← Chapters

ဖန့်ချုံးက ငါ့ကောင်မလေး

Vol. 3 Ch. 216

ဖန့်ချုံးက ငါ့ကောင်မလေး

Vol. 3 Ch. 216

"ငါက နင့်ရဲ့ ကောင်မလေးလို့ ဘယ်သူပြောလဲ”

ဆွဲဆောင်မှု ရှိသော မိန်းကလေးက ချင်ရီလန်းကို မျက်စောင်းထိုးရင်း ပြောသည်။ သို့သော်လည်း သူမ မကျေမနပ်သည့်ဟန် ပြောနေသည့် အသံက ချိုသာနေသည်။

ခဏမျှ စကားပြောပြီးနောက် ထိုမိန်းကလေး၏ နာမည်မှာ ချင်းလုလု ဖြစ်ကြောင်း ချန်းဖန်တို့ တစ်သိုက် သိလာကြသည်။ သူမက ကျောင်းမှ စီနီယာမမ တစ်ယောက်ဖြစ်ပြီး ချင်ရီလန်း‌ ကျောင်းကို ရောက်ရောက်ချင်းပင် သူမနှင့် ဆုံစည်းခဲ့ခြင်း ဖြစ်သသည်။ သူတို့က မိတ်ဖြစ်ဆွေဖြစ် စားသောက်ပွဲ တစ်ခု ကျင်းပရန် တိုင်ပင်လိုက်ကြသည်။

"ဒါက တကယ် မိုက်တာပဲ..."

ကျန်းမူ၏ မျက်လုံးများက ပျော်ရွှင်မှုဖြင့် တောက်ပနေသည်။ သို့သော် ချန်းဖန်နှင့် ချီဝမ်စန်းတို့ကမူ ထိုအကြံကို စိတ်ဝင်စားပုံ သိပ်မရပေ။

"ငါ့အခန်းဖော်တွေ အားလုံးက တကယ့် အချောအလှလေးတွေ ချည်းပဲနော် ကောင်လေးတွေ။ နင်တို့ တော်တော်လေး ကြိုးစားရမယ်”

ချင်းလုလုက ချန်းဖန်တို့ တစ်သိုက်ကိုပြောရင်း အကဲခတ်လိုက်သည်။ ကျန်းမူမှာ အတော်လေး ဝပြီး၊ ချီဝမ်စန်းကလည်း အရပ်ပုနေသည်။ ချန်းဖန်၏ ပုံစံကလည်း ထူးထူးခြားခြား မရှိချေ။ ထိုတစ်သိုက်ကို ကြည့်၍ သူမ စိတ်ပျက်မိသည့်တိုင် မျက်နှာတွင်မူ ချိုသာ အပြုံးတစ်ခုကို ချိတ်ဆွဲ ထားခဲ့သည်။

"အကောင်းဆုံး ကြိုးစားမယ်..."

ကျန်းမူက အလေးအနက် ခေါင်းညိတ်ရင်း ပြောလိုက်သည်။ သူက လူပျိုပျိုစစ်စစ် တစ်ဦးဖြစ်ကာ စီနီယာမမများနှင့် တွဲပြီး သူ့အိပ်မက်ကို အကောင်အထည် ဖော်ရန် အစွမ်းကုန် ကြိုးစားမည် ဖြစ်သည်။

***

စီးပွားရေး ကျောင်း၏ ကဖေးဘားမှာ အမြဲလိုလို လူပြည့် နေတတ်သော်လည်း ချင်ရီလန်းက ကြိုတင်ကာ ဘွတ်ကင် လုပ်ထားသဖြင့် တော်သေးသည်ဟု ဆိုရပေမည်။

ထိုဆိုင်မှာ ကြယ်သုံးပွင့် ဟော်တယ်တစ်ခုကဲ့သို့ အဆင့်မြင့်ကာ တရုတ် အစားအစာ၊ ထိုင်းအစားအစာ၊ အနောက်တိုင်း အစားအစာ သည်ဖြင့် မျိုးစုံရနိုင်သည်။

"ပန်းလီ၊ လျူရှောင်ချင်း၊ ကျိုးချင်းရ..."

ချင်းလုလုက ‌သူမ၏ သူငယ်ချင်းများနှင့် ကောင်လေး တစ်သိုက်ကို မိတ်ဆက် ပေးလိုက်သည်။

ပန်းလီ၏ မျက်နှာမှာ ကောင်မလေးများ ထဲတွင် ဆွဲဆောင်မှု အနည်းဆုံး ဖြစ်သော်လည်း ခပ်ဟော့ဟော့ ခန္ဓာကိုယ်က လူတိုင်းကို သွားရည် ကျစေသည်။ သူမ၏ အတိုအပြတ် အင်္ကျီအောက်မှ ပေါက်စီများက အချိန်‌မရွေး အပြင်သို့ ထွက်ကျ လာတော့မလို ထင်ရသည်။ လျူရှောင်ချင်း မှာမူ မိတ်ကပ်ထူထူ လိမ်းကြံထားပြီး နံဘေးမှ ဖြတ်လျှောက်သည့် သူပင်လျှင် သူမထံမှ မိတ်ကပ်နံ့ကို ရလိမ့်မည် ဖြစ်သည်။ ကျိုးချင်းရမှာမူ ထိုအုပ်စုထဲတွင် ဆွဲဆောင်မှု အရှိဆုံးဟု ဆိုနိုင်သည်။ သူမ၏ ကြက်ဥပုံသဏ္ဌာန် မျက်နှာကျနှင့် အေးစက်စက် ပုံစံက ကောင်လေးများကို အသည်း ယားစေသည်။

"ချင်းရရဲ့ သူ့ကောင်လေး ဖြစ်လာဖို့ အတွက် စံသတ်မှတ်တွေက အရမ်းကို မြင့်လွန်းတယ်။ နောက်ပြီးတော့ သူမမှာ ကောင်လေးလည်း ရှိတယ်။ သူမကို လိုက်ဖို့အတွက် ကြံမနေကြနဲ့နော်..."

ချင်းလုလုက နောက်ပြောင် လိုက်သည်။

"အာ... ရှက်စရာကြီး။ ဒါနဲ့ ရှီးဖောနဲ့ မိတ်ဆက် ပေးရဦးမယ်..."

ချင်ရီလန်းကပါ ရယ်မောရင်း ဝင်ရောက် ပြောဆိုလိုက်သည်။

"အိုး... ဘယ်သူက ရှီး‌ဖောတုန်း..."

ပန်းလီက ရင်သားများကို လှုပ်ယမ်း စေရင်း မေးလိုက်သည်။

"အခန်းဖော် လေးယောက်ထဲမှာ ငါက အငယ်ဆုံးပဲလေ။ ကျန်းမူက ငါ့ထက် ပိုဝတယ်။ သူက ပါကျဲလေ။ ညီအစ်ကိုချီကတော့ မျောက်ဘုရင် စွန်းဝူခုန်းလေ ... ဟီး။ ညီအစ်ကို ချန်းဖန်ကျတော့ ဗုဒ္ဓရုပ်တု တစ်ခုလိုပဲ တည်ငြိမ်တယ်။ ငါ့အဖေထက်တောင် ပိုပြီး လူကြီး ဆန်နေသလိုပဲ။ အာ့ကြောင့် ဆရာတော် ရှီးဖော လို့ခေါ်တာ..."

ချင်ရီလန်းက ဟာသ ဖောက်လိုက်သည်။

"နင်တို့က တကယ့် လူပျက်လေးတွေပဲ..."

မိန်းကလေးများက ရယ်မော လိုက်ကြသည်။ သို့သော် ကျိုးချင်းရကမူ ထိုစကားဝိုင်းကို စိတ်ဝင်စားပုံ မရချေ။

"အာ... ငါတို့ ထရုအော်ဒဲ ဂိမ်းဆော့ ကြမယ်လေ။ နင်တို့ အားလုံးမှာ ကောင်မလေးတွေ ရှိကြလား..."

ချင်းလုလုက ချင်ရီလန်းကို ကြည့်ရင်း မေးလိုက်သည်။ (Truth or Dare game... တရုတ်၊ ဂျပန်စသည့် နိုင်ငံများတွင် ခေတ်စားပြီး ရှုံးနိမ့်သူမှာ အမှန်ပြောမလား ဒါမှမဟုတ် ခိုင်းတာ တစ်ခု လုပ်မလား ရွေးချယ်ရသည်။)

"မရှိပါဘူးဗျ။ တစ်ခါမှကို မရှိဘူးတာ..."

ကျန်းမူက ဖြတ်၍ ဖြေလိုက်သည်။

"အရင်ကတော့ တစ်ယောက်၊ နှစ်ယောက် ရှိဖူးတယ်။ ဒါပေမဲ့ ကျွန်တော့် မျက်လုံး ထဲမှာတော့ အစ်မလု တစ်ယောက်ပဲ မြင်နေရတယ်ဗျာ..."

ချင်ရီလန်းက ရယ်ကျဲကျဲ ပြောလိုက်သည်။

"ကျွန်တော်က တစ်ယောက် ရှိဖူးတယ်။ ဒါပေမဲ့ ခုတော့ ဆင်ဂယ်လေးပါ..."

ချီဝမ်စန်းက နှာခေါင်းကို လက်ဖြင့်ပွတ်ရင်း ဝင်ပြောလိုက်သည်။

"ကဲ... ရှီးဖောချန်း ခု ဆရာတော်ရဲ့ အလှည့်ပါရှင့်။ ဆရာတော်မှာ ကောင်မလေး ရှိပါသလား..."

ချင်းလုလုက ချန်းဖန်ကို လှမ်းမေးလိုက်သည်။

"အင်း..."

ချန်းဖန်၏ အဖြေကြောင့် လူတိုင်း အံ့အား သင့်မိသွားသည်။

"တကယ်လား... သူမက ဘယ်ကလဲ။ နင်တို့ နှစ်ယောက် ဘယ်လို ချစ်သွားကြတာလဲ။ ငါတို့နဲ့ မိတ်ဆက် ပေးဦးလေ”

"ငါတို့က ကဘေး ဘဝတည်းက သူငယ်ချင်းလေ။ သူမက ခု ကျင်းတက္ကသိုလ်မှာ..."

ချန်းဖန် ပြန်ဖြေလိုက်သည်။

"ဝိုး... ကျင်းတက္ကသိုလ်..."

လူတိုင်းက ထိုစကားကြောင့် အံ့အား သင့်မိသွားသည်။ သူမတို့၏ စီးပွားရေး ကျောင်းမှာ ကျင်းတက္ကသိုလ်၏ အခွဲတစ်ခု ဖြစ်ပြီး ကျင်းတက္ကသိုလ်မှ အဆင့်အေ ကျောင်းသားများနှင့်မူ နှိုင်းယှဉ်၍ မရချေ။

ထို့ကြောင့်ပင် ကျင်းတက္ကသိုလ်မှ ကောင်မလေး တစ်ယောက်နှင့် ချိတ်တက် ထားနိုင်သည့် ‌ချန်းဖန်ကို သူတို့ အထင်ကြီး မိသွားသည်။

"မိုက်တယ်... သူမရဲ့ နာမည်က ဘယ်သူလဲ..."

ချင်းလုလုက မေးလိုက်သည်။

"သူမက ဖန့်ချုံးပါ။ စီးပွားရေး မေဂျာရဲ့ ပထမနှစ် ကျောင်းသူ တစ်ယောက်လေ..."

ချန်းဖန်က ပြန်ဖြေလိုက်သည်။ ချန်းဖန် အရင်ဘဝကလည်း ထိုလူငယ်များနှင့် ကြီးကြီးမားမား ပတ်သက် ခဲ့ဖူးသည်ဟု ဆိုရမည် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ငါးရာက ချင်ရီလန်းနှင့် ချင်းလုလုတို့ အတော်ကြာကြာ တွဲခဲ့သည်။ နောက်ပိုင်းတွင် ချင်ရီလန်းက ချင်းလုလုကို ဖြတ်ရန် ကြိုးစား သော်လည်း ချင်းလုလုက တွယ်ကပ် နေခဲ့သည်။ သူမတွင် ကိုယ်ဝန်ရှိနေပြီ ဟူ၍ပင် ပြောဆိုကာ ချင်ရီလန်းကို အကျပ်ကိုင်ခဲ့သည်။

"ဖန့်ချုံး ... နေပါဦး။ ဒီနာမည် ငါကြားဖူးပါတယ်။ သူမက အထက်တန်း ကျောင်းတုန်းက နာမည် အကြီးဆုံး ကျောင်းသူလေး ဖြစ်သလို ခု‌ကျောင်းသူသစ်တွေ ထဲမှာလည်း အကျော်ကြားဆုံး တစ်ယောက်ပဲ ဟုတ်တယ်မလား..."

"ကောလာဟလတွေအရ သူမက မန်ဒီလုပ်ငန်းစု ပိုင်ရှင်ရဲ့ သမီးလို့တောင် ပြောကြတယ်...။ နင်ပြောတာ အဲဒီ ကောင်မလေးလား..."

"အာ ... အဲဒါက နာမည်တူ ဖြစ်လိမ့်မယ် ထင်တယ်။ တက္ကသိုလ်မှာက လူသစ်တွေ အများကြီးပဲလေ။ အဲဒီ အထဲမှာ နောက်ထပ် ဖန့်ချုံးတစ်ယောက် ရှိနေနိုင်သေးတယ် မလား..."

ချင်ရီလန်းက ၀င်ရောက် ပြောဆိုလိုက်သည်။

"မမှားပါဘူး ... ဖန့်ချုံးက တစ်ယောက်တည်း ရှိတဲ့ ငါ့ရဲ့ ကောင်မလေးပဲ..."

ချန်းဖန်က ခေါင်းညိတ်ရင်း အတည် ပြုလိုက်သည်။

"အာ..."

တိတ်ဆိတ်မှုက လူငယ်များကြားတွင် ကြီးစိုးသွားသည်။ ကျိုးချင်းရက သူမ၏ မျက်ခုံး နှစ်ဖက်ကို စုရင်း ချန်းဖန်ကို ကြည့်သည်။ ကျန်းမူနှင့် ချီဝမ်စန်းတို့ကလည်း ချန်းဖန်ကို အခြားလူ တစ်ယောက်ကဲ့သို့ ကြည့်မိသည်။ ပန်းလီနှင့် အခြားလူများမှာ ဘာမှ မပြောသည့်တိုင် ချန်းဖန်၏ စကားကို မယုံကြည်သည်မှာ ထင်ရှားနေသည်။

စားသောက်ပွဲ ပြီးသည့် နောက်တွင် မိန်းကလေးများက ချန်းဖန်တို့ကို နှုတ်ဆက်ကာ ပြန်သွား ကြတော့သည်။ မိန်းကလေးများ ပျောက်ကွယ် သွားချိန်ရောက်မှ ချင်ရီလန်းက သက်ပြင်း တစ်ချက် ချကာ ချန်းဖန်ကို ပြောလိုက်သည်။

"မင်းကတော့ တကယ့် အခွင့်အရေးကို လက်လွှတ် လိုက်တာပဲကွာ..."

ကျန်းမူကမူ မည်သည့် အရာမျှ ဝင်မပြောပေ။ သူက တိတ်ဆိတ်စွာ ထိုင်ရင်း မကြာသေးခင်က တွေ့မြင် ခဲ့ရသည့် မိန်းမလှလေးများ၏ ခန္ဓာကိုယ်ကို စိတ်ထဲမှ စားမြုံ့ပြန်နေခဲ့သည်။

ချန်းဖန် ထိုင်နေရာမှ ထရပ်ရင်း ထိုနေရာမှ ထွက်ခွာ လာခဲ့သည်။ သူ့တွင် ထိုကလေးများနှင့် ဖြုန်းတီးရန် အချိန် များများစားစား မရှိပေ။ ဝိညာဉ် ဆေးပင်များကို အထိရောက်‌ဆုံးနှင့်၊ အလျင်မြန်‌ဆုံး စိုက်ပျိုးနိုင်ရန် ဖြစ်နိုင်သမျှ နည်းလမ်း အားလုံးကို သူလျင်မြန်စွာ ရှာရဦးမည် ဖြစ်သည်။

မသေချာ မရေရာသည့် အရိပ်အငွေ့ အချို့က ချီဝမ်စန်း၏ မျက်လုံးထဲတွင် ဖြတ်ပြေး နေသည်။ သူက စိတ်ပညာကို သင်ယူခဲ့ပြီး အခြားလူများ၏ စိတ်ကို အတော်လေး ဖတ်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် သူချန်းဖန်ကို အကဲခပ်ရသလောက် လိမ်ညာသူတို့ ပြုလုပ်တတ်သည့် အပြအမူများ ချန်းဖန်တွင် ရှိမနေခဲ့ချေ။ သို့သော် ချန်းဖန်ကဲ့သို့ သာမန် ကောင်လေးက ဖန့်ချုံးဆိုသော မင်းသမီးလေး၏ ရည်းစား ဖြစ်နေသည် ဆိုခြင်းကမူ ယုံကြည်ရန် မလွယ်ကူသော ကိစ္စပင် ဖြစ်သည်။

"ချန်းဖန်က တကယ်ပဲ ဖန့်ချုံးရဲ့ ကောင်လေူလား..."

ချီဝမ်စန်း မျက်လုံးကို မှိတ်ရင်း ထူးဆန်းသည့် အခန်းဖော် အကြောင်းကို တွေးနေ မိတော့သည်။

***

ချင်းလုလုနှင့် သူမ၏ သူငယ်ချင်းများ အခန်းကို ပြန်ရောက်သည်နှင့် ကောင်လေးများ၏ အကြောင်းကို စတင် ဆွေးနွေးလိုက်သည်။

"လုလု ... နင်ငါတို့ကို ဘယ်လို ကောင်လေးတွေနဲ့ မိတ်ဆက် ပေးနေတာလဲဟာ။ ငါ့ဘေးမှာ ထိုင်တဲ့ ဖက်တီးဆိုရင် ငါ့ကို ကြည့်နေပုံက သေတော့ မတတ်ဘူး။ အိပ်ရာပေါ် ရောက်နေတယ် မှတ်နေလား မသိဘူး..."

ပန်းလီက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

"ငါ့ဘေးက တစ်ယောက်ကလည်း စကား တစ်ခွန်းတောင် ဝင်မပြောဘူး။ မသိရင် ငါတို့က အရူးတွေ ကျရော။ နင့်ဘေးက အရပ် ရှည်ရှည် ချောချော ကောင်လေး တစ်ယောက်ပဲ ကြည့်ကောင်းတာ ရှိတယ်..."

လျူရှောင်ချင်း ကလည်း ဝင်ပြောလိုက်သည်။

"ငါ ချင်ရီလန်းကို သူဒီကို စရောက်တည်းက တွေ့လိုက်တယ်။ သူ့မိသားစုက တော်တော်လေး တောင့်တင်းပုံ ရတယ်။ သူ့ကို လိုက်ပို့တဲ့ လူတောင် ကားတစ်ဒါဇင်လောက် ရှိမယ်။ ဟီး... လုလုတော့ ပွတာပဲနော်..."

ပန်းလီက ပြုံးရင်း မနာလိုသည့် ပုံစံဖြင့် ပြောလိုက်သည်။

မိန်းကလေး သုံးယောက် စကားလက်ဆုံ ကျနေစဉ်တွင် ကျိုးချင်းရ တစ်ယောက်ကမူ သူမ၏ ဖုန်းကိုသာ သဲကြီးမဲကြီး ပွတ်နေခဲ့သည်။ သူမ၏ အကျင့်မှာ အမြဲ တိတ်ဆိတ် နေတတ်သဖြင့် ထိုသို့ နေခြင်းမှာ သိပ်မထူးဆန်းပေ။

ရုတ်တရက် ... သူမ၏ ဖုန်းက မြည်လာခဲ့သည်။ ကျိုးချင်းရ ဖုန်းကို ကိုင်ရင်း ခေါင်းအနည်းငယ် ညိတ်နေသည်။ ထို့နောက် ဖုန်းကိုချကာ အိတ်ကို ကောက်ယူရင်း အပြင်သို့ ထွက်သွားသည်။

"သူ့ရဲ့ ရည်းစား အသစ် ဖြစ်ရမယ်။ ဟို ဖာရာရီကားကို မောင်းတဲ့ တစ်ယောက်လေ..."

ပန်းလီက ထွက်သွားသော ကျိုးချင်းရကို မျှော်ကြည့်ရင်း ပြောလိုက်သည်။

"အဲဒီကောင်က ကျန်းပေ့မှာ ရှိတဲ့ ချမ်းသာတဲ့ မိသားစု တစ်ခုကတဲ့။ သူ့ရဲ့အဘိုးက ဗိုလ်ချုပ် တစ်ယောက် ဖြစ်ပြီးတော့ သူ့ရဲ့ ဦးလေးကလည်း ပြည်နယ် အကြီးအကဲ တစ်ယောက်တဲ့လေ။ ချင်းရ ကြွေတာ မဆန်းပါဘူး..."

လျူရှောင်ချင်းကလည်း ဝင်ပြောသည်။

"ကဲကဲ... တော်ကြတော့ ကောင်မတွေ”

ချင်လုလုက ပြောလိုက်သည်။ သို့သော် သူမအသံက မနာလိုခြင်းများ ပါဝင်နေသည်။ ကျိုးချင်းရ၏ ကောင်လေးနှင့် ယှဉ်ပါက ချင်ရီလန်းမှာ သာမန်လူ တစ်ယောက်ပင် မဟုတ်ပါလား...။

***

All Chapters