← Chapters

အေးစက်သောနဂါးကဲ့သို့ ဓားသွား။ ထောင်နှင့်ချီသော စစ်သည်များ ဆုတ်ခွာခြင်း။

Vol. 7 Ch. 91

အေးစက်သောနဂါးကဲ့သို့ ဓားသွား။ ထောင်နှင့်ချီသော စစ်သည်များ ဆုတ်ခွာခြင်း။

Vol. 7 Ch. 91

ဖိနှိပ်သည့် တွန်းအားကို ခံစားလိုက်ရပြီး စူးချန်ခုန်း၏ နှလုံးသားသည် အတွင်း၌ မီးတောက်လောင်နေသကဲ့သို့ အကြမ်းပတမ်း ခုန်နေ၏။ ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်နှင့် ရင်ဆိုင်ရသောအခါ အလိုအလျောက် တုံ့ပြန်မှုတစ်ခုအဖြစ် စူးချန်ခုန်း၏ နှလုံးသားသည် ပြင်းထန်စွာနှင့် တဒိန်းဒိန်းခုန်လာသည်။

ဝှစ်!

စူးချန်ခုန်း၏ စွမ်းအင်စီးကြောင်းအတွင်းတွင် လိပ်အသက်ရှူခြင်း စစ်မှန်သော ချီစွမ်းအား လှိုင်းလုံးများ လိမ့်တက်လာသံနှင့်အတူ သွေးကြောတစ်ခုစီက တဒုတ်ဒုတ်နှင့် ဧရာမ ချီစွမ်းအားများကို ထုတ်လွှင့်ပေးနေသည်။

စူးချန်ခုန်း၏ ရုပ်ခန္ဓာသည် ခန္ဓာကိုယ် သန့်စင်မှုတွင် ကြီးမြတ်သော အောင်မြင်မှုသို့ ရောက်ရှိခဲ့ရုံသာမက သူ၏ လိပ်အသက်ရှူနည်းသည်လည်း ဆယ်စုနှစ်များစွာ ပြင်းထန်စွာ လေ့ကျင့်ပြီးနောက် သာမန်လူတို့ ရုန်းကန်ရမည့် အဆင့်တွင် ရှိနေခဲ့သည်။ သူ၏ ချီစွမ်းအားက သန်မာနေလေပြီ။

ဝူချင်းရှီ။ ကျားအစာရှာခြင်း။

စူးချန်ခုန်း၏ ချီစွမ်းအားသည် သူ့အသားနှင့် ပေါင်းစပ်လိုက်သည်။ သူ၏ အရှိန်နှင့် ခွန်အားများ တဟုန်ထိုး တိုးလာကာ ပြင်းထန်သော ကျားတစ်ကောင်နှယ် လှုပ်ရှားသွားစေသည်။ ရှစ်ကျစ်ကျန်း၏ ဝင်တိုးလာသော ပြင်းထန်သည့် လက်သီးနှင့် ထိမိသောအခါတွင် သတ္တုချွန်းအကျိုးအပဲ့များရှိသော သူ၏ညာဘက်လက်သီးသည် လေထဲတွင် လွင့်ပျံသွားလေ၏။

“ချွမ်း”

သတ္တုနှင့် အသားတို့ တိုက်မိသော်လည်း ကျယ်လောင်သည့် အသံစူးစူးများ ထွက်ပေါ်လာသည်။ ရှစ်ကျစ်ကျန်း၏ အရေပြားသည် သတ္တုရောင်ဖြင့် ဖျတ်ခနဲ တောက်ပသွားပြီး သူ့အသားသည် သတ္တုအဖြစ်သို့ ပြောင်းလဲသွားကာ တိုက်ပွဲဝင်သံချပ်ကာ စူးချန်ခုန်းထက် မနိမ့်ကျလှပေ။

"ဝုန်း!"

စူးချန်ခုန်းသည် ရှစ်ကျစ်ကျန်း၏ လက်သီးထဲမှ လွှမ်းမိုးနေသော စွမ်းအားကို ခံစားလိုက်ရသည်။ ဤတစ်ကြိမ်တွင် သူ၏ ချီစွမ်းအင်ကို အာရုံစူးစိုက်နေစဉ်တွင်ပင် စူးချန်ခုန်းသည် ကြီးမားသောဖိအားကို ခံစားလိုက်ရ၏။ နောက်ပြန်တွန်းမခံရစေရန် တောင့်ခံရင်း သူ့ခြေထောက်များသည် မြေပြင်ပေါ်သို့ နစ်မြုပ်သွားခဲ့သည်။

ရှစ်ကျစ်ကျန်း၏ ကြံ့ခိုင်သော ကိုယ်ထည်သည် အနည်းငယ် ယိမ်းယိုင်သွားခဲ့သည်။

"ဒီသဲသားရဲက...သန်မာတာပဲ။ ပိုင်ထျန်းဟောက်ထက်တောင် အားကောင်းသေးတယ်။" ရှစ်ကျစ်ကျန်း အနည်းငယ် အံ့သြသွား၏။ သူသည် သူ၏ တကယ့်လက်စွမ်းကို ထိုလက်သီးချက်ထဲသို့ ထည့်သွင်းထားသော်လည်း တစ်ဖက်လူသည် နောက်မဆုတ်ဘဲ မြေပြင်ပေါ် မတ်တတ်ရပ်နိုင်သည်မှာ ခန္ဓာကိုယ် သန့်စင်ရေးနယ်ပယ်တွင် ရှားပါးလှသည်။

“ရှစ်ကျစ်ကျန်းက မာကျောခြင်းကျင့်စဉ်ကို လေ့ကျင့်ပြီး သံထည်သိုင်းပညာသင်ကျောင်းရဲ့ ဆရာသခင်ထက် တော်တော်လေး ပြင်းထန်တဲ့ အဆင့်ကို ရောက်သွားလောက်ပြီ။ ငါသူနဲ့ တိုက်ရိုက်တိုက်လို့ မဖြစ်ဘူး။" စူးချန်ခုန်းသည် သူ့နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချားစွာဖြင့် သဘောပေါက်သွားသည်။ သံထည်သိုင်းပညာသင်ကျောင်းသည် ချင်းရွှေမြို့တွင် အကြီးဆုံးကျောင်းဖြစ်ပြီး မာကျောခြင်းကျင့်စဉ်တွင် အထူးပြုထားသော်လည်း သူ့ရှေ့က ရှစ်ကျစ်ကျန်းနှင့် ယှဉ်နိုင်သူမရှိပေ။

စစ်တပ်သတ်ဖြတ်လက်သီး။ တပ်သား ထောင်ချီ သတ်ဖြတ်ခြင်း။

တိုက်ခိုက်မှုတစ်ခုပြီးနောက် ရှစ်ကျစ်ကျန်း၏ ပါးပြင်များသည် အနီရောင်တောက်နေပြီး ၎င်းက သူ၏ ချီစွမ်းအင်နှင့် သွေးများ တဟုန်ထိုးလိမ့်တက်လာသည့် လက္ခဏာဖြစ်သည်။ သူနှစ်သက်သော လက်ဝှေ့ထိုးနည်းကို ပြင်းထန်စွာ အသုံးချပြီး လက်သီးနှင့် လက်ဖဝါးတို့ကို အပြန်ပြန်အလှန်လှန် ပြောင်းကာ စူးချန်ခုန်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လေတော့သည်။

ရှစ်ကျစ်ကျန်းသည် သူ၏ လေးနက်သော မာကျောခြင်းစွမ်းရည်ကို အားကိုး၍ စူးချန်ခုန်း၏ ပြင်းထန်သော တိုက်ပွဲသံချပ်ကာကို ဂရုစိုက်မနေတော့ပေ။

စူးချန်ခုန်းသည် မပေါ့ဆဝံ့ဘဲ သူ၏ လေးနက်သော ကျွမ်းကျင်အဆင့်ရှိသည့် ဝူချင်းရှီကို ပြသခဲ့သည်။

သူသည် ငှက်များနှင့် မျောက်ဝံများကဲ့သို့ သွက်သွက်လက်လက် ရွေ့လျားကာ ပုံရိပ်များက ရိပ်ကနဲ ရိပ်ကနဲနှင့်။ တောဝက်ဝံ သို့မဟုတ် ကျားကဲ့သို့ ပြင်းထန်သော ရိုက်ချက်များဖြင့် ရှစ်ကျစ်ကျန်းနှင့် အပြင်းအထန် နပန်းလုံးလေတော့သည်။

"ဘုန်း ဒုန်း ဝုန်း!"

ခဏလေးအတွင်း တစ်ဒါဇင်ကျော် လှုပ်ရှားမှုများ အပြန်အလှန်ဖလှယ်ကြသဖြင့် သတ္တုသံများ၊ ခိုက်ရန်ဖြစ်သံများ အဆက်မပြတ် ထွက်ပေါ်လာ၏။

တိုက်မိမှုတစ်ခုစီသည် သားရဲတိရစ္ဆာန်နှစ်ကောင် အချင်းချင်း တိုက်မိသွားသလို ခံစားလိုက်ရပြီး ပြင်းထန်သော အုတ်ခဲများနှင့် ကျောက်တုံးများကို အက်ကွဲကာ ပျံထွက်သွားစေသည်။

“ဒါက တကယ်ပဲ အသွေးအသားနဲ့ ခန္ဓာကိုယ် လည်ပတ်နိုင်တဲ့ အတိုင်းအတာလား”

"ရက်စက်ကြမ်းကြုတ်တဲ့ လူ့သားရဲနှစ်ကောင်ကို ကြည့်နေရတာနဲ့တူတယ်... သံသားရဲက ဂိုဏ်းခေါင်းဆောင်ကို တကယ်ပဲ သူ့ဘာသာသူ ထိန်းနိုင်တယ်ဟ။"

အနက်ရောင်မြင်းတပ်ဂိုဏ်း၏ သိုင်းသမားများ အားလုံး၏ မျက်လုံးများရှေ့မှ မြင်ကွင်းကြောင့် အကြီးအကျယ် ထိတ်လန့်သွားပြီး သူတို့၏ နှလုံးသားများသည် ကြောက်ရွံ့ထိတ်လန့်ကာ တုန်လှုပ်နေကြတော့သည်။

အသွေးအသားနှင့် ခန္ဓာကိုယ်ကိုမှ ထုတ်လွှတ်နိုင်သည့် ဧရာမ စွမ်းအားကို အံ့အားသင့်နေရင်း ရှစ်ကျစ်ကျန်းနှင့် လက်ရည်တူနေသော သံသားရဲကိုလည်း ထပ်တူ အံ့သြသင့်နေကြသည်။ လူတိုင်းက အသက်အောင့်ထားပြီး ချင်းရွှေမြို့၏ သိုင်းလောကရှိ ဤအထွတ်အထိပ်တိုက်ပွဲကို သူတို့၏မျက်လုံးများက မခွါတမ်း စိုက်ကြည့်နေကြသည်။

"သေစမ်း တော်တော်မာတဲ့ အခွံ"

ရှစ်ကျစ်ကျန်း စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ လေးလံသော ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသည့် ကိုယ်ခံပညာရှင်အများစုအတွက် သူတို့သည် သူ၏မျက်လုံးထဲတွင် အလွန်ကွဲကြေလွယ်ပြီး လက်သီးတစ်ချက်တစ်ချက်က သံချပ်ကာကို ထိုးဖောက်နိုင်ကာ အထဲမှ သိုင်းပညာရှင်ကို ချေမှုန်းပစ်နိုင်သည်။

သို့သော် စူးချန်ခုန်း၏ ချပ်ဝတ်တန်ဆာသည် အလွှာသုံးလွှာပါရှိပြီး ထူးထူးကဲကဲ ထူထဲလှသည်။ ရှစ်ကျစ်ကျန်း၏ လေးလံသော လက်သီးချက်များကြောင့် ချိုင့်ရာ ခွက်ရာများ ကျန်ရစ်ခဲ့သော်လည်း သေစေနိုင်လောက်သည့်အထိ ဖြစ်ရန် ခဲယဉ်းလှသည်။

ထို့အပြင် ချပ်ဝတ်တန်ဆာပေါ်ရှိ သတ္တုဆူးများက အမှန်တကယ်ပင် အသုံးဝင်သည်။ အနီးကပ်တိုက်ပွဲတွင် သူတို့သည် ရှစ်ကျစ်ကျန်း၏လက်များ၊ ဝမ်းဗိုက်နှင့် ရင်ဘတ်တို့တွင် သွေးရာများ ကျန်ရစ်ခဲ့စေသည်။ ၎င်းတို့က နက်နဲခြင်းမရှိသော်လည်း ထိရောက်မှုရှိသည်။

စူးချန်ခုန်းအတွက်တော့ သူ့မျက်လုံးတွေက ပိုပိုပြီး လေးနက်လာကာ အေးစက်လာသည်။ "ငါ့ရဲ့ လက်ရှိခွန်အားနဲ့ ဓားမဆွဲဘဲ ရှစ်ကျစ်ကျန်းကို မသတ်နိုင်ဘူး..."

ရက်တစ်ရာကြာ ပြုစုပျိုးထောင်ခဲ့သော စူးချန်ခုန်း၏ အဖိုးတန်သော သံဖြတ်ဓားသည် သူ၏ ဝှက်ဖဲဖြစ်သော်လည်း ပေါ့ပေါ့တန်တန် အသုံးမပြုသင့်ပေ။

ပထမတစ်ချက်က သူဓားဆွဲကာ ဓားချီစွမ်းအင်ကို လွှတ်ထုတ်လိုက်သည်နှင့် ဓားကို အသစ်တစ်ဖန် ပြုစုပျိုးထောင်ရမည်ဖြစ်သည်။ ဒုတိယတစ်ချက်က နှစ်ကြိမ်၊ သုံးကြိမ်သာ ခုတ်ရုံနှင့် စူးချန်ခုန်းသည် သူ၏ ခွန်အားကို ကုန်ဆုံးသွားမည်ဖြစ်သည်။ သူ့ဓားကို ဆွဲထုတ်ပြီး ရန်သူကို မသတ်နိုင်ရင် သူဒုက္ခဖြစ်လိမ့်မည်။

သို့ပေမယ့် အခုအချိန်မှာတော့ အနက်ရောင်မြင်းတပ်ဂိုဏ်းရဲ့ သိုင်းပညာရှင်တွေ ဝိုင်းခံနေရသော စူးချန်ခုန်းက ရှစ်ကျစ်ကျန်းကို ရှင်းရှင်းလင်းလင်း မသတ်နိုင်ခဲ့ရင် ဒဏ်ရာမရဘဲ ထွက်ပြေးနိုင်ဖို့က ခက်ခဲမှာဖြစ်တဲ့အတွက် သူ့ရဲ့လေ့ကျင့်မှုသုံးလအတွင်း သူတစ်ခါမှ မသုံးရသေးတဲ့ ဒီလျှို့ဝှက်နည်းပညာကို အသုံးပြုဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ပါ။

တစ်ဖက်တွင်ချန်ကျွမ်းသည် ရှစ်ကျစ်ကျန်းက သံချပ်ကာ စူးချန်ခုန်းနှင့် လက်ချင်းဆက် တိုက်ခိုက်ရာတွင် အားနည်းချက်ရှိကြောင်း သတိပြုမိပြီး အော်ပြောလိုက်သည်။ "အစ်ကိုကြီး! ဖမ်းလိုက်!"

ချန်ကျွမ်းသည် သူ၏ မျက်နှာပြားလောက်ရှိသော သံတူကြီးကို ရှစ်ကျစ်ကျန်းထံ ပစ်ပေးလိုက်၏။

ရှစ်ကျစ်ကျန်းသည် ကျင်းတစ်ရာအလေးချိန်ရှိသော သံတူကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

(တစ်ကျင်း = ၀.၅ကီလိုဂရမ်၊ ကျင်းတစ်ရာ = ၅၀ ကီလိုဂရမ်)

နတ်ဘုရားရဲစွမ်းသတ္တိနယ်ပယ်ရှိ သိုင်းပညာရှင်တို့သည် လက်တစ်ဖက်တည်းနှင့် ကျင်းတစ်ထောင်ရှိသော နတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်ပြီး အတားအဆီးအားလုံးကို သုတ်သင်ရှင်းလင်းရန်အတွက် ကျင်းတစ်ရာ အလေးချိန်ရှိသော လက်နက်ကို လွဲရမ်းနိုင်သည်။ ဤကဲ့သို့သော လက်နက်ကြီးများသည် အားစိုက်ထုတ်မှုများစွာ လိုအပ်သောကြောင့် လူအနည်းငယ်သာ အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။

သို့သော် ရှစ်ကျစ်ကျန်း၏လက်တွင် ကျင်းတစ်ရာသံတူသည် အလေးချိန်မရှိသည့်နှယ်။

တူကိုကိုင်ပြီးနောက် ရှစ်ကျစ်ကျန်းက ထေ့ငေါ့လိုက်သည်။ "မင်းရဲ့အခွံကို ရိုက်ချိုးပစ်တော့မှာ စောင့်ကြည့်နေလိုက်။"

“ရား”

ရှစ်ကျစ်ကျန်းသည် သူ၏လည်ချောင်းမှ အော်သံ အကျယ်ကြီးကို ထုတ်လွှတ်လိုက်ရာ အနီးနားရှိ အနက်ရောင်မြင်းတပ်ဂိုဏ်းမှ သိုင်းပညာရှင်တို့အား ခေါင်းကို လှုပ်ယမ်းကာ အီစလံဝေသွားစေသည်။

"ဘုန်း!"

တူပေါ်တွင် လက်နှစ်ဘက်ဖြင့် ရှစ်ကျစ်ကျန်းသည် သူ၏ စွမ်းအင်ကို အဆုံးထိ ထုတ်သုံးလိုက်သည်။ သူ၏ လက်မောင်းများသည် သာမန်လူတစ်ယောက်၏ ခါးကဲ့သို့ ထူထဲလာကာ ယခုအခါ သူ့လက်မောင်းများသည် တီကောင်များကဲ့သို့ တွန့်လိမ်နေလေ၏။ သူက စူးချန်ခုန်း၏ ခေါင်းဆီသို့ သံတူအား ရဲရဲဝံ့ဝံ့ လွှဲချလိုက်လေတော့သည်။

All Chapters