← Chapters

#ခွန်းလွန်အပျက်အစီးကို ဖျက်ဆီးပစ်ရမယ်#

Vol. 80 Ch. 1127

#ခွန်းလွန်အပျက်အစီးကို ဖျက်ဆီးပစ်ရမယ်#

Vol. 80 Ch. 1127

စုန့်စီ၏စကားလုံးများက လူတစ်ယောက်၏ ပုံမှန်တွေးခေါ်မှုကို သံသယမရှိ ဆန့်ကျင်နေသည်။ 

လူတစ်ယောက်က ပစ္စည်းတစ်ခုကို ရရန်အတွက် အသည်းအသန်ကြိုးစားနေပါက တခြားသူများကို မပြောဘဲ သေချာပေါက် လျှို့ဝှက်စွာ ရယူကြပေလိမ့်မည်။ 

သူတို့ဒါကို တိတ်တဆိတ်မထိနိုင်ခဲ့လျှင်ပင် သူတစ်ခုခုကို ရယူတော့မည်ဟု တခြားသူမတားအား ပြောပြမည်မဟုတ်။ 

အကယ်၍ တခြားနေ့တစ်နေ့သာဆိုပါက ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ စုန့်စီ၏ စကားလုံးများကို လျစ်လျူရှုထားရန်အတွက် ရွေးချယ်ကြမည်မှာ ကျိန်းသေသည်။ 

အဘယ်ကြောင့်ဆိုသော် သူတို့ရှာနေသည့်အရာက ကြီးကြပ်ရေးဗိမာန်နှင့် မဆက်နွှယ်ရန်အတွက် အခွင့်အလမ်းပိုမြင့်မားသောကြောင့်ပင်။ 

သို့စေကာမူ ဦးလေးလျိုက ကြီးကြပ်ရေးဗိမာန်၏ လှုပ်ရှားမှုများနှင့် ရည်မှန်းချက်များအပေါ် မျက်စိဒေါက်ထောက် စောင့်ကြည့်ရန်အတွက် ကူညီရန် သူတို့ပြောခဲ့ကြသည်။ 

.....

စံအိမ်တော်တွင် ဦးလေးလျို၏နေရာက အနည်းငယ် ကသိကအောက်ဖြစ်စရာ ကောင်းသော်လည်း ဦးလေးလျိုက သူတို့ကို အများကြီးကူညီပေးခဲ့သည်။ 

ယဲ့ချိုးပိုင်ပြုံးသည်။ 

"အိုး၊ ဒါဆိုရင်တော့ မင်းတို့ဘာလိုချင်သလဲဆိုတာ ငါတို့ကိုပြောဖို့လိုတယ်"

"ဒါမှမဟုတ် မင်းတို့အဲဒီပစ္စည်းကို မရနိုင်လို့ ငါတို့အကူအညီလိုအပ်တာနဲ့ တမင်သက်သက် ဒါကိုလုပ်နေတာလား"

စုန့်စီ၏မျက်နှာက မည်းမှောင်သွားသည်။ 

"ငါမင်းကို ကြီးကြပ်ရေးဗိမာန်ရဲ့ ကိစ္စ‌ရပ်တွေကို မစွက်ဖက်ဖို့ပဲ သတိပေးချင်တာ"

အိုက်ရွှယ်က အဇူရာကောင်းကင်အပိုင်းအကြောင်း သူ့တို့အားအသံလွှင့်ကာ ပြောပြခဲ့သည်။ 

ဒါကစုန့်စီကို ခုခံသည့်ခံစားချက်တစ်ခုကို ရစေသည်။ 

ကြည့်ရသည်မှာ တစ်ယောက်ယောက်က သူတို့လှုပ်ရှားမှုများကို အဆက်မပြတ်စောင့်ကြည့်နေပြီး သူတို့ပစ်မှတ်ကို ရပ်တန့်ပစ်ချင်တာ သို့မဟုတ် တိုက်ခိုက်ချင်တာ ဖြစ်ရပေမည်။ 

သူ့၀မ်းတွင်းအသိက ဒီကိစ္စက ရိုးရှင်းမှာမဟုတ်ဟု ပြောဆိုနေသည်။ တစ်ချိန်တည်းမှာပင် ဒါက သူတို့အတွက် ကြီးမားသည့် အတားအဆီးလည်းဖြစ်သည်။ 

ဒါက စုန့်စီကို အနည်းငယ်ပူပန်စေသည်။ 

"ငါတို့လိုချင်တာကိုပဲရချင်တာ" ယဲ့ချိုးပိုင် အပြုံးဖြင့်ပြောသည်။ 

စုန့်စီနှာမှုတ်သည်။ 

"ဒါဆိုရင်အကောင်းဆုံးပဲပေါ့"

ထို့နောက် သူ၀မ်ကျင်းကျောက်နှင့် စုချန်ကို တခြားတစ်ဘက်သို့ ခေါ်သွားသည်။ 

ဒါကိုမြင်သော် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း စတင်လုပ်ဆောင်ကြသည်။ 

ကျိုးပဲ့နေသည့် မြို့ရိုး သို့မဟုတ် ကျောက်တိုင်များ၌ ပစ္စည်းတစ်ခုစီရှိသည်။ 

တစ်ချိန်တည်းမှာပင် သံလိုက်စက်ကွင်း၏ အနှောင့်အယှက်မရှိသဖြင့် ရှောင်ဟိုင်ကိုယ်ထဲက သွေးက စတင်ဆူပွက်လာပြီး ဝိဉာဉ်က အဆက်မပြတ် တုန်ယင်လာသည်။ 

၎င်းက သူ့ကို ဘယ်နေရာကို သွားရမလဲဆိုတာ လမ်းညွှန်ပေးနေပုံရသည်။ 

သူတို့နေရာတစ်ခုကို ရောက်လာသောအခါ ရှောင်ဟိုင်ရပ်လိုက်၏။ 

သူ့ရှေ့က မြို့နံရံ၌ ဝိဉာဉ်နက်အမျှင်စတစ်ခု ရစ်ဝဲနေသည်။ 

ရှောင်ဟိုင်၏အော်ရာကလည်း အထိန်းအချုပ်မဲ့ စတင်ထိုးတက်လာသည်။ 

သို့စေကာမူ မြို့နံရံ၌ ဖိနှိပ်ခြင်းအစီအရင်တစ်ခုရှိနေဆဲပင်။ 

ဖန်ချန်းသာရှိပါက ဒီပိုင်ရှင်မဲ့ဖိနှိပ်ခြင်းအစီအရင်က မခက်ခဲပါ။ သူဒါကို စုပ်ယူရန်အတွင် အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာနှင့် မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်ကို တစ်ချိန်တည်းတွင် သုံးလိုက်ရုံသာ။ 

ဖန်ချန်းသာမရှိပါက ဒီအစီအရင်ကို တခြားနည်းလမ်းများနှင့် ချိုးဖျက်ရန်အတွက် အနည်းငယ် ခက်ခဲလောက်သည်။ 

အစီအရင်ကို ချိုးဖျက်ပြီးနောက် ရှောင်ဟိုင် သူ့လက်ကို မြို့ရိုးပေါ်တင်လိုက်၏။ 

ရုတ်ချည်းဆိုသလို နတ်ဆိုးနက်ချီကနေ ဖွဲ့စည်းလာသည့် လေဆင်နှာမောင်းတစ်ခုက ရှောင်ဟိုင်ကို ဗဟိုပြုရင်း ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။ 

ပြင်းထန်သည့်နတ်ဆိုးဆန္ဒက ခွန်းလွန်အပျက်အစီးတစ်ခုလုံးအတွင်း ဖြတ်သန်းသွား၏။ 

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ ဒါကိုမြင်သောအခါ ရှောင်ဟိုင်တကူးတက မေးနေစရာပင်မလိုဘဲ ရှောင်ဟိုင်ကို ကာကွယ်ရန်အတွက် သူတို့ဖြန့်လိုက်ကြသည်။ 

တခြားတစ်ဘက်တွင် စုန့်စီနှင့် ကျန်နှစ်ယောက် ဒီမြင်ကွင်းကို မြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြသည်။ 

မျှော်လင့်မထားစွာပင် ခွန်းလွန်အပျက်အစီးထဲတွင် အရင်နတ်ဆိုးသခင်နှင့် ဆက်စပ်နေသည့်အရာတစ်ခုခု ရှိနေသည်။ 

သို့စေကာမူ လက်ရှိအခြေအနေက သူတို့ကို အာရုံပြောင်းခွင့်မပြုပါ။ 

ယခုအချိန်တွင် စုန့်စီနှင့်ကျန်နှစ်ယောက်က ခွန်းလွန်အပျက်အစီး၏ အလယ်ဗဟို၌ ရှိနေကြသည်။ 

အလယ်ဗဟိုတွင် ကောင်းမွန်စွာထိန်းသိမ်းတည်ရှိနေသည့် ကျောက်တိုင်တစ်ခုတည်းသာရှိသည်။ 

ကျောက်တိုင်ပေါ်၌ ဆန်းကြယ်သောရှေးဟောင်းစာလုံးများရှိသော်လည်း အထဲတွင် ဘာမှမရှိချေ။ 

သို့စေကာမူ ကျောက်တိုင်၏ ဘက်သုံးဘက်စလုံးတွင် အပေါက်သုံးပေါက်ရှိသည်။ 

ဘေးက ၀မ်ကျင်းကျောက်ပြောသည်။ 

"ဒီမှာဖြစ်ရမယ်"

စုန့်စီခေါင်းညိတ်သည်။ 

"ထောက်လှမ်းရေးသတင်းအရဆိုရင် ငါတို့ဒီကျောက်တိုင်ကို အသက်‌သွင်းနေသရွေ့ ခွန်းလွန်အပိုင်းကို ပြီးစီးနိုင်လိမ့်မယ်၊ အဇူရာကောင်းကင်အပိုင်ကို အောင်မြင်စွာ ပြီးစီးသွားတာနဲ့ ဘိုးဘေးအင်ပါယာအပိုင်းကို ဖွင့်နိုင်ပြီ"

စုန့်စီအေးစက်စွာပြောသည်။ 

"ကောင်းပြီ၊ အဓိပ္ပာယ်မရှိတာတွေ ပြောမနေတော့ဘူး၊ ခွန်းလွန်နတ်ဘုရားကျောက်ကို တင်လိုက်"

ထိုသို့ပြောနေစဉ် နတ်ကျောက်တုံးတစ်တုံး သူ့လက်ထဲတွင် ပေါ်လာသည်။ ၀မ်ကျင်းကျောက်နှင့် စုချန်တို့ကလည်း ကျောက်တုံးတစ်တုံးစီ ထုတ်ယူလိုက်ကြ၏။ 

"ဒါပေမယ့် ဒီကျောက်တိုင် လုံး၀အသက်၀င်သွားတဲ့အခါ ခွန်းလွန်အပျက်အစီးတစ်ခုလုံးက လုံး၀ပျက်စီးသွားမှာမလား" ၀မ်ကျင်းကျောက်ပြုံးသည်။ 

စုချန်နှာခေါင်းရှုံ့သည်။ 

"ဒီတော့ဘာဖြစ်လဲ၊ သူတို့က ငါတို့ကြီးကြပ်ရေးဗိမာန်က မဟုတ်ဘူးဆို‌တော့ သနားနေစရာမလိုဘူး"

ထို့နောက် သုံးယောက်စလုံး နတ်ဘုရားကျောက်တုံးကို တွင်းပေါက်ထဲသို့ မဆိုင်းမတွပင် ထည့်လိုက်ကြ၏။ 

ခရက်ခ် ခရက်ခ် ခရက်!

နတ်ဘုရားကျောက်တုံးကို ထည့်လိုက်သည့် အခိုက်အတန့်၌ ကျောက်တိုင်တစ်ခုလုံးက စတင်လည်ပတ်လာသည်။ 

ကျောက်တိုင်အောက်က မြေကြီးက စတင်အရူးအမူးပြိုကွဲလာသည်။ 

နောက်အခိုက်အတန့်၌ ကျောက်တိုင်ကနေ ကြောက်စဪာကောင်းသည့်အော်ရာတစ်ခု ထွက်လာပြီး ကောင်းကင်ပေါ်သို့ ချော်ရည်ပမာ ထိုးတက်သွား၏။ 

ခွန်းလွန်အပျက်အစီးတစ်ခုလုံး၏ အပူချိန်က လျင်မြန်စွာမြင့်တက်လာခဲ့သည်။ ကျောက်တိုင်၀န်းကျင်က ကျိုးပဲ့နေသည့်မြို့နံရံများနှင့် ကျောက်တုံးများကပင် မီးသွေးမှုန့်များအဖြစ် ပြောင်းလဲကာ လေထဲ မြောလွင့်သွားကြသည်။ 

ခွန်းလွန်အပျက်အစီးတစ်ခုတည်းတင်မဟုတ်ဘဲ ချော်ရည်နှင့် မြေမီးအပူလှိုင်းကလည်း ခွန်းလွန်အပိုင်းတစ်ခုလုံးအတွင်း အလျင်အမြန်ပျံ့နေသည်။ 

စုန့်စီနှင့်ကျန်နှစ်ယောက်ကို အတားအဆီးတစ်ခုက ကာကွယ်ပေးထားသည်။ ဒီမြင်ကွင်းကို ကြည့်နေစဉ် သူတို့၏မျက်နှာများ၌ အေးစက်သည့်အပြုံးကိုယ်စီ ပေါ်လာကြသည်။ 

တခြားတစ်ဘက်တွင် ဒီချော်ရည်မြေမီးက လိမ့်တက်လာတာကို မြင်ရသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ထိတ်လန့်သွားကြ၏။ 

သူတို့ဘာဖြစ်နေသလဲဆိုတာ မသိကြသော်လည်း စုန့်စီတို့က တစ်ခုခုလုပ်နေတယ်ဆိုတာကိုတော့ သေချာသည်။ 

"ဂျူနီယာညီလေးရှောင်ဟိုင်ကို ကာကွယ်ကြ" ယဲ့ချိုးပိုင်အော်ဟစ်သည်။ 

မုဖူရှန်းအဆောင်များကို တစ်ခုပြီးတစ်ခု ပစ်ကာ အတားအဆီးတစ်ခုဖန်တီးသည်။ ဒါက ချော်ရည်များ၏ လွှမ်းမိုးမှုကို ယာယီပိတ်ဆို့ပစ်ခဲ့သည်။ 

သို့စေကာမူ ချော်ရည်နှင့် မြေမီးတောက်၏ တိုက်စားခြင်းစွမ်းအားက လူတိုင်း၏ စိတ်ကူးထက် ပိုနေသည်။ 

မုဖူရှန်း၏ အဆောင်အတားအဆီးရှိနေသည့်တိုင် ချော်ရည်နှင့် မြေမီးတောက်၏ တိုက်ခိုက်မှုအောက်တွင် အဆောင်များက အဆက်မပြတ်ကွဲအက်နေသည်။ 

မုဖူရှန်း၏အမူအရာက မည်းမှောင်သွားသည်။ သူဒီကွက်လပ်ကို ဖြည့်ရန်အတွက် အဆောင်များကို အဆက်မပြတ်ပစ်လွှတ်ရင်း တစ်ချိန်တည်းမှာပင် အော်ဟစ်သည်။ 

"ကျွန်တော်တို့ဒီလိုဆက်လုပ်နေလို့မရဘူး" ထို့နောက် သူရှောင်ဟိုင်အား စိုက်ကြည့်လိုက်၏။ ရှောင်ဟိုင်၏ အမူအရာက အလွန်အမင်းနာကျင်နေသည်။ 

သူက စိတ်ဝိဉာဉ်ပေါင်းစပ်မှုကို စတင်လက်ခံနေပြီဆိုတာ သိသာထင်ရှားနေသည်။ 

တစ်ချိန်တည်းမှာပင် နှောင့်ယှက်ခံရရန်ဟူသည် လုံး၀မဖြစ်နိုင်ပေ။ 

"အရင်းအမြစ်ကိုသွားရှာပြီးရပ်ပစ်ကြ၊ ကျွန်တော်ဒီမှာ စီနီယာအစ်ကိုရှောင်ဟိုင်ကို ကာကွယ်ပေးထားမယ်" မုဖူရှန်းလေးနက်စွာပြောရင်း မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံကို ထုတ်ယူကာ အဆောင်များ စတင်ရေးဆွဲသည်။ 

တခြားအဆောင်သခင်များကသာ ဒါကို မြင်ပါက သူတို့၏မေးရိုးများပင် အောက်သို့ ပြုတ်ကျသွားကြပေလိမ့်မည်။ 

တခြားအကြောင်းများကို တွေးနေစဉ်မှာပင် အတားအဆီးထဲက ကွက်လပ်များကို ဖြည့်ရန်အတွက် သူအဆောင်များကို သုံးနိုင်နေသေးသည်။ ဒီလိုအခြေအနေရပ်များအောက်တွင်ပင် သူအဆောင်များကို ရေးထွင်းရန်လိုနေဆဲပင်။ 

သေမျိုးနယ်မြေတစ်ခုလုံးတွင် ဒီလိုလုပ်နိုင်သောသူ အများကြီးမရှိလောက်ပါ။ 

"ငါတို့ ဒီမီးတောက်လှိုင်းကြီးကနေ အပြင်ကို လုံး၀ထွက်လို့မရနိုင်ဘူး" ရှီရှန်း၏ အမူအရာကလည်း မကောင်းတော့။ 

မု၀မ်အာ လေးနက်သည့်အသံဖြင့်ပြောသည်။ 

"ဒီလိုအခြေအနေမျိုးမှာ ကျွန်မရဲ့ဆေးလုံးတွေက နာရီ၀က်လောက်ပဲ ကြာရှည်ခံလိမ့်မယ်၊ ဒါ့အပြင် အများကြီးသောက်တာကလည်း အသုံးမ၀င်ဘူး"

ချော်ရည်ဘယ်အချိန် ပျောက်သွားမလဲဆိုတာ ဘယ်သူမှမသိကြပါ။ 

သူတို့သာ ဒီနေရာတွင် သေသည်အထိ ကာကွယ်ပါက မုဖူရှန်း၏အင်မော်တယ်ချီနှင့် ဝိဉာဉ်လုံး၀မောပန်းနွမ်းနယ်သွားသောအခါ ရှောင်ဟိုင်၏ ပေါင်းစပ်ခြင်းလုပ်ငန်းစဉ်ကလည်း နှောင့်ယှက်ခံရပေလိမ့်မည်။ 

ဒီအခြေအနေရပ်တွင် နှောင့်ယှက်ခံရပါက သူ့ဝိဉာဉ်က ပျက်စီးသွားလောက်သည်။ 

ဒီအချိန်မှာပင် ရှီရှန်းကိုယ်ထဲကနေ ရုတ်တရက် အသံတစ်သံထွက်လာခဲ့သည်။ 

"ရှီရှန်း၊ ငါ့ရဲ့ဒီကြယ်စွမ်းအားက မင်းကို ဒီမြေမီးတောက်ကနေ ကာကွယ်ပေးနိုင်တယ်"

"ပြီးတဲ့အခါကျရင်တော့ မင်းဆယ်ခုမြောက်ကြယ်ဗဟိုချက်ကို ထိန်းသိမ်းထားဖို့အတွက် ကြယ်စွမ်းအားအများကြီး ထပ်ဖြည့်ဖို့လိုတယ်၊ မဟုတ်ဘူးဆိုရင်အဲဒါက ပြိုကွဲပျက်စီးသွားလိမ့်မယ်"

အပိုင်း(1128) coming။ 

All Chapters