#အဆိပ်ကို ခန္ဓာနဲ့စမ်းသပ်ပြီး ချိုးဖျက်မည့်အမှတ်ရှာဖွေခြင်း#
Vol. 80 Ch. 1123
ရှောင်ဟိုင် မဆင်မခြင်လုပ်သူတစ်ယောက် မဟုတ်ပါ။ သူလည်းဒါကိုတွေးခဲ့ပြီး မီးအဆိပ်ကို စစ်ထုတ်ရန်အတွက် သူ့ကိုယ်ခန္ဓာကို အောင်မြင်စွာသုံးနိုင်သည်ဟု ခံစားရသည်။
ယဲ့ချိုးပိုင်မျက်မှောင်ကြုတ်သည်။
"ငါတို့ကြိုးစားကြည့်လို့ရတယ်၊ ဒါပေမယ့် ဒါကိုအရင်လုပ်ရမယ်"
ဒီနေရာတွင် ယဲ့ချိုးပိုင် လေထဲတွင် ပြည့်နှက်နေသည့် မီးတောက်နီအဆိပ်မြူများကို လက်ညိုးထိုးပြရင်းပြောသည်။
"ဒီကမီးအဆိပ်ကို အရင်သုံးကြည့်၊ ဖြစ်နိုင်တယ်ဆိုရင် နေမင်းကန်ကိုသွားလို့ရတယ်"
နေမင်းကန်ထဲက မီးအဆိပ်နှင့်ယှဉ်ပါက လေထဲတွင် ပြည့်နှက်နေသည့်မီးအဆိပ်က ပိုသန့်ရှင်းသည်။
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"ကျွန်တော်လည်းဒီလိုတွေးနေတာ"
ထို့နောက် သူမီးအဆိပ်ဆီသို့ လျှောက်သွားသည်။
....
စုန့်ရှောင် ဒီမြင်ကွင်းကိုကြည့်ရင်း ခါးသီးစွာပြုံးသည်။
"မီးအဆိပ်ကို တကယ်ပဲ ကိုယ်ခန္ဓာကနေတဆင့် စစ်ထုတ်လို့ရနိုင်လို့လား၊ ငါအထဲမှာ ရှိနေမယ်ဆိုရင်တောင် ဆယ့်ငါးမိနစ်ထက် ပိုတောင့်ခံနိုင်မှာမဟုတ်ဘူး၊ ဒါ့အပြင် ဆယ့်ငါးမိနစ်အကြာမှာ ငါမီးအဆိပ်ကြောင့် သေချာပေါက် တိုက်စားခံရလိမ့်မယ်၊ ဒီလိုနဲ့ အနာဂတ်မှာ ကြီးမားတဲ့ဘေးထွက်ဆိုးကျိုးတွေရှိလာမှာ သေချာတယ်"
ကျန်းချင်းလန် လက်ချောင်းတစ်ချောင်း ဆန့်ထုတ်လိုက်၏။
"ငါအများဆုံး အမွေးတိုင်တစ်၀က်စာပဲ"
မုဇီရှင်းကလည်း စိုးရိမ်နေသည်။
"တကယ်ပဲတခုခု ဖြစ်ပျက်လာတော့မှာလား"
ယဲ့ချိုးပိုင်ပြုံးရင်း မုဇီရှင်းလက်ကလေးကို ဆုပ်ကိုင်ထားသည်။
"သူ့ကိုယုံလိုက်ပါ၊ သူကြိုးစားနိုင်တယ်လို့ ပြောလာမှတော့ ပြဿာနာသိပ်ရှိမှာ မဟုတ်ဘူး၊ ဒါ့အပြင် ဒါကအခုကြိုးစားအားထုတ်မှုလေးပဲဆိုတော့ ပြဿာနာတစ်ခုခုရှိလာမှာ မဟုတ်ဘူးလေ"
ဒီအခိုက်အတန့်၌ ရှောင်ဟိုင် ထူထဲသည့် မီးအဆိပ်မြူထဲ ခြေချလိုက်ပြီဖြစ်သည်။
သူ၀င်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့အသက်ရှူမှုကနေတဆင့် ထူထဲသည့်မီးအဆိပ်များက နှာခေါင်းကနေ အဆုတ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ပူလောင်နေသည့်ခံစားချက်က သူ့နှာခေါင်းနှင့် အသက်ရှူလမ်းကြောင်း၌ ချက်ချင်းပြည့်နှက်သွား၏။
ရှောင်ဟိုင်အနည်းငယ်မျက်မှောင်ကြုတ်ကာ အသက်အောင့်ထားသည်။ သို့သော် မီးအဆိပ်က နေရာတကာပျံ့သွားပုံရပြီး ရှောင်ဟိုင်ကိုယ်ထဲက အစိတ်အပိုင်းတိုင်းတွင် ရူးသွပ်စွာ ဖိသိပ်နေသည်။
သူ့တစ်ကိုယ်လုံးက မီးတောက်များ၏ တိုက်စားခြင်းကို ခံရသည်။
နာကျင်မှုနှင့် ပူလောင်သည့်ခံစားချက်က ရှောင်ဟိုင်၏ ကိုယ်တွင်းအင်္ဂါများ၌ ပြည့်နှက်သွား၏။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ၏ အကြည့်အောက်တွင် ရှောင်ဟိုင့်တစ်ကိုယ်လုံးက အနီရောက်ပြောင်းသွားပြီး သူ့အရေပြားက စတင်အက်ကွဲကာ အသားများပွင့်လာသည်။
ဒါကပုံမှန်မဟုတ်စွာပင် ကြောက်စရာကောင်းပုံပေါ်သည်။
ထူထဲသည့်မြူထဲတွင်ပင် သူဒီလိုစိတ်မချမ်းမြေ့ဖွယ်ရာ အခြေအနေတစ်ခုတွင် ရှိနေလေရာ နေမင်းကန်ထဲသို့ ၀င်ပါက ဘယ်လိုဖြစ်လာမည်နည်း။
တစ်ခဏအကြာတွင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ စိုးရိမ်လာကြသည်။
စုန့်စီနှင့်ကျန်နှစ်ယောက်ကလည်း ဆူညံသံကို သတိထားမိသဖြင့် လှည့်ကြည့်လိုက်စဉ် ရှောင်ဟိုင် မီးအဆိပ်ထဲသို့ ဘာအကာအကွယ်၊ အစီအမံမှမရှ်ဘဲ ၀င်သွားတာကို တွေ့လိုက်ရသည်။
သူတို့တစ်ခဏမျှ ကြက်သေသေနေကြပြီးနောက် နှာခေါင်းရှုံ့လိုက်ကြသည်။
"သူကတုံးအတာလား၊ မာနကြီးတာလား" ၀မ်ကျင်းကျောက်လှောင်ပြောင်သည်။
"သူဒီမီးအဆိပ်ကို ခုခံနိုင်တယ်လို့ တွေးထင်နေတာပဲ" စုန့်စီပြောလိုက်သည်။
စုန့်စီတစ်ဦးတည်းသာလျှင် မျက်မှောင်ကြုတ်ထားပြီး အော်ဟစ်ရယ်မောခြင်းမရှိပါ။
ဒီနေရာထဲကို ဘယ်လိုသာမန်လူက ၀င်လာနိုင်မည်နည်း။
သူမည်သည့်ကာကွယ်ရေးအစီအမံမှ မပါဘဲ ၀င်ရန်ရွေးချယ်ခဲ့သဖြင့် သူ့တွင် ယုံကြည်မှုရှိရပေမည်။ သို့မဟုတ် သူ့တွင် သူတို့မမြင်နိုင်သည့် ကာကွယ်ရေးအစီအမံများ ရှိရပေမည်။
ဒါပေမယ့် သူဘာလို့၀င်လာတာလဲ!
ရှောင်ဟိုင် သူ့၀န်းကျင်က မီးအဆိပ်ကို စုပ်ယူနေတာကို မြင်သောအခါ စုန့်စီ၏ အမူအရာက ပြောင်းလဲသွား၏။
"သူမီးအနှစ်သာရ(အဆီအနှစ်)ကို သန့်စင်ဖို့ကြိုးစားနေတာလား" ၀မ်ကျင်းကျောက်တစ်ယောက် အမြင်မှားနေသည်ဟုပင် တွေးမိကာ မျက်လုံးကို ပြန်လည် ပွတ်သပ်လိုက်မိသည်။
"ငါတို့က ဒီမီးအဆိပ်ကြောင့် တိုက်စားခံရမှာကို ကြောက်တယ်၊ သူက သူ့ကိုယ်ထဲကို တိုက်ရိုက်စုပ်ယူနေတာလား"
စုန့်စီ၏အမူအရာက ကြည့်ရဆိုးသွားသည်။
"ကြည့်ရတာ သူ့ရုပ်ခန္ဓာက ထူးခြားပုံပဲ"
"ထူးခြားတဲ့ဖွဲ့စည်းပုံရှိတာလား" စုချန်မျက်မှောင်ကြုတ်သည်။
"ဘာကိုဆိုလိုတာလဲ"
"မင်းမှာသာ ယုံကြည်မှုမရှိဘူးဆိုရင် ဒါမှမဟုတ် ဒီမီးခုခံခြင်းကျောက်စိမ်းဆွဲသီးမရှိဘူးဆိုရင် ဒီလိုပေါ့ပေါ့ပါးပါးနဲ့ ၀င်လာမှာလား" စုန့်စီအဖြေမပေးဘဲ ဆက်စပ်မှုမရှိသည့် မေးခွန်းတစ်ခုကို မေးသည်။
စုချန်ခေါင်းခါယမ်းရင်း ပြတ်သားစွာပင် ပြောသည်။
"သေချာပေါက်၀င်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးပေါ့၊ ငါကငတုံးမှမဟုတ်တာ"
"ဒါဆိုသူကငတုံးလား" စုန့်စီ စုချန်ကို ထေ့ငေ့ါစွာ စိုက်ကြည့်လိုက်၏။
စုချန်နှင့် ၀မ်ကျင်းကျောက်တို့ တိတ်ဆိတ်သွားကြသည်။
"တခြားသူတွေကို လျှော့မတွက်နဲ့၊ မင်းတို့ အဲဒီအဆင့်ကို မရောက်သေးပါဘူး" စုန့်စီတစ်ဖက်လှည့်ကာ ရှောင်ဟိုင်၏ လှုပ်ရှားမှုတိုင်းကို ဆက်ကြည့်နေသည်။
စုန့်စီမပြောခဲ့သည့် တခြားအရာတစ်ခုရှိပါသေးသည်။ သေချာတာပေါ့၊ ငါကတော့ လျှော့တွက်နိုင်တယ်!
ဒီတဒင်္ဂ၌ ရှောင်ဟိုင်အံကြိတ်ကာ မီးအဆိပ်ကို ဆက်လက်စုပ်ယူနေသည်။
မီးအဆိပ်များ သူ့ကိုယ်ထဲ၀င်သွားသောအခါ ခွေးရိုင်းတစ်ကောင်ပမာ သူ့ကိုယ်ထဲက အစိတ်အပိုင်းတိုင်းကို စိတ်မရှည်စွာ စတင်တိုက်စားသည်။
အကယ်၍ သူသာနတ်ဖီးနစ်မီးတောက်နှင့် သန့်စင်ထားခဲ့ခြင်းမရှိပါက ရှောင်ဟိုင် ဒါကိုခုခံနိုင်မည်မဟုတ်။
သို့စေကာမူ တစ်ခုနှင့်ပတ်သက်ပြီး သူမှားသွားခဲ့သည်။
မီးအဆိပ်နှင့် မီးတောက်များအကြား အခြေခံကျသည့် ကွဲပြားချက်တစ်ခုရှိသည်။
မီးတောက်များက အပေါ်ယံမျက်နှာပြင်ကို အရင်ထိခိုက်အောင်လုပ်ပြီး ကိုယ်ခန္ဓာပေါ်က အရာတိုင်းကို လောင်ကျွမ်းစေနိုင်သည်။
ဒီနည်းလမ်းနှင့် သူ့သွေးကြောစွမ်းအားကို သုံးပြီး သူထိရောက်စွာ ပြန်ကောင်းလာအောင် လုပ်နိုင်သည်။
သို့စေကာမူ မီးအဆိပ်က အတွင်းရောအပြင်ပါ ထိခိုက်စေသည်။
သွေးကြောစွမ်းအားက မီးအဆိပ်ကြောင့် တိုက်စားခဲ့ရသည့်နေရာများကို အဆက်မပြတ် ပြုပြင်ပေးနေသော်လည်း မီးအဆိပ်က ရှောင်ဟိုင်၏အတွင်းအင်္ဂါများ၊ ခြေလက်များနှင့် အရိုးများပေါ်၌ နက်ရှိုင်းစွာ စိမ့်၀င်နေလေပြီ။
ထို့နောက်ပျောက်ကွယ်သွား၏။
အရေးကြီးသောအချိန်ကာလတစ်ခုကို ရောက်လာသည်နှင့် မီးအဆိပ်က လုံး၀ပေါက်ကွဲသွားပေလိမ့်မည်။
ထိုအချိန်တွင် ရှောင်ဟိုင်ကိုယ်ထဲက အတွင်းဘက်ကနေ အပြင်သို့ အခြေအနေပိုဆိုးလာပေလိမ့်မည်။
ရှောင်ဟိုင်၏သွေးကြောစွမ်းအားက သန့်စင်ခြင်းမဟုတ်ဘဲ ပြန်လည်ကုသခြင်းသာ။
သူ့ကိုယ်ထဲက အနက်ပိုင်းသို့ စိမ့်၀င်သွားသည့် မီးအဆိပ်ကို မဖယ်ထုတ်နိုင်ပေ။
ရှောင်ဟိုင် သူကျင့်ကြံခြင်းနည်းစနစ်ကို ဘယ်လိုပင်လည့်ပတ်အောင် လုပ်နေပါစေ သူလုပ်နိုင်စွမ်းမရှိချေ။
ထူထဲသော မီးအဆိပ်မြူအပြင်ဘက်တွင် ဒီမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ အမူအရာများက တင်းကျပ်လာသည်။
ရှောင်ဟိုင်ကိုယ်ပေါ်က မီးတောက်နီရောင်အဆင်းက ပိုပြင်းထန်လာပြီး အရေပြားတစ်ပိုင်းက မီးလောင်သွားကာ အထဲက အရိုးဖြူများကို ပြသသည်။
အရိုးဖြူများပေါ်၌ မီးမြွေအဆင်းများရှိသည်။ ဒါက မီးအဆိပ်ပေတည်း။
"မဟုတ်ဘူး၊ သူ့ကိုထွက်လာခိုင်းလိုက်" မုဖူရှန်းအော်ဟစ်သည်။
"ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် မီးအဆိပ်က စီနီယာအစ်ကိုရှောင်ဟိုင်ရဲ့ကိုယ်ထဲမှာ လုံး၀အမြစ်တွယ်သွားလိမ့်မယ်"
ရှီရှန်းအော်ဟစ်သည်။
"စီနီယာအစ်ကိုရှောင်ဟိုင်၊ မြန်မြန်ထွက်လာတော့"
သို့စေကာမူ ရှောင်ဟိုင်က မကြားပုံပင်။
အားကောင်းပြင်းထန်သည့် ပူလောင်မှုခံစားချက်က အတွင်းရောအပြင်တွင်ပါ ရှိနေသည်။
သူ့အရိုးများနှင့် ရိုးတွင်းခြင်ဆီတွင်ပင် ပုရွက်ဆိတ်လေးများ တဖြည်းဖြည်းအရဿာခံပြီး ကိုက်စားနေသလားထင်ရသည်။
ဒီနာကျင်မှုက အတော်လေးထူးဆန်းပြီး သာမန်နာကျင်မှုထက် ပို၍ပင် မခံမရပ်နိုင်ဖြစ်စေသည်။
တခြားနည်းလမ်းတစ်ခု ရှိရပေမည်။
ရှောင်ဟိုင်အံကြိတ်ကာ သာမန်လူများ မခံနိုင်လောက်သည့် နာကျင်မှုကို သည်းခံရင်း သူ့စိတ်က အဆက်မပြတ် တွေးတောနေသည်။
အကယ်၍ မီးအဆိပ်ကို မဖယ်ရှားနိုင်၊ အထုတ်ပစ်နိုင်၊ သို့မဟုတ် သွေးကြောစွမ်းအားနှင့် မကုသနိုင်ပါက သူတခြားဘာထပ်လုပ်နိုင်မည်နည်း။
အစကနေ မီးအဆိပ်ကို ခုခံရုံမျှသာ ခုခံနိုင်မည်လား။
မဟုတ်ပါ။
အရာတိုင်းတွင် ဘက်နှစ်ဘက်ရှိသည်။
ကပ်ဘေးတစ်ခုရှိပါက သေချာပေါက် ကပ်ဘေးတစ်ခုဖြစ်လာမည်သာ။
ရှင်ကျန်ရန်အခွင့်အလန်းရှိပါက ပုန်းလျှိုနေသည့် အန္တရာယ်များ ရှိပေလိမ့်မည်။
သူပြန်လည်ကုသခြင်းကို မလုပ်နိုင်လေရာ စုပ်ယူမှုကျတော့ရော ဘယ်လိုနည်း။
ဒီရွေးချယ်စရာများကို ပယ်ချပြီးနောက် သူတစ်ခုခုကို ဖမ်းဆုပ်မိသည်ဟု ရှောင်ဟိုင် ရုတ်တရက်ခံစားလိုက်ရသည်။
မှန်ပေသည်။
စုပ်ယူခြင်း!
ထာ၀ရနတ်ဆိုးခန္ဓာ၏ ပထမအဆင့်က မီးအဆင်းများပင်။ ဒါက ကိုယ်ခန္ဓာအား ပြုပြင်မွမ်းမံရန်အတွက် မီးစွမ်းအားကို စုပ်ယူကာ ကျင့်ကြံရသည်။
ဒီလိုဆိုပါက သူမီးအဆိပ်ကို ထာ၀ရနတ်ဆိုးကိုယ်ထည်၏ ပထမအလွှာထဲသို့ စုပ်ယူလိုက်ပါက ဘာများဖြစ်လာမည်နည်း။
ရှောင်ဟိုင်အော်ဟစ်ကာ ထာ၀ရနတ်ဆိုးကိုယ်ထည်ကို အသက်သွင်းလိုက်၏။
သူ့ကိုယ်မျက်နှာပြင်၌ မီးတောက်နီအဆင်းများ ပွင့်လန်းလာပြီး အပြင်ဘက်က မီးတောက်များနှင့် လုံး၀ကို ဆန့်ကျင်ဘက်ဖြစ်သည်။
အဆင်းများကိုဖြန့်လိုက်စဉ် ရှောင်ဟိုင်ကိုယ်ထဲ တိုး၀င်နေသေးသည့် မီးအဆိပ်မြူများက မီးအဆင်းများဆီသို့ စတင်တိုး၀င်သွားကြ၏။
သူဆက်လက်စုပ်ယူနေစဉ် မီးအဆင်းများက တစ်ခုပြီးတစ်ခု မီးတောက်များကို စတင်ထုတ်လွှတ်သည်။
ရှောင်ဟိုင် ထာ၀ရနတ်ဆိုးခန္ဓာကို လည်ပတ်စေပြီးနောက်တွင် သူ့ကိုယ်ထဲက မီးအဆိပ်ပင်လျှင် ရိုးတွင်းခြင်ဆီကနေ စတင်ဆွဲထုတ်ခံရပြီး မီးအဆင်းများထဲ တိုး၀င်သွားသည်။
ဒါကိုမြင်သောအခါ ရှောင်ဟိုင်အတော်လေး ၀မ်းသာအံ့ဩသင့်သွားရသည်။
ဒါကဖြစ်နိုင်ချေရှိပေသည်။
အပြင်ပကမ္ဘာတွင် ရှောင်ဟိုင်၏အော်ရာက တဖြည်းဖြည်းတည်ငြိမ်လာတာကို မြင်ရသောအခါမှသာ ယဲ့ချိုးပိုင်တို့ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တော့သည်။
"ဒီကောင်.....သူ့နှလုံးသားနဲ့ ကစားနေတာလား"
စုန့်ရှောင်နှင့် ကျင်းချင်းလန်တို့ ထုံထိုင်းနေကြသည်။
ဟမ်၊ ဘာပဲဆိုဆို သူတို့က မွန်းစတားတွေပဲ!
မွန်းစတားတွေအတွက် ဒီလိုလုပ်နိုင်တာက ပုံမှန်ပဲလေ!
ဘာပဲဆိုဆို ငါတို့လုပ်နိုင်တာမှမဟုတ်တာ၊ ငါတို့က အမှိုက်တွေပဲ!
သေစမ်း၊ နာကျင်လွန်းတယ်!
အပိုင်း(1124) coming။