← Chapters

#ကြယ်ပေါက်ကွဲခြင်း၊ အသူရာဒေါသ#

Vol. 80 Ch. 1131

#ကြယ်ပေါက်ကွဲခြင်း၊ အသူရာဒေါသ#

Vol. 80 Ch. 1131

နိဗ္ဗာန်မီးတောက်က လေဟာနယ်ထဲတွင် ပြည့်နှက်နေသည်။ 

စုန့်စီနောက်တွင် အသူရာဓမ္မာခန္ဓာ၏ မျက်နှာက ဖောင်းနေပြီး သူ့အမူအရာက အလွန်အမင်းခက်ထန်သည်။ ဘေးသို့ ဆန့်ထုတ်ထားသည့် လက်ရှစ်ဘက်၌ တစ်ဘက်စီတွင် နှိပ်စက်ကိရိယာမျိုးစုံကို ကိုင်ထားသည်။ 

အနက်ရောင်မျဉ်းများက စုန့်စီ၏ မျက်နှာပေါ်၌ ခြေဆန့်လာပြီး နိဗ္ဗာန်နတ်အလင်းက မျက်လုံးများထဲတွင် တဖျပ်ဖျပ်လင်း၀င်းနေသည်။ 

ရှီရှန်းစိတ်ထဲတွင် ကြယ်အစစ်အမှန်နတ်ဘုရား၏အသံ ‌ထွက်ပေါ်လာခဲ့သည်။ 

"အသူရာလမ်းစဉ်လား၊ သူဒီအမွေအနှစ်ကို ရထားမယ်လို့ ငါမျှော်လင့်မထားခဲ့ဘူး"

ရှီရှန်း စိတ်ရှုပ်ထွေးစွာမေးသည်။ 

"အသူရာလမ်းစဉ်"

ကြယ်အစစ်အမှန်နတ်ဘုရား ဖြည်းဖြည်းချင်းရှင်းပြသည်။ 

"အသူရာအစစ်အမှန်နတ်ဘုရားက အရင်က ဘိုးဘေးနယ်ပယ်နဲ့ အနီးစပ်ဆုံးလူပဲ၊ ဒါပေမယ့် သူကျင့်ကြံတဲ့တာအိုက လူထုကို ကျူးလွန်စော်ကားနေတာမို့ ဂိုဏ်းတိုင်းနဲ့ အစစ်အမှန်နတ်ဘုရားတိုင်းနီးပါးက အသူရာအစစ်အမှန်နတ်ဘုရားကို လက်မခံကြဘူး"

"အဆုံးမှာတော့ သူနတ်ဆိုးဒေသနဲ့ တိုက်ပွဲမှာ ပါ၀င်ခဲ့ပြီး တိုက်ပွဲအတွင်းမှာပဲ သေဆုံးခဲ့ရတယ်၊ ဒါပေမယ့် နောက်ဆုံးအမွေအနှစ်ကို ရှေးဟောင်းစစ်မြေပြင်မှာ မချန်ထားခဲ့ဘူး၊ ဘယ်မှာချန်ထားခဲ့သလဲ‌ဆိုတာ ငါမသိဘူး၊ သူ့ဆက်ခံသူက တကယ်ဒီမှာ ပေါ်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

"ဒါပေမယ့် မင်းဂရုစိုက်ဖို့လိုတယ်၊ သူက အသူရာကောင်းကင်ဘုံခန္ဓာရဲ့ အစစ်အမှန် အနှစ်သာရတစ်ချို့တစ်၀က်ကို ကျင့်ကြံပြီးပြီ"

ရှီရှန်းပြူံသည်။ 

"ဒါ‌ဆို စီနီယာ ကျွန်တော်မနိုင်လောက်ဘူးလို့ ထင်လား"

"မဟုတ်ဘူး၊ အဆုံးမှာ မင်းကနိုင်သူဖြစ်နေဦးမှာပဲ" ကြယ်အစစ်အမှန်နတ်ဘုရား တည်ငြိမ်စွာပြုံးသည်။ 

"သူ့ကို အနိုင်ယူဖို့အတွက် ပေးဆပ်ရမယ့်တန်ဖိုးကတော့ မင်းအပေါ်မူတည်မယ်"

ဒါကိုကြားသောအခါ ရှီရှန်းပခုံးတွန့်သည်။ 

"ဒီလိုဆိုမှတော့ ဒီတိုက်ချက်မှာ အရာအားလုံးကို လောင်းကြေးထပ်ကြတာပေါ့"

စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ရှီရှန်းနောက်က ကြယ်တာယာကောင်းကင်၌ မြင့်မားစွာချိတ်ဆွဲထားသည့် ကြယ်များ၏ ဗဟိုချက်များက စတင်ထိုးတက်လာကြ၏။ 

ကြယ်သုံးလုံးက ကြယ်ကြွေနတ်ပုဆိန်ထဲတွင် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားသည်။

တစ်ခဏအကြာတွင်  ကြယ်ကြွေနတ်ပုဆိန်ပေါ်က အပြာရောင်နတ်အလင်းက အလင်းတိုင်များကို ထုတ်လွှတ်သည်။ 

လေးလံမှုကနှစ်ဆတက်သွားသည်။ အလေးချိန်တစ်ခုတည်းကပင် ပတ်၀န်းကျင်က လေဟာနယ်ကို ပြိုကျသွားစေသည်။ မြေပေါ်၌ အဆက်မပြတ်ဖိသိပ်ခံမေရသည့် တွင်းတစ်တွင်းလည်း ရှိနေသည်။ 

ရွေးချယ်စရာမရှိတော့သဖြင့် ရှီရှန်း ကြယ်ကြွေနတ်ပုဆိန်ကို လက်နှစ်ဖက်နှင့် ကိုင်လိုက်၏။ သူ့လည်ပင်းနှင့်လက်မောင်းများပေါ်က သွေးကြောများက ဖောင်းပွလာသည်။ 

စုန့်စီဒါကို မြင်သောအခါ အနည်းငယ်မျက်မှောင်ကြုတ်ပြီးနောက် စိတ်သက်သာရာရသွားကာ နှာခေါင်းရှုံ့သည်။ 

"ဘာလဲ၊ မင်းရလဒ်ကို တစ်ချက်တည်းနဲ့ ဆုံးဖြတ်ချင်တာလား၊ ဒါပေမယ့် ငါမင်းကို ထိပ်တိုက်ရင်ဆိုင်မယ်လို့ မင်းထင်နေတာလား"

"ငါသာမမှားဘူးဆိုရင် ဒီတိုက်ခိုက်မှုအပြီးမှာ မင်းမှာဆက်တိုက်ခိုက်ဖို့အတွက် ခွန်အားမကျန်လောက်တော့ဘူးမလား"

စုန့်စီပြောတာမှန်သည်။ 

ဒီတိုက်ခိုက်မှုအပြီးတွင် ရှီရှန်း၏ ကြယ်စွမ်းအားက လုံး၀ကင်းစင်သွားပေလိမ့်မည်။ 

"ငါမင်းကို ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင်တော့ ဒီထိပ်တိုက်တွေ့ဆုံမှုမှာ ငါရှုံးမယ်လို့မထင်ဘူး" စုန့်စီ ရှီရှန်းကို အေးစက်သော အပြုံးဖြင့်ကြည့်ရင်း တစ်လုံးချင်းပြောသည်။ 

"ဒါပေမယ့် ရှောင်တိမ်းတာက နိုင်နိုင်ချေအခွင့်အလမ်းကို ပိုမြင့်မားစေတဲ့ နည်းလမ်းတစ်ခုဆိုတာ ရှင်းနေတာပဲလေ"

ဒါကိုကြားသည့်တိုင် ရှီရှန်း၏အမူအရာက လုံး၀ပြောင်းလဲသွားခြင်းမရှိပါ။ 

သူ့လည်ပင်းကသွေးကြောများက မေးစေ့အထိ ကျယ်ပြန့်နေလေပြီ။ 

ရှီရှန်းအံကြိတ်ရင်း ကြယ်ကြွေနတ်ပုဆိန်ကို လက်နှစ်ဖက်နှင့် ရုတ်တရက်မြှောက်ကာ ရှေ့တစ်လှမ်းလှမ်းလိုက်၏။ 

ဂျုန်း.....!

ရုတ်ချည်းဆိုသလို ရှီရှန်းခြေချခဲ့သည့်နေရာက အရူးအမူးပြိုကွဲသွား၏။ ထူထဲသည့်အက်ကြောင်းများက ဘက်ပေါင်းစုံ၌ ရှိနေသည်။ 

မြေကြီးက တုန်ခါကာ ချိုင့်၀င်သွားသည်။ 

မုန်တိုင်းတစ်စင်းနှင့်အတူ ရောထွေးနေသည့် ကြယ်တာယာကောင်းကင်စွမ်းအားက ချော်ရည်နှင့် မြေမီးတောက်အတွင်း ထိုးတက်လာခဲ့သည်။ 

စုန့်စီနှာမှုတ်ရင်း ကိုယ်ခန္ဓာကို အနည်းငယ် ကွေးလိုက်၏။ သူ့နောက်က နိဗ္ဗာန်ဓမ္မခန္ဓာကမူ ခံစစ်အနေအထားကို ဖန်တီးသည်။ ၎င်း၏လက်ရှစ်ဖက်က စုန့်စီကို ၀န်းရံထားသည်။ 

သူ ရှီရှန်း၏ အားအပြည့်တိုက်ခိုက်မှုကို အချိန်မရွေး ရှောင်တိမ်းရန် အဆင်သင့်ဖြစ်နေသည်။ 

သို့သော် စုန့်စီပြောခဲ့တာကို ရှီရှန်း မတွေးမိဘဲနေမည်လား။ 

ကြယ်တာယာကောင်းကင် ထိုးတက်လာသည်နှင့် ကြယ်ကြွေနတ်ပုဆိန်မှ အပြာရောင်အလင်းတိုင်များက ပွင့်လန်းလာပြီး စုန့်စီရှိရာသို့ ပစ်လွှတ်သွားသည်။ 

တစ်ချိန်တည်းမှာပင် ရှီရှန်း ရှေ့သို့ နောက်တစ်လှမ်းလှမ်းလိုက်သည်။ 

အလွန်အမင်းလေးလံသည့် ကြယ်ဖိနှိပ်မှုတစ်ခုက စုန့်စီကိုယ်ပေါ်သို့ ချက်ချင်း ကျရောက်လာသည်။ 

စုန့်စီ၏မျက်သူငယ်အိမ်များ ကျုံ့သွားပြီး သူ့ကိုယ်ခန္ဓာက ရုတ်တရက်ကွေးသွားသည်။ 

အစွမ်းထက်ဖိနှိပ်မှုက သူ့အပေါ်ဖိသိပ်ကာ အသက်ရှုရန် သို့မဟုတ် ချက်ချင်းလွတ်မြောက်ခြင်းကနေ တားဆီးထားသည်။ 

တခြားတစ်ဘက်တွင် ရှီရှန်းတစ်လှမ်းချင်း ရှေ့သို့လျှောက်လာသည်။ 

ခြေလှမ်းတိုင်းနှင့်အတူ စုန့်စီကိုယ်ပေါ်မှ ဖိနှိပ်မှုက ပို၍ပင်အားကောင်းလာသည်။ 

သူလုံး၀ချိုးဖျက်လွတ်မြောက်နိုင်စွမ်းမရှိပါ။ 

စုန့်စီ၏ အမူအရာက အလွန်အမင်း ကြည့်ရဆိုးသွားသည်။ နိဗ္ဗာန်ဓမ္မခန္ဓာနှင့်အတူ သူလွတ်မြောက်နိုင်သော်လည်း ရှီရှန်းက သူနှင့်သိပ်မဝေးတော့လေရာ လွတ်မြောက်ရန်အတွက် အချိန်မရှိတော့။ 

ရှီရှန်းသူ့ကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရစေရန် အတင်းတွန်းအားပေးခဲ့သည်။ 

"ငါပြောဖူးပါတယ်၊ မင်းရဲ့အားအပြည့်တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရမယ်ဆိုရင်တောင် ငါရှုံးနိမ့်မယ်ဖြစ်နိုင်ချေကို မတွေးမိသေးဘူး"

စုန့်စီအော်ဟစ်သံနှင့်အတူ သူ့နောက်က နိဗ္ဗာန်အသူရာဓမ္မခန္ဓာက အကာအကွယ်ပုံစံကို စွန့်လွှတ်ပြီး လက်ရှစ်ဖက်ကို တစ်ချိန်တည်းမှာပင် ဖြန့်လိုက်၏။ 

လက်ရှစ်ဖက်ပေါ်က နှိပ်စက်ကိရိယာတိုင်းတွင် ၀န်းရံနေသည့် နိဗ္ဗာန်နက်စွမ်းအင်လုံးတစ်လုံးစီရှိသည်။ 

ဖျက်ဆီးခြင်းစွမ်းအားတစ်ခုက နိဗ္ဗာန်အသူရာဓမ္မခန္ဓာကို ဗဟိုပြုရင်း မြေကြီးထဲတွင် ပြည့်နှက်သွားခဲ့သည်။ 

ဒီတဒင်္ဂ၌ ရှီရှန်းအလွန်အမင်း နီးစပ်နေလေပြီ။ 

သူလက်ထဲက ကြယ်ကြွေနတ်ပုဆိန်ကို မြှောက်လိုက်သည်။ 

"ကြယ်ပေါက်ကွဲခြင်း"

တိုက်ခိုက်မှုကို ထုတ်လွှတ်ရန်အတွက် ကြယ်သုံးလုံးနှင့်ပေါင်းစပ်ခြင်းက ရှီရှန်းယခုလုပ်နိုင်သည့် အကန့်အသတ်ပေတည်း။ 

ရုတ်ချည်းဆိုသလို ကြယ်ကြွေနတ်ပုဆိန်ပတ်လည်၌ ကြယ်သုံးပွင့်ပေါ်လာခဲ့သည်။ 

ကြယ်ကြွေနတ်ပုဆိန်နှင့် ခုတ်ဖြတ်လိုက်စဉ် ကြမ်းတမ်းပြင်းထန်သည့် ကြယ်စွမ်းအားက ကြယ်သုံးလုံးအတွင်း အရူးအမူး စတင် ထိုးတက်လာသည်။ ဗဟိုချက်၏ မျက်နှာပြင်၌ အက်ကြောင်းများပေါ်လာပြီး ဖျက်ဆီးခြင်းအော်ရာအမျှင်စများထဲက ၎င်းကနေတဆင့် ပွင့်လန်းလာသည်။ 

စုန့်စီအံကြိတ်ရင်း ဧရာမကြယ်ဖိအားကို ဆန့်ကျင်ရင်ဆိုင်သည်။ ဒီမြင်ကွင်းနှင့် ပုဆိန်နှင့် ရောနေသည့် အော်ရာကို ခံစားမိသောအခါ သူ့မျက်သူငယ်အိမ်များက တုန်ယင်သွားရသည်။ 

ကြယ်ကြွေနတ်ပုဆိန်၏စွမ်းအားက ရှီရှန်း၏အားအပြည့်တိုက်ခိုက်မှုနှင့် ကိုက်ညီနေသည်။ 

ဒီစွမ်းအားက သူ့မျှော်လင့်ချက်များထက် လုံး၀ကို ကျော်လွန်နေသည်။ 

သို့သော် သူအမွေဆက်ခံခဲ့သည့် အသူရာလမ်းစဉ်က ရှီရှန်းထက် ပိုအားနည်းလိမ့်မည်ဟု စုန့်စီမတွေးတောထားပါ။ 

အသူရာအစစ်အမှန်နတ်ဘုရားသည် ဘူသားဘိုးဘေးနယ်ပယ်နှင့် အနီးစပ်ဆုံးကျွမ်းကျင်သူဖြစ်သည်။ 

လူသားဘိုးဘေးနယ်ပယ်အောက်တွင် သူကနံပါတ်တစ်ဟု ဆို၍ပင်ရသည်။ 

စုန့်စီအတွက် ဒါက ဂိုဏ်းနှစ်ဂိုဏ်းကြားက တိုက်ပွဲတင်မဟုတ်ဘဲ အမွေအနှစ်များအကြားက ထိပ်တိုက်တွေ့ဆုံမှုလည်းဖြစ်သည်။ 

စုန့်စီ အသူရာအစစ်အမှန်နတ်ဘုရားကို ဘယ်သူမှ မယှဉ်နိုင်ဟု ယုံကြည်သည်။ 

ဒါ့အပြင် သူစုန့်စီက လူငယ်မျိုးဆက်ထဲတွင် နယ်ပယ်တူက တခြားမည်သူထက်မဆို သေချာပေါက်ပိုအားကောင်းသည်ဟု ယုံကြည်သေးသည်။ 

အဲဒီလူကလွဲပြီးတော့ပေါ့!

သြူကို လူသားတစ်ယောက်ဟုပင် မခေါ်နိုင်တော့။ 

သို့စေကာမူ သူအင်မတန်အရေးကြီးသည့် အချက်တစ်ချက်ကို လျစ်လျူရှုခဲ့သည်။ 

ရှီရှန်း ကြယ်အစစ်အမှန်နတ်ဘုရားနှင့် သူ့ကိုယ်ပိုင်အားထုတ်မှုက ယူဆောင်လာသည့် အမွေအနှစ်စွမ်းအားကိုသာ မှီခိုအားကိုးခဲ့ခြင်းမဟုတ်ဘဲ ပိုအရေးကြီးတာက ရှီရှန်း၏ အမွေအနှစ်အားလုံးက သူ့ဆရာလုချန်ရှန်း ပြုပြင်ပြောင်းလဲပေးခဲ့သည်။ 

ဒါက အရေးအကြီးဆုံးခြားနားချက်ပေတည်း။ 

ပေါက်ကွဲနေသည့်ကြယ်သုံးပွင့်နှင့်အတူ သူ့ခေါင်းပေါ်ကျလုနီးနီးဖြစ်နေသည့် ကြယ်ကြွေနတ်ပုဆိန်ကို ကြည့်ရင်း စုန့်စီအော်ဟစ်သည်။ 

"အသူရာဒေါသ"

ထို့နောက်တွင် သူ့နောက်က အသူရာဓမ္မခန္ဓာတွင်လည်း ကြမ်းကြုတ်ရက်စက်သည့် အမူအရာတစ်ခုရှိနေပြီး လက်ရှစ်ဖက်က ကြယ်ကြွေနတ်ပုဆိန်ဆီသို့ တစ်ချိန်တည်းတွင် ရိုက်ခတ်ပစ်သည်။ 

နှစ်ဘက်စလုံးက တိုက်ချက်များက စုဆုံတိုက်မိသွားကြ၏။ 

ဒီအခိုက်အတန့်မှာပင် အသံများက ပျောက်ကွယ်သွားပုံရသည်။ 

ဒီကမ္ဘာကြီးထဲတွင် ချော်ရည်နှင့် မြေမီးတောက်များအပြင် နိဗ္ဗာန်စွမ်းအားနှင့် ကြယ်စွမ်းအားတို့က နှစ်ပိုင်းကွဲကာ ဒီလေဟာနယ်၏ တစ်၀က်စီကို သိမ်းပိုက်ထားသည်။ 

ဆုံရာအမှတ်က ကျယ်ပြန့်လာသည်။ 

တစ်ခဏအကြာ သူတို့အချင်းချင်း တစ်ဦးကိုတစ်ဦး ဘာတစ်ခုမှမလုပ်နိုင်ကြပါ။ 

တစ်ချိန်တည်းမှာပင် အာကာသအပိုင်းအစများက တိတ်တဆိတ်စတင် ကျဆင်းလာကြ၏။ 

မြေကြီးကလည်း ကျောက်အပိုင်းအစများအဖြစ် ပြိုကွဲကာ လေထဲတွင် အနည်းငယ် မြောလွင့်သွားပြီး အမှုန့်များအဖြစ် ပြောင်းသွားခဲ့သည်။ 

အပိုင်း(1132) coming။ 

All Chapters