ကောင်းကင်စာလိပ်
Vol. 3 Ch. 212
ဒီဇင်ဘာလ အစသို့ ရောက်ရှိ လာသည်နှင့် ချန်းဖန်သည် လင်းမြို့တော်မှ ထွက်ခွာရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
သူလင်းမြို့တော်သို့ ပထမဆုံး ရောက်ရှိသည့် အချိန်တွင် သူ့ဘေးတွင် လုယန်းစူးနှင့် မေ့ရှောင်ချင်သာ ရှိသည်။ ယခု လင်းမြို့တော်မှ ထွက်ခွာမည့် အချိန်တွင်မူ လူအုပ်ကြီးက သူ့ကိုလာရောက် နှုတ်ဆက်ကြသည်။ လုအိမ်တော်၏ အကြီးအကဲများ၊ ဆေးနတ်ဘုရား တောင်ကြားဂိုဏ်းမှ လူများနှင့် အစိုးရ အခြေစိုက်အဖွဲ့ကို ကိုယ်စားပြုသည့် ယုချင်တို့လည်း ပါဝင်သည်။
ချန်းဖန်သည် ထုံရှန်းနှင့်အတူ လူအိမ်တော်မှ မာစီးတီးကားကို စီးကာ ထွက်ခွာ လာခဲ့သည်။ သူ၏ရှေ့တွင်မူ စစ်တပ် ဂျစ်ကားနှင့် ယုချင်ရှိပြီး သူ၏နောက်တွင် အခြား ဇိမ်ခံကားများစွာ လိုက်ပါ လာကြသည်။ လူအုပ်ကြီးမှာ ထိုကားတန်းကို ကြည့်ပြီး မည်သူလိုက်ပါ စီးနင်းသည်ကို ခန့်မှန်း နေကြတော့သည်။
လုယန်ရွယ်က တံခါးကိုမှီရင်း တဖြည်းဖြည်း ဝေးသွားသည့် ကားတန်းကြီးကို ကြည့်နေမိသည်။ ကားတန်းကြီးကို မမြင်ရတော့သည့် အချိန်တွင် လုယန်ဝူက သူမဆီသို့ လှမ်းလာရင်း ဝမ်းနည်းစွာ ပြောလိုက်သည်။
“သူနောက်ဆုံးတော့ ထွက်သွားပြီပေါ့ ..."
“အင်း ငါသိတယ် ...” လုယန်ရွယ်က လည်ပင်းတွင် လွယ်ထားသည့် ကျောက်စိမ်း ဆွဲသီးကို ပွတ်သပ်ရင်း ဝမ်းနည်းမှုများကို ထိန်းချုပ်လိုက်သည်။
“ဘယ်အချိန် ကျမှ နင့်ကိုပြန်တွေ့ ရမလဲ မသိပေမဲ့ နင်ငါ့ကို ပြန်တွေ့တဲ့ အချိန်ကျရင် နင်အံ့ဩ စေရမယ် ...”
လုယန်ဝူ ကလည်း မျက်ရည်များကို သုတ်လိုက်ရင်း …
”ညီမလေး ရှောင်ရွယ် ... ငါတို့ အလုပ်ပြန် လုပ်ရအောင်။ ဒီအိမ်တော်ကြီးမှာ ပြောင်းလဲစရာ အများကြီး ရှိသေးတယ် ...”
***
ဩဂုတ်လ သုံးရက်နေ့တွင် ရိုမန်သည် ထိုက်ကျိဂိုဏ်းမှ အထွတ်အထိပ် အဆင့်ပညာရှင် ချန်းဂျူရန်ကို စိန်ခေါ် တိုက်ခိုက်ခဲ့ပြီး ၃နာရီ အကြာတွင် တိုက်ပွဲ ပြီးဆုံးသွားသည်။
ဩဂုတ်(၁၅)တွင် ချန်ပေ့ရွှမ်းသည် ဟောင်ဂိုဏ်းမှ အထွတ်အထိပ် အဆင့်ပညာရှင်နှင့် အနောက် ရေကန်တွင် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲသည် ဆယ်နှစ်တာ ကာလတွင် အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ပြီး တိုက်ခိုက်ကြသူ နှစ်ဦးလုံးကလည်း အထွတ်အထိပ် အဆင့်သို့ ရောက်ရှိ နေကြသူများ ဖြစ်သည်။ သူတို့နှစ်ဦး၏ တိုက်ခိုက်မှုကြောင့် လှိုင်းလုံးများသည် ဆယ်မီတာ အထိ မြင့်တက် လာကြသည်။ နောက်ဆုံးတွင် လဲ့ချန်းကျွယ်မှာ ချန်ပေ့ရွှမ်း၏ လက်အောက်တွင် ရှုံးနိမ့်ကာ တိုက်ပွဲပြီးဆုံး သွားပြီး လဲ့ချန်းကျွယ်လည်း သေဆုံးခဲ့ ရသည်။
ဩဂုတ်(၂၃)တွင် ချန်ပေ့ရွှမ်းသည် သွေးခေါင်း အဖွဲ့အဖွဲ့မှ အတော်ဆုံး ဖြစ်သည့် မဟူဟာမြွေကို သတ်ဖြတ်ပစ် ခဲ့သည်။ ထိုသတင်းမှာ တရုတ်ပြည်တွင် သာမက တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားသည်။
ဩဂုတ်(၂၇)တွင် ချန်းဂျူရန်သည် ဟွာမိသားစု၏ အကြီးအကဲ ဖြစ်သည့် ဟွာရန်ဖန်းကို စိန်ခေါ် တိုက်ခိုက်ခဲ့သည်။
တရုတ်ပြည်၏ သိုင်းလောကမှာ ငြိမ်သက် မနေဘဲ တစ်ယောက်နှင့် တစ်ယောက် အမြဲတိုက်ခိုက် နေကြသည်။ အထွတ်အထိပ် အဆင့် ပညာရှင် အချို့မှာမူ သီးသန့်နေကာ လေ့ကျင့်လို သဖြင့် တောင်တန်းများနှင့် လူမရှိသည့် နေရာများတွင် ပုန်းအောင်း လေ့ကျင့်ကြ ရသည်။ တရုတ်ပြည်တွင် အထွတ်အထိပ် အဆင့် ပညာရှင်များမှာ အလွန် များပြားပြီး အဆင့် သတ်မှတ်ချက် များကို သူတိုက်ခိုက် ခဲ့သည့် မှတ်တမ်းများကို ကြည့်၍ ဆုံးဖြတ်ကြသည်။ တရုတ်ပြည်တွင် တစ်ကြိမ်တစ်ခါမျှ စိန်ခေါ် မခံရသေးသည့် အထွတ်အထိပ် အဆင့်ပညာရှင် သုံးဦးရှိသည်။
ထိုသုံးဦးမှ နှစ်ဦးသည် ချန်ပေ့ရွှမ်းနှင့် ယဲ့နန်ထန်း ဖြစ်သည်။
“ဆရာဦးလေး၊ ဆရာဦးလေးမူ၊ စီနီယာ အစ်ကိုကူ၊ ကြည့်ပါဦး။ ကောင်းကင် စာလိပ် ထွက်လာပြီ ...”
“ကောင်းကင်စာလိပ် ... ဘာလဲဟ” မူရှမ်းက မေးလိုက်သည်။ ကူပိုင်ရှင်း ကလည်း လေ့ကျင့်ခန်း လုပ်နေရာမှ ရပ်လိုက်ရင်း စိတ်ရှုပ်စွာ လှည့်ကြည့်လိုက်သည်။
အဘိုးအိုကြီး တစ်ယောက်ကလည်း ခေါင်းမော့ကာ မေးသည်။
“ကောင်းကင် ... ဘာရီး။ ငါဘာလို့ မကြားဖူး ရတာလဲ”
“ဆရာဦးလေးမူ ကျွန်မတို့ အွန်လိုင်းပေါ်မှာ စကားပြောတဲ့ အုပ်စုလေး လုပ်ထားတယ်လေ။ အဲဒီ အုပ်စုထဲမှာ တစ်ကမ္ဘာလုံးက သိုင်းပညာရှင်တွေ ရှိတယ်။ အဲဒီတော့ တစ်နိုင်ငံလုံးမှာ ရှိတဲ့တွေ သတင်းတွေ အားလုံးကို သိနိုင်တယ်။ အခု အဲဒီထဲမှာ ရှိနေတဲ့ သိုင်းပညာရှင်တွေက အထွတ်အထိပ်အဆင့် ပညာရှင်တွေကို အဆင့်သတ်မှတ် ကြမလို့တဲ့ ...”
“ကလေးတွေက အထွတ်အထိပ် အဆင့် ပညာရှင်တွေကို အဆင့် သတ်မှတ်မလို့ ဟုတ်လား ...” လူအိုကြီးက ပြောလိုက်သည်။
“အထွတ်အထိပ် အဆင့်ပညာရှင် ဆိုတာ နဂါးတွေလို အစွမ်းရှိတဲ့ သူတွေပဲ။ အစွမ်းထက်တဲ့ အထွတ်အထိပ် အဆင့်ပညာရှင် တစ်ယောက်ကပဲ အခြား အထွတ်အထိပ် အဆင့်ပညာရှင် တစ်ဦးရဲ့ စွမ်းအားကို သေသေချာချာ နားလည်နိုင်တယ်။ မင်းတို့ကို လူငယ်လေးတွေက ဘာသိမှာ မလို့လဲ ...”
“ဒါကြောင့် မလို့ပဲ သမီးတို့ အထွတ်အထိပ် အဆင့်ပညာရှင် တွေကို အဆင့်မသတ်မှတ် နိုင်သေးတာပေါ့။ ခွန်လန်းလို့ ခေါ်တဲ့ လူတစ်ယောက်က အခုနကပဲ ဒီအဆင့် သတ်မှတ်ချက်တွေ ပါတဲ့ ကောင်းကင် စာလိပ်ကို တင်ပေးခဲ့တာ ...” ကူရှင်းရှင်းသည် ခွန်လန်း၏ နာမည်ကို ကြားသောအခါ မျက်လုံးလှန်ပြီး ကြည့်လိုက်သည်။
“သူက ငါတို့မသိတဲ့ အရာတွေ အများကြီးကို သိတယ်။ ပြီးတဲ့ သူသိတဲ့ အရာတွေ အားလုံးကလည်း အမှန်တွေချည်းပဲ …"
“ခွန်လန်း ...” မူရှမ်းက ထိုမရင်းနှီးသော နာမည်ကို ရေရွတ်လိုက်သည်။
“ဟုတ်တယ် ...။ ဒီမှာ အထွတ်အထိပ် အဆင့် ပညာရှင်တွေရဲ့ အဆင့်ကို သတ်မှတ်ထားတဲ့ စာရင်း ...”
“နံပါတ်(၁၅) ချန်းဂျူရန် အသက် ၆၃နှစ် ထိုက်ကျိဂိုဏ်းက ဖြစ်ပြီးတော့ ထိုက်ကျိ ချီစွမ်းအင်ကို ကျွမ်းကျင်သူ ဖြစ်တယ်။ သူက ချီစွမ်းအင်ကို ပုံအမျိုးမျိုး ပြောင်းနိုင်ပြီးတော့ တခြား အထွတ်အထိပ် အဆင့်ပညာရှင် တွေထက် ပိုပြီးတော့ အစွမ်းထက်တယ်။ သူက အထွတ်အထိပ် အဆင့်ရဲ့ အစောပိုင်း အဆင့်မှာ။ အရင် ဆယ့်ခုနစ်နှစ်က သူနဲ့ လဲ့ချန်းကျွယ်ရဲ့ တိုက်ပွဲမှာ သူရှုံးခဲ့တယ်။ အရင် တစ်လက သူနဲ့ လဲ့ချန်းကျွယ်ရဲ့ တပည့် ရိုမန်ရဲ့ တိုက်ပွဲက သရေကျတယ်။ ဒါပေမဲ့ သူ၏တိုက်ပွဲ စွမ်းရည်နှင့် အတွေ့အကြုံတွေက ရိုမန်ထက် များတယ် ...“ ကူရှင်းရှင်း ဆက်၍ ဖတ်သည်။
“ချန်ဂျူရန်က ထိုက်ကျိ ချီစွမ်းအင်ကို တော်တော် ကျွမ်းကျင်နေတဲ့ လူပဲ“ လူအိုကြီးသည် ပြောရင်း ခေါင်းညိတ်လိုက်သည်။ မူရှမ်းနှင့် အခြားသူများသည် ထိုလူအိုကြီးဆီမှ ချီးကျူးစကား ထွက်လာသည့် အတွက် အံ့ဩသွားသည်။ သူတို့၏ ဆရာဦးလေးသည် ချန်ဂျူရန်ကို အထင်ကြီး လေးစား နေလိမ့်မည်ဟု သူတို့ မထင်ထားပေ။ ထိုလူကြီးသည် အထွတ်အထိပ်အဆင့် ပညာရှင် အဆင့်သို့ ကူးပြောင်းရန် အလွန် နီးကပ်နေသည့်လူ ဖြစ်သည်။
“ချန်ဂျူရန်က အဆင့်(၁၅) ဆိုတော့ သူ့ရှေ့က ဘယ်သူတွေလဲ ...” ကူပိုင်ရှင်းက မေးလိုက်သည်။
“အများကြီးပဲ။ (၁၁)ယောက်မြောက်က ထူစန်းတဲ့။ သူက အဆိပ်နဲ့ ပိုးကောင်တွေကို ထိန်းချုပ်နိုင်တဲ့ ပညာရှင်ပဲ။ သူ့မှာ မြွေကြီးတစ်ကောင် ရှိတယ်။ အဲဒီ မြွေကလည်း အထွတ်အထိပ် အဆင့်ပညာရှင် တစ်ယောက်အဆင့်နဲ့ ညီမျှတယ်။ ထူစန်းရဲ့ အဆိပ်တစ်ထောင် ပညာရပ်က အထွတ်အထိပ် အဆင့်ပညာရှင် အဆင့် ပညာရှင်တွေ ကိုတောင် ခေါင်းကိုက်စေတယ် ...”
“ခွန်လန်းက အထင်ကြီးစရာ ကောင်းလောက်အောင် သတင်းစုံတာပဲ” မူရှန်း ခေါင်းညိတ်ရင်း ပြောလိုက်သည်။
"နံပါတ်(၈)ယောက် မြောက်က တရုတ်ပြည် တောင်ပိုင်းက ဝူအိမ်တော်ရဲ့ သခင်တဲ့။ သူက သူ့ရဲ့ နဂါးလက်သီးကို သုံးပြီး ချန်ဂျူရန်ကို နှစ်ကြိမ်တောင် နိုင်ခဲ့တာတဲ့။ သူနဂါး လက်သီးကို သုံးလိုက်တဲ့ အချိန်ဆိုရင် သူ့ရဲ့ ချီစွမ်းအင်က နဂါးတစ်ကောင် အဖြစ် ပြောင်းသွားတယ်တဲ့။ သူ့ရဲ့ လက်သီးတစ်ချက်က စတီးတွေ ကိုတောင် အပိုင်းပိုင်း ဖြစ်စေနိုင် တယ်တဲ့။ သူက အခု အလယ်အလတ် အဆင့်ကို ရောက်နေပြီတဲ့။ အခုသူက သူ့မိသားစုနဲ့ ရန်ကျင်းမှာ နေနေတယ်တဲ့”
“ဝူမိသားစုမှာ အထွတ်အထိပ် အဆင့်ပညာရှင် တစ်ယောက် ရှိတာလား ...” မူရှန်း အံ့ဩသွားသည်။
“ရှန်းဟီက သိုင်းပညာ ပါရမီရှင် တစ်ယောက်ပဲ။ သူနဲ့ မင်းရဲ့ ဂိုဏ်းတူဦးလေး ကျန်းတန် နှစ်ယောက်ကို ပူးတွဲ ချန်ပီယံတွေ အဖြစ် သတ်မှတ် ထားကြတာ။ သူတို့ နှစ်ယောက်လုံး နှစ်အတော်ကြာ ပျောက်နေတာ။ အခုက သူရန်ကျင်းမှာ နေတယ်လို့ ပြောတာ ပထမဆုံး သူ့အကြောင်း ကြားတာပဲ ...”
“ဆရာ ဦးလေးလည်း ဒီစာရင်းထဲမှာ ပါတယ် ...“ ကူရှင်းရှင်း ရုတ်တရက် အော်လိုက်သည်။ မူရှမ်းနှင့် အဘိုးအိုတို့ အံ့ဩ သွားကြသည်။
“နံပါတ်(၇)က ပါးကျီဂိုဏ်းမှ ကူကျန်းတန် ဖြစ်တယ်။ သူက အသက်(၄၀)မှာ အထွတ်အထိပ် အဆင့်ပညာရှင် အဆင့်ကို ရောက်ခဲ့သူ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ တောင်တွေကို ခွဲနိုင်ပြီး စိန်ကိုအမှုန့် ခြေပစ် နိုင်တယ်တဲ့။ သူ့ကို သူ့လက်အောက်ခံက လူတွေက စစ်ပွဲနတ်ဘုရားလို့ ခေါ်တယ်တဲ့။ သူကလည်း ပျောက်နေတာ တော်တော် ကြာပြီတဲ့။ ကောလာဟလ ထွက်တာတွေ ကတော့ သူက စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင် နေတယ်တဲ့ ...”
ကူရှင်းရှင်းသည် အဘိုးအိုကို မယုံသင်္ကာ ကြည့်ရင်း မေးလိုက်သည်။
”ဆရာ ဦးလေးက စစ်တပ်ထဲမှာ အလုပ် လုပ်နေတာလား ...”
အဘိုးအိုက မျက်လုံးမှိတ်ရင်း တစ်စုံတစ်ခုကို အချိန် အတော်ကြာ တွေးတောနေသည်။ ထို့နောက် ခေါင်းညိတ်ရင်း ပြောလိုက်သည်။
“သူက ယဲ့နန်ထန်းလို နိုင်ငံတော်အတွက် အမြဲတမ်း တာဝန်ထမ်းဆောင် ချင်နေခဲ့တာ။ ဒါကလည်း ငါတို့ဂိုဏ်းရဲ့ တာဝန်ပဲလေ”
မူရှန်း ခေါင်းညိတ်လိုက်သည်။ စစ်ထဲတွင် တာဝန် ထမ်းဆောင်နေသည့် သူတို့ မိသားစုဝင်များ မနည်းပေ။
“နံပါတ် (၄)ကဟွာ မိသားစုကဟွာ ရန်ဖန်းတဲ့။ သူက အသက်(၉၉)နှစ် ရှိပြီတဲ့။ သူ အထွတ်အထိပ် အဆင့်ပညာရှင် တစ်ယောက် ဖြစ်နေတာ ဆယ်စုနှစ် တစ်ခုကျော် နေပြီတဲ့။ သူက မာဖီးရား မိသားစု တစ်ခုက ပေါက်ဖွားလာတာ။ သူ့တစ်သက်လုံးမှာ တိုက်ပွဲတွေ အများကြီး ဖြစ်ခဲ့ပြီရ တစ်ခါမှ မရှုံးဖူးဘူးတဲ့။ ဒီလ (၁၇)ရက်နေ့တုန်းက သူက ချန်ဂျူရန်ကို နိုင်ထားတာ။ လဲ့ချန်းကျွယ် ကတောင် လွန်ခဲ့တဲ့ (၁၇)နှစ်တုန်းက သူ့ကို စိန်ခေါ် သေးတယ်တဲ့။ ဒါပေမဲ့ ဘယ်သူမှ သူ့ကို မနိုင်မယူ နိုင်သေးဘူး ...”
“သူက တရုတ်ပြည်မှာ ရှိတဲ့ သိုင်းပညာရှင်တွေ ထဲမှာ တကယ့်ကို တော်တဲ့လူပဲ။ သူ အထွတ်အထိပ် အဆင့်ပညာရှင် အဆင့်ကို ရောက်တော့ ငါက ဆယ်ကျော်သက် ဘဝပဲ ရှိသေးတယ် ...”
လူအိုကြီးသည် ချီးကျူးရင်း ပြောလိုက်သည်။
“အဆင့်(၂)က ယဲ့နန်ထန်း ၊ ရန်တောင်ပေါ်မှာ ရှိတဲ့ ရဲ့မိသားစု ကနေ ဆင်းသက်လာတာ၊ သူက အသက်(၃၇)နှစ်မှာ အထွတ်အထိပ် အဆင့်ကို ရောက်နေပြီ။ သူသိုင်းပညာ စသင်တဲ့ အချိန်ကစပြီး ခုချိန်ထိ သူ့ကိုနိုင်တဲ့သူ မရှိသေးဘူးတဲ့။ သူ့ကို အင်မော်တယ် အဆင့်အထိ ရောက်လိမ့်မယ်လို့ တရုတ်ပြည်က လူတွေက ခန့်မှန်းထား ရကြတယ်။ သူက စစ်တပ်က ဗိုလ်မှူးတစ်ယောက် ဖြစ်ပြီးတော့ နဂါးတောင်ပံ စစ်တပ် အဖွဲ့ကို အုပ်ချုပ်ပြီး ကမ္ဘာတစ်ဝန်းမှာ စစ်ပွဲတွေ တိုက်ခဲ့တယ်။ သူ့ဘဝမှာ အကြီးမားဆုံးသော တိုက်ပွဲက လဲ့ချန်းကျွယ်နဲ့ တိုက်ပွဲပဲ။ လူတိုင်းအနိုင် မယူနိုင်ခဲ့တဲ့ လဲ့ချန်းကျွယ်ကို သူနိုင်အောင် တိုက်နိုင်တယ်။ သူက အရင်နှစ်တွေ ကတည်းက အထွတ်အထိပ် အဆင့်ကို ရောက်နေပြီ။ အခု သူ့အဆင့် ဘယ်ရောက် နေပြီလဲဆိုတာ ဘယ်သူမှ မသိကြဘူးတဲ့ ...”
ကူရှင်းရှင်းသည် ဖတ်နေရင်း မျက်လုံးတွင် အံ့ဩမှုများ ပေါ်ပေါက်လာသည်။
ချန်ဖန် မမွေးဖွား သေးခင်မှာပင် ယဲ့နန်ထန်းက တရုတ်ပြည်တွင် အကျော်ကြားဆုံး လူဖြစ်နေခဲ့ပြီ ဖြစ်သည်။
“ချန်ပေ့ရွှမ်းက စာရင်းထဲမှာ မပါဘူးလား ...” ကူပိုင်ရှင်းက မေးမြန်းလိုက်သည်။
“နံပါတ်(၁) အထွတ်အထိပ် အဆင့် ပညာရှင်က ဆယ်ကျော်သက် ကောင်လေး ချန်ပေ့ရွှမ်းတဲ့။ သူက အသက်၁၈နှစ်ပဲ ရှိသေးတာတဲ့ ပြီးတော့ ကျန်းပေ့နယ် ကတဲ့။ သူက အသက်၁၆နှစ်က စပြီး သိုင်းပညာကို လေ့ကျင့်တာတဲ့။ သူက လုထျန်းဝူကို အလွယ်တကူ နိုင်ခဲ့ပြီးတော့ လဲ့ချန်းကျွယ်ကိုလည်း တစ်ချက်တည်းနဲ့ သတ်ခဲ့တာတဲ့။ သူက လုပ်ကြံ သူတွေရဲ့ ဘုရင် မဟူရာမြွေ ကိုလည်း သတ်ခဲ့တယ်တဲ့”
ကူရှင်းရှင်းသည် ပြောနေသည်မှ ရပ်တန့်လိုက်သည်။ ထို့နောက် အသက် ပြန်ရှူရင်း ဆက်ဖတ်လိုက်သည်။
“ထိပ်ဆုံးအဆင့် အထွတ်အထိပ် အဆင့်ပညာရှင်၊ အထွတ်အထိပ် အဆင့် ဓမ္မအစီအရင် ပညာရှင်၊ ရုပ်ပိုင်းဆိုင်ရာ သန့်စင်တဲ့ အထွတ်အထိပ် အဆင့် ပညာရှင်တဲ့။ သူ့ရဲ့ အသက်နဲ့ ဒီလို စွမ်းအင်တွေ ရှိနေတာ မေးခွန်း ထုတ်စရာပဲ ...”
“သူ့ကို နဂါးချန်လို့တောင် ခေါ်ကြတယ်။ သူက တရုတ်ပြည်မှာ အတော်ဆုံး အထွတ်အထိပ်အဆင့် ပညာရှင်ဖြစ်တဲ့ အပြင် တစ်ကမ္ဘာလုံးမှာ အတော်ဆုံး တိုက်ခိုက်ရေး သမားပဲ ...”
အပ်ကျသံမျှပင် ကြားရလောက်သည် အထိ အခန်းက တိတ်ဆိတ်သွားသည်။ ကူပိုင်ရှင်း၏ မျက်နှာမှာ မည်းမှောင်နေပြီး မျက်လုံးထဲတွင် မျှော်လင့်ချက်များ မရှိသကဲ့သို့ ဖြစ်သွားသည်။ ဆယ်ကျော်သက် အရွယ်တွင်ပင် ချန်းဖန်မှာ တရုတ်ပြည်၏ သိုင်းလောကကို အုပ်စိုးနိုင်ပြီး အာဏာရှိသောလူ ဖြစ်လာသည်။
***