← Chapters

လက်အစွပ်ဒူးလေးပေါ်တွင် ဆူပွက်သွေးကွဲခြင်းအဆိပ်သုတ်လိမ်းခြင်း။ ကြာနက်ဂိုဏ်း၏မုသား။(၃)

Vol. 7 Ch. 96

လက်အစွပ်ဒူးလေးပေါ်တွင် ဆူပွက်သွေးကွဲခြင်းအဆိပ်သုတ်လိမ်းခြင်း။ ကြာနက်ဂိုဏ်း၏မုသား။(၃)

Vol. 7 Ch. 96

စာလိပ်ထဲတွင် ကြာနက်ဂိုဏ်း၏ တပည့်တစ်ဦးအကြောင်းနှင့် သူ၏ပုံတူပါရှိသည်။ ပုံတူကိုကြည့်ရတာ နဉ်ချမ်သည် အသက်သုံးဆယ်ကျော်ခန့်ရှိပုံရပြီး သူ့မျက်လုံးထောင့်မှာ ဓားအမာရွတ်နှင့် ကြင်နာတတ်တဲ့လူမဟုတ်တာ သိသာပါသည်။

"နတ်ဘုရားခွန်အားနယ်ပယ်အဆင့် သိုင်းပညာ... ဒါဆို ကျွန်တော် ခရီးထွက်တော့မယ်" စူးချန်ခုန်းက စာလိပ်ကို ဖယ်လိုက်ပြီး အရင်အတိုင်းပဲ ခပ်မြန်မြန် ထပြီး ရုံးထဲက ထွက်သွားတော့မည့်အကြောင်း ဝမ့်ယွင်ကို ပြောလိုက်သည်။

ဤနဉ်ချမ်သည် သူ့ထံသို့ ရွှေတွေငွေတွေ ပိုမိုသယ်ဆောင်လာလိမ့်မည်ဟု သူမျှော်လင့်ထားသည်။ ဒါမှသာ သူမြန်မြန်ဆန်ဆန် အကျိုးအမြတ်ရမည်ဖြစ်သည်။

စူးချန်ခုန်း ထွက်သွားပြီးနောက် ဝမ့်ယွင်၏ မျက်နှာသည် ရုန်းကန်မှုနှင့် တုံ့ဆိုင်းမှု လက္ခဏာများ ပေါ်လာသည်။

"ကျွီ"

ထိုအချိန်တွင် အခန်းတံခါးကို အပြင်ဘက်မှ တွန်းဖွင့်လိုက်ပြီး လူတစ်ဦးက နှုတ်မဆက်ဘဲ ဝင်လာခဲ့သည်။ ထိုအပြုအမူက သေချာပေါက် မယဉ်ကျေးရာကျပြီး ပြင်းထန်လှသော်လည်း ဝမ့်ယွင်၏ မျက်နှာထက်တွင် မကျေနပ်မှုတစ်စုံတစ်ရာ မပြခဲ့ပေ။ ယင်းအစား သတိထားသည့် အရိပ်အယောင် တစ်စွန်းတစ်စ ရှိနေခဲ့သည်။

အခန်းထဲ ဝင်လာသော ထိုအမျိုးသားသည် အပြာရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး ယဉ်ကျေးသိမ်မွေ့သော အသွင်အပြင် ရှိသည်။

အဲဒီလူက ပြုံးလိုက်ပြီး ဆိုလေ၏။ "ဒါက ငါတို့ကြာနက်ဂိုဏ်းရဲ့ တပည့် ဆယ်ယောက်နီးပါးကို သတ်ခဲ့တဲ့လူပေါ့။ သူ့မှာ အန္တရာယ်အနံ့ကို သယ်ဆောင်ထားတယ်။ တကယ့်ကို ဆရာသခင်ပဲ!"

ဝမ့်ယွင်က တင်းမာသောအကြည့်ဖြင့် ပြန်ပြောလေသည်။ "ခင်ဗျား သူ့ကို ဘာလုပ်ဖို့ စိတ်ကူးထားလဲ"

အပြာရောင်၀တ်စုံနှင့် အမျိုးသားသည် နွေးထွေးမှုမရှိဘဲ ပါးစပ်ထောင့်သို့ ကွေးတက်အောင် ပြုံးလိုက်လေ၏။ "ဒီလူက ငါတို့ကြာနက်ဂိုဏ်းရဲ့ တပည့်တွေ အများကြီးကို သတ်ပစ်ခဲ့တာပဲဟာ။ သူ့ကို ဘယ်လိုလုပ်ရမလဲ။ ထုံးစံအတိုင်း ငါတို့ သူ့ကို အရှင်လတ်လတ် အရေခွံခွါပြီး မီးရှို့ပစ်မယ်။ သူ့ကို နှိပ်စက်မှုမျိုးစုံ မြည်းစမ်းစေပြီး သူ့လုပ်ရပ်တွေကို နောင်တရစေရမယ်!"

အပြာရောင်နှင့်အမျိုးသားက ပေါ့ပေါ့ပါးပါး ပြောနေသော်လည်း သူ့လေသံက အေးစက်မှုကြောင့် ဝမ့်ယွင် တုန်တုန်ယင်ယင်ဖြစ်ကာ ကျောရိုးတစ်လျှောက် အေးစိမ့်သွားလေတော့သည်။

"ဝမ်ထိုက်ရေ... တောင်းပန်ပါတယ်ကွာ" ဝမ့်ယွင်က ထိုင်ခုံမှာထိုင်ရင်း ဖြူဖျော့ဖျော့နဲ့ အင်အားမဲ့စွာ ဆိုလေ၏။

ဝမ့်ယွင်သည် ချင်းရွှေမြို့တွင် ဂိုဏ်း၏သြဇာလွှမ်းမိုးမှုကိုလျှော့ချရန် မျှော်လင့်ပြီး ကြာနက်ဂိုဏ်း၏ တပည့်များကိုလုပ်ကြံရန် စူးချန်ခုန်းကို ငှားရမ်းခဲ့သည်။ စူးချန်ခုန်းသည် သူ၏ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်ရန် သတိရှိသော်လည်း ကမ္ဘာပေါ်တွင် စိမ့်မဝင်နိုင်သောနံရံများမရှိပါ။

ကြာနက်ဂိုဏ်းသည် ၎င်း၏တပည့်များကြားတွင် ထိခိုက်သေဆုံးမှုများစွာကို ခံစားခဲ့ရပြီး အချို့က ၎င်းတို့၏တပည့်များကို ရည်ရွယ်ချက်ရှိရှိ အမဲလိုက်နေသည့် သရဲမျက်နှာသည် တစ်စုံတစ်ဦး၏အမိန့်အောက်တွင် လုပ်ဆောင်နေနိုင်သည်ဟု စတင်သံသယဝင်လာကြသည်။ ချင်းရွှေမြို့အနီးတစ်ဝိုက်တွင် ဖြစ်နိုင်ခြေ အရှိဆုံးသံသယရှိသူမှာ ကောင်တီတရားသူကြီး ဝမ့်ယွင်ဖြစ်သည်။

မကြာသေးမီက ကြာနက်ဂိုဏ်း၏ အဆင့်မြင့်ကျွမ်းကျင်သူများသည် ဝမ့်ယွင်၊ သူ့မိသားစုနှင့် သူငယ်ချင်းများ၏ အသက်ကို ခြိမ်းခြောက်ပြီး ဝမ့်ယွင်အားဂိုဏ်းနှင့် ပူးပေါင်းစေခဲ့သည်။ သူတို့၏တပည့်များစွာကို သတ်ခဲ့သော သရဲမျက်နှာအား သေချာပေါက် ပြန်ပေးဆပ်ခိုင်းဖို့ပင်။

ဝမ့်ယွင်က သံသယဝင်စရာမလိုဘဲ အရှုံးပေးခဲ့သည်။ သူ အပြစ်ရှိတယ်လို့ ခံစားမိပေမယ့်လည်း သူ့ကိုယ်ပိုင်လုံခြုံရေးနဲ့ သူ့ချစ်ရသူတွေအတွက် ကြာနက်ဂိုဏ်းနဲ့ ပူးပေါင်းဖို့ ရွေးချယ်ခဲ့သည်။ အပြာရောင်ဝတ်ရုံနှင့်လူ၏ စာပို့ခိုများ၏ ညွှန်ကြားချက်အရ ကြာနက်ဂိုဏ်းမှ ကျွမ်းကျင်သူများသည် စူးချန်ခုန်းအား သူပေးထားသည့်နေရာ၌ စောင့်ဆိုင်းနေမည်ဟု သူယုံကြည်သည်။

စူးချန်ခုန်း ​တည့်ဝင်သွားသည်နှင့် ရလဒ်​က ရှင်းနေပြီဖြစ်သည်​။

“တောင်းပန်ပါတယ်… ဆရာဝမ်… တောင်းပန်ပါတယ်…” ဝမ့်ယွင်က သူ့ကိုယ်သူ တိတ်တဆိတ် ရေရွတ်လိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူ့ရင်ထဲမှာ ကွဲအက်နေသလို ခံစားရ၏။

သူ့စိတ်ထဲတွင်တော့ ဝမ်ထိုက်သည် ကံဆိုးခြင်းအား ကောင်းချီးတစ်ခုအဖြစ် ပြောင်းလဲပေးမည်ဟု မျှော်လင့်သော်လည်း အခွင့်အလမ်းများမှာ နည်းပါးလှသည်။

အကယ်၍ ဝမ်ထိုက်သည် အံ့ဖွယ်နည်းဖြင့် အသက်ရှင်ကျန်ရစ်ခဲ့မည်ဆိုလျှင် ဝမ့်ယွင်၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရသောကြောင့် လက်စားချေရန် ဒေါသတကြီးဖြင့် ပြန်လာလိမ့်မည်ဖြစ်ကြောင်း သူ သေသေချာချာ သဘောပေါက်ပါသည်။

ဝမ်ထိုက် သေဆုံးသွားရင်လည်း ကြာနက်ဂိုဏ်းက သူ့ကို ခြိမ်းခြောက်မှု၊ သွေးဆောင်မှုတွေနဲ့ ဖိနှိပ်လိမ့်မည်။ ဝမ်ထိုက်သာ အသက်ရှင်ကျန်ရစ်ခဲ့ပါက သူ၏ စိတ်ဓာတ်ခိုင်မာမှုနှင့် ပြတ်ပြတ်သားသား သဘောသဘာဝကို နားလည်မှုအပေါ် အခြေခံ၍ သူ့အား ခေါင်းဖြတ်သတ်ဖွယ်ရှိသည်။

ဝမ်ထိုက် သေသည်ဖြစ်စေ အသက်ရှင်သည်ဖြစ်စေ ဝမ့်ယွင်သည် ထွက်လမ်းမရှိပေ။

အပြာရောင်ဝတ်စုံနှင့် အမျိုးသားသည် ခြေချိတ်ကာ အခန်းထောင့်တွင် ထိုင်ချလိုက်ပြီး နှုတ်ခမ်းများက ပြုံးကာ ကွေးညွတ်သွားလေ၏။

ထိုအမျိုးသားသည် သရဲမျက်နှာ၏ သုတ်သင်ခံရသော သတင်းကို စောင့်ဆိုင်းရန်၊ ဝမ့်ယွင်အား လုံးဝ စိတ်ပျက်အားငယ်စေရန်နှင့် သူ့ကို ထပ်မံခြိမ်းခြောက်ပြီး သွေးဆောင်ရန်၊ သြဇာရှိသော ကောင်တီတရားသူကြီးအား ကြာနက်ဂိုဏ်းတွင်ပါဝင်စေပြီး သူတို့ထံ တာဝန်ထမ်းဆောင်စေရန် ပြင်ဆင်ထားသည်။ ဒီလိုနှင့် ချင်းရွှေမြို့သည် ဂိုဏ်း၏ လက်ထဲတွင်ရှိနေမည်မှာ သေချာပါသည်။

ဝမ်ထိုက်နဲ့ သရဲမျက်နှာကိုလား။ သူတို့သည် ကြာနက်ဂိုဏ်းကို အသေးအဖွဲ ပြဿနာအချို့ကို ယူဆောင်လာပေးသည့် ပုရွက်ဆိတ်များထက်ပင် မပိုပါချေ။ မည်သူမျှ သူတို့ကို မမှတ်မိနိုင်ဘဲ အလွယ်တကူ ချေမှုန်းခံရမည့် ပုရွက်ဆိတ်များသာ ဖြစ်သည်။ ထိုသို့ စိတ်ကြီးဝင်နေသော အရူးများသည် သူတို့၏ မဆိုစလောက် အစွမ်းလေးဖြင့် ဒီရေကို တွန်းလှန်နိုင်မည်ဟု ထင်နေကြသည်။ ထိုသူတို့အား ကြာနက်ဂိုဏ်း၏ ကြီးထွားမှုနှင့် ချဲ့ထွင်မှုတစ်လျှောက်တွင် တော်တော်များများ အမြစ်ပြတ်ရှင်းလင်းခဲ့ပြီး ဖြစ်လေသည်။

All Chapters