← Chapters

#လျိုကျိယုအသံပို့လွှတ်ခြင်း၊ အဇူရာကောင်းကင်ကျောင်းတော်#

Vol. 80 Ch. 1134

#လျိုကျိယုအသံပို့လွှတ်ခြင်း၊ အဇူရာကောင်းကင်ကျောင်းတော်#

Vol. 80 Ch. 1134

ခွန်းလွန်အပျက်အစီးပျောက်ကွယ်ခြင်းနှင့် ရှောင်ဟိုင်၏ကိစ္စတို့က ပြီးစီးသွားလေပြီ။ 

လူတိုင်း ရှေးဟောင်းစစ်မြေပြင်ထဲတွင် စူးစမ်းလေ့လာရန်အတွက် ပြင်ဆင်ကြသည်။ 

မည်သို့ပင်ဆိုစေကာမူ ဒါကရှားပါးအခွင့်အရေးတစ်ခုပင် မဟုတ်ပေလော။ 

သို့စေကာမူ ဒီမတိုင်ခင် မုဖူရှန်း ရှီရှန်းနှင့် စုန့်စီတို့တိုက်ခိုက်ခဲ့သည့်နေရာသို့ သွားခဲ့သည်။ 

ရှီရှန်းဖြစ်စေ၊ တခြားစီနီယာအစ်ကို၊ အစ်မများ၊ ဂျူနီယာများဖြစ်စေ သူတို့ထဲက တစ်ဦးတွင်မှ စစ်မြေပြင်ကိုရှင်းလင်းကာ ခြေရာများကို ဖယ်ရှားပစ်တတ်သည့်အကျင့်မရှိကြပေ။ 

တစ်ဘက်လူက ကြီးကြပ်ရေးဗိမာန်၏ ပါရမီရှင်တစ်ဦး ဖြစ်နေသည်။ 

အကယ်၍ ကြီးကြပ်ရေးဗိမာန်က ကျွမ်းကျင်သူများသာ သူတို့ဆိုတာကို ရှာတွေ့သွားပါက အတော်လေးဒုက္ခရောက်သွားပေလိမ့်မည်။ 

မုဖူရှန်း ကျောက်တိုင်ဘေးကို ရောက်လာသောအခါ မြေပေါ်လဲလျောင်းနေသည့် အလောင်းက ပျောက်ကွယ်သွားသည်မှာ ကြာနေလေပြီ။ 

အနက်ရောင်အမှတ်အသားတစ်ခုသာ ကျန်နေခဲ့သည်။ 

"ကြည့်ရတာ ချော်ရည်ကြောင့် ပြာအဖြစ် လောင်ကျွမ်းခံလိုက်ရပုံပဲ" မုဖူရှန်း အလောင်းသုံးလောင်း သေဆုံးခဲ့သည့် မေရာများကို ကြည့်ရင်း ဂရုတစိုက်စစ်ဆေးကြည့်ရန် ငုံ့လိုက်သည်။ သူအနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ 

သို့စေကာမူ ဒါနှင့်ပတ်သက်ပြီး သူအများကြီးမတွေးပါ။ တစ်ခဏအကြာတွင် ပြာများနှင့်စွန်းထင်းနေသည့် မြေကြီးကို မုဖူရှန်းတူးထုတ်ကာ လုံး၀ပျက်စီးအောင် လုပ်ပြီးနောက် လွင့်ပစ်လိုက်သည်။ 

မုဖူရှန်း သန့်စင်ခြင်းအဆောင်နှင့်အတူ ဒီနေရာက တိုက်ပွဲခြေရာအားလုံးကို ဖယ်ရှားပစ်ရန်အတွက် အလားတူနည်းလမ်းကို သုံးခဲ့သည်။ 

အကြွင်းအကျန်မရှိတာကို သေချာစေရန်အတွက် လေးငါးကြိမ်စစ်ကြည့်ပြီး အားလုံးကို လုပ်ပြီးသောအခါမှသာ မုဖူရှန်းထွက်သွားလေတော့သည်။ 

မုဖူရှန်း စုဝေးရာနေရာကို ပြန်ရောက်သောအခါ ယဲ့ချိုးပိုင်ကျောက်စိမ်းဆွဲသီးကို ကိုင်ထားပြီး အထဲကအသံနှင့် ဆက်သွယါနေသည်။ 

"ဦးလေးလျို၊ ဘာဖြစ်လို့လဲ"

ကျောက်စိမ်းဆွဲသီးထဲကနေ လျိုကျိယု၏ အသံထွက်လာသည်။ 

"ငါမင်းတို့အကူအညီကို လိုအပ်တယ်၊ အခုငါ့ကိုယ်ငါဖော်ပြဖို့ အဆင်မပြေသေးဘူး"

"ကျွန်တော့်ကိုပြောပါ"

"မင်းအဇူရာကောင်းကင်အပိုင်းအကြောင်း သိလား"

ယဲ့ချိုးပိုင် အနည်းငယ်ကြက်သေသေသွားသည်။ ထို့နောက်လျှောက်လာသော မုဖူရှန်းကို ကြည့်ရင်းခေါင်းညိတ်သည်။ 

"အဇူရာကောင်းကင်အပိုင်းနဲ့ပတ်သက်ပြီး ထူးခြားတာတစ်ခုခုရှိနေလို့လား"

"အဲဒီမှာပုံမှန်မဟုတ်တာတွေ မရှိဘူး" လျိုကျိယုတိုးတိုးလေးပြောသည်။ 

"ကြီးကြပ်ရေးဗိမာန်က လူသုံးယောက် လှုပ်ရှားနေကြတယ်၊ သူတို့ပြောစကားအရဆိုရင် သူတို့အဇူရာကောင်းကင်အပိုင်းကို ဖွင့်ပြီး ဘိုးဘေးအင်ပါယာအပိုင်းက တစ်ခုခုရယူဖို့လိုတယ်တဲ့"

"သူတို့ရှာနေတာ ဒါဖြစ်လောက်တယ်"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။ 

"ဒီတော့ ဦးလေးလျို ကျွန်တော်တို့ကို ဘာဖြစ်နေသလဲဆိုတာ သွားကြည့်စေချင်တာလား"

"မှန်တယ်၊ ငါကိုယ့်ကိုကိုယ့်ဖော်ပြဖို့ အဆင်မပြေသေးဘူး၊ ငါမင်းကို တည်နေရာကို ပြောပြမယ်"

"ဒါပေမယ့် မင်းတို့အုပ်စုနှစ်စုခွဲနိုင်တယ်၊ အုပ်စုတစ်စုက အဇူရာကောင်းကင်အပိုင်းကိုသွားပြီး ကျန်တစ်ခုက ဘိုးဘေးအင်ပါယာအပိုင်းကို သွားလို့ရတာပဲလေ"

ယဲ့ချိုးပိုင်ပြုံးသည်။ 

"သေချာတာပေါ့၊ ဒါပေမယ့် ဦးလေးလျို... ကျွန်တော်တို့မှာ ဘာအကျိုးကျေးဇူးတွေရှိလဲ"

ကျောက်စိမ်းဆွဲသီးတခြားတစ်ဘက်က အသံက တစ်ခဏကြာရပ်သွားပြီးနောက် အင်အတန်မကျေမချမ်းဖြစ်နေသည့် အသံတစ်သံထွက်လာသည်။ 

"ငါမင်းတို့အတွက် လုပ်နိုင်တာအကုန်လုပ်ခဲ့တယ်၊ အိုး... မဟုတ်ဘူး၊ ငါမင်းတို့ကို အများကြီးကူညီခဲ့တယ်၊ ဦးလေးလျိုက မင်းတို့ကို ဘာပြန်ပေးဆပ်နိုင်မှာလဲ"

"အိုး......" ယဲ့ချိုးပိုင်တစ်ခဏမျှ ရပ်သွားပြီး ပြောသည်။ 

"ဒါဆိုကျွန်တော်စဉ်းစားကြည့်မယ်"

"ကျွန်တော်တို့ ဦးလေးလျိုကို အခမဲ့ရှာဖို့ ကူညီပေးမယ်"

"ငါးကြိမ်ဆိုရင်ရော"

တခြားတစ်ဘက်က လျိုကျိယု၏မျက်လုံးများ ပြူးကျယ်သွားသည်။ 

"ကောင်စုတ်၊ ကြယ်ငါးပွင့်ကွပ်မျက်သူရဲ့ သတင်းအချက်အလက် စုဆောင်းမှုကုန်ကျစရိတ်က ဘယ်လောက်ထိ မြင့်မားသလဲဆိုတာ မင်းသိလား၊ တခြားသူတွေကလည်း အများကြီးတောင်းနေကြတယ်၊ မင်းကတော့ ပါးစပ်ကို ပြဲသွားလောက်တဲ့အထိ ကျယ်ကျယ်ဟနေတယ်ပေါ့"

"မရဘူး၊ အများကြီးနှစ်ကြိမ်ပဲ"

ယဲ့ချိုးပိုင်ပြုံးသည်။ 

"လေးကြိမ်"

"သုံးကြိမ်ဆို လုံလောက်ပြီ"

"အပေးအယူဖြစ်ပြီ" ယဲ့ချိုးပိုင် ပျော်ရွှင်စွာ ခေါင်းညိတ်ပြီး အပြုံးဖြင့်ပြောသည်။ 

"ဒါဆိုဦးလေးလျို၊ ကျွန်တော်တို့ကို တည်နေရာကို ပြောပါ၊ ကျွန်တော်တို့ဆွေးနွေးပြီး ထွက်ခွာကြမယ်"

လျိုကျိယု ရုတ်တရက်ကြက်သေသေသွားရသည်။ 

သေစမ်း...!

သောက်ကျိုးနည်း!

ငါလှည့်စားခံလိုက်ရပုံပဲ၊ ဒီကောင်စုတ်လေးက ဘာလို့ဒီလောက်ကောက်ကျစ်ရတာလဲ!

ယဲ့ချိုးပိုင် ကျောက်စိမ်းဆွဲသီးကို သိမ်းဆည်းပြီးနောက် လျိုကျိယု တည်နေရာကို ပြောပြပြီးနောက် ရယ်ချင်စိတ်ကို ချုပ်တည်းထားရသည့် ဂျူနီယာများအား ကြည့်လိုက်ပြီး အဖြေကို သိသည့်တိုင် မေးလိုက်သည်။ 

"မင်းတို့ဘာရယ်နေကြတာလဲ"

ဟုန်ရင်ပြုံးသည်။ 

"ကျွန်မသင်ယူခဲ့ရပါတယ်"

နင်းချန်ရှင်းခေါင်းခါယမ်းသည်။ 

"ဦးလေးလျိုက တကယ်သနားစရာပဲ"

မုဖူရှန်းခေါင်းညိတ်ငည်။ 

"အစ်ကိုကြီးက တကယ်အကြံအစည်များတာပဲ"

မု၀မ်အာရယ်မောသည်။ 

"ပိုသေးတယ်"

ယဲ့ချိုးပိုင် လက်အစုံကိုဖြန့်လိုက်သည်။ 

"ရွေးချယ်စရာမရှိဘူးလေ၊ ကြယ်ငါးပွင့်ကွပ်မျက်သူတစ်ယောက်အနေနဲ့ ဦးလေးလျိုက သတင်းအချက်အလက်တွေ ပိုရနိုင်မှာပဲလေ"

"ဒါပေမယ့်ထပ်ပြောရမယ်၊ ဘယ်သူတွေ အဇူရာကောင်းကင်အပိုင်းကို သွားမလဲဆိုတာ ဆွေးနွေးကြရအောင်"

ဒါကိုကြားသော် ဟုန်ရင် လုပ်အားပေးရန် ပဏာ‌မခြေလှမ်းလှမ်းသည်။ 

"ရိုးရှင်းပါတယ်၊ တစ်ချို့ကို ဘိုးဘေးအင်ပါယာပိုင်နက်ကို ခေါ်သွားလိုက်လေ၊ ကျန်တဲ့သူတွေက ငါနဲ့အတူ အဇူရာကောင်းကင်အပိုင်းကို လိုက်ခဲ့ပေါ့"

ထို့နောက် သူမနောက်သို့လှည့်ကြည့်သည်။ 

နင်းချန်ရှင်းပြုံးသည်။ 

"ကျွန်တော် စီနီယာအစ်မနဲ့သွားမယ်"

မု၀မ်အာကလည်း လက်ထောင်သည်။ 

"ကျွန်မလည်းရှိတယ်၊ ကျွန်မလည်းရှိတယ်"

မုဖူရှန်း အလျင်အမြန်ထရပ်သည်။ 

"ကျွန်တော်လည်းသွားမယ်"

ယဲ့ချိုးပိုင်မျက်ခုံးပင့်ကာ မုဖူရှန်းကို ကြည့်လိုက်၏။ 

"မင်းဘာတွေဒီလောက် တက်ကြွနေတာလဲ၊ ဂျူနီယာညီလေးနင်းနဲ့ ညီမလေး၀မ်အာတို့က ဂျူနီယာညီမလေးဟုန်ရင်နဲ့ အမြဲလိုလို လျှောက်သွားနေကြတာ၊ သူတို့က အချင်းချင်းပိုပြီးတောင် ရင်းနှီးကြသေးတယ်၊ မင်းမှာ ဘာအကြောင်းပြချက်ရှိလို့လဲ"

မုဖူရှန်း သူ့တာအိုကို လေးနက်စွာ အတည်ပြုသည်။ 

"အစ်ကိုကြီး အစ်ကိုကြီးတို့ပြဿာနာဖြစ်စေတဲ့အတွက် ကျွန်တော်မုန်းတာလည်း မဟုတ်သလို စိတ်တိုစရာကောင်းတယ်လို့လည်း ထင်တာမဟုတ်ပါဘူး၊ အစ်မကြီးပြောတဲ့စကားလုံးတွေက ပိုသက်တောင့်သက်သာရှိပြီး ကျွန်တော်တို့ ကံကြမ္မာချင်း စပ်နေတယ်လို့ ခံစားရလို့ပါ"

ယဲ့ချိုးပိုင် "....."

လူတိုင်းကျယ်လောင်စွာ ရယ်မောလိုက်မိကြ၏။ 

မရှင်းပြတာက ပိုကောင်းသည်။ 

ထို့နောက် အသင်းနှစ်သင်းက သူတို့၏ လုပ်ငန်းအသီးသီးကို စတင်ကြသည်။ 

ရှောင်ဟိုင်၊ ရှီရှန်း၊ ဖန်ချန်း၊ မုဇီရှင်း၊ ကျန်းချင်းလန်နှင့်စုန့်ရှောင်တို့ကို ယဲ့ချိုးပိုင်ဦးဆောင်ပြီး ဘိုးဘေးအင်ပါယာအပိုင်းသို့ ဦးတည်သွားကြသည်။ 

ဟုန်ရင်ကမူ နင်းချန်ရှင်း၊ မုဖူရှန်းနှင့် မု၀မ်အာတို့ကို အဇူရာကောင်းကင်အပိုင်းသို့ ဦးဆောင်ခေါ်သွားသည်။ 

.....

ဟုန်ရင်နှင့်ကျန်သောသူများ လျိုကျိယုပေးခဲ့သည့် တည်နေရာအရ အဇူရာကောင်းကင်ကျောင်းတော်ရှေ့ကို ရောက်လာသောအခါ ဒီနေရာ၌ အစွမ်းထက်တိုက်ပွဲအော်ရာတစ်ခု ရှိနေဆဲပင်။ 

"ကြည့်ရတာ ကြီးကြပ်ရေးဗိမာန်က လူတွေ၀င်သွားကြပြီထင်တယ်" နင်းချန်ရှင်း ဘေးဘီဝဲယာကြည့်ရင်း အဇူရာကောင်းကင်ကျောင်းတော်တံခါးကို ကြည့်လိုက်သည်။ 

တံခါးကဖွင့်ပြီးသားပင်။ တံခါးနောက်ဘက်တွင် အပေါ်ကတောင်ထိပ်အထိ ဆန့်ထွက်နေသည့် လှေကားတစ်စင်းရှိသည်။ 

ဒီလှေကားထစ်များ၌ ထူးခြားတာဟူ၍ ဘာတစ်ခုမှမရှိပါ။ 

ဖိနှ်ပ်ခြင်းအော်ရာ သို့မဟုတ် ထောင်ချောက်အရိပ်အယောင်များလည်း မရှိ။ 

ဒါကိုမြင်သော် ဟုန်ရင်ပြောသည်။ 

"ဒီလိုဆိုမှတော့ ဝင်ကြရအောင်"

သူတို့ အဇူရာကောင်းကင်ကျောင်းတော်ဆီသို့ လျှောက်သွားကြပြီး လှေကားထစ်များကနေ တက်သွားကြ၏။ 

အဇူရာကောင်းကင်ကျောင်းတော်၏ အဆောက်အအုံများက တခြားနေရာများနှင့် ယှဉ်ပါက အတော်လေး အကောင်းပကတိအတိုင်း ရှိနေသေးသည်။ 

ဒါကအလွန်အမင်းပျက်စီးနေသည့်တိုင် သူတို့ခန်းမသုံးလေးခုကို မြင်နိုင်ပါသေးသည်။ 

လှေကားထစ်များကနေ တက်သွားစဉ် အကောင်းပကတိရှိသေးသည့်၊ ပျက်စီးနေသည့် အဆောက်အအုံများက သူတို့ရှေ့တွင် ပေါ်လာသည်။ 

ဟုန်ရင်နှင့်ကျန်သောသူများ အဆောက်အအုံတစ်ခုအလယ်က ကျောက်ဖြူလမ်းကနေတဆင့် လျှောက်သွားကြ၏။ 

ပတ်၀န်းကျင်သို့ကြည့်ပါက  အဆောက်အအုံများထဲတွင် မြင့်မားသည့်စင်မြင့်၌ ကြမ်းခင်းလိပ်တစ်ချို့ကို ရှင်းလင်းစွာ တွေ့နိုင်သည်။ 

ကြည့်ရသည်မှာ ဒီနေရာက အဇူရာကောင်းကင်ကျောင်းတော် ကျောင်းသားများကို တာအိုအကြောင်း ဟောပြောသည့် နေရာဖြစ်ပုံရသည်။ 

သို့သော် ကျင့်ကြံခြင်းက အလွန်အမင်း တောက်ပခဲ့သည့် ရှေးခေတ်က အဇူရာကောင်းကင်ကျောင်းတော်က မည်သည့်အခန်းကဏ္ဍကနေ ပါ၀င်ခဲ့လေသနည်း။ 

၎င်းက ဘယ်လိုပုံရိပ်မျိုးကို သိမ်းပိုက်ထားနိုင်ခဲ့လေသနည်း။ 

ထို့နောက်တွင်သာ သူတို့တာအိုဟောပြောခြင်းနေရာများကို တည်ထောင်နိုင်ပေလိမ့်မည်။ 

ဟုန်ရင်တို့ကို ပို၍အံ့ဩသင့်စေတာက ဟောပြောရေးအဆောက်အအုံတိုင်းတွင် ဆိုင်းဘုတ်တစ်ခုစီ ချိတ်ထားခြင်းပင်။ 

ဓားတာအိုကို ရေးထွင်းထားသည့် ဆိုင်းဘုတ်တစ်ခုရှိသလို အစီအရင်နှင့် အဂ္ဂိရတ်ကို ရေးထွင်းထားသည့် ဆိုင်းဘုတ်များလည်းရှိသည်။ 

ခန်းမတိုင်းတွင် အသေးစိတ်ကျသည့် ဟောပြောမှုအပိုင်းများရှိသည်မှာ ရှင်းနေသည်။ 

သူတို့လျှောက်သွားကြစဉ် ရုတ်တရက် ရပ်လိုက်ကြသည်။ 

နောက်ဆုံးတော့ သူတို့ရှေ့တွင် ရေကန်တစ်ကန်တွေ့လိုက်ရလေပြီ။ ‌

ရေကန်ထဲတွင် အရိုးစုများနှင့် လက်နက်မျိုးစုံရှိသည်။ 

ရေကန်တစ်ခုလုံးထဲက သွေးက အချိန်ကြာလာသည်နှင့်အမျှ အနက်ရောင်ပြောင်းနေသည်။ 

သွေးရနံ့က သူတို့မျက်နှာများကို လာဟပ်ကျူးကျော်နေဆဲပင်။ 

ဟုန်ရင်နှင့် ကျန်သောသူများ ရှေ့သို့ ကြည့်လိုက်ကြသည်။ 

ဧရာမရေကန်အလယ်တွင် ကျွန်းလေးတစ်ကျွန်းရှိသည်။ 

ကျွန်းပေါ်၌ ခန်းမများစွာရှိသည်။ 

ရေကန်နှင့်၀န်းရံခံထားရသည့် ဒီကျွန်းလေးက အဇူရာကောင်းကင်ကျော်တော်၏ ဗဟိုချက်နေရာဖြစ်နိုင်ချေပိုများသည်။ 

အပိုင်း(1135) coming။ 

All Chapters