#ထာ၀ရကြယ်လက်သည်း၊ ကြယ်ကြွေနတ်ပုဆိန်#
Vol. 80 Ch. 1129
သူကြယ်များကို တိုက်ခိုက်မှုထဲတွင် ပေါင်းစပ်ခဲ့သည်။
ရှီရှန်း ဒီတိုက်ခိုက်ရေးနည်းလမ်းကို အဆက်မပြတ်တိုက်ပွဲ၀င်ရင်း ချဲ့ထွင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် လုချန်ရှန်း၏ လမ်းညွှန်မှုအောက်တွင် သူကြီးမားသည့် အောင်မြင်မှုတစ်ခုဆီသို့ ချဉ်းကပ်လာနိုင်ခဲ့သည်။
"ကြယ်ကြွေ......."
ဒါက ရှီရှန်း ပုဆိန်ကိုပေးထားသည့် နာမညါဖြစ်သည်။
ဆိုလိုတာက ပုဆိန်ကျဆင်းလာသောအခါ ကြယ်တစ်စင်း ကြွေကျသည့်ပမာဖြစ်သည်။
ဒီတိုက်ခိုက်မှုကို မြင်သောအခါ ကြယ်အစစ်အမှန်နတ်ဘုရား၏ မျက်လုံးများက လင်း၀င်းသွားကြပြီး ရေရွတ်လိုက်သည်။
"တော်လိုက်တဲ့ကလေး...."
ဒီတိုက်ချက် ၀မ်ကျင်းကျောက်၏ တောင်ဝှေးရှည်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာသောအခါ တောင်ဝှေးက ချက်ချင်းဆိုသလို အဆုံးစွန်ထိ ကွေးသွားသည်။
၀မ်ကျင်းကျောက်၏မျက်လုံးများကလည်း ပြူးကျယ်သွားခဲ့သည်။ သူ့မျက်သူငယ်အိမ်များက ရုတ်တရက်ကျုံ့သွားပြီး ကိုယ်ခန္ဓာက အထိန်းအချုပ်မဲ့ကိုင်းသွားသည်။
ဒါကအရမ်းကို လေးလံလွန်းသည်။
၀မ်ကျင်းကျောက်တွင် ဒီတိုက်ခိုက်မှုကို ခုခံရန်အတွက် အခွင့်အရေးမရှိပါ။
ရှီရှန်းတစ်ဘက်လူကို တုံ့ပြန်နိုင်ရန် ဘာအခွင့်အလမ်းမှ ပေးရန်အတွက် ရည်ရွယ်ထားခြင်းမရှိချေ။ တစ်ဘက်လူကို အစကတည်းက အနိုင်ယူရန်အတွက် သူစွမ်းအားအပြည့်ကိုသာ သုံးခဲ့သည်။
ခရက်ခ်......!
ပြတ်သားထင်ရှားသည့်အသံတစ်သံ ထွက်လာခဲ့သည်။
၀မ်ကျင်းကျောက်၏တောင်ဝှေးက ချက်ချင်းပျက်စီးသွားပြီး တောင်ဝှေးကို ကိုင်ထားသည့် သူ့လက်ထဲက အရိုးများလည်း ကျိုးပဲ့သွားခဲ့သည်။
အော်သံတစ်ချက်နှင့်အတူ ၀မ်ကျင်းကျောက် နောက်ပြန်လဲကျသွား၏။
ရှီရှန်း လိုက်ဖမ်းခြင်းကိုသည်းခံရင်း လက်ထဲက အင်ပါယာမင်ရွှမ်ပုဆိန်ကို မြှောက်ကာ ၀မ်ကျင်းကျောက်၏ခေါင်းကို ထပ်မံခုတ်ဖြတ်ပစ်သည်။
ဒီပုဆိန်က ၀မ်ကျင်းကျောက်ခေါင်းထိပ်သို့ သိပ်သည်းစွာ ကျဆင်းလာသည်နှင့် သူဘတစ်ကိုယ်လုံးနှင့် ဝိဉာဉ်ပင်လျှင် အပေါ်ကနေ အောက်ထိ နှစ်ခြမ်းခွဲခံရပေလိမ့်မည်။
ဒီအတွက် သံသယမရှိပါ။
သို့စေကာမူ ဒီအခိုက်အတန့်၌ ရှီရှန်းတစ်ဦးချင်း တိုက်ခိုက်နေခြင်းမဟုတ်ပေ။ သူ့ဘေးက စုချန်ကလည်း သူ့နံရိုးများကို ဓားနှင့် ထိုးဖောက်ပစ်သည်။
ဒီဓားချက်က အတော်လေးပါးနပ်သည်။
ရှီရှန်းသာ ပုဆိန်ကိုအတင်းအောက်ချရန် ရွေးချယ်ပါက ၀မ်ကျင်းကျောက်တိုက်ရိုက်သေသွားသည့်တိုင် သူလည်းအပြင်းအထန် ဒဏ်ရာရသွားပေလိမ့်မည်။ သူဓားနှင့် ထိုးခံရနိုင်ချေပင် ရှိသည်။
သာမန်အခြေအနေများတွင် မည်သူမဆို ဒီသေစေလောက်သည့်တိုက်ချက်ကို လက်လျှော့ကာ အချိန်မီလွတ်မြောက်ရန်အတွက် ရွေးချယ်ကြပေလိမ့်မည်။
သို့သော် လက်ရှိအခြေအနေတွင် ရှီရှန်း တစ်ဘက်လူအရေအတွက်ကို လျှော့ချရန်အတွက် ဒီလောက်ကောင်းမွန်သည့် အခွင့်အလမ်းကို မဖြုန်းတီးနိုင်ပေ။
သူ့တွင်အမွေးတိုင်တစ်တိုင်စာမျှ အချိန်သာရှိသည်။
သူမိနစ်တိုင်း၊ စက္ကန့်တိုင်းကို ဖမ်းဆုပ်ထားရန် လိုအပ်သည်။
ရှီရှန်းလည်ချောင်းကနေ ကျယ်လောင်သည့်အသံတစ်သံ ထွက်လာပြီး လက်ထဲက အင်ပါယာမင်ရွှမ်ပုဆိန်က အောက်သို့ မဆိုင်းမတွဘဲ ခုတ်ဖြတ်ပစ်လေသည်။
"ကြယ်ကြွေ"
ဘန်း၊ ဘန်း၊ ဘန်း......!
လေလှိုင်းကြီးတစ်ခုက ချော်ရည်နှင့် မြေမီးတောက်ကို သယ်ဆောင်ကာ ၀မ်ကျင်းကျောက်ကို နှစ်ခြမ်းပိုင်းဖြတ်ပစ်သည်။
စုချန်၏ဓားကလည်း ရှီရှန်း၏နံရိုးများထဲသို့ တိုက်ရိုက်စိုက်၀င်သွား၏။
စုချန်၏အမူအရာက အေးစက်နေသည်။ သူဓားကို လက်နှစ်ဖက်နှင့်ကိုင်ပြီး ရှီရှန်းကိုယ်ထဲ ထိုးစိုက်ထားသည်။ သူ့မျက်နှာက ရှီရှန်းနှင့် အတော်လေးနီးစပ်နေပြီး အေးစက်စွာပြောသည်။
"၀မ်ကျင်းကျောက် သူ့ရန်သူကို လျှော့တွက်ပြီး သေဆုံးခဲ့ရပေမယ့် မင်းငါ့ဓားကို အရမ်းလျှော့တွက်လွန်းမနေဘူးလား"
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် စုချန်လက်ထဲက ဓားကနေ ထက်ရှသည့်ဓားဆန္ဒတစ်ခု ထိုးထွက်လာသည်။
သူဓားကိုလက်နှစ်ဖက်နှင့်ကိုင်ထားပြီး လက်ကောက်၀တ်ကို လှည့်ကာ ရှီရှန်းကိုယ်ကို ထိုးစိုက်ထားသည့်ဓားအား ဘေးဘက်သို့ ဆက်လက်ထိုးစိုက်ရင်း အပိုင်းပိုင်းဖြတ်တောက်ပစ်ချင်နေသည်။
သို့စေကာမူ နောက်အခိုက်အတန့်၌ စုချန်၏ အမူအရာက အေးခဲသွား၏။
ရှီရှန်းနံရိုးများကို ထိုးစိုက်ထားသည့်ဓားကို သူဘယ်လိုပင်ကြိုးစားပါစေ၊ မလှည့်နိုင်တာကို သဘောပေါက်သွားသည်။
ရှီရှန်းကိုယ်ထဲက အလွန်အမင်းအားကောင်းသည့် အတားအဆီးတစ်ခုက သူ့ဓားကို ဖိသိပ်ထားပြီး စုချန်၏လှုပ်ရှားမှုများကို ကန့်သတ်ထားသည့်အသွင်။
မှန်ပေသည်။ ရှီရှန်း စုချန်၏ဓား သူ့ကိုယ်ခန္ဓာအား ဖျက်ဆီးမည့်အရေးကနေ ကာကွယ်ရန်အတွက် ဖိနှိပ်ထားရန် ကြယ်စွမ်းအားပမာဏအများအပြားကို နံရိုးများအကြား အထူးထိုးသွင်းခဲ့သည်။
တစ်ချိန်တည်းမှာပင် ကြယ်တစ်လုံးက နံရိုးများကြားတွင် ပေါင်းစပ်သွား၏။
အင်မော်တယ်ခန္ဓာ!
စုချန်ကြက်သေသေသွားသည့် အခိုက်အတန့်တွင် ရှီရှန်းသူ့ကိုယ်ထဲက ပြင်းထန်သောနာကျင်မှုကြောင့် ရပ်မသွားပေ။
သူတခြားလက်တစ်ဘက်က စုချန်မျက်နှာကို ဖမ်းကိုင်လိုက်၏။
ဒီဖြစ်စဉ်အတွင်း ရှီရှန်းအနီး၌ မြောလွင့်နေသည့်ကြယ်က သူ့လက်ဖဝါးပေါ်၌ ထပ်မံပေါင်းစပ်သွားခဲ့သည်။
"ထာ၀ရကြယ်လက်သည်း"
ဖုန်း......!
သူ့လက်ဖဝါးက စုချန်ခေါင်းကို တင်းတင်းဖမ်းကိုင်မိသည်။
စုချန်၏ထိတ်လန့်နေသည့် အကြည့်အောက်တွင် ရှီရှန်း ရုတ်တရက် လက်သီးတင်းတင်းဆုပ်လိုက်သည်။
ဒီတဒင်္ဂမှာပင် စုချန်၏ခေါင်းက ဖရဲသီးတစ်လုံးပမာ ပေါက်ကွဲသွားပြီး ဝိဉာဉ်နှင့်ခေါင်းက ဖျက်ဆီးခံရသည်။
စုချန်၏ခေါင်းမဲ့အလောင်းက မြေပေါ်သို့ တိတ်တဆိတ်ကျသွားခဲ့သည်။
ဒီအချိန်မှာပင် အတားအဆီးကလည်း ပျောက်ကွယ်သွားခဲ့သည်။
ကျူးကျော်၀င်ရောက်လာသည့် ချော်ရည်များက စုချန်၏ခေါင်းမဲ့အလောင်းကို ဝါးမြိုပစ်ပြီး ပြာများအဖြစ် လောင်ကျွမ်းသွားစေသည်။ ပြာများပင်လျှင် မကျန်ရှိခဲ့ပါ။
စုန့်စီ ဒီမြင်ကွင်းကို ကြည့်ရဆိုးသည့် အမူအရာဖြင့် ကြည့်နေခဲ့သည်။
ရှီရှန်းက ၀မ်ကျင်းကျောက်နှင့်စုချန်ကို ချက်ချင်းသတ်ပစ်ခဲ့သည်။
အသက်ရှုကြိမ်ရေအနည်းငယ်မျှသာ ကုန်ဆုံးသေးသည်။
ဒါက လျှပ်စီးကဲ့သို့ မြန်ဆန်သည်ဟု ဆိုပါကလည်း ချဲ့ကားလွန်းရာမကျပါ။
သူတို့သုံးယောက်စလုံးကလည်း နတ်အင်ပါယာနယ်ပယ်အစောပိုင်းအဆင့်များ ဖြစ်ကြသည်။
သို့သော် ရှီရှန်းပြသခဲ့သည့်စွမ်းအားက ဒီနယ်ပယ်ကို လုံး၀ကျော်လွန်သွားလေပြီ။
၀မ်ကျင်းကျောက်နှင့်စုချန်တို့ ခွန်အားအပြည့်မသုံးခဲ့ဘူးဟု ပြောပါကရော!
၀မ်ကျင်းကျောက်က ခွန်အားအပြည့် မသုံးခဲ့နိုင်လောက်သော်လည်း ရှီရှန်း၏ တိုက်ခိုက်မှုအောက်တွင် သူ့၌ ခွန်အားအပြည့်သုံးရန် အခွင့်အလမ်းပင်မရှိခဲ့။
ဒါက ရှီရှန်း၏ တကယ့်တိုက်ခိုက်ရေးစွမ်းရည်က သူတို့နှစ်ယောက်ထက် အများကြီး သာလွန်နေတာကို သက်သေပြနေသည်။
ရှီရှန်း နံရိုးများထဲသို့ ထိုးစိုက်နေသည့်ဓားကို လေးနက်သည့်အမူအရာဖြင့် ဆွဲထုတ်လိုက်၏။
စုန့်စီ မည်းမှောင်စွာပြောသည်။
"မင်းခွန်အားက ဒီအဆင့်ထိ ရောက်နေလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး"
"၀မ်ကျင်းကျောက်နဲ့စုချန်ကို မင်းကို တစ်ချိန်တည်းမှာ ကိုင်တွယ်ခိုင်းတာက မင်းကိုအများကြီး မျက်နှာသာပေးနေပြီလို့ ငါအစကထင်ခဲ့တာ၊ အခုကြည့်ရတာ ငါရန်သူကို လျှော့တွက်မိသွားပုံပဲ"
ရှီရှန်း စုန့်စီကိုအေးစက်စွာကြည့်ရင်း နက်ရှိုင်းသောအသံဖြင့်ဆိုသည်။
"ငါ့မှာမင်းနဲ့ဖြုန်းတီးဖို့ အချိန်မရှိဘူး၊ ကျောက်တိုင်ကို မြန်မြန်ရပ်လိုက်"
ဒါကိုကြားသော် စုန့်စီနှာခေါင်းရှုံ့သည်။
"ကြည့်ရတာ အဲဒီအမှိုက်နှစ်ကောင်ကို သတ်တာက မင်းယုံကြည်မှုကို အများကြီး တိုးမြှင့်ပေးလိုက်ပုံပဲ၊ ဒါပေမယ့်ငါက သူတို့နဲ့မတူဘူး....."
ရှီရှန်းအနည်းငယ်မျက်မှောင်ကြုတ်သည်။
စုန့်စီကိုယ်ထဲက ထွက်လာသည့် အော်ရာကို ကြည့်လိုက်စဉ် သူတကယ်မြင်နိုင်စွမ်းမရှိချေ။
စုန့်စီလက်အစုံကို ဖြန့်လိုက်စဉ် နိဗ္ဗာန်သုတ်သင်ခြင်းအော်ရာက သူ့တစ်ကိုယ်လုံးကနေ ပျံ့လာသည်။ သူ့ပါးစပ်ထောင့်စွန်းက အနည်းငယ်ကွေးညွတ်သွားပြီး မိစ္ဆာဆန်သည့်အပြုံးကို ဖော်ပြသည်။
"အစကတော့ ငါဒါကို နည်းနည်းပိုကြာကြာဖုံးကွယ်ထားပြီး ဘိုးဘေးအင်ပါယာအပိုင်းမှာပဲ သုံးချင်ခဲ့တာ၊ ဒါပေမယ့် ဒါလည်း မဆိုးပါဘူးလေ၊ ဘာပဲဆိုဆို မင်းဒီသတင်းကို ပြန်ယူသွားနိုင်မှာမှ မဟုတ်တော့တာ"
နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်!
သို့စေကာမူ ဒီအော်ရာက သာမန်နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်များနှင့် မတူပေ။
စုန့်စီ၏နယ်ပယ်က သူ့တကယ်တိုက်ခိုက်ရေးစွမ်းရည်နှင့် လုံး၀ကွဲပြားသည့်အဆင့်တစ်ခုတွင် ရှိနေသည်ဟုသာ ဆိုနိုင်သည်။
သူကလည်း နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်သည့် ကျွမ်းကျင်သူတစ်ဦးပင်။
သို့သော် ရှီရှန်းထိတ်လန့်သွားပုံမပေါ်။ မည်သို့ပင်ဆိုစေကာမူ စီနီယာအစ်ကိုနင်းနှင့် ကျန်သောသူများက စုန့်စီက သူ့စွမ်းအားကို ဖုံးကွယ်ရန်အတွက် ဖြုန်းတီးတတ်သည့်သားတစ်ဦးပမာ ဟန်ဆောင်နေသည်ဟု ခန့်မှန်းထားပြီးသားဖြစ်သည်။
ဧကရာဇ်တစ်ရာမြို့တွင်လည်း ကျန်းချင်းလန်က စုန့်စီ၏ပါရမီတစ်ပိုင်းတစ်စကို မြင်ခဲ့သည်။
ရှီရှန်းလက်ထဲက အင်ပါယာမင်ရွှမ်ပုဆိန်က ပျောက်ကွယ်သွားပြီး အလွန်အမင်းရိုးရှင်းကာသာမန်ဆန်ပုံရသည့် ပုဆိန်တစ်လက်က အစားထိုးသွားခဲ့သည်။
သို့သော် ပုဆိန်က စုန့်စီအမြင်နယ်ပယ်အတွင်း ပေါ်လာသောအခါ သူနက်ရှိုင်းစွာ မျက်မှောင်ကြုတ်မိသည်။
ဒီပုဆိန်၏အနက်ကို သူမမြင်နိုင်ပါ။
အကြည့်တစ်ချက်တည်းနှင့် ဒါက ခေးအောစ့်နှင့်တူသည်။
ကြယ်အစစ်အမှန်နတ်ဘုရား၏ အမူအရာကလည်း အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။
ဘာလို့ဒီကလေးမှာ ဒီအဆင့်လက်နက်တစ်ခုရှိနေရတာလဲ!
ရှီရှန်းပုဆိန်ကိုကိုင်ပြီး စုန့်စီကို ကြည့်သည်။
"ဒါက ဒီပုဆိန်ကို ငါပထမဆုံးအကြိမ်သုံးတာပဲ၊ ငါ့ခွန်အားအားလုံးကို ငါမသုံးနိုင်သေးပေမယ့် မင်းအပေါ်စမ်းကြည့်တာပေါ့"
ကြယ်ကြွေနတ်ပုဆိန်!
ဒါက ရှီရှန်းအတွက် လုချန်ရှန်း၏ လက်ဆောင်ပေတည်း။
ယခုသူက နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကို ရောက်နေပြီဖြစ်လေရာ ကြယ်ကြွေနတ်ပုဆိန်က နောက်ဆုံးတော့ ၎င်း၏အစွန်းတစ်ဖက်ကို ပြသလာခဲ့လေပြီ။
အပိုင်း(1130) coming။