← Chapters

#နောက်ဆုံးအဆောင်#

Vol. 80 Ch. 1132

#နောက်ဆုံးအဆောင်#

Vol. 80 Ch. 1132

အကယ်၍တစ်ယောက်ယောက်သာ ဖြတ်သွားပါက အာရုံခံမိပေလိမ့်မည်။ 

ဒီလူနှစ်ယောက်က နတ်အင်ပါယာနယ်ပယ်အစောပိုင်းအဆင့်နှင့် နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်များဟု သူတို့မျှော်လင့်ထားကြမည်မဟုတ်။ 

သူတို့က အနည်းဆုံးတော့ နတ်အင်ပါယာနယ်ပယ် နောက်ပိုင်းအဆင့် သို့မဟုတ် အထွတ်အထိပ်အဆင့်ကိုပင် ရောက်နေကြပြီဟု ထင်ကြပေလိမ့်မည်။ 

အာကာသပျက်စီးခြင်းနှင့် မြေကြီးပြိုကျခြင်း!

ကြယ်များ၏လေးလံမှုနှင့် အသူရာလမ်းစဉ်ဒေါသ!

ဒီအခိုက်အတန့်၌ ဒီအရာများက ရှီရှန်းနှင့် စုန့်စီတို့၏ပတ်၀န်းကျင်၌ ပြည့်နှက်နေခဲ့သည်။ 

စုန့်စီနောက်က နိဗ္ဗာန်ဓမ္မခန္ဓာတွင်လည်း ခက်ထန်သည့်အမူအရာတစ်ခုရှိသည်။ ၎င်း၏လက်ရှစ်ဖက်က နှိပ်စက်ကိရိယာမျိုးစုံကို ကိုင်ထားပြီး ကြယ်ကြွေနတ်ပုဆိန်ကို နိဗ္ဗာန်စွမ်းအင်နှင့်အတူ ကြဲချနေသည်။ 

တခြားတစ်ဘက်တွင် ရှီရှန်း၏မျက်နှာက လျင်မြန်စွာ ဖြူရော်သွား၏။ ကြယ်ကြွေနတ်ပုဆိန်ပတ်လည်က ကြယ်သုံးလုံးဗဟိုချက်များကလည်း ဒီအခိုက်အတန့်၌ ရုတ်တရက်ပေါက်ကွဲသွားသည်။ 

အစစ်အမှန်ကြယ်သုံးလုံး ပေါက်ကွဲသွားသည့်အလားပင် ထင်ရသည်။ 

ရုတ်ချည်းဆိုသလို ယှဉ်၍မရနိုင်လောက်အောင် ကြီးမားသည့်ကြယ်စွမ်းအားက ဧရာမနက္ခတ်လေတစ်စင်းအဖြစ် ‌ပြောင်းလဲကာ စုန့်စီနှင့် နိဗ္ဗာန်အသူရာဓမ္မခန္ဓာတို့အား အထဲသို့ သယ်ဆောင်သွား၏။ 

စုန့်စီ၏အမူအရာကလည်း ဒီတဒင်္ဂမှာပင် သိသိသာသာပြောင်းလဲသွားခဲ့သည်။ သူက အသူရာဓမ္မခန္ဓာ၏ ခက်ထန်သည့် အမူအရာကဲ့သို့ အလွန်အမင်း ကြမ်းကြုတ်ခက်ထန်နေသည်။ 

ကြယ်စွမ်းအားကနေ ဖန်တီးဖွဲ့စည်းထားသည့် ဒီဧရာမနက္ခတ်လေထဲတွင် စုန့်စီ ယှဉ်၍မရနိုင်သည့် လေးလံသော အလေးချိန်နှင့်အတူ သူ့ကိုယ်ခန္ဓာကို ဆွဲယူနေသည့် အစွမ်းထက်အားတစ်ခုကိုလည်း ခံစားနေရသည်။ 

သူ့ခြေလက်အင်္ဂါများနှင့် အရိုးများကလည်း ဆုတ်ဖြဲခံရတော့မတတ်ပင်။ 

သူ့အင်္ဂါများကလည်း ဒီယှဉ်၍မရနိုင်လောက်အောင် လေးလံသည့်အား၏ ဖိအားကြောင့် ပြိုကွဲလုနီးပါးပင်။ 

သူ့အသက်ရှူနှုန်းနှင့် ကိုယ်ထဲက ဝိဉာဉ်ချီလည်ပတ်နှုန်းကပင် မချောမွေ့နိုင်တော့။ 

ဒါက စုန့်စီကို ထိတ်လန့်စေပြီး နားမလည်နိုင်ဖြစ်စေသည်။ 

သူအစွမ်းကုန်တိုက်ခိုက်တာတောင် သူ့၏ နိဗ္ဗာန်အသူရာဓမ္မခန္ဓာက တစ်ဘက်လူကို အနိုင်မယူနိုင်ဘူးလား။ 

ဒါ့အပြင် ရှီရှန်း၏နယ်ပယ်က သူ့ထက်တစ်ဆင့်နိမ့်ကျသေးသည်။ 

စုန့်စီ၏နားလည်မှုအရ အသူရာအစစ်အမှန်နတ်ဘုရားက အစစ်အမှန်နတ်ဘုရားများအကြား အားအကောင်းဆုံးတည်ရှိမှုပင်။ 

ဘယ်လိုလုပ်ပြီး ကြယ်စွမ်းအားက ဒီလောက်အစွမ်းထက်အားကို ဖြစ်စေရလေသနည်း။ 

သို့စေကာမူ စုန့်စီဒါကို တစ်ခါမှ တွေးမိမည်မဟုတ်။ 

သူက ကြယ်အစစ်အမှန်နတ်ဘုရား၏ အမွေအနှစ်အပြင် လုချန်ရှန်း၏ အမွေအနှစ်ကိုသာ ရင်ဆိုင်နေရခြင်းဖြစ်သည်။ 

လုချန်ရှန်းကို အသူရာအစစ်အမှန်နတ်ဘုရားနဲ့ ယှဉ်၍ရမည်လား။ 

အဖြေကသိသာနေလေပြီ။ 

ဖူး......!

စုန့်စီပါးစပ်အပြည့် သွေးတစ်လုပ်အန်ရင်း သူ့အတွင်းအင်္ဂါများက စတင်ကြေမွလာပြီး တစ်ချိန်တည်းမှာပင် သူ့ကိုယ်ခန္ဓာက အက်ကွဲနေသည့် လက္ခဏာများကို စတင်ပြသသည်။ 

စုန့်စီအံကြိတ်ကာ အော်ဟစ်သည်။ 

သူ့နောက်က နိဗ္ဗာန်အသူရာဓမ္မခန္ဓာကလည်း အတွင်းကနေအပြင်သို့ အဖျက်စွမ်းအားတစ်ခုနှင့်အတူ ပေါက်ကွဲသွားခဲ့သည်။ 

ဓမ္မခန္ဓာ၏ လက်ရှစ်ဖက်က တစ်ချိန်တည်းတွင် ပေါက်ကွဲလာသည်။ 

ပေါက်ကွဲမှုကြောင့် ဖြစ်လာသည့် အစွမ်းထက်အားအောက်တွင် စုန့်စီ ကြယ်ကြွေနတ်ပုဆိန်၏ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်လာပြီး အဆက်မပြတ်ဆုတ်သွားသည်။ 

သူ ကျောက်တုံးပုံကြီးတစ်ပုံထဲကို ကျသွားသောအခါမှသာရပ်သွားပြီး ဖုန်မှုန့်ပမာဏ အများအပြားကို ထိုးတက်သွားစေသည်။ 

ရှီရှန်း ကြယ်ကြွေနတ်ပုဆိန်ကို သိမ်းဆည်းလိုက်၏။ 

ဒီကြယ်ပေါက်ကွဲခြင်းကို သုံးပြီးနောက် လက်ထဲက ကြယ်ကြွေနတ်ပုဆိန်ကို လှုပ်ယမ်းမည်ကိုထား၊ သူပုံမှန်အတိုင်းပင် မတင်နိုင်စွမ်းမရှိတော့ပါ။ 

သူ့ကိုယ်ထဲက ကြယ်စွမ်းအားက အကန့်အသတ်အထိ ကုန်ဆုံးသွားခဲ့သည်။ 

သူမြေပေါ်၌ဒူးထောက်ရင်း အသက်ပြင်းပြင်းရှူနေရသည်။ သူ့မျက်လုံးများက တစ်၀က်ပိတ်နေပြီး ချော်ရည်နှင့် မြေမီးတောက်များ ဖုန်နှင့်ရောနေသည့် နေရာကို စိုက်ကြည့်နေသည်။ 

အကယ်၍ စုန့်စီတွင်သာ တိုက်ခိုက်နိုင်စွမ်းရှိနေသေးပါက အခြေအနေက အနည်းငယ် ဆိုးသွားပေလိမ့်မည်။ 

သို့သော် အခြေအနေများဟူသည် ပုံမှန်အားဖြင့် ဆိုးလာတတ်သည်သာ။ 

ဒါ့အပြင် စုန့်စီက ရှီရှန်းအရင်က ကြုံတွေ့ခဲ့ရသည့် ပြိုင်ဘက်များနှင့် အတော်လေးကွာခြားသည်။ တစ်ဘက်လူက ပထမတန်းစားအင်အားစုတစ်ခု၏ ထိပ်တန်းပါရမီရှင်ပေတည်း။ 

သူလူသားဘိုးဘေးအောက်တွင် နံပါတ်တစ်အဖြစ် လူသိများသည့် အသူရာအစစ်အမှန်နတ်ဘုရား၏ အမွေကိုပင် ဆက်ခံခဲ့သည်။ 

များမကြာမီ ဖုန်မှုန့်များပျောက်ကွယ်သွားပြီး အထဲကနေ အားနည်းသည့်ချောင်းဆိုးသံတစ်သံထွက်လာခဲ့သည်။ 

စုန့်စီ၏စိတ်မကောင်းဖွယ်ရာပုံရိပ် ပြန်ပေါ်လာသောအခါ ရှီရှန်း၏အမူအရာက မည်းမှောင်သွား၏။ 

"ဟားဟားဟား" မြေပေါ်ဒူးထောက်နေရင်း ရှီရှန်းကိုကြည့်ရင်း စုန့်စီအရူးအမူးရယ်မောသည်။ သူမျက်နှာပေါ်က သွေးစွန်းနေသည့် အမာရွတ်ကို သုတ်ရင်း မျက်နှာတစ်၀က်ကို သွေးနှင့် ဖုံးပစ်သည်။ 

ဒါက စုန့်စီကို ယခုလေးတင် ငရဲကနေ တွားတွားထွက်လာသည့် မိစ္ဆာနစ်ကောင်နှင့် တူစေသည်။ 

"ဒါကအဆုံးသတ်ပဲ" စုန့်စီ ရှီရှန်းဆီသို့ ရူးသွပ်သည့်အပြုံးနှင့်အတူ လျှောက်လာကာ ရက်စက်စွာပြောသည်။ 

"မင်းခွန်အားက ငါစိတ်ကူးထားတာထက် ကျော်လွန်နေတာကို ငါ၀န်ခံရမယ်"

"ပါရမီအရာမှာ မင်းက ငါတွေ့ဖူးတဲ့ ထိပ်တန်းကျင့်ကြံသူသုံးယောက်ထဲက တစ်ယောက်လို့တောင် ပြောလို့ရတယ်"

"မင်းသာမသေဘူးဆို ငါ့အတွက် အနာဂတ်မှာ တကယ့်ပြဿာနာကြီးတစ်ခုဖြစ်လာနိုင်တယ်"

စုန့်စီတစ်လှမ်းချင်းလျှောက်လာနေသည်။ သူမမြန်သော်လည်း အရမ်းမနှေးပါ။ 

စုန့်စီအံကြိတ်ကာ အပြင်းအထန်ပြောသည်။ 

"ဒီတိုက်ခိုက်မှုကနေ ငါအသက်ရှင်လွတ်မြောက်နေသရွေ့ မင်းမှာခုခံဖို့ ဘာအခွင့်အလမ်းမှ မရှိတော့ဘူးလို့ ငါပြောခဲ့သားပဲ"

ဒီနေရာတွင် စုန့်စီ ရှီရှန်းရှေ့သို့ ရောက်လာလေပြီ။ သူရှီရှန်းကို ငုံ့ကြည့်ရင်း လက်ကို ဆန့်ထုတ်လိုက်၏။ 

သူ့လက်ဖဝါးပေါ်၌ နိဗ္ဗာန်စွမ်းအားအမျှင်စများက တဟုန်ထိုးထိုးတက်လာသည်။ 

ဒီစွမ်းအားက အရမ်းအားနည်းနေသော်လည်း ရှီရှန်းတွင် ဘာခွန်အားမှ မကျန်တော့ဘဲ သူ့ကိုယ်ခန္ဓာက လုံး၀ဗလာဖြစ်နေသည့် အခြေအနေကို ကျရောက်နေလေပြီ။ 

ဒီနိဗ္ဗာန်စွမ်းအားအစက်အပျောက်လေးက ရှီရှန်းကို သေသည်အထိ ချေမွပစ်ရန် လုံလောက်သည်။ 

"တကယ်ပဲဒီလိုဖြစ်လာမှာလား" ရှီရှန်း စုန့်စီကို မျက်လုံးတစ်၀က်ပိတ်ကာ အားနည်းသည့်အမူအရာဖြင့် မော့ကြည့်သည်။ သူအမှန်တကယ်ပြုံးလိုက်လေသည်။ 

ဒီအပြုံးကပင် စုန့်စီကို မျက်မှောင်ကြုတ်စေပြီး သူမကောင်းသည့်ခံစားချက်တစ်ခုရနေသည်။ 

"မင်းအင်္ကျီလက်ထဲမှာ တခြားဘာလှည့်ကွက်တွေ ရှိသေးတာလဲ" တစ်ခဏကြာတွန့်ဆုတ်နေပြီးနောက် စုန့်စီ၏ အမူအရာက ရက်စက်သွားပြီး ရှီရှန်း၏ ခေါင်းကို ရုတ်တရက်ဖမ်းကိုင်လိုက်သည်။ 

ဒီတစ်ခဏအကြာတွန့်ဆုတ်မှုကပင် သေစေလောက်သည့်အကျိုးဆက်များကို ဖြစ်လာစေရန် လုံလောက်နေလေပြီ။ 

ရှီရှန်းလက်မြှောက်လိုက်ပြီး လျှပ်စီးနှင့် တဖျပ်ဖျပ်လင်း၀င်းနေသည့် အဆောင်တစ်ခုကို စုန့်စီရင်ဘတ်ပေါ်၌ ကပ်လိုက်၏။ 

စုန့်စီ၏အမူအရာက ပြောင်းလဲသွားပြီး သူချက်ချင်းနောက်ဆုတ်လိုက်သော်လည်း အရမ်းနောက်ကျသွားခဲ့လေပြီ။ 

ရှီရှန်းလက်ဖဝါးပေါ်ကအဆောင်က စုန့်စီ၏ ရင်ဘတ်ပေါ်၌ ကပ်ငြိစွဲကျန်နေပြီဖြစ်ကာ တောက်ပသည့် အလင်းများကို ထုတ်လွှတ်နေသည်။ 

သူမထွက်သွားသေးခင် မုဖူရှန်း ရှီရှန်းကို အရေးပေါ်အခြေအနေများအတွက် အဆောင်အနည်းငယ် ပေးခဲ့သည်။ 

တစ်ချိန်တည်းမှာပင် သူစကားအနည်းငယ်ပြောခဲ့သည်။ 

"ဒီအဆောင်တွေကို ဝှက်ဖဲအဖြစ်သုံးရမယ်၊ အစ်ကိုစိတ်ပျက်စရာအခြေအနေတစ်ခုကို မကျရောက်သရွေ့ သုံးလို့မရဘူး"

"ဘာလို့လဲဆိုတော့ အစ်ကိုကြိုတင်သုံးလိုက်ပြီး ပြိုင်ဘက်ကို ချက်ချင်းမသတ်နိုင်ဘူးဆိုရင် တစ်ဘက်လူက သေချာပေါက် ကြောက်သွားပြီး အစ်ကိုရဲ့ဒီဝှက်ဖဲကို စောင့်ကြည့်နေလိမ့်မယ်"

ယခုအချိန်က မုဖူရှန်းပြောခဲ့သည့် အကောင်းဆုံးအခွင့်အလမ်းပေတည်း။ 

စုန့်စီ၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွား၏။ သူ့ရင်ဘတ်က ကမ္ဘာဖျက်လျှပ်စီးကို ခံစားမိသဖြင့် သူယှဉ်၍ မရနိုင်လောက်အောင် ကြောက်သွားခဲ့သည်။ 

ဂျုန်း......!

ရုတ်ချည်းဆိုသလို လျှပ်စီးက လိမ့်တက်လာသည်။ 

စုန့်စီ၏ကိုယ်က ချက်ချင်းပင် လျှပ်စီး၏ ဝါးမြိုခြင်းကိုခံရသည်။ 

ရှီရှန်း၏ကိုယ်ခန္ဓာကလည်း လျှပ်စီး၏ နောက်ဆက်တွဲလှိုင်းကြောင့် လွင့်စင်သွားရသည်။ 

လျှပ်စီးပျောက်ကွယ်သွားသောအခါ ရှီရှန်းသူ့ကိုယ်ခန္ဓာက စုန့်စီရှိခဲ့သည့်နေရာသို့ တရွတ်တိုက်ဆွဲသွားသည်။ 

မြေပေါ်၌ လဲနေသည့် လောင်ကျွမ်းမည်းတူးနေသည့် အလောင်းတစ်လောင်းရှိသည်။ 

ရှီရှန်းအနည်းငယ်မျက်မှောင်ကြုတ်လိုက်သော်လည်း ယခုအများကြီး တွေးတောနေရမည့်အချိန်မဟုတ်လေရာ သူလည်ပတ်နေသည့် ကျောက်တိုင်ကို ကြည့်ပြီးမေးသည်။ 

"စီနီယာ၊ ဒီကျောက်တိုင်ကို ဘယ်လိုရပ်မှာလဲ"

ရှီရှန်း ဆယ်ခုမြောက်ကြယ်ဗဟိုချက်က ကြယ်စွမ်းအားကို လုံး၀မကုန်ခမ်းစေခဲ့ပေ။ 

ကြယ်အစစ်အမှန်နတ်ဘုရား၏အသံ ထံင်လာသည်။ 

"ဒါကိုရပ်လို့မရဘူး၊ နှောင့်နှေးအောင် လုပ်ထားလို့ပဲရမယ်"

"မင်းစွမ်းအားက နှောင့်နှေးအောင် လုပ်နိုင်မှာမဟုတ်ဘူးဆိုတော့ ငါ့ကိုလွဲထားလိုက်ပါ"

"ဒါပေမယ့် ဒီနောက်မှာ ငါနက်ရှိုင်းတဲ့အိပ်စက်မှုတစ်ခုထဲ ကျသွားလိမ့်မယ်၊ မင်းသန့်စင်တဲ့ကြယ်စွမ်းအားကို ရှာပြီး ရက်သုံးဆယ်အတွင်းမှာ ဆယ်ခုမြောက်ကြယ်ဗဟိုချက်ထဲမှာ ပေါင်းစပ်ဖို့လိုတယ်၊ မဟုတ်ဘူး‌ဆိုရင် ငါ့ဝိဉာဉ်က ပျောက်ကွယ်သွားပြီး ဆယ်ခုမြောက်ကြယ်ဗဟိုချက်ကလည်း ပျောက်ကွယ်သွားလိမ့်မယ်"

ရှီရှန်းလေးနက်စွာခေါင်းညိတ်သည်။ 

"စိတ်မပူပါနဲ့၊ စီနီယာ၊ ကျွန်တော်သေချာပေါက် စီနီယာ့ကို စိတ်မပျက်စေရပါဘူး"

ကြယ်အစစ်အမှန်နတ်ဘုရား စိတ်သက်သာရာရစွာ ခေါင်းညိတ်ပြီးနောက် အကြွင်းအကျန်ဝိဉာဉ်စွမ်းအားအမျှင်စတစ်ခုက ကျောက်တိုင်ထဲတွင် ရုတ်တရက် ပေါင်းစပ်သွားခဲ့သည်။ 

အပိုင်း(1133) coming။ 

All Chapters