖန်မှာ အပြစ်သားများကို နှိမ်နင်းသည် ဟူ၍သာ သူမသတ်မှတ် လိုက်ရသည်။

“သခင်လေးချန်း ... ကျွန်မတို့ အထက် လူကြီးတွေ အတွက် အခက်အခဲ ဖြစ်စေတာကို ရှင်သိမယ်လို့ မျှော်လင့်ပါတယ်။ အစိုးရ အဖွဲ့ထဲက အခြား ရာထူးကြီးတဲ့ သူတွေက ရှင့်ကို အပြစ်ပြော နေကြတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ဆရာကတော့ ရှင့်ဘက်မှာ ရှိနေပါတယ် ...”

“ဒါရိုက်တာလီကို ငါအသိအမှတ် ပြုပါတယ် ...” ချန်းဖန် သူမစကားကို ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

“ကြည့်ရတာ ငါဒီမှာ ဆက်နေစရာ ကိစ္စမရှိတော့ဘူးနဲ့ တူတယ်။ ငါ ချူကျိုးမြို့ကို ပြန်ပြီးတော့ ရှောင်ချုံးနဲ့ သွားတွေ့ဦးမယ် ...” ချန်းဖန်သည် အဝေးသို့ ငေးကြည့်ရင်း နှစ်ပေါင်း(၅၀၀)ခန့် ဝေးကွာခဲ့ ရသည့် မိန်းကလေး အကြောင်းကို တွေးတော နေခဲ့မိတော့သည်။

***

All Chapters