← Chapters

ငါ့မှာ အိပ်မက် ရှိတယ် ယွီချိန်ကျစ်

Vol. 124 Ch. 1614

ငါ့မှာ အိပ်မက် ရှိတယ် ယွီချိန်ကျစ်

Vol. 124 Ch. 1614

ယွီချိန်ကျစ်လည်း ခပ်သွက်သွက် လှည့်ကြည့်လိုက်ရာ သက်လတ်ပိုင်းလူတစ်ယောက်သည် တော်ဝင်စာကြည့်‌ဆောင်ထဲသို့ ရေကြီးသုတ်ပျာ ဝင်လာကြောင်း တွေ့လိုက်ရ၏။ ထိုလူ၏ အထူးခြားဆုံး ပုံပန်းသွင်ပြင်မှာ သူ၏မုတ်ဆိတ် ဖြစ်လေသည်။

သူ၏ အပေါ်နှုတ်ခမ်းမွှေးကိုတော့ တိနေအောင် ညှိထားပြီး နှုတ်ခမ်း၏ တစ်ဖက်တစ်ချက်ဆီမှ ကော့နေအောင် ချထားသည်။ အောက်မေးစေ့တွင်တော့ မုတ်ဆိတ် ရှိနေပြီး ခက်ရင်းခွသဏ္ဍာန် ကွဲနေသည်။

“မုန့်ယွင်ကွေ့”

ယွီချိန်ကျစ် ဤလူကို မှတ်မိ၏။ ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ဆရာသခင်လေးပါးထဲတွင် ‌မုန့်ယွင်ကွေ့မှာ ရင်ဆိုင်ရ အခက်ဆုံးသူပင်။

ယွီချိန်ကျစ်သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သံတမန်ရေးရာကို တာဝန်ယူထားရသူ ဖြစ်သောကြောင့် ကောင်းကင်ဆရာသခင်လေးပါး၊ ကောင်းကင်နတ်မင်းလေးပါး၊ အရောင်နတ်မင်းလေးပါးတို့အား လေ့လာထားခဲ့သည်။ နယ်စားမင်းခုနစ်ပါး၊ အရှင်သုံးပါး၊ အတိုင်ပင်ခံနှင့် ကျန်ရှိသော အရာရှိမင်းနှင့် ပတ်သက်၍လည်း သိထားသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ကောင်းကင်နတ်ဘုံ၏ အာဏာပိုင် အရာရှိများ၏ အကျင့်စရိုက်များ၊ ဝါသနာများ၊ အားနည်းချက်များ၊ စိတ်သဘောသဘာ၀များ၊ မိသားစုများနှင့် နောက်ခံသမိုင်းများကို လေ့လာကြသော သူ၏လက်အောက်ငယ်သား လူတစ်စု ရှိခဲ့သည်။ သူ၏ လက်အောင်ငယ်သားတို့က ထိုတစ်ယောက်ချင်းစီအတွက် မှတ်တမ်းများ ပြုစုထားကြ၏။

သို့ဖြစ်၍ ယွီချိန်ကျစ်အနေဖြင့် မုန့်ယွင်ကွေ့အကြောင်း အတော်များများ သိပေသည်။ ဤလူကား ယွီဟွာကောင်းကင်ဘုံ၏ လူသားမျိုးနွယ်မှ ဖြစ်သည်။ နတ်ဘုရားဖြစ်၍ ကောင်းကင်နတ်ဘုံ၏ အရာရှိမင်း ဖြစ်လာချိန်တွင် တာအိုဂိုဏ်းသို့ ၀င်ရောက်၍ တာအိုဘိုးဘေးကြီးအား ဆရာတင်မြှောက်ကာ သင်္ချာသင်ယူခဲ့၏။

သူ၏သင်္ချာအောင်မြင်မှုများမှာ အလွန်တရာ မြင့်မားသည့်အတွက် ကောင်းကင်နတ်ဘုံ၌ နံပါတ်တစ် သင်္ချာပညာရှင်ဟုပင် ပြောရင်ရနိုင်ပေသည်။

ဤသို့ ကြည့်လျှင် မုန့်ယွင်ကွေ့မှာ ယွီချိန်ကျစ်၏ ဆရာတူဦးလေးဖြစ်သည်။ ယွီချိန်ကျစ်သည် တာအိုဂိုဏ်း၏ ဂိုဏ်းခွဲ ချင်းယွင်ကောင်းကင်ဘုံ၏ တာအိုဂိုဏ်းမှ မဟုတ်ပါလော။ ကောင်းကင်နတ်ဘုံ၏ တာအိုဘိုးဘေးကြီးက ချင်းယွင်ကောင်းကင်တာအိုဂိုဏ်း၏ တည်ထောင်သူ ဖြစ်လေသည်။

“ဖရိုဖရဲသင်္ချာက ဖရိုဖရဲအချက်အလက်တွေ မူတည်တယ် … ဒါပေမဲ့ ဖရိုဖရဲတွေကြားကနေ မြင့်မားတဲ့ ဖြစ်နိုင်ချေကို တွက်ချက်ဖို့ဆိုရင် စမ်းတဝါးဝါး တွက်နေရလိမ့်မယ် … ငါ ဆရာတူဦးလေး မုန့်ယွင်ကွေ့ကို အကောက်ကြံချင်ပေမယ့် ခက်ခဲလွန်းတယ်… သူ့ရဲ့ သင်္ချာအောင်မြင်မှုတွေက သိပ်ကို မြင့်မားနေတာ”

ယွီချိန်ကျစ်က ချက်ချင်း ရှေ့သို့ တက်၍ မုန့်ယွင်ကွေ့အား ဦးညွှတ်ဂါ၀ရပြုလိုက်သည်။ “ချင်းယွင်ကောင်းကင်ဘုံမှ ယွီချိန်ကျစ်၊ ဆရာတူဦးလေးကို နှုတ်ဆက် ဂါ၀ရပြုပါတယ်ခင်ဗျာ”

မုန့်ယွင်ကွေ့က သူ့ကို ကြည့်၍ အေးစက်စွာ ပြောသည်။ “မင်းက ချင်းယွင်ကောင်းကင်တာအိုဂိုဏ်းရဲ့ တပည့်ပေါ့လေ… မင်းကများ ရာရာစစ ငါ့အရှေ့မှာ သင်္ချာကို ပြုပြင်ရဲတယ်ပေါ့…. ကောင်းကင်နတ်အရှင်မူ အရှင်မင်းကြီးကို လှည့်စားနိုင်အောင် မင်းက လုပ်ပေးနေတာပဲ…. အရှင်မင်းကြီး၊ ဒီမိစ္ဆာကောင်ကို အရင်သတ်လိုက်ပါ”

ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလျက် မေးတော်မူသည်“ကောင်းကင်ဆရာသခင်မုန့်၊ ယွီချိန်ကျစ်က မင်းရဲ့ ဆရာတူ တူလေး မဟုတ်ဘူးလား… ဘာလို့ တွေ့တာနဲ့ သတ်ချင်နေရတာလဲ”

မုန့်ယွင်ကွေ့က အလျင်အမြန် ဦးညွှတ်ဂါ၀ရပြုလိုက်ကာ ဖြေလေသည်။ “ကျွန်တော် တာအိုဘိုးဘေးကြီးဆီကနေ သင်္ချာသင်ယူခဲ့ပါတယ်… တာအိုဂိုဏ်းရဲ့ သင်္ချာက တွက်ချက်တဲ့နေရာမှာ သိပ်ကို ထူးချွန်တယ်… ကျွန်တော် ကြယ်တာရာအရှင်သခင်ဝမ်ချန်းဆီကနေလည်း နှစ်တစ်ရာကြာတဲ့တိုင်အောင် ပန်းချီပညာကို သင်ယူခဲ့ပါသေးတယ်… ဒါကြောင့် ကောင်းကင်နတ်အရှင်မူအကြောင်းကို ကောင်းကင်နတ်အရှင်မူထက်တောင် ပိုသိပါတယ်…ကောင်းကင်နတ်အရှင်မူဆိုတာ မသေမချင်း လက်လျှော့မယ့်သူမျိုး မဟုတ်ဘူး… သူ့မှာ အောင်မြင်နိုင်မယ့် အခွင့်အရေး ရှိသရွေ့ အဆုံးထိ တိုက်ခိုက်နေဦးမှာပဲ.. သူ ဘာမဆို လုပ်လိမ့်မယ်…. သူ့အမူအရာတွေ၊ အရေးအသားတွေအားလုံးက ဟန်ဆောင်ထားတာဖြစ်နိုင်တယ်”

သူက တော်ဝင်စာကြည့်ဆောင်ထဲရှိ ပန်းချီပညာတွင် ကျွမ်းကျင်သော နတ်ဘုရားမိစ္ဆာများကို လှမ်းကြည့်လိုက်သည်။ “ဒီပန်းချီဆရာတွေအားလုံးက ဆန်ကုန်မြေလေးတွေပဲ…. သူတို့လိုကောင်တွေက ကောင်းကင်နတ်အရှင်မူ အညံ့ခံစာမှာ ရေးထားတဲ့ စာကြောင်းတွေကို လေ့လာနေကြတာတဲ့လား…. အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်… ‌ကောာင်းကင်နတ်အရှင်မူဆိုတဲ့ကောင်က သူ့ခံစားချက်တွေကို လှည့်ဖြားပြီး သူ့ပန်းချီကားတွေထဲ ထည့်ထားလို့ရတယ်… သူ ရေးထားသမျှ စာတစ်လုံးမှ ယုံကြည်လို့ မရနိုင်ပါဘူး”

သူ့အကြည့်သည် ယွီချိန်ကျစ်အပေါ်သို့ ကျရောက်လာပြီး နှာခေါင်းရှုံ့လိုက်ပြန်၏။ “ကောင်းကင်နတ်အရှင်မူက လှည့်စားဖို့အတွက် သူ့ကို လွှတ်လိုက်တာပါ…. အခုချက်ချင်း ယွီချိန်ကျစ်ကို ခေါင်းဖြတ်သတ်၊ သူ့ဦးခေါင်းကို ကျောက်စိမ်းသေတ္တာတစ်ခုထဲ ထည့်ပြီး ကောင်းကင်နတ်အရှင်မူဆီ ပို့လိုက်သင့်ပါတယ်”

သူက လက်ဖဝါးကို မြှောက်၍ လေအား ခုတ်ပိုင်းချလိုက်သည်။ “အရှင်မင်းကြီး၊ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ လူဦးရေတစ်၀က်ကို ဖယ်ရှားဖို့ ကောင်းကင်နတ်အရှင်ရှုကို အမိန့်ပေးလိုက်ပါ…. အရှင်မင်းကြီးကို လှည့်စားဖို့ ကြိုးစားရင် ဘယ်လိုဖြစ်မယ်ဆိုတာ သတိပေးလိုက်တော်မူပါ”

ကောင်းကင်နတ်အရှင်ဟောင် မျက်မှောင်ကြုတ်သွားသည်။

ယွီချိန်ကျစ်က ပြုံးသယောင် ဖြစ်သွားသော်လည်း မည်သည့်စကားမှ မပြောချေ။

မုန့်ယွင်ကွေ့က ကျယ်လောင်စွာ လျှောက်တင်ပြန်သည်။ “အရှင်မင်းကြီးနဲ့ ကြင်နာသနားမှုနဲ့ အာဏာကသာ တစ်လောကလုံးကို ငြိမ်းချမ်းစေပါလိမ့်မယ်… ကောင်းကင်နတ်အရှင်မူနဲ့ ရင်ဆိုင်ဖို့အတွက် ... မျောက်ကို ခြောက်လှန့်ဖို့ ကြက်ကို သတ်သလို ဒီကောင့်ကို သတ်ရပါလိမ့်မယ်”

“သူ ပြဿနာတွေ ရှာလာမှာ စိုးရိမ်မိပါတယ်”

ကောင်းကင်နတ်အရှင်ဟောင်က ခေါင်းရမ်းလိုက်သည်။ “ကောင်းကင်ဆရာသခင်မုန့်၊ ထိန်းချုပ်မှုထဲက လွတ်ထွက်သွားတဲ့ ကောင်းကင်နတ်အရှင်မူက ကြောက်စရာအကောင်းဆုံး ကောင်းကင်နတ်အရှင်မူပဲ… မင်းက ငါ့ကို ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ လူဦးရေတစ်၀က် ချေမှုန်းခိုင်းခဲ့ပေမယ့် သူက ပြိုင်ဘက်ကင်း မှော်ဝိဇ္ဇာရှင် ဆိုတာ မေ့သွားတာလား…. သူ့ကို ချောင်ပိတ်တဲ့အထိ တွန်းအားပေးလိုက်ရင် အဲ့ဒီလူတွေအားလုံးကို ပြန်အသက်သွင်းနိုင်တယ်... သူ့ တာအိုနှလုံးသားကလည်း ပြန်လည်အသက်ဝင်လာပြီး သေတဲ့အထိ တိုက်ခိုက်လိမ့်မယ်… ငါတို့ ဘာလုပ်သင့်လဲ”

မုန့်ယွင်ကွေ့က မျက်ခုံးပင့်လိုက်ပြီး စကားပြောတော့မည့်အချိန်တွင် ကောင်းကင်နတ်အရှင်ဟောင်က လက်မြှောက်လိုက်သည်။ “ငါ လိုချင်တာက အလောင်းတစ်ကောင်လို လှုပ်ရှားနေတဲ့ ကောင်းကင်နတ်အရှင်မူ၊ တာအိုနှလုံးသား ပျက်စီးသွားတဲ့ ကောင်းကင်နတ်အရှင်မူပဲ…” သူက မှင်သေသေ ဆက်ပြောသည်။ “သူ့ကို အတင်းအကြပ် ဖိအားပေးလိုက်ရင် တိုက်ခိုက်ချင်တဲ့ စိတ်ဆန္ဒကို မီးထွန်းပေးလိုက်သလို ဖြစ်သွားမှာ…..သူ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို စွန့်ခွာသွားတဲ့အချိန် လင်၊ ယွဲ့၊ ရုံ၊ လန်ဝူနှင့် အခြားသူတွေက အသေအကြေ တိုက်ခိုက်လာရင် ကောင်းကင်နတ်ဘုံမှာ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တဲ့သူ ရှိပါမယ်လို့ ပြောရဲလား”

သူက ထရပ်လိုက်ပြီး ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ “မင်းဟာ ဘယ်တုန်းကမှ အကြောင်းပြချက်ကို နားမလည်ခဲ့ဘူး….. လူတွေကို သတ်ရင် ‌သူတို့ရဲ့နှလုံးသားတွေကိုပါ သေသွားဖို့ လိုတယ် … အကျိုးအမြတ်ရဖို့လည်း လိုသေးတယ်… ငါလိုချင်တာက ကောင်းကင်နတ်အရှင်မူ ပြိုလဲနေတဲ့ တာအိုနှလုံးသားနဲ့ ငါ့အရှေ့မှာ ဒူးထောက်နေတာကိုပဲ... ဒါ့အပြင် ထာ၀ရငြိမ်းချမ်း‌ရေးအင်ပါယာကိုလည်း အကောင်းပကတိအတိုင်း လိုချင်တယ်”

မုန့်ယွင်ကွေ့ မျက်မှောင်ကြုတ်သွား၏။

ကောင်းကင်နတ်အရှင်ဟောင်က အညံ့ခံစာကို ပစ်ပေးကာ ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်မူရဲ့ စာလွှာကို တစ်ချက်ကြည့်လိုက်…. ပြိုလဲနေတဲ့ ထာ၀ရငြိမ်းချမ်းရေအင်ပါယာက အသုံးမ၀င်ပေမယ့် အောင်မြင်တဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကတော့ တစ်လောကလုံး ဘေးကင်းလုံခြုဖို့အတွက် အာမခံပေးနိုင်တယ်”

မုန့်ယွင်ကွေ့သည် အညံ့ခံစာကို ဖွင့်၍ အသေအချာ ဖတ်နေ၏။ သူလည်း “အိပ်ပြီးသွားပြီ” ဟူသော စာကြောင်းသို့ ရောက်လျှင် မျက်မှောင်ကြုတ်လိုက်မိသည်။

“ကောင်းကင်ဆရာသခင်မုန့်၊ မင်းက ကောင်းကင်ဒင်္ဂါးစီးဆင်းမှုကို တွက်ချက်ပြီး ကောင်းကင်နတ်ဘုံရဲ့ စီးပွားရေးအခြေအနေကို စိုးရိမ်ပူပန်နေတာ…ကောင်းကင်နတ်ဘုံရဲ့ ကောက်းကင်ဒင်္ဂါးငွေကြေးစနစ်က ပြိုလဲလာနေလို့ နောက်ထပ်နှစ်တစ်ရာတောင် မခံတော့ဘူး ထင်နေတာ”

ကောင်းကင်နတ်အရှင်ဟောင်က ကျောနောက်တွင် လက်ယှက်လိုက်သည်။ “ကောင်းကင်နတ်ဘုံရဲ့ ငွေကြေးစနစ် ပြိုလဲသွားရင် ကမ္ဘာလောကတွေအားလုံး ပုန်ကန်လာကြလိမ့်မယ်… မင်းလည်း ခေါင်းကိုက်ရမယ့်အပြင် ငါလည်း ခေါင်းကိုက်ရလိမ့်မယ်… ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ င့ါလက်ထဲ ရောက်သရွေ့ ကောင်းကင်နတ်ဘုံရဲ့ ငွေကြေးစနစ်လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်တယ်… ဖြည့်ဆည်းပေးနိုင်ရုံတင် မဟုတ်ဘူး… စကြ၀ဠာမှာရှိတဲ့ လောကအားလုံးရဲ့ စီးပွားရေးနဲ့ အရင်းအမြစ်တွေအားလုံးကို ထိန်းချုပ်ထားနိုင်တယ်…. စီးပွားရေးနဲ့ အရင်းအမြစ်ကို ထိန်းချုပ်ထားတဲ့ ငါ့ကို ဘယ်သူက ခုခံနိုင်တော့မှာလဲ”

မုန့်ယွင်ကွေ့က အညံ့ခံစာကို ပိတ်၍ စိတ်ခံစားချက်များဖြင့် လျှောက်တင်သည်။ “အရှင်မင်းကြီးက အခွင့်‌အရေးကို အသုံးချလို့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို သိမ်းပိုက်ပြီး စကြ၀ဠာတစ်ခုလုံးက အရင်းအမြစ်တွေနဲ့ စီးပွားရေးကို သိမ်းပိုက်ချင်တာပါလား… အရှင်မင်းကြီးက တကယ်ကို ဉာဏ်ပညာအမျှော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါပဲ… ကျွန်တော်မျိုး မယှဉ်နိုင်ပါဘူး…”

မုန့်ယွင်ကွေ့က မေးခွန်းထုတ်သည်။ “အရှင်မင်းကြီး စီးပွားရေးနဲ့ အရင်းအမြစ်တွေကို ထိန်းချုပ်ထားတဲ့အပေါ် ကျန်တဲ့ ကောင်းကင်နတ်အရှင်တွေက ကြည်ဖြူပါ့မလား…. တောင်ကောင်းကင်ရဲ့ အရင်းအမြစ်က ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ လက်ထဲမှာ….အရှေ့ကောင်းကင်က ထိုက်ချူရဲ့ လက်ထဲမှာ… မြောက်ကောင်းကင်က ကောင်းကင်နတ်ဧကရီလက်ထဲမှာ…. ရွှမ်တုက ရှေးဟောင်းနတ်ဘုရားဘုရင်လက်ထဲမှာ…. ယိုတုက ကောင်းကင်နတ်အရှင်ရှုလက်ထဲမှာ… အနောက်ကောင်းကင်တစ်ခုပဲ အရှင်မင်းကြီးရဲ့ လက်ထဲမှာ ရှိပါတယ်…. သူတို့က အာဏာလွှဲပြောင်းပေးပါ့မလား”

ကောင်းကင်နတ်အရှင်ဟောင်က နှာခေါင်းရှုံ့လိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ထိန်းချုပ်ထားသရွေ့ သူတို့နဲ့ မဆိုင်တော့ဘူး… ထိုက်ချူဟာ အရင်တုန်းက ဖန်ဆင်းရှင်တွေကို တော်လှန်ပြီး ရှေးဟောင်းနတ်ဘုရားတွေရဲ့ စွမ်းအားကို အသုံးပြုလို့ ကောင်းကင်နတ်ဧကရာဇ်ရာထူးကို ရယူခဲ့တယ်…. သူက နယ်မြေတွေ ပိုင်းခြားပြီးတော့ အကျိုးသယ်ပိုးခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားတွေကို ပေးခဲ့တယ်… ရှေးဟောင်းနတ်ဘုရားတွေ ကိုယ်ပိုင်ပိုင်နက်တွေ ရရှိသွားတဲ့အခါ အဆုံးမသတ်နိုင်တဲ့ စစ်ပွဲတွေ ဖြစ်ပေါ်လာစေခဲ့တယ်… ငါကတော့ သူ့ခြေရာမနင်းနိုင်ဘူး”

သူက အသက်တစ်ရှိုက် ရှူသွင်းလိုက်သည်။ “ငါက ထာ၀ရကောင်းကင်နတ်ဧကရာဇ် ဖြစ်ချင်တာမလို့ သူ့အတိုင်း နယ်မြေတွေ ခွဲဝေမပေးဘူး... အဲဒီလိုခွဲဝေပေးရင် အနာဂတ်မှာ ပုန်ကန်မှုတွေ ဖြစ်လာလိမ့်မယ်…. ထာဝရငြိမ်းချမ်းရေးအင်ပါယာအပေါ် ထိန်းချုပ်ပြီး ကောင်းကင်ဒင်္ဂါးတွေကို တည်ငြိမ်စေပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာကနေ ကောင်းကင်နတ်ဘုံအတွက် လိုအပ်တာမှန်သမျှ အလကား ထုတ်လုပ်စေမယ် …. ကမ္ဘာလောကတစ်သောင်းကလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အရင်းအမြစ်တွေ ထောက်ပံ့ပေးရမယ်… ကောင်းကင်ဒင်္ဂါးတွေ လည်ပတ်နေသရွေ့ အနှောင့်အယှက်ဆိုတာ ရှိလာမှာ မဟုတ်ဘူး…. ကျန်တဲ့ကောင်းကင်နတ်အရှင်တွေက အခွံဖြစ်နေတဲ့ ပိုင်နက်တွေနဲ့ သုံးစားမရတဲ့ အာဏာတွေပဲ ရထားကြလိမ့်မယ်… တကယ်တမ်း စကြ၀ဠာက ကမ္ဘာလောကတစ်သောင်းကို အုပ်ချုပ်နေတဲ့သူကတော့ ငါပေါ့”

မုန့်ယွင်ကွေ့မှာ အနည်းငယ် တုန်ရီသွားပြီး ပြောလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ထိန်းချုပ်တာက တကယ်ကို အရေးကြီးတဲ့ကိစ္စတစ်ခုပါပဲ… ဒါပေမဲ့ အရှင်မင်းကြီး၊ ကျန်တဲ့ ကောင်းကင်နတ်အရှင်တွေလည်း ဝေစုလိုချင်ကြလိမ့်မယ်…”

“သူတို့နဲ့ မျှဝေရမှာလား…”

ကောင်းကင်နတ်အရှင်ဟောင်က နှာခေါင်းရှုံ့၍ တည်ငြိမ်အေးဆေးစွာ ပြောသည်။ “ငါ့ရဲ့ပိုင်နက်ကို လာထိတဲ့ ဘယ်သူမဆို သေရမယ်… ငါက ထိုက်ချူ၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ရှုနဲ့ ကောင်းကင်နတ်အရှင်ဟွေ့တို့လို မဟုတ်ဘူး… ထိုက်ချူက လူသားတွေကို နတ်ဘုရားတစ်ပိုင်းတွေနဲ့ ရှေးဟောင်းနတ်ဘုရားတွေရဲ့ အစာအဖြစ် ဆက်ဆံခဲ့တယ်…. သူက လူသားမျိုးနွယ်အပေါ် ဖိနှိပ်ထားခဲ့တယ်… ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ရှု၊ လန်ရွှမ်နဲ့ တခြားသူတွေကတော့ လူသားတွေကို ကျွန်ပြုပြီး အစာလို ဆက်ဆံခဲ့ကြတယ်… ဒါက လူသားမျိုးနွယ်ကို တွန်းလှန်ပုန်ကန်လာစေခဲ့တာပဲ… ဒါကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ရွှင်ပျော်ပျော်ကျေးရွာ ထွက်ပေါ်လာတာ…. ငါကတော့ သူတို့လို မဟုတ်ဘူး”

“ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို လုပ်သားအင်အားလို ဆက်ဆံမယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ငါ့အတွက် အလုပ်လုပ်ပေးရင်း အမိန့်နာခံသရွေ့ သူတို့ကို စားစရာနဲ့ အသက်ရှင်ခွင့်ပေးမယ်…. အရှင်သခင် ဖြစ်လာနိုင်မှာ မဟုတ်ပေမယ့် အသက်ရှင်နိုင်နေဦးမယ်”

ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလိုက်သည်။ “ကောင်းကင်ဆရာသခင်မုန့်၊ မင်း အခု ငါ ဘာလိုချင်လဲဆိုတာ နားလည်ပြီ မဟုတ်လား”

မုန့်ယွင်ကွေ့က ဦးညွှတ်အရိုအသေပေးလိုက်သည်။ “အရှင်မင်းကြီးရဲ့ အမြော်အမြင်က သိပ်ကို ထူးကဲပါပေတယ်…. ကျွန်တော် လိုက်မမှီနိုင်အောင်ပါပဲ”

ကောင်းကင်နတ်အရှင်ဟောင်သည် တဟားဟားရယ်လိုက်ပြီးနောက် လက်ဝှေ့ရမ်းလိုက်၏။ “မင်းတို့အားလုံး ထွက်သွားလို့ရပြီ… သံတမန်တွေလည်း သွားအနားယူလို့ရပြီ… နန်းတက်ပွဲ ကျင်းပတဲ့အခါ မင်းရဲ့ အညံ့ခံစာကို လောကတစ်သောင်းရဲ့ အုပ်ချုပ်သူတွေအားလုံးအရှေ့မှာ တင်ပြရမယ်… ကောင်းကင်နတ်အရှင်မူ အညံ့ခံလိုက်ပြီဆိုတာကို တစ်လောကလုံး သိစေချင်တယ်…”

ယွီချိန်ကျစ်က အလျင်အမြန် ဦးညွှတ်အရိုအသေပေးကာ လျှောက်တင်လိုက်၏ “အရှင်မင်းကြီးက ဉာဏ်ပညာကြီးမားပါပေတယ်”

အားလုံးက တော်ဝင်စာကြည့်ဆောင်မှ ထွက်လာကြပြီး မုန့်ယွင်ကွေ့က ထိပ်ဆုံးမှ လျှောက်နေသည်။ ယွီချိန်ကျစ်က သူ့အနောက်မှ အမြန်ပြေးလိုက်ကာ ခပ်တိုးတိုး ပြောလေသည်။ “ငဲ့ညှာပေးလို့ ကျေးဇူးတင်ပါတယ် ဆရာတူဦးလေး”

မုန့်ယွင်ကွေ့က တုံ့ပြန်သည်။ “ငါ ငဲ့ညှာပေးတာမဟုတ်ဘူး… အရှင်မင်းကြီးက ငဲ့ညှာပေးခဲ့တာ… အရှင်မင်းကြီးသာ မငဲ့ညှာရင် ဘယ်သူမှ ငဲ့ညှာာနိုင်မှာမဟုတ်ဘူး”

ယွီချိန်ကျစ်က ပြုံးလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ဆရာတူဦးလေးသာ ပေါ်မလာခဲ့ရင် ကောင်းကင်နတ်အရှင်ဟောင်က စိတ်ပိုင်းဖြတ်လိုက်မှာ မဟုတ်ဘူးလေ…”

မုန့်ယွင်ကွေ့သည် သူ့ကို တစ်ချက်လှည့်ကြည့်၏။ “မင်း ဘာတွေစဉ်းစားနေမှန်း ငါသိတယ်… ကောင်းကင်နတ်အရှင်မူ ကြံစည်နေတာကိုလည်း ငါ သိတယ်… သူက အချိန်ဆွဲနေတာ… အရှင်မင်းကြီးက အခုလေးတင် သူ့ရဲ့နှလုံးသားကို ခွဲခြမ်းစိတ်ဖြာပြခဲ့တယ်… မင်း ဘယ်လိုထင်လဲ”

ယွီချိန်ကျစ်က အလေးအနက် ဖြေသည်။ “ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်ဧကရာဇ်ပါပဲ…. သူက မဟာဧကရာဇ်နဲ့ ထိုက်ချူထက် ပိုပြီး ဉာဏ်ကောင်းတယ်… သူ့ကို တားဆီးမယ့်အစား လွှတ်ထားလိုက်တာ ပိုကောင်းတယ်… သူ့ရဲ့အသိပညာတွေက နက်နဲလွန်းပါတယ်”

“ဆိုတော့ မင်း ပုန်ကန်ချင်သေးတာလား”

မုန့်ယွင်ကွေ့က ခပ်တိုးတိုး အကြံပေးသည်။ “သူက ဉာဏ်ပညာရှိတဲ့ ဧကရာဇ်တစ်ပါး ဆိုတော့ အညံ့ခံလိုက်တော့လေ… အရှင်မင်းကြီးက လူသားမျိုးနွယ်အတွက် လွတ်လမ်းတောင် ထားပေးခဲ့သေးတယ်”

ယွီချိန်ကျစ်က သူ့ကို ပြုံးလျက် ကြည့်လိုက်၏။ “ဆရာတူဦးလေး၊ ကမ္ဘာဦးခေတ်မှာတုန်းက မဟာဧကရာဇ်ကလည်း ဉာဏ်ပညာကြီးတဲ့ ဧကရာဇ်တစ်ပါး ဖြစ်ခဲ့တာပဲလေ… ထိုက်ချူလည်း အတူတူပဲ…. ကောင်းကင်နတ်အရှင်ဟောင်က သူတို့ထက် သာပါတယ်… ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို တွေ့ပြီးတဲ့အခါကျ သူတို့ခေတ်နောက်ကျနေပြီဆိုတာ သိသွားကြလိမ့်မယ်”

မုန့်ယွင်ကွေ့ မျက်မှောင်ကြုတ်လိုက်သည်။

“ပိုကောင်းတဲ့ ဧကရာဇ်တွေကို တွေ့မြင်ခဲ့ရပြီးပါပြီ… ဧကရာဇ်ယန်ဖုန်း၊ ဧကရာဇ်ယန်ရှို့ ဘယ်ဧကရာဇ်ပဲဖြစ်ဖြစ် ကောင်းကင်နတ်အရှင်ဟောင်ထက် သာကြတယ်”

ယွီချိန်ကျစ်က အေးဆေးတည်ငြိမ်စွာ ဆက်ပြောသည်။ “ဧကရာဇ်ယန်ဖုန်းက လူသားတွေရဲ့ နှလုံးသားထဲက နတ်ဘုရားကို ဖျက်ဆီးပေးခဲ့တယ်… ဧကရာဇ်ယန်ရှို့က လူနေမှုအဆင့်အတန်းကို တိုးတက်လာစေခဲ့တယ်… ကောင်းကင်နတ်အရှင်မူကတော့ နတ်ဘုရားတွေကို လူသားတွေအတွက် အလုပ်အကြွေး ပြုစေခဲ့တယ်… နတ်ဘုရားတွေဆိုတာ လူသားတွေအပေါ် အလုပ်အကြွေးပြုစုရမှာတဲ့လေ ... ကောင်းကင်နတ်အရှင်ဟောင်က မဟာဧကရာဇ်၊ ထိုက်ချူတို့ရဲ့ အုပ်ချုပ်မှုကို နည်းနည်းလေးပဲ ပြောင်းလဲခဲ့တာ… ထာဝရငြိမ်းချမ်းရေးအင်ပါယာကမှ တကယ့်ပြောင်းလဲမှုအစစ်ပဲ”

“ကျွန်တော်တို့အနေနဲ့ တွန်းလှန်ခဲ့ပြီဆိုမှတော့ ပြန်ဒူးထောက်ပြီး ကျွန်တွေ မဖြစ်ချင်တော့ဘူး… ကိုယ့်သမိုင်းကို ကိုယ်တိုင် ရေးချင်တယ်”

“ဆရာတူဦးလေး၊ ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်… ကောင်းကင်နတ်အရှင်မူနဲ့ တွေ့ခဲ့ရတုန်းက ဒီအိပ်မက် ပေါ်လာခဲ့တာ…. စိတ်လှုပ်ရှားလွန်းလို့ အိပ်လို့တောင် မရခဲ့ဘူး… ဒီအိပ်မက်က မျက်ရည်တွေ ဝဲလာစေပြီး နှလုံးသားထဲမှာ တွန်းအားတစ်ခု ဖြစ်ပေါ်လာစေခဲ့တယ်…. ဘယ်လောက်ပဲ ခက်ခဲပါစေ ဘယ်လောက်ပဲ အန္တရာယ်များပါစေ ဒီအိပ်မက် အကောင်အထည်ပေါ်အောင် လုပ်ရမယ်… ကျွန်တော် ခေါင်းပြတ်ရမယ်ဆိုရင်တောင်မှ အသက်စတေးရမယ် ဆိုရင်တောင်မှပေါ့”

ယွီချိန်ကျစ်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး သူ၏မျက်လုံးများက တောက်ပလင်းလက်နေ၏။ “အနာဂတ်မှာ မိုးကောင်းကင်က အပြစ်ပေးလည်း ဆက်လုပ်နေမှာပဲ”

မုန့်ယွငိကွေ့က ရပ်တန့်၍ ရှုပ်ထွေးနေသော အကြည့်များဖြင့် သူ့ကို ကြည့်နေသည်။ သူ၏ ငယ်စဉ်ဘဝကို ပြန်မြင်လိုက်ရသည့်အလား ခံစားလိုက်ရလေသည်။

သူ့တွင်လည်း အိပ်မက်မက်ခဲ့သော အချိန်ကာလတစ်ခု ရှိခဲ့သည်။ သို့သော် ကောင်းကင်နတ်ဘုံသို့ ရောက်လာပြီးနောက် ထိုအိပ်မက်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး သူ့ကိုယ်သူ ရုပ်ဖျက်နေရုံမှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ပေ။

တာအိုဂိုဏ်းမှ ဤလူငယ်က ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော သူ၏မူ လနှလုံးသားကို နိုးကြားလာစေခဲ့ချေပြီ။

“မင်းတို့ နိုင်မှာမဟုတ်ဘူး”

သူက ခပ်ပြတ်ပြတ် ပြောပြီးနောက် ယွီချိန်ကျစ်ကို ထားခဲ့ကာ အလျင်အမြန် ထွက်ခွာသွားတော့သည်။

ယွီချိန်ကျစ်က သူ၏နောက်ကျောကို ကြည့်၍ ပြုံးနေသည်။ သူက အက်ကွဲနေသော အသံဖြင့် လှမ်းပြော၏။ “မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဒီအိပ်မက်အတွက် တိုက်ခိုက်နေကြတုန်းပဲ… ကောင်ကင်နတ်အရှင်ယွီ၊ ကောင်းကင်နတ်အရှင်ယွင်၊ ချိဧကရာဇ်၊ မင်ဧကရာဇ်၊ ချုံဧကရာဇ်၊ ခိုင်ဧကရာဇ်ကနေ ဒီနေ့ ကောင်းကင်နတ်အရှင်မူရဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာအထိပဲ… ကျွန်တော်တို့ ဘယ်တုန်းကမှ အလျှော့မပေးခဲ့ပါဘူး… လူသားမျိုးနွယ်က ဘယ်တုန်းကမှ လက်မလျှော့ခဲ့ပါဘူး ဆရာတူဦးလေး”

မုန့်ယွင်ကွေ့မှာ အသက်လု ပြေးလွှားနေရသည့်အလား လျင်မြန်စွာ ထွက်ခွာသွားသည်။ သူသည် ထိုစကားများကို နားမထောင်ရဲပေ။

ယွီချိန်ကျစ်၏ စကားများက သူ၏နှလုံးသားကို ကိုင်လှုပ်နေကြသော မိစ္ဆာစကားများပင် ဖြစ်ချေသည်။

All Chapters