← Chapters

#ဓမ္မခန္ဓာ၊ အသူရာ#

Vol. 80 Ch. 1130

#ဓမ္မခန္ဓာ၊ အသူရာ#

Vol. 80 Ch. 1130

ဒါက ရှီရှန်း ကြယ်ကြွေနတ်ပုဆိန်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သည်။ 

သူစုန့်စီနှင့် ၎င်းကိုယ်ထဲက ထွက်လာသည့် နိဗ္ဗာန်သုတ်သင်ခြင်းအော်ရာကို ရင်ဆိုင်ရသောအခါ တစ်ဘက်လူက အလွန်အမင်း ကိုင်တွယ်ရခက်ခဲပြီး သူ့အရင်ပြိုင်ဘက်များနှင့် လုံး၀မတူညီသည့်အဆင့်တစ်ခုတွင် ရှိနေတာကို ရှီရှန်းသိလိုက်သည်။ ထို့ကြောင့် ရှီရှန်းချက်ချင်းဆုံးဖြတ်ချက်ချပြီး ကြယ်ကြွေနတ်ပုဆိန်ကို ထုတ်ယူလိုက်ခြင်းပင်။ 

ကြယ်ကြွေနတ်ပုဆိန်က ထူးခြားပုံမပေါ်သလို သာမန်ပုဆိန်တစ်လက်နှင့်သာ တူသော်လည်း လေးလံမှုနှင့် အင်မတန်နက်ရှိုင်းသည့် ခံစားချက်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ 

စုန့်စီ ရှီရှန်းလက်ထဲက ပုဆိန်ကိုကြည့်ရင်း ချက်ချင်းမျက်မှောင်ကြုတ်သည်။ 

"မင်းကတကယ်ပဲဘယ်သူလဲ၊ မင်းဘယ်ကနေ လာခဲ့တာလဲ"

ဒီလိုလက်နက်မျိုးက သာမန်ဂိုဏ်းများ၏ ကံကြမ္မာဖြင့် ခံစားနိုင်စွမ်းရှိသည့် အရာတစ်ခု သေချာပေါက်မဟုတ်ပါ။ 

ဒီအဆင့်လက်နက်နှင့်သာဆိုပါက ထိပ်တန်းကျွမ်းကျင်သူများနှင့် ဂိုဏ်းများပင်လျှင် ကျိန်းသေပေါက် တောင့်တကြပေလိမ့်မည်။ 

ဘာခွန်အားမှသာမရှိပါက ချက်ချင်းလုယူခံလိုက်ရမည်သာ။ 

သူတို့က နှုတ်ပိတ်ရန်အတွက်ပင် တိတိတဆိတ်သတ်ပစ်နိုင်ပေသည်။ 

ထိပ်တန်းလက်နက်တစ်ခုက ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းအတွက်သာ သင့်တော်သည်။ သာမန်ဂိုဏ်းများက ဒါကိုမခုခံနိုင်ကြပေ။ 

မဟုတ်ပါက ဒါက သတ်ဖြတ်ခြင်း၏ ကပ်ဘေးကိုသာ ဆွဲဆောင်မိပေလိမ့်မည်။ 

ကြယ်ကြွေနတ်ပုဆိန်ကို ကိုင်ပြီးနောက် ရှီရှန်း၏အော်ရာတစ်ခုလုံးက အကြီးအကျယ် ပြောင်းလဲသွားပုံရသည်။ 

အလွန်အမင်းသိပ်သည်းသည့် ကြယ်စွမ်းအားက ရှီရှန်းကိုယ်တစ်ဝိုက်တွင် အရူးအမူးလည်ပတ်နေသည်။ 

ရှီရှန်းကြယ်တာယာကောင်းကင်ဒန်တျန်က ဒီကြယ်တာယာကောင်းကင်၌ ထင်ဟပ်နေသည်။ 

ကြယ်ဗဟိုချက်က ကြယ်တာယာကောင်းကင်ထဲတွင် မြင့်မားစွာ ချိတ်ဆွဲတည်ရှိနေသည်။ 

ရှီရှန်းကိုယ်ထဲက ကြယ်စွမ်းအား ကြယ်ကြွေနတ်ပုဆိန်ထဲသို့ စီး၀င်သွားသည့် အခိုက်အတန့်၌ ကြယ်ကြွေနတ်ပုဆိန်က အသက်၀င်လာပုံရသည်။ 

ပုဆိန်လက်ကိုင်တွင် အပြာရောင်မျဉ်းများပေါ်လာပြီး ပုဆိန်ဆီသို့ တဖြည်းဖြည်းဆန့်သွားသည်။ 

ဒီတဒင်္ဂ၌ ကြယ်ကြွေနတ်ပုဆိန်က အောက်ခြေမဲ့တွင်းနက်တစ်ခုအလား။ 

၎င်းက ရှီရှန်းကိုယ်ထဲက ကြယ်စွမ်းအားကို အင်မတန်ကြောက်စရာကောင်းသည့် အမြန်နှုန်းတစ်ခုဖြင့် ဝါးမြိုနေသည်။ 

ကြယ်အစစ်အမှန်နတ်ဘုရား ဒီမြင်ကွင်းကို မြင်သောအခါ လေးနက်စွာပြောသည်။ 

"မင်းမှာပုဆိန်သုံးချောင်းပဲရှိနိုင်မယ်၊ ပုဆိန်သုံးချောင်းအပြီးမှာ မင်းရဲ့ကြယ်စွမ်းအားက လုံး၀ဗလာဖြစ်သွားလိမ့်မယ်"

ရှီရှန်းလေးနက်သည့် အမူအရာဖြင့် ခေါင်းညိတ်သည်။ 

"ကျွန်တော်နားလည်ပါတယ်၊ သတိပေးတဲ့အတွက် ကျေးဇူးပါ စီနီယာ"

သူ့ကိုယ်ထဲက ကြယ်စွမ်းအားက လျင်မြန်စွာ ကုန်ခမ်းနေတာကို သူအာရုံခံနိုင်ပါသည်။ 

ဒီနေရာတွင် နိဗ္ဗာန်စွမ်းအားကလည်း စုန့်စီလက်ဖဝါးများပေါ်၌ အလုံးနှစ်လုံးအဖြစ် သိပ်သည်းသွားခဲ့သည်။ 

အလုံးကအနက်ရင့်ရောင်ဖြစ်ပြီး အရမ်းကြီးမားပုံမပေါ်။ 

သို့စေကာမူ တစ်ချိန်လုံးမှိတ်တုတ်မှိတ်တုတ် လင်း၀င်းနေသည့် အနက်ရင့်အလင်းက လူတစ်ယောက်၏ နှလုံးကိုပင် ခုန်ပေါက်စေသည်။ 

ရှီရှန်း စုန့်စီကိုအေးစက်စွာကြည့်သည်။ 

"မင်းလက်မလျှော့ဘူးဆိုမှတော့ ရိုင်းပျမိတဲ့အတွက် ငါ့ကိုအပြစ်မတင်နဲ့"

"ဂိုဏ်းအများအပြားကို ကျင့်ကြံခြင်းနည်းစနစ်ကိုတောင် အရူးအမူးလိုချင်ရတဲ့အထိ ဆွဲဆောင်နိုင်စွမ်းရှိတဲ့ ဒီဒဏ္ဍာရီလာကြယ်စွမ်းအားက ဘယ်လောက်ထိ အစွမ်းထက်သလဲဆိုတာ ငါမြင်ချင်ပါသေးတယ်" စုန့်စီနှာ‌မှုတ်သည်။ 

သူတို့၏စကားများရပ်သွားသည့်အချိန်တွင် နှစ်ယောက်စလုံး ထိုနေရာကနေ တစ်ချိန်တည်းမှာပင် ပျောက်ကွယ်သွားကြ၏။ 

သူတို့နှစ်ဦးဆင်းသက်ခဲ့သည့်နေရာတွင် ဆိုင်ကလုန်းငယ်လေးတစ်ခုသာ ကျန်နေခဲ့သည်။ 

တဟူးဟူးမြည်သံနှင့်အတူ မီးတောက်များ ပိုမြန်မြန်စီးဆင်းသောအခါ ရှီရှန်းနှင့် စုန့်စီတို့ ထပ်မံပေါ်လာကြသည်။ 

သူတို့နှစ်ယောက်က ခြေလှမ်းနှစ်လှမ်းပင် မဝေးတော့ပါ။ 

စုန့်စီနှာခေါင်းရှုံ့ကာ လက်ထဲက နိဗ္ဗာန်စက်လုံးနှစ်လုံးကို ရှီရှန်းရင်ဘတ်ဆီသို့ ဖိသိပ်ပစ်သည်။ 

ပြင်းထန်သည့်နိဗ္ဗာန်ဖျက်ဆီးခြင်းစွမ်းအားက ဒီတဒင်္ဂတွင် အဆက်မပြတ် ဖိသိပ်နေပြီး ပတ်၀န်းကျင်က လေဟာနယ်ကလည်း ပြိုကျနေသည်။ 

ဒီနိဗ္ဗာန်စက်လုံးနှစ်လုံးက သူ့ရင်ဘတ်ကို မဖိထားသေးသည့်တိုင် နိဗ္ဗာန်စွမ်းအားက ခန္ဓာကို သူမသိစိတ်ကနေ ပေါ်လာသည့် မပျော်ရွှင်မှုတစ်ခုအား ခံစားရစေတာကို ရှီရှန်းရှင်းရှင်းလင်းလင်း အာရုံခံနေရသည်။ သူ့ကိုယ်ထဲက ကြွက်သားများနှင့် အတွင်းအင်္ဂါအားလုံးက စတင်ကျုံ့လာကြ၏။ ရင်ဘတ်ပေါ်က အ၀တ်ကလည်း တစ်လက်မချင်းစပြီး ပျက်စီးလာသည်။ 

စုန့်စီ ရှီရှန်း၏ ကြယ်ကြွေနတ်ပုဆိန်ကို ရင်ဆိုင်ရသည့်အပေါ် နောက်မဆုတ်ပေ။ ဒါက သူ့ခွန်အားအပေါ် သူအကြွင်းမဲ့ယုံကြည်မှုရှိသည်ဟု ဆိုလိုနေခြင်းပင်။ 

သူယခုလေးတင် ထုတ်ဖော်လိုက်သည့် အရာက သူ့တွင် ယုံကြည်မှုနှင့် ဂုဏ်ယူ၀င့်ကြွားရန်အတွက် ခွန်အားရှိနေတာကို ပြသရန် လုံလောက်ပါသည်။ 

ဒီအခြေအနေတွက် ရှီရှန်းကလည်း သေချာပေါက် နောက်မဆုတ်နိုင်ပေ။ သူကသေသည်အထိ တိုက်ခိုက်ပါက ဒါက မထိုက်တန်တော့။ 

သူ ကြယ်ကြွေနတ်ပုဆိန်ကို လက်နှစ်ဖက်နှင့်ကိုင်ပြီး နိဗ္ဗာစက်လုံးနှစ်လုံးအား တစ်ချက်အော်ဟစ်ကာ ခုတ်ဖြတ်ပစ်သည်။ 

၎င်းတို့တိုက်မိသည့်အခိုက်အတန့်၌ ကျယ်ပြန့်သည့်ကြယ်တာယာကောင်းကင်က ကြယ်ကြွေနတ်ပုဆိန်ထဲသို့ ကြယ်စွမ်းအားကို အရူးအမူးထိုးသွင်းပေးသည်။ 

ပုဆိန်ပေါ်က အပြာရောင်အဆင်းများက တောက်ပသည့်နတ်အလင်းကို ထုတ်လွှတ်သည်။ 

ဒုန်း........!

သူတို့၏တိုက်ချက်များက စုဆုံသွားကြ၏။ 

စုန့်စီ၏ နိဗ္ဗာန်စက်လုံးနှစ်လုံးက ကြယ်ကြွေနတ်ပုဆိန်ကို ဖိနှိပ်ထားသည်။ 

နိဗ္ဗာန်စွမ်းအားနှင့် ကြယ်စွမ်းအားတို့၏ ပေါက်ကွဲမှုနှင့်အတူ လေထုတင်မကပဲ နိယာမစွမ်းအားနှင့် ချော်ရည်နှင့် မြေမီးတောက်တို့ပါ ယာယီပျောက်ကွယ်သွားပြီး လေဟာနယ်အဖြစ် ပြောင်းလဲသွား၏။ 

၎င်းတို့၏အသံများပင်လျှင် ပျောက်ကွယ်သွားကြသည်။ 

သို့စေကာမူ တိုက်ချက်နှစ်ခုစုဆုံသွားသောအခါ စုန့်စီ၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။ 

နိဗ္ဗာန်စွမ်းအားက အရာတိုင်းကို ဖျက်ဆီးပစ်နိုင်သည့် နိယာမစွမ်းအားတစ်ခုပင်။ 

သို့သော် ရှီရှန်း၏ကြယ်စွမ်းအားက ပျောက်ကွယ်သွားသည့် လက္ခဏာကို မပြသပေ။ 

ဒါက ရှီရှန်းလက်ထဲက ကြယ်ကြွေနတ်ပုဆိန်ကြောင့် ဖြစ်ရမည်။ 

ဒီပေါက်ကွဲစေနိုင်သည့် အပြာရောင်နတ်အလင်းက ထုတ်လွှတ်သည့် ကြယ်စွမ်းအားက မလျော့ကျသွားဘဲ ယင်းအစား တိုးလာပြီး နိဗ္ဗာန်စက်လုံးများကို အဆက်မပြတ် ဖိနှိပ်နေသည်။ 

တခြားတစ်ဘက်တွင် ရှီရှန်းကလည်း သူ့ကိုယ်ခန္ဓာ ဆုတ်ဖြဲခံနေရသည့်ပမာ ခံစားနေရသည်။ 

တစ်ဖက်တွင် ကြယ်ကြွေနတ်ပုဆိန်က သူ့ကိုယ်ထဲက ကြယ်စွမ်းအားကို အဆက်မပြတ် ထုတ်ယူနေသည်။ 

တခြားတစ်ဘက်တွင် ဒီနိဗ္ဗာန်စွမ်းအား၏ နောက်ဆက်တွဲလှိုင်းက သူ့ကိုယ်ခန္ဓာကို တိုက်စားနေသည်။ 

ဂျုန်း......!

နောက်ဆုံးတွင် အသက်ရှူကြိမ်ရေအနည်းငယ်ကြာပြီးနောက် ဒီလေဟာနယ်ထဲက နိယာမစွမ်းအားအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။ 

ကြာရှည်စွာဖိသိပ်ခံထားရသည့် ကျယ်လောင်သောအသံက နဂါးဟိန်းသံနှင့် ကျားဟိန်းသံပမာ ပေါက်ကွဲထွက်လာသည်။ 

နောက်ဆက်တွဲ လေလှိုင်းများက နေရာတိုင်းတွင် ပျံ့သွားခဲ့သည်။ 

နိဗ္ဗာန်စက်လုံးများက ကြယ်ကြွေနတ်ပုဆိန်၏ ခုတ်ချက်အောက်တွင် ပြိုကွဲပျက်စီးသွားရသည်။ 

စုန့်စီ၏မျက်နှာကဖြူရော်သွားပြီး ဧရာမနောက်ဆက်တွဲလှိုင်းကြောင့် နောက်သို့ အတင်းတွန်းခံရသည်။ 

ခြေလှမ်းတစ်ဒါဇင်ခန့် ဆုတ်ပြီးနောက် သူရပ်လိုက်သည်။ သူ့ပါးစပ်ထောင့်စွန်းက သွေးစက်တစ်စက်စီးကျလာသည်။ 

တခြားတစ်ဘက်တွင် ရှီရှန်း ကြယ်ကြွေနတ်ပုဆိန်နှင့် အသာစီးရနေသော်လည်း အဆင်ပြေမနေပေ။ 

သူ့ကိုယ်ခန္ဓာက စုတ်ပြဲသွားပုံပင်။ 

ရှီရှန်း၏ဒဏ်ရာများက စုန့်စီထက် ပိုဆိုးသည်ဟု ဆို၍ရသည်။ 

"မင်းဒီလိုအစွမ်းထက်စွမ်းရည်မျိုးကို ထုတ်လွှတ်နိုင်လိမ့်မယ်လို့ ငါတကယ်မမျှော်လင့်ထားခဲ့ဘူး" စုန့်စီ မထီမဲ့မြင်အသွင်ကို ဖယ်ရှားပြီး သူ့မျက်နှာက လေးနက်မှုနှင့် ပြည့်နှက်နေသည်။ 

"အတိတ်က ငါက ပြိုင်ဘက်ကို နယ်ပယ်ဖြတ်ကျော်သတ်ပစ်နိုင်တဲ့ သူတစ်ယောက်ပဲ၊ အခုမင်းနယ်ပယ်က ငါ့ထက်နိမ့်ကျတာတောင် ငါ့ကို ဒီလောက်ဒုက္ခပေးနိုင်ခဲ့တယ်၊ မင်းဂုဏ်ယူနိုင်ပါပြီ"

ရှီရှန်းအသက်ပြင်းပြင်းရှုရင်း ကိုယ်ထဲက နာကျင်မှုကို ဖိနှိပ်ထားပြီး စုန့်စီကိုကြည့်ကာ ဖြည်းဖြည်းချင်းပြောသည်။ 

"မင်းလည်းမဆိုးပါဘူး၊ လူငယ်မျိုးဆက်တွေထဲက မင်းကငါတွေ့ဖူးသမျှမှာ အားအကောင်းဆုံးပြိုင်ဘက်ပဲ၊ အိုး၊ သေချာပေါက် ငါ့စီနီယအစ်ကိုတွေ၊ အစ်မနဲ့ ဂျူနီယာတွေကလွဲပြီးတော့ပေါ့"

စုန့်စီမျက်မှောင်ကြုတ်သည်။ 

"ကြည့်ရတာ ဒီရေရှည်အောင်မြင်မှာတွေက မင်းကို ကိုယ့်ကိုကိုယ်အလွန်အကျွံ ယုံကြည်မှုရှိသွားစေပုံပဲ၊ မင်းနည်းနည်းလေး အသာစီးရခဲ့ပေမယ့် ကြီးကြပ်ရေးဗိမာန်ရဲ့ ဂုဏ်ကျက်သရေအတွက် ကျေးဇူးပြုပြီးတော့ သေလိုက်ပါ"

"နောက်ထပ်တိုက်ခိုက်မှုမှာ ငါထိန်ချန်ထားမှာ မဟုတ်ဘူး"

ထို့နောက် စုန့်စီလက်နှစ်ဖက်ကို အတူတကွဖိထားစဉ် သူ့လက်နောက်ဘက်၌ ဆန်းကြယ်သည့် အနက်ရောင်အမှတ်အသားတစ်ခုပေါ်လာသည်။ 

ချက်ချင်းဆိုသလို သူ့နောက်တွင် လက်ရှစ်ဘက်ရှိသည့် ပုံရိပ်ယောင်တစ်ခုပေါ်လာသည်။ 

"သုတ်သင်ခြင်း.....အသူရာ"

အပိုင်း(1131) coming။ 

All Chapters