← Chapters

ဝမ်ရုန်းအုပ်စု

Vol. 3 Ch. 218

ဝမ်ရုန်းအုပ်စု

Vol. 3 Ch. 218

အရှေ့တောင်တန်း၏ အတွင်းပိုင်း ဒေသမှာ ‌မြက်ခင်း နုနုများနှင့် ကျောက်ဆောင် အနည်းငယ် ရှိသည့် ကျယ်ပြန့်သော ချိုင့်ဝှမ်းဒေသ တစ်ခုဖြစ်သည်။ ဒေသခံများက ထိုနေရာကို အရှေ့တောင်တန်း ချိုင့်ဝှမ်း‌ဟု ခေါ်ဆိုကြပြီး အရှေ့တောင်တန်း ဒေသ၏ အလှပဆုံး ရှု့ခင်းများ တည်ရှိသည့် နေရာဟု ယူဆ ထားကြသည်။

"ရှောင်ဖန် ... ဘာကြောင့် အရှေ့တောင်တန်း ချိုင့်ဝှမ်း အကြောင်း မေးတာလဲ..."

ချန်းဟိုင်ရွှမ်းက မျက်မှောင် ကြုတ်ရင်း ချန်းဖန်ကို မေးလိုက်သည်။

"အဘိုး ... အရှေ့တောင်တန်း ချိုင့်ဝှမ်းနဲ့ ပတ်သက်ပြီး တစ်ခုခု မှားတာ ရှိနေတာလား..."

ချန်းဖန်က မေးလိုက်သည်။

"အင်း ... အဲဒါက ဘယ်သူမှ မထိရဲတဲ့ ပြဿနာတစ်ခုပဲ..."

ချန်းဟိုင်ရွှမ်းမှာ သက်ပြင်း တစ်ချက် ချရင်း သူ့မြေးငယ်ကို အပြည့်အစုံ ရှင်းပြလိုက်သည်။ အရှေ့တောင်တန်း ချို့ဝှမ်းမှာ အိမ်ယာ စီမံကိန်းကြောင့် စီးပွားရေး သမားများ ကြားတွင် ထင်ရှားသော ဒေသတစ်ခု ဖြစ်သည်။ ထိုနေရာရှိ ရှု့ခင်းများမှာ အပန်းဖြေနေရာ တစ်ခု ဆောက်လုပ်ရန် ပြည့်စုံသော နေရာတစ်ခု ဖြစ်သည်။

ထို့ကြောင့် မြို့တော်ဝန်မှာ ထိုနေရာသို့ မျက်စိ ကျလာခဲ့ပြီး ထိုနေရာရှိ မြေပိုင်ရှင်များကို ရောင်းချရန်အတွက် ဖိအား ပေးလာခဲ့သည်။

"နောက်ဆုံးမှာ ဝမ်ရုန်အုပ်စုက အဲဒီမြေတွေကို ယွမ်ငွေသုံးဘီလျံနဲ့ ဝယ်သွားခဲ့တယ်လေ။ မကြာခင်မှာ သူတို့က နောက်ထပ် ဘီလျံအနည်းငယ် ရင်းနှီး မြှပ်နှံပြီး အပန်းဖြေနေရာ တစ်ခုဖွင့်မယ် ကြားတယ်..."

ချန်းဟိုင်ရွှမ်းကာ သက်ပြင်းတစ်ချက် ချရင်း ဆက်ပြောလိုက်သည်။

"အဲဒီ မြေနေရာကို ဆယ်နိုင်ဖို့အတွက် ဝမ်ရုန်အြပ်စုက အခြား အင်အားကြီး အုပ်စု တော်တော်များများနဲ့ အတိုက်အခံ ဖြစ်ခဲ့ရတယ်လေ။ လူတချို့တောင် လုပ်ကြံ ခံခဲ့ရတယ် ကြားတယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ပြဿနာ အားလုံးကို ဝမ်ရုန်အုပ်စုက ဖြေရှင်း နိုင်ခဲ့တယ်”

"ဝမ်ရုန်အုပ်စုက ကျန်းပေ့နယ်က ရှန်းရုန်ဟွာပိုင်တာ မလား..."

ချန်းဖန်၏ မျက်လုံးများက ကျဉ်းမြောင်း သွားပြီး မပီမပြင် ပြုံးလိုက်သည်။ ရှန်းရုန်ဟွာမှာ သူ့ပြိုင်ဘက် ရှန်းကျန်ဝမ်၏ ဖခင်ဖြစ်သည်။

"ရှန်းမိသားစုက လွန်ခဲ့တဲ့ နှစ်ငါးရာက ငါ့ရဲ့ရန်သူတွေ ... အဲဒီ အချိန်တုန်းက သူတို့‌ကို ကြောက်ရွံ့ အားကျဖို့ လောက်ပဲ ငါတတ်နိုင်ခဲ့တာ။ အဲဒီတုန်းကဆို ငါက သူတို့အတွက် ပုရွက်ဆိတ် တစ်ကောင်လိုပဲ မလား..."

ချန်းဖန် စိတ်ထဲမှ တွေးလိုက်မိသည်။

"ရှောင်ဖန် ... ရှန်းရုန်ဟွာကို အထင်မသေးမိဖို့ ငါမျှော်လင့်တယ်။ သူ့အာဏာက ကျန်းပေ့ နယ်ထဲက အခြား လုပ်ငန်းရှင်တွေ၊ အရာရှိတွေကိုတောင် လွှမ်းမိုးနိုင်စွမ်း ရှိတယ်။ အစိုးရ ပိုင်းမှာတောင် သူက အတော်လေး ပေါက်ပေါက်ရောက်ရောက် ရှိတယ်နော်..."

ချန်းဟိုင်ရွှမ်းက စိုးရိမ်စွာ ပြောလိုက်သည်။

"နောက်ပြီးတော့ သူက အရှေ့တောင်တန်း ဒေသကို တန်ကြေး ကြီးကြီး ပေးပြီးမှ ရခဲ့တာ ဆိုတော့ အဲဒီနေရာကို သူတော်တော် တန်ဖိုး ထားလိမ့်မယ်..."

"ပိုက်ဆံက အရေး မကြီးပါဘူး..."

ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။

"အဘိုး ကျွန်တော်က ယွင်ဝူ ကောင်းကင် ရေစင် လုပ်ငန်းစုရဲ့ ပိုင်ရှင်ဆိုတာ မမေ့နဲ့ဦး။ ကျွန်တော့ရဲ့ ပိုင်ဆိုင်မှုက ယွမ်ငွေဘီလျံ ငါးဆယ်အထက်မှာ ရှိတယ်..."

ထိုငွေများ အပြင် ချန်းဖန်တွင် လုမိသားစုနှင့် ဆေးနတ်ဘုရား တောင်ကြား ကဲ့သို့သော အင်အားကြီး အဖွဲ့များလည်း နောက်ခံ ရှိနေသေးသည်။ လုမိသားစုမှာ တရုတ်နိုင်ငံ တောင်ပိုင်း ဒေသ၏ အမှတ်လက္ခဏာ တစ်ခုဟုပင် ထင်ရှားပြီး သူတို့လွှမ်းမိုးမှုမှာ ဟောင်ကောင်မှ ကျန်းမိသားစုနှင့် သိပ်မကွာပေ။ ဆေးနတ်ဘုရား တောင်ကြားမှာလည်း ကမ္ဘာတစ်ခုလုံးထိပင် ကျော်ကြားပြီး သူတို့နှင့် ယှဉ်ပါက လုမိသားစုပင် မှေးမှိန်ရသည်။ သူတို့၏ ဩဇာ အာဏာမှာ အင်အားကြီး မိသားစုပေါင်း များစွာကို လွှမ်းမိုးထားပြီး ဝင်ငွေ သက်သက်ပင်လျှင် တစ်နှစ်ကို ဘီလျံရာနှင့် ချီကာ ရှိသည်။

"အာ ... ဟုတ်သားပဲ။ အဘိုးက အသက် ကြီးလာပြီဆိုတော့ တကယ်ပဲ မေ့တတ်လာတယ်”

ချန်းဟိုင်ရွှမ်းက ရယ်မောရင်း ပြောဆိုလိုက်သည်။

"ယွင်ဝူနတ်ရေစင်ရဲ့ လွှမ်းမိုးမှုကတော့ တကယ့်ကို အံ့မခန်းပါပဲ။ ကျန်းနန်ပြည်နယ်မှာ ရှိတဲ့ သူဌေးကြီးတွေတောင် တစ်ပုလင်းကို ဝယ်နိုင်ဖို့ အလုအယက် တန်းစီနေရတာ။ ငါ့သူငယ်ချင်း အဘိုးကြီးတွေတောင် အဲဒီ ရေစင်ဝယ်ဖို့ အတွက် ငါ့ကိုလာပြီး အပူ ကပ်နေကြတယ်လေ။ အမြတ်တင် တစ်နှစ်ကို ထရီလီယံနဲ့ ချီပြီး ကျန်လောက်တယ် ဟုတ်တယ်မလား..."

ချန်းဟိုင်ရွှမ်းက တက်ကြွစွာ ပြောဆိုလိုက်သည်။ ချန်းဖန်၏ လက်ရှိ အနေအထား နှင့်ဆိုလျှင် ရှန်းမိသားစုကို အလွယ်တကူပင် ရင်ဆိုင် နိုင်ပေလိမ့်မည်။

"ငါ့မြေးက သိုင်းပညာရှင် တစ်ယောက် ဖြစ်တဲ့ အပြင် စစ်တပ်က ဗိုလ်ချုပ်ကြီးလည်း ဖြစ်နေသေးတယ်။ သူက ရှန်းရုန်ဟွာကို ဘယ်လို ကြောက်စရာ လိုမှာလဲ..."

ချန်းဟိုင်ရွှမ်း စိတ်ထဲမှတွေးရင်း စိတ်လက် ပေါ့ပါးသွားသည်။

"ကဲကဲ ... သောက်လိုက်ဦး။ ငါမြေးစာ ‌အရှေ့တောင်တန်း ချိုင့်ဝှမ်းကို လိုချင်တယ် ဆိုရင် အဘိုး အစွမ်းကုန် ပံ့ပိုးပေးမယ်။ ဝမ်ရုန် အုပ်စုဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ချန်းမိသားစုရဲ့ လွှမ်းမိုးနိုင်စွမ်းကို နားလည် သွားစေရမယ်..."

ချန်းဟိုင်ရွှမ်းက ယုံကြည်ချက် ရှိရှိ ကြေငြာ လိုက်သည်။ ထိုအရာမှာ နှစ်ပေါင်းများစွာ အတွင်း ပထမဆုံး အကြိမ် ယုံကြည်ချက်များ ပြန်လည် မွေးဖွားလာခြင်းပင် ဖြစ်သည်။ မိသားစု စီးပွားရေး အခြေအနေနှင့် သူ၏ ရောဂါတို့ကြောင့် ယုံကြည်ချက်များ ပျောက်ရှ နေခဲ့သည်မှာ အလွန်ပင် ကြာမြင့် နေခဲ့ပြီ ဖြစ်သည်။

ညစာ စားပြီးနောက်တွင် ချန်းဖန်က ယီသစ်သားချီကို အသုံးပြုကာ ချန်းဟိုင်ရွှမ်းကို ကုသ ပေးလိုက်သည်။ ချန်ဟိုင်ရွှမ်း အပြည့်အဝ ပြန်လည် ကျန်းမာ လာရန်မှာ အချိန်အနည်းငယ် စောင့်ဆိုင်းရန်သာ လိုတော့ပေသည်။

***

နောက်လများတွင် ချန်းဖန် သူ၏ တက္ကသိုလ် ကျောင်းသားဘဝကို သာမန်ဆန်စွာပင် ကုန်ဆုံး စေခဲ့သည်။ ပထမနှစ် ကျောင်းသားများ ကြားတွင်မူ ချီဝမ်စန်းမှာ မထင်မှတ် ထားလောက်အောင်ပင် ကျော်ကြား လာခဲ့သည်။ ကောလာဟလများအရ ချီဝမ်စန်းမှာ ငယ်ရွယ်စဉ်တည်းက အင်္ဂလန်တွင် နေထိုင်ခဲ့ပြီး နောက်မှ တရုတ်သို့ ပြန်လာခဲ့ခြင်းဟု ဆိုကြသည်။ သူ၏ ပုံရိပ်မှာ လင်ရီချန်းထက်ပင် ပို၍ ထင်ရှား လာခဲ့သည်။ ချီဝမ်စန်းနှင့် ချင်ရီလန်း နှစ်ယောက်မှာ လူသစ်များထဲတွင် အထင်ရှားဆုံး လူငယ်များ ဖြစ်လာကြသည်။

ချန်းဖန်ကိုမူ သတိထားမိသူ လုံးဝမရှိချေ။ သူက သာမန်ဆန်စွာ နေထိုင် တတ်သောကြောင့် အတန်းဖော်များပင် သူ့ကို သိပ်မသိကြချေ။

သတင်းပတ် အချို့ ကြာပြီးနောက်တွင် ချန်းဖန်၏ အခန်းဖော်များနှင့် မိန်းကလေးများ၏ ရင်းနှီးမှုမှာ ပိုမို တိုးလာဟန် ရသည်။ ချင်ရီလန်းနှင့် ချင်းလုလုတို့ ကြားမှ ဒီဂရီမှာ အလွန် မြင့်တက်လာခဲ့သလို လျူရှောင်ချင်ကလည်း ချီဝမ်စန်းကို ကပ်ရန် ကြိုးစား လာခဲ့သည်။

***

ထိုအချိန်တွင် ကျင်းမြို့တော် တက္ကသိုလ်၏ သင်ကြားရေး လက်ထောက်များနှင့် သင်တန်း နည်းပြများ ကြားတွင်မူ ဂယက် ထနေခဲ့ပြီ ဖြစ်သည်။

ချန်းဖန်၏ ပထမဦးဆုံး လူရွေးပွဲကား စတင်တော့မည် ဖြစ်သည်။ များစွာသော လူငယ် သင်တန်း နည်းပြများမှာ ဧည့်သည် ပါမောက္ခ ငယ်ငယ် ချောချောလေးကို စိတ်ဝင်စား နေကြသည်။

"ရှောင်ချုံးရေ... ဧည့်သည် ပါမောက္ခက သူ့ရဲ့ အတန်းအတွက် လူရွေးပွဲ လုပ်တော့မယ် တဲ့။ သူက ငယ်ရွယ်ပြီး အရမ်းလည်း ချောတယ်တဲ့။ နင်ကြားပြီးပြီလား..."

ဖန့်ချုံး၏ သူငယ်ချင်း တစ်ယောက်က ဖန့်ချုံးကို မေးလိုက်သည်။ ထိုမိန်းကလေး နှစ်ယောက်မှာ ကျောင်းဝင်း၏ တစ်နေရာတွင် လမ်းလျှောက်ရင်း စကား ပြောနေကြခြင်း ဖြစ်သည်။

ဖန့်ချုံး၏ သူငယ်ချင်းမှာ အသက် ဆယ့်ရှစ်နှစ်ခန့် ရှိပြီး ရင့်ကျက် တည်ငြိမ်သည်။ သူမ၏ အပြစ် ကင်းစင်သော မျက်လုံးများကလည်း ကောင်လေးများ၏ နှလုံးသားကို ဖမ်းစားနိုင်သည်။

အခြားတစ်ဖက်တွင်မူ ဖန့်ချုံးမှာ ကျောင်းသား အားလုံး၏ နတ်သမီးလေး ကဲ့သို့ပင် ဖြစ်သည်။ သူမက မိတ်ကပ် လိမ်းမထားလျှင်ပင် ကျန်းချူယန်ထက် ပို၍ ဆွဲဆောင်မှုရှိသည်။ သူမ၏ လှပသော ရုပ်ရည်၊ အင်အား ကြီးမားသော နောက်ခံ စသည်တို့ ပါပေါင်းလျှင် သူမကို လိုက်ချင် ကြသည့် ယောက်ျားလေးများ အားလုံး လက်တွန့် ကြရသည်။ ထို့ကြောင့်ပင် ဖန့်ချုံးဘေးမှ သူငယ်ချင်းမှာ သူမထက်ပို၍ ယောက်ျားလေးများ၏ အာရုံစိုက်မှုကို ပိုရသည်။

"အိုး... တကယ်ကြီးလား..."

ဖန့်ချုံးက စိတ်ဝင်စားဟန် သိပ်မရပဲ မေးလိုက်သည်။

"ရှောင်ဖန်က ငါ့ကို ကျင်းမြို့တော် တက္ကသိုလ်မှာ ပြန်တွေ့ကြမယ်လို့ ကတိပေးဖူးတယ်။ သူမေ့များ သွားပြီလား..."

သူတို့ နှစ်ယောက် ကလေးဘဝက ကျင်းမြို့တော် တက္ကသိုလ်တွင် ပြန်လည် ဆုံစည်းကြရန် တစ်ဦးကို တစ်ဦး ကတိများ အပြန်အလှန် ပေးခဲ့ကြဖူးသည်။ ထိုအရာက မနေ့ တစ်နေ့ကလိုပင် သူမ၏ စိတ်၌ စွဲထင် နေခဲ့သော်လည်း ချန်းဖန် မေ့သွားပြီလား မပြောတတ်ပေ။

"သွားကြည့်ရအောင်ဟာ သူက ဇီဝဗေဒကို စိတ်မဝင်စားပေမဲ့ ဆရာ ချောချောလေး ကိုတော့ တွေ့ချင်တယ် ဟီးဟီး..."

ဖန့်ချုံး၏ သူငယ်ချင်းက ရယ်မောရင်း ပြောလိုက်သည်။ သူမတို့ နှစ်ယောက် လူရွေးချယ်ရာ‌ နေရာကို ရောက်သည်နှင့် ထိုနေရာတွင် ထိုများစွာဖြင့် ပြည့်နှက် နေကြောင်း တွေ့မြင်လိုက်ရသည်။ ထိုအထဲမှ အများစုမှာ ကျောင်းသူလေးများ ဖြစ်ကြပြီး တစ်ခုခုကို အသည်းအသန် စောင့်ဆိုင်း နေဟန် ရသည်။

သူတို့နှစ်ယောက် ရောက်လာသည်နှင့် လူအချို့က ထရပ်ကာ သူတို့ကို နေရာ ပေးလိုက်သည်။ ဖန့်ချုံး၏ သူငယ်ချင်းမှာ ကျောင်းတွင် နာမည်အကြီးဆုံး မဟုတ်သည့်တိုင် အတော်‌အတန် ကျော်ကြားသည့် ကောင်မလေး ဖြစ်သည်။

"အာ...."

ဖန့်ချုံးက ထိုအပြုအမူကြောင့် အနည်းငယ် အားနာသွားသည်။ သူမက အခွင့်အရေးကို အလွယ်တကူ ရယူရန် သဘောမကျပေ။

"ယို့ယို့ ... နင်နောက်တစ်ခါ အဲဒီလို သူများကို အခွင့်အရေး ယူရင် ငါနင်နဲ့ မလိုက်တော့ဘူး ..." ဖန့်ချုံးက သူမကို မကျေမနပ်လှည့်ပြောလိုက်သည်။

"ဟုတ်ကဲ့... တောင်းပန်ပါတယ် မမလေးရှင့်” ကျောင်းယို့ယို့က ဖန့်ချုံး၏ လက်ကိုဆွဲရင်း ချစ်စရာ အသံဖြင့် ပြောလိုက်သည်။

ရုတ်တရက်... ဝင်ပေါက်မှ လူတချို့ ထွက်ပေါ်လာပြီး အနက်ရောင် ဝတ်စုံနှင့် လူငယ် တစ်ယောက်က ရှေ့ဆုံးမှ ဝင်လာခဲ့သည်။ သူ၏ အကြည့်များက ကြည်လင်၊ စူးရှနေကာ သူ၏ မျက်နှာကလည်း ဒီဇိုင်းဆွဲ၍ တည်ဆောက် ထားသကဲ့သို့ ချောမောနေခဲ့သည်။

"အိုးမိုင်ဂေါ့... သူက စောက်ရမ်းချောတာပဲ..."

ကျောင်းယို့ယို့က လူငယ်၏ အသွင်အပြင်ကြောင့် အံဩ သွားမိသည်။ မိန်းကလေးပေါင်း များစွာမှာလည်း ချန်းဖန်ကို ကြည့်ရင်း ကြက်သေ သေနေကြသည်။

"သူက ... သူက ... ဘာလို့ ရှောင်ဖန်နဲ့ ဆင်နေတာလဲ..."

ဖန့်ချုံးက လူငယ်ကို ကြည့်ရင်း တွေးလိုက်မိသည်။ ချန်းဖန်ကမူ စင်မြင့်ရှိရာသို့ တည်ငြိမ်စွာ လျှောက်သွားပြီး ကြေငြာ လိုက်သည်။

"ငါက မင်းတို့ရဲ့ ဆရာ အသစ်ပဲ။ ငါ့နာမည်က ချန်းပေ့ရွှမ်းလို့ ခေါ်တယ်။ ..."

"ချန်းပေ့ရွှမ်း... ဒါ ငါမနှစ်တုန်းက တွေ့ခဲ့တဲ့ တစ်ယောက် မဟုတ်လား..."

ဖန့်ချုံး တွေးလိုက်မိသည်။ များစွာသော ပုစ္ဆာများက သူမ၏ ခေါင်းထဲသို့ အစီအရီ ဝင်ရောက် လာခဲ့သည်။

လွန်ခဲ့သည့် နှစ်ဝက်က လူတစ်ယောက် သူမထံရောက်လာကာ မြောက်ပိုင်း ကောင်းကင်ဘုရင် ချန်းပေ့ရွှမ်းဟု သူ့ကိုယ်သူ မိတ်ဆက်ခဲ့သည်။ ထို့ပြင် သူမကိုပါ ကျောက်စိမ်း နားကပ်လေး တစ်ရံပေးခဲ့ကာ သူက သူမ၏ ဖူးစာရှင်ဟု ဆိုခဲ့သည်။

သူမ အတွေး လွန်နေစဉ်မှာပင် တစ်ယောက်က ထရပ်ရင်း အသံ ကျယ်ကျယ် မေးလိုက်သည်။

"ပါမောက္ခချန်း ... ဆရာ့ရဲ့ လူရွေးချယ်ပွဲ အကြောင်းကို ရှင်းပြပေးလို့ ရမလား..."

***

All Chapters