အခန်း (၁၁၂၅)
Vol. 80 Ch. 1125
ရှေးဟောင်းစစ်မြေပြင်အပြင်ဘက် ကြီးကြပ်ရေးဗိမာန်၏ ဌာန၌ ဟဲရှန်ကော စခန်းကိုပြန်ရောက်လာပြီး တံခါးကို တွန်းဖွင့်လိုက်စဉ် နန်ကောင်းယင်၏ အရိပ်ဖုံးနေသည့် ကျောကိုမြင်ရသောအခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
စခန်းထဲက လေထုကအနည်းငယ် မှောင်မိုက်နေသည်။ နန်ကောင်းယင်နှင့် ဟဲရှန်ကောတို့ အခန်းထဲရှိနေသည့်တိုင် ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။
အပ်ချောင်းတစ်ချောင်း ပြုတ်ကျသံကိုပင် ကြားနိုင်သည်။
ဟဲရှန်ကော ဒီထူးဆန်းသည့် တိတ်ဆိတ်မှုကို အရင်ဆုံးချိုးဖျက်ကာပြုံးသည်။
"ဘာဖြစ်လို့လဲ၊ ကိစ္စတွေအဆင်မပြေခဲ့လို့လား"
နန်ကောင်းယင်မလှည့်လာဘဲ ယင်းအစား တိုတောင်းသည့်အသံဖြင့် ဖြေသည်။
"အစကတော့ အရာအားလုံး ထိန်းချုပ်မှုအောက်မှာပါပဲ၊ ဒါပေမယ့် တစ်ခုခုက.... မဟုတ်ဘူး၊ ဖြစ်ပျက်လာနိုင်မယ့် အရာတစ်ခုခုက ငါတို့ထိန်းချုပ်မှုကနေ လွတ်ကင်းသွားတယ်...."
....
ဟဲရှန်ကော၏ မျက်လုံးများမှ ရက်စက်မှုအရိပ်အယောင်များကို ဖော်ပြသော်လည်း အလျင်အမြန်ဖုံးကွယ်ကာ အံ့ဩသင့်တကြီးပြောသည်။
"ဘာဖြစ်ခဲ့တာလဲ"
"ဘာဖြစ်ခဲ့တာလဲ"
နန်ကောင်းယင်ဖြည်းဖြည်းချင်းလှည့်လာပြီး ဟဲရှန်ကောကို မည်းမှောင်သည့် အမူအရာဖြင့် ကြည့်ရင်း မေးသည်။
"ဘာဖြစ်ခဲ့သလဲဆိုတာ ငါလည်းမသိဘူး၊ ငါဒီခံစားချက်တစ်ခုရနေရုံပါပဲ"
ဟဲရှန်ကော စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သော်လည်း နန်ကောင်းယင်၏ နောက်ထပ်စကားလုံးများက သူ့နှလုံးကို ထပ်ပြီးခုန်ပေါက်သွားစေသည်။
"ဒီတော့ ငါမင်းကိုမေးချင်းတာက မင်းဘာသိလဲ၊ ဒါမှမဟုတ် တစ်ခုခုဖြစ်ပျက်လာမယ်လို့ မင်းထင်လား"
ဟဲရှန်ကော၏ အမူအရာက ပြောင်းလဲမသွားဘဲ ယင်းအစား မျက်မှောင်ကြုတ်သည်။
"ဘာကိုဆိုလိုတာလဲ"
"ငါဆိုလိုတာက ရိုးရှင်းပါတယ်"
"ဘာလို့လဲ၊ ကြီးကြပ်ရေးဗိမာန်ကို မကောင်းတာတစ်ခုခုလုပ်တယ်လို့ မင်းငါ့ကို သံသယရှိနေတာလား" ဟဲရှန်ကော၏ အမူအရာက တဖြည်းဖြည်းကြည့်ရဆိုးလာပြီး ရှေ့တစ်လှမ်းတိုးကာ ဆက်ပြောသည်။
"ငါတို့နှစ်ယောက်က ကြီးကြပ်ရေးဗိမာန်ကို တစ်ချိန်တည်းမှာ ၀င်ခဲ့ကြတာမလား"
"ဒါ့အပြင် မင်းဘာတစ်ခုကိုမှမသိသလို ဘာဖြစ်နေသလဲဆိုတာကိုလည်း မသိဘူး၊ မင်းကိုယ်တိုင်တောင် စိတ်ရှုပ်နေတာကို ငါ့ကို ဘယ်လိုလုပ် မေးခွန်းထုတ်နိုင်တာလဲ"
နန်ကောင်းကင် ဟဲရှန်ကော၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်နေသည်။
ဟဲရှန်ကောကလည်း ရက်စက်စွာပင် ပြန်ကြည့်သည်။
ဒီမတိုးသာမဆုတ်သာအခြေအနေက အတော်လေးကြာသွားသည်။
ထို့နောက်တွင်သာ နန်ကောင်းယင်ပြုံးလာပြီး ရှေ့သို့လျှောက်သွားကာ ဟဲရှန်ကောပခုံးကို ပုတ်လိုက်၏။
"ကောင်းပါပြီ၊ ငါနည်းနည်းစိတ်ပူနေတာနဲ့ စိတ်က မူမမှန်ဖြစ်နေတာပါ"
ဟဲရှန်ကောနှာမှုတ်ရင်း နန်ကောင်းယင်၏ လက်ကို ရိုက်ပုတ်ပစ်ကာ နန်ကောင်းယင်အား အေးစက်စွာကြည့်သည်။
"ဒီလိုဟာသမျိုးကို ငါမကြိုက်ဘူး"
ထို့နောက်ဟဲရှန်ကောလှည့်ကာ ထွက်သွားလေတော့သည်။
ဟဲရှန်ကော စခန်းထဲကနေ ထွက်သွားတာကို ကြည့်ရင်း နန်ကောင်းယင်၏ အမူအရာက တဖြည်းဖြည်းမည်းမှောင်လာခဲ့သည်။
စခန်းထဲကနေ ထွက်လာပြီးနောက် ဟဲရှန်ကော သူ့အော်ရာကို ဖယ်ရှားရန်အတွက် လက်ဝှေ့ယမ်းကာ ကျောက်စိမ်းဆွဲသီးတစ်ခုကို ထုတ်ယူလိုက်၏။
"တစ်ဘက်က သံသယ၀င်နေပြီ၊ ဒါမှမဟုတ် သူတို့သဲလွန်စတစ်ချို့ တွေ့နေလောက်ပြီ၊ ငါတို့မြန်မြန်လှုပ်ရှားဖို့လိုတယ်"
ထို့သို့ဆိုပြီးနောက် သူလက်သီးကျစ်ကျစ်ဆုပ်ကာ ကျောက်စိမ်းဆွဲသီးကို အပိုင်းပိုင်းအစစ ချေမွပစ်ပြီး လေထဲတွင် လွင့်မြောသွားစေသည်။
....
ရှေးဟောင်းစစ်မြေပြင်ထဲက အဇူရာကောင်းကင်ကျောင်းတော်ရှေ့တွင် ကြီးကြပ်ရေးဗိမာန်၏ ခေါင်းဆောင် အိုက်ရွှယ် သူမရှေ့က အနီ၀တ်အမျိုးသမီးကို ထူးမခြားနားစွာ ကြည့်ရင်းမေးသည်။
"နင်ဘယ်သူလဲ"
အနီ၀တ်အမျိုးသမီးဆီက ထွက်လာသည့် ခပ်ရေးရေးမိစ္ဆာအော်ရာက သူမကို အတော်လေး မသက်မသာဖြစ်စေသည်။
"ငါဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး၊ ဒါပေမယ့် နင်တို့ဘာဆက်လုပ်မလဲဆိုတာ ငါသိတယ်" အနီ၀တ်အမျိုးသမီး တည်ငြိမ်စွာပြောသည်။
"စစ်ဆင်ရေးကိုရပ်မလား ဒါမှမဟုတ် ငါနင့်ကို လှုပ်ရှားနိုင်စွမ်း ပျောက်ဆုံးသွားအောင် လုပ်ပေးရမလား"
အနီ၀တ်အမျိုးသမီး၏ စကားလုံးများကို ကြားရသောအခါ အိုက်ရွှယ်အနည်းငယ် အံ့ဩသင့်သွားသည်။ သို့စေကာမူ အနီ၀တ်အမျိုးသမီး၏ ယုံကြည်မှာအပြည့် အမူအရာကို မြင်ရသောအခါ သူမအမူအရာက တဖြည်းဖြည်းမှောင်မိုက်သွားသည်။
သူမနောက်ပြောင်နေပုံမပေါ်ပေ။
သူမက မီးလျှံထဲက ပိုးဖလံ သို့မဟုတ် ရထားကို ရပ်ရန်ကြိုးစားနေသည့် ရှိခိုးကောင်တစ်ကောင်ဟု မထင်ရပါ။
"ငါတို့လုပ်ရပ်တွေရဲ့ရည်ရွယ်ချက်တွေကို နင်ဘယ်လိုသိလဲ ဒါမှမဟုတ် ငါတို့ကို လှည့်စားနေတာလားဆိုတဲ့အကြောင်း ပြောစရာမလိုသေးဘူး" မီးတောက်တစ်ခုက အိုက်ရွှယ်ကိုယ်၌ ဖြည်းဖြည်းချင်းလာပြီး သူမတစ်ကိုယ်လုံးကို တဖြည်းဖြည်းလွှမ်းခြုံပစ်သည်။
ပတ်၀န်းကျင်က လေဟာနယ်က လောင်ကျွမ်းကာ တွန့်လိမ်နေသည်။
အိုက်ရွှယ်ကို ဗဟိုပြုရင်း မြေကြီးက အလျင်အမြန်ပင် အနက်ရောင်ပြောင်းသွားပြီး အက်လာသည်။
အော်ရာက အလွန်အမင်း ကြောက်စရာကောင်းသည်။
အိုက်ရွှယ်၏ကျင့်ကြံခြင်းအဆင့်က နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကို ရောပ်နေသည်မှာ ရှင်းနေသည်။
အနီ၀တ်အမျိုးသမီး အနည်းငယ် ခေါင်းညိတ်သည်။
"ကြည့်ရတာ နင်ရွေးချယ်မှုလုပ်ခဲ့ပြီပဲ"
"ဒါပေမယ့်.... နင်မီးနဲ့ဆော့ကစားချင်တာ သေချာလား" အနီ၀တ်အမျိုးသမီး အနည်းငယ်မျက်ခုံးပင့်ရင်း အိုက်ရွှယ်ကို ကြည့်လိုက်သည်။
အိုက်ရွှယ်အနည်းငယ် ကြက်သေသေသွားသည်။
အနီ၀တ်အမျိုးသမီးဆီကနေ မီးတောက်နက်တစ်ခု ပေါက်ကွဲထွက်လာသည်။
တစ္ဆေမီးတောက်များက လေဟာနယ်ကို ချက်ချင်းဖြည့်ပစ်သည်။
လေထုဖြစ်စေ ၀န်းရံနေသည့် ဝိဉာဉ်ချီ သို့မဟုတ် မြေကြီးနှင့် အိုက်ရွှယ်ကိုယ်ခန္ဓာဖြစ်စေ အားလုံးက တစ္ဆေမီးလျှံထဲတွင် ပိတ်မိနေခဲ့သည်။
အိုက်ရွှယ်၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
ဒီတစ္ဆေမီးလျှံက အရမ်းပူပြင်းပုံမပေါ်သော်လည်း အလွန်အမင်းမိစ္ဆာဆန်သည့် စွမ်းအားဖြင့် ပြည့်နှက်နေသည်။
ဒီမိစ္ဆာစွမ်းအားက သူမ၏ခန္ဓာ၊ ဝိဉာဉ်နှင့် ဒန်တျန်ကိုပင် ဝါးမြိုပစ်ချင်သည့်အလား။
ဒါက သူမကိုယ်ခန္ဓာကို အရူးအမူး စတက်တိုက်စားသည်။
အိုက်ရွှယ်ကလည်း ဒီအတိုင်းထိုင်နေပြီး သေခြင်းတရားကို စောင့်နေမည်မဟုတ်။
သူမစတင်ခုခံသည်။
သူမကိုယ်ထဲက မီးလျှံစွမ်းအားက တစ္ဆေနက်မီးလျှံ၏တိုက်စားမှုကို အရူးအမူးစတင်ခုခံသည်။
သို့စေကာမူ သူမ၏မီးလျှံတွင် လုံး၀ခုခံမှုမရှိတာကို သိသွားရသောအခါ အိုက်ရွှယ် ထိတ်လန့်သွား၏။
မိစ္ဆာဖြင့်ပြည့်နှက်နေသည့် ထိုမီးတောက်နက်များက သူမ၏မီးလျှံများကို တိုက်ရိုက်လျစ်လျူရှုကာ မီးလျှံဗဟိုသို့ တိုက်ရိုက်ထိုစဖောက်ရင်း စတင်ဝါးမြိုသည်။
မကြာမီ အိုက်ရွှယ်၏မီးလျှံများက ပျက်စီးသွားရသည်။
အနီ၀တ်အမျိုးသမီး မျက်ခုံးအနည်းငယ်ပင့်လိုက်သည်။
"ဘာလို့လဲ၊ ကြီးကြပ်ရေးဗိမာန်ရဲ့ ခေါင်းဆောင်မှာ ရှိတာဒါအကုန်ပဲလား၊ ဒီလိုဆိုရင်တော့ နည်းနည်းစိတ်ပျက်စရာပဲ"
အိုက်ရွှယ်နှုတ်ခန်းကိုက်လိုက်စဉ် သွေးတစ်စက်ကို စီးဆင်းလာစေသည်။
စီးဆင်းလာသည့်သွေးက သွေးရောင်မီးတောက်များအဖြစ် အမှန်တကယ်ပြောင်းလဲကာ စတင်တောက်ပစွာ လောင်ကျွမ်းလာသည်။
ဒီတစ်ကြိမ် သူမကိုယ်ထဲက မီးတောက်နက်များအား မခုခံတော့ပေ။
တစ်ဘက်လူက မီးတာအိုမိယာမစွမ်းအားကို နားလည်ပြီးသားဆိုတာ သူမသိပါသည်။ ပို၍ကြောက်စရာကောင်းတာက တစ္ဆေနက်မီးတောက်ထဲက အသက်၀င်လာသည့်စွမ်းအားက သွေးကြောဖြစ်နေခြင်းပင်။
သွေးကြောကနေတဆင့် အသက်သွင်းထားသည့် မီးတာအိုနိယာမက သူမကို မခုခံနိုင်ဖြစ်သွားစေသည်။
သူမမခုခံနိုင်လေရာ တိုက်ခိုက်ရန်အတွက် ပဏာမခြေလှမ်းလှမ်းရပေတော့မည်။
ဒဏ်ရာများအတွက် ဒဏ်ရာများကို ဖလှယ်ရမည်။
သွေးရောင်မီးတောက်များက လေထဲတွင် ခရုပတ်မုန်တိုင်းတစ်စင်းပမာ ပြောင်းလဲသွားပြီး အနီ၀တ်အမျိုးသမီးထံ တိုး၀င်သွား၏။
အနီ၀တ်အမျိုးသမီး ဒီမြင်ကွင်းကိုမြင်သောအခါ ခပ်ရေးရေးပြုံးသည်။
"ငါပြောခဲ့တယ်၊ ငါ့ရှေ့မှာ မီးနဲ့မကစားနဲ့၊ မဟုတ်ဘူးဆိုရင် နင့်ခွန်အားနဲ့ နင်ငါ့ကို တိုက်ခိုက်နိုင်လောက်တယ်"
ထို့နောက် အနီ၀တ်အမျိုးသမီး လက်မြှောက်ကာ သွေးရောင်မီးမုန်တိုင်းကို လက်ဗလာနှင့် ဖမ်းလိုက်ပြီး အနည်းငယ် ဖျစ်ညစ်လိုက်၏။
သွေးရောင်မီးတောက်များက တစ္ဆေနက်မီးတောက်များ၏ ချက်ချင်းတိုက်စားခြင်းကို ခံရသည်။
၎င်းတို့က လုံး၀အဆင့်တူမဟုတ်ခဲ့ပါ။
အိုက်ရွှယ်၏မျက်နှာက ဖြူရော်သွားသည်။
ဒီတိုက်ခိုက်မှုအောက်တွင် သူမကိုယ်ထဲက တစ္ဆေနက်မီးတောက်က စတင်၀ရုန်းသုဉ်းကားဖြစ်လာသည်။ အိုက်ရွှယ်ခေါင်းကို ကိုင်ပြီး ၀မ်းနည်းဖွယ်ရာငိုကြွေးသံနှင့်အတူ မြေပေါ်လဲကျသွား၏။
ရုတ်တရက် သစ်သားလူ တိတ်တဆိတ် အိုက်ရွှယ်ဘေးကိုလျှောက်လာပြီး ဆေးလုံးတစ်လုံးပစ်ချလိုက်သည်။
ဆေးလုံးက အိုက်ရွှယ်ကိုယ်ပေါ်ကျလာပြီး တောက်ပသည့် နတ်အလင်းနှင့်အတူ လင်း၀င်းသွားသည်။
အိုက်ရွှယ်၏ကိုယ်ခန္ဓာက ချက်ချင်းဆိုသလို နာကျင်လှသည့်ဟစ်ကြွေးသံကို ထုတ်လွှတ်သည်။
တစ္ဆေနက်မီးတောက်များက မိစ္ဆာအော်ရာအမျှင်စများအဖြစ်ပြောင်းလဲကာ အိုက်ရွှယ်ကိုယ်ကနေ ထွက်လာသည်။
ငြီးငွေ့စရာသစ်သားလူ၏မျက်လုံးများက တုံးတိဖြစ်မနေတော့ဘဲ ယင်းအစား တောက်ပသည့် အလင်းတစ်ခုရှိနေသည်။
"ဒီမိစ္ဆာသွေးကြောက ရှေးဟောင်းစာအုပ်တွေမှာ မှတ်တမ်းတင်ထားတဲ့ ငရဲနတ်ဆိုးဒေသရဲ့ သွေးကြောနဲ့ ဆင်တူတာပဲ"
အနီ၀တ်အမျိုးသမီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
သစ်သားလူ လက်ချောင်းကို လှုပ်ရှားရင်း အိုက်ရွှယ်နှင့် နောက်ထပ်ကြီးကြပ်ရေးဗိမာန်အဖွဲ့၀င်ကို ပြန်မထနိုင်အောင် ထိုးနှက်လိုက်ပြီး အနီ၀တ်အမျိုးသမီးကို ကြည့်သည်။
"ကြည့်ရတာ မင်းရဲ့ပန်းတိုင်က ငါတို့ကြီးကြပ်ရေးဗိမာန်ကို ဗလာနတ္ထိပုံတူကို ရယူတာကနေ တားဆီးဖို့ဖြစ်မယ်"
"ဒါပေမယ့် ငါတို့သာဒီမှာတိုက်ခိုက်မယ်ဆိုရင် ထိခိုက်နာကျင်ရမယ်ဆိုပေမယ့် မင်းဒဏ်ရာတွေကလည်း ပိုဆိုးလိမ့်မယ်လို့ ငါထင်တယ်"
အနီ၀တ်အမျိုးသမီး သစ်သားလူလက်ထဲက ဆေးလုံးကို ကြည့်ရင်း သူမမျက်နှာက အနည်းငယ်မည်းမှောင်သွားခဲ့သည်။
"ဒါကြောင့် လောလောဆယ်ငါမင်းကို ထွက်သွားဖို့ အကြံပေးချင်တယ်၊ ငါတို့နှစ်ယောက်စလုံးမှာ တစ်ခုခုရှိနေပြီး ဒဏ်ရာရအောင်လည်း မလုပ်နိုင်ပါဘူး"
အနီ၀တ်အမျိုးသမီး သစ်သားလူကို စိုက်ကြည့်ပြီးနောက် ပြတ်သားစွာပင် လှည့်ထွက်သွားသည်။
တကယ်တမ်းတွင်လည်း ဒါက အချိန်ကောင်းမဟုတ်ပါ။
အပိုင်း(1126) coming။