#ခွန်းလွန်အပျက်အစီးပေါ်လာပြီ၊ အဇူရာကောင်းကင်ကျောင်းတော်#
Vol. 80 Ch. 1124
ထာ၀ရနတ်ဆိုးခန္ဓာ၏ အဆင့်တိုင်းနှင့် အဆင်းတိုင်းက မတူညီသည့် နိယာမစွမ်းအားကို ကိုယ်စားပြုသည်။
အဆင်းတစ်ခုစီတိုင်းက သက်ဆိုင်ရာနိယာမစွမ်းအားကို စုပ်ယူနိုင်ပြီး ကိုယ်ပိုင်ကဲ့သို့ အသုံးပြုနိုင်သည်။
မီးအဆိပ်က မီးတာအိုနိယာမအမျိုးအစားတစ်ခုဖြစ်လေရာ ဒါကိုလည်း စုပ်ယူနိုင်ပေသည်။
ထာ၀ရနတ်ဆိုးခန္ဓာက အလွန်အမင်း ကြီးစိုးနိုင်စွမ်းရှိသည်။
နှစ်သိန်းချီကြာအောင် သိပ်သည်းကျစ်လျစ်နေခဲ့သည့် မီးအဆိပ်ပင်လျှင် ထာ၀ရနတ်ဆိုးခန္ဓာ၏ အစွမ်းထက်စုပ်ယူမှုအောက်တွင် ဘာတစ်ခုမှ လုပ်နိုင်စွမ်းမရှိပါ။
ရှောင်ဟိုင်ကိုယ်ထဲက မီးအဆိပ်ကလည်း မီးအဆင်းများထဲတွင် လုံး၀ကို စုပ်ယူခံလိုက်ရလေပြီ။
.....
မီးအဆင်းများ၌ စီးဆင်းနေသည့် ချော်ရည်ပူများကလည်း တောက်ပသည့်အနီရောင်ကနေ နက်နဲသိပ်သည်းသည့် အရောင်အဖြစ် ပြောင်းလဲသွား၏။
ဒါ့အပြင် ၎င်းက အပြင်ပက မီးအဆိပ်မြူများကို အဆက်မပြတ်စုပ်ယူနေသည်။
တဖြည်းဖြည်း ရှောင်ဟိုင်၀န်းကျင်၌ အဆိပ်မီးလေဆင်နှာမောင်းတစ်ခု ပေါ်လာသည်။
ဒီဖြစ်စဉ်က လူတိုင်း၏အာရုံကို အလျင်အမြန် ဆွဲဆောင်သွားခဲ့သည်။
စုန့်စီ၊ ၀မ်ကျင်းကျောက်နှင့် စုချန်တို့ကလည်း လေးနက်သည့်အမူအရာများဖြင့် ကြည့်လိုက်ကြ၏။
"သူမီးအဆိပ်ကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့ပုံပဲ...." ၀မ်ကျင်းကျောက်၏ အမူအရာက အနည်းငယ်ထုံထိုင်းနေပုံပင်။
စုချန်ကလည်း မယုံနိုင်စွာပြောသည်။
"မီးအဆိပ်ကို တကယ်ပဲစုပ်ယူနိုင်တာလား"
ကျင့်ကြံသူများ ဝိဉာဉ်ချီကို စုပ်ယူသောအခါ ဒန်တျန်ထဲသို့ မပေါင်းစပ်သေးခင် ဝိဉာဉ်ချီထဲက အညစ်အကြေးများကို စစ်ထုတ်ပစ်ရန်အတွက် ကျင့်ကြံခြင်းနည်းစနစ်များကို အသုံးပြုကြရသည်။
မီးအဆိပ်က မီးဒြပ်စင်ထဲတွင် ညစ်ညမ်းမှုအမျိုးအစားတစ်ခုဟု ဆို၍ရသည်။
ဒါ့အပြင် ဒါက နှစ်သိန်းချီကြာအောင် စုပုံနေခဲ့သည့် ညစ်ညမ်းမှုတစ်ခုပင်။ အထဲတွင်ပါ၀င်သည့်အဆိပ်များက သာမန်ကျင့်ကြံသူများ ခံနိုင်ရည်ရှိသည့် အရာတစ်ခုမဟုတ်ပါ။
တခြားတစ်ဘက်တွင် ရှောင်ဟိုင်က တခြားသူများ တတ်နိုင်သမျှရှောင်ရှားကြမည်ဖြစ်သည့် မီးအဆိပ်ကို အလျင်အမြန် စုပ်ယူလိုက်သည်။ သူကတခြားသူများ ဒါကို လုယူသွားမည်ကိုပင် ကြောက်နေသည့်အသွင်။
စုန့်စီအနည်းငယ်အံ့ဩသင့်နေမိသည်။
ရှောင်ဟိုင်၏ကိုယ်ပိုင်လက္ခဏာကို သူသိသလို သူ့သွေးကြောစွမ်းအားကလည်း အလွန်အမင်းအစွမ်းထက်တာကို သိပါသည်။ သူ့ရုပ်ခန္ဓာနယ်ပယ်ကလည်း အားကောင်းလှသည်။
ထိုသို့ဆိုလျှင်ပင် ဒီလိုလုပ်ရန်ဟူသည် မဖြစ်နိုင်။
ရှောင်ဟိုင်ကိုယ်ပေါ်က မျဉ်းများကို ကြည့်ရင်း စုန့်စီမျက်လုံးကျဉ်းလိုက်မိသည်။
ဒီအတွက်ကြောင့်လား!
ဒီဟာက တကယ်ပဲ မီးအဆိပ်ကို အထူးစုပ်ယူဖို့ဖြစ်နိုင်တာလား!
သူတို့မီးအဆီအနှစ်ကို ထုတ်ယူရန် စဉ်းစားခဲ့ကြသော်လည်း ရှုထောင့်ပေါင်းစုံက ကြည့်ပါက ဒီနည်းလမ်းက မဖြစ်နိုင်ပေ။
ဒါကိုတွေးမိသောအခါ စုန့်စီဒီအကြောင်းကို တွေးနေတာကို ရပ်လိုက်ပြီး ယင်းအစား သူ့ကိုယ်ပိုင်အတွေးများကို ခုခံရင်း မီးကန်အလယ်သို့ လျှောက်သွားသည်။
.....
တစ်ရက်တာကုန်ဆုံးသွားပြီး ရှောင်ဟိုင်ကိုယ်ပေါ်က အဆင်းများကလည်း အလွန်အမင်း နက်မှောင်လာခဲ့သည်။
ထိုမီးတောက်နက်အဆင်းများက ဖျက်ဆီးခြင်းနှင့် ဖျက်ဆီးလိုသည့် အစွမ်းထက်ဆန္ဒများနှင့် ပြည့်နှက်နေသည်။
တကယ်တမ်းတွင် လေထဲက မီးအဆိပ်မြူက နည်းနည်းလေးလျော့သွားပုံရသည်။
ရှောင်ဟိုင် မီးအဆိပ်ဘယ်လောက် စုပ်ယူခဲ့သလဲဆိုတာကို ပုံဖော်ကြည့်၍ပင်ရသည်။
သို့စေကာမူ မီးအဆိပ်က ရှောင်ဟိုင်အတွက် အသွားနှစ်ဖက်ပါသည့်ဓားမဟုတ်ဘဲ သူ့ခွန်အားကို တိုးမြှင့်ပေးရန်သက်သက် ကူညီပေးသည်။
သူကိုယ်ထဲက ခွန်အားကို တိုက်ရိုက်မမြှင့်တင်နိုင်သည့်တိုင် ထာ၀ရနတ်ဆိုးခန္ဓာက အဆက်မပြတ်အားဖြည့်ပေးနေသည်။
"ရှောင်ဟိုင် ဒီနေရာက မီးအဆိပ်မြူအားလုံးကို တိုက်ရိုက်စုပ်ယူလိုက်တာလား" ယဲ့ချိုးပိုင်ရယ်ရမလား၊ ငိုရမလားမသိတော့ပါ။
ဟုန်ရင်ခေါင်းညိတ်သည်။
"ဖြစ်နိုင်တယ်"
ဒီအခိုက်အတန့်၌ ဘေး၌ မိုးကြိုးတိမ်များလင်း၀င်းကာ မိုးကြိုးကပ်ဘေးတစ်ခု ဆင်းသက်လာခဲ့သည်။
ဒါက ဆေးလုံးအောင်မြင်တော့မည့်အချိန်တွင် ဆင်းလာတတ်သည့် မိုးကြိုးကပ်ဘေးပေတည်း။
သို့သော် မု၀မ်အာကတည်ငြိမ်နေသည်။ သူမဒီမြင်ကွင်းကို အကြိမ်ပေါင်းများစွာ တွေ့ကြုံခံစားခဲ့ရပြီဖြစ်လေရာ အတော်လေးအတွေ့အကြုံရှိပြီးသားဖြစ်သည်။
အမွေးတိုင်တစ်တိုင်ခန့်စာအကြာ၌ မိုးကြိုးကပ်ဘေး ပျောက်ကွယ်သွားသောအခါ နဂါးကိုးကောင်နတ်အသွင်ပြောင်းဆေးပြင်းဖိုကနေ ဆေးလုံးရနံ့အမျှင်စများ လွင့်မြောလာသည်။
မု၀မ်အာ ဆေးလုံးကို သန့်စင်သည့်ကျောက်စိမ်းပုလင်းထဲသို့ ဂရုတစိုက်ထည့်ပြီးနောက် မေးစေ့အနည်းငယ်မော့ကာ ဂုဏ်ယူ၀င့်ကြွားစွာပြောသည်။
"ဟွန့်၊ ပြီးသွားပြီ"
သူမမျက်နှာလေးပေါ်က အမူအရာက 'မြန်မြန်ငါ့ကိုချီးမွမ်းကြ၊ အမြန်လေးငါ့ကို ချီးမွမ်းကြ' ဟုပြောဆိုနေသည့်အသွင်။
သို့စေကာမူ လူအနည်းငယ်ကသာ သူမကို ကြည့်လာလိမ့်မည်ဟု သူမမထင်ထားခဲ့ပေ။
ရှီရှန်းတစ်ယောက်တည်းသာ သန့်စင်ကျောက်စိမ်းပုလင်းကို တိတ်တဆိတ်ယူရင်း ပြုံးသည်။
"ဂျူနီယာညီမလေး၀မ်အာ၊ မင်းအတော်ကြိုးစားခဲ့တာပဲ၊ ဒါပေမယ့် ငါတို့ဆေးလုံးတွေ မလိုတော့ဘူးထင်တယ်"
မု၀မ်အာ အနည်းငယ်ကြက်သေသေသွားပြီးနောက် အလျင်အမြန်မေးသည်။
"ဘာလို့လဲ"
ဒါက သူမဒုက္ခသုက္ခခံပြီး သန့်စင်ထားသည့် အရာတစ်ခုပင်။
ရှီရှန်းအဖြေမပေးဘဲ ယင်းအစား ရှောင်ဟိုင်ရှိရာဘက်သို့ လက်ညိုးထိုးပြသည်။
မု၀မ်အာလှမ်းကြည့်ပြီးနောက် သူမ၏အမူအရာက အလွန်အမင်း စိတ်၀င်စားစရာကောင်းလာသည်။
သိမြင်နားလည်သောသူတိုင်း ရှောင်ဟိုင်လုပ်နေတာကို ပြောနိုင်ပါသည်။
"ဒါဆို ကျွန်မရဲ့ဆေးလုံးက အလကားပေါ့"
ရှီရှန်းတစ်ခဏမျှ တွေးလိုက်သော်လည်း အမှန်ကိုမပြောနိုင်ပေ။ မု၀မ်အာကို နာကျင်စေမိပါက ဘယ်လိုလုပ်မည်နည်း။
ထို့ကြောင့် သူဦးနှောက်ကို အလုပ်ပေးပြီး အချိန်အတော်ကြာတွေးပြီးနောက်တွင် ပြောလာသည်။
"အသုံးမ၀င်တာတော့ မဟုတ်ပါဘူး၊ အနည်းဆုံးတော့ မင်းရဲ့အဂ္ဂိရတ်ပညာ အတွေ့အကြုံကို.....နည်းနည်းလေး....တိုး....တိုးစေတာပဲမလား"
မု၀မ်အာ စိတ်ဓာတ်ကျသွားရသည်။
ဟုန်ရင်ဆွံအနေသည်။ သူမရှီရှန်းပခုံးကို ပုတ်လိုက်၏။
"ရိုးသားတာကောင်းတယ်၊ နင့်စွမ်းရည်ထက် ပိုတဲ့အရာတွေကို မလုပ်နဲ့"
.....
နောက်တစ်ရက်ကုန်ဆုံးသွားပြီးနောက် ကောင်းကင်ထဲက ထူထဲသည့်မီးအဆိပ်မြူများကို ရှောင်ဟိုင်လုံး၀စုပ်ယူပစ်သည်။
လုံး၀စုပ်ယူခံလိုက်ရသည့် အခိုက်အတန့်မှာပင် မီးပင်လယ်က ထုတ်လွှတ်သည့် အပူလှိုင်းနှင့် မီးတောက်များ ဖုံးလွှမ်းမနေတော့ဘဲ ကောင်းကင်ပေါ် ပစ်၀င်သွားကြ၏။
လူတိုင်း ကောင်းကင်အား စိတ်ရှုပ်ထွေးစွာ မော့ကြည့်လိုက်ကြသည်။
ကောင်းကင်ထဲတွင် မီးတောက်နီတိမ်စိုင်ကြီးတစ်ခုပေါ်လာပြီး တောက်ပသည့်လနှစ်စင်း၏ အလယ်တွင် ရှိနေသောအခါ လူတိုင်း၏ အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။
နေနှင့်လတို့က ဆုံတွေ့သွားကြလေပြီ။
ဒါက နေနှင့်လ၏ဆုံချက်များပေလား။
ဒီအခိုက်အတန့်၌ မီးတောက်နီတိမ်များက စတင်လိမ့်လာပြီး ပူပြင်းသည့် နေမင်းကဲ့သို့ အလုံးတစ်လုံးအဖြစ် တဖြည်းဖြည်းကျုံ့သွားသည်။
တောက်ပသည့်လနှစ်စင်း၏ လရောင်နှင့် ပူပြင်းသောနေမင်း၏အလင်းက ဒီတဒင်္ဂ၌ စတင်ပေါင်းစပ်လာကြပြီး အလင်းတန်းသုံးခု အတူတကွ တောက်ပနေခဲ့သည်။
နောက်ဆုံးတွင် အလင်းတန်းသုံးခု၏ ဆုံချက်၌ တောက်ပသည့်နတ်အလင်းတစ်ခု လင်း၀င်းလာပြီး သူတို့မြောက်ဘက်တွင် ဆင်းသက်သွားခဲ့သည်။
ဂျုန်း.......!
မြေကြီးက စတင်တုန်ခါကာ အက်ကွဲလာပြီး ကျောက်တုံးများ ပြိုကျသည်။
အလွန်အမင်းရှေးဆန်သည့် အော်ရာပါရှိသော ပေါက်ကွဲမှုကြီးတစ်ခုက ခွန်းလွန်အပိုင်းတစ်ခုလုံးကို ပြည့်နှက်သွားစေသည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ ထိတ်လန့်နေသည့် အကြည့်များအောက်တွင် နတ်အလင်းလင်း၀င်းသွားခဲ့သည့် မြေကြီးမှ ဧရာမအပျက်အစီးတစ်ခု ချိုးဖျက်ထွက်လာသည်။
ဒါက ခွန်းလွန်အပျက်အစီး၏ တည်နေရာပေတည်း။
"ကြည့်ရတာ ကျွန်တော်တို့အားလုံး မှားသွားပုံပဲ" မုဖူရှန်းပြုံးသည်။
ဖန်ချန်းလက်အစုံကို ဖြန့်လိုက်၏။
"နေနဲ့လရဲ့ပေါင်းစပ်မှုက နေမင်းကန်အထက်က မီးအဆိပ်မြူတွေကို ဖယ်ရှားပစ်လိမ့်မယ်လို့ ဘယ်သူတွေးမိမှာလဲ'
စုန့်ရှောင်ကလည်း ဒါကိုမတွေးမိခဲ့ပေ။
ဒါကသူ့အစီအစဉ်အတွက် အကျိုးရှိသော်လည်း သူ့တွင် သဲလွန်စတစ်ခုမှမရှိပါ။ တခြားတစ်ယောက် သူ့ကိုအနိုင်ယူသွားတာက အတော်လေးစိတ်ပျက်စရာကောင်းသည်။
"ဘာပဲဖြစ်ဖြစ်သွားကြရအောင်" စုန့်စီ ၀မ်ကျင်းကျောက်နှင့် စုချန်တို့ကို ချက်ချင်းခေါ်ပြီး ခွန်းလွန်အပျက်အစီးထဲသို့ ပြေး၀င်သွားလေတော့သည်။
ဒါကိုမြင်သော် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း နောက်ကလိုက်သွားကြ၏။
.....
ဒီအချိန်တွင် အဇူရာကောင်းကင်အပိုင်း တစ်နေရာရာ၌ ကြီးကြပ်ရေးဗိမာန်က တခြားသုံးယောက်ဘေးတွင် အင်မတန်ရှေးဆန်ပုံရသည့် တံခါးတစ်ချပ်ရှိသည်။
တံခါးတစ်ဝိုက်၌ အက်ကြောင်းများရှိပြီး အပေါ်က ကျောက်ပြားကသာ မပျက်မစီးဘဲ အကောင်းပကတိအတိုင်း ရှိနေသေးသည်။
'အဇူရာကောင်းကင်ကျောင်းတော်' ဟူသော စာလုံးကို ကျောက်ပြားပေါ်၌ ရေးထွင်းထားသည်။
ရှေးဟောင်းမှတ်တမ်းများအရ အဇူရာကောင်းကင်ကျောင်းတော်က သေမျိုးနယ်မြေတစ်ခုလုံး၌ အားအကောင်းဆုံးဖြစ်သည်။
ဒါကို လူသားဘိုးဘေးတစ်ဦး တည်ထောင်ခဲ့ခြင်းပင်။
ထိုအချိန်က သေမျိုးကမ္ဘာ၌ ဟောပြောရန်အတွက် သူအများကြီး ပေးဆပ်ခဲ့ရသည်။
သို့စေကာမူ သူတို့သုံးယောက်က အဇူရာကောင်းကင်ကျောင်းတော်ကို ဂရုစိုက်ရန်အတွက် စိတ်မပါကြပေ။
သူတို့အရှေ့၌ အနီ၀တ်အမျိုးသမီးတစ်ဦး ရပ်နေသည်။
အပိုင်း(1125) coming။