← Chapters

မိခင်၏ မေတ္တာနှင့် သစ္စာရှိသော သား

Vol. 124 Ch. 1612

မိခင်၏ မေတ္တာနှင့် သစ္စာရှိသော သား

Vol. 124 Ch. 1612

“မယ်တော်၊ မစိုးရိမ်ပါနဲ့…. ကျွန်တော် အတော်ဆုံး နတ်ဆေးဆရာကို ခေါ်ပြီး မယ်တော့်ကို ကုပေးပါ့မယ်”

ကောင်းကင်နတ်အရှင်ဟောင်သည် သခင်မယွမ်မုကို ကျောပိုး၍ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲမှ ယိုတုဆီသို့ ထွက်ခွာသွားတော့သည်။

ယိုတုမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်နေသည်။ ကောင်းကင်နတ်အရှင်ရှု၊ ကောင်းကင်ယင်သားတော်နှင့် မိစ္ဆာလမ်းစဉ် ကျင့်ကြံကြသော အခြားနတ်ဘုရားများက ယိုတုကို ထိန်းသိမ်းရန် အကောင်းဆုံးကြိုးစားနေကြသည်။

သို့သော် မြေအောက်ဘုံအရှင်သခင် မရှိသောကြောင့် ယိုတုကို တည်ငြိမ်စေနိုင်ရန် မလွယ်ပေ။

“သားတစ်ယောက်အနေနဲ့ အရှင်မင်ကြီးရဲ့ ဝာာဝန်သိတတ်မှုကတော့ ကောင်းကင်နဲ့ မြေကြီးကိုတောင် တုန်လှုပ်စေနိုင်ပါတယ်…. မိခင်အပေါ် ကျေးဇူးသိတတ်ပုံကတော့ တစ်လောကလုံးအတွက် စံပြပါပဲ”

ကောင်းကင်ယင်သားတော်မှာ ကောင်းကင်နတ်အရှင်ဟောင် သခင်မယွမ်မုအား ကျောပိုးလာသည်ကို မြင်လျှင် ချက်ချင်းပင် ပြားပြား၀ပ်သည်အထိ အရိုအသေပေးရင်း တရှုံ့ရှုံ့ ငိုကြွေးတော့သည်။ “ဘယ်သူကများ ဒီလောက် ရက်စက်ကြမ်းကြုတ်စွာနဲ့ သခင်မယွမ်မုအပေါ် အန္တရာယ်ပြုရတာလဲခင်ဗျာ … အဲ့ဒီလူ သေသင့်ပါတယ်”

ကောင်းကင်နတ်အရှင်ဟောင်က ဖြေသည်။ “ငါ့မယ်တော်ကို ထိခိုက်‌အောင် လုပ်သွားတဲ့သူက ခွေးတိရစ္ဆာန်ကောင် ကောင်းကင်နတ်အရှင်မူပဲ”

ကောင်းကင်ယင်သားတော်မှာ ဖြောင့်မတ်တည်ကြည်သည့် အမူအရာဖမ်းလိုက်ပြီး ချက်ချင်းဆိုသလို မျက်ဝန်းများ ခက်ထန်လာသည်။ သူက မာန်မဲလိုက်၏။ “ထိခိုက်အောင် လုပ်ခဲ့ကောင်က သူဆိုမှတော့ ကျွန်တော် သူနဲ့ တစ်မိုးအောက်တည်းမှာ မနေနိုင်ဘူး… ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို စစ်ချီဖို့ အမိန့်ချပေးတော်မူပါ အရှင်မင်းကြီး…. ကျွန်တော် ကိုယ်တိုင် ချင်မူကို ချေမှုန်းပေးပါ့မယ်”

ကောင်းကင်နတ်အရှင်ဟောင်က ခေါင်းရမ်းသည်။ “ချောင်ကျင့်၊ မင်း အမြဲ‌ သစ္စာရှိခဲ့တာကို ငါ သိပြီးသားပါ. ဒါပေမဲ့ ပျက်စီးသွားတဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက အကောင်းဆုံး ထာဝရငြိမ်းချမ်းရေးအင်ပါယာ မဟုတ်ဘူး… ဒီနေ့ ကောင်းကင်နတ်ဘုံက ကြွယ်ဝချမ်းသာနေတဲ့ပုံပေါ်ပေမယ့် ငါ နန်းမတက်ရသေးသလို ငါ့ခမည်းတော်က ပလ္လင်ကို သိမ်းပိုက်ထားတုန်းပဲ…. ပြောင်းလဲမှုတွေ ဖြစ်လာခဲ့ရင် ငါ အရာရှိတွေအပေါ် ဖိနှိပ်ထားနိုင်အောင် ထာဝရငြိမ်းချမ်းရေးအင်ပါယာဘက်က လက်နက်တွေ သွန်းလုပ်ပေးဖို့ လိုတယ်… ဒ့ါအပြင် ကောင်းကင်ဘုံနဲ့ လောကတစ်သောင်းမှာလည်း ဖရိုဖရဲတွေ ဖြစ်နေတယ်လို့ ကောင်းကင်ဆရာသခင်မုန့်က ငါ့ကို လျှောက်တင်ထားတယ်… အဲဒီအဖြစ်အပျက်တွေ ပျံ့နှံ့သွားမှာ စိုးရိမ်မိတယ် … ဒီလိုအချိန်မှာ သတိလွတ်လို့မဖြစ်ဘူး”

သူက သက်ပြင်းချလိုက်သည်။ “ငါ့ရဲ့ အတိုက်အခိုက်စွမ်းရည်က တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းဆိုပေမယ့် အတိုက်အခိုက်စွမ်းရည်နဲ့ပဲ တစ်လောကလုံးအပေါ် အုပ်ချုပ်လို့မရဘူး… လောကကြီးကို အုပ်ချုပ်ဖို့ဆိုတာ ပိုပြီးတော့ ခက်ခဲတယ်… ခွန်အားသုံးပြီး အုပ်ချုပ်ခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားတွေဆိုရင် တွန်းလှန်ခံခဲ့ရတယ်…. ငါတို့ အမှားတွေကနေ သင်ယူကြရမယ်မဟုတ်လား… ဒါကြောင့် ဘာပဲဖြစ်ဖြစ် ယိုတုနဲ့ ရွှမ်တုကို ချုပ်ကိုင်ထားရမယ်… အဲဒီနေရာနှစ်နေရာက ငါအုပ်ချုပ်ရတာ မခက်ခဲအောင် လုပ်ပေးလိမ့်မယ်”

ကောင်းကင်ယင်သားတော်က ဦးညွှတ်အရိုအသေပေးကာ လျှောက်တင်သည်။ “ကျွန်တော် နားမလည်ဘူး”

ကောင်းကင်နတ်အရှင်ဟောင်က ရှင်းပြ၏။ “စကြ၀ဠာသာ ငါ့ကို ပုန်ကန်လာခဲ့ရင် ရွှမ်တုက သူတို့ရဲ့ နေ၊ လနဲ့ ကြယ်တာရာတွေကို ဖျက်စီးပြီး သဘာဝကပ်ဘေးတွေဖြစ်ပေါ်စေနိုင်တယ်…. ကောက်ပဲသီးနှံတွေ မဖွံ့ဖြိုးတော့ရင် သူပုန်တွေဟာ နှစ်ရာပေါင်းများစွာ ငတ်မွတ်ကြလိမ့်မယ်… လတွေနဲ့ နေတွေကို ဖန်ဆင်းနိုင်တဲ့ ဖန်ဆင်းရှင်တွေ ရှိခဲ့ရင် ယိုတုနဲ့ သူတို့ရဲ့ သက်တမ်းကို ဖြတ်တောက်ပစ်လို့ရတယ်…. ဒီလိုနည်းနဲ့ သူပုန်တွေကို ဖမ်းဆီးပြီး တစ်လောကလုံး ပြန်ငြိမ်းချမ်းနိုင်လိမ့်မယ်…. ဒါပေမဲ့ ဟန့်တားမှုမျိုးက မလုံလောက်သေးဘူး… ကောင်းကင်ဘုံတွေကို စိတ်ရှိတိုင်း ဖျက်ဆီးပစ်လို့ မရဘူး…. ရှိသမျှသူတွေအားလုံး သေသွားရင် ငါက ဘယ်သူ့ကို အုပ်ချုပ်ရတော့မှာလဲ”

ကောင်းကင်ယင်သားတော်မှာ ရုတ်တရက် နားလည်သွားသဖြင့် မေးလေသည်။ “အရှင်မင်းကြီး၊ အဲဒီဘာမှမဟုတ်တဲ့ ကောင်တွေက အရှင်မင်းကြီးကို ပုန်ကန်ဖို့ နည်းလမ်းမှန်သမျှ စဉ်းစားနေတယ်ဆိုတဲ့ အဓိပ္ပာယ်လား… သူတို့ကို ထိန်းချုပ်ဖို့ ပိုပြီး အင်အားကြီးတဲ့ နည်းလမ်း လိုအပ်တာလား”

ကောင်းကင်နတ်အရှင်ဟောင်၏ မျက်ဝန်းများက တောက်ပလာသည်။ “တောင်၀င်ရိုးစွန်းရဲ့ တာအိုမီးတောက်ကို အရာအားလုံးကို လောင်ကျွမ်းစေနိုင်တဲ့ တာအိုမီးကပ်ဘေးအဖြစ် ပြောင်းလဲလို့ရနိုင်တယ်… အနောက်ဝင်ရိုးစွန်းရဲ့ ရွှေရောင်ချီကို စစ်ဘေးအဖြစ် ပြောင်းလဲလို့ရပြီး သာမန်လူသားတွေ အချင်းချင်း သတ်ဖြတ်အောင် ကုန်းတိုက်ပေးနိုင်တယ်…‌ မြောက်ဝင်ရိုးစွန်းရဲ့ အထွတ်အမြတ်ရေလေးတစ်စက်က သမုဒ္ဒရာအဖြစ် ပြောင်းလဲနိုင်ပြီး သူတို့တတွေကို ငါးတွေ၊ လိပ်တွေ ဖြစ်သွားစေနိုင်တယ် …. သူပုန်တွေကို သတ်ဖို့ မိုးကြိုးတိမ်တိုက်ငါးခုလည်း ရှိတယ်…. အရှေ့ဝင်ရိုးစွန်းရဲ့ ဒယ်အိုးတစ်လုံးတည်းက တစ်လောကလုံးရဲ့ ပထဝီအနေအထားကို ပြောင်းလဲသွားစေနိုင်တယ်… တစ်လောကလုံးကို ကမောက်ကမ ဖြစ်စေပြီး သူပုန်တွေကို မြေမြှုပ်ပစ်လို့ရတယ်… ကံမကောင်းစွာနဲ့ အဲဒီနေရာလေးခုက ငါ့လက်ထဲမှာ ဟုတ်မနေဘူး”

ကောင်းကင်ယင်သားတော်၏ နှလုံးသားမှာ အနည်းငယ် လှုပ်ရှားသွားသည်။ အရှေ့ဝင်ရိုးစွန်း နဂါးစိမ်း၊ အနောက်ဝင်ရိုးစွန်း ကျားဖြူနှင့် မြောက်ဝင်ရိုးစွန်း လိပ်နက်တို့မှာ ရှေးဟောင်းနတ်ဘုရားများ ဖြစ်နေကြသည်။ သူတို့သည် အညံ့မခံဘဲ ကောင်းကင်နတ်ဘုံအား အမြဲတမ်းဆန့်ကျင်ခဲ့ကြ၏။

သို့သော် တောင်နတ်မင်းမီးငှက်ကတော့ ကောင်းကင်နတ်အရှင်ဟွေ့၏ လက်ထဲတွင် သေဆုံးခဲ့ပြီး ဖြစ်သလို တောင်၀င်ရိုးစွန်းသည်လည်း ကောင်းကင်နတ်အရှင်ဟွေ့၏ ထိန်းချုပ်မှုအောက်သို့ ရောက်နေခဲ့ချေပြီ။

ကောင်းကင်နတ်အရှင်ဟွေ့သည် ကောင်းကင်နတ်အရှင်ဟောင်၏ လက်အောက်ငယ်သားများအနက် နံပါတ်တစ် ဖြစ်သည်ဟု ပြော၍ရနိုင်၏။ ကောင်းကင်နတ်အရှင်ဟောင်အပေါ် သစ္စာစောင့်သိပြီး သစ္စာအရှိဆုံးပုဂ္ဂိုလ်လည်း ဖြစ်သည်။ အဘယ်ကြောင့် ကောင်းကင်နတ်အရှင်ဟောင်သည် တောင်ဝင်ရိုးစွန်းမှာ သူ၏ထိန်းချုပ်မှုအောက်တွင် မရှိဟု ပြောခဲ့ရပါသနည်း။

သခင်မယွမ်မုမှာ အသက်လုရှူနေရသည့် အနေအထားသာ ဖြစ်သော်လည်း ပြုံးလျက် ရှင်းပြသည်။ “ကောင်းကင်က မြင့်မားတဲ့အပြင် ဧကရာဇ်ဆိုတာကလည်း အဝေးမှာ ရှိတာလေ… တောင်ဝင်ရိုးစွန်းက ကောင်းကင်နတ်ဘုံနဲ့ ဝေးလွန်းတယ်… ကောင်းကင်နတ်အရှင်ဟွေ့က တောင်ကောင်းကင်နဲ့‌ တောင်ဝင်ရိုးစွန်းရဲ့ အရှင်သခင်ဖြစ်နေပြီ…. ချီရှားယွီကရော ကောင်းကင်နတ်အရှင်ဟွေ့‌ကို အနိုင်ယူနိုင်မှာတဲ့လား…. အခုဆို တောင်ကောင်းကင်နဲ့ တောင်ဝင်ရိုးစွန်းမှာ ကောင်းကင်နတ်အရှင်ဟွေ့ကိုပဲ သိကြတော့တယ်… ကောင်းကင်နတ်အရှင်ဟောင်ကို သိတဲ့သူရော ရှိသေးရဲ့လား”

ကောင်းကင်နတ်အရှင်ဟောင်က သက်ပြင်းချသည်။ “ဒါ့အပြင် ကောင်းကင်နတ်အရှင်ဟွေ့က လူသားတစ်ယောက်ပဲ မဟုတ်လား… သူ့ရဲ့ သစ္စာက သံသယဝင်စရာကောင်းတယ်… ငါ မဟာလေဟာနယ်မှာ ဒုက္ခရောက်နေတုန်းက သူပုန်တွေက ငါ့ကို လိုက်ဖမ်းခဲ့လို့ ပိတ်မိနေခဲ့တယ်…. ကောင်းကင်နတ်အရှင်ဟွေ့က သစ္စာအရှိဆုံးလို့ ပြောပေမယ့် ဘေးကနေ ရပ်ကြည့်နေခဲ့တယ်… ငါ ပုန်းနေတဲ့နေရာကိုတောင် လူတွေ လွှတ်ပြီး လုပ်ကြံခိုင်းသေးတယ်… သူက သေဖို့ ထိုက်တန်တယ်”

ကောင်းကင်ယင်သားတော်မှာ ကြက်သီး တဖြန်းဖြန်း ထသွားပြီး ခေါင်းသာ ငုံ့ထားကာ စကားပင် မပြောရဲတော့ချေ။

ထိုအချိန်တုန်းက ကောင်းကင်နတ်အရှင်ဟောင်နှင့် မဟာဧကရာဇ်သည် တစ်ယောက်နှင့်တစ်ယောက် ထိပ်တိုက်တွေ့၍ သူသေကိုယ်သေ တိုက်ခိုက်ခဲ့ကြ၏။ မဟာလေဟာနယ်ထဲရှိ ကောင်းကင်နတ်အရှင်အားလုံးသည် ကောင်းကင်နတ်အရှင်ဟောင်ကို ရှာဖွေရန် လက်အောက်ငယ်သားများ တိတ်တဆိတ် စေလွှတ်ခဲ့ကြ၏။ သူတို့၏ ရည်ရွယ်ချက်က ကောင်းကင်နတ်အရှင်ဟောင် အပြင်းအထန်ဒဏ်ရာရနေစဉ်အတွင်း ဖယ်ရှားသတ်ဖြတ်ရန်ပင်။

ထို့နောက် ချင်မူက ကောင်းကင်နတ်အရှင်ဟောင်ကို ရှာတွေ့သွားခဲ့ပြီး မိုင်ခြောက်သိန်းအထိ လိုက်လံဖမ်းဆီးခဲ့သည်။ ကောင်းကင်နတ်အရှင်ဟောင်မှာ အရှက်တကွဲအကျိုးနည်း ဖြစ်ခဲ့ရ၏။ ကောင်းကင်နတ်အရှင်ဟွေ့နှင့် အခြားသူများကလည်း ချင်မူ့ကို အသုံးချ၍ ကောင်းကင်နတ်အရှင်ဟောင်ကို ဖယ်ရှားသတ်ဖြတ်ရန် ကြံစည်ထားကြသောကြောင့် ကူညီခဲ့ခြင်း မရှိကြပေ။

ထိုအချိန်တုန်းက ကောင်းကင်ယင်သားတော်မှာ အဆင့်နိမ့်လွန်းနေခဲ့သဖြင့် မကူညီရဲခဲ့ချေ။

ကောင်းကင်နတ်အရှင်ဟောင် ဤကိစ္စကို ဖွင့်ပြောလာခြင်းအရ ထိုကိစ္စနှင့်ပတ်သက်၍ မကျေပွဲနွှဲရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

“ကောင်းကင်နတ်အရှင်ဟွေ့က တောင်ကောင်းကင်ရဲ့ မဟာစစ်တပ်ကို ထိန်းချုပ်ထားတယ်… သူ့ရဲ့ စစ်တပ်နဲ့ နယ်မြေကို ပြန်ပေးမယ်ဆိုရင် သူ့တစ်ဘဝလုံး ဂုဏ်သိက္ခာရှိရှိနဲ့ ချမ်းချမ်းသာသာ နေရအောင် ငါ ထားပေးနိုင်တယ်”

ကောင်းကင်နတ်အရှင်ဟောင်က အေးဆေးတည်ငြိမ်စွာ ပြောသည်။ “ငါက သူနဲ့အတူ အခက်အခဲတွေအပြင် ကြွယ်ဝချမ်းသာမှုကိုပါ ဝေးမျှခဲ့တဲ့ပုဂ္ဂိုလ်ပဲ… သူ စည်းစိမ်ဘယ်လောက်ပဲ လိုချင်ပါစေ ပေးနိုင်တယ်…. တောင်ကောင်းကင်ကိုတော့ မရဘူး… မင်းနဲ့ ကောင်းကင်နတ်အရှင်ဟွေ့က ရင်းနှီးတော့ သူ့ကို သွားပြီး ဖြောင်းဖျလိုက်ပါ”

ကောင်းကင်ယင်သားတော်က သဘောတူသည်။

ကောင်းကင်နတ်အရှင်ဟောင်သည် သူ၏ ပခုံးကိုပုတ်၍ စိတ်ခံစားချက်များ ပြည့်နှက်နေသည့်အလား ပြော၏။ “ကောင်းကင်နတ်အရှင်ဟွေ့သာ ချောင်ကျင့်လို သစ္စာရှိရင် ငါ စိတ်အေးရမှာပဲ… ကောင်းကင်နတ်အရှင်ရှုနဲ့ ချောင်ကျင့်က မိစ္ဆာတာအိုကျင့်ကြံကြတာ မဟုတ်လား … ကောင်းကင်နတ်အရှင်ရှုက မိစ္ဆာမျိုးနွယ်ဖြစ်လို့ မိစ္ဆာတွေက သူ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိပေမယ့် သူ့ရဲ့အစွမ်းကလည်း အကန့်အသတ် ရှိတယ်… မင်း သူ့ကို စိတ်အားထက်ထက်သန်သန် ကူညီသင့်တယ်…. ယိုတုသာ နှစ်ခြမ်းကွဲသွားရင် တစ်ဝက်ကို မင်း အုပ်ချုပ်ရမှာပဲလေ”

ကောင်းကင်ယင်သားတော်မှာ ကျေးဇူးတင်လွန်းသဖြင့် မြေကြီးတွင် ဝပ်စင်းကာ ကောင်းကင်နတ်အရှင်ဟောင်အား ဒူးထောက်အရိုအသေပေးလိုက်သည်။ သူ့မှာ စကားပင် မပြောနိုင်တော့ချေ။

ကောင်းကင်နတ်အရှင်ဟောင်က သူ့ကို ဆွဲထူလိုက်ရင်း ပြုံးနေသည်။ “မင်းက သိပ်ကိုခံစားလွယ်တာပဲ… မင်းကို ကောင်းကင်နတ်အရှင်ယင် ရာထူးသာ အပ်နှင်းလိုက်ရင် အငိုတောင် ရပ်ပါ့မလား”

ကောင်းကင်ယင်သားတော်မှာ ငိုကြွေးတော့သည်။ သူ့မှာ အသက်ပင် လုရှူရသည်အထိ ရှိုင်ကြီးတငင် ငိုကြွေးနေလေသည်။ တခဏကြာသော် သူသည် အသက်ပြန်ရှူနိုင်သဖြင့် မျက်ရည်အဝိုင်းသားဖြင့် လျှောက်တင်၏။ “အရှင်မင်းကြီး၊ ကြင်နာသနားမှုကို ဘယ်လိုနည်းနဲ့ ကျေးဇူးပြန်ဆပ်ပါ့မလဲခင်ဗျာ …. ဒါပေမဲ့ ကျွန်တော့်ကို ကောင်းကင်နတ်အရှင်အဖြစ် တင်မြှောက်ဖို့ အရှင်မင်းကြီး မိန့်ကြားခဲ့တုန်းက ကောင်းကင်နတ်အရှင်ဟွေ့က တားခဲ့တယ်လို့ သိရပါတယ်… ဒီတစ်ကြိမ်လည်း ကောင်းကင်နတ်အရှင်ဟွေ့က…”

“ငါ မင်းကို ကောင်းကင်နတ်အရှင်အဖြစ် တင်မြှောက်ဖို့ တစ်ကြိမ်တည်းတောင် မဟုတ်ဘူး… နှစ်ကြိမ်တောင် အကြံပေးခဲ့တာ…. သူက နှစ်ကြိမ်လုံး တားခဲ့တယ်”

ကောင်းကင်နတ်အရှင်ဟောင်က သက်ပြင်းချလိုက်သည်။ “ငါ့လက်ထဲမှာ အာဏာစစ်စစ် မရှိသေးဘူး … နံပါတ်တစ်အရာရှိ ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ အထိန်းအချုပ်ကို ခံနေရတုန်းပဲ…. သူ့မှာ အစီအစဉ်တွေအများကြီး ရှိမှန်း ငါသိသလို သည်းလည်း သည်းခံပေးနိုင်ပါတယ်…. ဒါပေမဲ့ တစ်လောကလုံးကို အုပ်ချုပ်ရတော့မယ့်အချိန်မှာ သူက ငါ့အတွက် စိုးရိမ်ပူပန်ရဆုံးလူတစ်ယောက် ဖြစ်လာခဲ့တယ်…”

ကောင်းကင်ယင်သားတော်က မည်သည်ကိုမှ ထပ်မပြောရဲတော့ချေ။

ရုတ်တရက် သခင်မယွမ်မုသည် ချောင်းဟန့်၍ တခစ်ခစ် ရယ်လိုက်၏။ “ကောင်းကင်နတ်အရှင်ဟွေ့က တန်ကြေးတစ်ခု ကောင်းကောင်း ရမယ့်အချိန်ကို စောင့်နေတာလို့ ဟောင်အာ စိုးရိမ်နေတာမလား…. နင် သူ့ကို ပေးတဲ့ တန်ကြေးက မလုံလောက်ရင် ထိုက်ချူ ဒါမှမဟုတ် ကောင်းကင်နတ်အရှင်မူနဲ့တောင် ပူးပေါင်းသွားနိုင်တယ်နော်”

“ကောင်းကင်နတ်အရှင်မူက စိုးရိမ်စရာ မလိုတော့ဘူး…. သူ့ရဲ့ အကြီးမားဆုံးအားနည်းချက်ဖြစ်တဲ့ လူသားမျိုးနွယ်က ကျွန်တော့်လက်ထဲမှာပဲ”

ကောင်းကင်နတ်အရှင်ဟောင်က ပြောသည်။ “ယိုတု ကျွန်တော့်လက်အောက်မှာ ရှိနေသရွေ့ လက်ဖြောက်တစ်ချက်တီးရုံနဲ့ လူသားမျိုးနွယ်ကို ဖယ်ရှားပစ်လိုက်လို့ရတယ်…. ကောင်းကင်နတ်အရှင်မူမှာ အားနည်းချက် ရှိတယ်… အဲဒီအားနည်းချက်ကို ဆုပ်ကိုင်ထားသရွေ့ ကျွန်တော့်လက်ခုပ်ထဲကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး…. ဒါပေမဲ့ သူ့မှာ ကျွန်တော့်ကို အသေအကြေတိုက်ခိုက်နိုင်တဲ့ ခွန်အားတော့ ရှိတယ်…. အရမ်းဖိအားပေးလို့ မရဘူး… ဖြည်းဖြည်းချင်း ကိုင်တွယ်ရမယ်…. ဒါပေမဲ့ ကောင်းကင်နတ်အရှင်ဟွေ့မှာတော့ အားနည်းချက် မရှိဘူး”

သူက စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာဖြင့် ဆက်ပြောသည်။ “သူက တောင်ကောင်းကင်ရဲ့လူသားတွေကို နတ်ဘုရားတစ်ပိုင်းတွေဆီ ယဇ်ပူဇော်ပြီး လန်ရွှမ်၊ ကောင်းကင်နတ်အရှင်ရှုနဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်ကို မျက်နှာလုပ်ဝံ့တယ်… တောင်ကောင်းကင်ရဲ့ နတ်ဘုရားတစ်ပိုင်းတွေက စကြ၀ဠာရဲ့ ကမ္ဘာလောကတွေမှာ အကောင်းဆုံးဘဝကို ပိုင်ဆိုင်ထားကြတာ…. လွတ်လပ်ပြီး ပျော်ရွှင်နေကြတယ်…. ငါ ကောင်းကင်နတ်အရှင်ဟွေ့ကို လူသားမျိုးနွယ်ရဲ့ အသက်နဲ့ မခြိမ်းခြောက်နိုင်သလို, သူ့တပည့်တွေရဲ့ အသက်နဲ့လည်း မထိန်းချုပ်နိုင်ဘူး … ငါ သူ့ရဲ့ အားနည်းချက်တစ်ခုကိုမှ မသိဘူး…. သူ့ရဲ့ ဝိညာဉ်က အားနည်းတယ်ဆိုတဲ့ ပြစ်ချက်တစ်ခုကိုပဲ သိတယ်… အဲဒီပြစ်ချက်ကရော အမှန်ဟုတ်ရဲ့လားမ သိဘူး…”

သူက သက်ပြင်းချလိုက်သည်။ “ကောင်းကင်နတ်အရှင်ဟွေ့ရေ… ငါတော့ စိုးရိမ်ပူပန်နေရပြီ… ကောင်းကင်ယင်သားတော် ငါ မင်းရဲ့သစ္စာကို စိတ်ချတယ်…. သူ့ကို စောင့်ကြည့်ထားပါ… တစ်ခုခု ဖြစ်လာခဲ့ရင်…”

သူ၏ မျက်နှာအမူအရာက တင်းမာသွားသည်။

ကောင်းယင်သားတော်က ဦးညွှတ်အရိုအသေပေး၍ မေးတော်မူ၏။ “ကောင်းကင်နတ်အရှင်မူကရော….”

“ကောင်းကင်နတ်အရှင်မူရဲ့ ကံကြမ္မာက လာပြီး အညံ့ခံရုံကလွဲလို့ ရွေးချယ်စရာ မရှိဘူး”

ကောင်းကင်နတ်အရှင်ဟောင်က တည်ငြိမ်အေးဆေးစွာ ပြောသည်။ “သူ အညံ့ခံသရွေ့ လင်၊ ယွဲ့၊ ရုံ၊ ယွင်နဲ့ တခြားသူတွေ အာရုံထွေပြားသွားလိမ့်မယ်… သူတို့ရဲ့ အကူအညီမရှိရင် သူ ဘာကိုမှ အောင်မြင်နိုင်မှာမဟုတ်ဘူး….အဲဒီအချိန်ကျရင် ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ပါး ဒါမှမဟုတ် နောက်ထပ်ကောင်းကင်နတ်အရှင်ဟွေ့တစ်ပါး ဖြစ်လာလိမ့်မယ်”

သူက ပြုံးလိုက်သည်။ “ငါ သူ့ကို သည်းခံနိုင်ပေမယ့် လင်၊ ယွဲ့၊ ရုံ၊ ယွင်နဲ့ တခြားသူတွေကတော့ သည်းခံမှာ မဟုတ်ဘူး…. အဲဒီအချိန်ကျရင် သူ့ကို နားမလည်လို့ ဆိုပြီး မျက်ရည်စက်လက်နဲ့ သူတို့ကို သတ်ဖြတ်လိမ့်မယ်…. သိပ်မကြာခင်မှာပဲ ကောင်းကင်နတ်အရှင်ဟွေ့ နောက်တစ်ယောက် ဖြစ်သွားပါလိမ့်မယ်”

“အရှင်မင်းကြီးက ဉာဏ်အမျှော်အမြင်ကြီးပါပေတယ်” ကောင်းကင်ယင်သားတော်မှာ အံ့ဩစွာဖြင့် မြေပေါ် လဲကျသွားမိသည်။

ကောင်းကင်နတ်အရှင်ဟောင်က ရယ်မောလိုက်၏။

ကောင်းကင်ယင်သားတော်က ထရပ်လိုက်သော်လည်း ကောင်းကင်နတ်အရှင်ဟောင်မှာ ပျောက်ကွယ်သွားပြီ ဖြစ်ပြီး သူ၏အသံသာ ကျန်ရစ်ခဲ့သည်။ “ကောင်းကင်ယင်သားတော်၊ ငါ နန်းတက်ရင် မင်းကို ဂုဏ်ပြုမယ်”

ကောင်းကင်ယင်သားတော်မှာ စိတ်လှုပ်ရှားစွာဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီး အချိန်အတော်ကြာသည်အထိ စိတ်ငြိမ်ငြိမ် မထားနိုင်ပေ။

“ကောင်းကင်နတ်အရှင်ယင်… ကောင်းကင်နတ်အရှင်ယင်တဲ့လား… ဟားဟား ငါ နောက်ဆုံးတော့ ကောင်းကင်နတ်အရှင် ဖြစ်လာခဲ့ပြီကွ”

ကောင်းကင်နတ်အရှင်ဟောင်သည် မည်သူ့ကိုမှ အသိမပေးဘဲ ကောင်းကင်နတ်ဘုံဆီသို့ ပြန်သွားခဲ့၏။ သူ သခင်မယွမ်မုအား ကယ်တင်လာခဲ့သည်ကို အပြင်သူများ မသိစေချင်ပေ။

စောစောက ကောင်းကင်ယင်သားတော်ကို တွေ့ခဲ့စဉ် နှုတ်ပိတ်ရန် စဉ်းစားခဲ့သော်လည်း ဆင်ခြင်တုံတရားဖြင့် ထိန်းချုပ်ခဲ့သည်။

သခင်မယွမ်မုက သူ၏ နိုင်ဖဲတစ်ချပ်ဖြစ်ပြီး ထိုက်ချူကို ရင်ဆိုင်နိုင်မည့် အားသာချက်လည်း ဖြစ်သည်။ သခင်မယွမ်မုနှင့် ထိုက်ချူအကြားရှိ ပဋိပက္ခမှာ ဖြေရှင်း၍ မရပေ။ ထိုမျှသာမက သခင်မယွမ်မုသည် ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် အခြားသူများကို အနိုင်ယူနိုင်မည့် နိုင်ဖဲတစ်ချပ်လည်း ဟုတ်သည်။ ထို့ကြောင့် အသေအချာ ဖုံးကွယ်ထားရပေလိမ့်မည်။

“ဟောင်အာက ငါ့ဒဏ်ရာတွေကို ကုပေးမယ်လို့ ပြောခဲ့တယ်မလား”

သခင်မယွမ်မုမှာ အနည်းငယ် သွေးရောင်ပြန်သမ်းလာပြီး ပြုံးလျက် ပြောသည်။ “ကောင်းကင်နတ်အရှင်မူ ထားခဲ့တဲ့ တာအိုဒဏ်ရာက ပြင်းထန်လွန်းတော့ မယ်တော့်ရဲ့ ခွန်အားနဲ့ ဖယ်ရှားပစ်ဖို့ ခက်တယ် … ဟောင်အာက နတ်ဘုရားမထိုက်စုကို ဝါးမြိုပြီး ထိုက်စုတာအိုကို သန့်စင်ထားတာဆိုတော့ ဘယ်တောင်းဆိုချက်မဆို လိုက်လျောပေးနိုင်မှာပေါ့… ကုသပေးဖို့ မခက်လောက်ပါဘူး…. ထိုက်စုတာအိုနဲ့ မယ်တော့်ကို ကုသပေးလိုက်ရင် မယ်တော်က သားလက်ထဲ ရောက်သွားမယ်မလား… ဟောင်အာကရော အဲဒီလိုတွေးတာ မဟုတ်ဘူးလား”

ကောင်းကင်နတ်အရှင်ဟောင်က တည်ကြည်လေးနက်စွာ ဖြေသည်။ “မယ်တော်က အပြင်လူမှ မဟုတ်တာ… ကျွန်တော်က ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ… စိတ်မပူပါနဲ့ မယ်တော်…. ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ ဆေးဆရာတစ်ယောက် ရှိတယ်လို့ ကျွန်တော် သိထားပါတယ်…. အဲ့ဒီလူကို လွှတ်ပေးဖို့ ကောင်းကင်နတ်အရှင်မူကို ပြောလိုက်ပါ့မယ်…. သူ မဖီဆန်ရဲပါဘူး”

ရုတ်တရက် သူ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ “မယ်တော် အရင်ဆုံးအနားယူလိုက်ပါ… ကျွန်တော် ဖြေရှင်းရမယ့် ကိစ္စလေး တချို့ရှိသေးတယ်….” သူက ထိုသို့ပြောပြီးနောက် ဦးညွှတ်အရိုအသေပေးကာ တစ်လှမ်းချင်း နောက်ဆုတ်၍ ပြန်လည်ထွက်ခွာသွား၏။ နန်းဆောင်အပြင်သို့ ရောက်သည့်အခါမှသာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားလေသည်။

“ဒီကလေး ထွက်သွားတာတောင်မှ သတိထားနေတုန်းပဲ… ငါ သူ့ကို အလစ်တိုက်မှာ စိုးရိမ်နေတာ”

သခင်မယွမ်မုက ခေါင်းခါရမ်းလျက် တစ်ယောက်တည်း ရေရွတ်လိုက်သည်။ “ငါ တာအိုဒဏ်ရာတွေကို ကုသနိုင်သေးတယ်… ကောင်းကင်နတ်အရှင်မူ သင်ပေးခဲ့တဲ့ ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကို အသက်သွင်းလိုက်တာနဲ့ ပြန်သက်သာလာလိမ့်မယ်…. ဒါပေမဲ့ ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကို ကောင်းကင်နတ်အရှင်မူက ဝှက်ထားတာ… ဘဝပြန်ဝင်စားခြင်းလမ်းစဉ် အသက်သွင်းလိုက်ရင် သူ့ရဲ့ လှည့်ကွက်ထဲ နောက်တကြိမ်ရောက်သွားမှာ စိုးရိမ်မိတယ်…. ဒါ့အပြင် ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကို အသက်သွင်းလိုက်မယ်ဆိုရင် ငါ့ရုပ်ခန္ဓာအပေါ် ယာယီထိန်းချုပ်မှုမဲ့သွားလိမ့်မယ်… ငါ့ရဲ့ အစ်မ အဲ့ဒီအပျက်မက ဒီအခွင့်အရေးကို စောင့်နေတာ”

သူမက တိတ်ဆိတ်ငြိမ်သက်သွားသည်။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဆေးဆရာက လူချောပဲဟာ…. သူ့ကို ကြည့်လိုက်လို့လည်း အရှုံးမရှိပါဘူး”

“အရှင်မင်းကြီး၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာက သံတမန် အခစားဝင်ပါတယ်”

ကောင်းကင်နတ်အရှင်ဟောင် နန်းဆောင်အပြင်ဘက်သို့ ရောက်လာသည့်အခါ ကောင်းကင်နတ်ဘုံ၏ ၀န်ကြီးလေးပါးထဲမှ တစ်ပါးက အလျင်အမြန် လာရောက်၍ အစီအရင်ခံသည်။ “သံတမန်က ကောင်းကင်နတ်အရှင်မူဆီက အညံ့ခံစာလွှာ ပေးပို့လိုက်တယ်လို့ လျှောက်တင်ပါတယ်… အရေးကြီးတယ် ထင်လို့ သံတမန်အတွက် နေစရာ စီစဉ်ပေးလိုက်ပါပြီ”

ကောင်းကင်နတ်အရှင်ဟောင်က မျက်ခုံးပင့်ကာ မေးလိုက်သည်။ “အညံ့ခံစာက ဘယ်မှာလဲ”

ကောင်းကင်နတ်ဘုံ၏ ၀န်ကြီးက တောင်းပန်တိုလျှိုးစွာ ပြုံးလိုက်သည်။ “အရှင်မင်းကြီး၊ ညီလာခံ ဆင့်ခေါ်တဲ့အချိန်ကျရင် လောကတစ်သောင်းရဲ့ အရာရှိမင်းတွေရှေ့မှာ အညံ့ခံစာကို တင်ပြပေးပါမယ်… အခုတင်ပြဖို့က စည်းမျဉ်းစည်ကမ်းနဲ့ မကိုက်ညီပါဘူး…”

“စည်းမျဉ်းစည်းကမ်းတွေ မလိုဘူး”

ကောင်းကင်နတ်အရှင်ဟောင်က နှာခေါင်းရှုံ့လိုက်သည်။ “ကောင်းကင်နတ်အရှင်မူမှာ တခြားရွေးချယ်စရာ မရှိဘူး… ခွင့်လွှတ်ပေးဖို့တောင် တောင်းပန်နေသင့်တာ… တောင်ကောင်းကင်မုခ်၀အရှေ့မှာ ဒူးထောက်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ လူသားမျိုးနွယ်ကို ချမ်းသာပေးဖို့ အသနားခံနေသင့်တာ…. အညံ့ခံစာတစ်ခုတည်း ပို့လိုက်လိမ့်မယ်လို့ ထင်မထားဘူး… အညံ့ခံစာကို ချက်ချင်း ကြည့်ချင်တယ်လို့ သံတမန်ကို မိန့်လိုက်…. ညီလာခံကျင်းပရင်လည်း အညံ့ခံစာကို ထပ်ဖတ်ပြပေးမယ်…. အညံ့ခံစာ ပို့တာ ကောင်းပေမယ့် ကောင်းကင်နတ်အရှင်မူကိုယ်တိုင်လည်း တောင်ကောင်းကင်မုခ်၀ရှေ့မှာ ဒူးထောက်အညံ့ခံရမယ်လို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သံတမန်ကို ပြောလိုက်”

၀န်ကြီးက ရိုကျိုးစွာဖြင့် လျှောက်တင်သည်။ “ကောင်းကင်နတ်အရှင်မူက အဝတ်အစားတွေ ချွတ်ပြီး သူ့ကိုယ်သူ ဆူးကြိုးနဲ့ ချည်လို့ တောင်ကောင်းကင်မုခ်၀ရှေ့မှာ ဒူးထောက်အညံ့ခံဖို့ ပြင်ဆင်ခဲ့တယ်လို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ရှိတဲ့ သူလျှိုတွေက သတင်းပေးလာပါတယ်…. ဒါပေမဲ့ လင်၊ ယွဲ့နဲ့ တခြားသူတွေက အတင်းအကြပ် တားဆီးခဲ့ပါတယ်တဲ့”

ကောင်းကင်နတ်အရှင်ဟောင်မှာ ရယ်မောလိုက်မိသည်။ “ကောင်းကင်နတ်အရှင်မူရဲ့ တာအိုနှလုံးသားက ပြိုလဲသွားပြီပဲ… သူက အကျိုးအမြတ်နဲ့ နစ်နာမှုတွေကို သိထားတယ်… ဒါပေမဲ့ လင်၊ ယွဲ့နဲ့ တခြားသူတွေက လက်မလျော့ကြသေးဘူးပေါ့”

၀န်ကြီးက တခဏတုံ့ဆိုင်းနေပြီးနောက် လျှောက်တင်သည်။ “အရှင်မင်းကြီး၊ တောင်ကောင်းကင်ရဲ့ သူလျှိုတွေဆီကနေလည်း သတင်းရထားပါတယ်….နတ်ဧကရာဇ်လန်ရွှမ်ရဲ့ လူဝင်စား ယွီခန်းချီက ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ ကောင်းကင်နန်းဆောင်မှာ ခိုလှုံနေတယ်တဲ့…”

ကောင်းကင်နတ်အရှင်ဟောင်၏ မျက်နှာမှာ ရေခဲတမျှ အေးစက်တင်းမာသွားပြီး သူက နှာမှုတ်လိုက်သည်။

၀န်ကြီးမှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ မူးဝေသွားမိလေသည်။

“ဒီကိစ္စကို ကောင်းကင်နတ်အရှင်ဟွေ့ သိသလား” မေးခွန်းထုတ်လိုက်သည့် ကောင်းကင်နတ်အရှင်ဟောင်၏ အသံတွင် ခံစားချက်များ ကင်းမဲ့နေ၏။၊

ဝန်ကြီးမှာ ချီတုံချတုံ ဖြစ်နေပြီးနောက် ‌ဖြေသည်။ “ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ အကြီးဆုံးတပည့် ယန်ယကျစ်က ကောင်းကင်နတ်အရှင်ဟွေ့ဆီ လူလွှတ်ကြောင်းကြားထားပါတယ်တဲ့”

“အဲဒီတော့ ဘာဖြစ်လဲ” ကောင်းကင်နတ်အရှင်ဟောင်၏ အသံက ပို၍ အေးစက်လာသည်။

သူ၏ အသံထဲတွင် အသတ်ဖြတ်စိတ်ဆန္ဒကို အာရုံခံမိသောကြောင့် ၀န်ကြီး၏ နဖူးတွင် ချွေးများစို့လာတော့သည်။ သူက ဆက်၍ လျှောက်တင်သည်။ “ကောင်းကင်နတ်အရှင်ဟွေ့က သတင်းရပြီးတဲ့နောက် ဘာမှမဖြစ်သလို နေတယ်လို့ ပြောပါတယ်… ဒါပေမဲ့ သတင်းသွားပို့တဲ့လူကတော့ မီးလောင်တိုက်သွင်းခံလိုက်ရပါတယ်တဲ့”

“သူက နန်းဆောင်ကနေ ထွက်ခွာပြီး တောင်ကောင်းကင်ဆီ မသွားဘူးလား”

ကောင်းကင်နတ်အရှင်ဟောင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ “ထိုက်ချူကိုရော သွားမတွေ့ဘူးလား”

၀န်ကြီးက ရိုးသားစွာ ဖြေ၏။ “ကောင်းကင်နတ်အရှင်ဟွေ့က နန်းဆောင်ကနေ မထွက်ခွာပဲ နန်းဆောင်ထဲမှာပဲ နေတယ်လို့ ပြောပါတယ်… ဒါပေမဲ့ သူ ယုံကြည်ရတဲ့သူတွေကိုတော့ တောင်ကောင်းကင်ဆီ ပို့ခဲ့ပါတယ်… သူ ဘာလုပ်ဖို့ ကြံစည်နေလဲဆိုတာတော့ ကျွန်တော် မသိပါဘူး”

ကောင်းကင်နတ်အရှင်ဟောင်က လက်ရမ်းပြ၍ သူ့ကို ထွက်ခွာသွားစေသည်။ ထို့နောက် ခပ်မဲ့မဲ့ ပြုံးလိုက်၏။ “ကောင်းကင်နတ်အရှင်ဟွေ့…. ကောင်းကင်နတ်အရှင်ဟွေ့…. ငါ့ကို ချက်ချင်း လာမတွေ့ဘူးပေါ့လေ… နတ်ဧကရာဇ်က ပေးမယ့် တန်ကြေးကို စောင့်နေတာလား…. နတ်ဧကရာဇ်ဘက် ပြောင်းလိုက်ရင်တော့ ပိုမြင့်တဲ့ရာထူးကို ရနိုင်မှာပေါ့…. နတ်ဧကရာဇ်လန်ရွှမ် မင်းနဲ့အတူ အရွယ်ရောက်လာသရွေ့ မင်း၊ ထိုက်ချူနဲ့ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက တစ်လောကလုံးကို ကိုင်လှုပ်နိုင်မှာပေါ့… ငါ့မှာ ကောင်းကင်နတ်အရှင်ရှုနဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်ပဲ ရှိမှာလေ… မင်းတို့ရဲ့ပြိုင်ဘက် ဘယ်လို ဖြစ်နိုင်ပါ့မလဲ”

သူ့မှာ မျက်နှာပျက်သွားပြီး နှာခေါင်းရှုံ့လိုက်သည်။ “ဒါပေမဲ့ ငါ့မယ်တော် ဒီမှာရှိနေတဲ့အတွက် မင်းတို့အားလုံးက အရူးတွေ ဖြစ်နေတာတော့ မသိထားဘူးမလား… ငါ့ရဲ့ အာဏာကို ဘယ်သူမှ ထိလို့မရဘူး…. ထိဖို့ စိတ်တောင် မကူးစမ်းနဲ့”

All Chapters