← Chapters

ဖေးနှင့် ပြန်လည်တွေ့ဆုံခြင်း

Vol. 29 Ch. 410

ဖေးနှင့် ပြန်လည်တွေ့ဆုံခြင်း

Vol. 29 Ch. 410

…

နေလုံးကြီးသည် ကောင်းကင်ယံတွင် လုံးဝပျောက်ကွယ်သွားပြီဖြစ်ကာ ညဘက်ရောက်ပြီဖြစ်ကြောင်း သတိရလိုက်သဖြင့် အာရန်သည်လည်း ပြတင်းပေါက်အား ကျောခိုင်းလိုက်သည်။

“ရှင်သွားတော့မလို့လား”

ရူဘီသည် သူမအား စကားတစ်ခွန်းမှမဆိုဘဲ တံခါးဝဆီသို့ ထွက်ခွာသွားသော အာရန်အား ငေးကြည့်ရင်းမေးလိုက်၏။

“မင်း ဒီ အခန်းထဲမှာပဲ နေခဲ့နော်”

အာရန်သည် မိန်းကလေးအား အခန်းထဲတွင်သာနေရန် ပြောပြီးနောက် တံခါးအားဆွဲဖွင့်ရန်ကျိုးစားလိုက်သည်။

သို့သော် တံခါးအားမဖွင့်မှီ သူ၏ နောက်ကျောဘက်မှ နွေးထွေးသော အထိအတွေ့လေးတစ်ခုကို ခံစားလိုက်ရသည်။

“မင်းဘာလုပ် တာလဲ” ဟု အာရန်သည် အနည်းငယ် မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

“ကျေးဇူးပြုပြီး ဘေးကင်းစွာနဲ့ ပြန်လာခဲ့ပါ”

ရူဘီသည် သူမ၏လေသံထဲမှ စိုးရိမ်မှုများကို ဖုံးကွယ်မထားနိုင်တော့ဘဲ အာရန်အား ပြောလိုက်၏။

အာရန်သည် သူမ၏ နောက်ဆုံးမျှော်လင့်ချက်ပင်မဟုတ်ပါလား...။

သူမ၏ မိသားစုကို ကယ်တင်ရန် သူသည် အသက်အန္တရာယ်ရှိသည့် အလုပ်တစ်ခုကို ပြုလုပ်ရတော့မည်ဖြစ်လေသည်။

မိစ္ဆာဂိုဏ်းမှ အကြီးအကဲတစ်ဦးအနေဖြင့် မြောက်ပိုင်းတိုက်ကြီးမှ သူစိမ်းများအတွက် စိတ်ပူစရာပေးစရာမလိုအပ်သော်လည်း သူသည် ကူညီရန်ကတိပေးခဲ့သည်။

ထိုအတောအတွင်း သူမသည် သူ့အား ပြန်ပေးဆပ်စရာ ဘာမှမရှိပေ။

ထိုသူ ဘေးကင်းစွာ ပြန်လာမည်လားဆိုသည်ကိုပင် သူမ အာမမခံနိုင်ချေ။

ဤသည်မှာ သူမအနေဖြင့် သူ့အား နောက်ဆုံး မြင်ရခြင်းလည်းဖြစ်သွားနိုင်လေသည်။

ထိုအတွေးတစ်ခုတည်းကပင် သူမအားကြောက်လန့်စေခဲ့ပြီး ကိုယ့်ကိုကိုယ် ထိမ်းချုပ်ထားနိုင်စွမ်း မရှိတော့ပဲ အာရန်အား နောက်ဘက်မှနေ၍ လှမ်း ဖက်မိလိုက်ခြင်းဖြစ်လေသည်။

“ကျုပ် အသေခံဖို့ အစီအစဉ်မရှိဘူး”

အာရန်သည် သူမ၏လက်များကို ရင်ဘတ်ဆီမှ ဖြည်းညင်းစွာ ဖယ်ရှားလိုက်ပြီး သူမ၏ ပွေ့ဖက်မှုဆီမှ ရုံးထွက်လိုက်၏။

ထို့နောက် တံခါးကို ဖွင့်ကာ အခန်းတွင်းမှ ထွက်ခွာသွားပြီး ရူဘီအား နောက်တွင် ချန်ထားခဲ့သည်။

တံခါးသည် ဖြည်းညင်းစွာ ပြန်ပိတ်သွားပြီးနောက် အခန်းသည် ပုံမှန်အတိုင်း တိတ်ဆိတ်မှုဆီသို့ ပြန်ရောက်သွားလေသည်။

အာရန်သည် ကီးလ်မိသားစု၏ အစေခံများ၏ စောင့်ကြည့်မှုအောက်တွင်ပင် ရှည်လျားသော စင်္ကြံလမ်းမှတစ်ဆင့် တည်ငြိမ်စွာ လျှောက်သွားခဲ့သည်။

ထူးဆန်းသည်မှာ အစေခံများထဲမှ မည်သူကမျှ သူ့အား မြင်တွေ့သောအခါ ထူးဆန်းစွာဖြင့် ကြောင့်လန့်တကြား မတုံ့ပြန်ခဲ့ကြပေ။

ယင်းအစား သူတို့သည် သူ့အား သခင်မလေးဟုခေါ်၍ပင် နှုတ်ဆက်နေကြသေး၏။

သူတို့သည် အာရန်၏ နဂါးလျှာအစွမ်းဖြင့် လှည့်စားထားသော ပုံရိပ်ယောင်တစ်ခုကိုသာ မြင်ယောင်နေကြခြင်း ဖြစ်လေသည်။

သူတို့သည် ထိုပုံရိပ်ယောင်ကို ဖောက်ထွင်းမြင်နိုင်သည်အထိ အင်အားကြီးမားခြင်းလည်း မရှိခဲ့ကြပေ။

အာရန်သည် မိန်းကလေးတစ်ဦး၏ အသွင်အပြင်အထိ မိမိကိုယ်ကိုပြောင်းလဲပစ်ရန် စိတ်မဝင်စားသဖြင့် အသွင်ပြောင်းလဲခြင်းအစွမ်းကိုမူ အသုံးမပြုခဲ့ခြင်း ဖြစ်လေ၏။

ယင်းအစား ဤအစောင့်များကိုကိုင်တွယ်ရန်မှာ နဂါးလျှာအစွမ်းနှင့်ပင် လုံလောက်လေသည်။

“ရှင် ဘယ်သွားသွား ရှင်နဲ့အတူ အဖော်ပြုပြီး နွေးထွေးအောင် လုပ်ပေးမယ့် မိန်းမလှလေးတစ်ယောက်ကတော့ အမြဲရှိနေတာပဲနော်”

အာရန်တစ်ယောက် ခပ်တည်တည်ဖြစ် လျှောက်သွားနေစဉ် ယီလန်၏ မကျေမနပ်ဖြစ်နေသောလေသံအား ကြားလိုက်ရသည်။

“နားလည်မှုလွဲသွားစေနိုင်တဲ့ စကားလုံးတွေကို မသုံးပါနဲ့လား။ ဘယ်တုန်းက ကိုယ့်ကို နွေးထွေးအောင် လုပ်ပေးမယ့်သူကို ကိုယ်က လိုက်ရှာဘူးလို့လဲ” ဟု အာရန်သည် ရိုးသားစွာဖြင့် ပြန်ဖြေလိုက်၏။

“ဟွန့်”

ယီလန်သည် အာရန်၏စကားကြောင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။

သူမသည် အာရန်အား ထိုကဲ့သို့ မိန်းကလေးများ ဝန်းရံနေခြင်းအား သဘောမတွေ့သည့်ပုံပင်။

“မင်း မနာလိုဖြစ်နေတာလား”

အာရန်သည် ခဏတာ တိတ်ဆိတ်ပြီးနောက် ယီလန်အား မေးလိုက်၏။

“ဘာလို့ ကျွန်မက မနာလိုဖြစ်ရမှာလဲ” ဟု ယီလန်က ငြင်းဆန်လိုက်သော်လည်း ထိုလေသံထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်နေဟန်တော့ ပါနေသေးသည်။

အာရန်သည် အမျိုးသမီးများ၏ စိတ်ခံစားချက်များကို နားလည်သည့်နေရာတွင် ကျွမ်းကျင်အဆင့် မဟုတ်သော်လည်း ယီလန်ကဲ့သို့ ရိုးရှင်းစွာတွေးတတ်သူတစ်ဦး၏ အတွေးများကို နားမလည်နိုင်လောက်သည်အထိတော့ တုံးအ‌မနေသေးပေ။

“ရူဘီက သူ့ဟာနဲ့သူ လှတယ်ဆိုပေမဲ့ မင်းနဲ့ ယှဥ်မယ်ဆိုရင်တော့ အဝေးကြီးလိုပါသေးတယ်။ တကယ်လို့ကိုယ်သာ အဖက်ခံဖို့ တစ်စုံတစ်ယောက်ကို လိုအပ်မယ်ဆိုရင် အဲ့ဒါဟာ မင်းပဲဖြစ်လိမ့််မယ်” ဟု အာရန်ကပြန်ပြောလိုက်ရာ ယီလန်သည် ခေတ္တခန့် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။

“ရှင်...ရှင်က တကယ့်ကို မျက်နှာပြောင်တိုက်ဝံ့တဲ့သူပဲ”

ယီလန်သည် အာရန်အား အော်ဟစ်ပြောလိုက်မိသော်လည်း သူမ၏အသံတွင် အနည်းငယ် တုန်လှုပ်နေပုံရလေ၏။

အာရန်၏ နှုတ်ခမ်းတွင် အပြုံးတစ်ပွင့်ပေါ်လာခဲ့ပြီး ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်မိသည်။

သူသည် ယခုပင် ဖေးနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သော်လည်း ယီလန်နှင့် စနောက်ဖို့ စိတ်ကူးရှိနေသေးသည်ကို သူ့ကိုယ်သူ မယုံကြည်နိုင်ဖြစ်နေဟန်ရသည်။

မကြာမီ အာရန်သည် ဖေးအတွက် သီးသန့်စီစဥ်ထားသော အိပ်ခန်းဆီသို့ ရောက်ရှိလာခဲ့သည်။

စင်္ကြံလမ်းတစ်ခုလုံးတွင် လုံခြုံရေးများ တင်းကျပ်စွာ ချထားပြီး အစောင့်များအား မီတာအနည်းငယ်စီခွာ၍ ချထားခြင်းဖြစ်လေ၏။

အာရန်သည် ထိုနေရာသို့ ဝင်ရောက်ရန် ပြင်လိုက်စဥ် အစောင့်များမှ ဘေးဖယ်ပေးလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။

သို့သော် သာမန်အစောင့်များက သူ၏ လမ်းကို ရှင်းပေးရန် ရွေ့သွားကြသော်လည်း သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ရှေ့သို့တက်လာကာ သူ၏ လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်သည်။

“ကျွန်မက သခင်လေး ဖေးကို တွေ့ဖို့ ဒီကို ရောက်လာတာပါ။ ဘာလို့ ရှင်က ကျွန်မလမ်းကို ပိတ်ပြီးရပ်နေရတာလဲ” ဟု အာရန်သည် နဂါးလျှာအစွမ်းကို အသုံးပြု၍ပင် ထိုလူအား ရူဘီအသံမျိုးတုပ၍ မေးလိုက်၏။

သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ကီးလ်မိသားစု အစောင့်များ၏ မကြာသေးမှီကမှ ခန့်အပ်ခြင်းခံထားရသည့် နောက်ထပ်ခေါင်းဆောင်တစ်ဦး ဖြစ်ဟန်ရသည်။

အာရန်အား အံ့အားသင့်စေခဲ့သည်မှာ သူ၏ ရာထူးကြောင့်မဟုတ်ဘဲ

သူ၏ လှည့်စားမှု ပုံစံအားလုံးကို ဖောက်ထွင်းမြင်အောင် ကြည့်နိုင်သည့် ထူးခြားသောစွမ်းရည် တစ်ခုကြောင့်ပင် ဖြစ်လေ၏။

“မလိုအပ်တဲ့ ပြသနာတွေ ရှောင်ရှားနိုင်မယ်လို့ထင်ထားတာ ထင်ထားခဲ့တာ”

အာရန်သည် သက်ပြင်းချလိုက်ပြီးနောက် သူ၏ ဦးခေါင်းကို ပြန်ကုတ်မိလိုက်သည်။

“အပြင်လူတွေ ဒီနေရာကို ဝင်ခွင့်မရှိဘူး ဝင်ရောက်လာတဲ့ အပြင်လူအားလုံး အမေးအမြန်မရှိ သေဒဏ်ပဲ”

အစောင့်ခေါင်းဆောင်သည် သူ၏ လက်တစ်ဖက်ကိုဆန့်ထုတ်၍ အာရန်၏ လည်ပင်းအား လှမ်း၍ဆွဲကိုင်ရန် ကျိုးစားလိုက်သည်။

သူသည် အာရန်၏ လည်ပင်းကို ညှစ်သတ်ရန် အင်အားပို၍ သုံးလိုက်သည်။

ကံမကောင်းစွာဖြင့် သူ မည်မျှပင် အားစိုက်ထုတ်စေကာမူ မည်သို့မျှသက်ရောက်မှုရှိပုံမပေါ်ပေ။

သူသည် အာရန်၏ လည်ပင်းကို မညှစ်နိုင်ခဲ့ဘဲ ၎င်း၏ လည်ပင်းသည် မာကြောသော သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားသကဲ့သို့ပင် တူညီနေခဲ့၏။

သူ၏ အင်အားအားလုံးဖြင့်ပင် အာရန်၏ ကာကွယ်မှုကို မထိခိုင်စေနိုင်ခဲ့‌ပေ။

“ဒီလိုပြုမူတာ မကောင်းဘူးနော်”

အာရန်သည် သက်လတ်ပိုင်းအရွယ် အမျိုးသား၏ လည်ပင်းကို ပြန်လည် ဆွဲကိုင်လိုက်ရင်း ပြန်ဖြေလိုက်သည်။

ခဏကြာပြီးနောက် တစ်စုံတစ်ခုကျိုးပဲ့သွားသည့်အသံတစ်ခုသည် ခန်းမအတွင်း၌ ပဲ့တင်ထပ်သွားခဲ့၏။

သက်လတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးများသည် ပြူးကျယ်ထွက်သွားပြီး သူ၏လည်ပင်းတစ်ခုလုံး စုတ်ပြတ်သတ်သွားကာ ထိုနေရာမှ သွေးများ ယိုစိမ့်ထွက်လာခဲ့သည်။

ထိုအစောင့်တပ်မှူးသည် အသက်ဆုံးရှုံးသွားချိန်တွင်ပင် ထိုဖြစ်ရပ်အား မယုံကြည်နိုင်စွာ အံ့အားသင့်နေဆဲပင်။

အာရန်၏ လည်ပင်းကို ဆုပ်ကိုင်ထားသောသူ၏ လက်များသည် တဖြည်းဖြည်း အားနည်းသွားပြီးနောက် သူ၏ကိုယ်ခန္ဓာသည် မြေပြင်ပေါ်သို့ ဒုံးကနဲ အသံတစ်ခုနှင့် အတူ ပစ်လဲကျသွားသည်။

စင်္ကြံလမ်းအတွင်းရှိ အခြားအစောင့်များသည်လည်း ခဏတာ တောင့်တင်း သွားခဲ့ကြသည်။

ထို့နောက်သတိဝင်လာသောအခါ ၎င်းတို့သည် စုပေါင်း၍ အာရန်အား တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ရန် ပြေးလာခဲ့ကြလေသည်။

“အရှိန်မြှင့်တင်ခြင်း”

အာရန်သည်ထိုသို့ တစ်ချက် ပြောလိုက်ပြီးနောက် သူ၏အစောပိုင်းနေရာတွင် ပုံရိပ်ယောင်တစ်ခုသာ ကျန်ရစ်ခဲ့ကာ သူ၏ အစစ်အမှန်ခန္ဓာကိုယ်သည် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် ဓားတစ်ချောင်းသည် တစ်ချက်ချက်တွင် လှစ်ကနဲ ထထ ပေါ်လာခဲ့ကာ ၎င်းကို စင်္ကြံလမ်းတစ်လျှောက် ကျပန်းနေရာများတွင် မြင်တွေ့နိုင်လေသည်။

ဓားချက်တစ်ချက်သည် စင်္ကြံလမ်းအဆုံးတွင် နောက်ဆုံးအနေနှင့်တစ်ချက် ပေါ်လာခဲ့ပြီးမှသာ အာရန် တစ်ယောက် လှုပ်ရှားနေမှုအား ရပ်တန့်လိုက်၏။

သူ၏ဓားတွင် အစောင့်များ၏ လတ်လတ်ဆတ်ဆတ်သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ၏ ခြေထောက်နားရှိ ကြမ်းပြင်ပေါ်သို့ စီးကျနေလေသည်။

ထို့နောက် ခန္ဓာကိုယ်များ တစ်ခုပြီးတစ်ခု မြေပြင်ပေါ်သို့ လဲကျသံများ စင်္ကြံလမ်းတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

အာရန်သည် နောက်သို့ ပြန်လည် လှည့်ကြည့်လိုက်ရာ ဦးခေါင်းများစွာ မြေပြင်ပေါ် လိမ့်ကျသွားသည်ကို မြင်တွေ့လိုက်ရပြီး စင်္ကြံလမ်းတစ်ခုလုံး အနီရောင်ခြယ်သထားသကဲ့သို့ နီရဲသွားခဲ့သည်။

ထို့နောက် အာရန်သည် ဖေး၏ အခန်းဘက်သို့ ပြန်လှည့်လိုက်၏။

အခန်းတံခါးတစ်ခုသည် သူနှင့် ဖေးကြားတွင် ကျန်ရှိနေသော နောက်ဆုံး တစ်ခုတည်းသောအလွှာပင် ဖြစ်လေသည်။

ထို့နောက် အာရန်သည် တံခါးရှေ့တွင် တိတ်ဆိတ်စွာ ရပ်လိုက်ပြီး စာရေးဆရာဆိုသူ၏ သတိပေးချက်ကို ပြန်လည် အမှတ်ရလိုက်သည်။

“တကယ်လို့ သေခြင်းတရားက အဲဒီတံခါးတစ်ဖက်မှာ ငါ့ကို စောင့်ကြိုနေမယ်ဆိုရင် လည်း ငါကိုယ်တိုင် အဲဒီသေခြင်းတရားကို ရင်ဆိုင်ချေဖျက်ပစ်ရုံပဲ ရှိတော့တယ်”

အာရန်သည် တံခါးကို တွန်းဖွင့်လိုက်ရာ ၎င်းသည် သော့မခတ်ထားသောကြောင့် လွယ်ကူစွာ ပွင့်သွားခဲ့သည်။

အခန်းအတွင်း၌ ပြတင်းပေါက်မှ ဝင်လာသော လရောင်တစ်ခုတည်းသာ တည်ရှိနေခဲ့ပြီး ကျန်သည့်အလင်းရောင် မည်သည့်နေရာတွင်မှ ရှိမနေပေ။

“ငါ မင်းကို တော်တော်ကြာကြာ စောင့်လိုက်ရတာပဲ”

အာရန် အခန်းထဲသို့ မဝင်ခင်မှာပင် ဖေး၏အသံသည် အခန်းအတွင်းမှ ဟိန်း၍ ထွက်လာခဲ့သည်။

ဖေးသည် ပြတင်းပေါ့အနီးတွင် ရပ်လျက်ရှိနေခဲ့ပြီး အပြင်ဘက်ရှိ လှပသောလမင်းကြီးကို ငေးကြည့်နေဟန်ရသည်။

သူ၏လက်ထဲတွင် ဝိုင်ဖန်ခွက်တစ်လုံးကိုကိုင်ထားလျက် ရှိနေပြီး ထိုအထဲမှ ဝိုင်တစ်ဝက်လောက် ကုန်နေပြီဖြစ်လေ၏။

#Catfoot

All Chapters