← Chapters

#အထူးသံလိုက်စက်ကွင်း#

Vol. 80 Ch. 1126

#အထူးသံလိုက်စက်ကွင်း#

Vol. 80 Ch. 1126

နေနှင့်လကဆုံမ်ပြီး တောက်ပသည့်လနှစ်စင်းက ခွန်းလွန်အပျက်အစီးထဲတွင် ပေါ်လာခဲ့သည်။ 

ဒီစကားလုံးများက ခွန်းလွန်အပျက်အစီးပေါ်ပေါက်လာမှုအတွက် အခြေအနေရပ်များကို အကျဉ်းချုပ်ဖော်ပြသည်။ 

ယခုတွင်မူ အခြေအနေရပ်နှစ်ခု တွေ့ဆုံသွားသောအခါ ခွန်းလွန်အပျက်အစီး၏ တကယ့်အသွင်အပြင်က နောက်ဆုံးတော့ ပေါ်လာခဲ့လေပြီ။ 

ရှေးဟောင်းအပျက်အစီးက မြေကြီးထဲကနေ ထိုးထွက်လာခဲ့သည်။ 

ကျိုးပဲ့နေသည့်နံရံများကို မြက်ခင်းများက ဖုံးထားသည်။ 

ရှေးဦးမူလခေတ်က လေထုက အပျက်အစီးအထက်တွင် ဆက်လက်လွင့်မြောနေသည်။ 

....

အကြည့်တစ်ချက်တည်းနှင့် ဒါနှင့်ပတ်သက်၍ လျှို့ဝှက်ဆန်းကြယ်တာဟူ၍ မရှိဘဲ ဟောင်းနွမ်းဆွေးနွေးနေသည့် အပျက်အစီးတစ်ခုသာ ဖြစ်သည်။ 

သို့စေကာမူ ဂရုတစိုက်အာရုံခံကြည့်သောအခါ အရှေ့၌ အသုံးပြုသူာချောက်တစ်ခုရှိသည့်ပမာ ခံစားရသည်။ ဒါက နက်ရှိုင်းလှပြီး မြင်နိုင်ရန်ဟူသည် ခက်ခဲသည်။ 

ခွန်းလွန်အပျက်အစီးထဲကို ၀င်ရန်အတွက် သီးသန့်နေရာဟူ၍မရှိပါ။

ပတ်၀န်းကျင်က ပြန်ပြင်၍မရလောက်အောင် ပျက်စီးနေလေပြီ။ 

ယဲ့ချိုးပိုင်တို့အပြင် စုန့်စီနှင့် ကြီးကြပ်ရေးဗိမာန်က ကျန်နှစ်ယောက်တို့ပါ ရောက်လာကြ၏။ 

"ဘယ်မှာလဲဆိုတာ မင်းအာရုံခံမိလား" ယဲ့ချိုးပိုင်လှည့်ကာ ရှောင်ဟိုင်ကို မေးသည်။ 

ယဲ့ချိုးပိုင်က ရှောင်ဟိုင်၏ စိတ်ဝိဉာဉ်သုံးခုအနက် တစ်ခုအကြောင်း ပြောနေသည်မှာ ရှင်းနေသည်။ 

သို့စေကာမူ ယဲ့ချိုးပိုင် သူ့ကိုသတိပေးနေစရာမလိုပေ။ ခွန်းလွန်အပျက်အစီးပေါ်လာသောအခါ ရှောင်ဟိုင် အသိအာရုံကို ထုတ်လွှတ်ရင်း ရှာဖွေခဲ့သည်။ ကံဆိုးစွာပင် သူဘာတစ်ခုမှ ရှာမတွေ့ခဲ့ပါ။ 

ရှောင်ဟိုင်ခေါင်းခါယမ်းသည်။ 

"ကျွန်တော်တို့ စိတ်ဝိဉာဉ်သုံးခုထဲက တစ်ခုကို ရှာမတွေ့ရုံတင်မကဘူး....." သူမျက်မှောင်ကြုတ်ရင်း ဆက်သည်။ 

"ဒီနေရာကလည်း အရမ်းငြိမ်းချမ်းနေပုံရတယ်၊ တစ်ယောက်ယောက် ဒါကိုဖျက်ဆီးပြီး အထဲက ပစ္စည်းအားကို ယူသွားသလိုမျိုးပဲ"

မုဖူရှန်းခေါင်းညိတ်သည်။ 

"မှန်တယ်၊ ဒါက သာမန်အပျက်အစီးတစ်ခုလိုပဲ"

"ဟမ်၊ သူတို့ဘာလို့တိုက်ရိုက်၀င်သွားတာလဲ" မု၀မ်အာ စုန့်စီနှင့်ကျန်နှစ်ယောက်ရှိရာဘက်သို့ လက်ညိုးထိုးပြသည်။ 

စုန့်စီတို့က နောက်ကွယ်က လျှို့ဝှက်ချက်များကို သိသည့်အလား ခွန်းလွန်အပျက်အစီးထဲသို့ ခုန်၀င်သွားကြ၏။ 

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြသည်။ 

ကြီးကြပ်ရေးဗိမာန်က အရင်က ရှေးဟောင်းစစ်မြေပြင်ကို မ၀င်ဖူးဘူးမလား!

သူတို့ဘာလို့ဒီလောက်အများကြီး သိနေရတာလဲ!

လနတ်ကျောက်တောင်ဖွင့်လှစ်မှုဖြစ်စေ၊ ရှေးဟောင်းစစ်မြေပြင်တစ်ခုလုံး၏ တည်ဆောက်ပုံကို နားလည်ခြင်းဖြစ်စေ လုပ်ရပ်တိုင်းက တိကျသည့်ပန်းတိုင်တစ်ခုစီ ရှိသည်။ 

ကြီးကြပ်ရေးဗိမာန်က ဘယ်လိုအာဏာမျိုးရှိလေသနည်း။ 

ဒီအချိန်တွင် မျက်မှောင်ကြုတ်ကာ အတွေးနက်နေသည့် နင်းချန်ရှင်းကို ဟုန်ရင်သတိထားမိသဖြင့် မေးသည်။ 

"ဂျူနီယာမောင်လေး၊ နင်တစ်ခုခုရှာတွေ့လို့လား"

နင်းချန်ရှင်းခေါင်းညိတ်ပြီးနောက် ခေါင်းခါယမ်းသည်။ သူ့အသံက သံသယများနှင့် ပြည့်နှက်နေသည်။ 

"ကျွန်တော်အထူးအော်ရာတစ်ခုကို ခံစားမိတယ်၊ ဒါက အစီအရင်တစ်ခု ဒါမှမဟုတ် အထူးသံလိုက်စက်ကွင်းတစ်ခုဖြစ်ပုံပဲ"

"ဒါပေမယ့် မပြတ်သားမပီပြင်ဘူး၊ ကျွန်တော်က ဒီရှုထောင်မှာ မကျွမ်းကျင်တော့ မသေချာနိုင်ဘူး"

နင်းချန်ရှင်းက သိမ်မွေ့သည့်အော်ရာများကို အာရုံခံရာ၌ တော်သည်။ 

ဒါကဝိဉာဉ်စွမ်းအားနှင့် ဘာမှမသက်ဆိုင်ပါ။ မဟုတ်ပါက အားအကောင်းဆုံးဝိဉာဉ်ကို ပိုင်ဆိုင်ထားသည့် မုဖူရှန်းကလည်း ဒါကို ခံစားမိပေလိမ့်မည်။ 

ဒီအစား ဒါက ကျင့်ကြံခြင်းနည်းစနစ်၊ သူတို့လျှောက်ခဲ့သည့်လမ်းကြောင်းနှင့် ဆက်စပ်နေသည်။ 

"အစီအရင်လား၊ ဒါက ဂျူနီယာညီလေးဖန်ရဲ့ အားသာချက်မလား" ယဲ့ချိုးပိုင် ဖန်ချန်းကို ကြည့်လိုက်၏။ 

ဖန်ချန်းကမူ ဘာတစ်ခုမှမသိဘဲ ခွန်းလွန်အပျက်အစီးကို စိုက်ကြည့်နေသည်။ 

သူ့၀န်းကျင်၌ အစီအရင်ဝိဉာဉ်အော်ရာကို ထုတ်လွှတ်နေသည်။ 

အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာ၏ သက်ရောက်မှုများက အပြည့်အ၀ပေါ်လွင်လာသည်။ 

အစီအရင်ဝိဉာဉ်များက ခွန်းလွန်အပျက်အစီးထဲသို့ အထဲကအော်ရာများနှင့် ဆက်သွယ်နေသည့်အလား နတ်သူငယ်များပမာ တိတ်တဆိတ်မြောလွင့်သွားကြ၏။ 

သို့စေကာမူ လည်ပတ်နေသည့်ဖြစ်စဉ်၌ အစီအရင်ဝိဉာဉ်များက အဆက်မပြတ်ပယ်ချခံရသည်။ 

ဒါက ဖန်ချန်းကို ပဟေဠိဖြစ်စေသည်။ 

ပယ်ချခံရခြင်းကလည်း ဆက်သွယ်ရေးပုံစံတစ်ခုပင်။ 

ဆက်သွယ်မှုရှိလေရာ ဒါက ခွန်းလွန်အပျက်အစီးထဲက ဒီဆန်းကြယ်သည့် အော်ရာက အမှန်တကယ်ပင် အစီအရင်များနှင့် ဆက်စပ်နေသည်ဟု ဆိုလိုနေခြင်းပေတည်း။ 

ဖန်ချန်း ဖြစ်ပျက်ခဲ့တာတွေကို ပြောပြပြီးနောက်တွင် လူတိုင်းကလည်း စ်တ်ရှုပ်ထွေးသွားကြသည်။ 

"အဲဒီအထူးသံလိုက်စက်ကွင်းကြောင့်များလား" ရှီရှန်းခေါင်းကုတ်လိုက်သည်။ 

"ဒါက သံလိုက်စက်ကွင်းအော်ရာနဲ့ ပြည့်နေလောက်တယ်လို့ စီနီယာအစ်ကိုနင်း ပြောခဲ့တယ်မလား၊ ဒီသံလိုက်စက်ကွင်းက အစီအရင်ဝိဉာဉ်ရဲ့ ဆက်သွယ်မှုကို ပယ်ချနေတာများလား"

ဖန်ချန်းတစ်ခဏမျှ ကြက်သေသေသွားပြီးနောက် ဉာဏ်အလင်းပွင့်သွားခဲ့သည်။ 

အစီအရင်ကို မိုးနှင့်မြေ၏ နိယာမစွမ်းအားကို ကြားခံအဖြစ်အသုံးပြုကာ ဆောင်ရွက်ကြသည်။ 

သို့စေကာမူ ကမ္ဘာကြီးထဲက မတူညီသည့် တည်ဆောက်ပုံတိုင်းတွင် အနည်းငယ်ပြောင်းလဲမှုက နိယာမစွမ်းအားကို ကြီးမားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်စေနိုင်သည်။ 

ရိုးရှင်းစွာဆိုပါက အစီအရင်အလံများကို မိုးနှင့်မြေနိယာမစွမ်းအားနှင့် ဆက်သွယ်ရန်အတွက် သုံးသည်။ 

သို့သော် အစီအရင်အလံများ ပြောင်းသွားတာနှင့် ငှားယူလိုက်သည့် နိယာမစွမ်းအားကလည်း လုံး၀ကို တူတော့မည်မဟုတ်။ 

ဒါကသံလိုက်စက်ကွင်းနှင့် ဆက်စပ်နေသည်။ 

"ကြည့်ရတာ သူပြဿာနာကို ပုံဖော်နိုင်ခဲ့ပုံပဲ" ဟုန်ရင်ပြုံးလိုက်၏။ 

"တစ်ခါတစ်လေ ဂျူနီယာမောင်လေးရှီက တကယ်တော်တယ်"

ဒါကိုကြားသောအခါ ရှီရှန်းကြက်သေသေသွားပြီးနောက် ခေါင်းကုတ်ရင်း ပြုံးသည်။ 

"တကယ်လား၊ ကျွန်တော်ကူညီပေးနိုင်တာ အရမ်းကောင်းတာပေါ့"

"အခုဘာလုပ်ကြမလဲ"

ဖန်ချန်း ခွန်းလွန်အပျက်အစီးထဲသို့ ကြည့်လိုက်သည်။ 

"သံလိုက်စက်ကွင်းတစ်ခုရှိနေနှတော့ အထဲကို၀င်ပြီး ဒီသံလိုက်စက်ကွင်းရဲ့ အရင်းအမြစ်ကို ရှာရမယ်၊ တစ်ချိန်တည်းမှာပဲ ဒါကိုပြောင်းလဲပစ်ဖို့လိုတယ်"

"ဒီနည်းနဲ့ ကျွန်တော့်ရဲ့အစီအရင်ဝိဉာဉ်က ခွန်းလွန်အပျက်အစီးထဲက အစီအရင်ဝိဉာဉ်နဲ့ ဆက်သွယ်လို့ရနိုင်တယ်"

ဒါကိုကြားသော် မုဖူရှန်းပြုံးသည်။  

"ဒါဆိုရင်တော့ ငါတို့ဒါကို လုပ်စရာမလိုလောက်တော့ဘူး"

ယဲ့ချိုးပိုင်ကလည်း ခပ်ရေးရေးပြုံးရင်း ခေါင်းညိတ်သည်။ 

"မှန်တယ်၊ ဘာပဲဆိုဆို တစ်ယောက်ယောက်က ငါတို့ကို ကူညီပေးမှာပဲလေ"

နင်းချန်ရှင်းကလည်း ကြော့ရှင်းအေးဆေးသည့်အပြုံးကို ဖော်ပြသည်။ 

"သူတို့ဒီနေရာကို သိနေမှတော့ သံလိုက်စက်ကွင်းကို ဘယ်လိုထိုးဖောက်ရမလဲဆိုတာကိုလည်း သိမှာပဲလေ"

တစ်နည်းအားဖြင့် သူတို့ကထိုင်ပြီး အကျိုးအမြတ်များကို ရိတ်သိမ်းခံစားရန်သာလိုသည်။ 

စုန့်စီသာ သူတို့ကိရိယာအဖြစ် အသုံးပြုခြင်းခံနေရတာကို သိပါက သေချာပေါက် သွေးအန်ပေလိမ့်မည်။ 

မျှော်လင့်ထားသည့်အတိုင်းပင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၀င်သွားပြီး ချက်ချင်းဆိုသလို အဝါရောင်သဲမုန်တိုင်းက ခွန်းလွန်အပျက်အစီးအား ဖြတ်သန်းသွား၏။ 

အလင်းဖြူအမျှင်တန်းများက ပတ်၀န်းကျင်အပျက်အစီးကနေ စတင်ပွင့်လန်းလာသည်။ 

ဒီအဖြူရောင်အလင်းများက အစီအရင်အော်ရာများဖြစ်သည်။ 

သံလိုက်စက်ကွင်းက ပြောင်းသွားခဲ့သည်။ 

နောက်ထပ်ဘာမှမပြောဘဲ ဖန်ချန်းချက်ချင်းဆိုသလို အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာကို အသက်သွင်းလိုက်လေရာ အစီအရင်ဝိဉာဉ်များက အလင်းဖြူထဲတွင် စတင်လျှောက်လှမ်းသွားကြသည်။ 

ဒီတစ်ကြိမ် သူကပယ်ချမခံရတော့ပါ။ 

သို့စေကာမူ ဒါက ဖန်ချန်းကို ထိတ်လန့်စေဆဲပင်။ 

ဒီအစီအရင်က ကြီးမားသည့်ဖိနှိပ်ခြင်းအတားအဆီးတစ်ခုဖြစ်သည်။ 

ကျိုးပဲ့နေသည့်နံရံတိုင်းတွင် ဖိနှိပ်ထားသည့်ပစ္စည်းတစ်ခုရှိသည်။ 

အဝါရောင်သဲပျောက်ကွယ်သွားပြီး ပတ်၀န်းကျင်မြင်ကွင်း ပြန်ပေါ်လာသောအခါ အပျက်အစီးထဲက ဆန်းကြယ်သည့်အော်ရာများကို မြင်လိုက်ရသဖြင့် လူတိုင်းအနည်းငယ် ထိတ်လန့်သွားကြ၏။ 

"ဒါကို ခွန်းလွန်အပျက်အစီးလို့ ပြောရမယ့်အစား... ရတနာသိုက်တစ်ခုလို့ပြောတာက ပိုမှန်လိမ့်မယ်" စုန့်ရှောင် စိတ်လှုပ်ရှားစွာ သက်ပြင်းချသည်။ 

"ဒါက ခွန်းလွန်အပျက်အစီးကို တည်ဆောက်ခဲ့တဲ့ စီနီယာတန်ခိုးရှင် သူသုံးခဲ့တဲ့ပစ္စည်းတွေကို မြှုပ်နှံထားတဲ့နေရာ ဖြစ်လောက်တယ်"

စုန့်ရှောင်၏စကားလုံးများကို ကြားသောအခါ ရှောင်ဟိုင်အနည်းငယ်လန့်သွားသည်။ 

ခွန်းလွန်အပျက်အစီးက လွန်ခဲ့သည့်နှစ်သိန်းချီကတည်းက တည်ရှိနေခဲ့ခြင်းပင်။ 

အရင်က ရှေးဟောင်းစစ်မြေပြင်ထဲတွင် ဘယ်သူမှ တကယ်မ၀င်ဖူးပါ။ 

ဒီလိုဆိုပါက သူ့စိတ်ဝိဉာဉ်သုံးခုအနက် တစ်ခုက မည်သည့်အတွက်ကြောင့် ခွန်းလွန်အပျက်အစီးထဲတွင် ပေါ်လာရလေသနည်း။ 

တစ်ချိန်တည်းမှာပင် ကြီးကြပ်ရေးဗိမာတ်ကလည်း ရှေးဟောင်းစစ်မြေပြင်၌ ဖြစ်ပျက်နေတာကို သိခဲ့သည်။ 

ဆက်သွယ်မှုတစ်ခုခုရှိနေတာလား!

အရာတိုင်းက စိတ်ရှုပ်စရာကောင်းလွန်းသည်။ 

"အိုး၊ မင်းတို့က ငါ့ကို ဒီပြဿာနာကနေ ကယ်တင်ခဲ့တာပဲ၊ မင်းတို့ဒီအစီအရင်ကို တိုက်ရိုက်အသက်သွင်းလိုက်တာပဲ" စုန့်စီနှင့် ကျန်နှစ်ယောက်လျှောက်လာသည်။ 

"ဒါပေမယ့်ငါအံ့ဩမိတယ်" စုန့်စီအေးစက်စွာပြောသည်။ 

"မင်းတို့အကုန်သိကြတယ်မလား"

"မင်းတို့ခွန်းလွန်အပျက်အစီးထဲက ဘာရတနာကိုမဆို ယူသွားနိုင်တယ်၊ ဒါပေမယ့် ငါသတိပေးစရာတစ်ခုတော့ရှိတယ်.... မင်းတို့ ငါတို့ဆီက တစ်ခုခုကို လုယူရဲမယ်ဆိုရင် ကြီးကြပ်ရေးဗိမာန်ရဲ့ နံပါတ်တစ်ရန်သူဖြစ်လာလိမ့်မယ်၊ ဒီနောက်ကွယ်က အဓိပ္ပာယ်ကို မင်းတို့နားလည်လား"

ဒါက ခြိမ်းခြောက်မှုနှင့်တူသလို သွေးဆောင်နေသည့်ပုံစံတစ်ခုနှင့်လည်း ဆင်လှသည်။ 

အပိုင်း(1127) coming။ 

All Chapters