သွေးနှင့်ချီစွမ်းအင်တို့ ပွက်ပွက်ဆူခြင်း။ သံသားရဲ သရဲမျက်နှာ။(၃)
Vol. 7 Ch. 103
စူးချန်ခုန်း၏ မျက်နှာသည် အစိမ်းရောင် ဝတ်လုံ ဝတ်ထားသော လူဆီသို့ လျှောက်သွားကာ သံဖြတ်ဓားကို ခါးမှ ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်စဉ် မျက်နှာထားက မျက်နှာသေနှင့်။
အစိမ်းရောင် ဝတ်စုံဝတ်ထားသည့်လူသည် ထိုင်ခုံမှထကာ စူးချန်ခုန်း၏ ထူးခြားသော ပုံစံတူသံဖြတ်ဓားကို မြင်သောအခါ တစ်ခုခုကိုသဘောပေါက်သွားပုံရသည်။ "မင်းက... သံသားရဲလား။ ရှစ်ကျစ်ကျန်းကို သတ်ခဲ့တဲ့ သံသားရဲပေါ့။"
မကြာမီက ကြာနက်ဂိုဏ်းမှ ကျွမ်းကျင်သူဟု ယူဆရသော သံသားရဲဟု ဆိုသည့် ဆရာသခင်က အနက်ရောင်မြင်းတပ်ဂိုဏ်း၏ ခေါင်းဆောင် ရှစ်ကျစ်ကျန်းကို သူ၏ မြေပြင်၌ပင် သတ်ပစ်ခဲ့သည်။ အပြင်လူအများစုက သူ့အထောက်အထားကို သံသယမဝင်ခဲ့ကြပေ။
သို့သော်လည်း အစိမ်းရောင်နှင့်သူအပါအဝင် ကြာနက်ဂိုဏ်း၏ တပည့်များက ၎င်းတို့ရာထူးအတွင်းတွင် ထိုသို့သော လူမရှိသည်ကို သိရှိခဲ့ကြသည်။ ဟုတ်တာပေါ့။ သူတို့က ဒါကို အပြင်လူတွေကို မရှင်းပြခဲ့ကြပါ။ ကြာနက်ဂိုဏ်းအမည်ဖြင့် ရှစ်ကျစ်ကျန်းကို သတ်သည့် သံသားရဲ၏ လုပ်ရပ်သည် ဂိုဏ်းအား နာမည်ဆိုးဖြင့် ကျော်ကြားလာစေခဲ့သည်။ သံသားရဲ၏ဓါးနည်းပညာသည် ရင်သပ်ရှုမောဖွယ်ကောင်းသည်ဟု ကောလဟာလများက ပြောဆိုနေကြပြီး ရှစ်ကျစ်ကျန်းကို အခင်းဖြစ်နေရာတွင် သတ်ရန် တစ်ချက် သို့မဟုတ် နှစ်ချက်သာ ခုတ်ချခဲ့သည်။
ယခု ဝမ်ထိုက်၏ခါးမှ သံဖြတ်ဓားကို မြင်ရတော့ လျိုပိုင်ရန်သည် သူ့လက်တွင်သေဆုံးသွားပြီဖြစ်ကြောင်း တွေးတောရင်း ရှစ်ကျစ်ကျန်းကိုသတ်သော သံသားရဲသည် သရဲမျက်နှာသို့မဟုတ် ဝမ်ထိုက်မှလွဲ၍ အခြားမဟုတ်ကြောင်းကို သူမည်သို့ သဘောမပေါက်ဘဲ နေမည်နည်း။
လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သော သံသားရဲသာလျှင် လျိုပိုင်ရန်ကဲ့သို့သော ဆရာသခင်ကို သတ်နိုင်မည်ဖြစ်သည်။
"ရှစ်ကျစ်ကျန်းကို သတ်ခဲ့တဲ့သူက ဆရာဝမ်လား။"
ဝမ့်ယွင်လည်း ထိတ်လန့်တုန်လှုပ်စွာ ရပ်နေလိုက်သည်။ စူးချန်ခုန်းက ခဏတာ ပျောက်ကွယ်သွားခဲ့ပြီး ရှစ်ကျစ်ကျန်းသည် လျှို့ဝှက်ဆန်းကြယ်သော သံသားရဲ၏ အသတ်ခံရသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။
ဒါပေမယ့် ဝမ့်ယွင်ကတော့ ဒီအဖြစ်အပျက်နှစ်ခုကို ဘယ်တုန်းကမှ မဆက်စပ်မိခဲ့ပါ။ ပထမဦးစွာ သူ့စိတ်ထဲတွင် ဝမ်ထိုက်သည် ငွေရှာလိုပြီး ရှစ်ကျစ်ကျန်းနှင့် ရန်သူဖြစ်ရန် အကြောင်းမရှိပေ။ ဒုတိယအနေနှင့် ဝမ်ထိုက်သည် သန်မာသော်လည်း သူသည် လူတစ်ထောင်အထက်တန်းစားအဆင့် အနက်ရောင်မြင်းတပ်ဂိုဏ်းသို့ တစ်ကိုယ်တည်း ဝင်ရောက်ကာ ချင်းရွှေမြို့၏ နံပါတ်တစ်သခင်အဖြစ် လူသိများသော ရှစ်ကျစ်ကျန်းကို သတ်ပစ်ပြီးနောက် ဒဏ်ရာကင်းစွာဖြင့် ထွက်ခွာသွားနိုင်မည်ဟု သူမယုံကြည်ခဲ့ပေ။
တကယ်တော့… သံသားရဲဟာ ကြာနက်ဂိုဏ်းအတွင်းမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့တဲ့ အဆင့်မြင့် ကျွမ်းကျင်သူ မဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်တဲ့ ဝမ်ထိုက်ဖြစ်နေသည်။
“စ…စကားပြောကြ...” အစိမ်းရောင်ဝတ်ရုံဝတ်လူက တံတွေးမျိုချရင်း တစ်ခုခုပြောဖို့ကြိုးစားနေသလိုမျိုး သူ့လက်ကို အဆက်မပြတ်ဝှေ့ယမ်းလိုက်သည်။
သို့သော် စူးချန်ခုန်းက လေကုန်မခံခဲ့ပေ။ သံဖြတ်ဓားကို သူ့ခါးမှ ဆွဲထုတ်လိုက်သည်။
"ဒုတ်"
အစိမ်းရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသား၏ ဦးခေါင်းသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ခေါင်းမဲ့ခန္ဓာကိုယ်သည် ထိုင်ခုံပေါ်သို့ ပြန်ကျလာပြီး လည်ပင်းပြတ်ကြီးမှ သွေးများက ဝမ့်ယွင်၏ မျက်နှာပေါ်သို့ စင်သွားသည်။
"ဘယ်သူရောက်လာတာလဲ!"
ခြံအပြင်ဘက်တွင် ဤနေရာ၌ ရုန်းရင်းဆန်ခတ်ဖြစ်သွားသဖြင့် အော်ခေါ်သံများ ထွက်ပေါ်လာသည်။ သူတို့က ရုံးတော်၏ အစောင့်များဖြစ်ကြသည်။
"ဘယ်သူမှ ဝင်မလာနဲ့"
ဝမ့်ယွင်သည် သူ့အကြည့်မှ ရုန်းထွက်ပြီး အစောင့်များ အနားမကပ်စေရန် အလျင်စလို အော်ဟစ်လိုက်သည်။
စူးချန်ခုန်းသည် သူ၏ဓားကို ပြန်စွပ်လျက် အစိမ်းရောင်ဝတ်စုံနှင့် လူသေအလောင်းကို မြင်လိုက်ရသော အစောင့်အကြပ် အများအပြားသည် ခြံဝင်းအတွင်း စည်ကားနေလေ၏။ သူတို့က တစ်ယောက်ကိုတစ်ယောက် တအံ့တဩ ကြည့်နေကြသော်လည်း ဝမ့်ယွင်၏အမိန့်ကို လိုက်နာကြပြီး ထွက်ပေါက်များကို အဝေးမှ စောင့်ကာ စောင့်နေကြသည်။
စူးချန်ခုန်းက ဝမ့်ယွင်ရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်ပြီး သူ့မျက်လုံးတွေကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ဝမ့်ယွင်က သူ့အတွေးတွေကို စုစည်းပြီး ပြုံးပြကာ ဆိုလေ၏။ "အဲဒါက ကျွန်တော့်ကို ကြာနက်ဂိုဏ်းက အတင်းအကြပ် လုပ်ခိုင်းခဲ့တာပါ။ မကြာသေးမီက ကျွန်တော့်ဇနီးနဲ့သမီးကို သူစိမ်းတစ်ဖွဲ့က ပြန်ပေးဆွဲပြီး ပြန်လွှတ်ပေးခဲ့တယ်။ အဲဒီနောက်မှာတော့ ကြာနက်ဂိုဏ်းက လူတွေက ကျွန်တော့်တံခါးဆီကို ရောက်လာကြတယ်...ကျွန်..ကျွန်တော့် အပြစ်ပါဗျာ..." ဝမ့်ယွင် သစ္စာဖောက်ရသည့် နောက်ကွယ်မှ အကြောင်းအရင်းက စူးချန်ခုန်း မှန်းဆထားသည့်အတိုင်းပင်။ သူအကျပ်ကိုင်ခြင်းခံခဲ့ရတာဖြစ်သည်။
"ပြီးတော့ရော" စူးချန်ခုန်းက တည်ငြိမ်စွာ မေးလိုက်သည်။ သူ့သစ္စာဖောက်မှုအတွက် ဝမ့်ယွင်၏ အကြောင်းပြချက် ဘယ်လောက်ပဲ ခိုင်လုံနေပါစေ သူ့အသက်ကို ဆုံးရှုံးလုနီးပါးဖြစ်စေတဲ့ သစ္စာဖောက်မှုတစ်ခု ဖြစ်နေဆဲပါပင်။
ဝမ့်ယွင်က အံကြိတ်ကာ ဆိုလေ၏။ “ကျွန်တော် ပြန်လျော်ပေးဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော် ပြန်လျော်ပေးပါ့မယ်။ ဘယ်လို အခြေနေမျိုးပဲဖြစ်ဖြစ်...ကျွန်တော် သဘောတူပါ့မယ်။"
သူ့ထံတွင် အစိမ်းရောင်နှင့်လူ၏ သွေးများ မျက်နှာပေါ်တွင် စွန်းထင်းနေသည်မှာ ခြောက်ပင်မခြောက်သေးပေ။ ကြာနက်ဂိုဏ်းမှ ကျွမ်းကျင်သူများနှင့် မလွှမ်းမိုးနိုင်သော ရှစ်ကျစ်ကျန်းတို့သည် ဝမ်ထိုက်၏ လက်ထဲတွင် ကျရှုံးသွားခဲ့ရသည်။ သူ့ဘေးတွင် ထိုင်နေသော ဝမ့်ယွင်၏မျက်လုံးထဲမှ ခြောက်လန့်မှုသည် နတ်ဆိုးတစ်ကောင်နှင့်မခြားပေ။
အခုအချိန်မှာ ဝမ့်ယွင်က သူ့အသက်ကို ကယ်တင်ချင်ရုံသာ။ စူးချန်ခုန်း၏ တောင်းဆိုချက်အားလုံးကို ငြင်းဆန်ခြင်းမရှိပဲ သဘောတူမှသာ အသက်ရှင်ရန် အခွင့်အလမ်းအနည်းငယ်သာ ရရှိမည်ကို သူသိသည်။
ဒီလိုမှမဟုတ်ရင် ဒီလိုရက်စက်တဲ့လူက သူ့အနေအထား ဒါမှမဟုတ် ရာထူးကို ဂရုမစိုက်ဘဲ အစိမ်းရောင်ဝတ်စုံနဲ့လူလိုပဲ နေရာမှာတင် ခေါင်းဖြတ်ခံရလိမ့်မည်။
စူးချန်ခုန်းသည် ဘာစကားမပြောဘဲ ကြာနက်ဂိုဏ်း၏ တပည့်များ၏ တုံကင်ပြားခြောက်ခုကို ထုတ်ယူကာ စားပွဲပေါ်သို့ ပစ်ချလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် အစိမ်းရောင်ရှပ်အင်္ကျီဝတ်ထားသည့် လူသေအလောင်းကို ငုံ့ကြည့်ကာ “စုစုပေါင်း ခုနစ်ယောက်၊ ဘယ်လောက်တန်ဖိုးရှိလဲ” ဟု အေးစက်စွာ မေးလိုက်သည်။
“ခုနစ်ထောင်… မဟုတ်ဘူး။ သုံးသောင်း အဲ့ဒါက ကျွန်တော့်ရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေပါ။ ငွေက မနက်ဖြန်မနက်မှာ ရပါလိမ့်မယ်” ဝမ့်ယွင် လွတ်ကနဲ ပြောထွက်သွားသော်လည်း ချက်ချင်းပင် သူ့ကိုယ်သူ ပြန်ပြင်လိုက်သည်။
ချင်းရွှေမြို့တွင် ဝမ့်ယွင်သည် ကောင်တီတရားရုံး၏ မြင့်မြတ်သောရာထူးကို ထမ်းဆောင်ခဲ့သည်။ သူသည် ဈေးကွက်ကို အနိုင်ကျင့်ခြင်း သို့မဟုတ် သာမာန်လူများကို မညှဉ်းဆဲခဲ့ဘဲ လာဘ်မစားဟု ယူဆထားသော်လည်း “သန့်ရှင်းသောတရားသူကြီးအဖြစ် သုံးနှစ်သည် နှင်းပွင့်ငွေတသိန်း” ဟူသော ဆိုရိုးစကားက ရှိလေသည်။ ဝမ့်ယွင်သည် စည်းစိမ်ဥစ္စာများကို တမင်တကာ မစုဆောင်းမိသော်လည်း မြို့၏ ချမ်းသာသော အထက်တန်းစား အများအပြားက သူ့အား စေတနာအလျောက် ပိုက်ဆံပေးကာ သာမန်လူတစ်ဦးသည် ဆယ်နှစ်အတွင်း မရရှိနိုင်သော စည်းစိမ်ဥစ္စာများကို စုဆောင်းထားဆဲပင်။
ငွေသုံးသောင်း.. ဒါတွေအားလုံးက ဝမ့်ယွင်ဟာ အချိန်တိုအတွင်း စုဆောင်းနိုင်တဲ့ ငွေတွေပင်။
တစ်ချိန်တည်းမှာပင် ဝမ့်ယွင်သည် သက်ပြင်းတစ်ချက်ချကာ စူးချန်ခုန်းသည် ပိုက်ဆံလိုချင်ပါက သူ့အသက်မသေစေဘဲ သူ့ကိုယ်သူ ကယ်တင်နိုင်လိမ့်မည်ဟု နားလည်လိုက်သည်။
“သဘောတူတယ်” စူးချန်ခုန်းက ငွေပမာဏကို ကျေနပ်ပုံရပြီး ခေါင်းညိတ်ပြသော်လည်း သူ့လေသံက ဆတ်ခနဲပြောင်းသွားပြီး “ဒါပေမယ့် ကျွန်တော့်မှာ နောက်ထပ်တောင်းဆိုစရာတစ်ခုရှိတယ်”
"နောက်ထပ်တောင်းဆိုစရာလား။" ဝမ့်ယွင် ထိတ်လန့်သွားသည်။
ဝမ့်ယွင်ကို စိုက်ကြည့်ရင်း စူးချန်ခုန်းက ဆိုလေ၏။ "ချင်းရွှေမြို့နဲ့ သူ့ရဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ ကြာနက်ဂိုဏ်းရဲ့ လွှမ်းမိုးမှုကို လုံးလုံးလျားလျား ချေမှုန်းပစ်ဖို့ ခင်ဗျားရဲ့ စွမ်းအား အားလုံးကို အသုံးပြုစေချင်တယ် "
"ကျွန်တော့်ကို ကြာနက်ဂိုဏ်းကို ချေမှုန်းစေချင်တာလား"
ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် ဝမ့်ယွင်၏မျက်နှာ တွန့်ချိုးသွားလေ၏။
ကြာနက်ဂိုဏ်းကို ပွင့်ပွင့်လင်းလင်း ထိပ်တိုက်ရင်ဆိုင်ပြီး ရန်သူဖြစ်စေချင်တာလား။ ဝမ့်ယွင်သည် ထိုသို့သောအမှုမျိုး လုပ်ခြင်းထက် ငွေကြီးကြီးမားမားသာ ပေးလိုက်ချင်သည်။
ဝမ့်ယွင်က စူးချန်ခုန်းကို ငှားရမ်းပြီး ကြာနက်ဂိုဏ်းရဲ့ တပည့်တွေကို သတ်ဖို့ ငွေအမြောက်အမြား ပေးခဲ့ရတာမို့ ဝမ့်ယွင်ဟာ သူ့လုံခြုံရေးအတွက် အလွန်စိုးရိမ်ပြီး ကြာနက်ဂိုဏ်းကို ဆန့်ကျင်တဲ့ ဆန္ဒလည်း မလိုအပ်တော့တာ ဖြစ်သည်။
အခုချိန်မှာတော့ စူးချန်ခုန်းက သူ့အား ထိုဂိုဏ်းကို ဖျက်ဆီးပစ်ဖို့ တောင်းဆိုနေလေပြီ။
ကြာနက်ဂိုဏ်း၏ ရူးသွပ်မှုဖြင့် သူသည် ၎င်းတို့အား ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ပါက ထိုဂိုဏ်းသည် သူနှင့် သူ၏ မိသားစုဝင်များကိုပင် လုပ်ကြံရန် ကြိုးပမ်းနိုင်ဖွယ်ရှိသည်။
ဤတောင်းဆိုမှုသည် စူးချန်ခုန်း၏ ခရီးတစ်လျှောက်လုံး နက်နဲစွာ တွေးတောခြင်း၏ ရလဒ်ဖြစ်သည်။
ဝမ့်ယွင်က သူ့ကို သစ္စာဖောက်ခဲ့ပြီး စူးချန်ခုန်းက သူ့ကို တစ်ချက်တည်းနဲ့ သတ်လိုက်သင့်သည်။
သို့ပေမယ့် သူ ခရီးထွက်ရင်းနဲ့ စူးချန်ခုန်းက တဖြည်းဖြည်း ငြိမ်သက်သွားပြီး ဝမ့်ယွင်ကို သတ်လိုက်တာက သူ့အတွက် အများကြီး ကျေနပ်မှု မပေးနိုင်ဘူးဆိုတာ သိလိုက်ရသည်။
ဆန့်ကျင်ဘက်အနေနှင့် ဝမ့်ယွင်သေဆုံးမှုသည် ချင်းရွှေမြို့တွင် ပိုမိုရှုပ်ထွေးစေမည်မှာ သေချာပါသည်။ ဗဟိုထောက်လှမ်းရေးဌာနသည် သူ၏သေဆုံးမှုကို စုံစမ်းစစ်ဆေးရန် လူများကိုစေလွှတ်ကာ အရာရှိတစ်ဦးကို သတ်ဖြတ်မှုအတွက် တာဝန်ရှိသည့် ရာဇဝတ်ကောင်ကို မညှာမတာဖမ်းဆီးကာ အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ပေ။ ကြာနက်ဂိုဏ်းသည် ပို၍ပင် ကြီးထွားလာပေလိမ့်မည်။ ဝမ့်ယွင်က သူ့ကို သစ္စာဖောက်ခဲ့ပေမဲ့ ကြာနက်ဂိုဏ်းက မကောင်းမှုရဲ့ လှုံ့ဆော်သူ အစစ်အမှန်ဖြစ်သည်။
ဝမ့်ယွင်ကိုသတ်တာထက် သူ့အား ကြာနက်ဂိုဏ်းကို တိုက်ခိုက်ဖို့ သူ့ရဲ့ စွမ်းအားကို အသုံးပြုပြီး ချင်းရွှေမြို့ အနီးမှာ သူတို့အတွက် နယ်မြေကို အဆင့်မြှင့်တင်လိုက်တာက ပိုကြီးတဲ့ လက်စားချေမှုပဲ ဖြစ်ပါလိမ့်မည်။
ဝမ့်ယွင်ကျရှုံးပြီး ကြာနက်ဂိုဏ်းက သတ်ခဲ့မည်ဆိုလျှင် ၎င်းသည် သူ တကယ် ထိုက်တန်လို့သာဖြစ်သည်။ ထို့အပြင် ကြာနက်ဂိုဏ်းက ဝမ့်ယွင်ကို သတ်ခဲ့မည်ဆိုလျှင် မီးတောက်အင်ပါယာ၏ အထက်ပိုင်းက အာရုံစိုက်လာမည်မှာ သေချာသည်။ မဟာမီးတောက်အင်ပါယာတွင် အဆင့်အတန်းမြင့်သော အရာရှိတစ်ဦးကို သတ်ခြင်းသည် အသေးအဖွဲကိစ္စမဟုတ်ပေ။
အထက်အရာရှိများက တစ်စုံတစ်ဦးကို စုံစမ်းရန် စေလွှတ်လိုက်သည်နှင့် အင်ပါယာမှ အရာရှိတစ်ဦးကို သတ်ဖြတ်ပြီးနောက် ချင်းရွှေမြို့တွင် ကြာနက်ဂိုဏ်း၏ ဖျက်ဆီးမှုများကို သည်းခံနိုင်မှာ မဟုတ်တော့ပေ။
အကယ်၍ ဝမ့်ယွင်သည် ကြာနက်ဂိုဏ်း၏ လွှမ်းမိုးမှုကို ချေမှုန်းနိုင်လျှင် ကောင်းသောအရာဖြစ်လိမ့်မည်။ ဝမ့်ယွင်ကို ကြာနက်ဂိုဏ်းရဲ့ သခင်က သတ်ခဲ့ရင် ဒါလည်း ကောင်းလိမ့်မည်။
စူးချန်ခုန်းသည် ကြာနက်ဂိုဏ်းအပေါ် ကြီးမားသော ရန်ငြိုးဖွဲ့ထားသော်လည်း ထုံးစံအတိုင်း သူ့တပည့်များကို သတ်လိုက်လျှင်ပင် သူ၏ ခွန်အားတစ်ခုတည်းဖြင့် အမှန်တကယ် သက်ရောက်မှုမှာ အကန့်အသတ်ရှိလိမ့်မည်။
ဝမ့်ယွင်၏ တရားဝင်ရာထူးဖြင့် သူ့ထံမှ အမိန့်တစ်ခုသာလိုသည်။ ထို့နောက် ကြာနက်ဂိုဏ်း၏ မတရားမှုကို သည်းမခံနိုင်သော အင်အားစုများနှင့် လူများအားလုံး အုံကြွလာပြီး အမိန့်ကို လိုက်နာကာ ချင်းရွှေမြို့ရှိ ဂိုဏ်း၏သြဇာကို အမြစ်မှ ဖယ်ရှားရန် လမ်းများပေါ်ထွက်ကာ လူတိုင်းက အော်ငေါက်ရမည့် လူယုတ်မာ အပယ်ခံများအဖြစ်သို့ ပြောင်းလဲသွားကြမည် ဖြစ်သည်။
ဘယ်သူအနိုင်ရပြီး ဘယ်သူရှုံးလဲ စူးချန်ခုန်းက စိုးရိမ်စရာ မလိုပါ။ ဝမ့်ယွင်ထံမှ ငွေလက်ခံရရှိပြီးသည်နှင့် သူသည် ချင်းရွှေမြို့မှ ထွက်ခွာပြီး တောနက်စီရင်စုမြို့၏ အထွန်းကားဆုံးအချက်အချာနေရာသို့ ဦးတည်သွားမည်ဖြစ်သည်။
ဝမ့်ယွင်ကို သတ်လိုက်ခြင်းသည် ခဏတာ စိတ်ကျေနပ်စရာဖြစ်လိမ့်မည်။ သို့သော် ၎င်းသည် မဟာမီးတောက်အင်ပါယာ၏ အဆင့်မြင့်စုံစမ်းစစ်ဆေးမှုကို ဖိတ်ခေါ်လိမ့်မည်။ ၎င်းက ပြဿနာပင်။ ဝမ့်ယွင်အား ကြာနက်ဂိုဏ်းကို တိုက်ခိုက်စေခြင်းသည် အကောင်းဆုံးဗျူဟာဖြစ်သည်။
"ဆရာဝမ်... နားမလည်..." ဝမ့်ယွင်က တစ်ခုခုပြောချင်နေသေးသည်။ သို့သော် စူးချန်ခုန်းက မျက်နှာသေနှင့် စကားဖြတ်ချလိုက်သည်။
“ဒီနှစ်တွေမှာ ခင်ဗျားက ချင်းရွှေမြို့ရဲ့ အဓိကအရာရှိရာထူးကို ထမ်းဆောင်ခဲ့ပြီးပြီ။ ဒါပေမယ့် ချင်းရွှေမြို့က လူတွေအတွက် ဘာမှလုပ်မပေးခဲ့ဘူး။ ဓားပြတွေ သောင်းကျန်းပြီး ကြာနက်ဂိုဏ်းရဲ့ မကောင်းမှုကြောင့် အပြစ်မဲ့ပြည်သူတွေ အကြီးအကျယ် ဒုက္ခရောက်ခဲ့ရတယ်။ ခင်ဗျားရဲ့ ရာထူးနဲ့ ခင်ဗျားရဲ့ တာဝန်တွေကို လျစ်လျူရှုခဲ့တယ်။ ခင်ဗျားကို စာရိတ္တတွေ ပြည်သူ့နီတိတွေ သင်ပေးလိုစိတ်လည်း ကျွန့်တော့်မှာ မရှိဘူး။ ခင်ဗျားငြင်းနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ စာရင်းတော့ ရှင်းရမယ်။ ကျွန်တော့်ဓါးအောက်မှာ နောက်ထပ် ဝိညာဉ်တစ်ကောင်တိုးလာလဲ ကျွန်တော့်အတွက် ဘာမှ မထူးခြားဘူး!"