← Chapters

ကြာနက်ဂိုဏ်း၏ အရှင်။ ချီနှင့်သွေးအဆင့်။ (၂)

Vol. 7 Ch. 98

ကြာနက်ဂိုဏ်း၏ အရှင်။ ချီနှင့်သွေးအဆင့်။ (၂)

Vol. 7 Ch. 98

သို့သော် မီးခိုးရောင်ရှိလူ၏အသံသည် နဉ်ချမ်ထံမရောက်မီတွင် စူးချန်ခုန်းသည် သတိပေးချက်မရှိဘဲ လှုပ်ရှားနေပြီဖြစ်သည်။

ဝူချင်းရှီ။ ကျားဆင်းသက်ခြင်း။

စူးချန်ခုန်း၏ ခန္ဓာကိုယ်သည် တွန့်ကွေးသွားပြီး ခြေထောက်များ အနည်းငယ်ကွေးလိုက်ကာ နောက်တစ်စက္ကန့်တွင် နဉ်ချမ်ထံသို့ ဝင်တိုက်လေ၏။ သူ့နောက်တွင် အရိပ်များစွာ ကျန်ရစ်ခဲ့ပြီး သတ္တဝါအားလုံးတို့ဘုရင်၏ ပြင်းထန်သော အရှိန်အဝါကို သယ်ဆောင်လာခဲ့သည်။

ဤကြာနက်ဂိုဏ်းတပည့်များက သူ့ကို ချုံခိုတိုက်ခိုက်ဖို့စောင့်နေကြပြီး အလွယ်တကူ အရှုံးမပေးကြောင်း စူးချန်ခုန်း သိသည်။ သူ့မှာ ရွေးချယ်စရာ နှစ်ခုသာ ရှိသည်။ ပြေးရင်ပြေး မပြေးရင် အားလုံးကိုသတ်ပစ်ဖို့ပင်။ သူတို့မသေရင် သူသေမှာပင်။

“ရား”

နဉ်ချမ် လန့်ဖျပ်သွားသော်လည်း သူသည် ကိုယ်ခန္ဓာသန့်စင်ခြင်းဖြင့် မြင့်မြတ်သောခွန်အားနယ်ပယ်သို့ ရောက်ရှိသွားသော သိုင်းပညာရှင်တစ်ဦးဖြစ်သည်။ စူးချန်ခုန်းကို တိုက်ရန် ခွန်အားရှိသမျှ စုဆောင်းထားသောကြောင့် သူ့လည်ချောင်းမှ ဟိန်းဟောက်သံတိုးတိုးတစ်ခု ထွက်ပေါ်လာပြီး သူ့မျက်နှာပေါ်ရှိ အမာရွတ်သည် ပို၍ပင် ပြင်းထန်ကြမ်းကြုတ်လာသည်။

သို့သော် စူးချန်ခုန်းသည် တောင်ပေါ်မှဆင်းလာသော ကျားတစ်ကောင်နှယ် နဉ်ချမ်၏ နှလုံးသားကို ကြောက်ရွံ့မှုဖြင့် မသိစိတ်အရ ပြည့်နှက်သွားစေကာ သူ၏ လုပ်ရပ်များ ခဏရပ်သွားစေခဲ့သည်။

နတ်ဘုရားရဲစွမ်းသတ္တိအဆင့်သို့ ဝင်ရောက်ပြီးနောက် စူးချန်ခုန်းသည် နေ့တိုင်း လုံ့လစိုက်ထုတ်ကာ လေ့ကျင့်ခဲ့သည်။ သူ၏ ဝူချင်းရှီသည် နတ်ဘုရားရဲစွမ်းသတ္တိအဆင့် သိုင်းပညာရှင်တစ်ဦး၏ ထူးခြားသောအရှိန်အဟုန်နှင့် ပေါင်းစပ်လိုက်ရာ အသွင်သဏ္ဍာန်နှင့် စိတ်ဓာတ်တို့ သိသိသာသာ တိုးတက်ကောင်းမွန်လာကာ အဆင့်နိမ့်များကို အလွယ်တကူ ခြိမ်းခြောက်နိုင်ခဲ့သည်။

"မကောင်းတော့ဘူး။"

နဉ်ချမ်၏ နှလုံးသားသည် တင်းကျပ်လာပြီး ဒုက္ခကို ခံစားလိုက်ရသည်။

"ဖောက်"

စူးချန်ခုန်း၏ ညာဖက်လက်ဖဝါးသည် လက်သည်းထဲသို့ ကွေးညွတ်သွားကာ နဉ်ချမ်၏ လည်ချောင်းကို ကျားခြေသည်းများကဲ့သို့ ထိုးဖောက်လိုက်လေ၏။ လက်ချောင်းများက လေပြွန်ကို တင်းတင်းဆုပ်ကိုင်ကာ အပြင်းအထန် ဆွဲဆုတ်လိုက်ပြီး အသားကွဲသံများကြားတွင် သွေးသံရဲရဲလေပြွန်ပိုက်ကို ရက်စက်စွာ စုတ်ဖြဲပစ်လိုက်သည်။

နဉ်ချမ်သည် သူ့လည်ချောင်းကို အုပ်လျက် နောက်သို့ ယိုင်ကျသွားကာ မျက်လုံးများ ပြူးကျယ်လျက် မြေပြင်ပေါ်သို့ လိမ့်ကျသွားသည့်တိုင် အော်ပင်မအော်နိုင်ခဲ့ပေ။ ချင်းရွှေမြို့ရှိ ထင်ရှားကျော်ကြားသည့် ထိပ်တန်းတိုက်ခိုက်ရေးသမားဖြစ်နိုင်သော နတ်ဘုရားခွန်အားနယ်ပယ်သိုင်းပညာရှင်သည် စူးချန်ခုန်းနှင့် ရင်ဆိုင်ရပြီးနောက် ပြန်လည်တိုက်ခိုက်ရန် ခွန်အားမရှိဘဲ တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။

စူးချန်ခုန်း၏တိုက်ခိုက်မှုသည် အခြားကြာနက်ဂိုဏ်းမှ ကျွမ်းကျင်သူများကို ဟန့်တားရန်အတွက် မယုံနိုင်လောက်အောင် တမင်တကာ ရက်စက်ကြမ်းတမ်းခဲ့ခြင်းဖြစ်သည်။ ပြိုင်ဘက်များစွာကို ဆန့်ကျင်ရာတွင် လူတစ်ဝက်နီးပါးက သူ၏ ခန္ဓာကိုယ်သန့်စင်မှု မဟာခမ်းနားသော အောင်မြင်မှုအဆင့်တွင် ရှိကြပြီး စွမ်းအား ပြင်းပြင်းထန်ထန်ဖြင့် တိုက်ခိုက်ရန် လိုအပ်သည်။

"သေစမ်း!"

စူးချန်ခုန်းက နဉ်ချမ်အား သတ်လိုက်သည်ကို မြင်လိုက်ရသော ကြာနက်ဂိုဏ်း၏ သိုင်းပညာရှင်နှစ်ဦးထံမှ ဒေါသတကြီးဟောက်သံတစ်ခု ထွက်ပေါ်လာပြီး စူးချန်ခုန်းအား ဒေါသတကြီးတိုက်ခိုက်ကြလေသည်။ ဘယ်တစ်ယောက် ညာတစ်ယောက်စီ စူးချန်ခုန်းဆီ ပြေးဝင်လာကြသည်။

ဤလူနှစ်ယောက်၏ ခွန်အားသည် ထူးကဲလှသည်။ ညာဖက်မှလူသည် နတ်ဘုရားခွန်အားနယ်ပယ်ရှိ နွှဲ့နွှဲ့နှောင်းနှောင်း လူတစ်ယောက်ဖြစ်လျက် လက်ဝဲဘက်ရှိလူကတော့ အစွမ်းထက်သည့် ရောင်ဝါရှိသော ကြွက်သားတောင့်တောင့်နှင့် ဂတုံးတစ်ယောက်ဖြစ်သည်။ ဟိန်းဟောက်သံကြီးကြောင့် ငှက်များ ထိတ်လန့်တကြား ပျံပြေးသွားကာ နတ်ဘုရားရဲစွမ်းသတ္တိရှိသော စွမ်းအားရှင်၏ အဆင့်အတန်းကို ထုတ်ဖော်လိုက်လေ၏။

ချင်းရွှေမြို့တွင် နတ်ဘုရားရဲစွမ်းသတ္တိနယ်ပယ် သိုင်းပညာရှင်သည် ရှားပါးသော ထိပ်တန်းတိုက်ခိုက်ရေးသမားများတွင် ပါဝင်ပြီး ကြာနက်ဂိုဏ်းက စူးချန်ခုန်းကို သတ်ရန်အတွက် ၎င်းတို့၏ အကောင်းဆုံးတိုက်ခိုက်ရေးသမားအများအပြားကို လွှတ်ပေးခဲ့ရာ နတ်ဘုရားရဲစွမ်းသတ္တိနယ်ပယ်မှ ဤနှစ်ဦးလည်း အပါအဝင်ဖြစ်သည်။ သူတို့ဟာ သူတို့ရဲ့ ထိပ်တန်း တပ်ဖွဲ့ဝင်တွေကို အမှန်ပင် တပ်ဖြန့် ထားခဲ့သည်။

တစ်ဦးချင်းတိုက်ပွဲတွင် အနိုင်ရသူအား ဆုံးဖြတ်ရန် တူညီသောအဆင့်ရှိ သိုင်းပညာရှင်များအတွက် အချိန်ယူရမည်ဖြစ်ပြီး ကျွမ်းကျင်မှုကွာဟချက်မှာပင် အလွန်ထူးခြားမည်မဟုတ်ပေ။ စူးချန်ခုန်းကိုသတ်ရန် ကျွမ်းကျင်သူများစွာကို စေလွှတ်ခြင်းသည် သေချာပေါက် အောင်မြင်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။

ဤကြာနက်ဂိုဏ်းမှ ကျွမ်းကျင်သူများအတွက် ဤအရာသည် တော်တော်လေး များသွားပြီဖြစ်သည်။

"သတ်ပစ်မယ်။ အားလုံးကိုသတ်ပစ်မယ်!"

စူးချန်ခုန်း၏ အေးစက်သော မျက်နှာပေါ်တွင် လူသတ်လိုသော အရိပ်အယောင်များ ပေါ်လာသည်။ ဤကြာနက်ဂိုဏ်း၏ တပည့်များ အားလုံးသည် သူ့အသက်ကိုယူဖို့အတွက် ရောက်လာကြတာဖြစ်ပြီး တစ်ခုတည်းသော အရာမှာ ၎င်းတို့အားလုံးကို သတ်ပစ်ရန် အစွမ်းကုန် တိုက်ပွဲဝင်ရန် ဖြစ်သည်။

သံဖြတ်ဓါးနည်းပညာ။ အလျားလိုက် လှီးဖြတ်ခြင်း။

စူးချန်ခုန်းက သူ့ကိုယ်ဟန်အနေအထား၊ ဓားထောင့်ကို ချိန်ညှိလိုက်သည်။ သူ့လက်ဖဝါးကို သူ့ခါးမှ ဓားလက်ကိုင်တွင် တင်ထားပြီးဖြစ်သည်။

“ရွှမ်း!”

စူးရှသော အေးစက်စက်အလင်းတန်းတစ်ခု ထွန်းလင်းတောက်ပပြီး သတ္တုခြစ်သံများနှင့်အတူ ဓားအလင်းသည် ငွေရောင်နဂါးတစ်ကောင်ကဲ့သို့ တောက်ပသွားသည်။

စူးချန်ခုန်း၏ ဓားသွားကျင့်ကြံခြင်းအတတ်သည် အချိန်ကြာကြာ ပြုစုပျိုးထောင်ထားလေလေ ပိုအားကောင်းလေလေဖြစ်သည်။ စူးချန်ခုန်းသည် သူ့ဓါးကို ပြန်လည်ပြုစုပျိုးထောင်သည်မှာ တစ်လခွဲကျော်ရှိပြီဖြစ်ပြီး စုဆောင်းထားသော ဓားချီသည် ရက်ပေါင်းတစ်ရာကြာအောင် ပျိုးထောင်ထားသည့် ရလဒ်များလောက် မပြင်းထန်သော်လည်း လက်ရှိပြိုင်ဘက်များသည် ရှစ်ကျစ်ကျန်းလို ကျွမ်းကျင်သူများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့်နေရာတွင် မရှိခဲ့ပေ။

"ဘာလဲဟ။"

စူးချန်ခုန်း၏ တိုက်ခိုက်မှုကို ချီစွမ်းအား ထည့်သွင်းထားသောကြောင့် ချီတက်လာသော ကြာနက်ဂိုဏ်းမှ ကျွမ်းကျင်တပည့်နှစ်ဦးတို့သည် မျက်စိမြင်လွှာ၏ ကန့်သတ်ချက်များထက် လျင်မြန်သော ခုတ်ချက်ကို လိုက်မမှီနိုင်ခဲ့ပေ။ ၎င်းကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားစေသည်။ ထိုခုတ်ချက်ကို မထိုးဖောက်နိုင်ခဲ့ကြပေ။

နတ်ဘုရားရဲစွမ်းသတ္တိအဆင့် ဂတုံးသည် အံကြိတ်လျက် ၎င်း၏စစ်မှန်သော ချီစွမ်းအင်ကို သူ၏လက်ဖဝါးတွင် စုစည်းကာ ဓါးကိုဖမ်းရန် လှမ်းဖမ်းလျက် ခုတ်ချက်ကို တားဆီးရန် ကြိုးစားသည်။

"ဖောက်"

သို့သော် စူးချန်ခုန်း၏ လေးနက်သော ကျွမ်းကျင်ပိုင်နိုင်မှုအဆင့် သံဖြတ်ဓားနည်းပညာနှင့် ပေါင်းစပ်ထားသည့် ဤလဝက်ကြာ ပြုစုပျိုးထောင်ထားသော သံဖြတ်ဓားသည် အသွေးအသားတို့ ခံနိုင်ရည်ရှိသောအရာ မဟုတ်ပေ။ လှီးဖြတ်လိုက်သော အသံကြားမှ ဂတုံး၏ လက်ချောင်းများသည် ရှင်းရှင်းလင်းလင်း ပြတ်တောက်သွားကာ အံ့သြထိတ်လန့်စွာ ကြည့်လိုက်သောအခါ ဓါးအလင်းသည် သူ့ခေါင်းမှ ဖြတ်သွားကာ တစ်ဝက်ပြတ်သွားလေ၏။

သို့သော်လည်း ခုတ်ချက်သည် အရှိန်ရှိနေဆဲဖြစ်ပြီး တစ်ဖက်မှ ချီတက်လာသော အရပ်ရှည်ရှည် အေးတိအေးစက် လူတစ်ယောက်ဆီသို့ ဘယ်မှညာသို့ ကွေ့ပတ်ကာ ဦးတည်သွားသေးသည်။ သူ၏လည်ပင်းကို ဓါးဖြင့်ဖြတ်သွားစဉ် မျက်လုံးများက ထိတ်လန့်တုန်လှုပ်စွာ ပြူးကျယ်သွား၏။

“ဖောင်း!”

ဖြတ်ထားသော လည်ပင်းမှ သွေးများ စီးကျလာရင်း လူခေါင်းသည် နှစ်မီတာအမြင့်သို့ ပျံတက်သွားသည်။

ဤခုတ်ချက်သည် ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ ဓားသွားကျင့်ကြံခြင်းအတတ်သည် အဆင့် ၇ သံဖြတ်ဓားနည်းပညာနှင့် ပေါင်းစပ်ထားသောကြောင့် ကြောက်စရာကောင်းလှသည်။

“ဒါ…”

တိုက်ပွဲတွင်ပါဝင်ရန် အဆင်သင့်ဖြစ်နေကြသော အခြားကြာနက်ဂိုဏ်းမှ ကျွမ်းကျင်သူများသည် ဦးခေါင်းပျံမှ သွေးများပန်းထွက်လာသည်ကို တွေ့လိုက်ရသဖြင့် သူတို့၏ ဦးရေပြားများ တဆတ်ဆတ်တုန်လာလေ၏။

သူတို့အတွက်တော့ သရဲမျက်နှာတစ်ယောက်တည်းအတွက် ကျွမ်းကျင်သူများစွာတို့ စုစည်းနေကြရာ ဤသရဲမျက်နှာသည် ကိုယ်ခံပညာကောင်းမွန်ပြီး မဟာအောင်မြင်မှုရှိသော သိုင်းပညာရှင်ဖြစ်လျှင်ပင် သူသည် လက်တုံ့ပြန်ရန် စွမ်းအားမရှိ၍ သူရပ်နေသည့်နေရာတွင် ကျရှုံးသွားမည်ဖြစ်သည်။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် စူးချန်ခုန်းသည် အသီးအရွက်များကို ခုတ်ထစ်သကဲ့သို့ အားမစိုက်ဘဲ အတားအဆီးမရှိ ရက်ရက်စက်စက် တိုက်ခိုက်ကာ နတ်ဘုရားခွန်အားနယ်ပယ်မှ လူနှစ်ယောက်နှင့် နတ်ဘုရားရဲစွမ်းသတ္တိအဆင့် စွမ်းအားရှင် တစ်ယောက်ကို ချက်ချင်း သတ်ပစ်ခဲ့သည်။

စူးချန်ခုန်းသည် လွယ်လွယ်ကူကူ သတ်ဖြတ်နေသည့်ပုံပေါက်အောင်နေသော်လည်း တကယ်တော့ သူသည် သူ၏ခွန်အားအပြည့်နှင့် သတ်ဖြတ်လှုပ်ရှားမှုများကို အသုံးပြုနေတာဖြစ်သည်။

“သတ်!”

လူသုံးဦးကို ဆက်တိုက်သတ်ပြီးနောက် စူးချန်ခုန်းသည် ခြေတစ်လှမ်းမျှ မရပ်ဘဲ ရှေ့ကို လှမ်းပြီး သူ့အနီးဆုံး အပြာရောင်နှင့်လူဆီ ပြေးသွားသည်။ သူ၏ ဓားသွားကျင့်ကြံခြင်းအတတ်မှ ဓားချီသည် ပျောက်ကွယ်သွားတာမဟုတ်ပါ။ အသုံးမပြုရသေးတာဖြစ်သည်။ သူသည် အပြာရောင်ဝတ်စုံနှင့် အမျိုးသားထံသို့ ချဉ်းကပ်ပြီး မီးတောင်ပေါက်ကွဲကာ ကောင်းကင်သို့ လွင့်ထွက်လာသကဲ့သို့ အောက်မှ အပေါ်သို့ မျဉ်းစောင်းတစ်ခုကို လွှတ်ထုတ်လိုက်လေ၏။

All Chapters