#ကြယ်ကြွေကျခြင်း#
Vol. 80 Ch. 1128
ရှီရှန်းတစ်ယောက်တည်းသာလျှင် ဒီအသံကို ကြားနိုင်သည်။
ရှီရှန်းအနည်းငယ်အံ့ဩသင့်သွားရသည်။ ဒီအသံနှင့် သူအတော်လေးရင်းနှီးသည်။ ဒါက ကြယ်အစစ်အမှန်နတ်ဘုရားပေတည်း။
သို့စေကာမူ ကြယ်အစစ်အမှန်နတ်ဘုရား တကယ်ရှိနေသေးသလားဆိုတာ သူမသေချာပေ။
"စီနီယာ၊ ခင်ဗျားလား" ရှီရှန်းမယုံနိုင်စွာ မေးသည်။
"ငါပဲ"
"ဒါပေမယ့် ကျွန်တော့်အတွက် ဆယ်ခုမြောက်ကြယ်ကို သိပ်သည်းအောင် လုပ်တုန်းက ခင်ဗျား၀ိဉာဉ်က ပျောက်ကွယ်သွားတာမလား" ရှီရှန်းပဟေဠိဖြစ်နေသည်။
"ငါ့ဝိဉာဉ်ပျောက်ကွယ်သွားတယ်လို့ မင်းကိုဘယ်သူပြောလဲ" ကြယ်အစစ်အမှန်နတ်ဘုရား ဒေါသတကြီးပြောသည်။
"မင်းငါ့ကို ဒီလိုဆိုးဆိုးရွားရွား သေစေချင်နေတာလား"
ကြယ်အစစ်အမှန်နတ်ဘုရား ဒါကို မပြောခဲ့တာကို ရှီရှန်းသတိရသွားသည်။
"ဒါပေမယ့်.... အရင်ကလေထုက အရင်းတင်းကြပ်နေခဲ့တော့....ခင်ဗျားပြောခဲ့တဲ့ စကားလုံးတွေက သေတမ်းစာလိုပဲလေ..."
ကြယ်အစစ်အမှန်နတ်ဘုရား ဒေါသထွက်လွန်းသဖြင့် သေလုမတတ်ပင် ဖြစ်သွားရပြီး ဒေါသတကြီးအော်ဟစ်သည်။
"ဘာ၊ လေထုက အတင်းတင်းကြပ်နေတာနဲ့ပဲ ငါကသေရမှာလား၊ ငါ့အကြွင်းအကျန်ဝိဉာဉ်အားလုံးကို ငါဆယ်ခုမြောက်ကြယ်ဗဟိုချက်မှာ ပေါင်းစပ်လိုက်ရုံပဲ"
ဒီနေရာတွင် ကြယ်အစစ်အမှန်နတ်ဘုရား သူ့ကိုယ်သူတည်ငြိမ်အောင် လုပ်ရန်အတွက် ချောင်းဟန့်ကာ ဆက်သည်။
"ရှင်းရှင်းပြောရရင် ငါ့အကြွင်းအကျန်ဝိဉာဉ်က ဒီဆယ်ခုမြောက်ကြယ်ဗဟိုချက်ရဲ့ ဗဟိုပဲ၊ အနာဂတ်မှာ မင်းမသေသွားသရွေ့ ဒါမှမဟုတ် မင်းဆယ်ခုမြောက်ကြယ်ဗဟိုချက်က ကြယ်စွမ်းအားအားလုံးကို လုံး၀မဖြုန်းတီးပစ်သရွေ့ ငါသေမှာမဟုတ်ဘူး၊ အခုမင်းနဲ့ငါက ကံကြမ္မာရဲ့ အသိုက်အ၀န်းတစ်ခုဖြစ်လာပြီ"
မင်းသေရင် ငါသေမယ်!
မင်းရှင်သန်ရင် ငါထာ၀ရအသက်ရှင်မယ်!
"ကောင်းပြီ၊ အသေးစိတ်ကို နောက်မှရှင်းပြမယ်" ကြယ်အစစ်အမှန်နတ်ဘုရား၏ အသံက ရုတ်တရက်လေးနက်သွားသည်။
"ဒီကျောက်တိုင်က ခွန်းလွန်အပျက်အစီးတစ်ခုလုံးရဲ့ ဗဟိုချက်ပဲ၊ အခုနောက်ဆုံးစွမ်းအားကို ဖွင့်လှစ်လိုက်ပြီဆိုတော့ ကျောက်တိုင်က စပြီးပြိုကျပျက်စီးနေပြီ၊ ခွန်းလွန်အပျက်အစီးတစ်ခုလုံးကလည်း ပျက်စီးခြင်းကို ရင်ဆိုင်နေရပြီ"
"မင်းရဲ့စီနီယာအစ်ကိုကို အဲဒီဝိဉာဉ်နဲ့ ငြိမ်းချမ်းစွာ ပေါင်းစေချင်ရင် မင်းကျောက်တိုင်ရဲ့ လည်ပတ်မှုကို ရပ်တန့်ပြီး ခွန်းလွန်အပျက်အစီးကို အချိန်တိုအတွင်း ဖျက်ဆီးခံရခြင်းကနေ တားဆီးဖို့အတွက် နောက်ဆုံးစွမ်းအားလေးကို ထိန်းသိမ်းထားဖို့လိုတယ်"
ဒါကိုကြားသောအခါ ရှီရှန်း၏အမူအရာက လေးနက်သွား၏။ သူအပြင်ပကနေ အဆက်မပြတ်ကျူးကျော်နေသည့် ချော်ရည်နှင့် မြေမီးတောက်ကို ကြည့်ရင်း အတော်လေးစိတ်ရှုပ်ထွေးနေမိသည်။
"ဒါပေမယ့် ကျွန်တော်ဘယ်လိုကျော်လွှားရမလဲ၊ ကျွန်တော့်လက်ရှိနယ်ပယ်နဲ့ ဒီချော်ရည်နဲ့ မြေမီးတောက်ကို မခုခံနိုင်ဘူး"
ခွန်းလွန်အပျက်အစီးကို ဖန်တီးသူက လူသားဘိုးဘေးတစ်ယောက်ဖြစ်သည်။
ခွန်းလွန်အပျက်အစီး ဖျက်ဆီးခံရတော့မည့်အချိန်တွင် ထုတ်လွှတ်သည့် စွမ်းအားကို သူဘယ်လိုလုပ် ခုခံနိုင်မည်နည်း။
"ဒါကြောင့် မင်းဆယ်ခုမြောက်ကြယ်ဗဟိုချက်ရဲ့ စွမ်းအားကို သုံးဖို့လိုတယ်" ကြယ်အစစ်အမှန်နတ်ဘုရား တည်ငြိမ်စွာပြောသည်။
"ဆယ်ခုမြောက်ကြယ်ဗဟိုချက်က ကြယ်စွမ်းအားက မင်းကို ချော်ရည်နဲ့ မြေမီးတောက်ကို ဖြတ်သန်းခွင့်ပေးဖို့ အမွေးတိုင်တစ်တိုင်စာပဲ လုံလောက်တယ်"
"တကယ်လို့ အမွေးတိုင်တစ်တိုင်စာအတွင်း ပြဿာနာကို မဖြေရှင်းနိုင်ဘူးဆိုရင် ကြယ်ဝိဉာဉ်ကလည်း ကုန်ခမ်းသွားလိမ့်မယ်၊ တစ်ချိန်တည်းမှာပဲ ဆယ်ခုမြောက်ကြယ်ဗဟိုချက်ကလည်း ချွတ်ယွင်းသွားတဲ့ ဗဟိုချက်တစ်ခုဖြစ်လာလိမ့်မယ်"
"အဲဒီအချိန်ကျရင် ငါလည်းလုံး၀သေသွားရလိမ့်မယ်"
"ဒီတော့ မင်းအဆင်သင့်ဖြစ်ပြီလား"
ရှီရှန်းဝိဉာဉ်နှင့်ပေါင်းစပ်နေပြီး နာကျင်စွာ အော်ဟစ်နေသည့် စီနီယာအစ်ကိုရှောင်ဟိုင်ကို စိုက်ကြည့်လိုက်၏။ ထို့နောက် အစ်ကိုကြီးယဲ့ချိုးပိုင်နှင့် ကျန်သောသူများအား ကြည့်လိုက်ပြန်သည်။ သူအနည်းငယ် အံကြိတ်ကာ သူ့အမူအရာက လေးနက်သွားသည်။
"စီနီယာ၊ ကျွန်တော်အဆင်သင့်ဖြစ်ပြီ"
"အရမ်းကောင်းတယ်"
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အပြာရင့်ရောင်ကြယ်စွမ်းအားအော်ရာအမျှင်စများက ရှီရှန်းဒန်တျန်ကနေ ထွက်လာသည်။
ထို့နောက် အပြာရင့်ရောင်ကြယ်စွမ်းအားအမျှင်စများက ရှီရှန်းကိုယ်မျက်နှာပြင်ပေါ်၌ ပါးလွှားသည့်အလွှားပါးတစ်ခုကို စတင်ဖွဲ့စည်းသည်။ သူ့အရေပြားနှင့် လုံး၀ပေါင်းစပ်သွားသောအခါ ထူးခြားတာ ဘာတစ်ခုမှ မရှိတော့ပါ။
သို့စေကာမူ ယဲ့ချိုးပိုင်နှင့် ကျန်သောသုများ လေးနက်စွာ အကဲခတ်ကြည့်သောအခါ ရင့်ရောင်ကြယ်စွမ်းအားအမျှင်စများက ရှီရှန်းအရေပြားပေါ်၌ ရံဖန်ရံခါလင်း၀င်းနေတာကို တွေ့လိုက်ရသည်။
"ဂျူနီယာမောင်လေးရှီ၊ နင်ဘာလုပ်နေတာလဲ" ဟုန်ရင်မေးလိုက်သည်။
ရှီရှန်းပြန်ဖြေသည်။
"အပြင်ကကိစ္စတွေကို ကျွန်တော်ကိုင်တွယ်လိုက်မယ်၊ ဒီနေရာကိုတော့ အားလုံးအတွက် ချန်ထားခဲ့တော့မယ်"
ထိုသို့ဆိုပြီးနောက် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ မေးတာကိုပင်စောင့်မနေတော့ဘဲ ရှီရှန်း ချော်ရည်မြေမီးတောက်ဆီသို့ ၀င်သွားသည်။ ချော်ရည်မြေမီးတောက်၏ ရှုပ်ထွေးလှသည့် တိုက်စားမှုအောက်တွင် ရှီရှန်း၏ ကျောကို သေချာမမြင်ရတော့ပါ။
အချိန်ကအရမ်းနည်းလွန်းသဖြင့် ရှီရှန်းအချိန်အများကြီး မဖြုန်းတီးနိုင်ပေ။
"စီနီယာ၊ ဘယ်ဘက်ကိုသွားရမလဲ"
"မင်းရဲ့အရှေ့ဘက်"
ရှီရှန်း ကြယ်အစစ်အမှန်နတ်ဘုရား ညွှန်ပြနေသည့်လမ်းကြောင်းအတိုင်း လိုက်ကာ အလျင်အမြန်ပြေးသွားသည်။
မကြာမီ လျင်မြန်စွာလည်နေသည့် ကျောက်တိုင်တစ်ခု သူ့မြင်ကွင်း၌ ပေါ်လာခဲ့သည်။
ကျောက်တိုင်အောက်တွင် မြေကြီးက လုံး၀ပြိုကျပျက်စီးနေပြီဖြစ်ကာ ၀န်းကျင်၌ အပျက်အစီးများဟူ၍မရှိချေ။
ချော်ရည်နှင့်မြေမီးနောက်ပမာဏအများအပြားကို လည်နေသည့် ကျောက်တိုင်ကနေ ထုတ်လွှတ်နေခြင်းပင်။
ရှီရှန်းရောက်လာသောအခါ သူတစ်ယောက်တည်းမဟုတ်တာကို နားလည်သွား၏။
ကျောက်တိုင်အောက်တွင် အတားအဆီးများနှင့် ရစ်ပတ်ခံထားရသည့် လူသုံးယောက်ရှိသည်။
"ကံကောင်းချင်တော့ မင်းကဒီမှာနေခဲ့တာပဲ" ရှီရှန်းကိုမြင်သောအခါ စုန့်စီနှာခေါင်းရှုံ့သည်။
"မင်းမှာဒီချော်ရည်ကို ခုခံဖို့အတွက် နည်းလမ်းရှိမရှ်ဆိုတာ ငါမသိပေမယ့် ဘေးကင်းဖို့အတွက် ဒီမှာခဏလောက်နေသင့်တယ်"
ဒါကိုကြားသောအခါ ရှီရှန်း၏ အမူအရာက ကြည့်ရဆိုးသွားခဲ့သည်။
"ဒါက မင်းလုပ်ရပ်ပေါ့"
"သေချာတာပေါ့" ၀မ်ကျင်းကျောက်နှာခေါင်းရှုံ့သည်။
"ဘာလို့လဲ၊ မင်းငါတို့ကို တားဖို့အတွက် ဒီကိုရောက်လာတာလား"
စုချန်ကျယ်လောင်စွာရယ်မောသည်။
"မင်းကိုယ့်ကိုကိုယ်နည်းနည်း အထင်ကြီးလွန်းမနေဘူးလား"
ရှီရှန်းသူတို့နှင့် မငြင်းခုံနေပေ။ ကျန်နေသည့်အချိန်တွင် သူခွန်းလွန်အပျက်အစီး၏ ပျက်စီးမှုကို နှောင့်နှေးစေရန်အတွက် ကျောက်တိုင်ကို တတ်နိုင်သမျှ အမြန်ဆုံး ရပ်ပစ်ရပေမည်။
မဟုတ်ပါက ကြယ်အစစ်အမှန်နတ်ဘုရား လုံး၀ဖျက်ဆီးခံရမည်သာမက စီနီယာအစ်ကိုရှောင်ဟိုင်ကလည်း ကျရှုံးသွားပေလိမ့်မည်။
ဒါကိုတွေးမိသောအခါ ရှီရှန်းအင်ပါယာမင်ရွှမ်ပုဆိန်ကို ထုတ်ယူပြီး သူတို့သုံးယောက်ကို အေးစက်စွာကြည့်သည်။
"ဘေးဖယ်စမ်း"
သူပြောနေစဉ် ကြယ်စွမ်းအားက ပွင့်ထွက်လာခဲ့သည်။
ချော်ရည်နှင့် မြေမီးတောက်ထဲတွင်ပင် ၎င်းက ရှီရှန်းအနီးတွင် လည်ပတ်နေသည့် ကြယ်များကို မတားဆီးနိုင်။ တဖြည်းဖြည်းကြယ်တာယာကောင်းကင်လေးတစ်စင်း ဖြစ်လာသည်။
"ကြယ်စွမ်းအားလား၊ ဒါပေမယ့်ဘာဖြစ်လဲ" စုန့်စီလက်ဝှေ့ယမ်းကာ တည်ငြိမ်စွာပြောသည်။
"၀မ်ကျင်းကျောက်၊ စုချန်၊ သူ့ကိုကိုင်တွယ်လိုက်ကြ"
"ငါတို့နှစ်ယောက် တစ်ချိန်တည်းမှာ တိုက်ခိုက်ဖို့တော့ မလိုလောက်ဘူးမလား" ၀မ်းကျင်းကျောက်လက်ထဲတွင် တောင်ဝှေးရှည်တစ်ချောင်းပေါ်လာသည်။ တောင်ဝှေးကိုယ်ထည်က အဆက်မပြတ်တုန်ခါနေသည်။ ၎င်းတုန်ခါသည့်အကြိမ်တိုင်း ကြောက်မက်ဖွယ်ရာတုန်ခါအားက ပတ်၀န်းကျင်က လေဟာနယ်ကိုပင် တုန်ခါစေသည်။
စုချန်အေးစက်စွာ ရယ်မောလိုက်စဉ် သူ့လက်ဖဝါးပေါ်သို့ ဓားတစ်လက်ကျလာပြီး ဖမ်းကိုင်ကာ ဓားချီနှင့်အတူ ဝှေ့ယမ်းလိုက်၏။
သူတို့နှစ်ယောက်စလုံးက နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်စွမ်းအားရှင်များဖြစ်ကြသည်။
"မြန်မြန်ဖြေရှင်းလိုက်ကြ၊ ပြီးရင် ငါတို့ထွက်သွားကြရမယ်"
သူတို့အတားအဆီးတွင်လည်း အချိန်ကန့်သတ်ချက်ရှိသည်။
သူတို့နှစ်ယောက်စကားပြောနေစဉ် ရှီရှန်း၏ပုံရိပ်က ကြယ်များစွာနှင့်အတူ ၀မ်ကျင်းကျောက်ရှေ့သို့ ပြေးသွား၏။ ထို့နောက် သူအင်ပါယာမင်ရွှမ်ပုဆိန်ကို မြှောက်ပြီး ၀မ်ကျင်းကျောက်၏ခေါင်းကို ခုတ်ဖြတ်ပစ်သည်။
ပုဆိန်ကျဆင်းလာသည့်အခိုက်အတန့်တွင် ရှီရှန်းကို ၀န်းရံနေသည့် ကြယ်တစ်စင်းက ပုဆိန်ထဲတွင် ပေါင်းစည်းသွားသည်။
ပုဆိန်က ကြယ်ကြွေသည့်အလား ကျဆင်းလာသည်။
ဒါကိုမြင်သောအခါ ၀မ်းကျင်းကျောက် ထိတ်လန့်မသွားဘဲ တောင်ဝှေ့ကို လက်နှစ်ဖက်နှင့်ကိုင်ကာ တစ်ဖက်ကို ရှေ့မှာထားရင်း ကျန်တစ်ဖက်ကို နောက်တွင်ထားပြီး အေးစပ်သောအပြုံးဖြင့် ရှေ့က နက်ရှိုင်းလှသည့်ပုဆိန်ကို တိုက်ခိုက်သည်။
"ငါ့ကိုအရင်ကိုင်တွယ်ဖို့ ရွေးချယ်လိုက်တာလား၊ ဒါကမှားယွင်းတဲ့ရွေးချယ်မှုဆိုတာ မင်းသိရ....."
သူစကားမပြီးသေးခင်မှာပင် ပုဆိန်က တောင်ဝှေးနှင့် ထိတွေ့သောကာလ၌ ၀မ်ကျင်းကျောက်တစ်ခုခုမှားနေသလို ခံစားရသည်။
အလေးချိန်က အရမ်းကြီးမားလွန်းသည်။
တစ်ချိန်တည်းမှာပင် ကြယ်စွမ်းအားက သယ်ဆောင်လာသည့် ဖိနှိပ်ခြင်းကလည်း ၀မ်ကျင်းကျောက်ကိုယ်ထဲက ဝိဉာဉ်ချီကို ချောမွေ့စွာ မလည်ပတ်နိုင်ဖြစ်စေသည်။
ရှီရှန်းကလည်း သူတို့ကဲ့သို့ပင် နတ်အင်ပါယာနယ်ပယ် တစ်၀က်အဆင့်ကျွမ်းကျင်သူဖြစ်သည်။
သို့စေကာမူ ကြည့်ရသည်မှာ သူတို့သူ့ကို အမှန်တကယ် လျှော့တွက်မိသွားပုံပင်။
အပိုင်း(1129) coming။