← Chapters

ထူးခြားသောနောက်ခံ

Vol. 29 Ch. 420

ထူးခြားသောနောက်ခံ

Vol. 29 Ch. 420

….

ကီးလ်မိသားစုခြံဝင်းတစ်ခုလုံး ပျက်စီးသွားပြီး ဧည့်သည်တော်များအားလုံး လည်း သေဆုံးကုန်ပြီဖြစ်၏။

သေခြင်း၏အနံ့သည် ဤနေရာတွင် အလွန်ပြင်းထန်နေခဲ့ပြီး ထိုအနံ့အား အာရုံခံ သိရှိနိုင်သူနှစ်ဦး ဤနေရာသို့ရောက်ရှိလာလေသည်။

အန်ညာနှင့် လီယိုတို့သည် မိစ္ဆာဂိုဏ်း၏ စစ်သင်္ဘောအား စုံစမ်းစစ်ဆေးရန် သွားရောက်ခဲ့ကြသည်။

သင်္ဘော၏တည်နေရာနှင့် ကီးလ်မိသားစုခေါင်းဆောင် ပေးခဲ့သော အချက်အလက်များကို အတည်ပြုပြီးနောက် ထပ်မံဆွေးနွေးရန် သူတို့သည် ဤနေရာသို့ ပြန်လာခဲ့ကြခြင်းဖြစ်လေ၏။

သူတို့နှစ်ဦး၏ အပြန်လမ်းတွင် သူတို့ ဖျက်ဆီးခဲ့သော မြို့များထက်ပင် ပိုမိုပြင်းထန်သော သေခြင်းတရား၏အော်ရာအငွေ့အသက်များကို တွေ့ကြုံခဲ့ရလိမ့်မည်ဟု လုံးဝမမျှော်လင့်မိခဲ့ကြပေ။

ထိုအော်ရာ၏အရင်းအမြစ်မှာ ကီးလ်မိသားစုခြံဝင်း သို့မဟုတ် ၎င်း၏ အပျက်အစီးပုံများကြား၌ပင် ဖြစ်လေသည်။

သားရဲကြီးနှစ်ကောင်သည် သူတို့ သခင်နှစ်ယောက်၏ ဆန္ဒများကို လိုက်နာကာ သူတို့၏ အရှိန်ကို မြှင့်လိုက်ကြပြီး ထိုနေရာသို့ ဒုန်းစိုင်းပြေးဝင်သွားခဲ့သည်။

အစောပိုင်းကသူတို့သည် ကီးလ်မိသားစုခြံဝင်းတွင် မိသားစုခေါင်းဆောင်များ အချင်းချင်း တိုက်ခိုက်ကြပြီး အစေခံအချို့ သေဆုံးခဲ့ခြင်းသာ ဖြစ်လိမ့််မည်ဟု ထင်မှတ်မိခဲ့ကြသည်။

သို့သော် သေခြင်းအော်ရာသည် ထိုမျှမကကြောင်း ဖော်ပြနေလေသည်။

အသတ်ခံရသူများမှာ သာမန်အဆင့်ပုဂ္ဂိုလ်များ မဟုတ်မှသာ ထိုမျှပြင်းထန်နိုင်မည်ဖြစ်သည်။

သူတို့နှစ်ဦး ခြံဝင်းအနီးသို့ ရောက်လာသည်နှင့် ခြံဝင်းတစ်ခုလုံး ပျက်စီးလျက်ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

သူတို့သည် ထိုနေရာရှိ မြေပြင်ပေါ်တွင် အပျက်အစီးများကိုသာ မြင်တွေ့လိုက်ရသည်။

ခြံဝင်းနှင့် ဝေးကွာသောနေရာတွင် ပျက်စီးမှုမှ အသက်ရှင်ကျန်ရစ်သူအချို့သည် ခြံဝင်းဘက်သို့ စိုက်ကြည့်နေကြပြီး ဘာဆက်လုပ်ရမှန်း မသိဖြစ်နေကြဟန်ရသည်။

“ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲ”

လီယို၏ မျက်နှာအမူအရာသည် မှောင်မိုက်သွားပြီး သူ၏ သားရဲကိုယ်ပေါ်မှ ခုန်ဆင်းကာ အပျက်အစီးများ၏ ဗဟိုချက်နေရာတွင် ဆင်းသက်လိုက်သည်။

ထိုအခါ ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသော အလောင်းကောင်များကို သတိပြုမိလိုက်သည်။

အလောင်းအချို့မှာမူ အလွန်အမင်း ပျက်စီးနေသဖြင့် အဝတ်အစားများကြောင့်သာ မဟုတ်ပါက ၎င်းအား မည်သူမည်ဝါဖြစ်ကြောင်း မှတ်မိနိုင်တော့မည်မဟုတ်ပေ။

၎င်းတို့သည် ကီးလ်မိသားစုသို့ ဧည့်သည်များအဖြစ် ရောက်ရှိလာခဲ့သော မိသားစုခေါင်းဆောင်များ၏ ရုပ်အလောင်းများပင်တည်း။

အလောင်းကောင်များကြားတွင် တတိယ၊ စတုတ္ထနှင့် ပဉ္စမမြောက် အဆင့်ရှိသော မိသားစု အမွေခံ သုံးဦး၏ ရုပ်အလောင်းများလည်း ပါဝင်နေခဲ့ပြီး ၎င်းတို့၏မိဘများ သာ ထိုအရာကို မြင်ခဲ့ကြပါက အတော်လေး ဒေါသထွက်သွားမည်မှာ သေခြာနေခဲ့၏။

ထိုနေရာတွင် အသက်ရှင်ကျန်နေသူ နှစ်ဦးကိုသာ မြင်တွေ့နိုင်လေသည်။

တစ်ဦးမှာ ကီးလ်မိသားစုခေါင်းဆောင်၏ အလောင်းကို သင်္ဂြိုဟ်နေဟန်ရသော မိန်းကလေးတစ်ဦးဖြစ်ကာ အခြားတစ်ဦးမှာ မိသားစု၏ အစေခံတစ်ဦးကဲ့သို့ မိန်းမပျိုနောက်တွင် ဒူးထောက်လျက်သားရှိနေသော လူငယ်တစ်ဦးပင်ဖြစ်၏။

(မှတ်ချက်။ ။ အာရန်က ဒင်္ဂါးပြားကို ကောက်ယူနေတာဆိုတော့ ရုတ်တရက်ကြည့်ရင် ဒူးထောင်သလို မြင်လိုက်ရတာပါ)

“ဒါ ဘယ်သူ့လက်ချက်လဲ”

မကျေနပ်သော အသံတစ်ခု ကောင်းကင်မှ ထွက်ပေါ်လာပြီး ဖုတ်ကောင်နဂါးတစ်ကောင်သည် ကီးလ်မိသားစု နယ်မြေ၏ ကောင်းကင်ယံတွင် ဝဲပျံနေကာ အမျိုးသမီးတစ်ဦးက ထိုနဂါး၏ကျောပေါ်တွင် ရပ်နေဆဲဖြစ်ပြီး အောက်သို့ မဆင်းလာသေးပေ။

သူမ၏အော်ရာသည် ဖုတ်ကောင်နဂါး၏ သေခြင်းအော်ရာဖြင့် အားဖြည့်ထားသောကြောင့် ပို၍ပင် အားကောင်းနေဟန်ရသည်။

ထိုအားကောင်းသော အော်ရာ၏ ဖိနှိပ်မှုအောက်တွင် ဤခြံဝင်းနှင့် အနီးတဝိုက်တွင်ကျန်ရှိနေသော လူများပင် ဒူးထောက်ထိုင်ချလိုက်ရပြီး အသက်ရှူရန်ပင် ခက်ခဲလာကြသည်။

ရူဘီသည်လည်း သူမ၏ ခန္ဓာကိုယ်အပေါ် သက်ရောက်လာာသော ထိုသေခြင်းအော်ရာ၏ ဖိအားကို မခုခံနိုင်တော့ဘဲ သူမ၏နှာခေါင်းနှင့် နှုတ်ခမ်းများဆီမှ သွေးအနည်းငယ်စီးကျလာခဲ့သည်။

အာရန်မှာမူ ဒူးထောက်လျက်သား ဖြစ်နေသောကြောင့် ထိုအော်ရာက သူ့အပေါ်မည်သို့သက်ရောက်သည်ကို မသိရှိနိုင်သည့်အပြင် သူသည် ခေါင်းကို ငုံ့ထားခဲ့သေး၏။

ဤသို့ဖြင့် ဤနေရာတွင် မထိခိုက်ဘဲ ပုံမှန်အတိုင်း ဆက်လက်ရပ်နေနိုင်သည့် တစ်ဦးတည်းသောသူမှာ အန်ညာ၏မိသားစုနှင့် ပြိုင်ဘက်ဖြစ်သည့် ရိုတန်ဟိမ်း မိသားစု၏ အမွေခံ လီယိုပင်တည်း။

သူသည် လက်တစ်ဖက်ကို မြှောက်လိုက်ကာ ရူဘီနှင့် အာရန်ပတ်လည်တွင် အကာအကွယ်လွှာတစ်ခုကို ဖန်တီးပေးလိုက်ပြီး ဤအော်ရာ၏ ဖိနှိပ်မှုမှ သူတို့ကို ကာကွယ်ပေးလိုက်သည်။

“မင်း အရမ်း အစွန်းရောက်လွန်းတယ်လို့မထင်ဘူးလား အန်ညာ။ မိန်းကလေးငယ်တစ်ဦးနဲ့ ဒီအားနည်းတဲ့ အစေခံတစ်ယောက်က ဒါတွေအားလုံးကို လုပ်ဆောင်နိုင်မယ်လို့ မင်းက ထင်နေတာလား” ဟု လီယွန်က ပြတ်သားစွာ ပြန်မေးလိုက်သည်။

သူ၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း အန်ညာထံသို့မူ ရှင်းလင်းစွာ ရောက်ရှိခဲ့သည်။

“တကယ်လို့ မိသားစုခေါင်းဆောင်အားလုံးကို သတ်နိုင်တဲ့သူ ဒီမှာ ရှိနေသေးရင် မင်းကို ခုလို အော်ရာသုံးဖို့ အခွင့်အရေးတောင်ပေးမယ်လို့ ထင်နေတာလား”

လီယွန်သည် လှောင်ပြောင်သံစွက်၍ ထပ်မံမေးလိုက်သည်။

သူတို့သည် ဤနေရာရှိ မိသားစုခေါင်းဆောင်များနှင့်ယှဥ်ပါက တစ်ဦးချင်းအနေနှင့်ဆို များစွာ ခွန်အားကြီးသည်မှာ မှန်သော်လည်း သူတို့နှစ်ဦးပေါင်းလျှင်ပင် ဤမျှအင်အားစုကြီးကို ထိုမျှလွယ်ကူစွာ သတ်ဖြတ်နိုင်မည်မဟုတ်ပေ။

အကယ်၍ လူသတ်သမားသာ ဤနေရာတွင်ဆက်လက် ရှိနေသေးပါက သူတို့အား တိုက်ခိုက်နှင့်ပြီးသား ဖြစ်နေပေလိမ့်မည်။

လီယိုက ရူဘီနားသို့ ပို၍ နီးကပ်စွာ လျှောက်သွားလိုက်ပြီး အာရန်အား အနည်းငယ် အကဲခပ်လိုက်သည်။

လူငယ်လေး ဘေးကင်းနေသေးသည်ကို မြင်သောအခါမှသာ သူသည် အနည်းငယ် ကြိတ်၍ ဝမ်းသာမိလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ထိုလူငယ်သည် သူ့အတွက် ပြီးပြည့်စုံသော ဂျူနီယာညီငယ်လေးတစ်ဦး ဖြစ်လာနိုင်သောကြောင့်ပင်တည်း။

“အဲဒါ ကီးလ်မိသားစုခေါင်းဆောင်ရဲ့ အလောင်းမဟုတ်လား”

လီယိုသည် မိန်းကလေးမှ မြှုပ်နှံရန်ကျိုးစားနေသည့်အလောင်းကို မြင်လိုက်ရသဖြင့် မေးလိုက်ခြင်းဖြစ်သည်။

“အဲဒါ ကျွန်မအဖေပါ” ဟု မိန်းကလေးသည် သူမ၏နှုတ်ခမ်းဆီမှ စီးကျလာသော သွေးများကို ပြန်သုတ်ရင်း အဖြေပေးလိုက်သည်။

“အာ၊ ဒါဆို မင်းက ကီးလ်မိသားစုရဲ့ သခင်မလေးပေါ့။ မင်းကို ရင်းနှီး‌တယ်လို့ ခံစားရတာ အံ့သြစရာမရှိတော့ပါဘူး။ ငါ မှန်းတာမလွဲရင် မင်း ငယ်ငယ်တုန်းက မင်းအဖေနဲ့အတူ မြို့တော်ကို နောက်တုန်းက ငါမင်းကို တွေ့ဖူးခဲ့မယ်ထင်တယ်။ အဲ့တုံးကကလေးမလေးတောင် ခု အတော်အရွယ်ရောက်လာခဲ့ပြီပဲ”

လီယိုသည် ရူဘီ၏ ခေါင်းပေါ်တွင် သူ၏ လက်ကို တင်ရင်း ပြောလိုက်သည်။

အမှန်တကယ်မှာမူ သူတို့နှစ်ဦး၏ အသက်အရွယ်ချင်းမှာ တူညီသလောက်နီးပါး ရှိနေခြင်းဖြစ်သော်လည်း လီယိုသည် သူမအား လူငယ်မျိုးဆက်မှ မိန်းကလေး တစ်ဦးကဲ့သို့ ဆက်ဆံခဲ့ခြင်းဖြစ်၏။

“ဒီမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်းရှင်းပြနိုင်မလား ညီမလေး။ ဘယ်သူက ဒါတွေအားလုံးကို လုပ်ခဲ့တာလဲ”

ဆက်လက်၍ လီယိုသည် မိန်းကလေးအား သူမ၏ အစ်ကိုတစ်ဦးကဲ့သို့ လေသံမျိုးဖြင့် မေးလိုက်သည်။

သူက သူမအား အကာအကွယ်ပေးရန် ဤနေရာသို့ ရောက်ရှိလာ သကဲ့သို့ပင်ဖြစ်သောကြောင့် သူမသည် လက်သည် တရားခံအား ဖော်ပြရန် စိတ်ပူစရာမလိုတော့ပေ။

သို့သော် ထိုအချိန်မှာပင် သူ၏နောက်ဘက်ရှိ အာရန်မှ သူ့အား ဂရုတစိုက် အကဲခပ်နေသည်ကိုမူ သူ သတိမပြုမိခဲ့ချေ။

ရိုတန်ဟိမ်းမိသားစု၏ အမွေဆက်ခံသူအကြောင်းကို အာရန်သည် တတ်နိုင်သမျှ သိရှိနိုင်ရန် သူ၏ ခွဲခြားသတ်မှတ်ခြင်းအစွမ်း ကိုပင် အသုံးပြုလိုက်သည်။

ထိုအခါ အာရန်အား အမှန်တကယ် အံ့အားသင့်စေသည့်အချက်မှာ လီယို ရိုတန်ဟိမ်း၏ ပင်ကိုယ်စွမ်းရေပင်။

သူ ရင်ဆိုင်ခဲ့ရသော မိသားစုခေါင်းဆောင်များနှင့် နှိုင်းယှဉ်ပါက လီယိုသည် များစွာ ပိုမိုအားကောင်းလေသည်။

အချက်အလက်မျက်နှာပြင်တွင် လီယိုပိုင်ဆိုင်သော ရတနာပစ္စည်းများကို မပြသထားသော်လည်း ဤလူတွင် သေချာပေါက် ထူးခြားသည့်ရတာပစ္စည်းအချို့ရှိနေမည်ဟု အာရန်တစ်ယောက် တပ်အပ်ပြောနိုင်လေ၏။

ထို့ပြင် သူ၏ ရတနာပစ္စည်းများသည် အခြားသူများထက်ပင် ပိုမိုထူးခြားနိုင်သေးသည်။

အထူးသဖြင့် သူသည် နစ်ခရိုမန်ဆာမျှော်စင်နှင့် အလွန်နက်ရှိုင်းစွာ ပတ်သက်နေသူတစ်ဦး ဖြစ်သောကြောင့်ပင်တည်း။

လီယိုသည် မိသားစုနောက်ခံတောင့်တင်းရုံသာမက နစ်ခရိုမန်ဆာမျှော်စင်၏ အစောင့်အရှောက်များထဲမှ တစ်ဦး၏ တပည့်ရင်းလည်း ဖြစ်လေသည်။

နစ်ခရိုမန်ဆာမျှော်စင်တစ်ခုလုံးတွင်ပင် အစောင့်အရှောက်ဟူ၍ နှစ်ဦးသာ ရှိနေသည်ဖြစ်ရာ ထိုအချက်တစ်ခုတည်းကပင် အံ့သြစရာကောင်းသော နောက်ခံကို ပိုင်ဆိုင်ထားကြောင်း သိသာနေသည်။

အစောင့်အရှောက်နှစ်ဦး မည်မျှစွမ်းအားကြီးမားကြောင်း အချက်အလက်များ ရှိမနေခဲ့သော်လည်း ၎င်းတို့နှစ်ဦးသည် အကယ်၍ မျှော်စင်သခင် သေဆုံးပါက မျှော်စင်သခင်နေရာတွင် အစားထိုးရန်ဆက်ခံမည့် ကိုယ်စားလှယ်လောင်းများ ဖြစ်နေသည်ဟု ဆိုကြလေသည်။

နစ်ခရိုမန်ဆာမျှော်စင်တွင် သူတို့၏ တည်ရှိမှုကလည်း အာရန်အား ထိုနေရာကို ကိုင်တွယ်ရန် ပိုမို ခက်ခဲစေခဲ့သည်။

ငရဲသည် အာရန် မျှော်လင့်ထားသကဲ့သို့ ထူးခြားနေခဲ့ပါက သူသည် ငရဲတံခါးဝသို့ ချဉ်းကပ်ရန်ပင် ထိုအစောင့်အရှောက်များထဲမှ တစ်ဦးကို ချဥ်းကပ်ရပေလိမ့်မည်ဖြစ်လေ၏။

ထိုစဥ်မှာပင် ရုတ်တရက်....

[ဂုဏ်ယူပါတယ်။ ပိုင်ရှင်သည် ရွေးချယ်စရာအသစ်များ ရရှိခဲ့ပါပြီ။]

#Catfoot

All Chapters