← Chapters

#နေမင်းကန်#

Vol. 80 Ch. 1122

#နေမင်းကန်#

Vol. 80 Ch. 1122

ကြည့်ရသည်မှာ တခြားလနတ်ကျောက်တောင်ကို သူတို့ဖွင့်ခဲ့ပုံရသည်။ 

သို့စေကာမူ စုန့်ရှောင်နှင့် ကျန်သောသူများတွင် ကြယ်စွမ်းအားအရိပ်အယောင်ဟူ၍ မရှိပါ။ 

တစ်နည်းအားဖြင့်ဆိုပါက တခြားလနတ်ကျောက်တောင်ကို ကြယ်စွမ်းအားမပါဘဲနှင့်လည်း အသက်သွင်းနိုင်ခြင်းပင်။ 

"ဘယ်လိုတိုက်ဆိုင်မှုလဲ" စုန့်စီနှာခေါင်းရှုံ့သည်။ 

"ကြည့်ရတာ မင်းတို့လည်း ခွန်းလွန်အပျက်အစီးကို ဖွင့်ချင်နေကြပုံပဲ"

ယဲ့ချိုးပိုင်ထူးမခြားနားစွာပြောသည်။ 

"မင်းတို့ရဲ့ကြီးကြပ်ရေးဗိမာန်က အများကြီးသိထားတာပဲ၊ ကြည့်ရတာ မင်းတို့ အရင်ကလည်း လာဖူးပုံရတယ်"

"မင်းလည်းအတူတူပဲလေ" စုန့်စီ အနည်းငယ် မျက်ခုံးပင့်လိုက်သည်။ 

"ဒါပေမယ့် မင်းတို့သတင်းအချက်အလက်ကို အစစ်အမှန်နတ်ဘုရားနယ်ပယ် စီနီယာတွေဆီကနေ မေးခဲ့ကြတာဖြစ်ရမယ်"

.....

ယဲ့ချိုးပိုင်မငြင်းဆိုသော်လည်း မတုံ့ပြန်ခဲ့ပါ။ 

"ဒီလိုဆိုရင်တောင် အခု သေခြင်းရှင်ခြင်းအတွက် တိုက်ခိုက်တာအသုံးမ၀င်ဘူး၊ ငါတို့ဒီနေရာကို အတူတကွဖောက်ကြမယ်ဆိုရင်ရော" စုန့်စီအကြံပြုသည်။ 

ယဲ့ချိုးပိုင် စုန့်စီကို တစ်ချက်ကြည့်သည်။ 

"ဘာလို့လဲ၊ မင်းစည်းမဲ့ကမ်းမဲ့၊ အသုံးအဖြုန်းကြီးပါရမီရှင်တစ်ယောက်လို ဟန်မဆောင်တော့ဘူးလား"

စုန့်စီခေါင်းခါယမ်းသည်။ 

"ငါ့စကားတွေကို ငါဘယ်တော့မှ ပြန်မရုပ်သိမ်းဘူး"

ဒီအချိန်တွင် ဘိုးဘေးအင်ပါယာအပိုင်းကို သွားပြီး ချောက်ထဲ၀င်ရန်အတွက် သူတို့ ခွန်းလွန်နှင့် အဇူရာကောင်းကင်အပိုင်းတို့မှ အမွေအနှစ်လျှို့ဝှက်မြေများကို အလျင်အမြန် ဖွင့်လှစ်ရပေမည်။ 

"ဒါဆိုမင်းမှာ ဘာသတင်းအချက်အလက်တွေရှိလဲ" ယဲ့ချိုးပိုင်၏ပါးစပ်ထောင့်စွန်းက အနည်းငယ်ကွေးညွတ်သည်။ 

စုန့်စီအေးစက်စွာမေးသည်။ 

"မင်းမှာရော ဘာသတင်းအချက်အလက်တွေရှိလဲ"

ယဲ့ချိုးပိုင်လက်အစုံကို ဖြန့်လိုက်သည်။ 

"ကြည့်ရတာ မင်းတို့က ရိုးရိုးသားသားနဲ့ တကယ်ပူးပေါင်းနေတာ မဟုတ်ဘူးထင်တယ်"

စုန့်စီနှာမှုတ်သည်။ 

"ဘာလို့လဲ၊ မင်းငါတို့ကို သတင်းအချက်အလက်ပြောပြပြီးတာနဲ့ ငါတို့မင်းတို့နဲ့ မဖလှယ်တော့မှာကို ကြောက်နေတာလား၊ ကြီးကြပ်ရေးဗိမာန်ရဲ့ဂုဏ်သတင်းက အနည်းဆုံးတော့ ဘာမဟုတ်တဲ့မင်းတို့ထက် ပိုကောင်းပါတယ်"

"ကြီးကြပ်ရေးဗိမာန်" ယဲ့ချိုးပိုင်မေးသည်။ 

"ငါတို့မဆက်သွယ်ဖူးသလို ပူးပေါင်းတာမျိုးလည်းမရှိဘူး၊ မင်းတို့ကို ဘာလို့ယုံကြည်ရမှာလဲ"

"မင်း" စုန့်စီတစ်ယောက် ခွန်အားရှိသော်လည်း သုံးရမည့်နေရာမရှိသည့်အလား ရင်ဘတ်ထဲက တင်းကျပ်မှုကို ခံစားလိုက်ရသည်။ 

ဘေးက ၀မ်ကျင်းကျောက် လေးနက်သည့်အသံဖြင့် အော်ဟစ်သည်။ 

"လေးစားမှုတချို့ပြစမ်း၊ မောက်မာတဲ့ကောင်လေး၊ ကြီးကြပ်ရေးဗိမာန်က မင်းစော်ကားလို့ရတဲ့ အရာတစ်ခုလား"

စုချန်ကလည်း အေးစက်စွာပြောသည်။ 

"ဒီအဆင့်မြင့်ကြယ်နယ်မြေမှာ ကြီးကြပ်ရေးဗိမာန်ရဲ့ ဂုဏ်သတင်းကို မင်းမသိလောက်ဘူးထင်တယ်"

စုန့်စီရုတ်တရက် လက်ဝှေ့ယမ်းကာ နှစ်ယောက်စလုံးကို တိုက်ခိုက်ခြင်းကနေ တားဆီးပြီးနောက် ယဲ့ချိုးပိုင်ကို အေးစက်စွာကြည့်သည်။ 

"နေမင်းကန်က မီးတာအိုနိယာမက နေမီးလျှံကနေ သိပ်သည်းလာတာပဲ"

"ငါတို့ဘာဆက်လုပ်ရမလဲဆိုတာ မသိဘူး"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။ 

"အင်း"

ဟမ်!

ဒါကမင်းရဲ့ တစ်ခုတည်းသောတုံ့ပြန်မှုလား!

စုန့်စီ၏မျက်လုံးများက ပြူးကျယ်သွားပြီး ယဲ့ချိုးပိုင်ကို တစ်ခုခုပြောချင်နေသည့်အလား ကြည့်လိုက်သည်။ 

ယဲ့ချိုးပိုင် စုန့်စီကိုထူးဆန်းစွာကြည့်သည်။ 

"မင်းငါ့ကိုဘာလို့ စိုက်ကြည့်နေရတာလဲ"

"ဘာ...." စုန့်စီ၏မျက်နှာက မည်းမှောင်သွားသည်။ 

"သတင်းအချက်အလက်ဘယ်မှာလဲ"

"သတင်းအချက်အလက်၊ ဘာသတင်းအချက်အလက်လဲ" ယဲ့ချိုးပိုင် လက်အစုံကို ဖြန့်လိုက်၏။ 

"ငါတို့မှာ ဘာသတင်းအချက်အလက်မှ မရှိဘူး၊ လနတ်ကျောက်တောင်ဖွင့်တာဖြစ်ဖြစ် ဒီနေရာကို ရှာနိုင်တာဖြစ်ဖြစ် ငါတို့ကိုယ်တိုင် တွက်ချက်ပုံဖော်ခဲ့ကြတာ"

"မင်း...." ၀မ်ကျင်းကျောက် နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ ရှေ့တစ်လှမ်းတိုးလိုက်စဉ် သူ့အော်ရာက ထွက်လာသည်။ 

စုန့်စီ၏မျက်နှာကလည်း အိုးအောက်ခြေကဲ့သို့ပင် မည်းနက်နေပြီး မည်းမှောင်စွာပြောသည်။ 

"ဒီတော့ မင်းငါတို့နဲ့ လာကစားနေတာပေါ့"

"မဟုတ်ဘူးလေ၊ အစကနေ ဒီသတင်းအချက်အလက်အကြောင်း ငါဘာမှမပြောခဲ့ပါဘူး၊ ငါတို့ဆီမှာ ဘာသတင်းအချက်အလက်မှ မရှိဘူးလေ" ယဲ့ချိုးပိုင် စုန့်စီနှင့်ကျန်သောသူများအား စနောက်သည့်အသွင် ကြည့်လိုက်၏။ 

ဟုန်ရင်ခေါင်းညိတ်သည်။ 

"တကယ်ပါ၊ ငါတို့မှာ ဘာသတင်းအချက်အလက်မှ မရှိပါဘူး"

"ဒါ့အပြင် ငါတို့ရှင့်ကို မေးမြန်းဖို့အတွက် အရင်ဆုံးခြေလှမ်းမလှမ်းခဲ့ပါဘူး၊ ရှင့်ကိုယ်တိုင်ပြောခဲ့တာလေ"

အတိုချုပ်ဆိုရပါက ဒါကသူတို့နှင့် ဘာမှမသက်ဆိုင်ပါ။ 

ဒါ့အပြင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက လိမ်နေပုံလည်းမရပေ။ 

စုန့်စီ ရင်ဘတ်တစ်ခုလုံး လောင်ကျွမ်းသွားသည့်အလားပင်ခံစားရသည်။ 

သူကစားခံလိုက်ရသည်၊ သူတို့သူ့ကို လုံး၀ကစားခဲ့ကြသည်။ 

ဒီလိုဆုံးရှုံးမှုမျိုး စုန့်စီ ဘယ်တုန်းက ကြုံခဲ့ဖူးလေသနည်း။ 

တစ်ခဏအကြာတွင် ယဲ့ချိုးပိုင်နှင့် ကျန်သူများအပေါ် သူတို့၏သတ်ဖြတ်ခြင်းဆန္ဒက ပို၍ပင်ပြင်းထန်လာသည်။ 

"ဒါပေမယ့် မင်းသတင်းအချက်အလက်အတွက် ငါတကယ်ကျေးဇူးတင်မိပါတယ်" ယဲ့ချိုးပိုင်ပြောသည်။ 

"မင်းကို ပြန်ပေးဆပ်ဖို့အတွက် ငါတို့ဒီနေရာကနေ ဖောက်ထွက်ဖို့နဲ့ ခွန်းလွန်အပျက်အစီးကို ဖွင့်လှစ်ဖို့အတွက် အကောင်းဆုံးကြိုးစားမှာပါ၊ အင်း... ငါတို့ မင်းရဲ့သတင်းအချက်အလက်ကိုလည်း သုံးမှာပါ"

မင်းတိုက်ခိုက်ချင်တာလား!

စုန့်စီကျိန်ဆဲချင်နေသည်။ 

သို့စေကာမူ သူတို့ပန်းတိုင်က ခွန်းလွန်အပျက်အစီးကို တတ်နိုင်သမျှအမြန်ဆုံး ဖွင့်လှစ်ရန်သာဖြစ်လေရာ ဒါကိုသည်းခံရုံသာ တတ်နိုင်တော့သည်။ 

ဒါကိုတွေးမိသောအခါ စုန့်စီ ရုတ်တရက်ပြုံးရင်း ယဲ့ချိုးပိုင်ကို သတ်ဖြတ်ခြင်းဆန္ဒနှင့် စိုက်ကြည့်သည်။ 

"ငါတို့မှာ သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခု ရှိလာမှာပါ"

ယဲ့ချိုးပိုင်ပခုံးတွန့်သည်။ 

"ဘာမှမဖြစ်ပါဘူး"

၎င်းနောက်တွင် စုန့်စီ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို လျစ်လျူရှုကာ နေမင်းကန်ကို ကြည့်လိုက်၏။ 

တစ်ယောက်ယောက် ဒီနေရာကို ဖောက်ခွဲပြီး နေနှင့်လပေါင်းစပ်ခြင်း သက်ရောက်မှုကို အောင်မြင်နိုင်သရွေ့ ခွန်းလွန်အပျက်အစီးက ပွင့်လာပေလိမ့်မည်။ 

သို့သော် တစ်ယောက်ယောက်သာ အရင်ဆုံးဒီနေရာကို ‌ဖောက်ပါက ဒါက ခွန်းလွန်အပျက်အစီးသို့ သူတို့ခရီးစဉ်အတွက် အကျိုးရှိမလားဆိုတာ သူတို့မသိပါ။ 

ပုံမှန်အခြေအနေများအောက်တွင် ဒီဖြစ်နိုင်ချေက အတော်လေးမြင့်မားသည်။ 

သူတို့သာ ၀င်ပြီးချိုးဖျက်လိုပါက ပထမဆုံးလုပ်ရမည့်အရာက မီးအဆိပ်ကို ခံနိုင်ရည်ရှိရန်ပင်။ 

မုဝမ်အာ နဂါးကိုးကောင်နတ်အသွင်ပြောင်ဆေးပြင်းဖိုကို ထုတ်ရင်း ဆေးလုံးများကို စတင်သန့်စင်နေပြီဖြစ်သည်။ 

စုန့်စီနှင့် ကျန်နှစ်ယောက် ဒီမြင်ကွင်းကို အံ့ဩသင့်တကြီး ကြည့်နေသည်။ 

ဒီအချိန်မှာ ဆေးလုံးတွေသန့်စင်နေတာလား!

ဒါကအသုံး၀င်လို့လား!

သူတို့နှာမှုတ်လိုက်ကြသည်။ ထို့နောက် လက်ထဲတွင် ကျောက်စိမ်းဆွဲသီးတစ်ခုစီ ကိုင်လိုက်ကြ၏။ ကျောက်စိမ်းဆွဲသီးက ထုတ်လွှတ်သည့် မီးတောက်နီစွမ်းအင်က သူတို့၀န်းကျင်၌ အတားအဆီးတစ်ခုကို ဖြစ်စေသည်။ 

၎င်းနောက် သူတို့သုံးယောက် မီးအဆိပ်ထဲသို့ လျှောက်သွားကြလေတော့သည်။ 

မီးအဆိပ်က အတားအဆီးပေါ်၌ တဖျောက်ဖျောက်မြည်သံများကို ထုတ်လွှတ်နေသော်လည်း ထိုးဖောက်နိုင်စွမ်းမရှိချေ။ 

သို့စေကာမူ မီးအဆိပ်ချီက အတားအဆီး၏ အကာအကွယ်ကို အဆက်မပြတ်ချိုးဖျက်နေသည်။ ဒါဘယ်လောက်ထိ ကြာကြာခံနိုင်မလဲဆိုတာ သူတို့မသိကြပါ။ 

တကယ်တမ်းတွင် ကြီးကြပ်ရေးဗိမာန်က ကောင်းကောင်းပြင်ဆင်ထားသည်။ 

စုန့်စီနှင့်ကျန်နှစ်ယောက်၀င်သွားပြီးနောက် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက မလှုပ်ရှားကြသေးဘဲ မီးပင်လယ်ကို စောင့်ကြည့်နေကြသည်။ 

မု၀မ်အာ ဆေးလုံးများသန့်စင်နေစဉ် ယဲ့ချိုးပိုင်တို့ကလည်း ဒီအတိုင်းမနေကြပါ။ 

မု၀မ်အာကို ကာကွယ်ရင်း နေမင်းကန်ကနေ နေနှင့်လ၏ တောက်ပသောသက်ရောက်မှုကို ဘယ်လိုအောင်မြင်အောင် လုပ်ရမလဲဆိုတာ တွေးနေကြ၏။ 

သူတို့ နေမင်းရေကန်တစ်ခုလုံးကို တူးထုတ်ပြီး ကောင်းကင်ပေါ်မတင်ပြီး တောက်ပတဲ့ လနှစ်စင်းနဲ့ တစ်တန်းတည်းထားရမလား!

ဒါကမဖြစ်နိုင်တာရှင်းပါသည်။ 

အနည်းဆုံးတော့ သူတို့လက်ရှိခွန်အားနှင့် ဒါကမဖြစ်နိုင်ပေ။ 

"ဖြစ်နိုင်ချေရှိလို့လား" နင်းချန်ရှင်းတွေးနေမိသည်။ 

"ဒီထဲက အနှစ်သာရကို ထုတ်ယူပြီး နေမင်းတစ်ခုအဖြစ် သိပ်သည်းအောင် လုပ်လို့ရနိုင်လား"

မုဖူရှန်းချက်ချင်းခေါင်းခါယမ်းသည်။ 

"မရဘူး၊ နှစ်သောင်းချီ၊ သိန်းချီလောက် စုပုံနေပြီးနောက်မှာ မီးအဆိပ်က အရမ်းသိပ်သည်းနေပြီ၊ အနှစ်သာရကိုသာ ဆွဲထုတ်ချင်တယ်ဆိုရင် မီးအဆိပ်ကို လုံး၀စစ်ထုတ်ပစ်ဖို့ လိုတယ်"

"ဒီလိုလုပ်ရင် မီးအဆိပ်က ကိုယ်ထဲကို သေချာပေါက်စိမ့်၀င်ပြီး ရောက်သွားလိမ့်မယ်၊ ဂျူနီယာညီမလေး၀မ်အာရဲ့ ဆေးလုံးကတောင် မခုခံနိုင်လောက်ဘူး"

တကယ်တမ်းတွင် မုဖူရှန်းတွင်ပင်လျှင် ဒီအဆင့်မီးအဆိပ်ကို ကိုယ်ထဲကနေ လုံး၀ထုတ်ပစ်ရန်အတွက် ယုံကြည်မှုမရှိပါ။ ဒါကို စစ်ထုတ်ပစ်ရန် သူ့ကိုယ်ခန္ဓာကို သုံးမည့်အကြောင်း ပြောစရာပင်မလို။ 

စုန့်စီနှင့်ကျန်သောသူများကလည်း ဒါကို တွေးမိကြသည်။ သူတို့ကိုယ့်ကိုကိုယ် သတ်ရန်အတွက် မကြိုးစားချင်ကြပေ။ 

ဒီအချိန်မှာပင် ရှောင်ဟိုင်ထရပ်သည်။ 

"ငါစမ်းကြည့်လို့ရလောက်တယ်"

ဟမ်!

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ အနည်းငယ် ကြက်သေသေသွားကြ၏။ 

ဟုန်ရင်မျက်မှောင်ကြုတ်သည်။ 

"ဂျူနီယာမောင်လေး၊ မဆင်မခြင်မလုပ်နဲ့၊ ဒီမီးအဆိပ်က ထူးခြားတယ်၊ နင့်ခန္ဓာက လုံလောက်အောင် အားကောင်းနေရင်တောင် အတိုင်းအတာတစ်ခုအထိ စုပုံလာရင် မီးအဆိပ်ကို ထုတ်ပစ်နိုင်မှာမဟုတ်ဘူး၊ အဲဒီအချိန်ကျရင် ပြန်ပြောင်းမရတဲ့ ထိခိုက်မှုတစ်ခုကို ယူဆောင်လာလိမ့်မယ်"

သို့စေကာမူ ရှောင်ဟိုင်ခေါင်းခါယမ်းရင်း အပြုံးဖြင့် ပြောသည်။ 

"ကျွန်တော်ယုံကြည်မှုရှိတယ်၊ အရင်က စီနီယာဟွမ်ချင်းရဲ့ နတ်ဖီးနစ်နဲ့ အကြိမ်ပေါင်းများစွာ ပြုပြင်မွမ်းမံတာကို ကျွန်တော်တွေ့ကြုံခံစားခဲ့ရတယ်၊ ပြီးတော့ မီးတောက်အမျိုးမျိုးနဲ့ ကိုယ်ခန္ဓာသန့်စက်တာကိုလည်း တွေ့ကြုံခဲ့ရသေးတယ်၊ ဒီမီးတောက်ကို ခုခံနိုင်စွမ်းရှိမယ်လို့ ကျွန်တော်ယုံကြည်တယ်"

"တစ်ချိန်တည်းမှာပဲ ကျွန်တော့်သွေးကြောစွမ်းအားက အဆက်မပြတ်ကောင်းမွန်လာနိုင်တယ်လေ၊ ဒါ့အပြင် ဒါနဲ့ ကျွန်တော့်ကိုယ်ခန္ဓာကို ပြုပြင်မွမ်းမံလို့ရချင်ရဦးမှာ"

အပိုင်း(1123) coming။ 

All Chapters